ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

သစ္စာပြုပါ၏

Thursday, September 27, 2007


အရှင်ဘုရား-

တပည့်တော်မသည်

လူမှန်းသိတတ်စ

အရွယ်မှစပြီး

အမျိုး၊ ဘာသာ၊

သာသနာကို

တတ်နိုင်သမျှ

ကာကွယ်စောင့်ရှောက်ခဲ့ပါသည်ဘုရား။


အရှင်ဘုရား-

တပည့်တော်မသည်

ကျောင်းသားလူငယ်အများ

ပညာရေးတိုးတက်စေရန်

တတ်နိုင်သမျှ

ကူညီပေးခဲ့ပါသည်ဘုရား။


အရှင်ဘုရား-

တပည့်တော်မသည်

မြန်မာပြည်ကြီး

တိုးတက်ဖွံ့ဖြိုးစေရန်

အစဉ်အမြဲ

ဆန္ဒရှိနေပါသည်ဘုရား။


ဤမှန်ကန်သော

သစ္စာစကားများကြောင့်

မြန်မာနိုင်ငံတော်ကြီးသည်

ဘုရားသားတော်များကိုပင်

ရိုက်နှက်သတ်ဖြတ်ဝံ့သူ

သာသနာဖျက်

မင်းဆိုးမင်းညစ်များဘေးမှ

မြန်ဆန်စွာ

လွတ်ငြိမ်းရပါလို၏ဘုရား။


ဤမှန်ကန်သော

သစ္စာစကားများကြောင့်

ယခုဘ၀မှစတင်၍

နောင်သံသရာအဆက်ဆက်တွင်

အမျိုး၊ဘာသာ၊

သာသနာကို

စော်ကားခဲ့သူ

စစ်အာဏာရှင်များအား

ချေမှုန်းအောင်မြင်နိုင်သူ

ဖြစ်ရပါလို၏ဘုရား။

(၂၇.၉.၂၀၀၇)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP