ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

(၁၉)နှစ်ကြာမှားနေဆဲစကားလုံးများ

Saturday, September 15, 2007

စက်တင်ဘာလ (၁၄)ရက်၊ ၂၀၀၇ခု


“နိုင်ငံတော်၏

အဘက်ဘက်မှ

ယိုယွင်းနေသော

အခြေအနေများကို

အချိန်မီတားဆီးနိုင်ရန်

အများပြည်သူ

အကျိုးအတွက်

တပ်မတော်က

နိုင်ငံတော်အာဏာ

အ၀၀ကို

ယနေ့မှစ၍

လွှဲပြောင်းယူလိုက်ပါတယ်“တဲ့၊

ရေဒီယိုကနေ

ထွက်ပေါ်လာတဲ့

ဒီစကားလုံးတွေဟာ

စေတနာလား

ဝေဒနာလား

ခွဲဖြာစရာပင်မလို

လုပ်ရပ်တွေကပင်

သက်သေတည်ခဲ့။

သြော်-ဘာလိုလိုနဲ့

”နိုင်ငံတော်၏

အဘက်ဘက်မှ

တိုးတက်ဖွံ့ဖြိုးလာမည့်

အခြေအနေများကို

ကောက်ကျစ်ယုတ်မာစွာ

တားဆီးနိုင်ရန်၊

အများပြည်သူ

ဆိုးကျိုးအတွက်

သတ်မတော်မှ

နိုင်ငံတော်

အာဏာနှင့်

ဘဏ္ဍာအ၀၀ကို

ပြန်မလွှဲစတမ်း

သိမ်းယူခဲ့ကြ”တာ

အခုဆိုရင်

(၁၉)နှစ်တောင်

ကြာခဲ့ပါပကောလား။



  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP