ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

၂၈ ရက် ပြည်တွင်းသတင်းအနှစ်ချုပ်

Friday, September 28, 2007

ပြည်တွင်းသတင်းအနှစ်ချုပ် (၂၈.၀၉.၂၀၀၇) (နစ်နေမန်းစီဘော့စ်မှ ယူပါသည်)

နံနက် (၄း၀၀)- ရွေတိဂုံဘုရားမှာ ဘုန်းကြီးခေါင်းကို ရီိက်တဲ့သူနာမည်က ရန်ကင်းက အောင်ထူးတဲ့၊ ကြံ့ဖွံ့ အလုပ်မှုဆောင်အဖွဲ့ ဝင်ဖြစ်ကြောင်း သိရပါတယ်။

နံနက် (၄း၀၃)-မနေ့ ည (၉း၄၅) နာရီတွင် စစ်ကား(၇)စီးနှင့် နောက်က အရာရှိကားတစ်စီး အင်းစိန်းလမ်းမှပေါ်မှ အင်းစိန်ဘက်သို့ မောင်းသွား။ ကားပေါ်တွင် လူသေများ၊ ဒဏ်ရာရသူများ များစွာပါသွားကြောင်း သိရှိရပါတယ်။

နံနက် (၅း၄၇)နိုင်ငံတော်သံဃာနာယကအဖွဲနဲ့ အတော့်ကိုနီးစပ်တဲ့ ဆရာတော်တစ်ပါးပြောကြားချက်အရ နိုင်ငံတော်သံဃာနာယကဆရာတော်တွေထဲက ဆရာတော်ကြီး အပါး (၃၀) ဟာ အခုလို ရဟန်းဘုန်းကြီးတွေကို ပြစ်ခတ်သတ်ဖြတ်တာကို လုံးဝအဘောမတူဘဲ အတော့်ကို မကျေမနပ်ဖြစ်နေကြတယ်လို့  အသိပေးလာပါတယ်။

: ဒီဆရာတော်ကဘဲ မိန့် ကြားတာက ပြည်သူတွေအနေနဲ့  အတတ်နိုင်ဆုံး ပြန်လည်အကြမ်းဖက်မှုတွေကို ရှောင်ပြီး လူထုချီတက်ပွဲတွေကို ပိုမိုလုပ်ဆောင်သွားဖို့  တိုက်တွန်းထားပါတယ်။ အောင်ပွဲရဖို့ အတွက်ကို ဒီလိုလုပ်ဆောင်သင့်ကြောင်း၊ ပြန်လည်အကြမ်းဖက်ရင် နအဖဖန်တီးတဲ့လမ်းကြောင်းပေါ်ရောက်သွားမှာဖြစ်ပြီး ငြိမ်းချမ်းစွာနဲ့  လူထုဆန္ဒပြပွဲအနေအထားကနေ ဖရိုဖရဲ ဖြစ်ပြီး မိမိတို့  ရင်းနှီးပေးဆပ်နေရတာတွေ အလဟသဖြစ်သွားမှာ စိုးရိမ်ကြောင်းကိုလည်း ပြောကြားသွားပါတယ်။ အခုလို ပိုမို ဒုက္ခရောက်နေကြတဲ့  ဘုန်းဘုန်းတွေကို ပြည်သူလူထုက အတတ်နိုင်ဆုံး ဒီထက်ပိုပြီး ကူညီပံ့ပိုးပေးကြဖို့ နဲ့  ပြည်သူလူထုတွေ ထပ်မံ အင်အားတိုး ပါဝင်လာကြဖို့ ကိုလည်း အထူးမေတ္တာရပ်ခံသွားပါတယ်

နံနက် (၈း၂၀)- ဒီနေ့မနက်ကျိုက်ဝိုင်း ပစ္စိမာရုံ ကျောင်းတိုက်က သံဃာတော်တွေကို နယ်ပြန်ခိုင်းတယ်ကြားရပါတယ်.

နံနက် (၈း၅၆)-ယမန်နေ့ည က တောင်ဥက္ကလာပ မြို့နယ်အမှတ် ၂.စီး အပါအ၀င် ကားစုစုပေါင်း ၃၇ စီးဖြင့် လူကြီးလူငယ်ယောက်ျား ၃.၄. စသည့်ရပ်ကွက်များတွင် စစ်ကား ၄ စီး အပါအ၀င် ကားစုစုပေါင်း ၃၇ စီးဖြင့် လူကြီးလူငယ်ယောက်ျား အားလုံးကိုဝင်ရောက်ဖမ်းဆီးသွားပါတယ်။ ဘုန်းကြီးတွေရော ပါတယ်လို့ပြောပါတယ်။ လူဦးရေဘယ်နှယောက် ပါသွားတယ်ဆိုတာကိုတော့ အတိအကျမသိသေးပါ။

ယမန်နေ့ကစစ်တတ်ရဲ့အကြမ်းဖက်မှုများကြောင့်ရန်ကင်းတိုက်မှ မိုးကောင်းဆရာတော် ပြန်လွန်တော်မူရှာသည်.ထှိကြောင့်ဒီနေ့လဲပိုမိုပြင်းထန်မဲ့ဆန္ဒပြပွဲများလုပ်ရန်အစီအမံများရှိသည်ဟုကြားသိရသည်။

နံနက် (၉း၀၂)- ခိုင်လုံတဲ့ သတင်းတစ်ရပ်ကဖြစ်ပါသည်။ သံဃာ့မဟာနာယကဆရာတော်ကြီးတွေကို အပြစ်မမြင်ကြပါနဲ့ခင်ဗျား။ ဆရာတော်ကြီးတွေက သံဃာတော်ကြီးတွေကိုအကြမ်းဖက်ပြီး မနှိမ်နင်းဖို့အတွက် နအဖ ( စစ်ဘီလူး ) အဖွဲ့လူကြီးတွေဆီကို တောင်ဆိုစာတင်ပေးလိုက်တာပါ။ အဲဒီစာရြ့ပီးတော့ ဆရာတော်ကြီးတွေကို အစည်းအဝေးခေါ် ပြီးဘီလူးတွေကပဲပြောရတယ်....ဆရာတော်တွေဘာမှကိုမပြောရဘူး.နောက်ဆုံးတော.သူတို.ပါသာသူတို့ပစ်မိန့်ဆိုပြီးအစည်းဝေးပွဲကိုရုတ်သိမ်းလိုက်တယ်....ဆရာတော်ကြီးတွေရဲ့ရင်ထဲမှာ အရမ်းဝမ်နဲကြေကွဲပြီးမျက်ရေတွေတောင်ကျရတယ် ဆရာတော်ကြီးတွေမှာ အသက်ကြီးမှစိတ်ဆင်းရဲနေကြရရှာတာ ...အဒီသတင်းလေးကိုပြည်သူတွေသိအောင်ပြောပေးပါ

နံနက် (၉း၀၃)-မနေ့က ပစ်ခတ်ခိုင်းတဲ့စစ်သားတွေက စစ်သားအစစ်တွေမဟုတ်ပဲ ထောင်သားတွေကို ထောင်သားတွေကို လေ့ကျင့်သင်ကြားပေးပြီး ဆေးတိုက် ပစ်ခိုင်းတာလို့ ယုံကြည်စိတ်ချရတဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

နံနက် (၉း၀၄)- ညက ဒေါပုံမြို့နယ်ရွာလည်းကျောင်း၊ သံဃာတော်အပါး ၃၀၀ ခန့်ကို ကြမ်းတမ်းစွာဆဲဆိုရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။

နံနက် (၉း၀၈)-တစ်ချို့စစ်တပ်ကမိတ္ထီလာကခေါ်လာတာဖြစ်ပြီ့း ဘုန်းကြီးကျောင်းတစ်ချို့မှာကွန်မြူနစ်တွေ သိမ်းထားလို့ပြန်သိမ်းရမယ်လို့အထက်ကအရာရှိတွေက ညာ ပြီးလုပ်ခိုင်းတယ်လိုဆိုကြပါတယ်။့

နံနက် (၉း၁၈)-Good news! No.33 Army force refuce to shoot the people officially.Government ordered to No.33 Army for move out from Mandalay but they are not following the order.We need to pray for our people and real Myanmar Soldiers.

နံနက် (၉း၂၉)- ဓါတ်ပုံသမား ၊ မီဒီယာသမာဒများ အထူးသတိထားကြပါ .... ဓါတ်ပုံ ရိုက်ထားရာ အရပ် နဲ့ နေထိုင်ရာ အခန်းများ ကို စစ်အစိုးရမှ ခြေရာခံလိုက်နေပါတယ် ... ယမာန်နေ့က ထရိတ်ဒါးနဲ့ ဆာကူရာမှာ စစ်သားများ ကွန်ပျူတာအားလုံးကို စစ်ဆေးသွား ကြပါတယ် ။ သတိထားကြပါ ....

နံနက် (၁၀း၁၁)- ယခု ၉နာရီ ၁၅မိနစ် မှာ တောင်ဥက္ကလာပမြို့နယ် ငွေကြာရံကျောင်းတိုက် အနီး ဗဟိုဈေးကားမှတ်တိုင်တွင် စစ်ကား ၂စီး လုံထိန်းလို့ အမည်တက်ထားတဲ့ နအဖ ခွေးအစိုးရရဲ့ နောက်လိုက်များ အပြည့်တင်ဆောင်လာသည့် ဟိုင်းလပ်ကား တစ် စီး ဒိုင်နာကား ၃စီး အရန်သင့်ရောက် နေပါပြီ...။

နံနက် (၁၀း၃၉)-ကုလသမဂ္ဂကိုယ်စားလှယ် အင်ဘရာဟင် ဂန်ဘာရာကို နအဖက မနက်ဖြန်ကို ပြည်ဝင်ခွင့် ပေးလိုက်ပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်လာတာ မြန်မာပြည်သုလူထုအတွက် အမှန်တကယ် ကူညီနိုင်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ဘဲ နအဖက လေပြေလေးသွေးလိုက်လို့  ပြန်သွားရင် နအဖက ပြည်သူတွေကို နောက်ပိုင်းမှာ ဆက်သတ်လို့ ရမယ့် အခြေအနေပိုရောက်သွားနိုင်ပါတယ်။ ဒီအတွက် ပြည်သူတွေဘက်ကနေနဲ့  ကုလသမဂ္ဂကိုယ်စားလှယ်ရောက်တဲ့အခါမှာ တိုက်ရိုက်တွေ့ ဆုံပြောပြနိုင်ဖို့ လိုသလို၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို ပိုမိုအရှိန်အဟုန်ပိုမိုမြှင့်ကြဖို့ လိုပါတယ်။ နအဖက UN ကိုယ်စားလှယ်ကို လာခွင့်ပေးပြီး ဆက်ညာမှာပါ။ UN ကိုယ်စားလှယ်ရောက်တဲ့အချိန်မှာ ပြည်သူတွေ အကုန်လုံး လမ်းပေါ်ထွက်ဆန္ဒပြကြဖို့ လိုပါတယ်။ ဒီအချိန်မှာ ပြစ်ခတ်မှုတွေ ရိုက်နှက်မှုတွေ မဖြစ်ဖို့ များပါတယ်။ ပြည်သူတွေအတွက် ဒီအခွင့်အရေးကို အဆုံးရှုံး မခံပါနဲ့ ။ လူထုဆန္ဒပြဖို့ အားလုံးထွက်ကြပါ ပါဝင်ကြပါလို့ အထူးတိုက်တွန်းပါတယ်။ နီးစပ်ရာအမြန်ပြောကြပါ။

နံနက် (၁၁း၀၄)-နအဖက မြန်မာပြည်မှာ အခု ဖုန်းလိုင်းအများအပြား ဖြတ်ထားလိုက်ပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်ကို ပြည်သူက ဆက်သွယ်လို့ မရအောင် ဖြတ်ထားလိုက်တာလား၊ အကြမ်းဖက်သတင်းတွေကို ထိန်းချုပ်ဖို့ လားဆိုတာ...

နံနက် (၁၁း၃၂)-မြောက်ဥကလာဘုန်းကြီးလမ်းထိပ်မှာရှိတဲ့ပျော်ဘွယ်ဓမသိဂီ င်္ကျောင်းကိုအခုစစ်တပ်က၀ိုင်းနေပြီ

နံနက် (၁၁း၄၄)-၇န်ကုန်မှာ နှစ်နေရာက စထွက်ဖို့လုပ်နေတယ်။ တကြောင်းက အင်းစိန်ကနေ၊ အရွေးချယ်ခံ ကိုယ်စားလှယ်တွေ ဦးစီး ပြီး ထွက်မယ်။

နံနက် (၁၁း၄၅)-messageမနျွှလေးမှာ ၁ နာရီစမယ်။ညက မန္တလေးမှာ ဖမ်းတာ ဘုန်းဘုန်း ၄၀ ကျော်ပါသွားတယ်။

နံနက် (၁၁း၅၀)-trader နား မှာ ပြည်သူ၁၀၀၀၀ ကျော်စုမိနေ ဆက်လက်တိုက်ပွဲဝင်သွားမည်

နံနက် (၁၁း၅၅)-ခိုင်လုံသောသတင်းအရ - နအဖမှ တပ်မ (၃၃) အား မန္တလေးတွင် ပြည်သူများအား ပြစ်ခိုင်းရာ ဗိုလ်မှူးချုပ်တင်ထွန်းအောင်မှ အမိန့် အား ထပ်မံငြင်းဆန်ကြောင်း သီရှိရပါသည်။ စစ်တပ်အတွင်းတွင် ပြည်သူနှင့် ပူးပေါင်းလာမည့် ပြည်သူ့ တပ်မတော်သားများ ရှိလာနေပါပြီ။

နေ့ (၁၂း၀၀)-မြောက်ဥက္ကလာမှာ ပစ်နေပြီဟု သတင်းရသည်

နံနက် (၁၂း၁၀)-ခိုင်လုံသောသတင်း - - တပ်မ ၂၂ (၈၈၈၈ တုန်းကသုံးသောတပ်) ကို ရန်ကုန်သို့ ခေါ်ယူလိုက်ပြီ

နေ့ (၁၂း၃၄)-မြောက်ဥက္ကလာမှာ ပြင်းထန်စွာစတင်ပစ်ခတ်နေတယ်လို့ကြားရပါတယ် ဆက်သွယ်စုံစမ်းမေးကြပါ

နေ့ (၁၂း၃၉)-မြောက်ဥက္ကလာပ ဘုန်းကြီးလမ်းထိပ်မှာရှိတဲ့ ပျော်ဘွယ်ဓမသိဂီ င်္ကျောင်းကို စောစောက စစ်တပ်က၀ိုင်းထားခဲ့ပါတယ်။

နေ့ (၁၂း၄၉)-ခိုင်လုံသော သတင်း - တပ်မ(၃၃) မလိုက်နာလို့ (၉၉)ကို လေယာဉ်နဲ့ ပို့ လိုက်တာ

နေ့ (၁၂း၅၅)-ရန်ကုန် သိမ်ကြီးဈေးတွင် ပြည်သူ ငါးသောင်းခန့် ရောက်ရှိနေ

နေ့လည် (၁၂း၅၆)- မြောက်ဥက္ကလာမှာ တပ်၆၆က လူနဲ့ပေါင်းပြီး၊ တပ်အချင်းချင်းပစ်နေပြီ။

နေ့လည် (၁၃း၀၁)- မိတ္ထီလာ လေတပ်မှ လေယာဉ်များ ပျံတက်သွားသည်။ တပ်မ ၃၃ နှင့် တပ် ၉၉ အတွင်း ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားလျှက်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

နေ့လည် (၁၃း၀၆)- အင်းစိန်ရဲ့ခိုင်လုံတဲ့ သတင်းအရ GTI ကျောင်းထဲမှာသံဃာတွေအများကြီးဖမ်းထားပါတယ်

နေ့လည် (၁၃း၀၉)- ယရက ရုံးတွေဆို ပိတ်ထားတယ်။ မဖွင့်တော့ဘူး။ ညကနေ စတာပေါ့ဗျာ။ ရှောင်တဲ့ကောင်တွေ ရှောင်ကုန်ပြီ။ မရက အဆင့်ထိကို ဖြစ်နေပြီ။ ခရိုင်အဆင့် ထိကို ရောက်နေပြီ။ အောက်ခြေတွေ ပြိုနေပြီ။

နေ့လည် (၁၃း၁၃)- စံပြဈေးဘက်မှာ လူ (၁၀၀၀)ကျော်ရောက်နေတယ်။

နေ့လည် (၁၃း၄၅)- According to the yangon contacts, Air Bagan Advertisement signboards were destroyed in downtown and didn’t know who did that. They didn’t hear of army shooting fire guns nor demonstrations in downtown until now. They confirmed that Internet connections are down because MPT said they need to do service maintenance. There were army trucks in DhammaZedi Road too.

နေ့လည် (၁၄း၀၇)- : မြန်မာပြည်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံရပြီး ၊ တချို့ကိုလည်း ခိုးနားထောင်ကြောင်း ကြားသိရသည် ။

နေ့လည် (၁၄း၃၂)- : မြောက်ဥက္ကာလာပမှ စစ်တပ်သတင်းအား ပိုမိုအတည်ပြုနိုင်ရန် ထပ်မံစုံစမ်းလျက်ရှိပါတယ်။

နေ့လည် (၁၄း၃၅)- : အခုအနော်ရထာလမ်းမှာစစ်သားနဲ့လူထုထိတ်တိုက်ချနေကြတယ်။ ပန်းဆိုးတန်းကလဲပစ်သံကြားတယ်။ စံပြဘုန်းကြီးလမ်းမှာအခုပစ်နေပြန်ပြီ။

နေ့လည် (၁၄း၃၆)- : မြောက်ဥက္ကာပ အထက်တန်းကျောင်းတကျောင်းတွင် ချီတက်လမ်းလျှောက်နိုင်ရန် တန်းစီပေးနေသော ဆရာဆရာမများအား စစ်တပ်မှ ၀င်ရောက်ရိုက်နှက်နေတယ်

နေ့လည် (၁၄း၄၃)- မြောက်ဥက္ကာပ အထက်တန်းကျောင်းတကျောင်းတွင် ချီတက်လမ်းလျှောက်နိုင်ရန် တန်းစီပေးနေသော ဆရာဆရာမများအား စစ်တပ်မှ ၀င်ရောက်ရိုက်နှက်နေတယ်

နေ့လည် (၁၄း၄၄)- ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး ဖုန်းကြီးသတ်တဲ့ မိစ္ဆာတွေ မိုးကြိုးပစ်လို့ သေပါစေ မိစ္ဆာအစိုးရ အလိုမရှိ လို့ ဒီကနေ့ဆန္ဒပြသူတွေ ကြွေးကြော်ကြတယ်

နေ့လည် (၁၄း၄၉)- ပန်းဆိုးတန်းမှာ စစ်ခွေးတွေ စပစ်နေပါပြီ

နေ့လည် (၁၄း၅၂)- ထိုင်းနိုင်ငံမှာ ယိုးဒယားဘုန်းကြီးတွေက ဗမာပြည်မှာရှိတဲ့ဘုန်းကြီးတွေအတွက် ဆုတောင်းပေးနေကြပါတယ်။ သြစတြေလျမှလည်း မြန်မာလူမျိုးတွေ ဆန္ဒပြနေကြပါတယ်။

နေ့လည် (၁၄း၅၉)- :ြ်မန်မာနိုင်ငံဆိုင်ရာ သြစတေးလျနိုင်ငံသံအမတ်ကြီးက ၂၇ ရက်နေ့ စစ်တပ်က ပစ်ခတ်လို့သေဆုံးသွားသူတွေဟာ နအဖပြောတဲ့ ၉ယောက်တဲ့အများကြီးပိုများနိုင်ကြောင်း ပြောပါတယ်

နေ့လည် (၁၅း၀၁)- အခုပြည်တွင်းမှာ ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ထားလို့  သတင်းများခက်ခဲစွာ တင်နေရပါတယ်။ ရအောင်ကြိုးစားပြီး ဆက်တင်ပေးနေပါမယ်။

နေ့လည် (၁၅း၁၀)- : ပြည်တွင်းမှာ အင်တာနက်များ ပြန်ရပြီ။ သတိတော့ထားဖို့ လိုပါသည်။ ကြားဖြတ် မှတ်နေမည်ကို သတိထားပြီး လုံခြုံရာများနဲ့  သုံးကြဖို့ ပါ။

နေ့လည် (၁၅း၁၁)- ရွှေတိဂုံအရှေ့ ဘက်ကလူထုကြီးတွေစပြီးချီတက်လာနေပြီလို့ ကြားရပါတယ်။ လူထုစစ်ကြောင်းတစ်ကြောင်းက ဘုန်းကြီးလမ်းကနေ အခုသူနာပြုတက္ကသိုလ်ကို ရောက်နေပါပြီ။ ကျောင်းသားငယ်တွေ ဦးဆောင်နေပါတယ်။

နေ့လည် (၁၅း၁၅)- : ကြးဖြတ်သတင်း - နအဖ၀န်ကြီးချုပ် စိုးဝင်းသေသွားပြီလို့  San Francisco Chronicle သတင်းစာထဲမှာ ပါတယ်လို့  ကြားရပါတယ်။ ဒီသတင်းတော့ San Francisco က သူတွေဘဲ သတင်းအတည်ပြုဖို့ ပါ။

နေ့လည်(၁၅း၁၈)- လူထုစစ်ကြောင်းတွေကများလာပါတယ်။ နေရာအနှံ့အပြားကိုခွဲသွားနေကြပါတယ်။ တပ်ကတော့အခုလောလောဆယ်ထိပ်တိုက်မတွေ့ သေး။ ရှောင်နေကြ။ လမ်းတလျောက်လုံးဗိုလ်ချုပ်ပေးတဲ့ စစ်ပညာပြည်သူတွေကိုသတ်ဖို့ မဟုတ်ဘူးလို့ အော်နေကြပါတယ်။

နေ့လည် (၁၅း၂၁)- ရန်ကုန်အတွင်း အချို့ ရပ်ကွက်များမှာ စစ်တပ်များမ၀င်နိုင်အောင် ပိတ်ဆို့နေပါတယ် လူငယ်များဦးဆောင်ပြီး စုဖွဲ့မှုများ ပြင်ဆင်မှုများ လုပ်နေကြပါပြီ

နေ့လည် (၁၅း၂၉)- မန္တလေး ဘုရားကြီး အရှေ့ဖက်မုဒ်မှာ လူထုနဲ့ စစ်တပ် ထိပ်တိုက်တွေ့နေပါတယ် စစ်တပ်က စည်း၃စည်း တားထားပါတယ်

နေ့လည် (၁၅း၅၃)- တာမွေတွင်ကျောင်းသားငယ်များ(၃၀၀)ခန့်ချီတက်နေပါတယ်။

နေ့လည် (၁၅း၅၆)- မြောက်ဥက္ကလာမှာ နအဖဘက်ကတပ်တွေ ပြန်ဆုတ်သွားပြီလို့ သတင်းရပါတယ်

နေ့လည် (၁၅း၅၇)- : မြန်မာပြည်တွင် လေကြောင်းလိုင်းက လောလောဆယ် တီဂျီ (Thai) တစ်လိုင်းပဲ မြန်မာပြည်ကို ဘွတ်ကင်ဖွင့်ပေးထားတယ်လို့ သိရပါတယ်။ ကျန်တာတွေ မဆင်းဘူးလို့ ပြောပါတယ်။

နေ့လည် (၁၅း၅၉)- မန္တလေးတွင်လူတွေ တို့အရေးသံများဖြင့် ဆူညံ။ ၃၃လမ်း၊ ၈၃ နှင့် ၈၄ ကြား။

ညနေ(၁၆း၀၅)- : ခိုင်လုံသောသတင်း - မန္တလေး လမ်း (၃၁)လမ်းမှာတော့ ဆနဒပြသံဃာတော်တွေကို ရှစ်ခိုးတောင်းပန်ပြီး ကျောင်းအပြန်ခိုင်းတာပါ၊ ပူးပေါင်းတယ်ဆိုတဲ့ အဓိပပါယ်မသက်ရောက်ပါဘူး၊ သဘောထားပျော့ပြောင်းတဲ့ အရာရှိပါလို့ပါတဲ့ မြို့ခံနဲ့အင်တာဗျူးရပြီးဖြစ်ပါတယ်၊

ညနေ (၁၆း၂၄)- ပန်းဆိုးတမ်းမှာ စစ်တပ်စီးထားပြီ ။ မင်္ဂလာဈေးမှာတော့ လူထုတဖွဲ့  ချီတက်တုန်းလို့ ကြားတယ် ။ လမ်းပြတ်တွေ အကုန်ပိတ်.. လမ်းမကြီးတွေကပဲ သွားလို့ရတယ် (ယခုပဲ ပန်းဆိုးတမ်းလမ်းပေါ်ရှိ အသိပြောပြချက်)

ညနေ (၁၆း၃၀)- မန္တလေးသတင်းအဆက်- ၈၄ လမ်းပေါ်မှာဘုန်းကြီးတွေ လူတွေ အပြည့်ရှိ။ ။ သိန်းကျော်လောက်ရှိမယ်။ တပ်ကနောက်ဆုတ်ပေးထား။ အပစ်အခတ်မရှိသေး။

ညနေ (၁၆း၃၁)- ရန်ကုန်မြို့တွင်းတွင် အဖွဲ့များ (၂) ဖွဲ့ခွဲ၍ ချီတက်။ ၊ပုဇွန်တောင်ဘက်တစ်ဖွဲ့ဆင်း၊၊ အလုံဘက်တစ်ဖွဲ့ဆင်း၊။ အလုံဘက်ဆင်းသောအဖွဲ့အား စစ်တပ်မှ ၀ိုင်းထား။

ညနေ (၁၆း၃၄)- မုံရွာမှာ ၈၈မျိုးဆက်ထဲက ကိုရန်နောင်စိုးကိုည ၂နာရီမှာဖမ်းသွားတယ်

ညနေ (၁၆း၃၅)- မန္တလေး မှာ စစ်တပ်ချင်း ပြန်ချနေတယ် ကြားတယ်။ ရဟတ်ယာဉ်တွေ ၀ဲနေတယ် ပြောနေကြပါတယ်။ သတင်းအတည်ပြုချက်ကိုရရန် စုံစမ်းနေဆဲပါ။

ညနေ (၁၆း၃၇)- မန္တလေးမှာ ၇ိုက်နှိပ်ပြီးတော့ လမ်းဘေးမှားကြည့်နေတဲ့ သူတွေကို ဖမ်းခေါ်သွားတယ်လိုလို့သိရတယ်

ညနေ (၁၆း၄၂)- ပန်းဆိုးတန်းလမ်းပေါ်မှာသွေးတွေအိုင်လို့လို မျက်မြင်တဦးကပြောတယ် သံဒုတ်တွေနဲ့လိုက်တာလို့သိရတယ်

ညနေ (၁၆း၄၇)- ပြည်သူများခင်ဗျား - အခု နိုင်ငံတကာကြက်ခြေနီအဖွဲ့  ICRC (internation redcross) က ကားတွေနဲ့  လမ်းမပေါ်ထွက်ပြီး ကူညီနေပါတယ်။ ဒဏ်ရာရသူတွေကို ဒီကားတွေပေါ်တင်ပေးကြပါ။ နီးစပ်ရာ အမြန်အကြောင်းကြားပေးပါ။

ညနေ (၁၆း၅၀)- ဂျာနယ်တွေတချို့လဲ ပိတ်ထားတယ်လို့ ကြားသိရပါတယ်။ခိုင်လုံပါတယ်၊ဂျာနယ်အသိုင်းအ၀ိုင်းကပြောတာပါ

ညနေ (၁၇း၀၅)- နိုင်ငံခြားသူအဖွားကြီးတဦး သေနတ်နဲ့အပစ်ခံရတယ်လို့ မျက်မြင်သက်သေတဦးက ပြောကြားပါတယ်။

ညနေ (၁၇း၃၇)- ဒီ အီးမေးရရင် မဖွင့်ကြပါနဲ့ ။ ဗိုင်းရပ်စ်ထဲ့ထားပြီးတာပါ။ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက မြန်မာပြည်အရေးထောက်ခံတယ်ဆိုပြီး ဖိုင် attached ပါပါတဲ့ အီးမေးဖြစ်ပါတယ်။ ဖတ်ကြည့်ချင်ရင် - http://www.sophos.com/pressoffice/news/articles/2007/09/burma.html?_log_from=rss

ညနေ (၁၇း၃၈)- ကျောက်မြောင်းသီတာလမ်းထိပ်မှာပစ်နေတုံးပါတဲ့။ သစ်ပင်ပေါ်တက်ပြေးတဲ့သူတွေလိုက်ဖမ်းနေတုံးပါလို့  သိရပါတယ်။

ညနေ (၁၈း၁၀)- ညောင်ဦးတွင် ကြံဖွတ်များက ဦးဆောင်ပြီး တအိမ်တယောက်မထွက် မနေရအမိန့်ဖြင့် ထွက်ခိုင်းပြီး၊ လူထုဆန္ဒပြမှုများကို ဆန်ကျင့်ကြောင်းလုပ်ခိုင်း။ အတင်းခေါ်ထုတ်နေ။ ယခုစတင်ထွက်နေကြောင်းသိရ။ နအဖရဲ့ တန်ပြန်လှုပ်ရှားမှု လုပ်နေပါတယ်။ ကြည့်ရတာ မနက်ဖြန် ကုလသမဂ္ဂကိုယ်စားလှယ်လာမှာကို ဒီလိုဆန္ဒပြမှုအတုတွေ ပြပြီး လှည့်စားဖို့ စီစဉ်တာဖြစ်ပါလိမ့်မယ်။ ဒီအတွက် နီးစပ်ရာပြည်သူတွေကို အမှန်အကန်လူထုဆန္ဒပြပွဲတွေနဲ့  ကြံ့ ဖွတ်က အတင်းအဓမ္မထွက်ခိုင်းလို့ ထွက်ရတဲ့ အတုအယောင်ဆန္ဒပြမှုတွေ သေသေချာချာကွဲပြားခြားနာဖို့ လိုပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်ကို ပြည်သူလူထုတွေရဲ့ ဆန္ဒပြမှုအစစ်အမှန်ကို သေချာစွာ ပြဖို့ လိုအပ်ပါတယ်။ နီးစပ်ရာကို အမြန်အကြောင်းကြားပေးပါ။

ညနေ (၁၈း၂၂)- တောင်ဥက္ကလာ ရဲစခန်း ကိုမီးရှို့ကြောင်းသတင်းကြားရ

ည (၁၉း၀၂)- ကျေက်ပန်းတောင်းမှာလည်း ကြံဖွတ်တွေက လူတွေခေါ်လာပြီး၊၊ ညောင်ဦးမှာလို အခုလိုနိုင်ငံတစ်ဝှမ်းမှာဆန္ဒပြမှုများကို ဆန့်ကျင်ကြောင်းအင်အားပြ၊ ဒါပေမဲ့ ဖုန်းဖုန်းအစစ်အမှန်များနှင့် ပြည်သူများ ကလည်း အင်အားပိုများစွာ စီတန်းလှည့်လည်ကြတယ်လို့ သိရပါတယ်။

ည (၁၉း၁၁)- မေမြို့က DSA မှာ ဗိုလ်လောင်းတွေက မန္တလေးကို ဆင်းမလို့ လုပ်နေကြပြီလို့ ကြားရပါတယ်။ သူတို့မှာ လက်နက်တော့ မရှိကြဘူး။ ပြည်သူတွေ၊ ရဟန်းသံဃာတွေ ခံစားနေရတာ ကိုမကြားရက်လို့ ။ ပြည်သူဘက်ကနေ ကူညီမလို့ ပြောသံကြားရပါတယ်။ အဲ့ဒီသတင်းကိုကြားလို့ မနက်ဖန် မှာ သူတို့ကျောင်းအုပ်ကြီး က DSA ကျောင်းသားအားလုံးကို အစည်းအဝေးခေါ်ထားတယ်လို့ ပြောပါတယ်။

ည (၁၉း၂၈)- တေဇနဲ့  သန်းရွှေသမီး ဒီမှာ ရောက်နေတယ်လို့  ကြားပါတယ်။ Dubai Burj Al Arab Hotel Rom No 709 သူတို့ နဲ့ အတူ သက်တော်စောင့် ဗိုလိချုပ်စန်းအောင် ပါပါတယ်။ အခန်းကို booked လုပ်တာ တေဇနာမည်နဲ့ ပါလို့ သတင်းရရှိပါတယ်။ UAE ကလာတဲ့ သတင်းပါ။

ည (၁၉း၃၄)- : ဒီည စင်္ကာပူအချိန် ၉နာရီခွဲမှာ မြန်မာပြည်မှာဖြစ်နေတဲ့အသေးစိတ်သတင်းကို Channel news Asia ကနေလွှင့်လိမ့်မယ်။ အဲ့ဒီထဲကသတင်းတစ်ခုမှာ အာဆီယံပြောရေးဆိုခွင့်ရှိသူတစ်ယောက်က မြန်မာပြည်ကို အာဆီယံ ကနေထုတ်ဖို့အထိ အရေးယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ည (၂၁း၀၁)- ဦးဝိစာရလမ်းနဲ့ ဗားကရာ ထောင့်မှာ ရှိတဲ့ ဗားဂရာကျောင်းနဲ့ အောင်မင်္ဂလာကျောင်းတွေကို အခု ၀င်စီးဖို့ လာနေတယ်လို့ ပြောပါတယ်။ သတိပေးကြပါ သတင်းဖြန့်ကြပါ နီးစပ်ရာဟော့လိုင်းဖုန်းနံပါတ် ကို ဆက်သွယ်ပေးပါ ။ ဗိုလ်မိုးလမ်း၊ ဓမာရုံလမ်း၊ မြေနုလမ်းက လူတွေက တိုက်တွေအောက် ဆင်းပြီးစောင့်နေကြပါတယ်။

ည (၂၁း၂၈)- ဘုန်းကြီးကျောင်းတွေကိုဝင်နေတယ်လာကြည့်တဲ့ လူတွေကိုပစ်တယ် ရန်ကုန်ကကျောင်းတိုင်းလိုလိုကို ၀င်တာ

ည (၂၂း၂၄)- ဆန္ဒပြပွဲတိုင်း ဓာတ်ပံရိုက်တဲ့ ရဲသတင်းပေးတယောက်နာမည်ရထားပါတယ် တင်မောင်လတ်(အင်းစိန်)၊စစ်သားတွေက်ု ကာဗာယူပြီးဓာတ်ပုံရိုက်တဲ့သူပါ၊

ည(၂၃း၄၂)- သံဃာနာယကတွေကို လုပ်ကြံမယ် .. ပြီးတော့ ဆန္ဒပြသံဃာတွေက လုပ်သလို လုပ်ကြမယ်လို့ အတွင်းသတင်းတခု ထွက်နေပါတယ် ။

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP