ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

အနာဂတ်အတွက်

Saturday, February 23, 2008

အနာဂတ်အတွက်

ခံယူချက်လွဲလို့

ရပ်တည်ချက်မှားတဲ့

စစ်အာဏာရူးတွေရဲ့

အုပ်ချုပ်မှုအောက်မှာ

သက်ဆိုးရှည်ဖို့

“ငါတို့တွေ

လူဖြစ်လာတာမဟုတ်ဘူး“

ဝတ်စရာအပုံ

စားစရာအစုံနဲ့

လူ့ဘောင်လောကကြီးထဲမှာ

ဝတ်စရာမဲ့

ငတ်သေကြဖို့

“ငါတို့တွေ

လူဖြစ်လာတာမဟုတ်ဘူး“

လူကိုလူချင်း

တန်ဖိုးထားတဲ့

ခေတ်သစ်ကမ္ဘာကြီးထဲမှာ

အဖိနှိပ်ခံ

စစ်ကျွန်ဖြစ်ဖို့

“ငါတို့တွေ

လူဖြစ်လာတာမဟုတ်ဘူး“

မိတ်ဆွေတို့ရေ-

သံသရာတကွေ့က

ရတောင့်ရခဲ

လူ့ဘ၀တွေရဲ့

အနာဂတ်တွေကို

စစ်ကျွန်ဘ၀နဲ့

အဆုံးမသတ်စေဖို့

အာဏာရှင်ကို

တော်လှန်မှဖြစ်တော့မယ်။

အာဏာရှင်စနစ်ကို

မြေလှန်ကြရမယ်။

ခင်မမမျိုး (၂၃၊၂၊၂၀၀၈)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP