ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Burma nuclear disease

Tuesday, October 7, 2008

မြန်မာ့နူးကလီးယားရောဂါ


စစ်အေးတိုက်ပွဲလွန်ကာလ။

အမေရိကန်သမ္မတကြီးးက ကမ္ဘာကြီးငြိမ်းချမ်းသွားပြီဟူ၍ မိန့်ခွန်းခြွေသည်။


နိုင်ငံရေးသိပ္ပံပညာရှင်များကတော့ ပဋိပက္ခများပိုမိုများပြားပြီး၊ ငြိမ်းချမ်းရေးကိုထိခိုက်စေသော ပြဿနာများ တိုးလာမည်ဟု ဟောကိန်းထုတ်ကြသည်။သိပ်မကြာလိုက်ပါ။ပညာရှင်များ၏ ဟောကိန်းမှန်ကန်ကြောင်းကိုဆက်တိုက်ဆိုသလို ပေါ်ပေါက် လာသော အကြမ်းဖက်မှုများ၊လူမျိုးစုမျိုးတုန်း သတ်ဖြတ်ပွဲများ၊ နူးကလီးယားလက်နက်စမ်းသပ်ထုတ်လုပ်မှုများက သက်သေထူလိုက်သည်။


ယင်းပြဿနာများအနက် နူးကလီးယားလက်နက်များထုတ်လုပ်မှုပြဿနာကား၊ ယနေ့ကမ္ဘာ့နိုင်ငံရေးလောက၏ အဓိက ပြဿနာကြီးတစ်ရပ် ဖြစ်လာခဲ့လေပြီ။


အဘယ်ကြောင့်နည်းဆိုသော် နူးကလီးယားရောဂါသည် အေအိုင်ဒီအက်စ်ကဲ့သို့ ကူးစက်တတ်သော ရောဂါဖြစ်နေသော ကြောင့်ပင်ဖြစ်သည်။


စစ်အေးတိုက်ပွဲကာလက နူးကလီးယားလက်နက်ပိုင်ဆိုင်ခြင်းအား အသိအမှတ်ပြုခံထားရသော နိုင်ငံကြီး ငါးနိုင်ငံရှိခဲ့သည်။ ဗြိတိန်၊ပြင်သစ်၊ယူအက်စ်အေ၊ဆိုဗီယက်၊တရုတ်နိုင်ငံတို့ဖြစ်ပြီး၊ အခြားနိုင်ငံများ၌ နူးကလီးယားလက်နက်ထုတ်လုပ်မှုအား ငြိမ်းချမ်းရေးထိခိုက်စေနိုင်သောအကြောင်းပြချက်နှင့် ဦးဆောင် ကန့်ကွက်သောနိုင်ငံများဖြစ်သည်။ (Horizontal proliferation) အခြားရှုထောင့်မှ ကြည့်သောနိုင်ငံများလဲ ရှိသည်။ အိန္ဒိယ၊အင်ဒိုနီးရှားအီဂျစ် စသော နိုင်ငံများကမူ နိုင်ငံကြီးငါးနိုင်ငံကသာ နူးကလီးယားလက်နက်များ ပိုင်ဆိုင်မှုကိုလက်မခံကြပဲ နူးကလီးယားလက်နက်စမ်းသပ် ထုတ်လုပ်မှုများ ပြုလုပ်လာကြသည် (Vertical proliferation)


ယင်းယူဆချက်နှစ်ခုရှိနေရာမှ စစ်အေးတိုက်ပွဲပြီးသွားသည့်ကာလတွင်ကား နည်းပညာပျံ့နှံ့မှုနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းသော တတိယလှိုင်းလုံးတွင်မပါသွားပဲ အချို့စစ်အာဏာရှင်စနစ်နိုင်ငံများ ကျန်ရှိခဲ့မှုစသည်များကြောင့် နူးကလီးယားလက်နက်ထုတ်လုပ်ရန် ကြိုးပမ်းမှုများသည် ရောဂါပိုးတစ်ခုနှယ် ကမ္ဘာ့နိုင်ငံများအကြားသို့ရောက်သွားသည်။


အဓိကဖြစ်လာသောပြဿနာကား နူးကလီးယားလက်နက်ထုတ်လုပ်မှု မဟုတ်ပါ။ မည်သူထုတ်လုပ်ပြီး၊ မည်သူပိုင်ဆိုင်မည်ကသာ ပြဿနာဖြစ်ပါသည်။ဥပမာဆိုရသော် သားလှီးဓားတစ်ချောင်းဆိုပါစို့။ စားဖိုမှူးလက်ထဲတွင် သားလှီးဓားရှိနေခြင်းကြောင့် မည်သူ့ကိုမျှမထိခိုက်နိုင်သော်လည်း၊ စိတ္တဇ လူသတ်သမားတစ်ယောက် လက်ထဲတွင်ရှိနေခြင်းကတော့ အနည်းနှင့်အများအန္တရာယ်ရှိနိုင်သည် မဟုတ်ပါလော။


နိုင်ငံရေးသိပ္ပံပညာရှင်စာဂမ်(Sagan)ဆိုသူက စစ်တပ်များတွင်ရှိနေပြီးဖြစ်သော အမိန့်နာခံမှုများ၊ဖွဲ့စည်းပုံအလိုက် အထက်အောက် အာဏာတည်မှုများ၊ တင်းကျပ်သောလုပ်နည်း လုပ်ဟန်များ၊တသွေးတသံတမိန့်စသည်များသည် ရည်ရွယ်သည်ဖြစ်စေ၊အမှတ်တမဲ့ဖြစ်စေ၊နူးကလီးယားစစ်ပွဲများ စတင်ဖြစ်သွားစေနိုင်ကြောင်းနှင့် အရပ်သားအုပ်ချုပ်ရေး မဟုတ်သော စစ်အုပ်ချုပ်ရေးနိုင်ငံများသည် အရေးကြုံပါကစစ်နည်းစစ်ဟန်အတိုင်း လက်နက်အင်အားသုံးခြင်းကိုသာ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဟူ၍နူးကလီးယားလက်နက်ရောဂါပျံ့နှံ့မှုနှင့်ပတ်သက်၍ဖြစ်လာနိုင်သော နောက်ဆက်တွဲ အကျိုးဆက်များကို မီးမောင်းထိုးပြထားပါသည်။


သို့ဆိုလျှင်မြန်မာ့အရေးနှင့်ပတ်သက်၍ လေ့လာကြည့်ကြပါစို့။

စာရေးသူအမြင်အရ၊ အဓိကအချက်များမှာ-

()မြန်မာနိုင်ငံသည် စစ်တပ်အုပ်ချုပ်သော နိုင်ငံဖြစ်သည်။

()ထိုစစ်တပ်သည် ပြည်သူလူထုဆီမှ အာဏာကိုမတရားရယူထားသည်။

()အာဏာသိမ်းရာတွင် လက်နက်အားကိုးဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းနည်းကိုသုံးသည်။

()အရေးတစ်ခုခုကြုံလျှင် သံတမန်နည်းမသုံးပဲ၊ စစ်ဆင်ရေးများကို ဦးစားပေး ပြုလုပ်တတ်သည်။

()အနာဂတ်နိုင်ငံအတွက်မရှိမဖြစ်လိုအပ်သော ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းများကို လျစ်လျူရှုထားသည်။

()တသွေး၊တသံ၊ တမိန့်စနစ်ကိုကျင့်သုံးသည်။

()စစ်တပ်အင်အားတိုးချဲ့မှု၊ စစ်လက်နက်များတိုးမြှင့် ဝယ်ယူထုတ်လုပ်မှုပမာဏမှာ ဒေသ တစ်ခုလုံးတွင် အမြင့်ဆုံးဖြစ်သည်။

()နူးကလီးယားလက်နက်ထုတ်လုပ်ရာတွင်သုံးသည့် ယူရေနီယံသယံဇာတရှိနေပြီးသားဖြစ်ခြင်းကြောင့်၊ နည်းပညာပိုင်းသာ လေ့လာရန်လိုသဖြင့်strategic resources ရှိနေပြီးသားဟုဆိုနိုင်သည်။

()စစ်တပ်တစ်ခုလုံးအား မျက်ကန်းမျိုးချစ်ဝါဒရိုက်သွင်းထားပြီး၊ပြည်ပနိုင်ငံများ (အထူးသဖြင့် ဥရောပနှင့် အမေရိကန်နိုင်ငံများ)အား မုန်းတီးစိတ်သွင်းထားသည်။

(၁ဝ)စစ်ခေါင်းဆောင်ကြီးများသည် အာဏာရူး၊ဥစ္စာရူးများဖြစ်ပြီး၊ အာဏာမြဲမည်ဆိုလျှင် ဘာပဲလုပ်ရလုပ်ရဆိုသော စိတ်ဖောက်ပြန်မှုရောဂါကို ခံစားနေကြရသည်။


စာရှုသူအပေါင်းတို့-


အထက်ပါအချက်များကိုလေ့လာကြည့်ပြီး၊မြန်မာ့နူးကလီးယားရောဂါကို ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်နိုင်သည် မထိခိုက်နိုင်သည်ကို စဉ်းစားကြည့်ကြပါကုန်။ မြန်မာ့နယူးကလီးယားရောဂါသည်များ လက်ထဲတွင် မပျောက်မပျက်ပဲ နောင်နှစ်ပေါင်းများစွာအထိ မြန်မာပြည်ကြီး ကမ္ဘာ့အလယ်မှာ ဆက်လက် တည်ရှိပါစေကြောင်းသာ ဆုတောင်းမိပါကြောင်း။


ခင်မမမျိုး (ဂျုလိုင်၊ ၂ဝဝ၆)


(Prince Ka Naung Converter လေးရတာကြောင့် ၂၀၀၆ ကရေးဖူးတဲ့ ဆောင်းပါးဟောင်းလေးကို ပြန်တင်နိုင်တာပါ။ တီထွင်ပြုလုပ်သူများကို လေးစားစွာ ကျေးဇူးတင်ကြောင်း ပြောပါရစေ။)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP