Monday, May 19, 2008

past experiences

အတိတ်ကိုပြန်လည်တူးဆွခြင်း (၁)- အုပ်စုဖွဲ့ခြင်း

တခါတလေ ငယ်ငယ်တုန်းက အကြောင်းအရာလေးတွေကို ပြန်လည်သတိရနေမိတတ်တယ်။ တိုက်ဆိုင်တဲ့အခါ သူ့အလိုလို အတွေးထဲ ၀င်လာတတ်တာလေးတွေလဲ ရှိတာပေါ့။ အခုတလောတော့ နာဂစ်မုန်တိုင်းနဲ့ ပတ်သက်ပြီး နေ့စဉ်နဲ့အမျှ စိတ်သောကရောက်ရတာကတမျိုး၊ စကားထိုင်ပြောနေတာထက်စာရင် လုပ်နိုင်တာလေးတွေ လုပ်မယ်ဆိုပြီး ကိုယ်တတ်နိုင်တာလေးတွေ လုပ်နေဖြစ်တာကတမျိုး၊ တက္ကသိုလ်က တခုသောဘွဲ့အတွက် သုတေသနလုပ်နေရုံရတင်မကပဲ၊ နောက်ထပ် professional fellowship စာမေးပွဲတခုကိုဖြေဖို့ စာမေးပွဲကြေးသွင်းပြီးသား ဖြစ်နေတာမို့ စာမေးပွဲအတွက်ပါပြင်ဆင်နေရတာက တမျိုး၊ အလုပ်ကတမျိုး၊ သားငယ်လေးကတမျိုးနဲ့ ရှုပ်ယှက်ခတ်နေစဉ်မှာ နာဂစ်မုန်တိုင်း၊ နိုင်ငံရေးမုန်တိုင်းတွေတင်မကပဲ နောက်ထပ်မုန်တိုင်းတမျိုးဖြစ်တဲ့ `ငါနဲ့မတူ။ ငါ့ရန်သူ` မုန်တိုင်းအကြောင်းတွေပါ ကြားလိုက်ရတာမို့ အတော်ပင် စိတ်မကောင်းဖြစ်သွားမိတယ်။ အဲဒီလိုစိတ်မကောင်းဖြစ်နေတုန်း ငယ်ငယ်တုန်းက အကြောင်းလေးတခုကို ပြန်သတိရသွားတာမို့ အတိတ်ကို ပြန်လည်တူးဆွကြည့်လိုက်မိပါရဲ့။ အဖြစ်အပျက်ကတော့ ဒီလိုပါ------။

ကျွန်မတို့ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့ကျောင်းမှာ အတန်းတင်စာမေးပွဲပြီးရင် အဆင့်တွေစီပြီး အဆင့် (၁)ကနေ (၅၀)- (၆၀) ခန့်ကို အေခန်းပို့တဲ့ အလေ့အထရှိခဲ့တယ်။ အဲ- လေးတန်းနှစ်ရောက်တော့ ဘာလို့ရယ်မသိဘူး။ အဲဒီလို ထိပ်ဆုံး (၅၀)၊ (၆၀) ကို အေခန်းပို့တာမျိုး မလုပ်ပဲ (၁)နဲ့ (၂) ကို အေခန်း၊ (၃)နဲ့ (၄) ကို ဘီခန်း စသည်ဖြင့် ပို့တာတွေ လုပ်တော့တယ်။ အဲဒီတုန်းက ကျွန်မက သုံးတန်းမှာ အဆင့် (၃)သာရလေတော့ ဘီခန်းကို ရောက်သွားပါလေရော။ အမေဆိုတာ ၀မ်းနည်းပက်လက်နဲ့ ကျောင်းအပ်တဲ့နေ့မှာ အတန်းပိုင်ဆရာမသစ်ဖြစ်လာမယ့် ဆရာမဒေါ်ခင်ငြိမ်းက မနည်းရှင်းပြလိုက်လို့သာ တော်သေး။ မဟုတ်ရင် သူ့သမီး အဆင့် (၆၀) ကျော်ရတယ်ဆိုပြီး အတော့်ကို ၀မ်းနည်းသွားရှာတာ။

ထားပါတော့။ အဲ-ဒီလိုနဲ့ (၁) ကနေ (၁၀)အတွင်းက စာပြိုင်ဘက်တွေကို အခန်းခွဲထည့်လိုက်တော့ တယောက်ချင်းပြိုင်နေတဲ့ပုံစံကနေ ပြောင်းလဲသွားပါလေရော။ အေခန်း၊ ဘီခန်း၊ စီခန်း၊ ဒီခန်း စသည်ဖြင့် အုပ်စုတွေ ဖြစ်လာတော့တာပါ။ ကိုယ့်အခန်းထဲမှာ ဘယ်လိုဖြေဖြေ ဒီအဆင့်တွေပဲ ရမှာ သေချာနေကြတော့ အဆင့်ကို မပြိုင်ကြတော့ဘူး။ အမှတ်ကို ပြိုင်ကြတာ။ အသည်းအသန်ပါပဲ။ ဆရာမတွေကလဲ အေအုပ်စုကဆို သင်္ချာမှာ ဘယ်လိုတော်တာ၊ ဘီအုပ်စုကဆို သမိုင်းမှာ ဘယ်လိုစတာတွေပြောပြီး လိုက်ဖွပေးပါလေရော။ အပြိုင်အဆိုင်စိတ်ကို အတော်အားပေးကြတာ။ တခုကောင်းတာကတော့ စာသိပ်မလုပ်တဲ့လူတွေလဲ ကိုယ့်အုပ်စုနဲ့ကိုယ်အားပေးကြ၊ မြှောက်ပေးကြနဲ့ လုပ်ရင်း အတန်းတွေထဲမှာ အရင်နှစ်တွေတုန်းကလို စာတော်သူ၊ စာညံ့သူ ခွဲခြားမှုတွေ သိပ်မရှိကြတော့ဘူး။ ဒါပေမယ့် ကိုယ့်အုပ်စုမှ ကိုယ့်အုပ်စုဖြစ်နေကြတာက ကြာလာတော့ အစွဲတွေဖြစ်ပြီး အစွန်းရောက်ကုန်တာပေါ့။ အုပ်စုထဲမှာ စာတော်တဲ့လူတွေကလဲ ၀ိုင်းပြီး မြှောက်တာခံနေရတော့ ကိုယ့်ဘာသာ သွေးနာထင်တွေရောက်ကုန်ကြပြန်ရော။ အမယ်လေး။ ကစားရင်တောင် အေခန်းကသပ်သပ်၊ ဘီခန်းက သပ်သပ်တွေ ဖြစ်လာကြတာ။ တကယ့်ကို သူတလူငါတမင်းဖြစ်နေကြတာ။ ပြိုင်လိုက်ရတာလဲဖတ်ဖတ်မော။ ကျက်လိုက်ရတဲ့စာ၊ တွက်လိုက်ရတဲ့သင်္ချာ။ မလုပ်လို့လဲမရ။ ဟိုအရင်နှစ်တွေကလို ကိုယ်တယောက်တည်း အဆင့်ရဖို့မဟုတ်တော့ဘူးလေ။ ဒါက အုပ်စုချင်းပြိုင်ပွဲမဟုတ်လား။ ပြန်တွေးကြည့်မိရင် ရယ်စရာအကောင်းသား။ အဲဒီတုန်းကတော့ ရယ်စရာမကောင်းဘူး။ အုပ်စုဗိုလ်ဖြစ်နေတော့ တခြားအုပ်စုက သူငယ်ချင်းတွေတွေ့ရင် ရီပြချင်တာတောင် မရီပြရဲဘူး။ မနှုတ်ဆက်ရဲဘူး။ ကိုယ့်လူတွေက အထင်လွဲမှာ စိုးလို့။

ကြာလာတော့ ဆရာမတွေလဲ ကြားကနေအနေရခက်ကုန်ကြတယ်။ နံနက်ကျောင်းလာတာကို ထိုင်စောင့်ပြီး အုပ်စုချင်းအပြိုင်အဆိုင် ခြင်းတောင်းသွားပြေးဆွဲကြတာ။ အုပ်စုတခုခုကို ခြင်းတောင်းလေးပေးလိုက်လို့ကတော့ နေရင်းထိုင်ရင်း အဲဒီဆရာမ စိတ်ကောက်ခံရရော။ ဘက်လိုက်တယ်လို့ အစွပ်စွဲခံရရော။ တခေါက်တုန်းကဆို အေအုပ်စုနဲ့ ဆရာမ ဒေါ်ခင်ငြိမ်း နေ့လည်စာ အတူသွားစားတာကို ဆန္ဒပြတဲ့အနေနဲ့ ကျွန်မတို့ ဘီအုပ်စုတွေ တခုခုလုပ်ဖို့ ဆုံးဖြတ်ကြပေါလေရော။ တကယ်ဆို သူကဘီအခန်းအတန်းပိုင်မို့ ဘီခန်းကျောင်းသားတွေရဲ့ ခွင့်ပြုချက်လိုတယ်ဆိုပြီးတော့ပေါ့။ အေခန်းကျတော့ သူက ဘာသာရပ်ဆိုင်ရာ ဆရာမလေ။ ဒီလိုနဲ့ ကျွန်မနဲ့ သူငယ်ချင်းတယောက်က ဆရာမ၀င်လာရင် တတန်းလုံးမတ်တပ်ရပ်နှုတ်ဆက်ချိန်မှာ မရပ်ပဲ ပေပြီးထိုင်နေမို့ အုပ်စုရဲ့သဘောတူညီချက်ရတယ်။ သူများမြှောက်ပေးတာကို ကျွန်မတို့ကလဲ တကယ်ကို လိုက်လုပ်ခဲ့ကြတယ်။ နောက်ပိုင်းနားလည်တတ်တဲ့အချိန်ရောက်လာတော့မှ ဆရာမကို ပြန် ကန်တော့ တောင်းပန်ခဲ့ရတယ်။ သြော်- ဆရာမသဘောထားကြီးပေလို့။ စိတ်တိုတတ်တဲ့ဆရာမမျိုးသာဆိုရင် `ငါ့ကို ကျောင်းသားတွေရှေ့ မခန့်လေးစားလုပ်ရလား` ဆိုပြီး ထရိုက်ရင် နေရင်းထိုင်ရင်း နာဦးမှာ။

ဒီလိုနဲ့ တနေ့ကျတော့ အင်္ဂလိပ်စာ အမှတ်ထွက်ပါလေရော။ အေခန်းက တယောက်က အင်္ဂလိပ်စာမှာ ပိုတော်တယ်လေ။ ဒါကို ကျွန်မတို့ အချင်းချင်းကတော့ သိတာပေါ့။ မြွေမြွေချင်း ခြေမြင်တယ်လေ။ ဒါပေမယ့် ဘီအုပ်စုထဲက တယောက်က အေအုပ်စု အမှတ်ပိုများသွားတာ မကျေနပ်ဘူး။ အဲဒါဆရာမမျက်နှာလိုက်ပြီး အမှတ်ပိုပေးတာပဲဖြစ်ရမယ်၊ ဆရာမကို သီတင်းကျွတ်သွားကန်တော့ထားတာပဲဖြစ်ရမယ်နဲ့ မကျေမနပ်ဆိုပါလေရော။ သူ့အဆိုကို အားလုံးကလဲ သံယောင်တွေလိုက်ကြတယ်။ မဆီမဆိုင် ဆရာမကိုပြောနေကြတာ ကျွန်မဘယ်ခံနိုင်မလဲ။ အဲဒီတော့ မဟုတ်ကြောင်း၊ ကျွန်မတို့က သူ့လောက်မတော်တာဖြစ်ကြောင်း၊ အတန်းတင်စာမေးပွဲတွင် ယှဉ်နိုင်အောင် ပိုမိုကြိုးစားရမှာ ဖြစ်ကြောင်း ပြောပြဖြစ်တယ်။

အဲဒီတော့ ကျွန်မကို တယောက်က ဒေါသတကြီးထပြောတယ်။

`ခင်မမမျိုး။ နင်ဘယ်အုပ်စုဘက်မှာ ပါနေတာလဲ။ ဟိုလိုလို၊ ဒီလိုလိုမလုပ်နဲ့။ ဘာလို့ အေအုပ်စု တော်တဲ့အကြောင်းကို ပြောရတာလဲ။ ငါတို့ညံ့တာကိုလဲ ဘာလို့ပြောနေတာလဲ။ နင့်ကို မခေါ်တော့ဘူး။ တခြားလူတွေကိုလဲ နင့်နဲ့မပေါင်းဖို့ လိုက်ပြောမယ်` ဆိုပဲ။

ကဲ-ဘယ်လိုလုပ်ရပါ့။

အဲဒီတုန်းကတော့ ကလေးပီပီ ပြန်ပြောမိတယ်။

`ငါ့အဖိုးကပြောဖူးတယ်။ ရန်သူပေမယ့်လဲ ချီးကျူးစရာရှိရင် ချီးကျူးရမှာပဲတဲ့။ သူတော်လို့တော်တယ်ပြောတာဘာဖြစ်လဲ။ သူ့လိုတော်ချင်ရင်တော်အောင်ကြိုးစားကြပေါ့။ ငါ့ကို မခေါ်တာနဲ့ပဲ နင်တို့က ဟိုကအုပ်စုကို နိုင်သွားမှာမှ မဟုတ်တာ` ဆိုပြီးတော့ပေါ့။

အခုတော့တိုက်ဆိုင်နေတာနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာပြန်တွေးမိလာတယ်။ တကယ်တော့ လူတိုင်းမှာ ရပ်တည်ချက်ဆိုတာရှိကြစမြဲ။ ကိုယ်ပိုင်ရပ်တည်ချက်၊ ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ အားလုံးဟာ ကိုယ်လျှောက်တဲ့လမ်းကို ကိုယ်ဖော်ဆောင်ကြတယ်။ ဒါပေမယ့် ရပ်တည်ချက်တူနေတိုင်း အမြင်တွေပါတူမယ်လို့ မဆိုနိုင်ပြန်ဘူး။ အမှုတခုဆိုပါစို့။ တရားသူကြီးနေရာကကြည့်တဲ့အမြင်၊ တရားလိုရှေ့နေကကြည့်တဲ့အမြင်၊ တရားခံရှေ့နေက ကြည့်တဲ့အမြင်၊ ရုံးမှာ လာနားထောင်သူတွေရဲ့အမြင်ဆိုပြီး အမြင်အမျိုးမျိုး ရှိစမြဲပဲ။ တရားလိုရှေ့နေတယောက်အနေနဲ့ တရားခံရှေ့နေစဉ်းစားနိုင်မယ့် အချက်တွေကို စဉ်းစားလိုက်မိတာနဲ့ပ၊ဲ တဘက်ကတော်တာကို ချီးမွမ်းပြောဆိုလိုက်တာနဲ့ပဲ ဒီရှေ့နေတော့ ဘက်ပြောင်းသွားပြီလို့ ပြောလို့မရပါဘူး။ မဟာဗျူဟာ လေ့လာရေးမှာ အဓိကအကျဆုံးက ကိုယ့်အားသာချက်၊ တဘက်လူအားသာချက်၊ ကိုယ့်အားနည်းချက်၊ တဘက်လူအားနည်းချက် တွေကို ချိန်ထိုးလေ့လာပြီး၊ အခွင့်အရေးတွေ၊ အနှောင့်အယှက်တွေကို ဘက်နှစ်ဘက်စလုံးကနေချိန်ဆသုံးသပ်မှုလို့ အဆိုရှိတယ်မဟုတ်ပါလား။ (strength-weakness- opportunity- threat analysis) လို့ ပြောကြတယ်။ ဒီလိုသုံးသပ်မှုလုပ်နိုင်ဖို့ ကိုယ့်ရပ်တည်မှုဘက်ကနေမဟုတ်ပဲ ရန်သူ့ဘက်ကအမြင်တွေကိုလဲ ထည့်သွင်းစဉ်းစား ပြောဆိုရတာတွေ ရှိတတ်တာပေါ့။ ဒါကို ရပ်တည်ချက်ပြောင်းသွားပြီ စွပ်စွဲလို့မရဘူး။ ရန်သူ့အားသာချက်တွေ ဖော်ထုတ်ထောက်ပြတာကိုလည်း ဘက်ပြောင်းပြီး ဘက်လိုက်ပြောဆိုနေတယ်လို့ မထင်မြင်ရဘူး။ ကိုယ့်မဟာဗျူဟာမှာ ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်။

ဒီလိုပဲ။ ဘေးကနေထိုင်ကြည့်နေတဲ့ ပရိသတ်ဆိုတာကလဲ အမြင်အမျိုးမျိုးရှိမှာပဲလေ။ တရားလိုနဲ့ပတ်သက်သူတွေရှိသလို၊ တရားခံနဲ့ပတ်သက်သူတွေလဲရှိမယ်။ ဘယ်သူနဲ့မှ မပတ်သက်သူတွေလဲရှိမယ်။ ဒါကို ရှေ့နေနှစ်ယောက်က ပရိသတ်တွေကိုသွားပြီး ကလော်တုတ်ဆဲတယ်လို့များ ဘယ်တုန်းက ကြားဖူးခဲ့လို့လဲ။ ကိုယ်ပြောတာလက်မခံတာနဲ့ပဲ ကြံရာပါဆိုပြီး တရားခံလိုက်ဆွဲထည့်တယ်လို့လည်း ဘယ်တရားခွင်မှာ ကြားဖူးကြလို့လဲ။

တကယ်တော့ လောကမှာ နေရာတိုင်းအဖြူချည်း၊ အမည်းချည်းဆိုတာ ရှိတာမဟုတ်ဘူး။ အ၀ါရောင်လဲရှိမယ်။ အနီရောင်လဲရှိမယ်။ အနီရောင်မြင်ရတာကို အဖြူရောင်အုပ်စုလူက အဖြူရောင်ပဲမြင်တယ်ပြောရမယ်၊ အမည်းရောင်အုပ်စုလူက အမည်းရောင်ပဲ မြင်တယ်ပြောရမယ်လို့ အုပ်စုဖွဲ့သတ်မှတ်တာမျိုးတွေက သဘာဝသိပ်မကျလှဘူး။ လူ့အတွေးအခေါ်၊ အမြင်တွေကို စော်ကားရာလဲကျတယ်။

ဘာပဲဖြစ်ဖြစ် လူသားတယောက်အနေနဲ့ အမှန်တရားဆိုတာကို လေးစားရမယ်။ တန်ဖိုးထားရမယ်။ အုပ်စုတခုတွင်းမှာ ရပ်တည်သူပဲဖြစ်ဖြစ်၊ ပရိတ်သတ်ပဲဖြစ်ဖြစ် ဘယ်သူမဆို ကိုယ်မြင်တဲ့အမြင်ကို ဖော်ထုတ်ရဲရမယ်။ ဒါကိုလဲ လေးလေးစားစား အသိအမှတ်ပြုကြရမယ်။ အလုပ်ပိုင်းမှာကတော့ `အမြင်တူတာမှာ တွဲလုပ်၊ မတူတာမှာ ခွဲလုပ်` တတ်ရမှာပေါ့။ ရပ်တည်ချက်နဲ့ ဆိုင်သွားတာကိုး။ ဒီလိုမဟုတ်ပဲ `ငါနဲ့မတူငါ့ရန်သူ``ငါဖြူရင်နင်လိုက်ဖြူရမယ်။ မဖြူဘူးဆိုရင် နင့်ကို အမည်းလို့သတ်မှတ်မယ်` ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ဆိုရင်တော့ အကျိုးယုတ်တာပဲ အမြတ်ထွက်လာနိုင်မယ်လို့ တွေးမိပါရဲ့။

အတိတ်က အုပ်စုဖွဲ့ခြင်းနဲ့ ပတ်သက်တာလေးကို သွားသတိရမိရာက ပေါ်လာတဲ့အတွေးစလေးတွေပါ။ အသေးစိတ် ဆက်တွေးချင်သေးပေမယ့်၊ ဥပမာလေးတွေပါ ထည့်ချင်ပေမယ့်၊ ရေခဏသွားသောက်မိတုန်းမှာ စားပွဲပေါ်က FIA (UK) စာအုပ်တွေက မြင်ကွင်းထဲဝင်လာကြပြန်တော့ `စာမေးပွဲ`ဆိုတာကို ပြေးသတိရမိ။ အတွေးတွေကလဲ ဘယ်ရောက်ကုန်မှန်းမသိ။ သြော်-ဘ၀---ဘ၀။

ခင်မမမျိုး

Friday, May 16, 2008

Please organize ASEAN humanitarian assistance teams for Burma (petition)

Dear all,


Please kindly sign the following petition to help the cyclone victims in Burma.


www.thepetitionsite.com/1/asean-please-send-asean-humanitarian-assistance-teams-for-burma-cyclone




Date: 9th, May 2008

To/

Dr. Surin Pitsuwan

ASEAN Secretary-General

The ASEAN Secretariat

70A, Jalan Sisingamangaraja

Jakarta 12110

Indonesia

Dear Mr. Secretary-General,

ASEAN must act for Burma Cyclone

On 2 May 2008, Cyclone Nargis ripped across the coast of Myanmar (Burma) bringing massive devastations to hundreds of thousands of people. The scale of the devastation is so immense that a huge relief and reconstruction efforts will be needed as soon as possible. There are a lot of aid teams waiting outside to go in with supplies but are being blocked by the Government of Myanmar.

With these concerns, we, the Burmese People, strongly urge ASEAN to act as a proxy-role to divert resources and aid from the United States, EU and Middle Eastern countries to Myanmar (Burma) for effective aid and breaking the aid deadlock and mistrust.

Furthermore, we, the Burmese People around the world, would like to urge ASEAN to organize to send humanitarian assistance teams from governments of ASEAN countries, China, Japan, India and Australia to Burma as an urgent matter.

Sincerely,

Concerned Burmese People for Cyclone victims

For further information,

Dr. Tayza (UK), Email: burmadigest@gmail.com, Tel: (+44) 7855046422

Mr. Simon Don(Thailand) , Email: letworktogether@gmail.com , Tel: (+66) 878008972

Ms. Khin Ma Ma Myo (UK), Email: khinmamamyo@gmail.com, Tel: (+44) 1224 524077

Ms. Khun Mya Hlaing (Thailand), Email: wardii.orchid@gmail.com, Tel: (+66) 2776355735

Mr. Nanda (Singapore), Email: ka.nando@gmail.com , Tel: (+65) 90841262

Ms. Nwe Lay Wai (Myanmar), Email: messander.angle77@gmail.com

Mr. Soe Moe (US), Email: soemoe555@gmail.com, Tel: +1(515) 97589190

Mr. Zaw Myo Lwin (US), Email: myolwinzaw@gmail.com, Tel: +1(515)468-8215

Mr. Kyaw Kyaw (Malaysia), Email: kyawcold@gmail.com, Tel: (+60) 122482976

Mr. Tayzar Tay (Denmark), Email: tayzartay@gmail.com, Tel: (+45) 22838096

UN send top officials to Myanmar as ASEAN steps in

UNITED NATIONS (AFP) - UN chief Ban Ki-moon has said he was sending the top UN humanitarian official to cyclone-ravaged Myanmar, as southeast Asian nations offered to lead international assistance efforts there.

Ban said John Holmes would travel to Myanmar on a World Food Program plane within days, to try to persuade its military rulers to open up to a full-scale relief effort targeting the two million survivors of the May 3 storm.

The UN chief was speaking after an emergency meeting of international diplomats here, who he said were “encouraged” by the increasing flow of aid to Myanmar but urged its rulers to be “fully cooperative” in providing access.

After a brief visit to Myanmar for talks with Prime Minister Thein Sein, Thailand’s Prime Minister Samak Sundaravej said the regime had again ruled out allowing in foreign experts to help the aid effort.

“They insisted they can take care of their people and their country. They can manage by themselves,” he said.

But the head of the Association of Southeast Asian Nations (ASEAN), of which Myanmar and Thailand are members, said the junta had agreed to issue visas to one of its rapid assessment teams and ASEAN would now lead the aid efforts.

“There is a consensus emerging now that ASEAN has to take the lead and ASEAN has risen to the occasion,” Secretary General Surin Pitsuwan told a meeting in Washington late Wednesday, saying it would lead a “coalition of mercy.”

The regional body has come under fire for failing to respond swiftly to the crisis, but Surin said: “It is the beginning. It is defining moment for ASEAN but ASEAN needs encouragement, needs less of criticism, less of ridicule.”

State media raised the cyclone death toll to 38,491 with 27,838 missing Wednesday, but British cabinet minister Douglas Alexander said reports from agencies on the ground suggested the number of dead and missing could rise above 200,000.

Tonnes of international aid is flowing in to Myanmar — five more US relief flights arrived Wednesday and a senior US military official said they had received verbal approval for another five.

But aid groups warn a lack of infrastructure and heavy equipment means not nearly enough is reaching the southern Irrawaddy Delta.

Despite the urgent need for food, clean water and shelter, the military, which has ruled the country with an iron hand for almost half a century, appears to fear that any outside influence could weaken its tight control.

Ban repeated Wednesday that the aid was aimed at a “purely, genuinely humanitarian crisis,” while at the same time saying that Myanmar’s failure to help its people “may create, inevitably, some political issues.”

Earlier, he urged the junta to open up, saying too much time had been spent trying to deliver supplies and obtain visas for aid workers whose expertise was urgently needed in the remote and flooded disaster zone in the south.

“Even though the Myanmar government has shown some sense of flexibility, at this time it’s far, far too short,” he said.

The aid operation was entering its “second stage,” he said, reflecting views that almost two weeks after the storm hit, it may be too late for many sick and hungry victims who have received little government help.

Holmes urged Myanmar’s rulers to make a “radical change” and allow in foreign aid workers to avoid a second wave of cyclone deaths, saying access was “the biggest problem we have at the moment.”

A top European Union humanitarian official said there was now a risk of famine, after the May 3 storm destroyed rice stocks in a main farming region in one of the world’s poorest and most isolated countries.

“If there is a lack of access, more people will die,” said Louis Michel, the EU’s humanitarian aid commissioner, before heading to Myanmar for talks with the ruling generals.

Foreign reporters said they were stopped from visiting the delta Wednesday, and even citizens had to prove they were going to see friends or relatives.

Journalists who have made it there relate scenes of almost unimaginable misery and despair.

Untold numbers of corpses have been left rotting in ground that is little more than a saltwater swamp, thousands of hungry people are begging in the streets, and most rice stocks are soaked and ruined.

“The rice we got is already wet from the rain. It’s not very good to eat,” 22-year-old Thin Thin told a reporter who made it to one of the remote delta regions.

Compounding the misery, heavy rain is forecast to hit the Irrawaddy Delta over the coming days.

(15/5/2008)

Sunday, May 11, 2008

political cyclone in Burma

မြန်မာနိုင်ငံတွင် နိုင်ငံရေးမုန်တိုင်းတခုပါ ထပ်မံကျရောက်နေသည်လော

ခင်မမမျိုး (၁၀၊၅၊ ၂၀၀၈)

မြန်မာနိုင်ငံအတွင်းသို့ နာဂစ်မုန်တိုင်းကြီး ၀င်ရောက်တိုက်ခတ်သွားသည်။ ပြည်သူများသန်းနှင့်ချီ၍ ဒုက္ခဆင်းရဲ ရောက်ခဲ့ကြရသည်။ သိန်းနှင့်ချီ၍ သေဆုံးခဲ့ကြရသည်။ အလောင်းများက မြင်မကောင်းရှူမကောင်း။ မြို့တော်ဟောင်းကြီးဖြစ်ခဲ့ဖူးသော ရန်ကုန်မြို့ကြီးသည် နေ့ချင်းညချင်း မှောင်မှောင်မဲမဲ မြို့ပျက်ကြီးဖြစ်သွားသည်။ အစိုးရယန္တရားများ ရပ်သွားသည်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားသည်။ မြန်မာပြည်၏ ဆန်အိုးကြီးဖြစ်သော ဧရာဝတီတိုင်းတွင် မြို့များ၊ ရွာများ အများအပြား ပျက်စီးသွားသည်။ လပွတ္တာမြို့နယ်တခုတည်းတွင်ပင် ရွာပေါင်း (၂၂)ရွာ လုံးဝပျောက်ဆုံးသွားသည်။


အဆိုပါမုန်တိုင်းသတင်းသည် ကြားရသူမြန်မာများကိုသာမက ကမ္ဘာတ၀ှမ်းလုံးကိုပင် တုန်လှုပ်ချောက်ချားစေခဲ့သည်။ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်နေရာချထားရေး၊ အကူအညီပေးရေး စကားလုံးများက နေရာတိုင်းတွင် ပျံ့လွင့်လာသည်။ သို့ပေမယ့် ထိုစကားလုံးများနောက်ကွယ်မှ လက်တွေ့ဆောင်ရွက်ချက်များတွင်ကား ပြေပြစ်ချောမွေ့ခြင်းများ လုံးဝမရှိခဲ့။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ၊ ပထ၀ီဝင်အနေအထား၊ သဘာဝသယံဇာတနှင့် မြန်မာလူမျိုးများ၏ စိတ်ထားများသည် ရှုပ်ထွေးနက်နဲလှသော ပြဿနာပေါင်းများစွာကို ဖြစ်ပွားစေခဲ့သည်။ နိုင်ငံရေးမုန်တိုင်းတခုပင် ထပ်မံကျရောက်နေသည်လောဟု တွေးစရာရှိလာသည်။ ဖြစ်ပျက်နေသည့်အကြောင်းအရာများကို ပါဝင်သူများ အခန်းကဏ္ဍခွဲ၍ လေ့လာကြည့်ပါစို့။


(၁) ပြည်ပရောက်မြန်မာများ


မုန်တိုင်းအန္တရာယ်ကျရောက်ချိန်မှစ၍ ပြည်ပရောက်မြန်မာများအားလုံး ဆောင်ရွက်ခဲ့ ကြသည့် တူညီသော လုပ်ရပ်တခုမှာ အလှူငွေ ကောက်ခံခြင်းပင် ဖြစ်သည်။ အချင်းချင်းသတင်းများဖလှယ်၍ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ပြည်ပရောက်အတိုက် အခံမြန်မာများ၊ ကျောင်းသားမြန်မာများ၊ အခြေစိုက်အလုပ်လုပ်ကိုင်နေသူမြန်မာများ၊ စစ်အုပ်စုမှလွှတ်ထားသော ပညာတော်သင်မြန်မာများ စသည့် မြန်မာများအားလုံး တက်တက်ကြွကြွ၊ ကိုယ့်အစုအဖွဲ့နှင့်ကိုယ် ပါဝင်ခဲ့ကြသည်။ လူမှုရေးစိတ်အပြည့်အ၀ ရှိခဲ့ကြသည်။


ထိုအပိုင်းတွင် တူညီသော်လည်း အတွေးအမြင်ပိုင်းတွင်ကား မတူညီကြပါ။ လူတကိုယ်၊ စိတ်တမျိုးပင် ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် အုပ်စုကြီးလေးအုပ်စုခန့် ကွဲထွက်လာခဲ့သည်။ ပထမအုပ်စုက မုန်တိုင်းကိစ္စအားလုံး၏ တရားခံကို စစ်အစိုးရအဖြစ်သတ်မှတ်ပြောဆိုခြင်းဖြစ်သည်။ ကြိုတင်ကာကွယ်ရေးလုပ်သင့်ပါလျက် မပြုလုပ်ခဲ့ခြင်း၊ မုန်တိုင်းဒုက္ခသည်များအား လျစ်လျူရှုခြင်း၊ သင့်လျော်သော ကယ်ဆယ်မှုများမပြုလုပ်ခြင်း၊ ဆန္ဒခံယူပွဲအား ဇွတ်အတင်းပြုလုပ်ခြင်းများအပေါ်တွင် ဇောင်းပေးပြောဆိုကြသည်။ အမေရိကန်နိုင်ငံနှင့်အခြားသော နိုင်ငံများမှ လူသားချင်း စာနာထောက်ထား၍ မြန်မာနိုင်ငံသို့ ၀င်ရောက်ပေးသင့်ကြောင်း လှုံ့ဆော်ကြသည်။ စစ်အစိုးရအား ရှုံ့ချကြောင်း ကြေငြာချက်များထုတ်ပြန်ကြသည်။


ဒုတိယအုပ်စုမှာကား ထိုပထမအုပ်စုများကို ထိပ်တိုက်ပြန်လည်ပြောဆို ဖြေရှင်းနေသည့် အုပ်စုဖြစ်သည်။ ပြည်သူလူထု၏ လက်ထဲသို့ ရေတဗူးပင် ကိုယ်တိုင်သွားထည့်နိုင်ခြင်းမရှိပဲ ဘေးထိုင်ဘုပြောလုပ်နေကြကြောင်း ပြောဆို၍၊ ပြည်တွင်းတွင် စစ်အုပ်စုမှ ပြုလုပ်နေသော ကယ်ဆယ်ရေးလုပ်ငန်းများကို အသားပေးပြောဆိုရေးသားမှုများ ပြုလုပ်ကြသည်။


တတိယအုပ်စုမှာကား နိုင်ငံတော်၏ အရေးပေါ်အချိန်ကာလတွင် ညှိညှိနှိုင်းနှိုင်း ပူးပေါင်းဆောင်ရွက်စေလိုသူများဖြစ်သည်။ ပြည်သူများလက်ထဲသို့ ထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိသွားရေးသည် အဓိကဖြစ်ပြီး၊ ခေတ္တခဏကာလတွင် တဦးပေါ်တဦး အပြစ်များ ပုံချမနေသင့်ကြောင်း၊ နောင်တချိန်တွင်မှ judgement ကိစ္စကို ပြုလုပ်ရန် ပြောဆိုကြသည်။


စတုတ္ထအုပ်စုမှာကား စစ်အုပ်စုရော၊ အတိုက်အခံများရော ထင်ရာမြင်ရာ ပြောကြ၊ လုပ်ကြခြင်းဖြင့် ပြည်သူများမှာ ကြားညပ်ခံစားနေကြရသည်ဟု ထင်မြင်သူများဖြစ်သည်။ စစ်အုပ်စု၏ စာနာစိတ်ကင်းမဲ့ခြင်း၊ ပြဿနာကို ပြည်သူ့အကျိုးမျှော်၍ ဖြေရှင်းဆောင်ရွက်မှုမရှိခြင်း များကို ပြောဆိုနေသကဲ့သို့ ပြည်တွင်းပြည်ပအတိုက်အခံများ၏ ညီညွတ်မှုမရှိခြင်း၊ လူများပြီးပွဲမစည်ဖြစ်နေခြင်း၊ တယောက်တပေါက် ပြောဆိုခြင်း၊ စနစ်တကျရှိသော လုပ်နည်းလုပ်ဟန်မရှိခြင်း၊ တွေဝေတတ်ခြင်း၊ ပြတ်ပြတ်သားသားမဆောင်ရွက်တတ်ခြင်း၊ အပြောများနေခြင်းများ အပေါ်တွင် စိတ်ပျက်နေကြသူများဖြစ်သည်။


(၂) ပြည်တွင်းအတိုက်အခံများ


ပြည်တွင်းအတိုက်အခံများတွင် အများဆုံးအာရုံစိုက်ခံရသည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်သည်။ မုန်တိုင်းနှင့်ပတ်သက်၍ တာဝန်မဲ့ခဲ့သော နအဖလုပ်ရပ်များအား ရှုံ့ချကြောင်း ကြေငြာချက်ထုတ်ပြန်ထားသည်။ ဆန္ဒခံယူပွဲကို မုန်တိုင်းဒဏ်ခံရသော မြို့နယ်များမှအပ ကျန်နေရာများတွင် ဆက်လက်ကျင်းပရန် နအဖမှ ကြေငြာထားခြင်းအပေါ် ရှုံ့ချကြောင်း၊ ပြည်သူအများဒုက္ခခံစားနေရချိန်တွင် ဆန္ဒခံယူပွဲ တခုလုံးအား ရွှေ့ဆိုင်းရန် ကြေငြာချက်တခုကိုလည်း ထပ်မံထုတ်ပြန်ထားသည်။ ထိုကြေငြာချက်များသာမက ယခုကဲ့သို့ ပြည်သူအများ လေဘေး၊ ရောဂါဘေး၊ အငတ်ဘေးကြုံတွေ့နေရချိန်တွင် တတ်နိုင်သမျှ ကျရာနေရာမှ ပူးပေါင်းဆောင်ရွက်ခွင့်ပြုရန် ကြေငြာပေးလျှင် ပိုမို၍ ကောင်းမွန်ဆီလျော်ပါလိမ့်မည်။ လက်ခံသည်၊ ငြင်းဆန်သည်က နအဖအပိုင်း။ တောင်းဆိုသင့်သည်က အတိုက်အခံများအပိုင်းသာ ဖြစ်သည်။ ထို့အပြင် မြန်မာတနိုင်ငံလုံးမှ ကျောင်းသားလူငယ်များ မုန်တိုင်းကျရာနေရာများသို့ သွားရောက်၍ နအဖစစ်တပ်၊ အင်အယ်လ်ဒီ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကြံ့ခိုင်ရေးအဖွဲ့များ၊ မီးသတ်အဖွဲ့များ၊ ကြက်ခြေနီအဖွဲ့များ အားလုံးနှင့် အတူ ပူးပေါင်းဆောင်ရွက်ကြရန် အင်အယ်လ်ဒီမှဦးဆောင်နှိုးဆော်သင့်ပါသည်။ ယုံကြည်မှုတည်ဆောက်ရေး ဆိုသည်ကို ပြည်သူအများ အရေးကြုံချိန်တွင် တည်ဆောက်ကြရန် စတင်ဖိတ်ခေါ်သင့်ပါသည်။ ပြည်တွင်းအတိုက်အခံရဲဘော်များမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တကိုယ်တော်ပူးပေါင်းဆောင်ရွက်နေမှုများ၊ အစုအဖွဲ့ငယ်အလိုက် လှုပ်ရှားနေမှုများ ရှိပါသည်။


(၃) မီဒီယာ


ပြည်တွင်းနအဖမီဒီယာများမှ နအဖ၏ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကြံ့ဖွတ်များ၊ တပ်မတော်သားများ၏ အခန်းကဏ္ဍကို မြှင့်တင်ပြောဆိုနေကြသည်။ ထောက်ခံပွဲကိစ္စသီချင်းများ လွှင့်ထုတ်နေကြပုံမှာ အော့နှလုံးနာစရာပင် ကောင်းလှသည်။ ပြည်သူလူထု၏အသံကို ကိုယ်စားမပြုပဲ နအဖပြောသည်များကိုသာ ဟုတ်သည်ရော၊ မဟုတ်သည်ရော၊ ရောကြိတ်နေကြလေသည်။ မုန်တိုင်းအန္တရာယ်ကို အရိပ်အယောင်ပင် မပြခဲ့ကြ။ ဖြစ်ခဲ့သည်ထားတော့။ ယခုအချိန်တွင် အရေးကြီးဆုံးလုပ်သင့်သည်မှာကား ကူးစက်ရောဂါပိုးများ စတင်ပျံ့နှံ့လာသည့် အန္တရာယ်မှ ကာကွယ်ရန် နည်းလမ်းများကို ပြည်သူလူထုထံသို့ တင်ပြသင့်ပေသည်။


ပြည်ပအတိုက်အခံမီဒီယာများသည်ကား သတင်းရယူနိုင်မှုစွမ်းပကား ကောင်းမွန် လှပါသည်။ လူထု၏အသံကို ကိုယ်စားပြုလေသည်။ နအဖတာဝန်မဲ့ခဲ့သည်များကို ဒိုးဒိုးဒေါက်ဒေါက်၊ အချက်ပိုင်ပိုင် ထောက်ပြနိုင်စွမ်းရှိသည်။ မြန်မာပြည်သူလူထုအားလုံးမှ သတင်းမှန်ရရှိရေး အားကိုးနေရသည့် မီဒီယာများဖြစ်သည်။ တခုတော့ရှိပေသည်။ မုန်တိုင်းသတင်း (၄၈)နာရီကျော်ကြိုရချိန်တွင် ပြည်တွင်းမှ သောတဆင်သူများအတွက် မုန်တိုင်းအန္တရာယ် ကာကွယ်ရေးသတင်းအချက်အလက်များအား အဘယ်ကြောင့် ဦးစားပေးမလွှင့်ခဲ့ကြသနည်း ဆိုသည်ကိုတော့ မေးခွန်းထုတ်ဖွယ်ရာပင်ဖြစ်သည်။ မုန်တိုင်းနောက်ဆက်တွဲတွင် ဖြစ်လာနိုင်သည့် ဆိုးကျိုးများနှင့် မည်သို့မည်ပုံ ကာကွယ်သင့်သည်ဆိုသော အချက်များကို ယခုလိုအခြေအနေတွင် ဦးစားပေး ပြောဆိုသင့်ကြပေသည်။


နိုင်ငံတကာ မီဒီယာများမှာကား မုန်တိုင်းကျချိန်မှစ၍ မြန်မာနိုင်ငံသတင်းများ၊ အလှူငွေကောက်ခံရေးသတင်းများကို ဆက်တိုက် ထုတ်လွှင့်ပေးကြသည်။ သတင်းမှန်ရရှိရေးကို စွမ်းစွမ်းတမံဆောင်ရွက်ကြသည်။ ပြည်တွင်းဝင်ရောက် သတင်းဝင်ယူရန် ကြိုးပမ်းသည့် သတင်းထောက်တယောက်အား သတင်းမှန်ဖုန်းကွယ်လိုသော နအဖမှ ပြည်နှင်လိုက်သည့် ကိစ္စပင် ပေါ်ပေါက်လာသည်။


(၄) နအဖနှင့် နိုင်ငံတကာအစိုးရများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ


ဤကဏ္ဍမှာ အရေးကြီးဆုံးဖြစ်သည်။ ပါဝင်နေသူများ၏ စိတ်ဓာတ်၊ အတွေးအခေါ်၊ လုပ်ရပ်များက မြန်မာပြည်သူလူထုအပေါ် ကြီးစွာသော ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မှုများ ဖြစ်စေခဲ့သည်။ မုန်တိုင်းနှင့်ပတ်သက်၍ တာဝန်အရှိဆုံးသူမှာ နအဖပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် မြန်မာနိုင်ငံကို လက်ရှိအုပ်ချုပ်နေသော အစိုးရတရပ်ဖြစ်သောကြောင့်ဖြစ်သည်။


မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မည်သည့်အရာမျှမလုပ်ခဲ့ပါ။ သို့ပေမယ့် မုန်တိုင်းပြီးသွားသည့်အခါတွင် နအဖဘာမှ မလုပ်ပဲ ငုတ်တုတ်ထိုင်နေသည်တော့ မဟုတ်ပါ။ တစုံတရာတော့ ပြုလုပ်နေပါလိမ့်မည်။ ဤကဲ့သို့သော ကြီးမားလှသည့် မုန်တိုင်းအန္တရာယ်ကြီးသည် မြန်မာနိုင်ငံတွင် တခါမျှ ဖြစ်ပေါ်ဖူးခြင်း မရှိခဲ့ပါ။ သို့ဖြစ်၍ ထိရောက်စွာ စီမံခန့်ခွဲမှု မည်သို့မျှ ပြုနိုင်မည်မဟုတ်ပါ။ ပြုလုပ်ရန် နည်းပညာ၊ စနစ်၊ အတွေ့အကြုံမရှိပါ။ ထို့အတွက် အပြစ်ပြောနေရန်မလိုအပ်ပါ။ သို့ပေမယ့် အပြစ်ဆိုရမည့်အချက်က အဆိုပါ နည်းပညာ၊ စနစ်များအကူအညီရယူရန် နှောင့်နှေးကြန့်ကြာနေခြင်းဖြစ်သည်။


အဘယ်ကြောင့် ထိုသို့ဖြစ်နေရသနည်း။ သဘာဝအန္တရာယ်ကျရောက်ခံရသည့် နိုင်ငံများတွင် အာဏာရှင်အစိုးရများ ပြုတ်ကျခဲ့သည့် သာဓကများက ကမ္ဘာ့သမိုင်းအဆက်ဆက်တွင် ရှိနေသောကြောင့်ဖြစ်သည်။ ထိုအဖြစ်မျိုး ဖြစ်ပွားလာမည်ကို နအဖအလွန်ကြောက်လေသည်။ သို့ဖြစ်ရာ ထောက်ပံ့ကူညီရေးနှင့်တွဲ၍ political process အား undermine လုပ်မည်လားဆိုသည့် သံသယနှင့် ယှဉ်၍ အရာရာကို ဆုံးဖြတ်နေလေတော့သည်။ စစ်အစိုးရ၏ non-political အကူအညီကို လက်ခံမည်ပြောဆိုထားခြင်းအချက်သည် ဤသံသယကို ညွှန်ပြနေပေသည်။


ထို့အတူပင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများကလည်း နအဖအပေါ်တွင် ကြီးစွာသော သံသယစိတ်ဖြစ်ပေါ်ခဲ့ကြသည်။ နအဖမှ ကူညီထောက်ပံ့ပေးမည့် အစီအစဉ်ကို မယုံကြည်သဖြင့် ပစ္စည်းအင်အားတင်မက လူအင်အားပါ ၀င်ရောက်ခွင့်ပြုရန် တောင်းဆိုကြသည်။ စစ်သဘောင်္များဖြင့် ၀င်ရောက်ရန်ကိုပင် ပြောဆိုကြသကဲ့သို့၊ ကုလသမဂ္ဂ mandate ဖြင့် နအဖခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ၀င်ရောက်ရန်အထိပင် ကြိုးပမ်းခဲ့ကြသည်။ မုန်တိုင်းအကူအညီပေးရန် တခုတည်းပင်လား၊ အခြားနောက်ဆက်တွဲများ ပါသေးသည်လား ဆိုသည်ကတော့ ထိုသူများပင် အသိဆုံး ဖြစ်ပေလိမ့်မည်။ ပြင်သစ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ်တွင် အမှန်တကယ် စေတနာရှိပါက မုန်တိုင်းကူညီထောက်ပံ့ရေးတွင် နအဖအား မယုံကြည်၍ ထောက်ပံ့မှု လျှော့ပေးသည်၊ ကုလသမဂ္ဂမှ လူသားချင်းစာနာမှုဖြင့် ကျူးကျော်ဝင်ရောက်ရန် mandate ပေးသင့်သည်ဟူ၍ ယခုလိုအချိန်တွင်မှ ထကြေငြာခြင်းထက် မြန်မာပြည်အစိုးရသည် မုန်တိုင်းကူညီထောက်ပံ့ရေးအဖွဲ့အား နှောင့်နှေးအောင် ပြုလုပ်ပါက မြန်မာပြည်စစ်အုပ်စုအား နှစ်စဉ်နိုင်ငံခြားငွေသန်းပေါင်းများစွာ ထုတ်ပေးနေသည့် တိုတယ်လ်ရေနံကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာလိုက်မည် ဟု ကြေငြာလိုက်ပါက ပိုမိုဖိအားပေးရာရောက်ပေလိမ့်မည်။ ယခုကဲ့သို့လုပ်လိုက်သည်က ခေါင်းအနည်းငယ်ပြူစ ပြုလာသောလိပ်ကို ခေါင်းပြန်ဝင်သွားအောင် လုပ်လိုက်သကဲ့သို့ပင် ရှိသည်။ လုံခြုံရေးကောင်စီတွင် ရုရှားနှင့်တရုတ်က ဗွီတိုနှင့် ပယ်ချနိုင်သည်ကို မတွက်ခဲ့သည်လား၊ တွက်ခဲ့သည်လား၊ လုပ်ရသည့်အကြောင်းရင်းကိုတော့ လုပ်သူများသာ သိပေလိမ့်မည်။ တဘက်နှင့်တဘက် အပြန်အလှန် စွပ်စွဲမှုများကတော့ ပေါ်ထွက်လာလေတော့သည်။


ထိုသို့သောသံသယစိတ်၊ မယုံကြည်စိတ်သည် အရာရာကို အမှားအယွင်းများ ဖြစ်စေ့ခဲ့လေသည်။ ပြည်တွင်းသို့ ကမ္ဘာလှည့်ခရီးသွားတယောက်ဝင်လျှင်ပင် အမေရိကန်စီအိုင်အေလား၊ ဗြိတိန်သူလျှိုလား၊ ပြင်သစ် ထောက်လှမ်းရေးလား ထင်ကာ အမြီးတနံ့နံ့လိုက်နေတတ်လေ့ရှိသော နအဖသည် နိုင်ငံတကာကူညီ ထောက်ပံ့ရေးအဖွဲ့များမှ လူကိုယ်တိုင်ဝင်ရောက်၍ ပစ္စည်းများ၊ ရိက္ခာများ ဝေပေးမည်ဆိုသည်ကို မည်သို့မည်ပုံ လက်ခံနိုင်အံ့နည်း။ နိုင်ငံတော်လုံခြုံရေးအမြင်မှကြည့်လျှင် ဖြစ်ပွားခဲ့သော နယ်မြေများအားလုံးသည် မြန်မာနိုင်ငံ၏ ပင်လယ်ထွက်ပေါက်။ ထိုအခြေအနေများကြားထဲတွင် ရေတပ်သင်္ဘောကိစ္စများပါ ပါလာသည်ဆိုတော့ နအဖသွေးကြောင်သွားတော့သည်။


အဓိကဆုံးဖြတ်ရမည့် နအဖအစိုးရ စိတ်ထဲတွင် ထိုသို့ဖြစ်လာသည်နှင့် ကမ္ဘာ့လူသမိုင်းတွင် အဆိုးဝါးဆုံးသော ကိစ္စရပ်ကြီးတခု ဖြစ်ပွားလာခဲ့ရလေသည်။ နိုင်ငံတကာအကူအညီများ အကြီးအကျယ် နှောင့်နှေးကုန်သည်။ မုန်တိုင်းနောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန် ပြင်ဆင်ခြင်းမရှိသဖြင့် ကူးစက်ရောဂါပိုးပြန့်ပွားမှုများ ဖြစ်လာသည်။ ရေတိုကယ်ဆယ်ရေးလုပ်ငန်းများ မည်သို့မှ မထိရောက်တော့။ ပြည်တွင်းတွင် လှုပ်ရှားနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအပေါ်တွင်လည်း တင်းကြပ်မှုများ ပိုဖြစ်လာသည်။ ပြည်ပကပဲ ၀င်လာတော့မည်လော၊ ပြည်တွင်းကပဲ လူထုတိုက်ပွဲများ စလာတော့မည်လော၊ တပ်မတော်ထဲကပဲ ပုန်ကန်လာတော့မည်လော စသည့် သို*