ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Showing posts with label စာအုပ်စင်. Show all posts
Showing posts with label စာအုပ်စင်. Show all posts

Book Review - SAS Secret War

Wednesday, August 20, 2008

စာအုပ်အညွှန်း - အက်စ်အေအက်စ်လျှို့ဝှက်စစ်ပွဲ


များသောအားဖြင့် ကျွန်မတို့တတွေဟာ သတင်းစာခေါင်းကြီးပိုင်းနဲ့ မီဒီယာတွေမှာ ဟိုလေးတကျော်ဖြစ်နေတဲ့ ကိစ္စရပ်များကိုသာ အာရုံစိုက်မိကြပါတယ်။ လူ့ဘောင်လောက တိုးတက်ကောင်းမွန်ဖို့ လုပ်နေတယ်လို့ သတင်းများက မီးမောင်းထိုးပြတဲ့ ခေါင်းဆောင်ကြီးတွေကိုဆို လေးစားတတ်ကြတယ်။ လူ့လောကအတွက် အကျည်းတန်စေတဲ့လုပ်ရပ်များ ဖန်တီးသူများကိုဆို မုန်းတီးတတ်ကြတယ်။ ကြောက်စရာကောင်းတဲ့ဖြစ်ရပ်များကို ကြားရင်ကြောက်လန့်တတ်ကြတယ်။ ရယ်ရွှင်ဖွယ်ရာဖြစ်ရပ်များဆိုရင် ၀မ်းသာပျော်မြူးတတ်ကြတယ်။ တကယ်တမ်းကျတော့ ဒီဖြစ်ရပ်များလို လူသိရှင်ကြားမဖြစ်စေပေမယ့် ကမ္ဘာနဲ့ချီပြီး အရေးကြီးတဲ့ ဖြစ်ရပ်တွေကလည်း အများအပြား ရှိနေတတ်ပါတယ်။ နာမည်ကျော်ကြား လူအများလေးစားမခံရပေမယ့်၊ ဒီလိုလူသိများသူတွေထက် ပိုမိုပြီး စွမ်းဆောင်နိုင်ခဲ့ကြတဲ့ အညတရ လူတွေလဲ အများကြီးရှိသလို၊ လူအများမုန်းတီးခံရသူတွေထက် ပိုမိုပြီး စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူတွေကလည်း အများကြီးပဲ ရှိနေတတ်ပါတယ်။


ကျွန်မရဲ့ဒီတွေးခေါ်ချက်လေးတွေကို အခိုင်မာဆုံးပံ့ပိုးပေးနိုင်တဲ့ စာအုပ်လေးတအုပ်ကတော့ မေဂျာဂျင်နရယ် တိုနီဂျီပ်စ်ရေးသားတဲ့ မုန်တိုင်းစစ်ဆင်ရေး-အက်စ်အေအက်စ်လျှို့ဝှက်စစ်ပွဲဆိုတဲ့ စာအုပ်လေးပါပဲ။ ဒီစာအုပ်လေးကို ကျွန်မတို့တက္ကသိုလ်ထဲက ပဋ္ဋိပက္ခနှင့် အပြည်ပြည်ဆိုင်ရာလုံခြုံရေးအစီအစဉ်၊ စစ်မဟာဗျူဟာလေ့လာရေှးဌာန နားနေခန်းထဲမှာ ကျွန်မစတင်တွေ့ရှိခဲ့တာပါ။ နားနေခန်းထဲမှာ စာအုပ်တွေအများကြီးရှိတာမို့ အစပိုင်းက သတိမပြုမိခဲ့ပါ။ အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေးဆိုင်ရာသုတေသနပြုနေတဲ့ ကျွန်မသူငယ်ချင်းနဲ့ စကားပြောကြရင်း စစ်ဦးစီးကောလိပ်မှာ counter-insurgency operation သင်ရိုးအဖြစ် သတ်မှတ်ထားတဲ့ အက်စ်အေအက်စ် အိုမင်စစ်ဆေးရေးစာအုပ် သူ့ဆီမှာ ရှိမရှိ မေးဖြစ်လိုက်ပါတယ်။ ဒီတော့မှ ကျွန်မတို့ နားနေခန်းထဲက မုန်တိုင်းစစ်ဆင်ရေးဆိုတာ ကျွန်မရှာနေတဲ့ စာအုပ်ရဲ့ revised edition မှန်းသိလိုက်ရတာပါ။


ဒီစစ်ဆင်ရေးကို ဗြိတိသျှစစ်တပ်က ၁၉၆၀ ဆယ်စုနှစ်အလယ်ပိုင်းကာလများမှာ စတင်ဆင်နွှဲခဲ့တာဖြစ်ပြီး၊ ၁၉၇၆ မှာမှ ပြီးဆုံးသွားခဲ့တာပါ။ ဒီကာလဟာ စစ်အေးတိုက်ပွဲရေချိန်မြင့်နေတဲ့ ကာလတခုဖြစ်သလို၊ ဆင်နွှဲခဲ့ရာစစ်မြေပြင်ကလည်း၊ အနောက်နိုင်ငံများကို ရေနံဖြန့်ဖြူးပေးနေတဲ့ ပင်လယ်ကွေ့ဒေသ၊ Oman မှာပါ။ ဒီဒေသမှာ ကွန်မြူနစ်ပျောက်ကျားများက savage campaign ကို ဆင်နွှဲနေကြပါတယ်။ ဒီအတွက် တကမ္ဘာလုံးက ဗီယက်နမ်စစ်ပွဲကိုသာ အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး၊ ဗြိတိသျှစစ်တပ်က သူ့ရဲ့အက်စ်အေအက်စ်တပ်တတပ်ကို စေလွှတ်လိုက်တာပါ။ ဒီတုန်းက အက်စ်အေအက်စ်ဆိုတာကို လူအများ မကြားဖူးခဲ့သလို၊ ဒီစစ်ဆင်ရေးအကြောင်းကိုလည်း ထိပ်ပိုင်းဆိုင်ရာခေါင်းဆောင်တချို့သာ သိခဲ့ကြပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် လူမသိသူမသိအဲဒီစစ်ဆင်ရေးလေးဟာ ကမ္ဘာ့သမိုင်းရဲ့ အချိုးအကွေ့တခုကိုတော့ အကြီးအကျယ်အထောက်အကူ ပေးခဲ့ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာ့ counter- insurgency operation သမိုင်းမှာ အအောင်မြင်ဆုံးစစ်ဆင်ရေးတခု ဖြစ်ခဲ့ရပါတယ်။ ဒီစစ်ဆင်ရေးမှာသာ တကယ်လို့ ရှုံးနိမ့်ခဲ့ရင် ပယ်လယ်ကွေ့ဒေသကို ကြီးစိုးဖို့တဘက်က ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာပေါ်မှာ တစုံတရာ သက်ရောက်မှုတွေ ရှိခဲ့မှာ အမှန်ပါပဲ။ ဒီစစ်ဆင်ရေးဟာ နိုင်ငံရေးမှာတင် အရေးကြီးခဲ့တာမဟုတ်ပဲ၊ စစ်မဟာဗျူဟာပိုင်းကိုလဲ သင်ခန်းစာများစွာ ပေးထားခဲ့ပါတယ်။ course of the war ကို ပြောင်းစေခဲ့တယ်လို့ ပညာရှင်များက သတ်မှတ်ပြောကြားကြပါတယ်။


စာအုပ်ကို ရေးသားသူဟာ ဒီစစ်ဆင်ရေးရဲ့ commanding office ဖြစ်တဲ့အတွက် operational strategy, tactical strategy များကို သေချာရှင်းလင်းထားရုံသာမက မြေပုံများနဲ့ပါ စနစ်တကျရှင်းလင်းထားတာမို့ ဖြစ်စဉ်များကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်သာစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစာအုပ်လေးဟာ ကျွန်မရဲ့တွေးတောချက်လေးကို ပိုမိုခိုင်မာစေရုံသာမက၊ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတရပ်ကိုလဲ ပေးအပ်ထားပါတယ်။ ဒါကတော့

စစ်ပွဲတခုမှာ ရန်သူ့အင်အားက မိမိအင်အားထက် သာလွန်နေရင် ရန်သူ့ဘက်တော်သားတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်မှသာ အောင်ပွဲရနိုင်မယ်”

ဆိုတဲ့အချက်ပါပဲ။

ခင်မမမျိုး (၂၀၊ ၈၊ ၂၀၀၈)

(ကျွန်မညွှန်းဆိုထားတဲ့စာအုပ်လေးကတော့

Jeapes, Tony (1996) CODENAME OPERATION STORM: SAS SECRET WAR, Harper Collins, Glasgow, ISBN 0 00 4708997

ဖြစ်ကြောင်းပါ)

အပြည့်အစုံဖတ်ချင်ရင်..>>>

Humanitarian Intervention စာဖတ်ဝိုင်း (၃)

Monday, June 9, 2008

Solidarist case for Humanitarian Intervention

Solidarism:

S
olidarism argues that states have both a legal right and a moral duty to intervene in situations of genocide and mass killing that offend against minimum standards of humanity. Solidarist claimed that whatever the legality of humanitarian intervention, there is a moral duty of forcibly intervention in situations of extreme humanitarian emergency. (Wheeler & Bellamy, 2005: 559)

Counter-restrictionist:

C
ounter-restrictionist case for a legal right of individual and collective humanitarian intervention rests on two claims:

(1) the UN Charter commits states to protecting human rights
(2) there is a right of humanitarian intervention in customary international law (Arend and Beck, 1993: 132)

With reference to the preamble to the UN Charter and Article 1 (3), 55 and 56 of the Charter, it is clear that the human rights provisions of the Charter provide a secure legal basis for unilateral forcibly intervention. (Reisman and McDougal, 2000)

Also, states were permitted to engage in humanitarian intervention under pre-Charter customary international law. Humanitarian intervention' right exists in customary international law already. (Arend and Back, 1993: 6)


Morally requirement:
Humanitarian intervention belongs in the realm not of law but of moral choice which nations must sometimes make. Morally required is a much stronger one than the proposition that there is a legal right to engage in this practice because while the existence of a right enables action it does not determine it. (Franck and Rodley, 1973: 304)







အပြည့်အစုံဖတ်ချင်ရင်..>>>

Free online economics books (you can download legally)

Monday, June 2, 2008

Introduction to Economic Analysis, by R. Preston McAfee (2007). ‘Open source’ intermediate undergraduate microeconomics textbook. Website also has slides for teaching.
Introduction to Modern Economic Growth, by Daron Acemoglu (2007, draft). Advanced economic growth theory.
The Econometrics of Macroeconomic Growth, by Steven Durlauf, Paul Johnson and Jonathan Temple (2004, draft). Advanced growth textbook.
Environment Economics, by Ross McKitrick (2007, draft). Intermediate environmental economics textbook.
Against Intellectual Monopoly, by Michele Boldrin and David Levine (2007). A critical analysis of intellectual property.
Invisible Engines, by David Evans, Andrei Hagui and Richard Schmalensee (2007). Non-technical book about two-sided software platforms.
Lecture notes in Microeconomic Theory, by Ariel Rubinstein (2006). Advanced microeconomic theory textbook.
Discrete Choice Methods with Simulation, by Kenneth Train (2003). Advanced textbook on estimating and simulating discrete choice models.
Industrial Organization: A Strategic Approach, by Jeffrey Church and Roger Ware (2000). Intermediate industrial organization textbook.
Short Course on Nonlinear Pricing, by Robert Wilson (1999). Advanced textbook on nonlinear pricing theory and applications.
Law’s Order: An Economic Account, by David Friedman (1999). Economics of the law.
Modelling Bounded Rationality, by Ariel Rubinstein (1998). Game theoretic models of bounded rationality (advanced).
Economics and Language, by Ariel Rubinstein (1996). The economics of language and language of economics.
Price Theory, by David Friedman (1990). Intermediate microeconomics textbook with a slightly unconventional viewpoint.
Bargaining and Markets, by Martin J. Osborne and Ariel Rubinstein (1990). Advanced bargaining theory textbook.

( data sources from www.26econ.com)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP