ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ငရဲအိုးဂျိုးကပ်မည့်မိစ္ဆာကောင်များ

Saturday, September 8, 2007


အို-မြန်မာပြည်သားလူအပေါင်းတို.။

ကျွန်ုပ်တို့ အားလုံးရဲ့

မွေးရပ်ဌာနေ

ချစ်သောမြန်မာပြည်သည်ကား

မင်းသားခေါင်းစွပ်ထားသော

ဘီလူးမိစ္ဆာများ၏

အုပ်စိုးမှုအောက်တွင်

ကျရောက်နေရပါတကား။



`သာသနာတော်ထွန်းကားပြန့် ပွားရေး`တဲ့

သူတော်ကောင်းအမည်ခံ

ဗိုလ်ရှုပ်တွေ

ပြောတဲ့စကား၊

အများမျက်မြင်မှာတော့

ဘွဲ.တံဆိပ်တော်

ဆက်ကပ်ပွဲတွေနဲ့ 

လူတွေကိုမျက်လှည့်ပြပါလို့ 

နောက်ကွယ်မှ

ညွှန်ကြားချက်တွေက

`ဘုန်းကြီးလဲမရှောင်၊

လူလဲမရှောင်နဲ့ ။

ငါတို့ အာဏာ

ထိပါးလာရင်

အားလုံးရိုက်ပစ်

သတ်ပစ်လိုက်`တဲ့၊

သြော်-ကြားလို့ မှ

ကောင်းကြသေးရဲ့လားကွယ်ရို့ ။



ထိုမှတပါးလဲ

မြန်မာပြည်အနောက်ပိုင်း

ရခိုင်တို့ ဌာနေ

မြို့ စစ်တွေမှာ

သာသနာ့ဝန်ဆောင်

ဆရာတော်များကိုဖိတ်ခေါ်လို့ 

`ဓမ္မစက်နဲ့ တားရင်တား၊

မရရင်အာဏာစက်သုံးရလိမ့်မယ်`

ဆိုကြသတဲ့၊

မိုက်ရိုင်းရင့်သီးလိုက်တဲ့စကား

အတိုင်းတိုင်းအပြည်ပြည်

ကြားလို့ မှမလျော်ညီ

မြန်မာလူမျိုးတွေမှ

ဟုတ်ကြသေးရဲ့လားကွယ်ရို့ ။



ဤမျှနှင့်မပြီးသေးပါပ၊

လူထုကြီးခံစားနေရတဲ့

ဘေးဘယာတွေ

ဝေးကွာစေဖို့ 

ဘုရားသားတော်

သံဃာတော်တွေက

ပခုက္ကူမြို့ ဆီမှာဝယ်

လှည့်လည်ကာ

မေတ္တာပို့ လေတော့

လက်နက်ကယ်

အစုံအညီနဲ့ 

ဝိုင်းဝန်းကာ

တိုက်ခိုက်ကြပြန်ပေါ့၊

ရဟန်းတော်တွေကိုပင်

ဓာတ်တိုင်မှာ

ကြိုးတုတ်ရိုက်သတဲ့၊

လူသားစိတ်တွေမှ

ရှိကြသေးရဲ့ လားကွယ်ရို့ ။



အို-အမျိုးသားအပေါင်းတို့ ၊

ဘုရားသားကို

စော်ကားသည်မှာ

ဘုရားရှင်ကို

စော်ကားသည်နှင့်

အတူတူပ၊

အမျိုး၊ဘာသာ

သာသနာကို

အစော်ကား

မခံကြလေနှင့်၊

ငရဲအိုးဂျိုးကပ်မည့်

မိစ္ဆာကောင်တွေကို

အုပ်စိုးသူအဖြစ်မှ

ဖယ်ရှားကြလေရော့။

ခင်မမမျိုး

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP