ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ပြောက်ကျားတိုက်ပွဲများ

Friday, March 25, 2011

တိုက်ပွဲ(၁)- ပြက္ခဒိန် ပိုစတာ


အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- မန္တလေးတိုင်း

"ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ။ ငါတို့ ဒီအတိုင်း ငြိမ်ခံနေလို့ မဖြစ်တော့ဘူး။ တခုခုတော့ လုပ်ရမယ်"
"ငါလဲ မင်းလိုပဲ စဉ်းစားမိတယ်။ ဘယ်နဲ့ကွာ။ စစ်မတိုက်ချင်လို့ စစ်တက္ကသိုလ်မတက်ပဲ ရိုးရိုးတက္ကသိုလ်တက်တာပေါ့။ ဘွဲ့ရပြီးကာမှ ငါတို့က စစ်သားဝင်လုပ်ရမှာလား"
"အေးကွာ။ တတိယကမ္ဘာစစ်ဖြစ်နေတာလဲ မဟုတ်ဘူး"
"တတိယကမ္ဘာစစ်ဖြစ်နေတာ မဟုတ်ဘူးဟေ့။ လူသတ်ပွဲဖြစ်နေတာ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးတွေ၊သီလရှင်တွေကို ပစ်သတ်တာ၊ ရိုက်သတ်တာ မတွေ့ဘူးလား။ ငါတို့ကို စစ်မိန့်နဲ့ အဲလို သတ်ခိုင်းဖို့ ကြံစည်နေတာ"
"မိုက်ရိုင်းတယ်ကွာ။ ငါကတော့ စစ်မိန့်တွေ၊ဘာတွေ ဂရုမစိုက်ဘူး။ ဦးနှောက်ရှိတဲ့ လူကွ။ ငါ့ကိုလာပြီး ဘုန်းကြီးသတ်ခိုင်းလို့ကတော့ ငါ့သေနတ်ပြောင်းဝမှာ ဘုန်းကြီးတွေ မရှိစေရဘူး။ သေနတ်ပြောင်းပြန်လှည့်မှာပဲ"



"သေနတ်ပြောင်းပြန်လှည့်တာက နောက်မှကွ။ ပြန်မလှည့်ခင် ငါတို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်ခိုင်းမယ်၊ ရွာတွေ မီးရှို့ခိုင်းမယ်၊ မိုင်းကွင်းဖြတ်ခိုင်းမယ်၊ လူသတ်ခိုင်းမယ်။ ဒါတွေ လုပ်ဖို့ စစ်တပ်မှာ အင်အားအပြည့် မရှိတော့ဘူးကွ။ သူတို့တပ်တွေမှာ ဗိုလ်တွေပဲ ရှိပြီး၊ အရာခံ၊ အကြပ်၊ တပ်သားဖွဲ့စည်းပုံတွေ မပြည့်ဘူးလို့ ကြားတယ်။ အဲဒီပြဿနာကို ဖြေရှင်းတာ"
"ဒါတခုတည်းတင် မဟုတ်ဘူးကွ။ ငါတို့တိုင်းပြည်က နောင်တခေတ်ရဲ့ ခေါင်းဆောင် လူငယ်မျိုးဆက်သစ်တွေကို စစ်ဗိုလ်တွေရဲ့ အမိန့်အောက်မှာ ပြားပြားဝပ်နာခံရပြီး၊ ဦးကျိုးသွားအောင် လုပ်တာ။ ဒါမှလဲ သူတို့ရဲ့ စစ်သွေးကြွနိုင်ငံတော် တည်ဆောက်ရေး စီမံချက်ကြီး အောင်မြင်သွားမှာပေါ့"
"အေး၊ ဟုတ်တယ်ကွ။ ခုဆို ရွေးကောက်ပွဲမှာလဲ အရပ်ဝတ်ဗိုလ်တွေနဲ့ ကြံ့ဖွတ်တွေပဲ အနိုင်ရကြတယ်။ လွှတ်တော်ထဲမှာလဲ ရွေးကောက်ပွဲမ၀င်ပဲ အချောင်ပါလာတဲ့ ဖားတပိုင်း၊ ငါးတပိုင်းတွေကလဲ ရှိသေးတယ်ကွာ။ ဒီတော့ လွှတ်တော်နိုင်ငံရေးမှာ သူတို့ပဲ ကြီးစိုးထားတာ။ ဒါပေမယ့် လွှတ်တော်ပြင်ပ နိုင်ငံရေးကိုတော့ သူတို့ ကြောက်တယ်ကွ။ ဒါကြောင့် လူငယ်တွေ ဦးကျိုးသွားအောင် ချိုးဖို့ လုပ်တာ"
"အဲလိုဆိုရင် ငါတို့ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်တွေအားလုံး စစ်ကျွန်ဘ၀ရောက်ပြီပေါ့ကွ။ လွှတ်တော်တွင်းမှလဲ ဖားတပိုင်း၊ ငါးတပိုင်းတွေ၊ လွှတ်တော်ပြင်ပမှာလဲ စစ်မှုထမ်းဟောင်းတွေပဲ ဖြစ်ကုန်ပြီပေါ့။ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို ဘယ်လို တည်ဆောက်ကြမှာလဲ"
"တောက်၊ ခံပြင်းတယ်ကွာ"
"ခံပြင်းနေလို့ မပြီးဘူးကွ။ ဒါကို ငါတို့က ငြိမ်ခံနေကြမှာလား။ ငါတော့ကွာ။ စစ်မှုထမ်းပြီး ဦးချိုးခံရ၊ စစ်မြေပြင်မှာ ခွေးသေ၊ ၀က်သေ အသေခံရတာထက်စာရင် မတရားတဲ့ ဒီအမိန့်အာဏာတွေကို ဖီဆန်ပြီး သေရတာကမှ တော်သေးတယ်လို့ မြင်တယ်"
"ဟုတ်တယ်ကွ။ ငါတို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်ကြောင့် ဒီလိုဖြစ်နေရတာ။ ဒီစနစ်ကို မဖယ်ရှားမချင်း ငါတို့ ဘ၀အနာဂတ်တွေ မရေမရာဖြစ်နေဦးမှာပဲ"
"ငါတို့ ဘာလုပ်ကြမလဲ"
"အေး၊ ဟုတ်တယ်။ ငါတို့ တခုခုလုပ်ရမယ်။ ဒါပေမယ့် ငါတို့မှာ အဆက်အသွယ် မရှိဘူးကွ"
"မန္တလေးဘက်မှာတော့ ကျောင်းတုန်းက သူငယ်ချင်းတချို့ရှိတယ်။ သူတို့ကတော့ အင်တာနက်ပေါ်ကနေ ပိုစတာလေးတွေ ရတယ်။ အဲဒါလေးတွေ ပရင့်ထုတ်ပြီး၊ ပိုစတာကင်ပိန်း လုပ်တယ်ကွ"
"မင်းကလဲကွာ။ ပိုစတာကပ်ရုံနဲ့ ဒီအစိုးရက ပြုတ်ကျမှာတဲ့လား"
"အဲလိုတော့ မဟုတ်ဘူးလေကွာ။ တဘက်ရန်သူက အင်အားကြီးတယ်။ ငါတို့ အုပ်စုလေးမှာက လူ ၅ယောက်ပဲ ရှိတာ။ ဒီအတိုင်းပဲ ထွက်တိုက်လိုက်ရင် အင်အားချင်းမမျှဘူးလေ။ ဒီတော့ ပြောက်ကျားတိုက်ပွဲ လုပ်ရမယ်။ ဒီလို လုပ်တာမှာလဲ ငါတို့လိုမျိုး စစ်အာဏာရှင်စနစ်ကို တိုက်ချင်တဲ့ လူတွေအားလုံး ပါဝင်လာအောင် လှုံ့ဆော်ဖို့ ပိုစတာကင်ပိန်း လုပ်ဖို့လိုတယ်"
"ဒါပေမယ့် ငါတို့ဆီမှာ ပိုစတာမှ မရှိတာ"
"သားတို့ ဘာတွေ ပြောနေကြတာလဲ"

အဖေ ၀င်လာသဖြင့် လူငယ်တစု ပြောနေသော စကားဝိုင်း ရပ်သွားသည်။ သူတို့ လူငယ်များ အချင်းချင်းဆွေးနွေးနေသော စကားလုံးများကို အဖေများ ကြားသွားလေသလားဟူသော စူးစမ်းကြည့်ဖြင့် မိုးအေးက လှမ်းကြည့်သည်။ အဖေက ခပ်အေးအေးပင်။
"သားတို့တွေ၊ ပိုစတာလုပ်ချင်လို့လား။ လူငယ်ဆိုတာ မရှိတာကို အကြောင်းပြတာထက်၊ ရှိအောင် ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစားရတယ်။ လိုရင်ကြံဆ၊ နည်းလမ်းရပေါ့ကွာ။ သြော်-သား၊ မင်းအမေ သိမ်းထားတဲ့ ပြက္ခဒိန်ဟောင်းတွေ အများကြီးရှိတယ်လေ။ ပြက္ခဒိန် စာမျက်နှာ အလွတ်တဘက်မှာ မင်းတို့ဆွဲချင်တဲ့ ပုံဆွဲပြီး၊ ကြွေးကြော်သံတွေ ရေးလိုက်ရင် ပိုစတာဖြစ်ပြီပေါ့ကွ။ ကွန်ပျူတာတွေ၊ ဂရပ်ဖစ်တွေ မပေါ်တဲ့ ခေတ်တုန်းက အဖေတို့တွေ ဒီလိုပဲ လုပ်ခဲ့ကြတာပဲ"
"အဖေ"
မိုးအေးက ၀မ်းသာအားရဖြင့် လှမ်းခေါ်တော့ အဖေက သားပခုံးကို လှမ်းဖက်လိုက်သည်။
"ပိုစတာသွားကပ်ရင်တော့ သတိထားကြကွာ။ သတိရှိရှိနဲ့လုပ်။ တိုက်ပွဲဖော်တယ်ဆိုတာ သတိရှိရတယ်"

ထူးခြားသော အားအင်တခုက အဖေဆုပ်ကိုင်ထားသော လက်မောင်းများမှတဆင့် မိုးအေးကိုယ်ထဲသို့ စီးဝင်သွားသည်။ အခန်းထဲမှ မိုးအေးသူငယ်ချင်းများတွင်လဲ အပြုံးကိုယ်စီဖြင့်။

မည်သို့ဆိုစေ၊ သေချာသည်ကတော့ မကြာမီရက်ပိုင်းအတွင်းတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ပြက္ခဒိန် ပိုစတာများ မိုးအေးတို့ မြို့လေးတွင် ပျံ့နှံ့သွားပေတော့မည်။ အခြားမြို့များ၊ ရွာများသို့လည်း အဆိုပါ ပြောက်ကျားတိုက်ပွဲလေးများ ဆက်လက်ပျံ့နှံ့သွားပါက …...................................။

တိုက်ပွဲ (၂) – ဗလာစာရွက်၊ ဖြန့်ဝေစာ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ပဲခူးတိုင်း

"မမဆီမှာ ပိုက်ဆံ အပိုနည်းနည်းများ ရှိလားဟင်"
"ဟဲ့၊ မိသူ။ နင်ငါ့ကို ဒီလိုတခါမှ မမေးဖူးပါဘူး။ ဘာဖြစ်လို့လဲ။ အမေက မုန့်ဖိုးမပေးဘူးလား"
"မုန့်ဖိုးတော့ ပေးပါတယ်။ ဒါပေမယ့် ငွေနည်းနည်းလိုနေလို့ပါ"
"မဟုတ်သေးပါဘူးဟယ်။ မိသူ၊ နင်မှန်မှန်ပြောစမ်း။ ဘာလုပ်မလို့လဲ။ နင့်မှာ ရည်းစားရှိနေပြီလား။ ဆယ်တန်းကျောင်းသူ ရည်းစားထားကို မမခွင့်မပြုဘူးနော်"
"မဟုတ်ပါဘူး၊ မမရဲ့။ ရည်းစားမထားပါဘူး။ ညီမလေးက ဒီစာရွက်လေးတွေကို ကော်ပီကူးပြီး ဖြန့်ချင်လို့ပါ"
သူသူ့လက်ထဲမှ စာရွက်လေးတွေကို ကြည့်ပြီး၊ မမမျက်လုံးပြူးသွားသည်။
"ဟဲ့၊ ဒါက စစ်အစိုးရဆန့်ကျင်ရေးကြေငြာချက်တွေပဲ"
"ဟုတ်တယ်မမ။ ညီမလေး ဒါတွေကို ဖြန့်ချင်လို့။ အဲဒါ ကော်ပီဆွဲဖို့ ငွေလိုနေတာ"
"ဘာလို့ လုပ်ချင်ရတာလဲ မိသူရယ်။ နင်အဖမ်းခံရလိမ့်မယ်"
မမရယ်၊ အဖမ်းခံရမှာကို ညီမလေး မကြောက်ပါဘူး။ ညီမလေးတို့ ဘ၀တွေ ဘယ်လောက်ခက်ခဲနေတယ်ဆိုတာ မမအသိဆုံးနေမှာပါ။ မမဆိုရင် အဝေးသင်နဲ့ ဘွဲ့ရပြီးပြီ။ ဒီဘွဲ့လေးရအောင် စတိုးဆိုင်မှာ အလုပ်လုပ်ရင်း မမ ဘယ်လောက် ကြိုးစားခဲ့ရလဲ။ မုဆိုးမအမေလဲ ဘယ်လောက်ရုန်းကန်ခဲ့ရလဲ။ ဟော- ခုဘွဲ့ရတော့ကော မမဘ၀က တိုးတက်လာလား။ မမဘွဲ့ရရင် ရုံးတရုံးမှာ အရာရှိဖြစ်မှာပဲလို့ မျှော်လင့်ချက်လေးနဲ့ အမေ့မှာ ရုန်းကန်ခဲ့ရတာ။ ၀န်ထမ်းရွေးချယ်ရေးက အဝေးသင်ဘွဲ့ရတွေကို အရာရှိအလုပ် မလျှောက်ရဘူးဆိုတော့ ခုမမ ဘာလုပ်နေရလဲ။ မနက်မှာ စတိုးဆိုင်အရောင်းစာရေး၊ ညနေမှာ စားသောက်ဆိုင် အဆိုတော်။ ခုညီမလေး ဆယ်တန်းအောင်ပြီးရင်ကော၊ ဘာဖြစ်လာမှာလဲ။ ဘယ်မှာလဲ ညီမလေးတို့ ကျောမွဲကျောင်းသူတွေရဲ့ အနာဂတ်"

သူသူ့ အပြောကြောင့် မမ ငိုင်သွားသည်။ ဘွဲ့ရရင်တော့ ဘ၀ အပြောင်းအလဲလေး တစုံတရာဖြစ်မလားလို့ မမ မျှော်လင့်ခဲ့ဖူးသည်။ သို့ပေမယ့် ဘ၀ပြောင်းဖို့နေနေသာသာ၊ မယိုင်လဲအောင်တောင် မနည်းထိန်းနေရသည်။ အမေမျှော်လင့် ခဲ့သလို၊ ရုံးအရာရှိဖြစ်ဖို့ဝေးစွ။ ရုံးစာရေးအလုပ်ပင် အဆက်အသွယ်ကောင်းရှိမှ ရသည်တဲ့။ ဖခင်ကလဲ မရှိ၊ ဆွေမျိုး သားချင်းလဲ မရှိသော မုဆိုးမအမေနှင့် ညီအစ်မနှစ်ယောက်ဘ၀မှာ ဘယ်လိုအဆက်အသွယ် ရှိပါမည်တဲ့လဲ။ စားသောက်ဆိုင် အဆိုတော် အလုပ်လေး ရတာတောင် ကံကောင်းပေလွန်းလို့။

"မမရယ်။ ညီမလေးတို့ဘ၀တွေ ဒီလိုနဲ့ပဲ အဆုံးသတ်ရတော့မှာလားဟင်။ ညီမလေးတို့ မရေရာ၊ မသေချာ ဘ၀နဲ့ပဲ မဆုံးချင်ဘူး။ ကျောင်းမှာလဲ ကျူရှင် မတက်နိုင်တော့ သိပ်မျက်နှာငယ်တာပဲ။ ဒီကြားထဲ ရေအိုးဖိုး၊ တံမြက်စည်းဖိုး၊ အချိန်ပိုဖိုး၊ ဆရာကန်တော့ပွဲအလှူငွေဆိုပြီး တမျိုးပြီးတမျိုးတောင်းကြသေးတယ်။ ဟိုနေ့တုန်းကဆို အေတန်းက ဗိုလ်မှူးသမီး တယောက်က ညီမလေးတို့ကို မဆီမဆိုင်ချိုးချိုးဖဲ့ဖဲ့လာပြောလို့ ညီမလေးတို့ ဘီတန်းက ကျောင်းသူတွေနဲ့ စကားများကြတယ်။ ဆရာမတွေက ဘာလုပ်လဲသိလား မမ။ အကောင်သမီးနဲ့ ရန်ဖြစ်လို့တဲ့။ ညီမလေးတို့ကို ရိုက်ပြီး သူ့ကိုတောင်းပန်ခိုင်းတယ်။ ညီမလေးတို့ဘ၀တွေက ဘာဖြစ်နေပြီလဲဟင်။ ဘယ်မှာလဲ။ ကျောင်းသားတွေရဲ့ တန်းတူညီမျှ အခွင့်အရေး။ ဘယ်မှာလဲ။ ကျောင်းသားတွေရဲ့ အနာဂတ်ပန်းတိုင်"

သူသူက ပြောရင်း မျက်ရည်များကျလာသည်။ မမလဲ မျက်ရည်ကို မနည်းထိန်းထားရသည်။ ဆိုင်မှာ ပြောနေကြသော ဇိုင်းဂနိုင်း လူသတ်ပွဲကို သတိရလာသည်။ စားသောက်ဆိုင်ကအပြန် လူငယ်ချင်းရန်ဖြစ်တာကို တဘက်စစ်ဗိုလ်က စစ်တပ်ခေါ်လာပြီး လမ်းမပေါ်မှာတင် လူငယ်တွေကို ပစ်သတ်သတဲ့။ မမတို့ တိုင်းပြည်ကြီး ဘာဖြစ်နေပြီလဲ။ ရောမခေတ်ကလို ကျွန်ဇာတ်သွင်းခံနေရပြီလား။ ဒါဆို ဘယ်သူတွေက သခင်တွေလဲ။ ဘယ်သူတွေက ကျွန်တွေလဲ။ ပြည်သူလူထုက စစ်အာဏာရှင်တွေရဲ့ ကျွန်တွေ ဖြစ်နေပြီလား။

"ညီမလေးကို ပိုက်ဆံနည်းနည်းပေးပါ မမရယ်။ ကော်ပီဆွဲပြီး၊ ကြေငြာချက်လေးတွေ သွားဖြန့်ချင်လို့ပါ"

"မမဆီမှာလဲ ငွေပိုငွေလျှံ သိပ်မရှိဘူး သူသူ။ ပြီးတော့ ကော်ပီသွားဆွဲတုန်း ကော်ပီဆိုင်က အစိုးရလူတွေကို သတင်းပေးလိုက်ရင် ဘယ်လို လုပ်မလဲ။ ဒီလိုလုပ်ပါလား။ မမတို့ ရှိတဲ့ ပိုက်ဆံလေးတွေနဲ့ ဗလာစာအုပ်လေးတွေ ၀ယ်မယ်လေ။ ပြီးရင် အချိန်အားတွေမှာ ဗလာစာရွက်တွေပေါ်မှာ ကူးရေးမယ်။ မမသူငယ်ချင်းတွေကိုလဲ ကူရေးခိုင်းမယ်၊ သူသူ့သူငယ်ချင်းတွေကိုလဲ ကူရေးခိုင်း။ ပြီးရင် စုပြီး ဖြန့်မယ်လေ"

"ကောင်းတယ်မမ။ အဲဒါကောင်းတယ်။ ညီမလေးက ငွေမရှိလို့ စိတ်ဆင်းရဲနေတာ။ ခုလိုဆို ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ ကြေငြာချက်တွေ ဖြန့်လို့ ရပြီပေါ့နော် မမ"

သူသူက မျှော်လင့်ချက်မျက်ဝန်းလေးများဖြင့် ၀မ်းသာအားရ ပြောသည်။ မမလည်းပျော်ပါသည်။ အချိန်အားရတာနှင့် ကြေငြာချက်စာလေးများကို ဗလာစာအုပ်ထဲမှာ ကူးပြီး စာရွက်လေးတွေ လိုက်ဖြန့်မည်။ သူငယ်ချင်းများကိုလဲ ကူးပြီး ဖြန့်ခိုင်းမည်။ ငွေမရှိလို့ စစ်အာဏာရှင်စနစ်ကို မတိုက်နိုင်တာ မဖြစ်စေရ။ ဗလာစာရွက်၊ ဖြန့်ဝေစာများဖြင့် စစ်အစိုးရကို တိုက်မည်။ ဗလာစာရွက်၊ ဖြန့်ဝေစာလေးများ တပြည်လုံးအနှံ့၊ ပျံ့နှံ့သွားသော တနေ့မှာ …............................။

တိုက်ပွဲ (၃) - နှုတ်ခမ်းနီ လှုံ့ဆော်စာ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်

"ဟဲ့။ ကျော်အောင်။ သား ဒါဘာလုပ်နေတာလဲ"

ကျောင်းသို့ အစောကြီးလာပြီး၊ ပြတင်းပေါက်မှန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်စာများ လိုက်ကပ်နေသော ကျော်အောင်တယောက်၊ နောက်မှ အသံကြောင့် ရုတ်တရက်လန့်သွားရသည်။ လှည့်ကြည့်လိုက်တော့ ကျော်အောင်တို့ ဌာနမှ ကထိက ဆရာမ။
"ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာပါ ဆရာမ"
"ကဲလာလာ၊ ဆရာမတို့ ကင်တင်းဘက်သွားရအောင်၊ ဒီနားမှာ ရပ်နေလို့ သိပ်မကောင်းဘူး"

ပြောပြောဆိုဆိုဖြင့် ဆရာမက ကင်တင်းဘက်ထွက်သွားတာကြောင့် ကျော်အောင်လဲ ဆရာမနောက်သို့ လိုက်သွားရသည်။

"ဘာလို့ ဒီလို လုပ်ရတာလဲ သားရယ်။ သားက စာလဲတော်တယ်။ မိဘတွေ မရှိတော့ပေမယ့် ကိုယ့်ထူးကိုယ်ချွန်ကြိုးစားရင်း အလုပ်လုပ်နေရတာ။ ဆရာမနဲ့ တွေ့တာမဟုတ်ပဲ တခြားလူတွေနဲ့ တွေ့သွားရင် သားဘ၀ပျက်သွားမှာပေါ့"
"ကျွန်တော်တို့ လူငယ်တွေရဲ့ ဘ၀တွေက ပျက်ပြီးသားပါ ဆရာမရယ်။ ဒီလိုကျောင်းတက်နိုင်အောင် ကျွန်တော် ဘာလုပ်နေရတယ်လို့ ဆရာမထင်လဲ"
"သားပြောမှ ဆရာမသိမှာပေါ့"
"ကျွန်တော်ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ် မတက်ခင် အလုပ်ရှာတယ်ဆရာမ။ အလုပ်က လွယ်လွယ်ကူကူ မရဘူး။ နောက်တော့ အသိတယောက်အဆက်အသွယ်နဲ့ လိုင်စင်မဲ့ဆိုင်ကယ်သွင်းတဲ့ အလုပ်ရတယ်။"
"လိုင်စင်မဲ့ဆိုင်ကယ်။ ဒါဆို ဥပဒေနဲ့ ဘယ်ကင်းပါ့မလဲ"
ဆရာမက အံ့သြတကြီးနှင့် ကျော်အောင့်ကို ကြည့်သည်။

"ဟုတ်တယ်ဆရာမ။ ယိုးဒယားဘက်ကနေ ဆိုင်ကယ်ပစ္စည်းတွေသွင်း၊ ပြန်ဆင်ထားတဲ့ ၀စ်ဒေါက် တွေလေ။ ကျွန်တော်တို့က ဆင်ပြီးသားဆိုင်ကယ်တွေကို တောင်ကြီးအထိ သွားမောင်းယူပေးရတာ"
"အန္တရာယ်များလိုက်တာဟယ်"
"ဟုတ်တယ်ဆရာမ။ အန္တရာယ်များပါတယ်။ ဒါပေမယ့် ငွေလွယ်လွယ်ရတော့ ဒီအလုပ်တွေထဲမှာ လူငယ်တွေ အများကြီးပဲ။ ဆိုင်ကယ်တင်မဟုတ်ဘူး ဆရာမ။ ရာဘဆေးတွေ သွင်းတဲ့လိုင်းတွေ၊ ကားတွေသွင်းတဲ့လိုင်းတွေ အများကြီးရှိတယ်။ ဒါတွေကို ဘယ်သူတွေက လုပ်နေတယ်ထင်လဲဟင် ဆရာမ။ အကျင့်စာရိတ္တမြင့်မားရေးဆိုတာကို လူမှုရေးဦးတည်ချက်ထဲ ထည့်ထားတဲ့ စစ်အာဏာရှင်တွေ ကိုယ်တိုင် လုပ်နေကြတာ။ ကျွန်တော်တို့ကို အဲဒီပခုံးကြယ်ပွင့်ပါ ပုဂ္ဂိုလ်တွေနဲ့ ဆွေမျိုးသားချင်းတွေက ခိုင်းနေကြတာဗျ။ သူတို့အချင်းချင်း စားကျက်လုပြီး သူ့လူ၊ ကိုယ့်လူစားကြရင်လဲ ကျွန်တော်တို့ လူငယ်တွေက မဖြစ်စလောက်ငွေလေးတွေနဲ့ ကြားကနေ ထောင်ကျခံကြရတာပါ"

ဆရာမက ဂရုဏာမျက်လုံးဖြင့် လှမ်းကြည့်နေရုံမှတပါး ဘာမှ ဆက်မပြောနိုင်ဖြစ်သွားသည်။
"ဒီစစ်အာဏာရှင်တွေလက်အောက်မှာ ကျွန်တော်တို့ တိုင်းပြည်ကြီးရဲ့ စီးပွားရေးကဏ္ဍကြီးတခုလုံး ခြွတ်ခြုံကျ ပျက်စီးနေတာကို ပညာတတ်ကထိကကြီးဖြစ်တဲ့ ဆရာမက ပိုပြီး သိမှာပါဗျာ။ စီးပွားရေးလုပ်ငန်းတွေကို ဘယ်သူတွေက လုပ်နေကြတာလဲ။ တရားဝင်စီးပွားရေး လုပ်ငန်းတွေမှာလဲ စစ်အာဏာရှင်တွေနဲ့ ဆွေမျိုးသားချင်းတွေ၊ နီးစပ်ရာတွေက ချုပ်ကိုင်ထားကြတာပါ။ တရားမ၀င်စီးပွားရေး လုပ်ငန်းတွေမှာလဲ သူတို့နဲ့ ဝေစားမျှစား လုပ်နိုင်သူတွေကပဲ ချုပ်ကိုင်ထားကြတာပါ။ ပြည်သူတွေဆိုတာက လက်ဝေခံတွေပါ။ ကျွန်တော်တို့ တိုင်းပြည်ကြီးတခုလုံး နွံနစ်နေပြီ ဆရာမ။ အဲဒီနွံထဲမှာ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်တွေပါ မြှုပ်နေပြီ။ ကျွန်တော်တို့ ဘယ်လို ရုန်းထွက်ရမလဲ။ ဒီစစ်အာဏာရှင်တွေကို မဖြုတ်ချပဲ ကျွန်တော်တို့ တိုင်းပြည်ကြီးကို ဘယ်လိုတည်ဆောက်လို့ ရမှာတဲ့လဲ။ ကျွန်တော်တို့ရဲ့ ဘ၀တွေကို ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ ဘယ်လို ရုန်းကန်လို့ ရမှာတဲ့လဲ။ တက္ကသိုလ်ပရ၀ုဏ်တွေအထဲထိ ရောက်နေတဲ့ နှစ်လုံးထီ၊ သုံးလုံးထီတွေ၊ ရာဘဆေးတွေ၊ စာကူးချပညာရေးစနစ်တွေ၊ အမှတ်ဝယ်စနစ်တွေကို ကျော်လွှားပြီး ဆရာမတို့ကကော ဘယ်လို ပညာရေးအဆင့်အတန်းကို မြှင့်တင်နိုင်မှာတဲ့လဲ"

တက္ကသိုလ်ကျောင်းတော်ကြီးမှ သင်ကြားထားပေးခြင်းမရှိသော ပကတိအရှိတရား ဘ၀ပညာများကို ရရှိထားသော တပည့်ငယ်ကို ကြည့်ရင်း ဆရာမ ငိုင်သွားမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် တပည့်လေးကို သတိကြီးကြီးနှင့် လုပ်စရာရှိတာများလုပ်ဖို့ သတိပေးရသည်။ တပည့်ငယ်နှင့် လမ်းခွဲပြီးချိန်အထိ ကျောင်းသူကျောင်းသားများ၊ ဆရာမများက ကျောင်းပရ၀ုဏ်တွင်းမှ သိပ်မရှိသေးကြ။

ပြတင်းပေါက်မှန်တခုပေါ်မှာ ကြွေးကြော်သံများပါသော စာရွက်လေးကို ကြည့်ရင်း သူမ ပြုံးမိသည်။ ပြီးတော့ သူမအိတ်ထဲမှ နှုတ်ခမ်းနီတောင့်လေးကို ထုတ်ပြီး စာရွက်မကပ်ထားသော ပြတင်းမှန်များပေါ်တွင် စစ်အစိုးရဖြုတ်ချရေး- ဒို့အရေး ဟု လိုက်ရေးလိုက်မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ဆေးရန်အဖြေလွှာတချို့ ရုံးခန်းထဲ ကျန်ခဲ့တာမို့ ကျောင်းစောစောလာခဲ့မိတာကို ကိုယ့်ဘာသာကိုယ် ကျေနပ်မိတာတော့အမှန်။ လှုံ့ဆော်စာ စာရွက်များ လက်ထဲမှာ မရှိပေမယ့် သူမတို့ မိန်းကလေးများရဲ့ ပိုက်ဆံအိတ်တွေထဲမှာ နှုတ်ခမ်းနီတောင့်များ ကိုယ်စီဆောင်ထားလေ့ရှိပါသည်။ အဆိုပါ နှုတ်ခမ်းနီလေးများဖြင့် လူအများမြင်နိုင်သော မှန်များပေါ်တွင် လှုံ့ဆော်စာများ လိုက်ရေးထားပါက နှုတ်ခမ်းနီ လှုံ့ဆော်စာများကလဲ တနည်းတဖုံဖြင့် လူထုလှုပ်ရှားမှုကို ထောက်ကူပြုမည် မလွဲ............။

တိုက်ပွဲ (၄)- ကြက်ခြေခတ်၊ ဆန္ဒဖော်ထုတ်ပွဲ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ဧရာဝတီတိုင်း

"မမ၊ ကော်ဖီသောက်ပါဦးရှင့်"
သူနာပြုဆရာမ ဖျော်ပေးသော ကော်ဖီကို ဟန်ပင်မဆောင်နိုင်တော့ပဲ အားရပါးရ မော့ချလိုက်မိသည်။
"သြ၀ါဒခံယူပွဲ အဆင်ပြေရဲ့လား မမ"
"နော်ဆေးရယ်။ မသိတာလဲ မဟုတ်ပဲနဲ့၊ မေးနေသေးတယ်။ တို့လဲ လူနာတွေ ဆေးကုချင်လို့ ဆရာဝန်လုပ်တာပါဟယ်။ သူတို့နဲ့ကျမှပဲ ကိုယ့်ဘာသာကိုယ် ဆရာဝန်လား၊ မူလတန်းကျောင်းသူလားဆိုတာ မသိတော့ဘူး။"
"တိုးတိုးပြောမမ။ တော်ကြာ ဟိုကြံ့ဖွတ်သူနာပြုမ ကြားသွားလို့ တိုင်နေဦးမယ်"
"အမယ်လေး။ တိုင်စမ်းပါစေဟယ်။ နယ်ပြောင်းခံရရုံမကလို့ အလုပ်ထုတ်ခံရရင်တောင် တို့မှာ နားအေးပါးအေး နေရဦးမယ်။ ခုတော့ တခါလာ ၀န်ကြီး၊ တခါလာ ဒုဝန်ကြီး၊ တခါလာ တိုင်းမှူးနဲ့ တယောက်ပြီးတယောက်လာပြီး သြ၀ါဒပေးနေကြတာ။ တို့မှာ အလုပ်ပျက်၊ အကိုင်ပျက်နဲ့။ ဒီကြားထဲ သူတို့အလာမှာ လက်အုပ်လေးတွေ ချီပြီ ကြိုရသေးတယ်။ ဘယ်နဲ့ဟယ်။ လူ့အသက်ကယ်တဲ့ လက်ဆိုပြီး ကိုယ့်ဘာသာကိုယ်ကျေနပ်နေတာ။ ခုမှပဲ လူသိရှင်ကြား လူသတ်သမားတွေကို လက်အုပ်ချီနေရတယ်။ ကိုယ့်လက်ကိုတောင် ကိုယ် မသတီတော့ဘူး"
"မမ။ ဒီနေ့ တခုခုဖြစ်လာတယ်ထင်တယ်။ ဒီလိုပြောတာ တခါမှ မကြားဖူးဘူး"
"ဘာမှမဖြစ်လာပါဘူးနော်ဆေးရယ်။ တို့စိတ်ကုန်နေတာကြာပြီ။ ပြောမထွက်ပေမယ့် ရင်ထဲမှာ မခံချင်စိတ်တွေ အပြည့်ပဲ။ ရှစ်လေးလုံးတုန်းက ဆေးရုံထဲ ၀င်ပစ်တာတွေ သိပြီးကတည်းက သူတို့ မျက်နှာတွေကို မြင်ရရင် မျက်စိထဲ ဆံပင်မွှေးစူးသလို ခံစားနေရတာ"
"မမတောင် ဒီလိုခံစားရရင် နော်ဆေးတို့ဆို ပိုဆိုးတာပေါ့ မမရယ်။ ရွာမှာတုန်းကဆိုရင်လေ သူတို့ဝင်လာပြီဆိုရင် ဘယ်သူအသတ်ခံရမလဲ၊ ဘယ်သူ မုဒိမ်းကျင့်ခံရမလဲဆိုပြီး တထိတ်ထိတ်နဲ့ နေကြရတာ။ ကလေးတောင် သူတို့လာပြီပြောရင် အငိုတိတ်တယ်။ အဲလောက်ထိ ရမ်းကားကြတာ။ အပြစ်မဲ့ လူတွေကို အပြစ်ရှာပြီး သတ်ဖြတ်တာ၊ ရွာမီးရှို့တာတွေ မြင်ရ၊ ကြားရဖူးတော့ သိပ်မုန်းတာပဲ မမရယ်။ အမှန်ပြောရရင် မြို့ပေါ်မှာ ဗမာဆို မုန်းနေတာ"
"မမလဲ ဗမာပါပဲ နော်ဆေးရယ်။ မမတို့ ဗမာတွေက နော်ဆေးတို့တွေကို ဒီလိုလုပ်နေတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက လူမျိုးပေါင်းစုံ ပါဝင်နေတဲ့ စစ်တပ်ကို ထိန်းချုပ်ပြီး လုပ်နေကြတာပါ။ တကယ်တမ်းကျတော့ ဗမာလူမျိုးတွေအပါအ၀င် တိုင်းရင်းသား ပြည်သူတွေအားလုံးက စစ်အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ခံနေကြရတာပါ"
"ဟုတ်ပါမယ် မမ။ မမတို့နဲ့ နာဂစ်ကယ်ဆယ်ရေး လိုက်မိတော့မှ နော်ဆေး သဘောပေါက်သွားတာပါ။ နော်ဆေးတို့ တိုင်းရင်းသားတွေကိုတင် သတ်ဖြတ်နှိပ်စက်နေတာမှ မဟုတ်ပဲ။ ဗမာလူမျိုးတွေကိုလဲ ဖိနှိပ်လိုက်ကြတာနော်။ ကူညီကယ်တင်မယ့် လူတွေကိုလဲ တိုင်းပြည်ထဲ အ၀င်မခံဘူး။ ဒုက္ခဆင်းရဲ ရောက်နေကြသူတွေကိုလဲ မစောင့်ရှောက်ဘူး။ ဒီကြားထဲ မနေနိုင်လို့ အလောင်းတွေစုပြီး သဂြိုလ်ပေးသူတွေကိုလဲ ဖမ်းလားဆီးလားနဲ့"
"ကျန်းမာရေးစောင့်ရှောက်သူတယောက်အနေနဲ့ ဒီအကြောင်းတွေကို ပြန်ကြားရတိုင်း၊ ပြန်တွေးမိတိုင်း အော့နှလုံးနာမိတယ် နော်ဆေးရယ်။ အရေးထဲ သေစာရင်းလူနာမည်တွေကို သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံမဲထည့်တဲ့ စာရင်းထဲ လိုက်ထည့်နေတာက တမျိုး"
"ဟုတ်တယ်မမရယ်။ ဒါလား လူထုဆန္ဒ။ မုန်တိုင်းရောက် တမလွန်ရောက်သွားသူတွေရဲ့ အလောင်းတွေကိုကျတော့ ပုပ်ပွနေမှ သဂြိုလ်ကြပြီး၊ ဒီလူတွေရဲ့ နာမည်တွေကိုကျတော့ ထောက်ခံမဲထည့်တဲ့ စာရင်းထဲ ထည့်ထားတာကို လူထုဆန္ဒ အပြည့်အ၀ ရထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ ပြောနေတာများ၊ သူတို့မို့ မရှက်မကြောက်"
"ဟိုတလောက ရွေးကောက်ပွဲကကော ဘာထူးလို့လဲ နော်ဆေးရယ်။ ကြိုတင်မဲတွေ လိုက်ကောက်ကြတာပဲလေ။ တို့တွေအားလုံး ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်ခွင့်မှ မရခဲ့ကြတာ"
"အဲဒီတုန်းက ဖော်ထုတ်ခွင့် မရပေမယ့် အချိန်တော့ မနှောင်းသေးဘူး မမ။ နော်ဆေးတို့တွေ သူတို့လုပ်ရပ်တွေကို လက်မခံဘူးဆိုတဲ့ ဆန္ဒအစစ်အမှန်ကိုတော့ တနည်းနည်းနဲ့ ဖော်ထုတ်ကြရမယ်"
"ပြောပါဦးနော်ဆေး။ နော်ဆေးက ဘယ်လိုနည်းတွေ တွေ့ထားလို့လဲ"
"အထွေထွေ သပိတ်မပေါ်သေးပေမယ့် ပြောက်ကျားတိုက်ပွဲလှုပ်ရှားမှုတော့ လုပ်လို့ရမယ်ထင်တယ် မမ"
"ပြောက်ကျားနည်းဆိုလို့ လူတိုင်းအလွယ်တကူ ပါဝင်နိုင်တဲ့ နည်းတွေနဲ့ စသင့်တယ်ထင်တယ်"
"ဟုတ်တယ် မမ။ ဥပမာ- သတင်းစာတွေ၊ ဂျာနယ်တွေထဲက အစိုးရဦးတည်ချက်ဆိုတာတွေ၊ ကြွေးကြော်သံတွေကို ကြက်ခြေခတ်ပြီး ဆန္ဒဖော်ထုတ်တာကတော့ လူတိုင်းအလွယ်တကူ လုပ်လို့ရတယ်။ အဲဒီကြက်ခြေခတ်ထားတဲ့ သတင်းစာဖြတ်ပိုင်းတွေကို သစ်ပင်တွေ၊ အုတ်နံရံတွေမှာ လိုက်ကပ်ထားလို့လဲ ရတယ်။ ရုံးတွေ၊ ဆိုင်တွေမှာလဲ ဖတ်ပြီးရင် မသိမသာ ကြက်ခြေခတ်ထားလိုက်ရင် နောက်လူက မြင်သွားမှာပဲ"
"ဟုတ်တယ်။ ဒါလဲ လှုပ်ရှားမှုတခုပဲ။ အခြေအနေ၊ အချိန်အခါကြည့်ပြီး လူတိုင်းပါလို့ရတယ်။ ဆန္ဒအစစ်အမှန်ကို ကြက်ခြေခတ်သင်္ကေတနဲ့ ဖော်ထုတ်ပြလို့ရတယ်"
ဒေါက်တာကြူကြူက ပြောရင်းဆိုရင်း၊ သူမရှေ့မှာရှိသော ကျန်းမာရေးစာစောင်၊ မဂ္ဂဇင်းများမှ ဦးတည်ချက်စာမျက်နှာများကို ကြက်ခြေခတ် စလုပ်ချိန်တွင် နော်ဆေးကလဲ ဆေးရုံထဲမှ သတင်းစာများကို သွားယူလေတော့သည်။ ကြက်ခြေခတ် သင်္ကေတများပါသော သတင်းစာများ၊ စာစောင်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများဖြင့် စစ်မှန်သော ဆန္ဒကို ဖော်ထုတ်ကြသည့် တိုက်ပွဲများ လူထုကြားသို့ ပျံ့နှံ့လာခြင်းဖြင့်................................။

တိုက်ပွဲ (၅)- အမှောင်တိုက်ပွဲ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ရန်ကုန်တိုင်း

"တောက်။ မီးကပျက်ပြန်ပြီကွာ"
ဦးစိတ်တို၏ တောက်ခေါက်သံက အမှောင်နှင့် အတူ ထွက်ပေါ်လာသည်။ အကြောင်းသိသော သားနှင့် သမီးကလဲ အခန်းထဲက ထွက်လာကြသည်။ မီးပျက်လျှင် ဖယောင်းတိုင်ခြွေတာသည့်အနေဖြင့် မိသားစုအားလုံး အခန်းတခန်းထဲမှာပဲ စုနေကြသည်။ စာကျက်သူကလဲ ၀ါကျင့်ကျင့် ဖယောင်းတိုင်မီးရောင်လေးဖြင့် စာကျက်ကြရသည်။ ဖခင်၏ လုပ်စာလေးတခုတည်းနှင့် တအိမ်လုံးစားနေကြရသော မိသားစုလေးအတွက် သူများတွေလို အက်ဗာတာ အိပ်မက်တွေလဲ မမက်နိုင်ပါ။
"အမယ်လေး၊ လာကြပါဦးတော်"
အိမ်နောက်ဖေးဘက်မှ အသံကြားတော့ သားသမီးနှစ်ယောက်က ပြုံးကြသည်။ ဦးစိတ်တိုက ပုဆိုးကို ခပ်တိုတိုပြင်ဝတ်ရင်း ပါးစပ်က တတွတ်တွတ် ရေရွတ်သည်။
"ဒီမိန်းမကွာ။ ကလေးပဲ နှစ်ယောက်ရနေပြီ။ ခုထိ သရဲကြောက်တုန်း"
မကျေမနပ်ဖြင့် ရေရွတ်မိပေမယ့် ထုံးစံအတိုင်း နောက်ဖေးအိမ်သာမှ ပြန်ထွက်လာသော မိန်းမဖြစ်သူကို ဖယောင်းတိုင်လေးဖြင့် သွားကြိုရပြန်သည်။
"ရှင်ကလဲတော်။ မှောင်မှောင်မည်းမည်းကြီးကို။ ကျုပ်ကြောက်တာပေါ့"
အိမ်ထဲပြန်ရောက်လာတော့ ဒေါ်ပိစိကလဲ ထုံးစံအတိုင်း အရှက်ပြေပြောသည်။ ကြားနေကြ စကားမို့ ဘယ်သူမှ ဘာမှ ပြန်မပြောကြ။

"ငါတို့ဘ၀တွေလဲ ဘယ်တော့များကျမှ အမှောင်ထဲက လွတ်မလဲ မသိပါဘူးကွာ"
"ရှင်က ဘယ်အမှောင်ကို ပြောနေတာတုန်း"
"သြော်- ဒီမိန်းမ။ မီးမှောင်တာကို ပြောတာပေါ့။ ငါ့မှာ တနေ့လုံး အလုပ်က ပင်ပန်းလာပြီး အပျင်းပြေစာအုပ်လေး ဖတ်ချင်တာတောင် မဖတ်ရဘူး။ မီးက ပျက်ပြီ"
"သိပါဘူးတော်။ ဈေးမှာ ဟိုကောင်မတွေ ပြောသံကြားတာတော့ အမှောင်က နှစ်မျိုး ရှိတယ်တဲ့။ မီးမလာတဲ့ အမှောင်က တမျိုး။ နောက်တမျိုးက စစ်အစိုးရရဲ့ လက်အောက်မှာ တိုင်းပြည်တခုလုံးကျနေတာကလဲ အမှောင်ထဲ ရောက်နေတာပဲတဲ့"
"ဟ။ မင်းတို့က နိုင်ငံရေးပြောနေကြတာလား"
"နိုင်ငံရေးဆိုတာလဲ ကျုပ်တို့အရေးပါပဲ တော်ရယ်။ ကျုပ်တို့နိုင်ငံကြီးတိုးတက်မှ ကျုပ်တို့ရဲ့ ဘ၀တွေလဲ တိုးတက်မှာပေါ့တော်။ ခုတော့ ကျုပ်မှာလေ၊ ဈေးရောင်းတာတောင် အေးအေးဆေးဆေး မရောင်းရဘူး။ ဈေးခေါင်းတွေ ကြောက်ရ၊ စည်ပင်တွေ ကြောက်ရနဲ့။ ဒီကြားထဲ ဈေးတွေက တက်တော့ အမြတ်မရပဲ အရင်းထဲက မပါသွားအောင်တောင် မနည်းပြောရောင်းနေရတာ။ ခုဆို ကျုပ်ဘုရားရှိခိုးရတာတောင် စိတ်မဖြောင့်ဘူးတော်။ ငါးပါးသီလခံပြီး အလေးခိုးနေရတာ မကောင်းပါဘူးရှင်"
"ငါတို့လဲ မထူးပါဘူးကွာ။ ဒီခေတ်ကြီးမှာ ရုံးကားမောင်းတယ်ဆိုတာနဲ့ ဆီခိုးတာနဲ့က ဒွန်တွဲနေတာပဲ။ ဒီလိုမှ မလုပ်ရင်လဲ လခက လောက်မှ မလောက်တာ"
"တခါတလေ၊ ကျုပ်စဉ်းစားမိတယ်။ ကလေးတွေကြီးလာရင် စာရိတ္တကောင်းဖို့ သင်ပေးရမှာလား၊ အနေအစားချောင်အောင် ဘာမဆိုလုပ်ဖို့ သင်ပေးရမှာလားလို့"
"ဟေ"
ဦးစိတ်တို ငိုင်သွားသည်။ အလင်းရောင်ဖျော့ဖျော့ကြားမှ သူ့မိန်းမမျက်နှာကို ပြန်ကြည့်မိသည်။
"ကျုပ်တကယ်ပြောနေတာ။ ကျုပ်လေ၊ စိတ်မကောင်းဘူး သိလား။ ဈေးထဲမှာ ပြောနေကြတာတော့ ဒါတွေဟာ စစ်အစိုးရကြောင့်တဲ့။ အုပ်ချုပ်သူတွေကိုယ်တိုင်က စာရိတ္တတွေ ချို့ယွင်းပြီး တိုင်းပြည်ဘဏ္ဍာခိုးစားနေကြမှတော့ တတိုင်းပြည်လုံးမှာလဲ သူခိုးကြီး၊ သူခိုးလေးတွေ ပြည့်နေတော့မှာပေါ့တဲ့"

စကားဝိုင်းက အတန်ကြာတိတ်ဆိတ်သွားသည်။ ကလေးများလဲ စာဖတ်ရင်း စားပွဲပေါ်မှာ မှောက်အိပ်နေကြသည်။ ဦးစိတ်တိုက ငုတ်တုတ်ထိုင်နေသည်။ ဒေါ်ပိစိကလဲ နံရံမှီပြီး ငိုက်နေသည်။
"ဟော- မီးလာပြီတော့"
မီးပြန်လာသဖြင့် ဒေါ်ပိစိက ၀မ်းသာအားရ ဖြစ်သွားသည်။
"မီးခလုတ်တွေ သွားပိတ်လိုက်စမ်း"
"ရှင်ဘာပြောတယ်"
"ဟုတ်တယ်။ မီးခလုတ်တွေကို ပိတ်ပစ်လိုက်။ ဒီနည်းနဲ့ ငါတို့တိုင်းပြည်ကို ကယ်တင်ရမယ်"
ဒေါ်ပိစိက အလန့်တကြားဖြင့် ဦးစိတ်တိုကို ကြည့်သည်။
"ငါတို့တွေက သူတို့မီးဖြတ်ရင် မီးမလာဘူးဆိုပြီး စိတ်ညစ်၊ သူတို့မီးပေးရင် မီးလာပြီဆိုပြီး ပျော်နဲ့ သူတို့ခြယ်လှယ်သမျှ ငုံ့ခံနေမှတော့ တတိုင်းပြည်လုံး သူတို့လက်ထဲ ရောက်နေတာ ဆန်းသလားကွ။ ဒီတော့ အာဏာဖီဆန်ရမယ်။ သူတို့မီးပေးတဲ့ နေ့တွေမှာလဲ တတ်နိုင်သမျှ အမှောင်ချပြီး အာဏာဖီဆန်ရမယ်။ မီးမပေးတဲ့ နေ့တွေမှာလဲ မီးပေးဖို့ လျှပ်စစ်ရုံးတွေကို သွားဝိုင်းပြီး တောင်းဆိုရမယ်။ မင်းလဲဒါကို ဈေးထဲမှာပြော။ ငါလဲ လူတွေကို ပြောမယ်။ ဒီလိုအာဏာဖီဆန်တဲ့ တိုက်ပွဲတွေနဲ့မှ ငါတို့ တိုင်းပြည်တခုလုံး အမှောင်ကျနေတာကို ကယ်နိုင်မှာပေါ့ကွ"

ဦးစိတ်တိုစကားဆုံးတော့ ဒေါ်ပိစိက မီးခလုတ်ကို အမြန်သွားပိတ်လိုက်သည်။ အာဏာဖီဆန်သည့် အမှောင်တိုက်ပွဲစလေပြီ။ မတရားသည့် အမိန့်အာဏာဟူသမျှကို တတ်နိုင်သည့်နည်းလမ်းဖြင့် ဖီဆန်သည့် တိုက်ပွဲများ တနိုင်ငံလုံးကို ပျံ့နှံ့သွားခြင်းဖြင့်...........။

ပြောက်ကျားတိုက်ပွဲများမှသည်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆီသို့



ခင်မမမျိုး (၂၆၊ ၃၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

The Use of Force အကြောင်း တစေ့တစောင်း

Tuesday, March 22, 2011

နိဒါန်း

၁၉၄၅ အလွန် ကမ္ဘာ့နိုင်ငံရေးလောကမှာ အချုပ်အခြာအာဏာ ကစားပွဲ (Sovereignty Game) ဆိုတဲ့ သဘောတရားက ခေတ်စားလာခဲ့ပါတယ်။ နိုင်ငံတခုရဲ့ ရပ်တည်နိုင်မှု (survival) ဟာ စစ်အင်အားဆိုတာပေါ်မှာ မူတည်နေခဲ့တာကြောင့် ကမ္ဘာတလွှားမှာ စစ်ပွဲတွေ၊ ကျူးကျော်သိမ်းပိုက်မှုတွေ၊ ကိုလိုနီနယ်ချဲ့စနစ် ကျင့်သုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံတခုရဲ့ ရပ်တည်မှုဟာ ကျူးကျော်စစ်တွေအပေါ် ခုခံစစ်စွမ်းပကား (defensive military capabilities) တခုတည်းပေါ်မှာ မူတည်ခြင်း မရှိပဲ အချုပ်အခြာအာဏာ (sovereignty) ကို နိုင်ငံတကာ ဥပဒေအရ အကာအကွယ်ပေးမှုပေါ်မှာ မူတည်ရမယ်ဆိုတဲ့ သဘောတရားတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီသဘောတရားတွေအရ နိုင်ငံတခုကို အခြားနိုင်ငံတခုက စစ်ရေးအင်အား အသုံးပြုမှု (The Use of Force) အား ထိန်းချုပ်မှုတွေကို Article 2 (4), Articles (39-51) of UN Charterနဲ့ Article 53 of the Vienna Convention on the Law of Treaties 1969 တို့မှာ ဖော်ပြထားခဲ့ပါတယ်။

ဒီလို စစ်ရေးအင်အားအသုံးပြုမှုအား ထိန်းချုပ်ခြင်း (prohibition of the Use of Force) ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ကမ္ဘာ့နိုင်ငံအသီးသီးက လက်ခံကျင့်သုံးနေတဲ့ acceptable norm တခု ဖြစ်နေပေမယ့်လဲ အကြောင်းကြောင်းအရရ စစ်အင်အားအသုံးပြုရတဲ့ အခြေအနေတွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတခု (သို့မဟုတ်) နိုင်ငံအစုအဖွဲ့တွေကနေ နိုင်ငံတခုကို စစ်ရေးအင်အား အသုံးပြုမှုကို ဘယ်လိုအချိန်အခါ၊ ဘယ်လိုအခြေအနေတွေမှာ ပြုလုပ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ လေ့လာသုံးသပ်မှုတွေ ရှိလာပါတယ်။ အခုဒီဆောင်းပါးမှာ စစ်ရေးအင်အားအသုံးပြုမှု (The Use of Force) နဲ့ ပတ်သက်တဲ့ Just War Doctrine နဲ့ လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက်ဖက်ခြင်း (Humanitarian Intervention) တွေကို ရေးသားတင်ပြပါမယ်။



Just War Doctrine

၂၀ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု စစ်ရေးအင်အားအသုံးပြုမှုတွေမှာ Just War Doctrine ကို အသုံးပြုပြီး ဒီစစ်ပွဲတွေရဲ့ တရားမျှတမှုကို လေ့လာဆန်းစစ်ကြပါတယ်။ Just War Doctrine သဘောတရားရဲ့ အခြေခံက laws of armed conflict ရဲ့ functions နှစ်ခုဖြစ်တဲ့ jus ad bellum (lit. the law towards war) နဲ့ jus in bello (lit. the law in war) တို့ပဲ ဖြစ်ပါတယ်။ jus ad bellum က နိုင်ငံတကာဆက်ဆံရေးမှာ စစ်ရေးအင်အားအသုံးပြုမှုကို တတ်နိုင်သမျှ ရှောင်ရှားရန်၊ အသုံးပြုမှုအား ကန့်သတ်နိုင်ရန် ရည်ရွယ်ပြီး၊ jus in bello ကတော့ မလွဲမရှောင်သာ စစ်ရေးအင်အား အသုံးပြုရတဲ့အခါ စစ်ပွဲတွင်းမှာ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ လျော့နည်းရန် ရည်ရွယ်ပါတယ်။

Just War Doctrine အရ စစ်ရေးအင်အားအသုံးပြုမှုရဲ့ တရားမျှတမှုကို jus ad bellum နဲ့ jus in bello ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ တိုင်းတာပါတယ်။ Jus ad bellum criteria အရ နိုင်ငံတခုဟာ အခြားနိုင်ငံတခုအပေါ် စစ်ရေးအင်အားအသုံးပြုမှုဟာ တရားမျှတကြောင်း ဖော်ပြနိုင်ဖို့ တရားဝင်အာဏာပိုင် အဖွဲ့အစည်း (legitimate authority), တရားမျှတသော အကြောင်းရင်း (just cause), မှန်ကန်သော ရည်ရွယ်ချက် (right intention), အောင်မြင်မှုအလားအလာ (chance of success), အချိုးအစား (proportionality), နောက်ဆုံးနည်းလမ်း (last resort) ဆိုတဲ့ အချက် အများစုနဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။

စစ်ရေးအင်အားအသုံးပြုဖို့ တရားဝင်အာဏာပိုင် အဖွဲ့အစည်းရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ ခွင့်ပြုချက်ရှိမှသာ နိုင်ငံတကာရေးရာမှာ စစ်ရေးအင်အား အသုံးပြုလို့ ရပါတယ်။ UN Charter Article 39 နဲ့ Article 42 အရ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းချောက်လာကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့ရင်၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနဲ့ နိုင်ငံတကာလုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် လိုအပ်မယ့် air, sea, land forces တွေကို အသုံးပြုရတဲ့ လုပ်ငန်းဆောင်တာတွေ ပြုလုပ်နိုင်ပါတယ်။ သို့ပေမယ့် နိုင်ငံတကာ လုံခြုံရေးကို ထင်ထင်ရှားရှား ထိခိုက်မှု မရှိလို့ပဲဖြစ်စေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အားနည်းချက်တွေကြောင့်ဖြစ်စေ၊ လုံခြုံရေးကောင်စီက စစ်ရေးအင်အား အသုံးပြုမှု ခွင့်ပြုချက် မပေးနိုင်တဲ့ အခြေအနေတွေ ပေါ်ထွက်လာပါတယ်။

အဲဒီအခြေအနေတွေမှာ ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်အစိုးရတွေအနေနဲ့ စစ်ရေးအင်အားကို အသုံးပြုရတဲ့ အခြေအနေတွေလဲ ရှိလာပြန်ပါတယ်။ အထူးသဖြင့် နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးရမယ့် အစိုးရကိုယ်တိုင်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ရန်ရှာလာတဲ့ အခြေအနေတွေနဲ့ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားပြိုလဲသွားပြီး၊ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ အုပ်စုတွေ အချင်းချင်း သတ်ဖြတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတဲ့ အခြေအနေတွေမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို စစ်ရေးအင်အားသုံး ၀င်ရောက်ဖြေရှင်းနိုင်ခြင်း ရှိမရှိနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပွားလာရာကနေ The Right to Protect (R2P) သဘောတရားတွေပါ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။

Jus ad bellum criteria အရ ဒုတိယအချက်ကတော့ တရားမျှတသော အကြောင်းရင်း (just cause) ဖြစ်ပါတယ်။ စစ်ရေးအင်အားအသုံးပြုမှုကို ဖြစ်ပွားစေခဲ့တဲ့ တရားသော အကြောင်းရင်းတွေ ရှိဖို့ လိုအပ်ပါတယ်။ အထင်ရှားဆုံး အကြောင်းရင်းကတော့ မိမိကိုယ်ကို ကာကွယ်ခြင်း (self-defence) ပဲ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံကို အခြားနိုင်ငံတခုက စစ်ရေးအရ တိုက်ခိုက်လာခဲ့ရင် စစ်အင်အားအသုံးပြုပြီး ပြန်လည်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စစ်ရေးလေ့လာသူများအကြား အငြင်းပွားစရာ အချက်တခုကလဲ ထပ်မံပေါ်ထွက်လာပါတယ်။ နိုင်ငံတနိုင်ငံအနေနဲ့ မိမိနိုင်ငံကို တိုက်ခိုက်လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတနိုင်ငံကို စစ်ရေးအင်အားသုံး တိုက်ခိုက်မှု (preemptive self-defence) ဟာ တရားမျှတသော အကြောင်းရင်း ဖြစ်ခြင်း၊ မဖြစ်ခြင်း ဆိုတာပါပဲ။ အမေရိကန်နိုင်ငံရဲ့ အာဖဂန်နစ်စတန် နိုင်ငံကို တိုက်ခိုက်မှုဟာ ဒီသဘောတရားပေါ်မှာ အခြေခံထားပါတယ်။

နောက်ထပ် အချက်တခုကတော့ မှန်ကန်သောရည်ရွယ်ချက် (right intention) ပဲ ဖြစ်ပါတယ်။ စစ်အင်အားအသုံးပြုမှုဟာ အာဏာလွန်ဆွဲဖို့အတွက် မဟုတ်ရပါဘူး။ စစ်ပွဲဖြစ်ပွားရာ နယ်မြေမှာ ရေရှည်ခံငြိမ်းချမ်းရေး (sustainable peace) နဲ့ လူသားလုံခြုံရေး (human security) ကို တည်ဆောက်နိုင်ရေးအတွက် ဖြစ်ရပါမယ်။ ဒီအချက်နဲ့ စစ်အင်အား အသုံးပြုမှုရဲ့ တရားမျှတမှုကို တိုင်းတာသုံးသပ်ကြပါတယ်။

နောက်ထပ်ထင်ရှားတဲ့ အချက်ကတော့ အောင်မြင်နိုင်သော အလားအလာ (chance of success) ဖြစ်ပါတယ်။ ၂၁ ရာစုမှာ သူရဲကောင်းဝါဒ (heroism) ကို အခြေခံတဲ့ suicide missions တွေကို ပြည်တွင်းစစ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာပဲ အသုံးပြုလေ့ရှိကြပါတယ်။ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ပရော်ဖယ်ရှင်နယ် စစ်တပ်တွေနဲ့ စစ်ရေးနားလည်သူတွေက အောင်မြင်နိုင်သော အလားအလာ မရှိတဲ့ စစ်ပွဲတွေမှာ ပါဝင်ပတ်သက်ခြင်း မရှိကြပါဘူး။ တန်ဖိုးရှိပြီး ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက် (valuable and clear goals) တွေ မရှိပဲ စစ်အင်အားအသုံးပြုမှုဟာ တရားသော စစ်မဟုတ်ပါဘူး။ စစ်ပွဲဆိုတာ တိုက်ခိုက်ရေးသမားတွေနဲ့ စစ်ပွဲဖြစ်ပွားရာနယ်မြေဒေသက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက် ခြိမ်းချောက်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်နိုင်သော အလားအလာကို တွက်ချက်သုံးသပ်မှုတွေနဲ့ ရည်မှန်းချက် သတ်မှတ်မှုတွေကို စစ်ပွဲမစခင်ကတည်းက ပြုလုပ်ဖို့ လိုအပ်ပါတယ်။

နောက်ထပ်အချက်ကတော့ အချိုးအစား (proportionality) ဖြစ်ပါတယ်။ စစ်အင်အားအသုံးပြုမှုဟာ ခြိမ်းချောက်မှု၊ မတရားမှုတွေ ခံစားရမှုတွေအတွက် မှန်ကန်သော အချိုးအစားနဲ့ အသုံးပြုမှုဖြစ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံကြီးတွေက နိုင်ငံတနိုင်ငံကို စစ်အင်အားအသုံးပြု တိုက်ခိုက်ခြင်း မပြုလုပ်ခင်မှာ စစ်ပွဲ၏ ရလဒ်များ (outcomes of war) ကို ချိန်ဆတွက်ချက်လေ့ရှိပါတယ်။ စစ်ပွဲရဲ့ရလဒ်တွေဟာ စစ်ပွဲမတိုင်မီ အခြေအနေထက် ပိုပြီး ဆိုးကျိုးကို ဦးတည်စေရင် စစ်ရေးအင်အားကို အသုံးပြုခြင်း ပြုလုပ်လေ့မရှိပါဘူး။

နောက်ထပ်အချက်တခုကတော့ နောက်ဆုံးနည်းလမ်း (last resort) ဖြစ်ပါတယ်။ စစ်ပွဲကို ရှောင်ရှားနိုင်မယ့် အခြားနည်းလမ်းတွေဖြစ်တဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းမှု၊ constructive engagement ပြုလုပ်မှုစတဲ့ နည်းလမ်းတွေနဲ့ လုံးဝအောင်မြင်မှု မရှိနိုင်မှသာ စစ်ရေးအင်အား အသုံးပြုမှုကို ပြုလုပ်ကြပါတယ်။

jus in bello function (lit. the law in war) ကတော့ စစ်ဥပဒေတွေဖြစ်တဲ့ Geneva law နဲ့ Hague law တွေကို အခြေတည်ထားပါတယ်။ Geneva law က စစ်ရေးပဋိပက္ခရဲ့ သားကောင်တွေကို ကာကွယ်ရေးအပိုင်းတွေနဲ့ ဆက်စပ်ပြီး၊ Hague law ကတော့ စစ်ပွဲများ အသုံးပြုတဲ့ နည်းလမ်းတွေ၊ ဗျူဟာအခင်းအကျင်းတွေ၊ စစ်လက်နက် အသုံးပြုမှုတွေနဲ့ ဆက်စပ်ပါတယ်။ စစ်ရေးပညာရှင်များက jus in bello နဲ့ ပတ်သက်ပြီး စစ်ရေးအင်အားအသုံးပြုမှုရဲ့ တရားမျှတမှုကို တိုင်းတာဖို့ criteria နှစ်ခုကို အသုံးပြုပါတယ်။ ပထမတခုကတော့ အချိုးအစား (proportionality) ဖြစ်ပြီး၊ ဒုတိယတခုကတော့ ခွဲခြားသတ်မှတ်မှု (discrimination) ဖြစ်ပါတယ်။

အချိုးအစား ဆိုရာမှာ စစ်ဆင်ရေးနည်းလမ်း အသုံးပြုမှု အချိုးအစားဟာ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေနဲ့ အချိုးအစားညီမျှမှု ရှိခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ စစ်ရေးအင်အားအသုံးပြုမှု မပြုလုပ်ခင်က ချမှတ်ထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ သွေဖည်ပြီး၊ collateral damage ဖြစ်ပေါ်စေတဲ့ စစ်ဆင်ရေးနည်းလမ်းတွေကို ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။ ခွဲခြားသတ်မှတ်မှု ဆိုတာကတော့ အရပ်သားများနဲ့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ရှိမရှိ ဆိုတာနဲ့ သက်ဆိုင်ပါတယ်။ ဘယ်လိုစစ်ပွဲမှာပဲဖြစ်ဖြစ် အရပ်သားများနဲ့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရာများကို ခွဲခြားသတ်မှတ်ချက် ရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ အကြမ်းဖက်မှု (Terrorism) နဲ့ တရားသောစစ်ပွဲတွေကို ခွဲခြားထားတဲ့ စည်းဘောင်တခုလဲ ဖြစ်ပါတယ်။

အခုဆက်လက်ပြီး စစ်ရေးအင်အားအသုံးပြုမှု (The Use of Force) နဲ့ ပတ်သက်တဲ့ လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက်ဖက်ခြင်း (Humanitarian Intervention) အကြောင်းကို ရေးသားတင်ပြပါမယ်။

Humanitarian Intervention

နိုင်ငံတခု (သို့မဟုတ်) နိုင်ငံအများစုကနေ တခြားနိုင်ငံတခုရဲ့ ပြည်တွင်းရေးကို လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက်ဖက်ခြင်းဆိုတဲ့ မူလအခြေခံသဘောတရားမှာ non-military means တွေဖြစ်တဲ့ အရေးပေါ်ငွေကြေး၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်း၊ ကျွမ်းကျင်မှု တို့ဖြင့် ထောက်ပံ့ကူညီခြင်းနဲ့ သံတမန်ရေးရာ နည်းလမ်းများ၊ ပိတ်ဆို့အရေးယူမှု နည်းလမ်းများဖြင့် လူ့အခွင့်အရေး မြှင့်တင်ခြင်း စတာတွေနဲ့ စစ်ရေးအရ ၀င်ရောက်စွက်ဖက်ခြင်း (military intervention) တို့ပါ ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် စစ်အေးတိုက်ပွဲအလွန် ကာလတွေမှာ non-military means တွေကို humanitarian aid အနေနဲ့ပဲ သတ်သတ်မှတ်မှတ် ခေါ်ဆိုအသုံးပြုလာကြပြီး၊ humanitarian intervention ဆိုတာကို military intervention တမျိုးအနေနဲ့ပဲ သတ်မှတ် အသုံးပြုလာကြတာကြောင့် humanitarian intervention နဲ့ စစ်ရေးအင်အား အသုံးပြုမှု (The Use of Force) တို့ဟာ ဒွန်တွဲလာပါတော့တယ်။

စစ်ရေးလေ့လာသူတွေက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆိုတာကို intervention ဆိုင်ရာ အဆိုးမြင်ဝါဒီတွေနဲ့ အကောင်းမြင်ဝါဒီတွေ အပြိုင်အဆိုင်ကစားကွင်း အနေနဲ့ သုံးသပ်ဖော်ပြကြပါတယ်။ Intervention optimism (၀င်ရောက်စွက်ဖက်ခြင်းဆိုင်ရာ အကောင်းမြင်ဝါဒ) ဆိုတာက failed states တွေကို နိုင်ငံတကာက ၀င်ရောက်ကူညီပြီး နိုင်ငံတော်သစ်ထူထောင်ပေးနိုင်မယ် လို့ ယူဆထင်မြင်ချက်ဖြစ်ပါတယ်။ Intervention pessimism (၀င်ရောက်စွက်ဖက်ခြင်း ဆိုင်ရာ အဆိုးမြင်ဝါဒ) ဆိုတာကတော့ humanitarian crisis တွေကို နိုင်ငံတကာက consent မပေးရင် ၀င်ရောက်စွက်ဖက် ထိန်းသိမ်းခွင့် မရှိဘူးဆိုတဲ့ အယူအဆပါ။

ဒီလို အယူအဆကွဲပြားမှုတွေ ကြောင့် စစ်အေးတိုက်ပွဲလွန်ကာလမှာ humanitarian intervention နဲ့ ပတ်သက်တဲ့ ယူအင်ရဲ့ failures တွေ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ၀င်ရောက်စွက်ဖက်ခြင်းဆိုင်ရာ အဆိုးမြင်ဝါဒကြောင့် ရ၀မ်ဒါမှာ ရက်ပေါင်း၁၀၀ ကျော်အတွင်း လူရှစ်သိန်းသေကြေပျက်စီးမှုကို နိုင်ငံတကာက ထိုင်ကြည့်နေခဲ့ကြရပါတယ်။ ဖြစ်ပွားချိန်မှာ UN Peacekeeping force ဖြစ်တဲ့ အင်အားနှစ်ထောင့်ငါးရာရှိ United Nations Assistance Mission for Rwanda (UNAMIR) က အစိုးရနဲ့ အတိုက်အခံတွေအကြားက အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ဖို့ဆိုတဲ့ တာဝန်နဲ့ ရ၀မ်ဒါနိုင်ငံတွင်းမှာ ရောက်ရှိနေချိန်ဖြစ်ပါတယ်။

ပြင်သစ်၊ အီတလီနဲ့ ဘယ်လ်ဂျီယံတပ်တွေကလဲ ပဋိပက္ခမှာ ပိတ်မိနေတဲ့ ဥရောပတိုက်သားတွေကို ကယ်တင်ဖို့ နိုင်ငံတွင်းကို ၀င်သွားခဲ့ကြပါတယ်။ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့ ရည်မှန်းချက်တာဝန် မရှိတဲ့အတွက် ဒီတပ်တွေအနေနဲ့ ရ၀မ်ဒါပြည်သူတွေကို ကာကွယ်စောင့်ရှောက်ခြင်း မပြုနိုင်ခဲ့ကြပါဘူး။ လူရှစ်သိန်းကျော်သေပြီးနောက်ပိုင်းမှသာ ပြင်သစ်တပ်တွေက ရ၀မ်ဒါအနောက်ပိုင်းမှာ Humanitarian Protection Zone သတ်မှတ်ဖို့ စစ်အင်အားသုံး ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါက intervention pessimism ကြောင့် ဖြစ်ခဲ့ရတဲ့ failure တခု ဖြစ်ပါတယ်။

intervention optimism ကြောင့် ဖြစ်ခဲ့ရတဲ့ failure တွေလဲ ရှိပါသေးတယ်။ ၁၉၉၃ ခုမှာ ဆိုမာလီးယားပဋိပက္ခကို ၀င်ရောက်ထိန်းသိမ်းဖို့ ပြုလုပ်ခဲ့တဲ့ UNOSOM II မှာ ဖြစ်ပါတယ်။ ဘာသာရေးအယူအဆ ပဋ္ဋိပက္ခတွေ၊ လူမျိုးစုပဋ္ဋိပက္ခတွေနဲ့ ပြည့်နှက်နေပြီး၊ လက်နက်ကိုင်အင်အားစု အများအပြားရှိနေတဲ့ ဆိုမားလီးယားနိုင်ငံမှာ နယ်မြေဒေသ အုပ်ချုပ်ရေးယန္တရားတွေဟာ စစ်ဘုရင်တွေ (warlords) လက်ထဲမှာ ကျရောက်နေတာ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်၊ ပြည်တွင်းစစ်နဲ့ famine ဒဏ်တွေကြောင့် ဆိုမာလီးယား ပြည်သူလူထုဟာ ကြီးစွာသော ဒုက္ခတွေ၊ လူမှုဆင်းရဲတွေကို ခံစားနေကြရပါတယ်။ ဒါပေမယ့် စစ်ဘုရင်တွေက humanitarian aid ကို ကန့်သတ်မှုတွေ၊ တားဆီးမှုတွေ ပြုလုပ်တာကြောင့် ယူအင်က ပါကစ္စတန် တပ်သား ငါးရာ အင်အားရှိတဲ့ Unite Nations Operations in Somalia (UNOSOM I) ကို peacekeeping တာဝန်နဲ့ စေလွှတ်ခဲ့ပါတယ်။

သို့ပေမယ့် အခြေအနေကို ထိန်းသိမ်းနိုင်ခြင်း မရှိတဲ့အတွက် အမေရိကန်ဦးဆောင်တဲ့ United Task Force (UNITAF) က အင်အားသုံးသောင်း ခုနစ်ထောင်ကျော်နဲ့ ၀င်ရောက်ပြီး demilitarized zones around aid operations ဆိုတဲ့ ရည်မှန်းချက်တာဝန်တွေကို အကောင်အထည် ဖော်ခဲ့ရပါတယ်။ ၁၉၉၃ ရောက်တော့ လုံခြုံရေးကောင်စီ resolution အရ UNITAF က ရည်မှန်းချက်တာဝန်တွေကို (UNOSOM II) ကို လွှဲပြောင်းပေးခဲ့ရပါတယ်။ သို့ပေမယ့် UNOSOM II ကတော့ ပိုမိုကြီးလေးတဲ့ ရည်မှန်းချက်တာဝန်နဲ့ ဆိုမားလီးယားမြေပေါ်ကို ၀င်ရောက်သွားခဲ့ပါတယ်။ ကွဲပြားခြားနားနေသော ဆိုမာလီ လက်နက်ကိုင်အင်အားစုများကို အင်အားသုံး လက်နက်ချခိုင်း၍ ဆိုမာလီးယား နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် ကူညီအားဖြည့်ရန် ဖြစ်ပါတယ်။ သို့ပေမယ့် ဆိုမားလီးယားစစ်မြေပေါ်က ယူအင်တပ်တွေနဲ့ အခြေအနေက လအနည်းငယ် အတွင်းမှာတင် အင်အားပြုန်းတီးမှုတွေ ဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံး ၁၉၉၅ ခုနှစ်မှာ ရည်မှန်းချက်တာဝန် မပြည့်မှီပဲ ဆုတ်ခွာခဲ့ရပါတယ်။ ကနဦး UNITAF က ဖြည့်ဆည်းထားတဲ့ demilitarized zones သတ်မှတ်ထားမှုတွေကိုပါ ပျက်ယွင်းစေခဲ့ပါတယ်။ ဒါက intervention optimism ကြောင့် ဖြစ်ရတဲ့ failure တခုပါ။

နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်သူအစိုးရနဲ့ ပြည်သူလူထုအကြားမှာပဲ ပဋိပက္ခတွေ ရှိနေခဲ့ရင် intervention လုပ်တာနဲ့ ထိရောက်ပေမယ့်၊ နယ်မြေဒေသ၊ လူမျိုးစုအပေါ်မှာ အခြေခံတဲ့ လက်နက်ကိုင်အင်အားစုတွေ ရှိနေရင်တော့ international intervention လုပ်ရုံနဲ့ မထိရောက်နိုင်ပါဘူး။ လူမျိုးစုတွေအကြားမှာ Reconciliation process ကို ဆယ်စုနှစ်ပေါင်းများစွာ၊ အခန့်မသင့်ရင် ရာစုနှစ်ပေါင်းများစွာ ပြုလုပ်နိုင်မှသာ ရေရှည်ခံငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်ကို ဆိုမားလီးယားနိုင်ငံက သက်သေထူထားပါတယ်။ ဒါကြောင့်လဲ လူမျိုးစုပဋ္ဋိပက္ခများရှိမှု၊ လက်နက်ကိုင်အင်အားစု အများအပြားရှိမှု စတဲ့ သွင်ပြင်လက္ခဏာတွေရှိတဲ့ နိုင်ငံတွေနဲ့ ပတ်သက်တဲ့ ယူအင်ရဲ့ ဆုံးဖြတ်ချက်တွေမှာ shadow of Somalia က ရိုက်ခတ်မှု ရှိနေတတ်ပါတယ်။ Humanitarian crisis တွေ ဖြစ်ပေါ်နေချိန်တွေမှာတောင် စစ်ရေးအင်အားအသုံးပြုမှု မပါဝင်တဲ့ အခြားနည်းလမ်းတွေကိုပဲ အသုံးပြုလေ့ရှိပါတယ်။

လုံခြုံရေးကောင်စီရဲ့ Resolution ဆိုတာ ဒီလို ၀င်ရောက်စွက်ဖက်မှုဆိုင်ရာ အကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒ အားပြိုင်မှုတွေ၊ shadow of Somalia အကျိုးဆက်တွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ ဗွီအိုအာဏာအသုံးပြုပြီး ပါဝါဂိမ်းကစားမှုတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ပထ၀ီနိုင်ငံရေး အခြေအနေ၊ အကြောင်းတရားတွေနဲ့ ဆက်စပ်နေတာကြောင့် အားနည်းမှုတွေ အများအပြား ရှိလာပါတယ်။ ဒါကြောင့်လဲ ဒီလိုအားနည်းချက်တွေကို ကျော်လွှားနိုင်ဖို့ The Right to Protect (R2P) ဆိုတဲ့ သဘောတရားက ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။

R2P ကို ပေါ်ထွက်လာစေခဲ့တဲ့ အဓိက တွန်းအားကတော့ ကိုဆိုဗို အရေးကြောင့် ဖြစ်ပါတယ်။ ကိုဆိုဗိုအရေးမှာ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက ဗွီတိုအာဏာကစားပွဲ ပြုလုပ်ကြတဲ့အတွက် ယူအင်က ခွင့်ပြုထားခြင်း မရှိတဲ့ unilateral intervention တွေကို regional organizations တွေနဲ့ တနိုင်ငံချင်းစီက ပြုလုပ်ခဲ့ကြရပါတယ်။ ဒါကြောင့် ဒီလိုအဖြစ်မျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် ပေါ်ထွက်လာခဲ့တဲ့ International Commission on Intervention and State Sovereignty (ICISS) က The Responsibility to Protect (R2P) ဆိုတဲ့ စာတမ်းကို ထုတ်ပြန်ပြီး၊ လူသားချင်းစာနာမှုအရ ၀င်ရောက်စွက်ဖက်မှုတွေပြုလုပ်ရန် လိုအပ်တဲ့ သင့်လျော်သော အချိန်ကာလတခုမှာ လုံခြုံရေးကောင်စီအနေနဲ့ လုပ်သင့်တဲ့ အရေးယူဆောင်ရွက်မှုကို ပြုလုပ်ဖို့ နှောင့်နှေးခဲ့ရင် General Assembly in Emergency Special Sessions မှာ စဉ်းစားဖို့နဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက သင့်လျော်တဲ့ လုပ်ငန်းဆောင်တာတွေ ကနဦးဆောင်ရွက်ပြီးမှ ယူအင်လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်ရယူဖို့ ဆိုတဲ့ alternative actions တွေကို ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။

R2P ရဲ့ သဘောတရားက The Use of Force နဲ့ ပတ်သက်တဲ့ အခြေခံ စည်းမျဉ်းတွေကို သတ်မှတ်ပေးထားပါတယ်။ Just cause အနေနဲ့ လူအများအပြား သေကြေပျက်စီးမှုနှင့် လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ထည့်သွင်းထားပါတယ်။ Humanitarian intervention ရဲ့ precautionary principles အနေနဲ့လဲ မှန်ကန်သော ရည်ရွယ်ချက်၊ နောက်ဆုံးနည်းလမ်း၊ အချိုးအစားညီမျှသော နည်းလမ်းနဲ့ သင့်တင့်လျောက်ပတ်သော အလားအလာတို့ကို ထည့်သွင်းထားပြီး၊ operational principles အနေနဲ့ ရှင်းလင်းပြတ်သားသော ရည်မှန်းချက်တာဝန်၊ rules of engagement နဲ့ common military approach တို့ကို ထည့်သွင်းဖော်ပြထားပါတယ်။

နိဂုံး

နိဂုံးချုပ်ဖော်ပြရရင် ပဋိပက္ခတွေကို ငြိမ်းချမ်းသော နည်းလမ်းများ (peaceful means) နဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ အတွေးအခေါ်၊ အယူအဆတွေကို ကမ္ဘာ့လူ့အဖွဲ့အစည်းတခုလုံးက လက်ခံခြင်း မရှိသမျှ ကာလပတ်လုံး စစ်ရေးအင်အားအသုံးပြုမှု (The Use of Force) ဆိုတာကတော့ ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ စစ်ပွဲတိုင်းဟာ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပေမယ့် ရေရှည်ခံငြိမ်းချမ်းရေး (sustainable peace) ကို တည်ဆောက်ရတဲ့ စစ်ပွဲတွေကလဲ မလွဲသာ မရှောင်သာ ကမ္ဘာပေါ်မှာ ရှိနေဦးမှာ အသေအချာပါပဲ။ စစ်အင်အားအပြိုင်အဆိုင်တိုးချဲ့မှုတွေ ရှိနေသမျှ ကာလပတ်လုံး တွက်ချက်တဲ့ strategic calculus တွေ မှားယွင်းပြီး၊ pre-emptive self-defence မဟာဗျူဟာနဲ့ စစ်ရေးအင်အား အသုံးပြုမှုတွေကလဲ ဖြစ်လာနိုင်ချေ ရှိနေဦးမှာပါ။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း မပြုတဲ့ နိုင်ငံတော်အစိုးရတွေ ရှိနေသမျှ ကာလတလျှောက်လုံးမှာလဲ စစ်ရေးအင်အား အသုံးပြုမှု အလားအလာတွေ ရှိနေဦးမှာပါပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်ရေးအင်အား အသုံးပြုမှု (The Use of Force) ဟာ Just War Doctrine နဲ့ Humanitarian Intervention သဘောတရားတွေနဲ့ ကိုက်ညီနေသမျှ ကာလပတ်လုံး ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးပြုစေမှာ ဖြစ်ပြီး၊ ဒီသဘောတရားတွေကို ကျော်လွန်သွားတဲ့ အခြေအနေကာလတခုမှာတော့ တတိယကမ္ဘာစစ်ကို ဦးတည် သွားစေမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၁၊ ၃၊ ၂၀၁၁)

(စာရေးသူသည် ယူကေနိုင်ငံမှ စစ်မဟာဗျူဟာလေ့လာရေးဆိုင်ရာ မဟာသိပ္ပံဘွဲ့ ရရှိထားပြီး၊ စစ်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ သုတေသီ တဦး ဖြစ်ပါသည်)


ရည်ညွှန်းကိုးကား။

Dower, N(2009)”The Ethics of War and Peace”, Polity Press, Cambridge, UK

Coppieters, B & Fotion, N(2002)”Moral Constraints On War: Principles and Cases”, Lexington Books, Maryland, US.

Elshtain, J.B.(2003)”Just War Against Terror”, Basic Books, New York, US.

Evans, M. (2005)”Just War Theory: A Reappraisal”, Edinburgh University Press, Edinburgh, UK.

Guthrie, C & Quinlan, M(2007)”Just War”, Bloomsbury Publishing, London, UK.

ICISS. The Responsibility to Protect. Supplementary Volume to the Report of the ICISS. Ottawa: International Devlopment Research Centre, 2001.

Johnson, J.T(1981)”Just War Tradition and the Restraint of War”, Princeton University Press, Princeton, US.

Tanca, Antonio. Foreign Armed Intervention in Internal Conflict. Dordrecht: Martinus Nijhoff Publishers, 1993

United Nations. "United Nations Charter." United Nations. 25 November 2008 .

Weiss, Thomas G. Humanitarian Intervention. Cambridge: Polity Press, 2007.


အပြည့်အစုံဖတ်ချင်ရင်..>>>

Civil Society ဆိုရာဝယ်

Thursday, March 17, 2011

နိဒါန်း
နိုင်ငံရေးနဲ့ လူမှုရေးသိပ္ပံပညာရှင်များက paradigm of social orderမှာ မဏ္ဍိုင်သုံးမျိုးရှိတယ်လို့ ရှုမြင်သုံးသပ်ထားကြပါတယ်။ ဒီသုံးမျိုးကတော့ နိုင်ငံတော် (The state)၊ ဈေးကွက် (The Market) နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း (The Civil Society) တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဈေးကွက်ကို ပထမ မဏ္ဍိုင်နဲ့ ဒုတိယမဏ္ဍိုင်လို့ သတ်မှတ်ကြတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းကိုကျတော့ တတိယ မဏ္ဍိုင် လို့ သတ်မှတ်ကြပါတယ်။ Civil societyဆိုတဲ့ သဘောတရားကို လူမှု ဖွဲ့စည်းပုံအမျိုးမျိုးမှာ အဓိပ္ပာယ်ဖွင့်ဆိုထားကြပြီး၊ အထူးသဖြင့် နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း အကြားက ဆက်နွယ်မှုတွေမှာ အကျိုးသက်ရောက်မှုရှိတဲ့ သဘောတရား တခုအဖြစ် ယူဆထားကြပါတယ်။ Civil society သဘောတရားကို အထင်ရှားဆုံး ကိုယ်စားပြုဖော်ဆောင်တဲ့ အဖွဲ့ အစည်းတွေကတော့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (non-government organizations or NGOs) တွေပဲ ဖြစ်ပြီး၊ အန်ဂျီအိုတွေကို (civil society organizations or CSOs) တွေအဖြစ်လဲ သတ်မှတ်ခေါ်ဆိုကြပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်း (civil society) ဆိုတဲ့ သဘောတရားနဲ့ နိုင်ငံတော် အစိုးရတွေအပေါ် သက်ရောက်မှုတွေဟာ ၂၁ ရာစု၊ ကမ္ဘာ့ လူ့အဖွဲ့အစည်းရဲ့ ထင်ရှားတဲ့ ပြယုဂ်တွေ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတော်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကြားက ဆက်နွယ်မှုဆိုင်ရာ သဏ္ဍာန်များ (State – Civil Society Relational Models) လေးမျိုးကို အခြေခံပြီး၊ civil society သဘောတရားကို ရှုမြင်သုံးသပ်ပုံနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ပုံတွေ ကွဲပြားပါတယ်။ ဒီလေးမျိုးကတော့ ထိပ်တိုက်ရင်ဆိုင်မှုပေါ်မှာ အခြေခံတဲ့ confrontational model ၊ ပူးပေါင်းဆောင်ရွက်ခြင်း အပေါ်မှာ အခြေခံတဲ့ collaborative model ၊ ထိပ်တိုက်ရင်ဆိုင်ခြင်း- ပူးပေါင်းဆောင်ရွက်ခြင်းမရှိပဲ သီးခြားရပ်တည်မှုပေါ်မှာ အခြေခံတဲ့ autonomous model၊ ကြားဝင်စေ့စပ်ဖြေရှင်းခြင်း အပေါ်မှာ အခြေခံတဲ့ mediational modelတို့ပဲ ဖြစ်ပါတယ်။

Confrontational Model of Civil Society
ဆယ့်ခုနစ်ရာစုနဲ့ ဆယ့်ရှစ်ရာစုကာလတွေမှာ ဥရောပမှာ modern state systemဆိုတဲ့ အတွေးအခေါ်တွေ ထွန်းကားလာခဲ့ပါတယ်။ အကြွင်းမဲ့ အာဏာကျင့်သုံးမှုစနစ်၊ ဘုရင်စနစ်တွေနဲ့ အပြိုင်ပေါ်ထွက်လာခဲ့တဲ့ ဒီအတွေးအခေါ်တွေ ထဲမှာ အရပ်ဘက်လူ့အဖွဲ့အစည်း (civil society) ဆိုတဲ့ သဘောတရားကလဲ စတင်ပေါက်ဖွားလာပါတယ်။ နိုင်ငံရေးတွေးခေါ် ပညာရှင်တွေဖြစ်တဲ့ Montesquieu နဲ့ Kant တို့ရဲ့ ရေးသားချက်တွေထဲမှာ အရပ်ဘက်လူ့အဖွဲ့အစည်း ဆိုတာကို အုပ်ချုပ်သူတွေရဲ့ အကြွင်းမဲ့အာဏာကို ထိန်းညှိစစ်ဆေးဖို့ လိုအပ်တဲ့ မဏ္ဍိုင်တခုအနေနဲ့ ရည်ညွှန်းထားကြ ပါတယ်။ အဲဒီအချိန်ကာလက အစပြုပြီး ဥရောပနိုင်ငံရေးဒဿနိကရဲ့ Liberal tradition တခုလုံးမှာ အရပ်ဘက် လူ့အဖွဲ့အစည်းဆိုတာကို ထိပ်တိုက်ရင်ဆိုင်ခြင်း အသွင်သဏ္ဍာန်နဲ့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပါတယ်။

Neo-conservative tradition မှာလဲ civil society ဆိုတာကို နိုင်ငံတော်နဲ့ ဆန့်ကျင်ဘက်အနေနဲ့ သုံးသပ်ပြီး၊ ဈေးကွက်လုပ်ငန်းဆောင်တာတွေရဲ့ နိုင်ငံရေးမပါသော မဏ္ဍိုင်အဖြစ် သတ်မှတ်ထားကြပါတယ်။ ဆိုရှယ်လစ် ပညာရှင် တယောက်ဖြစ်တဲ့ Vaclav Havel ကလဲ civil society ဆိုတာ နိုင်ငံရေးဆန့်ကျင်ခြင်း ဒိုမိန်း (domain of anti-politics) ဖြစ်ပြီး၊ နိုင်ငံတော်နဲ့ အရပ်ဘက် လူ့အဖွဲ့အကြားက ဆက်နွယ်မှုဟာ ဆန့်ကျင်ဘက် ဆက်နွယ်မှု လို့ ဆိုခဲ့ပါတယ်။ နိုင်ငံရေးပညာရှင် Ernest Gellner နဲ့ Şerif Mardin ဆိုသူတို့ကလဲ civil society ဆိုတာ နိုင်ငံတော်ရဲ့ လူ့အဖွဲ့အစည်းပေါ် ထိန်းချုပ်မှုတွေကို ထိန်းညှိပေးဖို့ ပေါ်ထွက်လာတဲ့ counter-balancing mechanism လို့ ဆိုခဲ့ကြပါတယ်။

ဒီလို ထိပ်တိုက်ရင်ဆိုင်ခြင်း၊ ထိန်းညှိပေးခြင်းဆိုင်ရာ Confrontational Model ကို အခြေခံပြီး Civil Society အားကောင်းလာအောင် ပြုလုပ်တဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေ ယနေ့ကမ္ဘာမှာ အများအပြား ရှိပါတယ်။

Autonomous Model of Civil Society

၂၀ ရာစုနှောင်းပိုင်းမှာ ထိပ်တိုက်ရင်ဆိုင်ခြင်း အတွေးအခေါ်က နိုင်ငံတော်နဲ့ civil society ကို ဆန့်ကျင်ဘက်အနေနဲ့ သတ်မှတ်မှုအပေါ်မှာ အခြေခံပြီး၊ anti-statist ideological agenda အပေါ်မှာ အခြေခံထားတယ်လို့ ရှုမြင် သုံးသပ်သူတွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။ Civil Society ဟာ နိုင်ငံတော်နဲ့ ကွဲပြားခြားနားတာ မှတ်ပေမယ့် နိုင်ငံတော်ကို ဆန့်ကျင်တာ မဟုတ်ပဲ ကိုယ်ပိုင်သီးခြား ရပ်တည်တဲ့ မဏ္ဍိုင်တခုသာ ဖြစ်တယ်လို့ Robert Hefner, Keith Tester, David Anderson, Jean Cohen နဲ့ Andrew Arato စတဲ့ civil society theorists တွေက ဆိုခဲ့ကြပါတယ်။

Charles Taylor, Larry Diamond, Gordon White, John A. Hall နဲ့ He Baogang စတဲ့ နိုင်ငံရေးပညာရှင်များကလဲ ဒီအဆိုကို လက်ခံခဲ့ကြပါတယ်။ Civil Society ဆိုတာ နိုင်ငံတော်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုက လွတ်ကင်းတဲ့ လွတ်လပ်သော အစုအဖွဲ့များ ပါဝင်နေတဲ့ လူ့အဖွဲ့အစည်း တရပ်ဖြစ်ကြောင်း Charles Taylor က ဆိုခဲ့ပါတယ်။ Hall ကလဲ လူ့အဖွဲ့အစည်းက နိုင်ငံတော်ရဲ့ ပါဝင်ပတ်သက်မှုမရှိပဲ မိမိတို့ဘာသာ သီးခြားစုဖွဲ့မှု ‘societal self-organization’ ဟာ civil society ရဲ့ သွင်ပြင်လက္ခဏာ တရပ်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ Baogang ကတော့ civil society တည်ရှိမှုဆိုတာကို သက်ဆိုင်ရာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းတွင်းမှာ ပေါ်ထွက်နေတဲ့ အသင်းအပင်းတွေဟာ နိုင်ငံတော်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှု ဘယ်လောက်ကင်းသလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။

Autonomous Model of Civil Society သဘောတရားတွေကို လူမှုရေးအသင်းအဖွဲ့တွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ကြတဲ့ အဖွဲ့အစည်းများစွာက လက်ခံ ကျင့်သုံးနေ ကြပါတယ်။ သို့ပေမယ့် ဒီသဘောတရားတွေဟာ neo-conservative paradigm မှာ အခြေခံတဲ့ civil society ဆိုတာ depoliticized sphere ဆိုတဲ့ အမြင်ကိုတော့ ဆန့်ကျင်ပါတယ်။ လူထုအခြေပြု နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ voluntary social movements paradigm အယူအဆတွေနဲ့ ပိုပြီး ဆက်နွယ်မှု ရှိပါတယ်။

Collaborative Model of Civil Society

၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု ကနဦးပိုင်းကာလတွေမှာ ကမ္ဘာ့နိုင်ငံတော်တော်များများက နိုင်ငံတော်အစိုးရတွေဟာ ပြည်သူ့အကျိုးစီးပွားကို ဦးတည်တဲ့ ဒီမိုကရေစီ အစိုးရတွေ ဖြစ်လာကြပါတယ်။ ဒီလို ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံတော်နဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းပေါ် အခြေတည်တဲ့ confrontational model နဲ့ သီးခြားရပ်တည်တဲ့ autonomous model တွေအပြင် ပူးပေါင်းဆောင်ရွက်ခြင်းအပေါ် အခြေတည်တဲ့ collaborative model ကိုလဲ ပညာရှင်အများစုက ဦးစားပေး တင်ပြလာကြပါတယ်။ civil society ရဲ့ နိုင်ငံရေးရှုထောင့် (political dimension) ကို အာရုံစိုက်ခြင်း မရှိပဲ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စတဲ့ မူဝါဒရေးရာတွေမှာ နိုင်ငံတော်နဲ့ Civil Society Organizations တွေ ပူးပေါင်းပါဝင်သင့်တယ်ဆိုတဲ့ ဒီအယူအဆတွေဟာ civil society ဆိုတာကို depoliticized sphere အဖြစ် ရှုမြင်တဲ့ neo-conservative paradigm အပေါ်မှာ အခြေတည်တယ်လို့ ဆိုနိုင်ပါတယ်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ မူဝါဒတွေကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ဒီမိုကရေစီအစိုးရမဟုတ်တဲ့ အာဏာရှင်အစိုးရတွေနဲ့ အဆင်အပြေဆုံးလို့ ယူဆရတဲ့ အတွက် collaborative model ကို နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ WHO, UNESCO, UNDP အဖွဲ့အစည်းတွေ အပါအ၀င် Civil Society Organizations တော်တော်များများက အသုံးပြုကြပါတယ်။ Civil Society ဆက်လက်ရှင်သန် ရပ်တည်နိုင်မှုကို အထောက်အကူပေးနိုင်ဆုံး model တရပ်အနေနဲ့ သတ်မှတ်ထားကြပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ဒီ Model ကို အာဏာရှင်နိုင်ငံတွေမှာ အသုံးပြုမယ့် အန်ဂျီအို အဖွဲ့တွေ (အထူးသဖြင့် အဖွဲ့ငယ်လေးတွေ) အနေနဲ့ civil society ဆိုတာကို depoliticized sphere အဖြစ် ကနဦးရှုမြင်ထားဖို့ လိုပါတယ်။ collaborative model ကို အသုံးပြုပြီးမှ political dimension ကို ထည့်သွင်းလာခဲ့ရင်တော့ အာဏာရှင်အစိုးရနဲ့ ပြဿနာတက်ရင်တက်၊ မတက်ရင်လဲ အာဏာရှင် အစိုးရရဲ့ အာဏာတည်မြဲရေး အသုံးချခံ လက်ကိုင်ဒုတ်တွေ ဖြစ်သွားတတ်ပါတယ်။

Mediational Model of Civil Society

တချို့ ပညာရှင်တွေကတော့ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကြားက စေ့စပ်ဆွေးနွေးရေးကို လုပ်ဆောင်ပေးမယ့် mediating sphere အနေနဲ့ သတ်မှတ်ကြပါတယ်။ နိုင်ငံရေးပညာရှင် Norton က နိုင်ငံတော်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကြားမှာ mediating structure လိုအပ်ချက်ကို civil society က ဖြည့်ဆည်းပေးနိုင်တယ်လို့ အဆိုပြုခဲ့ပါတယ်။ Sunar ဆိုသူကလဲ အတင်းအကြပ်တိုက်တွန်းခြင်း၊ ချုပ်ခြယ်ခြင်းစတာတွေ မပါတဲ့ စုဖွဲ့မှု ကြားခံ ဒိုမိန်းတခုအနေနဲ့ civil society ကို သတ်မှတ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ Mediational Model ကို လက်ခံကျင့်သုံးတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေက အရပ်ဘက် လူ့အဖွဲ့အစည်းဆိုတာကို နိုင်ငံတော် (state) နဲ့ လူ့အဖွဲ့အစည်း (Society) တို့နဲ့ သီးခြားရှိနေတဲ့ ကြားခံစေ့စပ်ဆွေးနွေးရေး sphere တခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။

အငြင်းပွားမှုများ

အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society)နဲ့ Civil Society Organizations (CSOs) တွေအဖြစ် ပါဝင်နေတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ အမြင်တွေနဲ့ အငြင်းပွားမှုတွေ အများအပြား ရှိပါတယ်။ ထင်ရှားတဲ့ အမြင်တွေကတော့

(၁) အန်ဂျီအိုလုပ်ရင် နိုင်ငံရေးမလုပ်ရဘူး။
ဒီအမြင်က Collaborative Model of Civil Society အပေါ်မှာ အခြေခံပြီး ပေါ်ထွက်လာတာ ဖြစ်ပါတယ်။Confrontational Model နဲ့ Autonomous Model တွေအပေါ်မှာ အခြေခံပြီး အတိုက်အခံနိုင်ငံရေးနဲ့ လူထုအခြေပြုနိုင်ငံရေးကို ဖော်ဆောင်နေတဲ့ အန်ဂျီအိုတွေ အများကြီး ရှိပါတယ်။

(၂) နိုင်ငံရေးမလုပ်ပဲ လူမှုရေးအလုပ်တွေ၊ အန်ဂျီအိုအလုပ်တွေ လုပ်နေတယ်။
ဒီအမြင်က အန်ဂျီအိုအလုပ်ဆိုတာကို depoliticized sphere အနေနဲ့ ရှုမြင်သုံးသပ်ချက်ကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေးပါဝင်ပတ်သက်မှု (political participation) ဆိုတာမှာ ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲနဲ့ လွှတ်တော်တွေမှာ ပါဝင်ပတ်သက်တဲ့ conventional politics ဆိုင်ရာ ပါဝင်ပတ်သက်မှု ဆိုတာ ရှိသလို၊ တော်လှန်ရေးတွေ၊ လူထုလှုပ်ရှားမှု၊ စည်းရုံးရေးအသွင်ဆောင်တဲ့ လူထုအခြေပြုနိုင်ငံရေးလုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပတ်သက်တဲ့ contentious politics ဆိုင်ရာ ပါဝင်ပတ်သက်မှုဆိုတာလဲ ရှိပါတယ်။ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှုမှာ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပဲ ပါဝင်ဦးဆောင်ရုံနဲ့ လူထုလှုပ်ရှားမှုတွေ ပေါ်ထွက်လာခြင်း မရှိနိုင်ပါ။ တပ်ဦးကျွှံတဲ့ မအောင်မြင်သော တော်လှန်ရေးတွေပဲ ပေါ်ထွက်လာနိုင်ပါတယ်။ လူထုနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ တသားတည်းဖြစ်လာမှသာ အောင်မြင်မှု အလားအလာ ကောင်းတဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်လာနိုင်ပါတယ်။ ဒီအတွက် လူထုကို လှေကားချ စည်းရုံးနိုင်ဖို့ အန်ဂျီအိုအလုပ်တွေ၊ Civil Society အားကောင်းလာအောင် ချဲ့ထွင်မှုတွေကိုလဲ politicized sphere အနေနဲ့ အကောင်အထည်ဖော်ဆောင်ရမှုတွေ ရှိတတ်ပါတယ်။



(၃) အန်ဂျီအိုတွေ အာဏာရှင်တွေနဲ့ ပေါင်းလုပ်နေကြတယ်။

Collaborative Model ကို အခြေခံပြီး ဖွဲ့စည်းတဲ့ အန်ဂျီအိုတွေက အာဏာရှင်အစိုးရတွေနဲ့ မဖြစ်မနေ အလုပ်တွဲလုပ်ကြရမှာပဲ ဖြစ်ပါတယ်။ ဒီလို တွဲလုပ်ကြတာကို အပြစ်မြင်စရာ မရှိပါ။ သို့ပေမယ့် ဒီလို တွဲလုပ်တဲ့အခါ depoliticized sphere အနေနဲ့ သတ်မှတ်ပြီး တွဲလုပ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းများကိုတော့ အာဏာရှင်အစိုးရတွေက လက်ကိုင်ဒုတ်အဖြစ် အသုံးမချရဲကြပါဘူး။ Constructive engagement ပြုလုပ်နိုင်တယ်ဆိုတဲ့ တံခါးလေးကို ဖွင့်ထားပေးရုံလောက်ပါပဲ။ သို့ပေမယ့် စာနယ်ဇင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဖွဲ့ငယ်လေးတွေကိုတော့ လက်ကိုင်ဒုတ်အဖြစ် အသုံးချနိုင်အောင် ကြိုးပမ်းလေ့ရှိကြပါတယ်။ အထူးသဖြင့် အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အာဏာရှင်တွေကိုယ်တိုင်က collaborative Model ကို အခြေခံမယ့် အန်ဂျီအိုအဖွဲ့ငယ်လေးတွေကို နောက်ကွယ်ကနေ ကြိုးကိုင်ဖွဲ့စည်းထားလေ့ရှိကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ သို့ပေမယ့် အန်ဂျီအို အားလုံးကိုတော့ အာဏာရှင်တွေနဲ့ ပူးပေါင်းလုပ်နေတဲ့၊ အာဏာရှင်လက်ကိုင်ဒုတ်တွေအဖြစ် သတ်မှတ်လို့ မရနိုင်ပါ။

နိဂုံး

နိဂုံးချုပ်ဆိုရရင် Civil Society အားကောင်းမှုဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် (democratization) ရဲ့ ဒုတိယပိုင်းဖြစ်တဲ့ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာမှု (democratic consolidation) အတွက် အရေးကြီးတဲ့ အချက်တချက် ဖြစ်ပါတယ်။ paradigm of social order ရဲ့ မဏ္ဍိုင်ကြီးတခုလဲ ဖြစ်ပါတယ်။ ဒါကြောင့် Civil Society အားကောင်းလာအောင် အကောင်အထည်ဖော်ဆောင်ချက်တွေမှာ ရှုထောင့်တမျိုးတည်းကနေ တကြောင်းဆွဲအမြင်နဲ့ မကြည့်ပဲ၊ ရှုထောင့်စုံကနေ သုံးသပ်ဆန်းစစ်မှု ပြုလုပ်ရန် အရေးကြီးပါတယ်။ ကွဲပြားခြားနားတဲ့ Model တွေကို ကိုင်စွဲပြီး အငြင်းပွားနေကြတာထက်၊ မိမိကိုင်စွဲ အသုံးပြုနေတဲ့ Model ပေါ်အခြေခံပြီး လုပ်ငန်းစဉ်တွေ အောင်မြင်စွာအကောင်အထည်ပေါ်လာရေးကိုသာ အာရုံစိုက်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၆၊ ၃၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။


Diamond L. (1994) “Rethinking Civil Society: Toward Democratic Consolidation”, Journal of Democracy, July

Kumar, K. (1993) “Civil Society: An Inquiry into the Usefulness of an Historical Term”, British Journal of Sociology, vol. 44, pp. 375-95

Havel, V. (1988) “Anti-political Politics”, in Civil Society and the State: New European Perspectives, ed. John Keane, London and New York: Verso, pp. 381-98.

Mardin, S. (1995) “Civil Society and Islam”, in Civil Society: Theory, History and Comparison, ed. John Hall Cambridge: Polity

Mbogori, E. and Chigudu, H. (1999) “Civil Society and Government: A Continuum of Possibilities”, in Civil Society at the Millennium, West Hartford, Conn.: Kumarian Press in cooperation with CIVICUS

Norton, A. (1995) “Introduction”, in Civil Society in the Middle East, ed. Andrew Richard Norton, vol. I, Leiden: E.J. Brill

Richter, M. (1998) “Montesquieu and the Concept of Civil Society”, The European Legacy, vol.3, no. 66, pp. 33-41

Seligman, A. (1992) The Idea of Civil Society, New York: Free Press

Serrano, I. (1994) Civil Society in the Asia-Pacific Region, Washington D.C.: Civicus

Taylor, C. (1990) “Modes of Civil Society”, Public Culture, vol. 3. no. 1, p. 111

White, G. (1994) “Civil Society, Democratization and Development (I): Clearing the Analytical Ground”, Democratization, vol. 1, no. 3, p. 379

အပြည့်အစုံဖတ်ချင်ရင်..>>>

ပြည်သူ့တော်လှန်ရေး စာစောင် (မတ်လ၊ ၂၀၁၁)

Tuesday, March 15, 2011

FBF journal

အပြည့်အစုံဖတ်ချင်ရင်..>>>

လူ့အခွင့်အရေးနေ့ ပိုစတာ

Sunday, March 13, 2011

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆူနာမီ အန္တရာယ်နှင့် ပတ်သက်၍ ပြည်ပမြန်မာ အချင်းချင်း ကူညီပံ့ပိုးပေးကြပါ

Friday, March 11, 2011

ရာသီဥတု အခြေအနေနှင့် ပတ်သက်၍ ပစိဖိတ် စင်တာမှ ထုတ်ပြန်လိုက်သော သတင်းအချက် အလက်များအရ ဆူနာမီ အန္တရာယ်သည် ဂျပန်၊ ရုရှား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ မာရှယ်ကျွန်းစု၊ အင်ဒိုနီးရှား၊ ပါပ၀ါနယူရီနီ၊ ဟာဝိုင်အီ၊ အယ်ဆာဘေဒါ၊ ကော့စတာရီကာ၊ နီဂွာရာ၊ ပနားမား၊ ချီလီ၊ ကိုလံဘီယာ၊ ပီရူးနိုင်ငံများအပါအ၀င် နေရာအနှံ့ပြားသို့ သက်ရောက်မှု ရှိနေပါသည်။

သို့ဖြစ်ရာ ပြည်ပရောက် မြန်မာများ အနေဖြင့် မိမိတို့နိုင်ငံနှင့် နယ်မြေဒေမှ ရာသီဥတု သတင်းများကို မျက်ချေမပြတ်နားထောင်ခြင်း၊ အန္တရာယ် သက်ရောက်မှုရှိသည့် ဒေသများတွင် နေထိုင်ပါက သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရန် ရိက္ခာများ၊ ဆက်သွယ်ရေးပစ္စည်းများ ပြင်ဆင်ထားခြင်း စသည်တို့ကို ပြုလုပ်ထားကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ဆူနာမီ အန္တရာယ် မသက်ရောက်သော ဒေသများမှ မြန်မာများအနေဖြင့်လဲ အောက်ပါလုပ်ငန်း ဆောင်တာများကို ပြုလုပ်၍ မြန်မာအချင်းချင်း အကူအညီပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

(က) သဘာဝ ဘေးအန္တရာယ် မကျရောက်ခင် အခြေအနေ
မိမိတို့နှင့် ရင်းနှီးသူများ၊ အသိအကျွမ်းများသည် ဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများတွင် နေထိုင်ပါက ဖုန်းဆက်အကြောင်းကြား၍ သတိပြုပြင်ဆင်ထားရန် တိုက်တွန်းခြင်း
လိုအပ်ပါက အကူအညီပေးနိုင်မည့် နည်းလမ်းများ၊ ဆက်သွယ်ရမည့် လိပ်စာများကို ကြိုတင်ရှာဖွေထားခြင်း
အဆိုပါဒေသတွင် ရှိသော မြန်မာ မိသားစုများအား ဆက်လက်အကြောင်းကြားပေးထားရန် တိုက်တွန်းခြင်း


(ခ) သဘာဝ ဘေးအန္တရာယ် ကျရောက်ထားသော အခြေအနေ

ယခုလက်ရှိအခြေအနေတွင် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ လူမျိုးများသည် ဆူနာမီအန္တရာယ် ငလျင်ဒဏ်ကို ခံစားနေကြရပါသည်။ အဆိုပါ မြန်မာလူမျိုးနှင့် ဆက်စပ်သော အခြားနိုင်ငံပေါင်းစုံမှ မိသားစုဝင်များ၊ မိတ်ဆွေများမှလည်း စိတ်ပူလျက်ရှိပါသည်။ အခြား မည်သည့်နိုင်ငံများသို့ ဆူနာမီ ဂယက် ဆက်လက် ဂယက်ရိုက်ဦးမည် မသိနိုင်သေးပါ။ သို့ဖြစ်ရာ

ဆူနာမီအန္တရာယ် ကျရောက်ထားသော ဒေသမှ မိမိတို့၏ မိတ်ဆွေများ၊ သိကျွမ်းသူများ၊ လုပ်ဖော်ကိုင်ဖက်များ၏ အခြေအနေကို ဆက်သွယ်၍ ရနိုင်သော နည်းလမ်းများဖြင့် စုံစမ်းခြင်း၊ ပြည်တွင်း မိသားစုသို့ အကြောင်းကြားရန် လိုအပ်သော အခြေအနေများရှိပါက ကောင်းသတင်း၊ ဆိုးသတင်းကို အကြောင်းကြားပေးခြင်း
မိမိတို့ အစုအဖွဲ့အလိုက် အရေးပေါ်ကူညီရန် ရံပုံငွေ ကောက်ခံထားရှိခြင်း
အားပေးစကားပြောကြားခြင်း
မတော်တဆ အနုမြူယိုစိမ့်မှု အန္တရာယ် ဖြစ်ပွားလာပါက မိမိနှင့် နီးစပ်သူများ အန္တရာယ်ကင်းလွတ်ရာသို့ ရောက်ရှိစေရန် လိုအပ်သည်များ ကူညီပေးခြင်း

စသည်တို့ဖြင့် ပြည်ပရောက် မြန်မာလူမျိုးများ အချင်းချင်း နီးစပ်ရာ အကူအညီပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

ခင်မမမျိုး (၁၁၊ ၃၊ ၂၀၁၁)

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆူနာမီ သတိပေးချက်

TSUPAC

TSUNAMI BULLETIN NUMBER 010

PACIFIC TSUNAMI WARNING CENTER/NOAA/NWS

ISSUED AT 1432Z 11 MAR 2011

THIS BULLETIN APPLIES TO AREAS WITHIN AND BORDERING THE PACIFIC
OCEAN AND ADJACENT SEAS...EXCEPT ALASKA...BRITISH COLUMBIA...
WASHINGTON...OREGON AND CALIFORNIA.





... A WIDESPREAD TSUNAMI WARNING IS IN EFFECT ...

A TSUNAMI WARNING IS IN EFFECT FOR
JAPAN / RUSSIA
TAIWAN / YAP / PHILIPPINES / MARSHALL IS. / BELAU /
POHNPEI / CHUUK / KOSRAE / INDONESIA / PAPUA NEW GUINEA /
NAURU / SOLOMON IS. / KIRIBATI / HOWLAND-BAKER /
HAWAII / TUVALU / PALMYRA IS. / VANUATU / TOKELAU / JARVIS IS. /
WALLIS-FUTUNA / SAMOA / AMERICAN SAMOA / COOK ISLANDS / NIUE /
FIJI / NEW CALEDONIA / TONGA / MEXICO /
KERMADEC IS / FR. POLYNESIA / PITCAIRN /
GUATEMALA / EL SALVADOR / COSTA RICA / NICARAGUA / ANTARCTICA /
PANAMA / HONDURAS / CHILE / ECUADOR / COLOMBIA / PERU

THIS BULLETIN IS ISSUED AS ADVICE TO GOVERNMENT AGENCIES. ONLY
NATIONAL AND LOCAL GOVERNMENT AGENCIES HAVE THE AUTHORITY TO MAKE
DECISIONS REGARDING THE OFFICIAL STATE OF ALERT IN THEIR AREA AND
ANY ACTIONS TO BE TAKEN IN RESPONSE.

AN EARTHQUAKE HAS OCCURRED WITH THESE PRELIMINARY PARAMETERS
ORIGIN TIME - 0546Z 11 MAR 2011
COORDINATES - 38.3 NORTH 142.4 EAST
DEPTH - 24 KM
LOCATION - NEAR EAST COAST OF HONSHU JAPAN
MAGNITUDE - 8.9

MEASUREMENTS OR REPORTS OF TSUNAMI WAVE ACTIVITY
GAUGE LOCATION LAT LON TIME AMPL PER
MANUS PG 2.0S 147.4E 1206Z 0.47M / 1.6FT 60MIN
LOMBRUM MANUS IS PG 2.0S 147.4E 1205Z 0.49M / 1.6FT 60MIN
BETIO TARAWA KI 1.4N 172.9E 1225Z 0.21M / 0.7FT 24MIN
NAURU 0.5S 166.9E 1156Z 0.20M / 0.7FT 24MIN
NAWILIWILI KAUAI 22.0N 159.4W 1343Z 0.76M / 2.5FT 12MIN
HILO HAWAII 19.7N 155.1W 1342Z 1.04M / 3.4FT 60MIN
KAWAIHAE HAWAII 20.0N 155.8W 1333Z 0.92M / 3.0FT 52MIN
DART 51407 19.6N 156.5W 1337Z 0.15M / 0.5FT 14MIN
KAHULUI MAUI 20.9N 156.5W 1327Z 1.74M / 5.7FT 52MIN
KAUMALAPAU HAWAII 20.8N 156.9W 1340Z 0.31M / 1.0FT 12MIN
HONOLULU OAHU 21.3N 157.9W 1314Z 0.66M / 2.2FT 52MIN
BARBERS PT HI 21.3N 158.1W 1308Z 0.70M / 2.3FT 64MIN
TERN FR. FRIGATE US 23.9N 166.3W 1224Z 0.38M / 1.2FT 16MIN
JOHNSTON US 16.7N 169.5W 1206Z 0.20M / 0.7FT 72MIN
DART 52402 11.7N 154.2E 0931Z 0.29M / 0.9FT 22MIN
DART 46403 52.7N 156.9W 1127Z 0.09M / 0.3FT 60MIN
LEGASPI PH 13.1N 123.8E 1116Z 0.25M / 0.8FT 58MIN
KWAJALEIN MH 8.7N 167.7E 1111Z 0.55M / 1.8FT 48MIN
NIKOLSKI AK 52.9N 168.9W 1109Z 0.27M / 0.9FT 64MIN
HANASAKI HOKKAIDO J 43.3N 145.6E 0656Z 1.83M / 6.0FT 24MIN
MIDWAY 28.2N 177.4W 1048Z 1.27M / 4.2FT 12MIN
TOSASHIMIZU SHIKOKU 32.8N 133.0E 0946Z 0.84M / 2.8FT 28MIN
ADAK AK 51.9N 176.6W 1034Z 0.35M / 1.2FT 22MIN
YAP FM 9.5N 138.1E 1013Z 0.15M / 0.5FT 88MIN
DART 21415 50.2N 171.8E 0845Z 0.27M / 0.9FT 52MIN
WAKE US 19.3N 166.6E 0928Z 0.39M / 1.3FT 14MIN
NAHA OKINAWA JP 26.2N 127.7E 0901Z 0.25M / 0.8FT 60MIN
SAIPAN US 15.2N 145.7E 0916Z 0.65M / 2.1FT 30MIN
OMAEZAKI HONSHU JP 34.6N 138.2E 0818Z 1.42M / 4.6FT 56MIN
DART 21419 44.5N 155.7E 0716Z 0.40M / 1.3FT 20MIN
DART 21413 30.5N 152.1E 0659Z 0.76M / 2.5FT 32MIN
DART 21401 42.6N 152.6E 0643Z 0.67M / 2.2FT 40MIN
DART 21418 38.7N 148.7E 0619Z 1.08M / 3.5FT 06MIN
LAT - LATITUDE (N-NORTH, S-SOUTH)
LON - LONGITUDE (E-EAST, W-WEST)
TIME - TIME OF THE MEASUREMENT (Z IS UTC IS GREENWICH TIME)
AMPL - TSUNAMI AMPLITUDE MEASURED RELATIVE TO NORMAL SEA LEVEL.
IT IS ...NOT... CREST-TO-TROUGH WAVE HEIGHT.
VALUES ARE GIVEN IN BOTH METERS(M) AND FEET(FT).
PER - PERIOD OF TIME IN MINUTES(MIN) FROM ONE WAVE TO THE NEXT.
NOTE - DART MEASUREMENTS ARE FROM THE DEEP OCEAN AND THEY
ARE GENERALLY MUCH SMALLER THAN WOULD BE COASTAL
MEASUREMENTS AT SIMILAR LOCATIONS.


EVALUATION

SEA LEVEL READINGS CONFIRM THAT A TSUNAMI HAS BEEN GENERATED
WHICH COULD CAUSE WIDESPREAD DAMAGE. AUTHORITIES SHOULD TAKE
APPROPRIATE ACTION IN RESPONSE TO THIS THREAT. THIS CENTER WILL
CONTINUE TO MONITOR SEA LEVEL DATA TO DETERMINE THE EXTENT AND
SEVERITY OF THE THREAT.

A TSUNAMI IS A SERIES OF WAVES AND THE FIRST WAVE MAY NOT BE THE
LARGEST. TSUNAMI WAVE HEIGHTS CANNOT BE PREDICTED AND CAN VARY
SIGNIFICANTLY ALONG A COAST DUE TO LOCAL EFFECTS. THE TIME FROM
ONE TSUNAMI WAVE TO THE NEXT CAN BE FIVE MINUTES TO AN HOUR, AND
THE THREAT CAN CONTINUE FOR MANY HOURS AS MULTIPLE WAVES ARRIVE.
FOR ALL AREAS - WHEN NO MAJOR WAVES ARE OBSERVED FOR TWO HOURS
AFTER THE ESTIMATED TIME OF ARRIVAL OR DAMAGING WAVES HAVE NOT
OCCURRED FOR AT LEAST TWO HOURS THEN LOCAL AUTHORITIES CAN ASSUME
THE THREAT IS PASSED. DANGER TO BOATS AND COASTAL STRUCTURES CAN
CONTINUE FOR SEVERAL HOURS DUE TO RAPID CURRENTS. AS LOCAL
CONDITIONS CAN CAUSE A WIDE VARIATION IN TSUNAMI WAVE ACTION THE



ALL CLEAR DETERMINATION MUST BE MADE BY LOCAL AUTHORITIES.
ESTIMATED INITIAL TSUNAMI WAVE ARRIVAL TIMES AT FORECAST POINTS
WITHIN THE WARNING AND WATCH AREAS ARE GIVEN BELOW. ACTUAL
ARRIVAL TIMES MAY DIFFER AND THE INITIAL WAVE MAY NOT BE THE
LARGEST. A TSUNAMI IS A SERIES OF WAVES AND THE TIME BETWEEN
SUCCESSIVE WAVES CAN BE FIVE MINUTES TO ONE HOUR.


LOCATION FORECAST POINT COORDINATES ARRIVAL TIME
YAP YAP_IS. 9.5N 138.1E 0952Z 11 MAR
PHILIPPINES PALANAN 17.1N 122.6E 1002Z 11 MAR
LEGASPI 13.2N 123.8E 1033Z 11 MAR
DAVAO 6.8N 125.7E 1100Z 11 MAR
MARSHALL IS. ENIWETOK 11.4N 162.3E 1021Z 11 MAR
KWAJALEIN 8.7N 167.7E 1053Z 11 MAR
MAJURO 7.1N 171.4E 1132Z 11 MAR
BELAU MALAKAL 7.3N 134.5E 1032Z 11 MAR
MIDWAY IS. MIDWAY_IS. 28.2N 182.6E 1035Z 11 MAR
POHNPEI POHNPEI_IS. 7.0N 158.2E 1036Z 11 MAR
CHUUK CHUUK_IS. 7.4N 151.8E 1041Z 11 MAR
KOSRAE KOSRAE_IS. 5.5N 163.0E 1051Z 11 MAR
INDONESIA GEME 4.6N 126.8E 1057Z 11 MAR
BEREBERE 2.5N 128.7E 1105Z 11 MAR
WARSA 0.6S 135.8E 1117Z 11 MAR
MANOKWARI 0.8S 134.2E 1125Z 11 MAR
PATANI 0.4N 128.8E 1131Z 11 MAR
JAYAPURA 2.4S 140.8E 1142Z 11 MAR
SORONG 0.8S 131.1E 1143Z 11 MAR
PAPUA NEW GUINE MANUS_IS. 2.0S 147.5E 1131Z 11 MAR
KAVIENG 2.5S 150.7E 1132Z 11 MAR
VANIMO 2.6S 141.3E 1142Z 11 MAR
WEWAK 3.5S 143.6E 1154Z 11 MAR
RABAUL 4.2S 152.3E 1202Z 11 MAR
KIETA 6.1S 155.6E 1212Z 11 MAR
AMUN 6.0S 154.7E 1219Z 11 MAR
MADANG 5.2S 145.8E 1223Z 11 MAR
LAE 6.8S 147.0E 1301Z 11 MAR
PORT_MORESBY 9.3S 146.9E 1437Z 11 MAR
NAURU NAURU 0.5S 166.9E 1157Z 11 MAR
SOLOMON IS. PANGGOE 6.9S 157.2E 1228Z 11 MAR
FALAMAE 7.4S 155.6E 1230Z 11 MAR
MUNDA 8.4S 157.2E 1247Z 11 MAR
GHATERE 7.8S 159.2E 1256Z 11 MAR
AUKI 8.8S 160.6E 1317Z 11 MAR
HONIARA 9.3S 160.0E 1322Z 11 MAR
KIRAKIRA 10.4S 161.9E 1326Z 11 MAR
KIRIBATI TARAWA_IS. 1.5N 173.0E 1236Z 11 MAR
KANTON_IS. 2.8S 188.3E 1337Z 11 MAR
CHRISTMAS_IS. 2.0N 202.5E 1451Z 11 MAR
MALDEN_IS. 3.9S 205.1E 1526Z 11 MAR
FLINT_IS. 11.4S 208.2E 1621Z 11 MAR
HOWLAND-BAKER HOWLAND_IS. 0.6N 183.4E 1251Z 11 MAR
HAWAII NAWILIWILI 22.0N 200.6E 1307Z 11 MAR
HONOLULU 21.3N 202.1E 1321Z 11 MAR
KAHULUI 20.9N 203.5E 1327Z 11 MAR
HILO 19.7N 204.9E 1346Z 11 MAR
TUVALU FUNAFUTI_IS. 7.9S 178.5E 1338Z 11 MAR
PALMYRA IS. PALMYRA_IS. 6.3N 197.6E 1354Z 11 MAR
VANUATU ESPERITU_SANTO 15.1S 167.3E 1416Z 11 MAR
ANATOM_IS. 20.2S 169.9E 1511Z 11 MAR
TOKELAU NUKUNONU_IS. 9.2S 188.2E 1417Z 11 MAR
JARVIS IS. JARVIS_IS. 0.4S 199.9E 1435Z 11 MAR
WALLIS-FUTUNA WALLIS_IS. 13.3S 183.8E 1435Z 11 MAR
FUTUNA_I. 14.3S 181.8E 1448Z 11 MAR
SAMOA APIA 13.8S 188.2E 1453Z 11 MAR
AMERICAN SAMOA PAGO_PAGO 14.3S 189.3E 1500Z 11 MAR
COOK ISLANDS PUKAPUKA_IS. 10.8S 194.1E 1500Z 11 MAR
PENRYN_IS. 8.9S 202.2E 1533Z 11 MAR
RAROTONGA 21.2S 200.2E 1634Z 11 MAR
NIUE NIUE_IS. 19.0S 190.0E 1535Z 11 MAR
FIJI SUVA 18.1S 178.4E 1537Z 11 MAR
NEW CALEDONIA NOUMEA 22.3S 166.5E 1538Z 11 MAR
TONGA NUKUALOFA 21.0S 184.8E 1605Z 11 MAR
MEXICO ENSENADA 31.8N 243.2E 1650Z 11 MAR
PUNTA_ABREOJOS 26.7N 246.4E 1738Z 11 MAR
CABO_SAN_LUCAS 22.8N 250.0E 1815Z 11 MAR
SOCORRO 18.8N 249.0E 1825Z 11 MAR
MAZATLAN 23.2N 253.6E 1904Z 11 MAR
MANZANILLO 19.1N 255.7E 1930Z 11 MAR
ACAPULCO 16.9N 260.1E 2005Z 11 MAR
PUERTO_MADERO 14.8N 267.5E 2140Z 11 MAR
KERMADEC IS RAOUL_IS. 29.2S 182.1E 1656Z 11 MAR
FR. POLYNESIA PAPEETE 17.5S 210.4E 1714Z 11 MAR
HIVA_OA 10.0S 221.0E 1753Z 11 MAR
RIKITEA 23.1S 225.0E 1921Z 11 MAR
PITCAIRN PITCAIRN_IS. 25.1S 229.9E 2008Z 11 MAR
GUATEMALA SIPICATE 13.9N 268.8E 2156Z 11 MAR
EL SALVADOR ACAJUTLA 13.6N 270.2E 2202Z 11 MAR
COSTA RICA CABO_SAN_ELENA 10.9N 274.0E 2215Z 11 MAR
PUERTO_QUEPOS 9.4N 275.8E 2241Z 11 MAR
CABO_MATAPALO 8.4N 276.7E 2243Z 11 MAR
NICARAGUA CORINTO 12.5N 272.8E 2223Z 11 MAR
PUERTO_SANDINO 12.2N 273.2E 2229Z 11 MAR
SAN_JUAN_DL_SUR 11.2N 274.1E 2239Z 11 MAR
ANTARCTICA CAPE_ADARE 71.0S 170.0E 2230Z 11 MAR
THURSTON_IS. 72.0S 260.0E 0129Z 12 MAR
PANAMA PUNTA_BURICA 8.0N 277.1E 2254Z 11 MAR
PUNTA_MALA 7.5N 280.0E 2340Z 11 MAR
PUERTO_PINA 7.4N 282.0E 2350Z 11 MAR
BALBOA_HTS. 9.0N 280.4E 0201Z 12 MAR
HONDURAS AMAPALA 13.2N 272.4E 2259Z 11 MAR
CHILE EASTER_IS. 27.1S 250.6E 2303Z 11 MAR
ARICA 18.5S 289.7E 0251Z 12 MAR
IQUIQUE 20.2S 289.9E 0256Z 12 MAR
ANTOFAGASTA 23.3S 289.6E 0302Z 12 MAR
CALDERA 27.1S 289.2E 0322Z 12 MAR
GOLFO_DE_PENAS 47.1S 285.1E 0324Z 12 MAR
COQUIMBO 29.9S 288.6E 0331Z 12 MAR
VALPARAISO 33.0S 288.4E 0345Z 12 MAR
CORRAL 39.8S 286.5E 0401Z 12 MAR
TALCAHUANO 36.7S 286.9E 0407Z 12 MAR
PUERTO_MONTT 41.5S 287.0E 0601Z 12 MAR
PUERTO_WILLIAMS 54.8S 291.8E 0904Z 12 MAR
PUNTA_ARENAS 53.2S 289.1E 1708Z 12 MAR
ECUADOR BALTRA_IS. 0.5S 269.7E 2338Z 11 MAR
ESMERELDAS 1.2N 280.2E 0009Z 12 MAR
LA_LIBERTAD 2.2S 278.8E 0030Z 12 MAR
COLOMBIA BAHIA_SOLANO 6.3N 282.6E 2353Z 11 MAR
TUMACO 1.8N 281.1E 0018Z 12 MAR
BUENAVENTURA 3.8N 282.8E 0036Z 12 MAR
PERU TALARA 4.6S 278.5E 0041Z 12 MAR
PIMENTAL 6.9S 280.0E 0145Z 12 MAR
LA_PUNTA 12.1S 282.8E 0146Z 12 MAR
CHIMBOTE 9.0S 281.2E 0152Z 12 MAR
SAN_JUAN 15.3S 284.8E 0200Z 12 MAR
MOLLENDO 17.1S 288.0E 0233Z 12 MAR

(source: http://www.weather.gov/ptwc/text.php?id=pacific.2011.03.11.143224)

အပြည့်အစုံဖတ်ချင်ရင်..>>>

ပြည်သူ့တော်လှန်ရေး

Thursday, March 3, 2011

တော်လှန်ရေးတရပ် အောင်မြင်မှုရှိရန်အတွက် တော်လှန်ရေးအလားအလာ၊ တော်လှန်ရေး အခြေအနေ၊ ဦးဆောင်မှုနှင့် အဖွဲ့အစည်း၊ လူထုထောက်ခံအားပေးမှု စသည်တို့အပြင် စစ်မျက်နှာအားလုံးကို ပေါင်းစပ်တိုက်ပွဲဝင်မှုမှာလည်း အလွန်အရေးကြီးလှသည်။ ပြည်သူ့တော်လှန်ရေး ဆင်နွှဲရာတွင် စစ်မျက်နှာ တခုတည်းကိုသာ အာရုံစိုက်၍ မရပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးနှင့် နိုင်ငံတကာရေးရာ စစ်မျက်နှာအားလုံးတွင် ဘက်ပေါင်းစုံမှ ပြင်ဆင်တည်ဆောက် တိုက်ပွဲဝင်နိုင်မှသာ အောင်မြင်နိုင်သည့် ရာခိုင်နှုန်း မြင့်မားပါသည်။




တော်လှန်ရေး အလားအလာ

လူ့အဖွဲ့အစည်း၏ စီးပွားရေးအခြေအနေ ယိုယွင်းလာသည့် အချိန်အခါ (သို့မဟုတ်) အစိုးရအုပ်ချုပ်ရေး ယန္တရားများ လျော့ရဲနေသည့် အချိန်အခါ (သို့မဟုတ်) အစိုးရအပြောင်းအလဲများ ဖြစ်ပွားနေသည့် အချိန်အခါများတွင် တော်လှန်ရေးတရပ် ပေါ်ထွက်လာနိုင်သည့် အခွင့်အခါကောင်းနှင့် အလားအလာများ ရှိလာတတ်သည်။

မြန်မာနိုင်ငံတွင် အဆိုပါ တော်လှန်ရေးအလားအလာများ တည်ရှိနေပါသည်။ စီးပွားရေးအခြေအနေ ပျက်စီးမှု၊ ငွေကြေးဖောင်းပွမှု၊ လာဘ်ပေးလာဘ်ယူမှု၊ လူလတ်တန်းစား အရေအတွက် လျော့နည်းမှု၊ ရာဇ၀တ်မှုများ ထူပြောမှု၊ တိုင်းရင်းသား ပြည်သူများအား နှိပ်စက်ညှဉ်းပမ်းမှု စသည်တို့အပြင် အာဏာရှင် ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော အတုအယောင်လွှတ်တော်ဖြင့် ရွှေရည်စိမ်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပြုလုပ်နေချိန် ဖြစ်ရာ အာဏာရှင်အစိုးရအတွင်း အာဏာလုပွဲ အခင်းအကျင်းများဖြင့် ဒေါက်တိုင်ယန္တရားများ လျော့ရဲနေသည့် အချိန်အခါ ဖြစ်ပါသည်။

ယင်းသို့ တော်လှန်ရေး အလားအလာများ တည်ရှိပါက တော်လှန်ရေးအခြေအနေများ ပေါ်ထွက်လာရန် လိုအပ်ပါသည်။

တော်လှန်ရေး အခြေအနေ

တော်လှန်ရေးတရပ် ပေါ်ထွက်လာနိုင်သည့် အခြေအနေများမှာ
လူမှုအသင်းအပင်း အဖွဲ့အစည်းများ ပေါ်ထွက်လာခြင်း
မိမိတို့ ဘ၀ရပ်တည်ရေးနှင့် တိုးတက်ရေးကို အုပ်ချုပ်ရေးစနစ်က ဟန့်တားနေကြောင်း သိမြင်သူ များပြားလာခြင်း
စနစ်ကို ပြောင်းလဲရမည်ဟူသော အသိတရားများ ပြန့်ပွားလာခြင်း
အစိုးရအုပ်ချုပ်ရေး ယန္တရားများ ဖရိုဖရဲ ဖြစ်ခြင်း
အစိုးရဒေါက်တိုက် အဖွဲ့အစည်းများအတွင်း ပြောင်းလဲမှုလိုလားသူနှင့် မလိုလားသူများ အုပ်စုကွဲနေခြင်း
ရဲ၊ စစ်တပ်၊ ထောက်လှမ်းရေး စသည်တို့တွင် တာဝန်ထမ်းဆောင်သူများမှ တော်လှန်ရေး အင်အားစုများနှင့် ချိတ်ဆက် ပေါင်းစည်းလာခြင်း
စသည်တို့ ဖြစ်သည်။

မြန်မာပြည်သူလူထုသည် မိမိတို့၏ ဘ၀ ရပ်တည်ရေးနှင့် ဘ၀တိုးတက်ရေးကို စစ်အာဏာရှင်စနစ်က ချုပ်ချယ်ကန့်သတ်ထားကြောင်း သိမြင်ပြီး၊ အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်မှသာ ပြည်သူတရပ်လုံး၏ ဘ၀တိုးတက်သာယာ အေးချမ်းလာမည် ဖြစ်ကြောင်းကိုလဲ နားလည်ယုံကြည်ထားကြပါသည်။ စစ်အုပ်စုဘက်တွက်လည်း အုပ်ချုပ်ရေးယန္တရားများ ဖရိုဖရဲဖြစ်ခြင်း၊ အာဏာရှင်အသိုင်းအ၀ိုင်းအတွင်း အုပ်စုများ ကွဲနေခြင်း၊ မကျေမနပ်ဖြစ်မှုများ တိုးပွားနေခြင်း စသည်များ ဖြစ်ပွားနေပြီး တော်လှန်ရေးတရပ် ပေါ်ထွက်လာရန် အခြေအနေများက တောင်းဆိုလျက်ရှိပါသည်။

ဦးဆောင်မှုနှင့် တော်လှန်ရေးအဖွဲ့အစည်း

တော်လှန်ရေးတရပ်ကို အခြေအနေက တောင်းဆိုလာချိန်တွင် တော်လှန်ရေးဦးဆောင်မှုနှင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးလာပါသည်။ တော်လှန်ရေးဦးဆောင်မှု ဆိုရာတွင် ဦးဆောင်မှု သဘောသဘာဝကို သိရှိနားလည်ရန် လိုအပ်ပါသည်။ တော်လှန်ရေးတိုင်းတွင် တိုက်ပွဲများစွာ ပါဝင်လေ့ရှိပြီး၊ တိုက်ပွဲများစွာတွင်းမှ ခေါင်းဆောင်များစွာ ပေါ်ထွက်လာလေ့ ရှိပါသည်။ ယင်းသို့ ခေါင်းဆောင်များ အမြောက်အမြား ပေါ်ထွက်လာခြင်းမှာ ယေဘုယျအားဖြင့် ကောင်းမွန်သော်လည်း ရှေ့ပိုင်းတိုက်ပွဲ ခေါင်းဆောင်များကို နောက်ပိုင်းမျိုးဆက်များက အလွန်အကျွံ မှီခိုအားထားခြင်း၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်း ၊ ခေါင်းဆောင်များ ကွဲပြားမှုပေါ်မူတည်၍ ဂိုဏ်းဂဏ ကွဲပြားခြင်း စသည့် ဆိုးကျိုးများလည်း ဖြစ်ပွားစေတတ်ပါသည်။ ပို၍ ဆိုးသည်မှာ ရှေ့ပိုင်းတွင် ပေါ်ထွက်ခဲ့သော တိုက်ပွဲအစဉ်အဆက်မှ ခေါင်းဆောင်များကသာ တိုက်ပွဲများကို ဆက်လက်ဦးဆောင်ဖော်ထုတ်ရန် နောက်ပိုင်းမျိုးဆက်များမှ အားကိုးတကြီး မျှော်လင့်ချက် ထားရှိခြင်း ဖြစ်ပြီး၊ တိုက်ပွဲများ ဆက်လက် ပေါ်ထွက်ရေးသည် လက်ရှိတိုက်ပွဲ ခေါင်းဆောင်များ၏ တာဝန်ဟုသာ မှတ်ယူသွားခြင်း ဖြစ်လေသည်။ အဆိုပါအခြေအနေတွင် တော်လှန်ရေး မျိုးဆက်ပေါင်းကူးတံတား ကျိုးပျက်သွားသည်ဖြစ်ရာ အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေးကို ထောက်ကူပေး လိုက်သကဲ့သို့ ဖြစ်သွားတတ်ပါသည်။

သို့ဖြစ်ရာ တိုက်ပွဲများကသာ ခေါင်းဆောင်များကို မွေးဖွားလေ့ရှိသည် ဟူသော တော်လှန်ရေးဦးဆောင်မှု သဘောသဘာဝ နှင့်အညီ တိုက်ပွဲများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးကိုသာ ဦးတည်ကြိုးပမ်းကြရန် လိုအပ်ပါသည်။ အဆိုပါ သဘောသဘာဝကို လက်တွေ့မကျင့်သုံးနိုင်ပါက ရှိပြီးသား ခေါင်းဆောင်များအပေါ်တွင် ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်း၊ ဂိုဏ်းဂဏ ခွဲခြားခြင်း၊ ခေါင်းဆောင်ရှာခြင်း၊ ခေါင်းဆောင်မျှော်ခြင်း၊ မျှော်လင့်ထားသလို ခေါင်းဆောင်က မပြုလုပ်နိုင်သည့်အခါ အပြစ်ဖို့ ဝေဖန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှေ့ပိုင်းမျိုးဆက် ခေါင်းဆောင်များကလဲ မိမိတို့က တိုက်ပွဲများကို ဦးဆောင်ဖန်တီးရမည်ဟု ထင်မြင်နေခြင်း စသည့် စိတ်ကြွ၊ စိတ်ကျ သံသရာတွင် လည်နေပြီး၊ တော်လှန်ရေးမှာလဲ ကျည်ဆန်ရှိလျက်နှင့် ပစ်၍မရသော သေနတ်စုတ်ကြီးကဲ့သို့ ဖြစ်နေတတ်ပါသည်။ သို့ဖြစ်ရာ တိုက်ပွဲများစဉ်ဆက်မပြတ်ပေါ်ထွက်ရေးသည်သာ တော်လှန်ရေး၏ ပကတိလိုအပ်ချက်ဖြစ်ကြောင်း သိရှိနားလည်ရန် လိုအပ်ပါသည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်လဲ ဤအချက်မှာ ထင်ရှားနေပါသည်။ တောင်သူလယ်သမား အရေးတော်ပုံကို ဆရာစံက ဦးဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းအချိန်က နိုင်ငံရေးခေါင်းဆောင်များမှာ ခွဲရေး၊ တွဲရေး အငြင်းပွား၍ တကွဲတပြား ဖြစ်နေကြပါသည်။ ဆရာစံကလဲ အဆိုပါ နိုင်ငံရေးခေါင်းဆောင်များ၏ တိုက်ပွဲခေါ်သံကို မစောင့်ခဲ့ပါ။ ဒုတိယကျောင်းသား သပိတ်ကိုလဲ ကျောင်းသားခေါင်းဆောင်များက ဦးဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ အခြားနိုင်ငံရေး အဖွဲ့အစည်းများနှင့် ဆက်စပ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိသော်လည်း ကျောင်းသားခေါင်းဆောင်များကသာ တိုက်ပွဲခေါ်ခဲ့ခြင်း ဖြစ်ပါသည်။


ထောင့်သုံးရာပြည့် အရေးတော်ပုံကိုလဲ အလုပ်သမားခေါင်းဆောင်များက ဦးဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ နယ်ချဲ့တော်လှန်ရေးတွင် ခေါင်းဆောင်များမရှိ၍၊ ခေါင်းဆောင်များ ကွဲပြားနေ၍၊ ခေါင်းဆောင်များက တိုက်ပွဲခေါ်သံ မပေး၍ စသော အကြောင်းပြချက်များဖြင့် သခင်အောင်ဆန်းတို့ လက်မှိုင်ချ ထိုင်နေခဲ့ခြင်း မရှိပါ။ ရှေ့မှ နိုင်ငံရေးခေါင်းဆောင်ကြီးများက တမတ်သားအာဏာရရ၊ တပဲသားအာဏာရရ၊ ရရင်ပြီးရော သဘောဖြင့် လက်ဝါးလေးတွေ ကိုယ်စီဖြန့်ကာ နယ်ချဲ့တို့ထံ တောင်းရမ်းနေကြချိန်တွင် လွတ်လပ်ရေးကို တောင်းယူ၍ မရ၊ တိုက်ယူမှ ရမည်ကို သိနားလည်သော မျိုးဆက်သစ်များက နယ်ချဲ့တော်လှန်ရေးကို ဦးဆောင်သွားခဲ့ကြပါသည်။

တော်လှန်ရေးအဖွဲ့အစည်း၏ သဘောသဘာဝမှာလည်း တော်လှန်ရေးဦးဆောင်မှု သဘောသဘာဝ ကဲ့သို့ပင် ဖြစ်ပါသည်။ တော်လှန်ရေးတရပ်ကို တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲသော အဖွဲ့အစည်းများက ဦးဆောင်မှသာ တော်လှန်ရေးအရှိန် မြင့်မားလာမည် ဖြစ်ပါသည်။ နိုင်ငံရေးလုပ်ရာတွင် နည်းပရိယာယ်မျိုးစုံ အသုံးပြုရန် လိုအပ်ကြောင်း အချို့က ဆိုတတ်ကြပါသည်။ သို့ရာတွင် ပြတ်သားသော လမ်းစဉ်တခုတည်းကိုသာ တောင်းဆိုလာသည့် အခြေအနေ၊ အချိန်အခါများလဲ ရှိနေတတ်ပါသည်။

မိမိဝယ်ယူလိုက်သော ခြံထဲတွင် ယိုယွင်းနေသော အိမ်တလုံး ရှိနေပါက ယင်းအိမ်ကို ဖြိုချပြီးအသစ်ဆောက်မည် (သို့မဟုတ်) ပြုပြင်မွမ်းမံမည် ဆိုသည့် ဆုံးဖြတ်ချက်တခုတည်းကိုသာ မဖြစ်မနေ ချမှတ်ရပါသည်။ ဖြိုချရာတွင် အသုံးပြုရမည့် ကိရိယာတန်ဆာပလာများနှင့် ပြုပြင်မွမ်းမံရာတွင် အသုံးပြုရမည့် ကိရိယာတန်ဆာပလာများ တူညီခြင်း မရှိပါ။ နံရံဖြိုလိုက်၊ ပြတင်းပေါက် ဆေးသုတ်လိုက် လုပ်နေလို့ မရပါ။ ယင်းသို့ လုပ်နေပါက အချိန်၊ လုပ်အား နှင့် ပေးဆပ်ရင်းနှီးမှုများ အလဟဿ ဖြစ်ရုံသာ ရှိပါလိမ့်မည်။ အိမ်အသစ်လဲ မရ၊ အိမ်အဟောင်းလဲ မပြိုပဲ အိမ်ရာစီမံကိန်းများမှာလဲ နှစ်ပေါင်းများစွာ ကြာနေပေလိမ့်မည်။ နိုင်ငံတခုတွင် တည်ရှိနေသော နိုင်ငံရေးအဆောက်အအုံသည် ဖြိုချပြီးမှ အသစ်ပြန်လည်တည်ဆောက်ရန် လိုအပ်ပါက တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲပြီး တော်လှန်ရေးတရပ် မလွဲမသွေ ဆင်နွှဲကြရမည်ပင်ဖြစ်သည်။

မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ကြီးစိုးလာခဲ့သော နိုင်ငံရေးအဆောက်အအုံမှာ စစ်အာဏာရှင်စနစ်ကို ဘီလူးအသွင်ဖန်တီးလိုက်၊ မင်းသားအသွင်ဖန်ဆင်းလိုက်ဖြင့် ဆေးရောင်မျိုးစုံခြယ်သကာ အသက်သွင်းထားသော နိုင်ငံရေး အဆောက်အအုံဖြစ်ပါသည်။ ဤအဆောက်အအုံ၏ အခြေခံအုတ်မြစ်တွင် စေ့စပ်ညှိနှိုင်းဆွေးနွေးရေး အုတ်မြစ်မရှိ၊ ဗိုလ်ကျအနိုင်ယူရေးသာရှိပါသည်။ တောင်းဆိုမှုများကို လိုက်လျောပေးရေး ဟူသော အုတ်မြစ်မရှိ၊ အာဏာတည်မြဲရေး အုတ်မြစ် သာရှိပါသည်။ သင့်မြတ်ရေးဟူသော အုတ်မြစ်မရှိ၊ ဖယ်ရှားရေး ဟူသော အုတ်မြစ် သာရှိပါသည်။ ညီညွတ်ရေး ဟူသော အုတ်မြစ်မရှိ၊ အဆုံးသတ်ချေမှုန်းရေး ဟူသော အုတ်မြစ်သာ ရှိပါသည်။

ယင်းသို့ စေ့စပ်ဆွေးနွေးရေး၊ သင့်မြတ်ရေး၊ ညီညွတ်ရေးတို့အပေါ်တွင် အခြေခံထားခြင်းမရှိသော နိုင်ငံရေးအဆောက်အအုံကို ဆေးသုတ်ပြီး မွမ်းမံပြင်ဆင်၍ မရပါ။ ဖြိုချပြီး အုတ်မြစ်အသစ် ပြန်ချမှသာ ရနိုင်ပါသည်။ သို့ဖြစ်ရာ စေ့စပ်ဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး ဟူသော အုတ်မြစ်များ ချနိုင်ရန် အာဏာရှင်နိုင်ငံရေးအဆောက်အအုံကို ကနဦးဖြိုချကြရမည် ဖြစ်ပါသည်။ တနည်းဆိုသော အမျိုးသားပြန်လည်သင့်မြတ်ရေး ပန်းတိုင်ကို ဦးတည်သော တော်လှန်ရေးလမ်းစဉ်ကို ပြတ်ပြတ်သားသား ကိုင်စွဲရန် တော်လှန်ရေးအလားအလာနှင့် အခြေအနေက ပြဌာန်းတောင်းဆိုထားပြီး ဖြစ်ပါသည်။

ယင်းတော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲသော တော်လှန်ရေးအဖွဲ့အစည်းများက ဦးဆောင်မှသာ တော်လှန်ရေး အောင်မြင်နိုင်သည့် ရာခိုင်နှုန်း များပြားသည် ဖြစ်ရာ အဆိုပါ တော်လှန်ရေးအဖွဲ့အစည်းများ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ပေါ်ထွက်လာရန် လိုအပ်လှပါသည်။ တော်လှန်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းရာတွင် လူထု၊ လူတန်းစား အလွှာအသီးသီးအကြားတွင် စိမ့်ဝင်ပျံ့နှံ့နေသော Grass – root infrastructure လိုအပ်ပါသည်။ တော်လှန်ရေးဟူသည် ပိုစတာကပ်ခြင်း၊ စာရွက်စာတမ်း ဖြန့်ဝေခြင်း၊ အခမ်းအနားများ ကျင်းပခြင်း စသည်တို့ကိုပင် ဆိုလိုခြင်း မဟုတ်ပါ။ ဤသည်တို့မှာ တော်လှန်ရေးတရပ် စတင်ရန် စည်းရုံးလှုံ့ဆော်မှု၏ အစိတ်အပိုင်းတရပ်သာ ဖြစ်ပါသည်။

လူထုလူတန်းစား အလွှာအသီးသီးကြားတွင် စိမ့်ဝင်ပျံ့နှံ့နေသော Grass- root infrastructure မရှိပါက အာဏာရှင်တို့ဘက်က တော်လှန်ရေးတိုက်ပွဲများကို အချိန်အနည်းငယ်အတွင်း ထိန်းချုပ်သွားနိုင်သည်ဖြစ်ရာ လှုပ်ရှားမှုတခုကိုပင် ဦးစားပေးဖော်ဆောင်၍ မရ၊ ရေရှည်မြှုပ်နှံ- ပြင်ဆင်တည်ဆောက်မှုကို မလွဲမသွေ ပြုလုပ်ရန် လိုအပ်သည်။ လူ့အဖွဲ့အစည်း၏ အလွှာစုံ၊ ကဏ္ဍစုံတွင် တော်လှန်ရေး၏ ခြေတံ၊ လက်တံများ စိမ့်ဝင် ပျံ့နှံ့နေစေရန် လှုပ်ရှားအဖွဲ့ငယ်များအား မြေအောက်ယူဂျီ သဏ္ဍာန်၊ နိုင်ငံရေးဦးဆောင်မှု ကော်မတီများအား ဒေါင်လိုက်သဏ္ဍာန်၊ မဟာမိတ်ဆက်ဆံရေးနှင့် ပူးတွဲလှုပ်ရှားမှုများတွင် အလျားလိုက် ကွန်ယက် ချိတ်ဆက်မှုသဏ္ဍာန်များနှင့် သတင်းအချက်များ ရှာဖွေစုဆောင်းရေးအတွက် circuit သဏ္ဍာန်တို့ကို အသုံးပြုရန် လိုအပ်သည်။

တော်လှန်ရေးအဖွဲ့အစည်းများ ချိတ်ဆက်တည်ဆောက်မှုတွင် centralization စနစ်ကို အသုံးပြုခြင်းမှာ ကွဲပြားခြားနားမှုနည်းသော နိုင်ငံရေးအခြေအနေများအတွက် သင့်လျော်သော်လည်း၊ နိုင်ငံရေးအဖွဲ့အစည်းများ အများအပြားရှိနေသော နိုင်ငံရေးအခြေအနေများတွင်မူ အခက်အခဲများစွာ ပေါ်လာတတ်ပါသည်။ လေး-ငါးဖွဲ့ပေါင်းလိုက်၊ တဖွဲ့တည်ထောင်လိုက်၊ ဆယ်ဖွဲ့ကွဲလိုက်၊ ပြန်စုစည်းလိုက် သံသရာတွင် ညီညွတ်ရေး တည်ဆောက်မှုဟူသော ခေါင်းစဉ်ဖြင့် တလည်လည် ဖြစ်နေတတ်ပါသည်။ ယင်းသို့ မဖြစ်စေရန် Decentralization စနစ်ကို တိုက်ပွဲကြားတွင် အသုံးပြု၍ ညီညွတ်ရေးတည်ဆောက်ရမည်ဖြစ်သည်။

ရည်မှန်းချက်နှင့် လမ်းစဉ်တူညီသော အဖွဲ့အစည်းများအကြားတွင် ညီညွတ်ရေးတည်ဆောက်ပြီးမှ တော်လှန်ရေး ဆင်နွှဲရန် ကြိုးပမ်းခြင်းထက် ဘုံရန်သူကို ၀ိုင်းဝန်းချေမှုန်းသည့် တိုက်ပွဲကြားတွင် ညီညွတ်ရေး တည်ဆောက်ရန် ကြိုးပမ်းခြင်းက ပိုမိုထိရောက်မည်ဖြစ်သည်။ မိတ်ဆွေစစ်ကို အခက်အခဲကြားတွင်သာ တွေ့နိုင်ပါသည်။ တိုက်ပွဲမရှိပဲ တည်ဆောက်ထားသော ညီညွတ်ရေးသည် တိုက်ပွဲကြားတွင် ခိုင်ခံ့နေမည်ဟု မည်သူတပ်အပ် ပြောနိုင်ပါအံ့နည်း။

တော်လှန်ရေးအဖွဲ့အစည်းများအတွက် အခြားလိုအပ်ချက်တရပ်မှာ တော်လှန်ရေးမီဒီယာ ဖြစ်သည်။ အဆိုပါ တော်လှန်ရေးမီဒီယာသည် ရှင်းလင်းပြတ်သားသော တော်လှန်ရေးအမြင်နှင့် သဘောတရားများကို လူထုအကြားသို့ ပို့ဆောင်ပေးနိုင်မည့် မီဒီယာဖြစ်ရမည်။ လူထုနှင့် တော်လှန်ရေးအင်အားစုများအကြား ပေါင်းကူးပေးနိုင်မည့် မီဒီယာ ဖြစ်ရန် လိုအပ်သည်။ အချို့က မီဒီယာသည် ဘက်မလိုက်ရ ဟု ဆိုကြသည်။ တော်လှန်ရေးအလားအလာ၊ အခြေအနေများ မရှိပဲ လူထုနှင့် အစိုးရ တသားတည်းကျနေသော နိုင်ငံများအတွက်တော့ ဤအဆိုမှာ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်၊ သဘောတရားအရ မှန်ကန်လှပါသည်။ သို့ရာတွင် လူထုက အဖိနှိပ်ခံ၊ အစိုးရက ဖိနှိပ်သူ ဖြစ်နေရသည့် နိုင်ငံများအတွက်တော့ ဤအဆိုမှာ ရေနစ်သူ၊ ၀ါးကူထိုးသကဲ့သို့ပင်ဖြစ်သည်။ တိုင်းပြည်၏ မီဒီယာကို ဖိနှိပ်သူ အစိုးရက ထိန်းချုပ်ထားချိန်တွင် အဖိနှိပ်ခံပြည်သူတို့ဘက်မှ ဘက်လိုက်ရပ်တည်သော၊ တော်လှန်ရေးအင်အားစုများဘက်မှ ဘက်လိုက် ရပ်တည်သော တော်လှန်ရေးမီဒီယာများ မရှိပါက ပြည်သူ့အသံကို မည်သူက ကိုယ်စားပြုမည်နည်း။

အထက်ပါလိုအပ်ချက်များအပြင် အရေးကြီးသော လိုအပ်ချက်တရပ်မှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်ပါသည်။ လူထုလှုပ်ရှားမှုများ အရှိန်မြင့်နေချိန်တွင် လက်နက်ကိုင်တော်လှန်ရေးနှင့် ပေါင်းစပ်တိုက်ပွဲဝင်ခြင်း မရှိပါက လူထုလှုပ်ရှားမှုများသည် အာဏာရှင်တို့၏ ပစ်မှတ်အလယ်ဗဟို တည့်တည့်သို့ ရောက်သွားတတ်သည်။ ထိုပစ်မှတ်များ ပျံ့ကျဲလာစေရန် လက်နက်ကိုင်တော်လှန်ရေးနှင့် ပေါင်းစပ်ဖြည့်ဆည်း ပေးရမည်ဖြစ်သည်။ အာဏာရှင်တို့က လာတိုက်မှသာ ခုခံကာကွယ်ရေးကို ဆိုလိုခြင်းမဟုတ်။ လူထုတိုက်ပွဲ အရှိန်တက်နေချိန်တွင် ထိုးစစ်များဆင်နွှဲ၍ အားဖြည့်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အဓိကရည်မှန်းချက်မှာ စစ်ရေးအရ အောင်ပွဲမဟုတ်။ တော်လှန်ရေးအရှိန်မြှင့်တင်ရေးဖြစ်သည်။

လူထုထောက်ခံအားပေးမှု

တော်လှန်ရေးတရပ်တွင် လိုအပ်ချက် အများအပြားရှိသည် မှန်သော်လည်း၊ အရှုံးအနိုင်ကို အဆုံးအဖြတ် ပေးသည်မှာ လူထုပင် ဖြစ်သည်။ လူထုထောက်ခံအားပေးမှု မရှိသော၊ လူထုနှင့် ကွင်းဆက်ပြတ်နေသော မည်သည့်တော်လှန်ရေးမဆို ကျဆုံးရေးသို့ ဦးတည်ပေလိမ့်မည်။ ခေါင်းဆောင်များနှင့် စည်းရုံး လှုံ့ဆော်သူ များသည် လူထု၏ ယဉ်ကျေးမှုဆိုင်ရာ၊ လူမှုရေးရာ၊ စီးပွားရေးရာ လိုအပ်ချက်များကို အာရုံစိုက်ရန် လိုအပ်သည်။ပြည်တွင်း၊ ပြည်ပ တော်လှန်ရေးအင်အားစုများနှင့် လူထုက တသားတည်း ဟန်ချက်ညီမှသာ တော်လှန်ရေး အောင်မြင်ပေလိမ့်မည်။

တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထု တရပ်လုံးတွင် clear vision of revolution မရှိလာသည့် ကာလတလျှောက်လုံး မည်သို့သော တော်လှန်ရေးမှ အောင်မြင်မည်မဟုတ်။ ဤ အချက်ကို အင်အားစုများ သတိပြုရန်လိုသည်။ တော်လှန်ရမည်ပြောလိုက်၊ တောင်းဆိုရမည်ပြောလိုက်၊ တိုက်ရမည် ပြောလိုက်၊ ခေါင်းငုံ့ခံ၍ အာဏာရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမည်ပြောလိုက်နှင့် အတွေးအခေါ်များ ရှုပ်ထွေးနေသော တော်လှန်ရေးတရပ်တွင် မည်သို့သော လူထုက အပြည့်အ၀ ထောက်ခံအားပေးမှုနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု (Full support and collaboration) ကို ပေးမည်နည်း။

တော်လှန်ရေးစစ်မျက်နှာများ

ဆဲလ်ဖွံ့ဖြိုးမှု ဖြစ်စဉ်တွင် central core မှာ nucleus ဖြစ်ပြီး၊ cytoplasm region တွင် nucleus ကို ၀န်းရံထားသော segments များ ရှိပါသည်။ တော်လှန်ရေး စစ်မျက်နှာများတွင် nucleus မှာ နိုင်ငံရေးစစ်မျက်နှာ (political battlefront) ဖြစ်ပြီး၊ ပြင်ပ segments များတွင် အတွေးအခေါ်စစ်မျက်နှာ၊ လူမှု-စီးပွား စစ်မျက်နှာ၊ စစ်ရေး စစ်မျက်နှာနှင့် နိုင်ငံတကာ စစ်မျက်နှာများ ပါဝင်ပါသည်။ အဆိုပါ စစ်မျက်နှာများတွင် လူ၏ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုများ၊ ယုံကြည်ချက်များ၊ ခံယူချက်များနှင့် သက်ဆိုင်သော အတွေးအခေါ် စစ်မျက်နှာသည် တော်လှန်ရေး၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။

လူမှု-စီးပွား စစ်မျက်နှာမှာ လူ၏ နှလုံးသားနှင့် သက်ဆိုင်သည်ဖြစ်ရာ နိုင်ငံရေးစစ်မျက်နှာမှတဆင့် အတွေးအခေါ်စစ်မျက်နှာနှင့် လူမှု-စီးပွားစစ်မျက်နှာများကို အသုံးပြု၍ တော်လှန်ရေးလှုပ်ရှားမှုများသို့ ဦးတည်ရမည် ဖြစ်သည်။ စစ်ရေး စစ်မျက်နှာမှာ အဆုံးသတ်စစ်ရေးအောင်ပွဲကို ဦးတည်နိုင်ခြင်း မရှိစေကာမူ အခြားသော စစ်မျက်နှာများကို ပံ့ပိုးရန်အတွက် မဖြစ်မနေ ရှိသင့်သည့် စစ်မျက်နှာဖြစ်သည်။ နိုင်ငံတကာ စစ်မျက်နှာမှာ အာဏာရှင်အစိုးရနှင့် အာဏာရှင်ရုတ်သေးအစိုးရများကို ပြင်ပမှ ဖိအားပေးရန် ဖြစ်သည်။ အဆိုပါ စစ်မျက်နှာအားလုံးတွင် ဘက်ပေါင်းစုံမှ ပြင်ဆင်တည်ဆောက် တိုက်ပွဲဝင်နိုင်မှသာ အောင်မြင်နိုင်သည့် ရာခိုင်နှုန်း မြင့်မားပါမည်။

နိဂုံး

တော်လှန်ရေးအလားအလာများ တည်ရှိပါက တော်လှန်ရေးအခြေအနေများ ပေါ်ထွက်လာရန် လိုအပ်ပါသည်။ တော်လှန်ရေးတရပ်ကို တော်လှန်ရေးအခြေအနေများက တောင်းဆိုနေချိန်တွင်လည်း တော်လှန်ရေး ဦးဆောင်မှုနှင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးလှပါသည်။ တော်လှန်ရေးနှင့် လူထုတသားတည်း ဖြစ်စေရန်လည်း လိုအပ်သကဲ့သို့ စစ်မျက်နှာ အားလုံးတွင် ဘက်ပေါင်းစုံမှ ပြင်ဆင်တည်ဆောက်တိုက်ပွဲဝင်နိုင်မှုမှာလဲ ပြည်သူ့တော်လှန်ရေးအတွက် အရေးပါလှပါကြောင်း တင်ပြအပ် ပါသည်။

ခင်မမမျိုး (၃၊ ၃၊ ၂၀၁၁)


အပြည့်အစုံဖတ်ချင်ရင်..>>>

တောင်သူလယ်သမားနေ့ ထုတ်ပြန်ကြေငြာချက်

Wednesday, March 2, 2011

Statement on Peasant Day in Burma by FBF

အပြည့်အစုံဖတ်ချင်ရင်..>>>

ဒက်....ဒက်......ဒက်

Tuesday, March 1, 2011

တခါတလေကျရင် ငယ်ငယ်တုန်းက သေနတ်ပစ် ကစားတာလေးတွေကို သတိသွားရမိတတ်ပါတယ်။ ကျွန်မငယ်ငယ်တုန်းက သေနတ်ပစ်ကစားတာကို တော်တော်ဝါသနာ ပါပါတယ်။ အိမ်က လူကြီးတွေက ကျောင်းစာမကျက်ပဲ အပြင်စာအုပ်တွေ ဖတ်နေလို့ဆိုပြီး ဆူရင်လဲ၊ "နားပူအောင်လုပ်ရင် တောခိုမှာ" လို့ ပြန်ပြီး ပြောလေ့ရှိပါတယ်။ သေနတ်ပစ်တာတို့၊ တောခိုတာတို့ စတဲ့ စကားလုံးတွေကို ယဉ်ပါးနေရခြင်းကတော့ ရှင်သန်ကြီးပြင်းတဲ့ ပတ်ဝန်းကျင်နဲ့ ဆိုင်မယ်ထင်ပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက နေခဲ့တဲ့ တောင်ကြီးမြို့ဆိုတာကလဲ မြို့ပြင်ကို လေးမိုင်လောက် ထွက်လိုက်တာနဲ့တင် လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်ဆက်စပ်လို့ ရနိုင်တဲ့ မြို့လေးဖြစ်နေတာကြောင့်ပါ။ ကိုးဆယ် ကာလလောက်တွေတုန်းကဆို ဝေးဝေးလံလံသွားပြီး တောခိုစရာ မလိုပါဘူး။ သူ့အဆက်အသွယ်နဲ့သူ ဆက်သွယ်လို့ ရရင် နေ့ချင်းတောခိုလို့ ရပါတယ်။



ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ချိန်မှာ ကျွန်မ အသက်သာ ဆယ်နှစ်အထက် ဖြစ်နေခဲ့မယ်ဆိုရင် တော်လှန်ရေး နယ်မြေထဲ ရောက်သွားခဲ့မှာတော့ အသေအချာပါပဲ။ နောက်ပိုင်းမှာ လက်နက်ကိုင် တော်လှန်ရေးသမား မဖြစ်ခဲ့ပေမယ့် စစ်ရေးလေ့လာသူ တယောက်ဖြစ်လာခဲ့ရတာဟာ ဗီဇနဲ့ ပတ်ဝန်းကျင် ပေါင်းစည်းသွားခဲ့မှုကြောင့် ဖြစ်မယ်ထင်ပါတယ်။ စစ်ပွဲတွေ၊ စစ်မြေပုံတွေကို ငယ်စဉ်ကတည်းက ကျွန်မ သိပ်စိတ်ဝင်စားပါတယ်။ ဒုတိယကမ္ဘာစစ် တိုက်ပွဲမြေပုံလေးတွေ စာအုပ်တွေထဲမှာ တွေ့ရင် ကူးဆွဲပြီး ဘယ်စစ်မျက်နှာမှာ ဘယ်တပ်တွေ တပ်စွဲတယ်၊ ဘယ်တပ်တွေ ထိတွေ့မှု ဖြစ်တယ်ဆိုတာ တကူးတက လိုက်မှတ်ထားတတ်ပါတယ်။ ကမ္ဘာစစ်တင်မက ပြည်တွင်းစစ် ရေးရာတွေဆိုလဲ ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ ကြူကုတ်- ပန်ဆိုင်း၊ ပါဂျို- နားဖော့၊ မိုင်းယန်း၊ မဲသဝေါ တိုက်ပွဲနဲ့ ပတ်သက်တာတွေဆို ဗလာစာအုပ်လေးတွေ သီးခြားခွဲပြီး အချက်အလက်တွေ လိုက်မှတ်ရတာ အမော။

ဒီလိုနဲ့ ကျွန်မ ကလေးဘ၀မှာ စာကျက်လိုက်၊ စာဖတ်လိုက်လုပ်ရင်း တခါတလေကျတော့လဲ အိမ်ကိုလာဆော့တဲ့ ကလေးတွေနဲ့ သေနတ်ပစ်တမ်း ကစားပါတယ်။ အိမ်က အရုပ်ဝယ်ပေးမယ်ဆိုရင် သေနတ်ပဲ ပူဆာတာမို့ ကျွန်မဆီမှာ ကလေးကစားစရာ သေနတ်တွေကလဲ အတော်စုံတာကလား။ ဒီအထဲမှာမှ ကျွန်မအကြိုက်ဆုံးသေနတ်က ၀ါးနဲ့ လုပ်ထားတဲ့ စက်သေနတ်ပါ။ မေမေ့လူနာတဦး ကျိုက်ထီးရိုးဘုရားသွားဖူးပြီး အပြန်မှာ လမ်းမှာတွေ့လို့ ၀ယ်ခဲ့တာပါ။ အဲဒီစက်သေနတ်လေးက တခြားသေနတ်တွေလို ကော်လုံးလေးတွေထည့်ပြီး ပစ်လို့မရပေမယ့် သံမောင်းတံလေးကို ဆက်တိုက်လှည့်ရင် ဒက်...ဒက်.....ဒက် လို့ အသံမြည်ပါတယ်။ ကျွန်မသေနတ်လေးက ဒက်...ဒက်...ဒက် လို့ မြည်နေတော့ ကျွန်မလဲ ၀မ်းသာအားရနဲ့ ဒါလေးကို တကိုင်ကိုင်ပေါ့။ ကိုယ့်အချင်းချင်းကြားမှာ ဒက်...ဒက်...ဒက် လုပ်လိုက်၊ အချင်းချင်း သူပစ်တယ်၊ ငါ ပစ်တယ် လုပ်လိုက်၊ သေနတ်ကောင်းကြောင်း ပြိုင်လိုက်နဲ့ ဟုတ်နေတာပါပဲ။

ဒီလိုနဲ့ တနေ့မှာတော့ ခြံထဲမှာ တကယ့်သေနတ်သံတွေ ထွက်လာတာကို ကြုံရပါလေရော။ ကျွန်မနေတဲ့ ခြံက သုံးဧကခွဲလောက် ကျယ်ပြီး သစ်ပင်ကြီးတွေလဲ အများအပြား ရှိပါတယ်။ လမ်းမပေါ်ကနေ ခြံထဲက ကားလမ်းအတိုင်း လမ်းလျှောက်လာရင် ၃ မိနစ်လောက်အကြာမှာ ရှေ့ပြေးအိမ်လေးကို ရောက်ပြီး၊ နောက်ထပ် နည်းနည်းလေး ဆက်တက်လာမှ အိမ်မကြီးကို ရောက်ပါတယ်။ ခြံရဲ့ဗယ်ဘက်ခြမ်းမှာက တောင်ပေါ်ဘက်တက်တဲ့ လူသွားလမ်းလေးရှိပြီး၊ ညာဘက်ခြမ်းကျတော့ သစ်ထုတ်လုပ်ရေးဝင်း ရှိပါတယ်။ အိမ်နဲ့ သစ်ထုတ်လုပ်ရေး ၀င်းအကြားမှာ သစ်ပင်ကြီးတွေ ရှိနေတာကြောင့် တောအုပ်တခုလို ဖြစ်နေပါတယ်။ တောင်ပေါ်က စီးလာတဲ့ ရေချောင်းလေးတခုကလဲ ခြံထဲကနေ ဖြတ်ပြီး စီးပါသေးတယ်။

ဂျပန်ခေတ်တုန်းက ဘိုးဘွားတွေ စစ်ပြေးနေတော့ လွတ်နေတဲ့ ကျွန်မတို့ခြံမှာ ဂျပန်တွေက စစ်ရုံးဖွင့်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် (၁၉၂၀) ကာလကတည်းက ရှိခဲ့တဲ့ ရှေးအိမ်လက်ရာ မပျက်အောင် ထိန်းသိမ်းထားပေမယ့် ခေါင်မိုးတွေကိုတော့ ပြန်လဲထားရပါတယ်။ မဟာမိတ်စစ် လေယာဉ်တွေက စက်သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ခေါင်မိုးမှာ မိုးယိုလို့ပါ။ ကျွန်မတို့အိမ် မြေတိုက်ကနေ သစ်ထုတ်လုပ်ရေးဝင်းထဲကို တိုက်ရိုက်ရောက်နိုင်တဲ့ ဥမင်လှိုဏ်ခေါင်းရှိတယ်လို့လဲ ကြားဖူးပါတယ်။ ဒါပေမယ့် လှိုဏ်ခေါင်းဝေးလို့၊ မြေတိုက်ထဲတောင် ဘယ်သူမှ ဆင်းမကြည့်ရဲကြပါဘူး။ ခြံရဲ့ အနောက်ဘက်မှာကျတော့လဲ လူနေအိမ်တချို့ ရှိပေမယ့် ခြံထဲမှာ သစ်ပင်ကြီးတွေ များတာကြောင့် အတော်အလှမ်းဝေးပါတယ်။ တောအုပ်လို ဖြစ်နေပြီး၊ မြွေတွေလဲ ရှိပါတယ်။ တခါတလေ ခေါင်းနှစ်လုံးပါတဲ့ မြွေလေးတွေ အိမ်နားရောက်လာတာကိုပါ တွေ့ဖူးပါတယ်။ ဒီတော့ မြေပြင်အနေအထားအရ ကျွန်မတို့ခြံဟာ သူခိုး၊ ဓားပြတွေအဖို့ အတော်မျက်စိကျစရာကောင်းတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့်လဲ ညနေခြောက်နာရီထိုးတာနဲ့ အိမ်ဝင်ပေါက်၊ ထွက်ပေါက် တံခါးတွေအားလုံးကို သေချာလိုက်စစ်ကြရပါတယ်။ အိမ်အပြင်ကနေ ဧည့်ခန်းကိုရောက်ဖို့ တံခါးသုံးခုလောက်ကို ဖြတ်ရပြီး၊ အိပ်ခန်းတွေကို ရောက်ဖို့ တံခါးလေးခုလောက် ဖြတ်ရတာကြောင့် အိပ်ခါနီးမှာ တံခါးတွေအားလုံးကို သေချာလိုက်ပိတ်ရပါတယ်။ အဘိုးရှိစဉ်ကတော့ ခေတ်အခြေအနေအရ ခြံစောင့်အပြင် အယ်လ်ဇေးရှင်း ခွေးကြီးတွေ မွေးထားခဲ့ပါတယ်။ ကျွန်မတို့ခေတ်ရောက်တော့ အယ်လ်ဇေးရှင်းမဟုတ်ပဲ သာမန်ခွေး ဆယ့်ငါးကောင်လောက်ပဲ မွေးထားခဲ့ပါတယ်။ အဲလိုလုံခြုံရေးတွေ ယူထားပါလျက်နဲ့ ဓားပြတွေက ကြံကြံဖန်ဖန် ခြံထဲကို ရောက်လာခဲ့ကြပါတယ်။ (၁၉၉၀) ကျော် ကာလလေး တခုမှာပါ။ အချိန်က ညကိုးနာရီကျော်လောက်ပါ။ အိမ်မှာက အမျိုးသားအလုပ်သမားတွေကို ညအိပ်ညနေ၊ နေခွင့်မပေးတာကြောင့် ဒီလိုအချိန်မျိုးမှာ ကျွန်မတို့ မိသားစုနဲ့ အမျိုးသမီး အိမ်အကူပဲ ရှိပါတယ်။ မိသားစုမှာကလဲ အဖိုးဆုံးပြီးကတည်းက မိန်းမသားတွေချည်းပဲ ကျန်ခဲ့ကြတာပါ။

ပထမဆုံး အိမ်အနောက်ဘက် ခြံထဲကနေ သေနတ်သံနှစ်ချက် ထွက်လာပါတယ်။ ခွေးဟောင်သံတွေကလဲ ဆူညံနေတာပဲ။ အဲဒီအချိန်မှာ နယ်မြို့လေးတွေမှာ အလုပ်တာဝန်ကျဖူးတဲ့ အမေက သေနတ်သံကြားတာနဲ့ အခြေအနေကို ချက်ချင်းရိပ်မိသွားပါတယ်။ အားလုံးကို ကုတင်အောက်မှာ ၀ပ်နေဖို့ပြောပြီး ဖုန်းရှိရာကို သွားပါတယ်။ နံပါတ်က နံရံမှာ ကပ်ထားတာကြောင့် ရဲစခန်းကို အလွယ်တကူ ခေါ်နိုင်သွားပါတယ်။ ဖုန်းက ပြောနေရင်းနဲ့ လိုင်းပြတ်သွားပါတယ်။ မကြာပါဘူး။ မီးတွေလဲ မှောင်သွားပါတယ်။ ပြီးတော့မှ အိမ်ရှေ့ကနေ တံခါးဖွင့်ပေးဖို့ အော်ကြပါတော့တယ်။ ဂျပန်ခေတ်ဖြတ်ဖူးတဲ့ အဖွားက ဓားဆွဲထားပါပြီ။ အဖွားက အိပ်ယာဘေးက နံရံမှာ ဓားထောင်ပြီးမှ အိပ်လေ့ရှိတာပါ။

အမေကတော့ အိမ်ထောင်ဦးစီးပီပီ လုပ်စရာရှိတာတွေ လုပ်နေပါတယ်။ လက်နှိပ်ဓာတ်မီး သေးသေးလေးနဲ့ မီးခံသေတ္တာထဲက လက်ဝတ်ရတနာ အစစ်တွေကို ထုတ်ပြီး၊ အသင့်ဆောင်ထားတဲ့ လက်ဝတ်ရတနာ အတုဘူးတွေနဲ့ လဲထည့်ပြီး၊ အစစ်တွေကို နံရံချောင်ကြိုချောင်ကြားတွေမှာ ထည့်ပါတယ်။ ဘီဒိုထဲက ငွေစက္ကူအုပ်အချို့ကို ထုတ်ပြီး အ၀တ်တွေကြားမှာ ရောထည့်ထား လိုက်ပါတယ်။ ကျွန်မကတော့ ၀ါးသေနတ်ကြီးကို သေနတ်အစစ် မဖြစ်ရကောင်းလား ဆိုပြီး ယူကျုံးမရ ဖြစ်နေပါတယ်။ အရေးကြုံနေချိန်မှာ ကျွန်မမိသားစုကို ကာကွယ်လိုပါတယ်။ ပြောမယ့်သာပြောရတယ်။ ဒီတုန်းက ကျွန်မအသက်က ဆယ်နှစ်သာသာလေးပါ။

အိမ်ရှေ့ကနေ တံခါးမဖွင့်ပေးရင် ပစ်ဖွင့်မယ်လို့ အော်သံတွေက တရစပ်ထွက်နေပါတယ်။ ကံကောင်းတာက တံခါးက သစ်သားတံခါးအပြင် သံပန်းတံခါးပါ တပ်ထားတာကြောင့် အပြင်က ဖွင့်ရခက်ပါတယ်။ ပြတင်းပေါက်တွေမှာကလဲ သံပန်းတွေတပ်ထားတာကြောင့် သူတို့အခက်တွေ့နေပုံ ပေါ်ပါတယ်။ ကျွန်မတို့ကလဲ တိတ်တိတ်လေးပဲ နေကြပါတယ်။ အတော့်ကို ရင်ဖိုရတဲ့ အချိန်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ခန်းကို ရောက်လာဖို့က တံခါးလေးထပ်လောက် ကျော်ရမှာမို့ အခြေအနေက ကျွန်မတို့ဘက်က အနည်းငယ် အားသာနေပါတယ်။ မကြာပါဘူး။ ဆူဆူညံညံအသံတွေနဲ့ အလင်းရောင် တချို့ကို လှမ်းမြင်ရပါတယ်။ ပစ်ခတ်သံတွေတော့ မကြားရပါဘူး။ ပြီးတော့မှ "အစ်မကြီး၊ ကျွန်တော်တို့ပါ၊ ဟိုကောင်တွေ ပြေးပြီ" ဆိုတဲ့ အသံကို အိမ်ရှေ့က ကြားရပါတယ်။ အမေက အိမ်ရှေ့ကို မှောက်လျက်လေး ရွှေ့သွားပြီး ပြတင်းပေါက်ကနေ ခိုးကြည့်ပါတယ်။ ရဲယူနီဖောင်းတွေ တွေ့ပေမယ့် အမေက တွေဝေနေတုန်းပဲလို့ နောက်ပိုင်းမှာ ကျွန်မကို ပြန်ပြောပြပါတယ်။ ရပ်ကွက်လူကြီး တယောက်ကို တွေ့လိုက်တော့မှ တကယ့်ဓားပြတွေ မရှိတော့ဘူးဆိုတာ ယုံသွားတာလို့ ဆိုပါတယ်။

နောက်ပိုင်းမှာ အဲဒီညက ကျွန်မတို့ခြံထဲ ရောက်လာခဲ့တဲ့ ဓားပြအဖွဲ့ကို လုပ်သေနတ်တွေနဲ့ ဖမ်းမိတယ်လို့ သတင်းရပါတယ်။ ရှမ်းပြည်တောင်ပိုင်း ပင်းတယက ပွေးလှနယ်ဘက်မှာ ကျွန်မတို့ မိတ်ဆွေကုန်သည်အိမ်ကို ဓားပြတိုက်မှုနဲ့ပါ။ ကျွန်မတို့မိသားစုနဲ့ ပွေးလှနယ်ကလဲ ရေစက်က တော်တော်ပါတာပါ။ ကျွန်မကိုယ်ဝန်ကို လွယ်ထားစဉ်ကာလတလျှောက်လုံး အမေက ဆရာဝန်အနေနဲ့ ပွေးလှတိုက်နယ်ဆေးရုံမှာ တာဝန်ကျခဲ့တာပါ။ ဒီတုန်းကဆို အဲဒီဘက်မှာ ကားလမ်းဓားပြ တိုက်တာတွေလဲ ရှိတယ်ဆိုပဲ။ တခါက ကားလမ်းကို သစ်ကိုင်းနဲ့ တားပြီးပိတ်ထားတာကို အမေက ကိုယ်ဝန်ခုနစ်လနဲ့ ကားပေါ်ကဆင်းပြီး သစ်ကိုင်းကို ဆင်းဖယ်သတဲ့။ အဲဒီမှာ လူတယောက် ရောက်လာပြီး "ဆရာမကားကို ဒီနေရာက မြန်မြန်သွားခိုင်းလိုက်ပါ၊ နောက်ထပ် နှစ်ရက် လုံးဝ ပြန်မလာပါနဲ့ လို့ မှာခိုင်းလိုက်တယ်" လို့ ပြောသတဲ့။ အမေကတော့ သူကုပေးခဲ့တဲ့ လူနာတယောက်ယောက်ဖြစ်နေလို့ မှတ်မိပြီး လွှတ်ပေးလိုက်တာနေမှာ လို့ ပြောလေ့ရှိပါတယ်။

ဖြစ်နိုင်ချေရှိတာကတော့ ကျွန်မတို့ခြံကို ဓားပြတိုက်ဖို့ လုပ်ခဲ့သူများကလဲ ဒီနယ်မြေနဲ့ တစွန်းတစ ဆက်စပ်သူများ ဖြစ်မယ်လို့ ယူဆရပါတယ်။ ကျွန်မတို့ကလဲ ဒီနယ်မြေကို ခဏခဏ အလည်သွားနေကျ၊ သွားတဲ့အခါတိုင်းလဲ သူတို့ဓားပြတိုက်ခဲ့တဲ့ ကုန်သည်အိမ်မှာပဲ တည်းနေကျပါ။ ဓားပြတွေက နှစ်အိမ်လုံးကို ရှေ့ဆင့်နောက်ဆင့် ဓားပြတိုက်ဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ ကံကောင်းထောက်မလို့ အတိုက်မခံလိုက်ရတာပါ။

ငယ်ငယ်တုန်းက သေနတ်ပစ်တမ်း ကစားခဲ့တာလေးတွေကို သတိရမိရင် ဒီအဖြစ်အပျက်လေးကိုလဲ သတိသွားရမိနေဆဲပါ။ သေချာတာတခုကတော့ အဲဒီနောက်ပိုင်းမှာ ကျွန်မ သေနတ်ပစ်တမ်း မကစားတော့ဘူး။ ဒက်...ဒက်....ဒက် လို့ အသံပဲထွက်ပြီး၊ ဘေးအန္တရာယ် အမှန်တကယ် ကြုံချိန်မှာ ရန်သူကို မချေမှုန်းနိုင်တဲ့ သေနတ်ကြီးကို ကျွန်မ မကိုင်ချင်တော့တာကြောင့်ပါ။ ၀ါးသေနတ်ကြီးကို ကိုင်ပြီး ကလေးတွေ အချင်းချင်းကြားမှာ သူ့သေနတ်က အသံပိုထွက်တယ်၊ ငါ့သေနတ်က အသံပိုထွက်တယ်လို့ ပြိုင်ရဆိုင်ရ၊ သူ့သေနတ်လှတယ်၊ ငါ့သေနတ်လှတယ်နဲ့ အပြန်အလှန် ချီးကျူးရ နဲ့ အချိန်ကုန်နေတာထက်၊ ရန်သူကို အမှန်တကယ် ချေမှုန်းနိုင်တဲ့ သေနတ်ကြီးတလက် ကိုင်ချင်လာခဲ့တာတော့ အမှန်ပါပဲ။


ခင်မမမျိုး (၂၈၊ ၂၊ ၂၀၁၁)




အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP