အို-ဒီပဲယင်း။
ဒီမြို.၊ဒီနယ်
အပိုင်စားစေရယ်လို.
နယ်မြေအပိုင်ရစဉ်တုန်းက
နောင်တချိန်မယ်
ဒီလိုမဖွယ်မရာတွေ
ဖြစ်လာလိမ့်မယ်လို.
ကိုယ်တော်မထင်ခဲ့မိပါလား။
အို-ဒီပဲယင်း။
ကျူးကျော်သူနယ်ချဲ.ဆိုး
မျက်နှာဖြူမျိုးကို
တွန်းလှန်သူ
မဟာဗန္ဒ လရယ်လို.
ဒီနယ်ဖွားက
ဖြစ်ထွန်းလာလေတော့
ကိုယ်တော့်မှာ
ဂုဏ်တ၀င့်ဝင့်နဲ.
နတ်သဘင်အစည်းအဝေးမှာ
မျက်နှာပန်းလှခဲ့လေပေါ့။
အို-ဒီပဲယင်း။
အခုများမှာဖြင့်
နတ်သဘင်အစည်းအဝေးဆိုရင်
မျက်နှာပန်းမလှရုံမက
ရွာစောင့်နတ်ကတောင်
အဖက်မလုပ်ချင်ဘု၊
ကမ်းကုန်အောင်ရက်စက်ပါတဲ့
ကမ~ဘာကျော်လူသတ်ပွဲကြီးကို
အစိုးရကစီစဉ်အားပေးပါလို.
နောက်လိုက်ကြံ.ဖွံ.တွေက
တစုတရုံး
ဝိုင်းလုပ်ခဲ့လေကြ။
သြော်-နတ်ဖြစ်တာတောင်
ဝဋ်ကြွေးမကုန်ပေလို.
ကိုယ်တော့်နယ်မှာမှ
လာဖြစ်ရလေသလား။
အို-ဒီပဲယင်း။
ဒီမြို.၊ဒီနယ်၊ဒီမြေပြင်ဝယ်
လူသတ်ပွဲ
ဆင်နွှဲခဲ့ကြလေသမို.
မြို.နာမည်ကား
ဆိုးခဲ့ရပြီ၊
ဒီလိုအဖြစ်မျိုး
ဖန်တီးခဲ့တဲ့
အစိုးရဆိုးကို
တော်လှန်ပုန်ကန်ကြပါတော့လို.
ကိုယ်တော့်ရင်ထဲ
ဟစ်ကြွေးနေမိ။
အို-ဒီပဲယင်း။
မြို.သူမြို.သားတွေ
သည်းမခံပဲ
တော်လှန်ခဲ့ရင်ကား
နတ်ရေးနတ်ရာ
အသာထားလို.
ကိုယ်တော်လဲ
လိုက်မယ်ပ၊
ငါ့နယ်ကို
နာမည်ပျက်အောင်
လာလုပ်တဲ့
အစိုးရမျိုး
ထောင်းထောင်းညက်ညက်ကြေလို.
နောက်ဖေးပေါက်က
ဆင်းပြေးရစေ့မယ်၊
ကိုယ်တော်မြင်ယောင်မိတယ်ကွယ်။