ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

People's Voices

Sunday, November 4, 2007

ပြည်သူ့ဟစ်ကြွေးသံ

အာဏာကို

တငမ်းငမ်းမက်လို့

အမိုက်မှောင်ဖုံးနေတဲ့

နအဖတွေ

“ပြည်သူ“ဆိုတဲ့

စကားလုံးကို

အလွဲသုံးစား

ပြုခဲ့ကြတာ

အကြိမ်ကြိမ်များခဲ့ပြီ။

အာဏာရှင်စနစ်ဆိုး

အုတ်မြစ်ချမယ့်

ကြံ့ဖွတ်တွေကို

”ပြည်သူ“လို့ဗန်းပြလိုပြ၊

အာဏာရှင်စနစ်အတွက်

ဝိုင်းဟောင်နေတဲ့

စွမ်းအားရှင်တွေကို

“ပြည်သူ“လို့

ကျောသပ်ပြလိုပြနဲ့

တကယ့်ပြည်သူတွေ

လမ်းမပေါ်ရောက်လာတော့

မျက်ကလူးဆန်ပြာ

ရိုက်သတ်ခဲ့ကြတယ်။

စစ်အာဏာရှင်တို့ရေ-

ပြည်သူ့အာဏာဆိုတာ

ပြည်သူသာပိုင်ဆိုင်မှန်း

အချိန်မှီ

သဘောမပေါက်ကြရင်တော့

စစ်မှန်တဲ့ပြည်သူတွေရဲ့

ဒဏ်ခတ်မှုကို

လှလှကြီးခံကြရလိမ့်မယ်၊

ကမ္ဘာတ၀ှမ်းမှာ

တည်မြဲတဲ့

အာဏာရှင်စနစ်ဆိုတာ

ဘယ်တုန်းက

ရှိဖူးလို့လဲကွယ်ရို့။

(၁.၁၁.၂၀၀၇)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP