ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

၂၇ ရက် ပြည်တွင်းသတင်းအနှစ်ချုပ်

Thursday, September 27, 2007

ပြည်တွင်းသတင်းများ (၂၇.၉. ၂၀၀၇) (နစ်နေမန်း စီဘော့စ်မှ ယူပါသည်)

နံနက် (၃း၄၈) နာရီ - KKK: ညီညီ: စုံဆည်းရာ ညီအကိုများ ခင်ဗျာ ဒီနေ့မိုးပေါ် ထောင်ပစ်သော စစ်တပ်အား တကယ်ပစ်မည့် ချင်း စစ်တပ်နှင့် လဲလှယ် တာဝန်ပေး လိုက်ကြောင်းသိရပါသည်. နီးစပ်ရာ ညီအကိုများကို သတင်းပေးစေလိုပါသည်။

နံနက် (၃း၅၃) နာရီ- မနေ့ ညက FMI စင်တာ အနီးရှိ ဟိုတယ်ဝင်းအတွင်းသို့ စစ်ကားများ ၄ စီထက်မနည်း ၀င်ရောက်သွားသည်ဟု သိရပါသည်။

နံနက် (၃း၅၈) နာရီ- မနေ့ ည ၁၂း၄၅ နာရီမှာ ငွေကြာရံဘုန်းကြီးကျောင်းကို စစ်ကား ၇ စီးနဲ့  ဒိုင်နာကား ၃ စီးက ၀င်စီးပါတယ်။ မနက် ၂ နာရီမှ ပြန်ထွက်လာပါတယ်။ သေနတ် ၆ ချက်ဖေါက်ပါတယ်။ အခြား ဘုန်းကြီးကျောင်းတွေကိုလည်း ညဘက်တွေမှာ ၀င်စီးဖို့ အလား အလာရှိပါတယ်။

နံနက် (၄း၀၆) နာရီ- စစ်ကားတွေ သံဆူးကြိုးတွေတင်ပြီး မနက် ၂ နာရီခန့် က မြေနီကုန်းဘက်ကို ထွက်သွားပါတယ်။ လမ်းတွေ ပိတ်ဆို့ ဖို့  ဖြစ်နိုင်ပါတယ်။

နံနက် (၆း၂၃) နာရီ- : မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ UN လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးတွင် တရုတ်နိုင်ငံမှ မြန်မာပြည် အရေးဆောင်ရွက်ရန်အား ကန့် ကွက် သွားပါသည်။ မြန်မာပြည်သူတွေ ကိုယ့်အားကိုယ်ကိုးပြီး မိမိတိုင်းပြည် စစ်အာဏာရှင် လက်အောက်က လွတ်အောင် အစွမ်းကုန် လုပ်ရပါမယ်။

နံနက် (၇း၁၇) နာရီ- ပြည်သူလူထုအပေါင်းတို့  - လူထုချီတက်ပွဲတွေမှာ အကြမ်းဖက်မှုများကို လုံးဝပြန်လည်မတုန့် ပြန်ဘဲ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြဖို့  အရေးကြီးကြောင်းနဲ့  အထူးလိုက်နာဖို့  ဆော်သြော်ထားပါတယ်။ ဒီဆော်သြော်ချက်ကို အမြန်လက်ဆင့်ကမ်းပေးကြပါ။

နံနက် (၇း၃၈) နာရီ- ညကတောင်ဥက္ကလာပရှိငွေကြာယံ ကျောင်းတိုက်မှသံဃာများအားစစ်သားများမှလာရောက်အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွား ကြောင်း။ပြေးလွှားအော်ဟစ်သံများကြားကြရကြောင်းမျက်မြင်သက်သေများမှပြောကြား ပါသည်။

နံနက် (၇း၄၇) နာရီ - ညက ၁၂း၄၅ နာရီမှာ တောင်ဥက္ကလာပ ငွေကြာရံဘုန်းကြီးကျောင်းကို စစ်ကား ၇ စီးနဲ့  ဒိုင်နာကား ၃ စီးက ၀င်စီးပါတယ်။ ဘုန်းဘုန်းတို့ ရဲ့ အော်ဟစ်သံ တွေကြားရတယ်လို့ ပြောပါတယ်။

နံနက် (၈း၀၁) နာရီ- ကမ္ဘာအေးနှင့် နတ်မောက်လမ်းဆုံအား ယာဉ်ထိန်းရဲများ ပိတ်ထားသည်။

နံနက် (၈း၄၅) နာရီ- ယခုမြိုတော်ခန်းမရှေ့ တွင်မီးသတ်ကားများနှင့် စစ်ကားများ နေရာယူထား၊ကြပါသည်။တော်လှန်ရေးပန်းခြံရှေ့ ဦးဝိစာရလမ်းပေါ် လိုင်းကားများ လိုင်းနံပတ်များစက္ကူဖြင့်အုပ်ကပ်ထားပြီး ၇ စီးခန့်ရပ်ထားပါသညိ.မိစ္ဆာတပ် (ဒိဌိ တပ်များ) တွေသုံးဖို့အဆင်သငိ့ပြင်ထားကြပါသည်။၊

နံနက် (၈း၅၄) နာရီ- တိုင်းရင်းသား ပြည်သူတို့  - နအဖသည် အကြမ်းဖက်ရန်အမိန့် ပေး ထားသည့် စစ်သားအချို့ သည့့်တိုင်းရင်းသားများဖြစ်ပါသဖြင့် - ၄င်းတို့ အား ပြည်သူအား မပြစ်ရန်အတွက် မိမိတို့ တိုင်းရင်းသားဘာသာစကားဖြင့် မေတ္တာရပ်ခံပေးရန်၊ လူထုချီတက်မှုတွင် ပါဝင်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

နံနက် (၈း၅၇) နာရီ- ဒီနေ့  တကမ္ဘာလုံးမှာ ရောက်နေကြတဲ့ မျိုးချစ်မြန်မာတွေရော ထောက်ခံအားပေးသူ နိုင်ငံခြားသာများအားလုံးမှ ဆုတောင်းမေတ္တာပို့ ပွဲများ (global fast and candlelight vigil) ပြုလုပ်မယ်လို့ သိရပါတယ်။ မိမိတို့ ရောက်ရှိရာ နိုင်ငံများတွင် ပူးပေါင်းပါဝင်ခြင်းဖြင့် ပြည်တွင်းမှ ပြည်သူများကို ကူညီပေးကြပါ။

နံနက် (၈း၅၇) နာရီ- အားလုံးအား အသိပေးလိုပါတယ်။ ရဟန်းပြည်သူများအား ရိုက်ပုတ်အကြမ်းဖက်နေကြသော စွမ်းအားရှင်များနှင့် ရဲများသည် စစ်သားများဖြစ်ကြောင်း ခိုင်လုံစွာ သိရှိရပါသည်။ ဒီအကြောင်းအား ပြည်သူများအားလုံး၊ မီဒီယာများအားလုံးနှင့် UN တို့ ၊ ကမ္ဘာပြည်သူအပေါင်းအား အမြန်ဆုံး အကြောင်းကြားအသိပေးစေလိုပါသည်။ ဒီကိစ္စ အရေးကြီးသောကြောင့် အားလုံး ၀ိုင်းကူပေးကြပါ။

နံနက် (၉း၀၄) နာရီ- မနေ့ကပစ်ခတ်မှု့မှာ ပထမမိုးပေါ်ထောင်ပစ်သော်လည်း နောက်တွင် ဆန္ဒပြသူုများထံတည့်တည့်ပစ်ကြောင်းပြင်သစ်သံရုံးအရာရှိကပြောဆိုပါတယ်။ပျံလွန်သူသံဃာ ၃ပါးအနက် ၂ ပါးမှာရိုက် အသတ်ခံရပြီး တပါးမှာ သေနတ်မှန်၍ သေဆူးံကြောင်း အတည်ပြုပ့ါသည်။

နံနက် (၉း၁၀) နာရီ- သို့သော်..စုစုပေါင်းသေဆုံးသူ.သံဃာမှာ ငါးပါးဖြစ်ကြောင်းသောသုဇ္ဇနဘိက္ခုအဖွဲ့မှကြေငြာထားပါသည်။

နံနက် (၉း၁၄) နာရီ- ရန်ကင်း မိုးကောင်းကျောင်းတိုက်မှသံဃာ ၅၀၀ အားလည်းကောင်း၊ တောင်ဥက္ကလာပရှိငွေကြာယံ ကျောင်းတိုက်မှသံဃာ၁၅၀ အားလည်းကောင်း လာဖမ်း သွားပါတယ်။

နံနက် (၉း၁၅) နာရီ- : ယမန်နေ့ ကဘုန်းကြီးတွေကိုကန်။ ရိုက်။ပစ်နေတဲ့အချိန်မှာ မိုးမရွာ ဘဲနဲ့ မိုးကြိုးများပစ်ကြောင်းသိရ။ ယခုလည်းစစ်တပ်တွေ နောက်ထပ် အကြမ်းဖက်ဖို့မြိုထဲမှာ ပြင်ဆင်နေကြပါတယ်။ သိမ်ဖြူ ၊ဆူးလေ၊နဲ့ ဗဟန်း တို့မှာဖြစ်ပါတယ်..သတိထားကြပါခင်ဗျာ။ ဆူးလေ မှာသံဆူးကြိုးတွေကာထားပါတယ်။

နံနက် (၉း၂၄) နာရီ- သမ္မာဒေ၀နတ်ကောင်နတ်မြတ်များကယ်တော်မူပါ။ပြည်သူတို့၏နှလုံးအိမ်အတွင်းကြိမ်မီးအုံးသကဲ့သို့ပူဆွေးသောကရောက်နေကြရပါပြီ။ မနေ့ညက ကံဘဲ့မိုးကောင်းကျောင်းနှင့် တောင်ဥက္ကလာငွေကြာရံကျောင်းတို့အား စစ်ကားအစီး(၃၀)ခန့်ဖြင့် ၀င်ရောက်စီးနင်း၍ သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြသည်။ ကံဘဲ့မိုးကောင်းကျောင်းတိုက်တွင် စစ်ကားများဖြင့် ကာရံထားသော ၀င်းတံခါးအား ၀င်ရောက်တိုက်ဖျက်၍ သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးခဲ့သည်။သံဃာများက တုံးမောင်းခေါက်၍၄င်း၊သံပုံးများတီး၍၄င်း ရပ်ကွက်အတွင်းအကူအညီတောင်းခံခဲ့သော်လည်း စစ်သားများက ထွက်လာသောလူအများအား သေနတ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ကျောင်းထိုင်ဆရာတော် ဦးဝိလာသမှ ၀င်ရောက်ဖြန်ဖြေရာ စစ်သားများက ထိုကျောင်းထိုင်ဆရာတော် ဦးဝိလာသအား ကြိုးဖြင့်တုတ် တုတ်ဖြင့်ရိုက်နှက်ကာ ထားခဲ့ကြသည်။

နံနက် (၉း၃၂) နာရီ- ညက စစ်သားများဝင်စီးသော ဘုန်းကြီးကျောင်းများ ငွေကြာရံ(တောင်ဥက္ကလာ)၊ စစ်ကိုင်း (သုဝဏ္ဏ) ၊ မိုးကောင်း(တောင်ဥက္ကလာ)၊ သိပ္ပံ(ရွှေဂုံတိုင်) ၊ မဂ္ဂင်(သင်္ဃန်းကျွန်း)၊ သိမ်ဖြူဂုံးဆင်းက ကျောင်း။

နံနက် (၉း၃၆) နာရီ- ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ရှိ မီးပွိုင့်အား အာဏာပိုင်များမှ ပိတ်ထားကြောင်းသိရှိရသည်။

နံနက် (၉း၅၉) နာရီ- မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝန်ထမ်းများကို အရပ်ဝတ်နဲ့ ဆန္ဒပြသူများ နှင့်အတူရော၍ လိုက်ခိုင်းထားကြောင်း ခိုင်လုံတဲ့သတင်းရပ်ကွက်မှ ပြောပါသည်။ သတိထားရန်လိုအပ်ပါသညိ

နံနက် (၁၀း၀၄) နာရီ- ဆူးလေဘုရားထဲလုံခြုံရေး ၈၀၊၁၀၀ လောက် ရှိတယ်။မြောက် ဘက် နဲ့ ပန်းဆိုးတန်းဖက်ကို အင်အား ၁၅ ယောက် စီလောက် ခွဲလွှတ်နေတယ်။ စစ်ကား truck ကား ၁၃ စီးရှိတယ်မြို့တော်ခန်းမရှေ့မှာ မီးသတ်ကား ရ စီးရှိတယ်။

နံနက် (၁၀း၀၇) နာရီ- နအဖမှ စွမ်းအားရှင်များအား ဘုန်းကြီးအယောင်ဆောင်ခိုင်းပြီး အစ္စလာမ်မော့စ် (Islamic Mosque) များအား ဖျက်ဆီးမည်ဟု သတင်းရထားပါသည်။ သက်ဆိုင်ရာတွေကို အမြန်အကြောင်းကြားပေးပါ။ ဆုလေပေါ်တက်တဲ့အပေါ်က်ကို ပိတ်ထားပါတယမြို့တော်ခန်းမအတွင်းမှာ အရာရှိများစီးသည့်ကား (၁၀)စီးရှိတယ်။ အမျိုးအစားမတူပါဘူးသံဆူးကြိုးများကို အဆင်သင့် အခွေလိုက်ချထားပါတယ်။ ရဲများတွင် တုတ်နှင့် ဓါတ်မီး ပစ်စတိုသေနတ်သာ ပါရှိသည်။ လက်နက်ကြီးများ ကိုင်ဆောင်ထားခြင်းမရှိပါလောလောဆယ်။ ကားအသွားအလာ ခွင့်ပြုထားပါတယ်။

နံနက် (၁၀း၁၀) နာရီ-ျမြိုတော်ခန်းမထဲမှာ မီးသတ်ကားတွေလည်းအဆင်သင့် ရှိနေတယ်

နံနက် (၁၀း၁၂) နာရီ- ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာ လွန်ခဲ့တဲ့ (၃၀)မိနစ်က ရိုက်နေပြီလို့ မျက်မြင်ကြုံတွေ့ခဲ့သူတစ်ဦးကို ပြောကြားပါတယ်။ သူကိုယ်တိုင် ထွက်ပြေးခဲ့ရကြောင်းလည်း သူက ဆက်လက်ပြောကြားပါတယ်။

နံနက် (၁၀း၁၃) နာရီ- အခု ကြည့်မြင်တိုင်ဖက်မှာ လည်း လူတွေလမ်းစလျှောက်ဖို့ ပြင်ဆင်နေပါပြီ။ အားလုံးကတော့ တက်ကြွနေသည်။မကြောက်ကြပါ။စစ်ကားတွေ အများကြီး မနက်က ထပ်ရောက်နေတယ်။ မနေ့ညနေကလဲ ရွှေတောင်တန်းလမ်းထိပ်မှာ စစ်ကားတွေ လာစောင့်သွားကြပါသညိ။ စစ်ကား truck ကား ၁၃ စီးရှိတယ်။မြို့တော်ခန်းမရှေ့မှာပါ။ မီးသတ်ကား ၇ စီးရှိတယ်။ မြို့တော်ခန်းမ၀င်းထဲမှာ (၂)စီး အပြင်မှာ (၅)စီး။ မနေ့ပိတ်ခဲ့တဲ့လမ်းတွေကိုလည်း ဒီနေ့ ပိတ်ထားပါတယ်။ သံဆူးကြိုးများဖြင့် ။ မနေ့ကဓါတ်ပုံတွေပို့ထားတဲ့နေရာက အဖြစ်အပျက်ပါပဲ။

နံနက် (၁၀း၁၈) နာရီ- စစ်သားတစ်ယောက်မှတော့မရှိပါဘူး။ ရဲအဖွဲ့တစ်ဖွဲ့ကို အင်အား (၂၀)ရှိတယ်။အလံပြဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်မှာ တစ်ဖွဲ့ ဆူးလေအနီးက မဟာဗန္ဓုလလမ်းပေါ်မှာ တစ်ဖွဲ့ ဆူးလေးမြောက်ဘက်အပေါက်မှာ ရဲများ စောင့်ကြပ်နေပါတယ်။ ဆူးလေအပေါ်တက်တဲ့ အပေါက်ကို ပိတ်ထားပါတယ်။ မြို့တော်ခန်းမအတွင်းမှာ အရာရှိများစီးသည့်ကား (၁၀)စီးရှိတယ်။ အမျိုးအစားမတူပါဘူး ။

နံနက် (၁၀း၂၀) နာရီ- 34 /33 ခန်းမ နောက် လမ်းကြားတွေမှာ ရဲ ၄ ယောက် လောက် ပုန်းစောင့် နေ တယ်။ လက်နက်၊တုတ်တွေနဲ့.ဒ်ါပေမဲ့ monks အချို့ ကျောင်းတိုက် ကနေ စ ထွက်နေ ပြီ။

နံနက် (၁၀း၂၄) နာရီ- စစ်တပ်က စက်မှူ၁ ကနေ သင်္ကန်း အစုံ ၃၀၀၀ လာယူသွားတယ်လို့ပြောပါတယ်။ဘုန်းကြီင်္းအတုယောင်ဆောင်ဖို့ပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံက မြန်မာပြည်အရေး ငြင်းပယ်ခဲ့တာကို ပြည်ပကမြန်မာတွေ လိုအပ်သလို ဆောင်ရွက်ပါလိမ့်မယ်။ ပြည်တွင်းမှာတော့ အခုအခြေအနေမှာ တရုတ်ဗမာ အဓိကရုန်း မဖြစ်အောင် အားလုံး ၀ိုင်းထိန်းကြပါ။ နအဖ ထောင်ချောက်ဆင်နေတဲ့ လူမျိုးရေးအဓိကရုန်းတွေ မဖြစ်ရအောင် သတိထားကြပါ။ နီးစပ်ရာ အမြန်လက်ဆင့်ကမ်း အသိပေးပေးပါ။ ဘာသာရေး အဓိကရုန်းတွေပါ မဖြစ်အောင် ထိန်းကြပါ။ နီးစပ်ရာကို အမြန်လက်ဆင့်ကမ်းအကြောင်းကြားပေးပါ။

နံနက် (၁၀း၃၀) နာရီ- ဆူးလေမှာ ပြည်သူအများကြီး ရှေ့ဆောင်ရုံရှေ့ဘက်မှာ လျှောက်နေတယ်.နောက်ကတော့ ပြည်သူတွေကို သတ်ဘို့မဟုတ်ဘူး ဆိုတဲ့ဟစ်အော်သံတွေကို ကြားရတယ်ဆူးလေမီးပွိုင့်မှာ ..ဘုန်းကြီးတွေက လူတွေရဲ့အရှေ့ဘက်ကနေကာပြီး မတ်တပ်ရပ်နေတယ်.လူတွေကဘုန်းကြီးတွေနောက်မှာ အများကြီးဘဲ။

နံနက် (၁၀း၃၄) နာရီ- ဒီနေ့မှာမနေ့ကကျဆူံသွားတဲ့ဘုန်းကြီးတွေကိုဂုဏ်ပြုတဲ့အနေနဲ့ လုအများဟာဒီနေ့ အကျီ် အနီင်္ရောင်ဝတ်ဆင်ကြတာ တွေ့ရပါတယ်..သွေးစွန်းတဲ့နေ့အတွက်အမှတ်တရပါ.

နံနက် (၁၀း၃၉) နာရီ- မကြာခင်မှာဗားဂရာ သာဓုကျောင်းကပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးကိုဇာပန လုပ်ကြလိမ့်မယ်။ အဲဒါမနေ့က လှံစွတ်နဲ့ အထိုးခံရလို့ပျံလွန်တာဖြစ်ပါတယ်။

နံနက် (၁၀း၄၀) နာရီ- မနေ့က အလုံဘက်မှာ လဲ သေနတ် အချက်၁၀၀ ကျော်ပစ်ပါတယ။် ခုဏကပြောတဲ့ အလောင်းကို သည်လာရင်းဖြစ်တာ ။ကမ်းနားဈေးက အလုပ်သမား တွေမခံနိုင်လို့လိုက်လာရင်း အများအပြား အဖမ်းခံလိုက်ရတယ်ဟူသတင်းရရှိပါသည်။

နံနက် (၁၀း၄၃) နာရီ- : သံဃာ နဲ့ လူ ထု များ အခု ကြည့်မြင် တိုင်ဘက် က နေ စတင် ချီတက် လာကြပါပြီ။

နံနက် (၁၀း၅၂) နာရီ- ဆူးလေဘုရား အနီးက လမ်းကြားတွေ အားလုံးကို သံဆူးကြိုးတွေနဲ့ ပိတ်ထားပြီ (မျက်မြင်)

နံနက် (၁၀း၅၉) နာရီ- သာကေတဖက်ကနေ လူထုနဲ့ဘုန်းတော်ကြီးတွေ ရန်ကုန်ထဲကို စတင်ဝင်ရောက်လာနေကြပါပြီ

နံနက် (၁၁း၀၉) နာရီ- ကူလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ အထူးကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂန်ဘာရီအား မြန်မာနိုင်ငံသို့  ဒီနေ့ ဘဲ အရေးပေါ်အနေအထားနဲ့  လွှတ်လိုက်ပါပြီ။

နံနက် (၁၁း၁၉) နာရီ- လိုင်းကားတွေမှာ ဘုန်းဘုန်းတွေပါရင် လိုင်းကားပေါ်ကဆင်းခိုင်းနေပါတယ်။ ဒညင်းကုန်း မှတ်တိုင်၊ အင်းစိန်၊ သမိုင်း၊ လှည်းတန်း၊ မြေနီကုန်းမှတ်တိုင် တိွု့မှာ ဆင်းခိုင်းပါတယ်။ (စက်ရပ်သတင်းပါ။)

နံနက် (၁၁း ၅၅) နာရီ- နယ်မြို့ ကြီးတစ်မြို့ မှ ထိပ်ပိုင်းအရာရှိကြီးမှ ၄င်းတို့  မြီု့ တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ဘုန်းဘုန်းများနှင့် ပြည်သူအား စစ်တပ်မှ ပြစ်ခတ်နှိမ်နင်းမည်ဆိုပါက ၄င်းအနေဖြင့် လုံးဝသဘောတူမည် မဟုတ်ကြောင်း ခိုင်လုံစွာဖြင့် သတင်းလျှိ့ ဝှက်ပေးပို့ လာပါသည်။ (အခြေအနေတစ်ခုကြောင့် မြို့ အမည်နှင့် အရာရှိကြီးအမည်ကို ထုတ်ဖေါ်ပြောပြမရသေးပါ။ စာဖြင့် ခိုင်လုံစွာ အကြောင်းကြားလာခြင်းဖြစ်ပါသည်။) - နစ်နေမန်း။

နံနက် (၁၁း၅၇) နာရီ- ရုံးဖုံးတွေ ခေါ်မရဘဲ အနော်ရထာလမ်း ဘယ်ဘက်တခြမ်းကပိတ်ထားလိုက်ပါပြီ။

နေံလည်(၁၂း၀၀) နာရီ- ဘုန်းကြီးအစစ်တွေဟာ စက်မှု(၁)သင်္ကန်း(ယက်သင်္ကန်း ) ဘယ်တော့မှ မ၀တ်ဆင်ပါ။ဒါဟာ အတုနဲ့အစစ်ခွဲခြားဖို့ပါ။ ဒါဟာ မစိုးရိမ်တိုက်သစ်ဆရာတော်ပြောကြားခြင်းဖြစ်ပါသည်။ ဒီနေ့တော့တတ်စီစီးလာတာ တောင်ဘုန်းဘုန်းဆိုမတင်ရဘူးဆိုပြီး အမိန့်တွေပေး ထားပါသည်.ထို့ပြင်ဓါတ်ပဲူရိက်ြသူများ၏ ကင်မရာကိုဆွဲယူလွင့်ပစ်ကြောင်းသတင်းကြားရပါသည်။

နေ့လည် (၁၂း၁၅) နာရီ- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အလုပ်အမှုဆောင်တွေဖြစ်တဲ့ (NLD CEC) ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးစိုးမြင့်၊ ဦးညွန့် ဝေနဲ့  ဦးမြင့်သိန်းတို့ ကို ဖမ်းးသွားတယ်လို့  သိရပါတယ်။ ဦးမြင့်သိန်းနှင့် ဦးလှဖေ အဖမ်းခံရမှုမှာ သေချာပြီး ကျန်သူများကို သတင်းအတည်ပြုချက်ယူနေဆဲ ဖြစ်ပါတယ်။ ဦးပူကျင့်ရင်းထန်ကိုလည်း နေအိမ်မှနေ မနက် (၅း၃၀) နာရီမှာ အောင်သပြေစစ်ကြောရေးစခန်းကို ခေါ်ဆောင်သွားပါတယ်။

နေ့လည် (၁၂း၂၁) နာရီ- တောင်ဥက္ကလာမှာ ယခု အပြင်းအထန် ဖြစ်နေပါတယ်။ နေရာအတိအကျ မသိရသေးပါ။ ကျိုက္ကဆံကွင်းဘက်ကို လူအုပ်ကြီးက သွားနေကြပါသည်။

နေ့လည် (၁၂း ၂၅) နာရီ- သံဃာများအပ်ါအ၀င်လူ ၅၀၀ ခန့့်အနော်ရထာလမ်းအတိုင်း လျှောက်လာနေကြပြီ။ ဆူးလေဘုရား အနီးက လမ်းကြားတွေ အားလုံးကို သံဆူးကြိုးတွေနဲ့ ပိတ်ထားပြီ။

နေ့လည် (၁၂း၃၅) နာရီ- စစ်အင်အားတွေထပ်ဖြည့်နေပါတယ်။စစ်ကား(၁၅)စီးမြို့ထဲဝင်သွား ကြပါသည်.။နှစ်စီးတွင်အမြောက်များပါ ပါဝင်ကြောင်းမျက်မြင်သက်သေများမှပြောကြားသည။်

နေ့လည် (၁၂း၃၉) နာရီ- ဘုန်းကြီးအတုများ ၈၀ခန့်မြိုထဲေ၇ာက်ရှိနေ ကြောင်းသတင်းရပါတယ်..သတိထားကြပါ

နေ့လည် (၁၂း၄၀) နာရီ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်များအားလုံး အဖမ်းခံရကြောင်း AAPP အတွင်းရေးမှူး ကိုတိတ်နိုင်မှ အတည်ပြုပြောကြားပါတယ်

နေ့လည် (၁၂း၄၄) နာရီ- ဆူးလေမှာချီတကိနေပါပြီ

နေ့လည် (၁၂း ၄၆) နာရီ- ဆူးလေနားက ပိတ်ထားတဲ့ နေရာနားမှာ လူတွေ အများကြီး ထိုင်ဆုတောင်းနေကြတယ် လက်ခုပ်တီးတဲ့ သူတွေလည်း အများကြီးဘဲ

နေ့လည် (၁၂း၅၈) နာရီ- တာမွေမှ ဘုန်းကြီးကျောင်းများအား ၀င်မည်ကြားရ ။ သတိပေးပေးစေလိုပါသည်။တာမွေမှ ဘုန်းဘုန်းများ မထွက်သေးဘဲ အစည်းအဝေးလုပ်နေကြသည်။ တောင်ဥက္ကလာ သစ္စာလမ်းနဲ့ ဗဟိုလမ်းနားမှာ လူတွေနဲ့တပ်နဲ့ထိပ်တိုက်တွေ့ နေကြပြီ။ တပ်ကကြံ့ ဖွံ့ တွေကိုရှေ့တန်းတင်တားသည်။ နောက်မှာတပ်တွေကရှိပြီး လူထုတွေဒေါသထွက်နေ။လမ်းမှာလဲခဲလုံးတွေနဲ့ပျံ့ ကျဲနေကာ အခုမျက်ရည်ယိုဗုံးတွေခွဲနေတယ်။

နေ့လည် (၁၃း၀၂) နာရီ- တောင်ဥက္ကလာနေရာ က ၁၂ ရပ်ကွက်မာဃလမ်းမှာလည်းဖြစ်နေတယ်တဲ့

နေ့လည် (၁၃း၀၄) နာရီ- တာမွေ နတ်ချောင်းဘုန်းကြီးကျောင်းနှင့် သိမ်ဖြူ မင်္ဂလာရာမ မှ ဘုန်းဘုန်းများ အကုန် လုံး အဖမ်းခံရသည်သိရသည်။

နေ့လည် (၁၃း၀၇) နာရီ- တောင်ဥက္ကလာမှ အိမ်များကို ပိုက်စိတ်တိုက်ရှာမည်ဟု သိရ။ ဖုန်းဖုန်းများအား စောင့်ရှောက်ထားခြင်းကြောင့် ဟု သိရပါသည်။

နေ့လည် (၁၃း၁၀) နာရီ- မန္တလေး(၃၅)လမ်း မြတောင်ဖက်တွင် ဘုန်းဘုန်းတို့ထွက်ဖို့ပြင်နေကြောင်း လမ်းတွေပိတ်ထားလို့ လူထုနှင့် တပ် အခြေအတင်ဖြစ်နေကြသည်။

နေ့လည် (၁၃း ၁၇) နာရီ- ငွေကြာရံမှာ မနက်က ထွက်ပြေးလွှတ်မြောက်သွားတဲ့ဘုန်းကြီးတွေပြန်ရောက်နေကြပီ ။ အဲဒီဘုန်းကြီးတွေ ဆွမ်းစားနေတဲ့အချိန်ကိုအခုပြန်ဝင်ဖမ်းနေတယ်မိုးပေါ်ကိုသေနတ်ပေါက် ပီး ပြန်လည်ဝင်ဖမ်းနေပါတယ် (((ခိုင်လုံသောသတင်း))).ထို့ြေ့ကာင်ုလူထုက ငွေကြာရံကျောင်းမှ လုံခြုံရေးတပ်ကို ၀ိုင်းထားသည်ဟု သိရသည်။

နေ့လည် (၁၃း ၂၁) နာရီ- ငွေကြာရံမှာ လူထုနဲ့ စစ်တပ်နဲ့ ထိပ်တိုက်တွေ့နေပါတယ် မျက်ရည်ယိုဗုံး ၈လုံး ပစ်ပေမဲ့ လူထုက လူစုလုံးဝမခွဲပါ

နေ့လည် (၁၃း၂၃) နာရီ- ထရိတ်ဒါးမှာ ပစ်နေပြီ မိုးကောင်းဘုရားနားမှာလည်း ပစ်နေပါပြီ

နေ့လည် (၁၃း၂၅) နာရီ- ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ၁ နာရီ ၅ မိနစ် ။။ ။။ဆူးလေမှာ လူတွေ ရင်ထဲက ဆန္ဒကို ထုတ်ဖော် အော်ဟစ်နေပါပြီ ။ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ >>>> ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး ။ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ >>>> ဘုန်းကြီးတွေကို သတ်ဖို့မဟုတ်ဘူးဆိုပြီး အော်ဟစ် ဆန္ဒပြနေကြပါပြီ ။ ဆန္ဒပြသူအများစုမှာ စားဝတ်နေရေးချို့တဲ့သောသူများနှင့် တက္ကသိုလ်ကျောင်းသားအရွယ် လူလတ်ပိုင်းများ ဖြစ်ကြသည်။

နေ့လည် (၁၃း၂၇) နာရီ- ဘားလမ်းတွင်လည်းသေနတ်သံများကြားရကြောင်းပြောဆိုပါသည်။

နေ့လည် (၁၃း၃၀) နာရီ- ဆူးလေအနော်ရထာလမ်းပေါ်မှာ ပစ်တာ လူတဦးဒဏ်ရာ ရသွားတယ်

နေ့လည် (၁၃း၃၁) နာရီ- ၃၃ လမ်းနျင့်အနော်ရထာလန်းတွင်..မျက်ရည်ယို ဗုံး ၃လူံးခွဲခဲ့ကြောင်းသိရပါသည်။

နေ့လည် (၁၃း၃၄) -ဆူးလေတွင်ပစ်နေပါ့ပြီ,။တယောက်ထိထားပါသည်.။ အသေအပျောက်တော့မသေသေးပါ.

နေ့လည် (၁၃း၃၆) နာရီ- အင်းစိန်သန်းတစ်ရာလက်ဘက်ရည်ဆိုင်တွင်ဒီကနေ့မနက်၆ နာရီတွင်ကြံဖွတ်အယောက်၁၀၀ခန့်တွေ့ရှိခဲ့ကြောင်းအင်းစိန်မှလူခံကပြောကြားဘာသည်။ ဆက်လက်ပြီးပြောကြားရာမှာ GTI ကျောင်းဝင်းတွင်းကြံ့ဖွတ်အယောက်၂၀၀ခန့်ကိုဂတုံး တုံးပေးနေတာကိုလဲတွေ့ခဲ့ကြကြောင်းပြောကြားပါသည်။

နေ့လည် (၁၃း၄၈) နာရီ- သိမ်ကြီးဈေးမှာ ရိုက်ပွဲစနေပြီ (ဖုန်းဝင်တာ) သောင်းနဲ့ချီတဲ့ လူတွေ ရန်ကုန်မှာ ထွက်နေပြီ

နေ့လည် (၁၄း၀၀) နာရီ- : ကြည့်မြင်တိုင် သာဓုဘုန်းကြီးကျောင်းမှာ ပျံလွန်တော်မူတဲ့ ဘုန်းကြီးတစ်ပါးကို ထမ်းပြီး လမ်းလျှောက်ဖို့ လုပ်နေကြပါတယ်

နေ့လည် (၁၄း၀၃) နာရီ- မန္တလေးမှာ လူတွေ၈၄လမ်းမှ မြောက်ဘက်ကိုတက်လာနေတယ် ၈၄လမ်းနဲ့၃၉လမ်းထိပ်မှာ တပ်ကပိတ်ထားတယ် ထိပ်တိုက်တွေ့တော့မယ်

နေ့လည် (၁၄း ၀၄)နာရီ- သိမ်ဖြူဘက်မှ ရေကျော်လမ်းမကြီးရောက်လာပါပြီ ။ ဆူးလေမှာတော့ ပစ်နေပြီ ဘုန်းဘုန်းတွေကျန်ခဲ့ပြီး လူတွေဆက်လက်ချီတက်သွားတယ် ။

နေ့လည် (၁၄း၀၈) နာရီ- ဆူးလေမှာ ပစ်ပြီ သတင်းထောက်တစ်ယောက် သေသွားပြီ ကျောင်းသားနဲ့ လူထု တစ်သောင်းခွဲ ရေကျော်ကနေ ပုဇွန်တောင်ကို ချီတက်သွားကြတယ်။

တီရှပ်အပြာဝတ်ထားပြီး သေသွားတဲ့ နိုင်ငံခြားသားကို ဒိုင်နာကားနဲ့တင်သွားတယ်။ လက်ရွေးစင် လဘက်ရည်ဆိုင်နားတွင် ဖြစ်ပါသည်။

နေ့လည် (၁၄း ၁၅)နာရီ- ခုလေးတင် စံပြရုပ်ရှင်ရုံရှေ့နေဖြတ်ပြီး မော်တင်ဘက်ထိ အနော်ရထာလမ်းတလျှောက်ဘုန်းကြီး အပါး 20ခန့်နဲ့ လူအင်အား 3000ကျော် လူထုတဖွဲ့ ချီတက်သွားပါတယ်

နေ့လည် (၁၄း၁၈)နာရီ- UN ကအခုမှ မြန်မာပြည်တွင်း ဖွဲ့စည်းလိုက်သော စစ်အစိုးရ၏အကြမ်းဖက်မှုများကို တိုင်ကြားနိုင်သော ဌာန၏ ဖုန်းနံပါတ်များ ဖြစ်ပါသည်။ 554625, 554597 အာဏာရှင်များ၏ အကြမ်းဖက်မှုဖြစ်ပွားနေသော နေရာများကို ပြော၍ တိုင်ကြားနိုင်သည်။

နေ့လည် (၁၄း၁၉)နာရီ- လက်ရွေးစင်ကဖီးဘေးမှဇော်မိုးကော်ပီဆိုင်ရှေ့တွင်နိုင်ငံခြားသားတဦး.ကျည်မှန်သေဆူံးပါသည်။အကျီ အပြာရောင်င်္တရှပ်နှင့်ဘောင်းဘီတိုဝတ်ဆင်ထားပြီးအလောင်းကို ဒိုင်နာကားပေါ်တင်ယူသွားပါသညိ.။.ဆူးလေတွင်ကဂျပန်လုမျိုးသတင်းထောက်တဦးလည်းပစ်ခံရကြောင်းသတင်းရသည်

နေ့လည် (၁၄း ၂၀)နာရီ- လောလောဆယ်ဆူးလေမှာ(၇)ယောက်သေသွားပြီ။

နေ့လည် (၁၄း၂၃) နာရီ- ဆူးလေနားမှာ အဖွားကြီးတဦးမှာ လူပိပြီး သေဆုံးသွားတယ်လို့ သိရ

နေ့လည် (၁၄း၂၄)နာရီ- တော်လှန်ရေးပန်းခြံထဲစစ်သားတွေနေရာယူနေကြတယ်.

နေ့လည် (၁၄း၂၈) နာရီ- ထားဝယ်မှာလည်း.ဆန္ဒပြနေကြသော်လည်းစစ်တပ်မှမနှောက်ယှက်သေးကြောင်းသ်ရပါသည်။

နေ့လည် (၁၄း၃၂) နာရီ- : ကြည့်မြင်တိုင် သာဓုကျောင်းမှသေဆူံးသည့် သံဃာတော် ရုပ်ကလပ်အားသယ်ဆောင်ချီတက်ဆန္ဒပြနေကြပါပြီ

နေ့လည် (၁၄း၃၄) နာရီ- လမ်းပေါ်ကလူတွေ ဖယ်မပေးရင် အပြင်းထန်ဆုံး ကိုင်တွယ်မယ် extreme actionလို့ နအဖက သတင်းထုတ်

နေ့လည် (၁၄း၃၅) နာရီ- American Embassy ကို ဖုံးခေါ်ပြီးအကြောင်းကြားကြပါ satellite က ည နဲ့ အမိုးအကာအောက်ဆိုရင်မမြင်ရပါဘူး

နေ့လည် (၁၄း၄၀)- ဆူးလေကို ၀င်လို့ ရသမျှလမ်း အကုန်ပိတ်လိုက်ပီ။ စစ်သားတွေက ၀ါးရင်းဒုတ်တွေနဲ့ ကားမှတ်တိုင်ကလူတွေကို ပါ ၀င်ရိုက်နေတယ်။ ကိုယ်ပိုင်ကားတွေကိုလဲ တားပြီးစစ်နေတယ်ဖဆပလ ရပ်ကွက်ထဲ ၀င်ပြေးတာတောင် အိမ်ထဲ ၀င်ရိုက်တယ်တဲ့။

နေ့လည် (၁၄း၄၄)- အောင်ဆန်းကွင်းရှေ့မှာ အမျိုးသမီးတစ်ယောက်ကို သေနတ်ကိုင်စစ်သား (၃) ယောက်က လိုက်ဖမ်းနေတာမြင်ရတယ်။

နေ့လည် (၁၄း၄၅)- ဆေးရုံကြီးအရေးပေါ်ကို ဂန်းရှော့နဲ့ ပြည်သူ(၅)ယောက် ဒီနေ့ထပ်ရောက် (၁)ယောက်က အသေနဲ့ရောက်

နေ့လည် (၁၄း၄၆)- ခုလေးတင် စံပြရုပ်ရှင်ရုံရှေ့နေဖြတ်ပြီး မော်တင်ဘက်ထိ အနော်ရထာလမ်းတလျှောက် ဘုန်းကြီး အပါး 20ခန့်နဲ့ လူအင်အား 3000ကျော် လူထုတဖွဲ့ ချီတက်သွားပါတယ်။စစ်ကားတစ်စီး ဘုန်းကြီးလမ်းတလျှောက်ဖြတ်သွား (မျက်မြင်)ားပေမဲ့ အပစ်အခတ်မရှိပါဘူး

နေ့လည် (၁၅း၀၃)- သင်္ဃန်းကျွန်းမှာ ၃ ယောက်သေတယ်လမ်းတွေပိတ်ထားတယ် စစ်တပ်ညပ်နေတယ်သင်္ဃန်းကျွန်းက အခုဖြစ်တဲ့ ထဲမှာ အပြင်းထန်ဆုံး။

နေ့လည် (၁၅း၀၈)- ဖ.ဆ.ပ.လ ၀င်းအတွင်းသို့ ထွက်ပြေးလွတ်မြောက်လာသောကျောင်းသားများနှင့်ပြည်သူများအား စစ်သားများက ၀င်းအတွင်းရှိ လူနေအိမ်များအတွင်းထိ သေနတ်များမောင်းတင်ပြီးချိန်ရွယ်ကာ ၀င်ရောက်ရှာဖွေနေကြပါသည်။ အနားကပ်လာသူများနှင့်အော်ဟစ်မောင်းထုတ်သူများကိုလည်း သေနတ်များဖြင့်ချိန်ကာ အနားမကပ်နဲ့ ကပ်ရင်ပစ်မယ်ဟု ခြိမ်းခြောက်နေကြသည်။

နေ့လည် (၁၅း၁၁)- ခုလေးတင်ပြည်လမ်းကနေ စစ်ကား၃ စီးမြို့ထဲသို့မောင်းသွားပါတယ် ခင်ဗျ။

နေ့လည် (၁၅း၁၃)- Grand မီးရထား ဟိုတယ် ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမှာ စစ်ကားတစ်စီးနဲ့ လူတွေကို အတင်းအဓမ္မ ဖမ်းဆီးနေပါတယ်။ တွေ့သမျှလူတွေ ဆွဲတင်ဖမ်းတယ်လဲပြောတယ်။

နေ့လည် (၁၅း၁၇)- ကျိုက္ကဆံ Super One နားမှာ အတွဲလိုက် ပစ်သံ ကြားရတာမွေ ၃ ရှေ့မှာ ဆက်လက်ပြီး တိုက်ပွဲ ပြင်းထန်နေ။ ပန်းဆိုးတန်းမှာပစ်နေတယ်ဗျ လူတွေထဲကိုပစ်တာဆို (ယခုလက်ရှိ.. ) တွေ့သမျှလူတွေ ဆွဲတင်ဖမ်းနေတယ်။

နေ့လည် (၁၅း၁၉)- တာမွေ ထ ၃ ရှေ့မှာ ဖုန်းဖုန်းတွေထိုင်ချလိုက်ပြီ။ စစ်တပ်က ၀ိုင်းထား။

နေ့လည် (၁၅း၂၀)- : ကျိုက်ကဆံဘုရားထဲမှာလူတွေကိုစစ်တပ်က၀ိုင်းထား။ စစ်တပ်ကိုသိန်းနဲ့ ချီတဲ့လူတွေကပြန်ဝိုင်းထား။လူ(၁)သိန်းလောက်ရှိတယ်။အရမ်းများ။

နေ့လည် (၁၅း၂၁)- တာမွေ ကိစ္စ နောက်ဆုံးသတင်း စစ်တပ်မှာ ကား ၁၄ စီနဲ့ လာကူနေပါတယ် ။ UN ကို မေးလ်ပို့ပေးကြပါ။

နေ့လည် (၁၅း၂၃)- ဒဏ်ရာရသူတွေလည်း အများအပြားပဲ။ လမ်းပေါ်မှာ အတုံးအရုံးလဲနေတဲ့သူတွေကို ကောက်ယူမယ့်သူ မရှိ လမ်းပေါ်မှာ ဒီတိုင်းပစ်ထားတယ်။ အဲဒါကို နိုင်ငံခြားသားတွေက ဓာတ်ပုံရိုက်နေကြတယ်။ အဲဒါက ဆူးလေနဲ့ အနော်ရထာမီးပွိုင့်မှာ ဖြစ်တာ။ အခုလောလောဆယ်တော့ ဆူးလေတစ်ဝိုက်မှာ လူတွေက စုရုံးစုရုံးနဲ့ ထပ်မံချီတက်ဖို့ စိုင်းပြင်းနေကြတယ်။

နေ့လည် (၁၅း၂၄)- : တာမွေ၊ ဥက္ကလာ၊ အလုံ၊ ကြည်မြင်တိုင်၊ စမ်းချောင်း၊ မြေနီကုန်း၊ ပုဇွန်တောင် ဘက်တွေမှာလည်း ဖြစ်နေတယ်။ အပစ်အခတ် တွေလည်း ရှိတယ်လို့ကြားတယ်။ အသေအပျောက်သတင်းတော့မသိရ သေးဘူး။ ညနေစောင်းလေ လူထုအင်အား ပိုကြီးမားလာလေဖြစ်လိုက် မယ်လို့ခန့်မှန်းရတယ်။ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းကိုလည်း ဖမ်းဆီးထား တယ်လို့ သိရတယ်။

နေ့လည် (၁၅း၂၅)- တာမွေ အထက ၃ ရှေ့စတင်ပစ်ခတ်ဟု သိရ။

နေ့လည် (၁၅း၂၆)- : မင်္ဂလာဒုံဘက်က နေ မြို့ထဲကို စစ်သားအပြည့်နဲ့ စစ်ကား ၁၀ စီး ၀င်သွားပါတယ်...

နေ့လည် (၁၅း၂၇)- ကျိုက္ကဆံမှာ မနေ့ညကဖမ်းထားတဲ့ ဘုန်းကြီး(၅၀၀)ကို ပြန်လွှတ်ပေးရန် တောင်းဆိုဖို့အတွက် လူအုပ်ကြီး ချီတက်သွားတယ်၊ ရဲတွေက သေနတ်နဲ့ပစ်တယ်၊ အလောင်းတွေ မြင်မကောင်းဘူး၊ လူအုပ်ကြီး ပြန်လှည့်လာပြီး တီအီးကားတွေကို မီးရှုံ့ကြတယ်။တောင်ဥက္ကလာမှာ တပ်ကို လူထုက၀ိုင်းတယ်၊ လူထုကို တပ်ကပြန်ဝိုင်းတယ်၊ လူထုတော်တော် နာသွားတယ်၊ တောင်ဥက္ကလာ မြင်သာဘုရားနားမှာဖြစ်တယ်၊ မြိုင်ကြီးငူဆရာတော် ဆင်းလာတယ်(အတည်ပြုချက်မရဘူး)။

နေ့လည် (၁၅း၂၉)- ရန်ကုန်ဘူတာကြီးထဲမှာ သေနတ်သုံးချက် ထပ်ပစ်သွားတယ်။လူတွေက ဘူတာထဲကို ၀င်ပြေးသွားတယ်။ စစ်သားတွေက လိုက်ဖမ်းတယ်။ရန်ကုန်ဘူတာထဲက လူတွေကို အပြင်မထွက်ခိုင်းဘူးကျောင်းသားတစ်ယောက် ကျည်ဆံမှန်လို့ နှုတ်ခမ်းကြီးပြတ်သွားတယ်။၃ နာရီ (၁၀)မိနစ် ကိုယ်တွေ့ )

နေ့လည် (၁၅း၃၁)- ပြည်သူတစ်ဦး >>> တာမွေအ၀ိုင်းထိပ်နားမှာ စစ်အစိုးရက ဆန္ဒပြတဲ့ သူတွေကို ကားနဲ့တိုက် ၊ ပြည်သူတွေကို သေနတ်နဲ့ပစ် ကျွန်တော်ကိုယ်တိုင် ဒဏ်ရာတည်းနည်း ရထားပါတယ်

နေ့လည် (၁၅း ၃၃)- မင်္ဂလာဈေး တံခါးတွေ ပိတ်လိုက်ပါပြီ ။ ဈေးနားမှာ လူမရှိတော့ဘူးလို့ ကြားပါတယ် ။

နေ့လည် (၁၅း၃၉)- ကျိုက္ကစံလမ်းမကြီး (၂နာရီ) မှာတော့ မျက်ရည်ယိုဗုံးအရင်ခွဲပြီးတက်လာတယ် ။ဘုန်းကြီး တစ်ပါးကျန်ခဲ့တာကို ၀ိုင်းရိုက်တယ်ဆိုတာပဲသိခဲ့ရတယ်။လူနှစ်ယောက်ကိုလဲ ကျွန်တော်တို့ ပုန်းနေတဲ့နေရာရှေ့မှာတင် ရိုက်နှက်ပြီး ဖမ်းသွားတယ် (မျကိမြင်သက်သေ၏တွကိချက်)

နေ့လည် (၁၅း၄၀)- တာမွေအ ထ က ၃ ရှေ့မှာ ကျောင်းဆင်းချိန်မှာ တမင်သက်သက်ပစ်တာကြောင့် ကလေးတွေ လာကြိုတဲ့ မိဘတွေ ပါ သေတယ်။

နေ့လည် (၁၅း၅၁)- စစ်တပ်က ပန်းဆိုးတန်းဘက်ကို တရွေ့ရွေ့သွားနေတယ်။ သင်းကွဲဆန္ဒပြသူတွေကို ကြံ့ဖွတ်က ကောက်သင်း ကောက်ဖမ်းပြီး အချုပ်ကားပေါ် တင်နေတယ်။

နေ့လည် (၁၅း၅၆)- မန္တလေးမှာ နေ့လယ် ၂ နာရီ ခွဲလောက်မှာ ၃၉ လမ်း ၊ ၈ဝ ၊ ၈၁လမ်းလောက်မှာ ဘုန်းကြီးတွေရဲ့ လာရာလမ်းကို ပိတ်ဖို့ လက်နက်ကိုင်စစ်သား များတင်ဆောင်လာတဲ့ စစ်ကား ၅စီး၊ ၆စီး နှင့်အတူ မီးသတ်ကား ၃စီး ပါလာပါတယ်။ လမ်းကိုလည်း ပိတ်ဆို့ထားပါတယ်။ ပြည်သူများကိုလည်း နှင်ထုတ်လွှတ်လိုက်လို့ ပြည်သူများဘက်ကလည်း အော်ဟစ်ဆူပူကြပါတယ်။

မန္တလေးမှာ ပြည်သူပါဝင်ဆန္ဒပြလာတာ အင်အားများတာဟာ ဒီနေ့မှ စတာပါ။ အလွန်ဘဲ အားတက်စရာကောင်းပါတယ်။ စစ်ကားများဟာ သံဃာများ သွားမယ့်လမ်းများကို လိုက်လံ ပိတ်ဆို့ဖို့ကြိုးစားရာမှ ၊ ပြည်သူများဘက်ကလည်း ဝိုင်း၍ ခဲများဖြင့် ပေါက်ကြပါတယ်။ စစ်တပ်မှ သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ကြပါတယ်။ ထို့နောက် စစ်သားများက ကားပေါ်မှ ဆင်း၍ လိုက်လံဖမ်းဆီးပါတယ်။ ကျောင်းသား ၃ ဦး မိသွားပါတယ်။ မိမိချင်း လက်သီးများဖြင့် တုတ်များဖြင့် လူလယ်ကောင်တွေ ရိုက်နှက် ကြပါတယ်။ မျက်ရည်ယို ဗုံးလား၊ ဘာဗုံးလာတော့ မသိဘူး၊ ပေါက်ကွဲသံ အကျယ်ကြီးကြားလိုက်ရပါတယ်။

နေ့လည် (၁၅း၅၇)- ရန်ကင်းမှာ လုံထိန်း ၁၀ ယောက်က စစ်တပ်ကို ပြန်လည်ပစ်ခတ်နေကြတယ်လို့ ကြားရပါတယ် .... လက်လှမ်းမှီရာ အတည်ဲပုပေးကြပါ ...

လသာ ၂ ကျောင်းဆင်းချိန်မှာ လူစုစုတွေ့တာနဲ့ ရိုက်နှက်ဖမ်းဆီးလို့ ကျောင်းသူတစ်ယောက် ပါသွားတယ် သူ့ဘာသာ လမ်းလျှောက်နေတဲ့ အဘွားကြီးကိုပါ ရိုက်နှက်ပြီး ကားပေါ် ဆွဲတင်ခဲ့ပါတယ်။ သံဃာများအနေနဲ့ လည်း မြို့ထဲသို့ ဝင်ရောက်လို့မရအောင် စစ်သားများက တားဆီးထားပါတယ်။ ဒါတွေကတော့ လက်ရှိ ကျွန်တော်ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ သတင်းပါ။

နေ့လည် (၁၅း၅၈)- ၃၅လမ်း ၊ ၈၂လမ်းဒေါင့် ( ချစ်ဆွေ ဟိုတယ် ) ရှေ့တွင် ပြည်သူများဘက်သို့ သေနတ်ရှစ်ချက် တည့် ပစ်ကြပါတယ်။ ထို့နောက် မီးသတ်ကား ပေါ်မှာ မီးသတ်သမားတစ်ဦးသည် ကားပေါ်မှဆင်းလာပြီး ပြည်သူများကို ရန်မူ ရန်လာသောအခါ ပြည်သူများမှ ဆွမ်းကြီးဝိုင်းလောင်းရာ မီးသတ်တစ်ဦး သေဆုံးသွားသည်။

ညနေ (၁၆း၀၀)- ပြည်သူများခင်ဗျာ .... အတတ်နိုင်ဆုံး စည်လုံးကြပါ ။ အခုဆိုရင် စစ်အစိုးရ ရဲ့ လက်မရွံ့သားတွေဟာ လမ်းသွားလမ်းလာ မှန်သမျှကို အကြောင်းပြချက်မရှိ စတင် ရန်ရှာနေပါပြီ ။ စည်းလုံးကြပါဗျာ ။

ညနေ(၁၆း၀၉)- traderဟိုတယ်ပေါ်ကနေပစ်တာကျောင်းသားလေးတယောက်ကိုမှန်သွားတယ်။ စစ်တပ်က trader ဟိုတယ်အပေါ်မှာနေရာယူထားတာ3ရက်လောက်ရှိပြီ။

ညနေ(၁၆း၁၄)- တောင်ဥက္ကလာ သစ္စာလမ်းမပေါ် ဘုရားအနီးမှာ ပစ်ခတ်မှုဖြစ်ပွားနေ ... နေအိမ်များအထိ သေနတ်ကျည်ဆံများ ထိမှန်တယ်လို့သိရပါတယ် ။

ညနေ (၁၆း၁၆)- သူတို့ မီးသတ်ကားတွေက ရေတွေမဟုတ်ပါဘူး ပိုးသတ်ဆေးတွေထည့်ထားတာ ထိရင်မျက်လုံးတွေပါတွေဖွင့်မရအောင် ဒါကြောင့် ပက်တဲ့သူတွေ ပိုးသတ်ဆေးကာ လိမ္မော်ရောင်တွေဝတ်ထားကြတာ ... သတိထားကြပါ ... UN ကိုသတင်းပို့ကြပါ ... : Contact information for journalists Jason Rush Communication Officer UNICEF Myanmar Phone: (95 1) 212086, 212087, 212089, 212090, 212091

ညနေ(၁၆း၁၇)- ပန်းဆိုးတန်းမှာ မီးခိုးဗုံးတွေနဲ့ပါပစ်ပြီး လူစုခွဲဖို့ကြိုးစားနေတယ် မရသေးဘူး

ညနေ(၁၆း၁၈)- မိုးကောင်းဘုရားမှာ စစ်သားတွေက ဘုန်းကြီးတွေကို ၀ိုင်းထားတယ်လူတွေက စစ်သားတွေကို ၀ိုင်းထားတယ်

ညနေ(၁၆း၁၉)- စစ်တပ်က ပစ်ခတ်မှုကြောင့် ပန်းဆိုးတန်းဂုံးကျော် တံတားအောက် ကျောင်းသားတယောက် ဝမ်းဗိုက်တွင် သေနတ် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။

ညနေ(၁၆း၂၀)- ယခုတောင်ဥက္ကလာ ဝေဇယန္တာလမ်းမတခုလုံးပိတ်ထား။ လူတွေက ခဲတွေနဲ့ စစ်တပ်ကို ပြန်ပစ်နေကြပါတယ် .. ပစ်ရဲရင် ပစ်ကြည့်လို့ စိန်ခေါ်ပြီးထွက်သွားတဲ့ သူကို ပစ်သတ်လိုက်ကြပါပြီ တောင်ဥက္ကလာ ငွေကြာရံ က အကြီဆုံးဆရာတော်ဘုရားကြီးပျံလွန်တော်မူသွားပြီ အခု စစ်သား ၂၀၀ လောက်ကို ပြည်သူတွေက၀ိုင်းထားတယ် ထိမ်းချုပ်ထားတယ် အခြေအနေကတော့ တော်တော် ဆိုးရွားနေပြီဟု ပြောဆိုသည်။ ( တောင်ဥက္ကလာ)

ညနေ(၁၆း၂၄)- စစ်ကားနှစ်စီးကို ပြန်ပြီးတော့ လူထုက လုလိုက်တယ် တောင် ဥက္ကလာမှာ

ညနေ(၁၆း၂၉)- ပန်းဆိုးတန်းမှာ အတည့်ပစ်ကုန်ပြီတဲ့၊။ လူတွေကို ဒုတ်တွေနဲ့လည်း ရိုက်တယ်တဲ့ ။။စွမ်းအားရှင်တွေရော စစ်တပ်ရောတဲ့။

ညနေ (၁၆း၃၂)- အားလုံးအား အသိပေးလိုပါတယ်။ ရဟန်းပြည်သူများအား ရိုက်ပုတ်အကြမ်းဖက်နေကြသော စွမ်းအားရှင်များနှင့် ရဲများသည် စစ်သားများဖြစ်ကြောင်း ခိုင်လုံစွာ သိရှိရပါသည်။ ဒီအကြောင်းအား ပြည်သူများအားလုံး၊ မီဒီယာများအားလုံးနှင့် UN တို့ ၊ ကမ္ဘာပြည်သူအပေါင်း အား အမြန်ဆုံး အကြောင်းကြားအသိပေးစေလိုပါသည်။ ဒီကိစ္စအရေးကြီးသောကြောင့် အားလုံး ၀ိုင်းကူပေးကြပါ။

ညနေ- (၁၆း၃၃)- ၃ နာရီလောက်မှာ ကျိုက္ကဆံ ကွင်းနားမှာ လူထူတွေလမးတွေက်ုသစ်သားတွေနဲ့ပိတ်ပြီးစစ်တပ်နဲ့ အပြိုင် ထိပ်တိုက် စုဝေးနေပါတယ်..ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ ၊သံဃာတွေကိုအဲဒီ ကျိုက္ကဆံကွင်းထဲမှာ လာလာပို့တယ်လို့ပြောပါတယ်...အဲဒီမှာ..ကျောင်းသားတွေက ခွပ်ဒေါင်းအလံတွေနဲ့ ချီတက်လာပါတယ်..လူတွေစုဝေးနေတုန်းမှာပဲစစ်ကားကြီးက နောက်ကလာပါတယ်..ဒိုင်းကာထားတဲ့ စစ်သားတွေက ရှေ့ကနေလာပါတယ်..လူအုပ်ကြီးကပြေးတော့တာပဲ..စစ်ကားက ၀ုန်းဒိုင်းကျဲပြီး မျက်ရည်ယို ဗုန်းတွေနဲ့ပစ်....နံပါတ်ဒုတ်တွေနဲ့ရိုက်လို့ပြေးကြရပါတယ်..အဲဒီတော့ ကျနော်တို့လည်း တိုက်ပျက်ကြီးကနေ ဖြတ်ပြီး နတ်ချောင်း ဘက်ကနေ ပြေးခဲ့ရပါတယ်..ခဏကြာတော့ စစ်ကားတွေနဲ့ လိုက်ပစ်ပါတယ်..တာမွေဗလီ ထိ..ပြီးတော့သုဝဏ္ဏဘက်သွားကြပါပြီ..အထိနာတဲ့သူတွေတော်တော်များပါတယ်..ကျောင်းသားတွေလဲ ပါပါတယ် ဘုန်းကြီး၃ပါး ပါပါတယ် ...

ညနေ(၁၆း၃၈)- ငွေကြာယံမှာ အစွမ်းကုန်ရမ်းကားနေတယ် ။ တော်တော် အထိနာနေပြီလို့ သိရပါတယ် ... ငြိမ်မနေကြပါနဲ့ .... တတ်နိုင်တဲ့ဘက်က ကူညီကြပါ ။

ညနေ (၁၆း၄၀)- စစ်ခွေးဘီလူးကြီးသန်းရွှေက အထက်မှပြတ်ပြတ်သားသားကိုင်တွယ်ရန် ၄င်း၏နောက်လိုက်စစ်ခွေးများထံ အမိန့်ထုတ်ပြန်လိုက်သည်ဟု စစ်တပ်နှင့်အနီးစပ်ဆုံးရပ်ကွက်မှ အခိုင်အမာသတင်းရရှိထားပါသည်။

call international red cross ICRC headquarters in Geneva Postal address International Committee of the Red Cross 19 avenue de la Paix CH 1202 Geneva Fax ICRC general: ++ 41 (22) 733 20 57

ညနေ (၁၆း၄၂)- တာမွေ(၃)သတင်းအဆက်- ကလေးတွေကော မိဘတွေကော တော်တော်များများဒဏ်ရာရကြ။ ကလေး(၃၀၀)လောက်ဖမ်းသွား။ ကားတွေနဲ့ လည်းဝင်တိုက်။ တချို့ ကလေးတွေသေ။ တချို့ ဒဏ်ရာ ရကြ။ မူလတန်းကလေးတွေပါ နားမလည်ဘူး။ အကုန်ဖမ်းပြီးတင်သွားတယ်။ အတော်ယုတ်မာပက်စက်ကြတယ်။

ညနေ(၁၆း၄၃)- ပန်းဆိုးတန်းမှာ ခုပစ်နေတုန်းပဲ လူသေအလောင်းတွေ ပုံနေပါပြီ ခုပဲ မြင်လာခဲ့ပါတယ်တဲ့ အောက်ကြည့်မြင်တိုင်လမ်းကနေ လူထုကြီးက ဖြတ်ကျော်ချီတက်လာနေပါပြီ။ စစ်တပ်က မီးရထားဂုံးပေါကနေရာယူတားးတယ် တစ်ယောက်ပြီးတစ်ယောက်ပစ်တယ် ၃၈လပမ်းထိပ်မှာတောင်မျက်ရည်ယိုဗုံးလေလုံးခွဲလိုက်တယ် မြို့ထဲမှာတင် အကျအဆုံးတစ်ရာကျော်သွားပြီ။

ညနေ (၁၆း၄၈)- တာမွေ မှဘုန်းကြီးကျောင်းများ ဒီိည၀င်စီးမည်ဟု သိရ၊ တာမွေ အနီးတ၀ိုက်ရှိလူထုအနေဖြင့် ၀ိုင်းဝန်း ကာကွယ်ပေးရန်။ ဖုန်းဖုန်းများက မရှောင်ကြောင်းပြော။ တသက်လုံး ဖုန်းကြီး ၀တ်လာတာ ဒီတိုင်းဘဲနေမည်ဟု သိရ။

ညနေ (၁၆း၄၉)- လသာ ၂ သတင်းအဆက် >>>> ကျောင်းသားတွေက ဒီနေ့စာမေးပွဲကို မဖြေဘဲ ကျောင်းပိတ်ပေးဖို့ တောင်းဆိုထားတဲ့ကြားက အတင်း စာမေးပွဲ ဖြေခိုင်းပြီး ကျောင်းအဆင်းမှာ ခုလို တမင်လုပ်သွားတာပါလို့ လွတ်မြောက်ကျောင်းသူတစ်ဦးက ပြောပါတယ်။

ညနေ(၁၆း၅၀)- Now arrive Thein Gyi zay about 40000 people

ညနေ (၁၆း၅၂)- သတင်းထောက်သေတယ်ဆိုတာမှန်တယ်လို့သေချာတဲ့သတင်းတစ်ခုရပါတယ်၊ မီးသတ်ကားနဲ့ deadbody ကို aa pharmacy ရှေ့မှာ ရေဆေးတယ်ဆိုတာလဲမှန်ပါတယ်

ညနေ (၁၆း၅၆)- တောင်ဥက္ကလာ သစ္စာလမ်းမှာ လက်ရှိစာရင်းရ လူလေးဦး သေဆုံး ... ဒဏ်ရာရရှိသူအများအပြား ရှိ .... စစ်တပ်အင်အားထပ်ဖြည့်ထား ... UN ကို update သတင်းတွေ ပို့ကြပါ ...

ညနေ (၁၆း၅၉)- : တောင်ဥက္ကလာ (၉)ရပ်ကွက်နဲ့(၆)ရပ်ကွက်ကြားစစ်တပ်နဲ့ လူထု တွေ့တယ်။ပစ်တယ်။ ၅ ယောက်သေတယ်။

ညနေ (၁၇း၀၂)- သာကေတ တံတားပေါ်မှာလဲ ပစ်တယ်။ သေကြတယ်တဲ့ ။သေချာတယ် အဲ့ဒီသတင်းလဲ ခုပဲရတာ ဆေးရုံကြီးကိုတော့ အလောင်းတွေ ရောက်ရမယ့်ဟာ မရောက်ဘူး လမ်းမှာ စစ်တပ်ကကြားဖြတ်ပြီး အလောင်းဖျောက်တာကြောင့်ပါ။

ညနေ (၁၇း၀၄)- မနက်ခင်းကသေတဲ့ Foreigner က ညာဘက်ရင်အုံနဲ့ ညာဘက်ခါးနောက် ကျည်(၂)နေရာ ထိပြီး သေဆုံးနဲ့ ဆေးရုံရောက်တာပါ

ညနေ (၁၇း၀၅)- တာမွေ လမ်းတွေ စစ် တပ် ၀င်မရ အောင် ပိတ်ထားဖို့လူငယ်တွေစုနေပြီ

ညနေ (၁၇း၀၈)- မိစ္ဆာတပ်ကကောင်တွေ ။ပန်းဆိုးတန်းမှာ ရပ်ကြည့်နေတဲ့လူတွေကိုပါ ပစ်တယ်ဗျာ

ညနေ (၁၇း၀၉)- မဟာဗန္တုလလမ်း နဲ့ ဆိပ်ကမ်းသာလမ်းမှာ မျက်ရည်ယိုဗုံးများ အသုံးပြုနေ

....

ညနေ (၁၇း၁၀)- ရန်ကုန် ဆေးရုံကြီးမှာတော့ ဆရာဝန်အင်အားအပြည့်၊ ဆေးအပြည့်အစုံရှိပါတယ် ။ ဒါပေမယ့် ဘာအလောင်းမှ မရောက် ။ နိုင်ငံခြားသတင်းထောက် အလောင်းမှ လွဲပြီး ။ စစ်တပ်က ပြည်သူများအလောင်းကို လိုက်သိမ်း ။ ဆေးရုံကြီးတွင် ၀န်ကြီးကိုယ်တိုင် ရှိ ။

ညနေ (၁၇း၁၁)- ဆေးရုံ တိုင်းမှာ နအဖ အ ဟန်ပြကောင်းအောင် ဆေးပစ္စည်း + ဆရာဝန် အင်အား အရေးပေါ်ထားပြီး လိမ်နေတယ်။ မူးယစ်ပြတိုက်ကနေ ထုတ်လာတဲ့ အန်ဖက်တမင်း စိတ်ကြွဆေးများကို စစ်သားများကို တိုက်ကျွေးထားပါတယ် အားလုံးဟာ လူစိတ်ပျောက်နေပြီး မျက်လုံးများနီနေပါတယ်။ ရေနဲ့ ပက်ရင် အမူးပြေနိုင်မယ် ထင်ပါတယ်။ သန်းရွှေရဲ့ တိုက်ရိုက် ညွှန်ကြားချက် ဖြစ်ပါတယ်

ညနေ (၁၇း၁၉)- ဂုဏ်ယူပါတယ်ဗျာ ... တာမွေလေး အနီး ကျိုကဆံလမ်းက ရွှေဗဟို ဆေးခန်းက ဒဏ်ရာရသူများအားလုံးကို အခမဲ့ ဆေးကုသပေးနေပါတယ်..

ညနေ (၁၇း၂၀)- ရပ်ကွက်တိုင်းကိုလမ်းပိတ်ဖို့ နှိုးဆော်ပေးပါ။စစ်တပ်အ၀င်မင်္ခပါနဲ့

ညနေ (၁၇း၂၂)- တာမွေ လမ်းတွေ စစ် တပ် ၀င်မရ အောင် ပိတ်ထားဖို့လူငယ်တွေစုနေပြီ

ညနေ (၁၇း၂၈)- ROHS ရှေ့ နားမှာ မျက်ရည်ယိုဗုန်းတွေနဲ့ နဲ့ ပြစ်နေပါတယ်။

ညနေ (၁၇း၃၁)- သီရိမင်္ဂလာဈေး ကချီတက်လာတဲ့ လူအုပ်ကြီးကို လှည်းတန်း ကနေ ပစ်လိမ့် မယ်/ မြန် မြန် သတင်း ပို့ပေးပါ။ လှည်းတန်းမှာ စစ်အစိုးရ ရဲ့ နောက်လိုက်ခွေးတွေ စောင့်နေတယ်

ညနေ (၁၇း၃၂)- : ညနေ ၅ နာရီမှာ တာမွေပလာဇာရှေ့မှာပစ်နေတယ်။ ခုထိပစ်တုန်းနေတုန်း။

ညနေ (၁၇း၃၃)- ပန်းဆိုးတန်းမှာ ပစ်နေတာ သေနတ်သံတွေ ဖုန်းထဲကတောင်ကြားနေရတယ်. ကုလားတွေ ဘလီပေးမတက်တော့ဘူး...ကုလားတွေအော်နေကြပြီ။ ပန်းဆိုးတန်းမှာ ပစ်နေတာ သေနတ်သံတွေ ကြားနေရတယ်။ ၃၇ လမ်းမှာ။

ညနေ (၁၇း၃၄)- ကမာရွတ်နတ်စင်လမ်းဘက်တွင်လည်းဘုန်းကြီးကျောင်း များရှိသည်နေရာတိုင်းတွင်စစ်သားများကားများဖြင့်ဝိုင်းထား လူထုများကလည်းဝိုင်အော်ဟစ်ပြီးဆဲဆို။

ညနေ (၁၇း၃၆)- တာမွေအထက ၃ မှာပစ်တာလည်း ကလေးတွေ အများကြီးသေတယ်။ ကျောင်းဆင်းချိန် လာကြိုတဲ့မိဘတွေရော ဆရာမတွေရော ကလေးတွေကို အတင်းဆွဲပေမဲ့ သေတာ ၁၀၀ လောက်မှာ ကလေးများတယ်လို့ သတင်းရနေပါတယ်

ညနေ (၁၇း၄၇)- တာမွေအထက ၃ မှာပစ်တာလည်း ကလေးတွေ အများကြီးသေတယ်။ ကျောင်းဆင်းချိန် လာကြိုတဲ့မိဘတွေရော ဆရာမတွေရော ကလေးတွေကို အတင်းဆွဲပေမဲ့ သေတာ ၁၀၀ လောက်မှာ ကလေးများတယ်လို့ သတင်းရနေပါတယ်

ညနေ (၁၇း၅၀)- နောက်ဆုံးရသတင်း၊ မဟာဗန္ဒူလပန်းခြံလမ်း၊ ဆိပ်ကမ်းသာလမ်း၊ ၃၈လမ်း မှာ လုံထိန်းများမှ ဦးဆောင်၍ စွမ်းအားရှင်များက မှန်ပြတင်းပေါက်များကို ခွဲသွားသည်။ နောက်နေ.တွင် ပြည်သူများက ရိုက်သည်ဟု နာမည်ဖျက်မှာပါ

ညနေ (၁၇း၅၃)- လူ ၂၀၀၀ ခန့် သိရိမင်္ဂလာဈေး ကို ကျော်ဖြတ်ပြီး လှည်းတန်သို့ ဦးတည်နေ .... နီးစပ်ရာ ကြိုတင်သတင်းပေးကြပါ ။ စစ်တပ်က ပစ်ဖို့နေရာယူထားတယ် ...

ညနေ (၁၇း၅၅)- ကမာရွတ်အရိုးဆေးရုံနှင့်ဆင်မလိုက်လမ်းဆုံတစ်ဝိုက် တွင်လူများစွာရပ်တန့်စုဆောင်းနေ၊ တစ်ဖြည်းဖြည်းများလာ။

ညနေ (၁၇း၅၆)- အလံပြဘုရားလမ်းပေါ် လူတွေရော စစ်သားတွေ မရှိ၊ အောင်ဆန်းကွင်းဘက်လည်း စစ်သားမရှိ။

ညနေ (၁၇း၅၉)- လှည်းတန်းဘက်ကို မသွားတော့ပဲ ဘုရင်နောင်ဘက်ကို ဆက်လက်ချီတက်သွား။ ရွာမလမ်းဆုံကိုရောက် ကြည့်မြင်တိုင်အောက်လမ်းဘက်ကိုလမ်းပိတ်ထား သေနတ်များပစ်ခတ်လျက်ရှိ။

ညနေ (၁၈း၀၁)- aနာက်ဆုံးရသတင်း၊ မဟာဗန္ဒူလပန်းခြံလမ်း၊ ဆိပ်ကမ်းသာလမ်း၊ ၃၈လမ်း မှာ လုံထိန်းများမှ ဦးဆောင်၍ စွမ်းအားရှင်များက မှန်ပြတင်းပေါက်များကို ခွဲသွားသည်။

ညနေ (၁၈း၀၄)- အနော်ရထာဆူးလေပွိုင့်မှာတော့ တပ်တွေ နေရာယူထားသေးတယ်။ ပန်းဆိုးတန်းဘက်မှာနေရာယူထားတဲ့ တပ်တွေလဲ ပြန်ရုပ်နေတယ်။

ညနေ (၁၈း၀၆)- လှည်းတန်းဘက်ကိုမသွားတော့ပဲဘုရင်နောင်ဘက်ကိုဆက်လက်ချီတက်သွား။ရွာမလမ်းဆုံကိုရောက်။ ကြည့်မြင်တိုင်အောက်လမ်းဘက်ကိုလမ်းပိတ်ထား။ သေနတ်များပစ်ခတ်လျက်ရှိ။

ညနေ (၁၈း၀၇)- နတ်စင်လမ်းဘက်တွင်ဆက်လက်ပစ်ခတ်ဆဲ။

ညနေ (၁၈း၃၅)- ကြည့်မြင်တိုင်ညဈေးဘက်ကို လူထုတွေသွားနေကြပါတယ်။ စစ်သားတွေရောက်လာပြီး လမ်းတွေပိတ်နေပါတယ်။ ကမ်းနားလမ်းမှာတော့ လူတွေ ပိတ်မိနေတယ်တဲ့ ဟိုဘက်ဒီဘက် ပိတ်ထားတာ။ အဲဒါ လူထုထဲ က ထပြီး ကပြတာ စစ်သားတွေ က ၀ိုင်းရိုက်တယ် တချို့မပြန်ဘူး ၀ိုင်းရိုက်တယ် ကြည့်မြင်တိုင် ကမ်းနားလမ်းမှာ ဖြစ်ပါတယ်

ညနေ (၁၈း၄၀)- : ကြည့်မြင်တိုင် နတ်စင်လမ်းမှာ စစ်တပ်က လဖက်ရည်ဆိုင်ထိုင်တဲ့လူတွေပါ ၀င်ဆွဲတယ်တဲ့။

ညနေ (၁၈း၅၃)- ကျော်ကြား အသုပ်ဆိုင်က လမ်းဘေးဈေးသည်တွေကို ဒုတ်တွေ ပေးထားတယ်။ သူက ရဲဘက်က ကူညီ နေတယ်။ ဂွတွေ ဒုတ်တွေ ပေးထားတယ်။ ဆိပ်ကမ်းသာလမ်းထိတ်မှာ ပေးထားတယ်။

ည (၁၉း၀၁)- ကြည့်မြင်တိုင် ကမ်းနားလမ်းမှာ မီးဖျက်လိုက်ပြီး အားလုံးကို လိုက်ဖမ်းကြောင်း။ ထွက်ပြေးသူများ လွတ်မြောက်သွားပြီး ၇၀၊ ၈၀ ခန့်လောက် အဖမ်းခံရကြောင်း

ည (၁၉း၁၂)- ဂျာနယ်တွေထဲမှာ နအဖက ဆောင်းပါရယ် သူတို့ရဲ့ ထုတ်ပြန်ကြေငြာချက်တွေရယ်ထည့်ခိုင်းတယ်။ ဒါကြောင့်မို့ လက်မခံဘဲ ဂျာနယ်တွေ မထုတ်တော့ဘူး။ ပိတ်လိုက်ကြပြီ။

ည (၁၉း၁၃)- ထောင်သားတွေကို ရန်ကုန်မှာ လွှတ်ထားပြီ။ ခုပဲ ၃၇လမ်းထိပ်မှာ ခေါ်က်ဆွဲကြော်ရောင်းတဲ့ လမ်းဘေးက ကုလားကို ဘလိုင်းကြီး ၀င်ရိုက်တယ် ဆိုင်ကို ဖျက်ဆီးသွားတယ်။

ည (၁၉း၃၃)- ဒီနေ့  တာမွေမှာ ပစ်တာက လူ(၂)ယောက် ပွဲချင်းပြီး သေသွားခဲ့ပါတယ်။ ထိုလူနှစ်ယောက်မှာ ထွက်ပြေးပြီး ခြံစီးရိုးကို ကျော်အတက်မှာ ပစ်တာဖြစ်ကြောင်း သိရပါတယ်။

ည (၂၀း၂၄)- ကသာမှာလည်း ဒီနေ့ ဆန္ဒပြတယ်။ ဘုန်းကြီးတွေ အပြင်မထွက်ဘူး။ သူတို့ကျောင်းထဲက နေပြီး ဘုရားတွေကိုလှည့် ပရိတ်၇ွတ်တာ လုပ်ပါတယ်။

ည (၂၁း၀၁)- စစ်တပ်က ဒီည (၁၂) ကျော်မှာ - ရန်ုကုန် တောင်ဥက္ကလာပ ရပ်ကွက်အမှတ် (၂) (၃) (၄) တို့ မှာ လူငယ်တွေနဲ့ လူကြီးယေင်္ကျားလေးတွေကို ၀ငိဖမ်းမယ်လို့ ကြားရပါတယ်။ အမြန်သတိပေးကြပါ။

ည (၂၁း၀၆)- မနက်ဖြန် အင်္ကျီအနီဝတ်မဲ့ အစီအစဉ်မှာ နာမည်ကြီး အနုပညာ လောကသားများလည်း ပါဝင်မည်ဟု သိရပါသည်။

ည (၂၁း၁၄)- အခုလည်းတန်းမှာ ပစ်နေပြန်ပြီလို့  ကြားရပါတယ်။

ည (၂၁း၂၀)- နတ်စင်လမ်းဘက်မှာပစ်ခတ်မှုဆက်လက်ဖြစ်ပွားဆဲလို့  ကြားနေရပါတယ်။

ည (၂၁း၄၂)- ဒီနေ့  သေနတ်မှန် သေဆုံးရသူ ဂျပန် ဓာတ်ပုံ သတင်းထောက် အမည်မှာ မစ္စတာ Kenji Nagai (အသက် ၅ဝ) ဖြစ်ပြီး တိုကျိုမြို့ အခြေစိုက် APF Tsushin မီဒီယာ ကုမ္ပဏီမှ ဖြစ်သည်။

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP