ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ပြတ်ပြတ်သားသားတိုက်ပွဲဝင်စို့

Friday, February 29, 2008

ပြတ်ပြတ်သားသား၊ တိုက်ပွဲဝင်စို့

စက်တင်ဘာတော်လှန်ရေး၏ တိုက်ပွဲမီးတောက်ကား ပြည်သူတို့၏ ရင်ထဲတွင် တမြည့်မြည့် ကျွမ်းလောင်နေဆဲဖြစ်ပါသည်။ အချိန်မရွေး ပြန်လည်တောက်လောက်လာမည့် အခြေအနေရှိပါသည်။ ထိုမီးညွန့်ကို ချိုးရန်၊ လူထု၏ တော်လှန်ရေးစိတ်ဓာတ်အဟုန်ကို လျှော့ချပစ်ရန်၊ နိုင်ငံတကာ၏ ဖိအားပေးမှုကို မျက်လှည့်ပြရန် နအဖတို့က ၀ှက်ဖဲတခုကို အသုံးပြုလိုက်ပါသည်။ ယခု ပြည်သူ့ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲ ကြေငြာချက်ကား ထိုဝှက်ဖဲပင် ဖြစ်သည်။


အလားတူဝှက်ဖဲမျိုးအား နအဖတို့ အကြိမ်ကြိမ် သုံးခဲ့ဖူးပါပြီ။ (၁၉၈၈)ကာလ၊ လူထုအရေးတော်ပုံကြီးအပြီးတွင်လည်း ရွေးကောက်ပွဲ ကျင်းပမည်၊ ပါတီများထောင်ခွင့်ပေးမည်စသည့် ၀ှက်ဖဲနှင့် လူထုရင်ထဲမှာ တိုက်ပွဲဝင်စိတ်အဟုန်ကို လျှော့ချပစ်ခဲ့ကြသည်။ စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး ရည်မှန်းချက်ပန်းတိုင်နှစ်ခုတွင် စစ်အာဏာရှင် ပြုတ်ကျရေးသည် ပထမဆုံး ဦးစားပေးရမည့် အချက်သာ ဖြစ်ပါသည်။ စစ်အာဏာရှင် ရှိနေသရွေ့ ဒီမိုကရေစီ ဖော်ဆောင်ရေးသည် ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ပါ။ သို့ပေမယ့် ထိုကာလက စစ်အာဏာရှင်တို့ ကစားသည့် လှည့်ကွက်ထဲတွင် အတိုက်အခံများ ပိတ်မိကုန်ခဲ့ကြသည်။ ပြည်သူများစွာကို သွေးမြေကျစေခဲ့သည့် စစ်အစိုးရကို ယုံစားမိခဲ့ကြသည်။ ”ရွေးကောက်ပွဲလို့ အနိုင်ရပါတီကို အာဏာလွှဲပေးပြီးလျှင် စစ်တန်းလျားပြန်မည်“ဆိုသည့် စကားကို အဟုတ်ထင်ခဲ့ကြသည်။ ဒီမိုကရေစီစနစ်ဖော်ဆောင်ရန် ရွေးကောက်ပွဲဝင်ရေးက ပထမဖြစ်သွားသည်။ စစ်အာဏာရှင် ပြုတ်ကျရေးက ဦးစားပေးအဆင့်မဟုတ်ခဲ့တော့ပါ။


ယင်းအချက်ကို န၀တတို့က ကောင်းကောင်းအသုံးချသွားခဲ့ကြသည်။ အချိန်တန်၍ သူတို့ဇာတိရုပ်ပြကာရမ်းကားလျှင် အတိုက်အခံများဘက်မှ လက်နက်ကိုင်တော်လှန်ရေးအရှိန်ယူသွားနိုင်မည်ကို ကြိုတင်တားဆီးသည့်အနေဖြင့် အသည်းအသန် စီမံချက်ချကာ တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးယူလိုက်သည်။ ဒီမိုကရေစီ တော်လှန်ရေးကိုသာ ပစ်မှတ်အဖြစ် နောက်ဆုံးချိန်ရွယ်ထားလိုက်သည်။ (၁၉၈၈) မှ (၁၉၉၀) အတွင်း န၀တနှင့် ငြိမ်းချမ်းရေးယူလိုက်သည့် အဖွဲ့များ မနည်းခဲ့ပါ။


အတိုက်အခံများကတော့ ရွေးကောက်ပွဲတွင် ပြည်သူများ အမှန်တရားဘက်မှ ရပ်တည်နိုင်ရေး၊ ဆန္ဒမှန် ဖော်ထုတ်နိုင်ရေးကို ဦးစားပေးခဲ့ကြသည်။ အတိုက်အခံများ အောင်ပွဲရခဲ့ပါသည်။ ပြည်သူများ တာဝန်ကျေခဲ့ပါသည်။ သို့ပေမယ့် စစ်အာဏာရှင်စနစ်အောက်တွင် ပေါ်ထွန်းလာသော ရွေးကောက်ပွဲ၏ ရလာဒ်များသည် အသက်မ၀င်ခဲ့။ ရွေးကောက်ပွဲရလာဒ်များအား နိုင်ငံတကာမှ အသိအမှတ်ပြုမှုကိုတော့ ခံခဲ့ရပါသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ရွေးကောက်ပွဲဝင်ကြခြင်း၏ မူလရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်ခဲ့ပါသလား။ မလှမ်းနိုင်ခဲ့ပါ။ အနှစ်နှစ်ဆယ်နီးပါး ရှိလာခဲ့ပါပြီ။အဘယ်ကြောင့်နည်း။ စစ်အာဏာရှင်ပြုတ်ကျရေး လမ်းကြောင်းပေါ်မှ သွေဖည်သွား၍သာ ဖြစ်သည်။


နိုင်ငံရေး အတွေးအခေါ်ပညာရှင် စမ်တာရာနာက “Those who cannot remember the past are condemned to repeat it” ဟူ၍ ဆိုဖူးပါသည်။ ယခုအနှစ်နှစ်ဆယ်ကာလအတွင်းတွင် န၀တ၊ နအဖတို့ ကစားခဲ့ကြသည့် ကစားကွက်များကား စုံခဲ့ပြီဖြစ်သည်။ ကောက်ကျစ်စဉ်းလဲသည့် နည်းပရိယာယ်မျိုးစုံကိုလည်း အတိုက်အခံများတင်မက နိုင်ငံတကာပါ ကြုံခဲ့ကြရပြီးဖြစ်သည်။ လှည့်စားခြင်းမျိုးစုံကိုလည်း ခံစားခဲ့ကြရပြီး ဖြစ်သည်။


ယခုအကြိမ်ကတော့ ကစားပွဲကြီးပါသည်။ အကွက်မှားခြင်း လုံးဝအဖြစ်ခံ၍ မရတော့ပါ။ ပြည်သူလူထုကို မရေရာသည့် မျှော်လင့်ချက်များပေးခြင်း၊ေ၀၀ါးစေသည့် သတင်းစကားများ ပေးခြင်း လုံးဝလုပ်၍ မရပါ။ တခုတည်းသော နည်းလမ်းသာရှိပါသည်။ ပွဲဖျက်ရပါမည်။ ပြည်သူ့ဆန္ဒခံယူပွဲကို တက်ညီလက်ညီနှင့် ၀ိုင်းဝန်းကန့်ကွက်ရပါမည်။ သားစဉ်မြေးဆက် စစ်ကျွန်ဘ၀ မရောက်ရေးအတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ကြရပါမည်။ တပ်ဦးကလဲ တပ်ဦးတာဝန်ကျေစေချင်ပါသည်။ ပြည်သူတို့ ရွေးကောက်ခဲ့သည်မှာ ရမ်းကားသော စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်လိုစိတ်နှင့် ဖြစ်ပါသည်။ ယခုကဲ့သို့ နိုင်ငံတော်၏ သေရေးရှင်ရေးတွင် ဦးဆောင်တိုက်ပွဲဝင်သင့်ပါသည်။


နအဖက အကြံကြီးကြံကာ ယုတ်မာထားသည့် လှည့်ကွက်ဖြစ်ပါသည်။ အပြုတ်တိုက်ရေး လမ်းကြောင်းပေါ်ရောက်နေသည့် လူထုတိုက်ပွဲအရှိန်ကို လမ်းလွှဲနိုင်ရုံမက၊ ၄င်းတို့ချမှတ်ထားသည့် လမ်းပြမြေပုံ အဆင့်တဆင့် အောင်မြင်ရေးကိုပါ ဦးတည်ထားပါသည်။ အနီးဆုံးအချိန်တွင်ပြုလုပ်မည့် ပြည်သူ့ဆန္ဒခံယူပွဲတင်မက နောင်နှစ်နှစ်တာကာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ ကိုပါ အဘယ်ကြောင့် ပူးတွဲကြေငြာရသနည်း။ ပြည်သူ့ဆန္ဒခံယူပွဲကိုသာ တိုက်ရိုက်ပစ်ခတ်လာမည့် မြားချက်များကို ဖြာထွက်အောင် လုပ်နေခြင်းဖြစ်သည်။ ပြည်သူများေ၀၀ါးအောင်၊ အတိုက်အခံများအတွင်း အငြင်းအခုံများဖြစ်အောင်၊ နိုင်ငံတကာ အသိအမှတ်ပြုမှုရအောင် မသမာနည်းဖြင့် ကြံနေခြင်းဖြစ်သည်။ ယခုပင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်ရခြင်း၊ မ၀င်ရခြင်းနှင့် ပတ်သက်၍ ဝေဖန်ဆွေးနွေးမှုများက ဆန္ဒခံယူပွဲ ဆန့်ကျင်ရေးထက် ပိုမိုများပြားနေသည်မဟုတ်ပါလော။


ရွေးကောက်ပွဲကိစ္စသည် ယခုလိုအခြေအနေမျိုးတွင် ရေးကြီးခွင်ကျယ် လုပ်နေရမည့် ကိစ္စမဟုတ်ပါ။ နအဖလွှဲလိုက်သည့် လမ်းပေါ်သို့ မတက်ကြမိစေရန် အရေးကြီးပါသည်။ နိုင်ငံတော်၏ အရေးပါသော အခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ရေးဆိုသော အချက်များသာ အဓိကပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အတည်ပြုပြီးမှ ပေါ်ထွက်လာမည့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အနိုင်ရပါတီ အစိုးရအဖွဲ့သည် နအဖကြိုးကိုင်ကြံ့ဖွတ်ပဲဖြစ်ဖြစ်၊ အင်အယ်လ်ဒီပဲဖြစ်ဖြစ်၊ မည်သည့်အဖွဲ့ပင် ဖြစ်ဖြစ် ဒီမိုကရေစီ အနှစ်သာရရှိသော၊ တိုင်းရင်းသားလူမျိုးများ တန်းတူရည်တူအခွင့်အရေးရှိသော နိုင်ငံတခုကို တည်ဆောက်နိုင်တော့မည် မဟုတ်ပါ။ ဒီမိုကရေစီစနစ်ထွန်းကားအောင် ဖော်ဆောင်ရေးတွင် လက်နက်ကိုင်စစ်တပ်၏ အခန်းကဏ္ဍမကြီးထွားရေးသည် အဓိက သော့ချက်ပင် ဖြစ်သဖြင့် စစ်တပ်ကဏ္ဍကြီးထွားနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ၏ ရန်သူပင်ဖြစ်သည်။


သို့ပါ၍ စစ်အာဏာရှင်ဖြုတ်ချရေး၊ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး ဟူသော လမ်းစဉ်နှစ်ခုကိုသာ စွဲစွဲနစ်နစ် ဆုပ်ကိုင်၍၊ စစ်အာဏာရှင်စနစ်ကို အမြစ်တွယ်စေမည့်၊ ရွှေရည်စိမ်ဒီမိုကရေစီစနစ်သာ ပေါ်ထွက်စေမည့် ပြည်သူ့ဆန္ဒခံယူပွဲကို ၀ိုင်းဝန်းကန့်ကွက်ကြရင်း၊ လူထုတိုက်ပွဲနည်းဖြင့် စစ်အစိုးရဖြုတ်ချရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပေသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးသည် ------ပထမ

ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးသည် -----ဒုတိယ။

ပြည်သူ့ဆန္ဒခံယူပွဲ ကန့်ကွက်ရေး- ဒို့အရေး

စစ်အစိုးရပြုတ်ကျရေး- ဒို့အရေး

လူထုတိုက်ပွဲဖော်ဆောင်ရေး-ဒို့အရေး။

ထပ်၍ဆိုပါမည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးသည် ------ပထမ

ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးသည် -----ဒုတိယ။

ပြည်သူ့ဆန္ဒခံယူပွဲ ကန့်ကွက်ရေး- ဒို့အရေး

စစ်အစိုးရပြုတ်ကျရေး- ဒို့အရေး

လူထုတိုက်ပွဲဖော်ဆောင်ရေး-ဒို့အရေး။

ခင်မမမျိုး (၂၉၊ ၂၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

နိုင်ငံရေးဆိုတာ (အပိုင်း - ၇)

Sunday, February 24, 2008

နိုင်ငံရေးဆိုတာ (အပိုင်း-၇)

သို့ဆိုလျှင် ဥပဒေစိုးမိုးရေးဟူသည် မည်သို့ မည်ပုံ ပေါ်ပေါက်၍ မည်သို့ ထိန်းသိမ်းရမည်နည်း။ အဆိုပါမေးခွန်းများနှင့် ပတ်သက်၍ အဖြစ်အပျက်အားလုံးကို ခြုံငုံဖြေဆိုနိုင်သော တိကျသည့် အဖြေမရှိပါ။ ဖြေဆိုရန် လွယ်ကူသော မေးခွန်းများလည်း မဟုတ်ပါ။ သို့ရာတွင် ရှေးယခင်ကာလများ၌ကား ရိုးရှင်းသော လူ့ဘောင်အဖွဲ့အစည်းများတွင် အသိဥာဏ်၊ ဥပဒေစိုးမိုးရေးနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို တပုံစံတည်းဟု ယူဆခဲ့ကြပုံပေါ်ပါသည်။

လူသားများသည် လူအများစု ပြုမူဆောင်ရွက်သည့်အတိုင်း ပြုမူရှင်သန်ခဲ့ကြပြီး၊ ထိုလူအများသည်လည်း သူတို့၏ မိဘများ၊ ဘိုးဘွားအစဉ်အဆက်က ပြုမူနေထိုင်ခဲ့ကြသည့်အတိုင်း ရှင်သန် ရပ်တည်နေကြခြင်း ဖြစ်ရာ၊ အဆိုပါ ဘိုးဘွားအစဉ်အလာဆိုသည်များမှာလဲ ယင်းတို့ယုံကြည်ရာ၊ ဘုရား၊ နတ်ဘုရား၊ ရိုးရာနတ်များမှ လူသားတို့အား ပြုမူဆောင်ရွက်စေလိုသည့် အနေအထိုင်၊ အပြုအမူများမှ ဆင်းသက်လာခြင်းပင်ဖြစ်သည်။

သို့ဖြစ်ရာ အဆိုပါဓလေ့ထုံးတမ်းစဉ်လာများကို ဆန့်ကျင်သူများ၊ သွေဖည်နေထိုင်သူများသည် ပြစ်ဒဏ်ခံရခြင်း၊ အသတ်ခံရခြင်း၊ ထွက်ပြေးနေရခြင်း၊ ရူးသွပ်သူများဟု သတ်မှတ်ခံရခြင်း၊ စုန်းကဝေ၊ မှော်ဆရာများဟု ထင်ယောင်ထင်မှားခံရခြင်း စသည်များနှင့် ကြုံကြရလေသည်။ ထိုသူများအပေါ် မည်သို့ ဆက်ဆံပြုမူသည်ဖြစ်စေ၊ အကျိုးဆက်မှာကား ဓလေ့ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဟု ယူဆခဲ့ကြလေသည်။

မည်သို့ပင် ဖြစ်စေ နှစ်ဆယ်ရာစု နှောင်းပိုင်းကာလ လူ့ဘောင်ရပ်တည်မှုသည်ကား ဓလေ့ထုံးတမ်းစဉ်လာများတွင် အခြေမပြုတော့ပါ။ တခါတရံတွင် ဓလေ့ထုံးတမ်းစဉ်လာများသည် လူအများ မသိစိတ်တွင် ပိုမို၍ အင်အားကြီးမားသယောင် ထင်ရသော်လည်း လူအဖွဲ့အစည်းများ၏ ပြုမူနေထိုင်မှုသည်ကား ဓလေ့ထုံးတမ်းများတွင် အခြေမပြုတော့ပဲ တရားဥပဒေတွင် ပိုမို၍ အခြေပြုလာပါသည်။

စိုစွတ်သော မြေပေါ်မှ ခြောက်သွေ့သော မြေပေါ်သို့ နွားများကို ကျောင်းသော နူရာလူမျိုးတယောက်အတွက် သူ၏ အပြုအမူမှာ လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး၊ တခြားနူရာလူမျိုးများအား ထည့်သွင်းစဉ်းစားရန် လုံးဝမလိုအပ်ပါ။ သို့ရာတွင် အဝေးပြေးကားလမ်းမကြီးတွင် မောင်းနှင်နေသော ယနေ့ခေတ် ယာဉ်မောင်းသူတယောက်အတွက်ကား သူ၏အပြုအမူအတွက် ဆင်ခြင်တုံတရား ရှိရမှုသည် နွားကျောင်းနေသော နူရာတယောက်ထက် ပိုမိုသာလွန်ပါသည်။ ခေတ်သစ်ယာဉ်မောင်းတယောက်သည် ၄င်း၏ အပြုအမူလုပ်ရပ်အတွက် စဉ်းစားတွေးခေါ်လုပ်ကိုင်ရခြင်းမှာ သူ၏ဘိုးဘွားများချမှတ်ခဲ့သော ထုံးတမ်းစဉ်လာ များကြောင့် မဟုတ်ပါ။ ဥပဒေပြုအဖွဲ့အစည်းတခုမှ ချမှတ်ထားသော၊ အစိုးရမှ ခန့်အပ်ထားသည့် ရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှု ရှိသော အဝေးပြေးလမ်းမ ကားမောင်းခြင်းဆိုင်ရာ ဥပဒေတရပ်ကို လိုက်နာကာ ယာဉ်မောင်းရခြင်းသာ ဖြစ်ပါသည်။

သို့ရာတွင် ယာဉ်မောင်းအများစု ယာဉ်ကို ဆင်ဆင်ခြင်ခြင် မောင်းနှင်ခြင်းမှာ လိုက်နာရမည့် ဥပဒေတခုတည်းကြောင့်ပင်မဟုတ်ပါ။ ၄င်းတို့ကြောင့် အခြားသူများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ မဖြစ်စေလိုသောကြာင့်၊ ပိုမို တိကျစွာ ဆိုရပါလျှင် ၄င်းတို့၏ မော်တော်ယာဉ်အား မပျက်စီးစေလိုသောကြောင့်ပင် ဖြစ်သည်။

အကယ်၍ ယာဉ်မတော်တဆဖြစ်မှု ဖြစ်ပွားပါက ထိုမတော်တဆဖြစ်မှုအား ယာဉ်စည်းကမ်းဖောက်ဖျက်မှုကြောင့် ဟု သတ်မှတ်ခြင်း၊ ပြစ်မှုကျူးလွန်သူအတွက် ဆုံးရှုံးနစ်နာမှုအများအပြား ဖြစ်စေခြင်းဖြင့် ဥပဒေသည် ယာဉ်မောင်းများ၏ မိမိကိုယ်ကျိုးအတွက် လိုက်နာစောင့်ထိန်းမှုကို အားပေးသည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၃၊၁၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

Roadmap

Roadmap

အာဏာရှင်စနစ်ဆိုးကို

အသက်ဆက်မယ့်

Roadmap။

စစ်ကျွန်ဘ၀ကို

သက်တမ်းရှည်စေမယ့်

Roadmap။

တိုင်းရင်းသား

အခွင့်အရေးတွေ

ဆုံးရှုံးစေမယ့်

Roadmap။

အာဏာရူးတွေကို

မြေတောင်မြှောက်ပေးမယ့်

Roadmap။

အစိမ်းသရဲ

ဗိုလ်ရှုပ်တွေကို

ဘီလူးသဘက်

ဖြစ်စေမယ့်

Roadmap။

တိရစ္ဆာန်မျိုး

ကြံ့ဖွတ်တွေကို

ပိုရိုင်းစိုင်းစေမယ့်

Roadmap။

ပြည်သူတို့ရဲ့

ဘ၀တွေကို

ငရဲပြည်

ပို့ပေးမယ့်

Roadmap။

ရှည်ရှည်ဝေးဝေး

တွေးမနေနဲ့

အဆင့်တိုင်းမှာတိုက်ဖျက်။

ခင်မမမျိုး (၂၃၊၂၊၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

နိုင်ငံရေးဆိုတာ (အပိုင်း -၆)

နိုင်ငံရေးဆိုတာ (အပိုင်း -၆)

အခန်း (၂)

နိုင်ငံရေးနှင့် တရားဥပဒေစိုးမိုးရေး

ရိုးရှင်း၍ ရှေးကျသော လူ့အဖွဲ့အစည်းငယ်များမှသည် ကြီးမားဆန်းကျယ် ရှုပ်ထွေးလှသော လူ့အဖွဲ့အစည်းများအထိ မည်သည့် လူ့အဖွဲ့အစည်းတွင်မဆို တ၇ားဥပဒေစိုးမိုးရေးသည် အရေးကြီးပါသည်။ တရားဥပဒေစိုးမိုးခြင်း ဆိုရာတွင် လူတဦးချင်းအလိုက်၊ လူအုပ်စုချင်းအလိုက် တဦးကို တဦး ထိခိုက်နစ်နာစေခြင်း ကင်းစွာဖြင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း၊ ပြုမူပြောဆိုခြင်း ပါဝင်လေသည်။

ယင်းသို့ဥပဒေများ ချမှတ်ခြင်းနှင့် လူတဦးချင်းစီ၏ လေးစားလိုက်နာခြင်း မည်မျှအရေးကြီးပုံကို မော်တော်ယာဉ်မောင်းနှင်ခြင်းဆိုင်ရာ ဥပဒေစည်းကမ်းများအား ဥပမာ ထား၍ လေ့လာကြည့်ကြပါစို့။

သန်းပေါင်းများစွာသော လူအများသည် မော်တော်ယာဉ်များကို မောင်းနှင်ကြသည်။ မော်တော်ယာဉ်အား မောင်းနှင်လိုက်ခြင်းဖြင့် ထိုသူ၏ ပါဝါသည် ပင်ကိုယ်စွမ်းရည်ထက် ပို၍ ကြီးမားသွားပါသည်။ ကားမောင်းသူတိုင်းသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ လူအများကိုသော်လည်းကောင်း၊ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် တန်ဆာပလာကို ကိုင်ဆောင်ထားသူများ ဖြစ်ပါသည်။

သို့ရာတွင် သန်းပေါင်းများစွာသော လူအများသည် သူတပါး၏ အသက်အန္တရာယ်ကိုလည်း မထိခိုက်၊ မိမိ၏ အသက်အန္တရာယ်ကိုလဲ ရန်မရှာပဲ မော်တော်ယာဉ်များကိုလဲ ကြီးမားလှသော ပျက်စီးမှုများ မဖြစ်စေပဲ မောင်းနှင်နေကြပါသည်။ တနာရီလျှင် မိုင် (၄၀)နှုန်းဖြင့် မျက်နှာချင်းဆိုင်မောင်းနှင်လာသော ကားနှစ်စီး ထိပ်တိုက်ဆုံမိပါက မလွဲမသွေ ယာဉ်မောင်းနှစ်ဦးစလုံး အသက်ဆုံးရှုံးမည် ဖြစ်လေသည်။ သို့ပေမယ့် ထိုသို့သော မတော်တဆ ထိခိုက်မှုများကား ဖြစ်ခဲလှပါသည်။

အဘယ်ကြောင့်နည်း။

ယာဉ်မောင်းနှစ်ဦးလုံးသည် အလွန်ပင်ကောင်းမွန်၍ ကြင်နာတတ်သော နှလုံးသား ပိုင်ရှင်များ ဖြစ်၍လား။ လူအချင်းချင်း မသတ်ဖြတ်ပါဟု သစ္စာဆိုထားသူများ ဖြစ်၍လား။ သို့တည်းမဟုတ်က ထိုသူတို့သည် အလွန်ပင် သွက်လက်မြန်ဆန်၍ အန္တရာယ်ကို ချက်ချင်းရှောင်နိုင်သူများဖြစ်၍လား။ သို့မဟုတ်က ထိုသူတို့သည် အလွန်တရာ ကံကောင်းသူများ ဖြစ်၍လား။ သို့တည်းမဟုတ်က ထိုသူတို့သည် သေခြင်းတရားကို လွန်မင်းစွာ ကြောက်နေသူများ ဖြစ်၍လား။

မဟုတ်ပါ။ တခုမှ မဟုတ်ပါ။

လက်တွေ့တွင်ကား ထိုသူတို့သည် တဦးနှင့်တဦး ရှိနေသည်ကိုပင် ထည့်သွင်းစရာမလိုပဲ ကြောက်ရွံ့ခြင်းကင်းစွာ ဖြတ်သွားနိုင် ကြပါသည်။ အဘယ်ကြောင့်ဆိုသော် သက်ဆိုင်ရာနိုင်ငံအလိုက် ချမှတ်ထားသော ယာဉ်စည်းကမ်း ဥပဒေမျညးကို လိုက်နာရ၍ ဖြစ်လေသည်။ ဥပဒေများ၊ လုပ်ထုံးများကို လိုက်နာခြင်းဖြင့် အသက်အန္တရာယ်ပင် ဖြစ်စေလောက်သည့် မော်တော်ယာဉ်မောင်းနှင်ခြင်းသည် သူတို့အတွက် ထမင်းစား၊ ရေသောက်သကဲ့သို့ ကြောက်ရွံ့ခြင်းကင်းစွာပင် သဘာဝအတိုင်း လုပ်ကိုင်နိုင်နေခြင်းဖြစ်သည်။

မော်တော်ယာဉ်ဖြင့် ခရီးသွားပါက ခြေကျင်လျှောက်ခြင်းထက် အဆပေါင်းများစွာ ပို၍ ခရီးရောက်စေပါသည်။ ယင်းမှာ မော်တော်ကား ပိုင်ဆိုင်နိုင်ရုံတခုတည်းဖြင့် ရရှိနိုင်သည့် အခွင့်အရေး မဟုတ်ပါ။ မော်တော်ယာဉ်အား မည်သို့ဘေးအန္တရာယ်ကင်းအောင် မောင်းနှင်ရမည်လဲဆိုသည့် ဥပဒေစည်းကမ်းအား လိုက်နာနိုင်မှုပေါ်တွင် များစွာ မူတည်ပါသည်။

စည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများသည် မြို့ကြီးများတွင် နေထိုင်သည့် မော်တော်ယာဉ်မောင်းနှင်သူများတွင်သာ တီထွင်ထားသည့်အရာမဟုတ်ပါ။ ဥပမာအားဖြင့် နူရာခေါ် ယူဂန်ဒါနိုင်ငံနှင့် ဆူဒန်နိုင်ငံနယ်စပ်တလျှောက် နိုင်းမြစ်ဝှမ်းအနီး နေထိုင်သူ လူမျိုးစုများကို လေ့လာကြည့်ပါ။ (၂၀)ရာစု အစောပိုင်းကာလတွင်မှာမှ ထိုလူမျိုးစုများကို မနုဿဗေဒပညာရှင်များက သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ခန့်မှန်းလူဦးရေ နှစ်သန်းခန့်ရှိသည်ဟု ဆိုထားပါသည်။ ထိုသူတို့သည် အလွန်ရိုးရှင်းအေးချမ်းစွာ နေထိုင်သူများ ဖြစ်ကြသည်။ ယနေ့ခေတ်အမြင်နှင့်ဆိုလျှင် အလွန်ရှေးကျသော လူများဟု ဆိုရပေမည်။

သူတို့သည် ကျွဲ၊နွားကျောင်းခြင်းနှင့် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းတွင်သာ ဘ၀ကို နစ်မြှုပ်ထားကြပြီး၊ သူတို့အား အုပ်ချုပ်သည့် ထင်သာမြင်သာသော အစိုးရ ဟူ၍မရှိပါ။ သို့ပေမယ့် ထိုသူတို့တွင် ဥပဒေများ၊ လိုက်နာရမည့် စည်းကမ်းနည်းလမ်းများ ရှိပါသည်။ တဦးနှင့်တဦး အငြင်းပွားမှုများ ရှိသော်လည်း ထိုဥပဒေစည်းကမ်းများသည် နူရာလူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးကို အထောက်အကူုပြုလေသည်။ ပမာဆိုရသော် နူရာလူမျိုးတဦးသည် အခြားနူရာတဦးအား သတ်မိကောင်း သတ်မိပေလိမ့်မည်။ သို့ရာတွင် ထိုသို့သော ကြီးမားလှသည့် အမှုအခင်းများ ဖြစ်ပွားပါက ဖြစ်ပွားသည့် မိသားစုအချင်းချင်း (သို့မဟုတ်) မိသားစုအုပ်စုအချင်းချင်း စစ်ပွဲများ ဖြစ်ပွားလေ့ရှိသဖြင့် နူရာအချင်းချင်း အမှုကြီး မဖြစ်အောင် ရှောင်ကြဉ်ကြလေသည်။

သို့ဖြစ်ရာ သမိုင်းပညာရှင်များနှင့် မနုဿဗေဒပညာရှင်များက မည်သည့်အချိန်၊ မည်သည့်နေရာတွင်ပင် ဖြစ်လေင့်စေကာမူ တရားဥပဒေ၊ စည်းကမ်းနည်းလမ်းများ မရှိသော လူ့အဖွဲ့အစည်းသည် မတည်ရှိနိုင်ကြောင်း၊ လူအဖွဲ့အစည်းတိုင်းတွင် အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးဆိုင်ရာ အပြုအမူများနှင့် လုပ်ထုံးများရှိကြောင်း အဆိုရှိကြလေသည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၈၊၉၊ ၂၀၀၇)

အပြည့်အစုံဖတ်ချင်ရင်..>>>

အနာဂတ်အတွက်

Saturday, February 23, 2008

အနာဂတ်အတွက်

ခံယူချက်လွဲလို့

ရပ်တည်ချက်မှားတဲ့

စစ်အာဏာရူးတွေရဲ့

အုပ်ချုပ်မှုအောက်မှာ

သက်ဆိုးရှည်ဖို့

“ငါတို့တွေ

လူဖြစ်လာတာမဟုတ်ဘူး“

ဝတ်စရာအပုံ

စားစရာအစုံနဲ့

လူ့ဘောင်လောကကြီးထဲမှာ

ဝတ်စရာမဲ့

ငတ်သေကြဖို့

“ငါတို့တွေ

လူဖြစ်လာတာမဟုတ်ဘူး“

လူကိုလူချင်း

တန်ဖိုးထားတဲ့

ခေတ်သစ်ကမ္ဘာကြီးထဲမှာ

အဖိနှိပ်ခံ

စစ်ကျွန်ဖြစ်ဖို့

“ငါတို့တွေ

လူဖြစ်လာတာမဟုတ်ဘူး“

မိတ်ဆွေတို့ရေ-

သံသရာတကွေ့က

ရတောင့်ရခဲ

လူ့ဘ၀တွေရဲ့

အနာဂတ်တွေကို

စစ်ကျွန်ဘ၀နဲ့

အဆုံးမသတ်စေဖို့

အာဏာရှင်ကို

တော်လှန်မှဖြစ်တော့မယ်။

အာဏာရှင်စနစ်ကို

မြေလှန်ကြရမယ်။

ခင်မမမျိုး (၂၃၊၂၊၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

ဦးညွှတ်အလေးပြုပါသည်

Monday, February 18, 2008



အပြည့်အစုံဖတ်ချင်ရင်..>>>

Valentine’s Day သံစဉ်များ

Sunday, February 17, 2008

Valentine’s Day သံစဉ်များ

သံစဉ်(၁)

အချစ်ဆိုတဲ့အရာကို

ရူးမိုက်စွာခံစားမိတဲ့

မောင့်နှလုံးသားကို

အေးစာနာပါကွာ။

သံစဉ်(၂)

သေဆိုရင်သေပါ့မယ်

နာဆိုရင်နာပါ့မယ်

ကျော့်အသည်းကိုတော့မခွဲပါနဲ့

ဆန်းဆန်းပြားပြားချစ်ရသူလေးရယ်။

သံစဉ် (၃)

အချစ်ဆိုတဲ့အရာဟာ

ယုတ်ညံ့တဲ့အရာမဟုတ်သလို

တမာလိုခါးတဲ့အရာလဲမဟုတ်ပါဘူး။

မှူးသခင်ရယ်-

ကြီးမြတ်လှတဲ့အချစ်ဟာ

သန်းကြွယ်သူဌေးတွေရဲ့

ရွှေပုံတွေထက်သာပါတယ်။

ခင်မမမျိုး (14.2.2008)

အပြည့်အစုံဖတ်ချင်ရင်..>>>

စစ်အုပ်စု ယုတ်မာနေပြီ။ တော်လှန်ရေး သတိရှိကြ

Saturday, February 16, 2008

စစ်အုပ်စု ယုတ်မာနေပြီ။ တော်လှန်ရေး သတိရှိကြ

ကရင်တိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ နိုင်ငံရေးအံတုမှု ကော်မတီ၏ ဥက္ကဌ ဖဒိုမန်းရှာ လုပ်ကြံခံလိုက်ရသည်။ စစ်အုပ်စုအား ဖြုတ်ချရေး အဆုံးသတ်တိုက်ပွဲ၏ အရေးကြီးသော အချိန်မှာ ဖြစ်သည်။

အကြောင်းအရာတချို့က တိုက်ဆိုင်မှုများ ရှိနေသည်။ မကြာသေးခင်အချိန်က ကရင်တိုင်းရင်းသားများအား စစ်အုပ်စုမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် ရာဇ၀တ်မှုများကို အခြေခံသည့် ရမ်ဘိုကား ရုံတင်ပြသခဲ့သည်။ စစ်အုပ်စု ဘလော့တခုမှ ရမ်ဘိုအား ၉မမကျည်ဆံ လက်ဆောင်ပေးချင်တယ်ဟု တုံ့ပြန်ရေးသားခဲ့သည်။ စစ်အုပ်စုသည် နိုင်ငံရေးပြဿနာကို ယုတ်မာအောက်တန်းကျသော နည်းလမ်းများဖြင့် ဖြေရှင်းလိုသည့် ဆန္ဒသဘောထားကို တွေ့လိုက်ရသည်။ ယခု ဆရာမန်းရှာကို လုပ်ကြံမှုတွင် သုံးသွားသည်က ၉မမကျည်ဆံဖြစ်သည်။

လုပ်ကြံမှုကို အကောင်အထည်ဖော်သူများမှာ ကရင်တိုင်းရင်းသားများဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိရသည်။ စီစဉ်ညွန်ကြားသူများကား မည်သူနည်း။ စစ်အုပ်စုပါဝင်ပတ်သက်သည် မဟုတ်ဟု မည်သူဆိုနိုင်သနည်း။

နောက်ဆုံး လေးလပတ်အစည်းအဝေးတွင် ဗိုလ်သန်းရွှေမှ လက်နက်ကိုင်အဖွဲ့များ (ကေအင်ယူနှင့် ရွက်ဆစ်အဖွဲ့)ကို အမြစ်ဖြုတ်ပစ်ရန် ညွှန်ကြားခဲ့ကြောင်း သတင်းကြားရသည်။ ယခု ဆရာမန်းရှာ လုပ်ကြခံရခြင်းသည် ခွဲထွက် ကရင်အဖွဲ့များအား နအဖကနောက်ကွယ်မှ လူအား၊ လက်နက်အား ပံ့ပိုးပေးကာ ကရင်လူမျိုးအချင်းချင်း ထိပ်တိုက်တွေ့၊ ရင်ဆိုင်သတ်ဖြတ်ကြစေရန် အကွက်ချစီမံခြင်း ဖြစ်နိုင်သည်။ ယခုလို အခြေအနေကာလမျိုးတွင် စစ်ရေးသာမက နိုင်ငံရေးအရပါ အမြတ်ထုတ်ရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်ပါသည်။ တိုင်းရင်းသားအချင်းချင်းပင် တိုက်ခိုက်နေခြင်းကြောင့် စစ်တပ်မှ ၀င်ရောက်ထိန်းသိမ်းဖြေရှင်းနေရခြင်းဖြစ်ကြောင်း၊ ကင်ညာလို လူမျိုးရေးအရေးအခင်းများကို ပမာထား၍၊ နိုင်ငံတကာကို လှည့်စားရန် ယုတ်မာစွာ ကြံစည်နေခြင်း ဖြစ်နိုင်သည်။

နောက်တချက် သတိပြုမိသည်က ရန်ကုန်တိုင်း စစ်ဌာနချုပ်အတွင်းမှ ပျောက်ဆုံးသွားသော ဗုံးများ ကိစ္စဖြစ်သည်။ ကေအင်ယူထံမှ သိမ်းဆည်းရမိသော ဗုံးများ ပျောက်သွားခြင်း ဆိုသည်မှာ သွေးရိုးသားရိုး ကိစ္စမဟုတ်ပါ။ အန်တီစုအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များအတွက်ပါ စိုးရိမ်စိတ်ဝင်မိသည်။ ငြိမ်းအဖွဲ့များ စစ်အုပ်စုကို ဆက်လက်ယုံကြည်နေလျှင် မှားလိမ့်မည်။

မည်သို့ဆိုစေစစ်အုပ်စုယုတ်မာသည်ကတော့ ထင်ရှားနေပါပြီ။ အဆုံးသတ်တိုက်ပွဲတွင် တော်လှန်ရေးသတိရှိရှိနှင့် အားသစ်လောင်းကာ လက်ဦးမှု ယူကြပါစို့။

ခင်မမမျိုး (၁၅၊၂၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

အက်ဆေးများရေးသားခြင်း (နိဂုံးပိုင်း)

အက်ဆေးများရေးသားခြင်း (နိဂုံးပိုင်း)

အက်ဆေးများရေးသားရာမှာ နိဒါန်းပိုင်း၊ စာကိုယ်ပိုင်း၊ နိဂုံးပိုင်းတွေအပြင် တခြား အရေးကြီးတဲ့ အပိုင်းကတော့ ရည်ညွန်းကိုးကားအပိုင်းပဲ ဖြစ်ပါတယ်။ ဒီအပိုင်းက ဘာနဲ့တူသလဲဆိုရင် ကားတစီးရဲ့ နံပါတ်ပြားလိုပဲပေါ့။ နံပါတ်ပြားမပါပဲ ကားမောင်းလို့ ရတာမှန်ပေမယ့် သက်ဆိုင်ရာက အရေးယူခံရနိုင်သလိုပဲ၊ ရည်ညွန်းမပါပဲ တင်တဲ့ အက်ဆေးဆိုရင်လဲ အမှတ်တမှတ်အနည်းဆုံးကို တရားဝင် အလျှော့ခံရနိုင်ပါတယ်။

ဘာလို့ ရည်ညွန်းကိုးကားဟာ ဒီလောက်အရေးကြီးရလဲဆိုတော့-

(၁) တခြားရေးသားသူတွေရဲ့ အချက်အလက်များရယူခြင်းကို ကျေးဇူးပြုဖို့လိုအပ်တာကြောင့်ရယ်

(၂)ကိုယ်ရေးသားတဲ့ အကြောင်းအရာအခြေခံဟာ ဘာလဲဆိုတာကို ပြဆိုဖို့ရယ်

(၃) စာဖတ်သူတွေ ကိယ့်အက်ဆေးဖတ်ပြီးတဲ့နောက်ပိုင်း ဒီအကြောင်းအရာကို အသေးစိတ်လေ့လာတဲ့အခါ sources တွေကို အလွယ်တကူ ရှာနိုင်ဖို့ အတွက်ရယ် ဖြစ်ပါတယ်။

အက်ဆေးတပုဒ်အတွက် ရည်ညွန်းကိုးကားရာမှာ အပိုင်း (၂)ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းက ကိုယ်ကိုးကားထားတဲ့ အချက်အလက်ရဲ့ ဘေးမှာ မူရင်းရေးသားသူကို ဖော်ပြခြင်း ဖြစ်ပြီး၊ နောက်တပိုင်းကတော့ အက်ဆေးတပုဒ်လုံး ပြီးသွားတဲ့အခါကျမှ အနောက်မှာ References ကဏ္ဍကို သီးသန့်ကဏ္ဍတခုအနေနဲ့ ထည့်သွင်းခြင်းပါ။

ဒီလို ရည်ညွန်းကိုးကားများ ထည့်သွင်းခြင်းနဲ့ ပတ်သက်ရာမှာ အသုံးများတဲ့ စနစ်နှစ်မျိုး ရှိပါတယ်။ ပထမစနစ်က Harvard system ဖြစ်ပြီး၊ နောက်တခုကတော့ Numeric system ပါ။

Harvard System

ဟားဗတ်စနစ်ကို အရင်ကြည့်ကြရအောင်ပါ။ ပထမဆုံးအနေနဲ့ အက်ဆေးရဲ့ စာကိုယ်အတွင်းက မိမိကိုးကားထားတဲ့အချက်ရဲ့ဘေးမှာ ထည့်တဲ့ ပုံစံတွေကို ဖော်ပြမယ်ဆိုရင်

It has been argued (Ray, 1998) that the essential ------------

The work of Sen (1983) and Bruton (1998) concluded

ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ အသေးစိတ် စာအုပ်နာမည်တွေ၊ ထုတ်ဝေသူတွေကို ဒီနေရာမှာ မဖော်ပြရပါဘူး။

နောက်ပိုင်း References ကဏ္ဍရောက်မှ ကိုယ်ရှေ့ပိုင်းမှာ ရည်ညွန်းကိုးကားထားတဲ့ စာအုပ်တွေ၊ ဂျာနယ်တွေကို အသေးစိတ်ဖော်ပြရပါမယ်။

စာအုပ်ကို ဖော်ပြမယ်ဆိုရင် ရေးသူရဲ့ surname, first name, ထုတ်ဝေတဲ့နှစ်၊ စာအုပ်နာမည်၊ ထုတ်ဝေသူနဲ့ ထုတ်ဝေတဲ့နေရာကို အောက်မှာ ပြထားသလိုဖော်ပြရပါတယ်။

Ray, Debraj (1998) Development Economics, Princeton University Press, Princeton

ဂျာနယ် articleကို ဖော်ပြမယ်ဆိုရင် surname, first name, ထုတ်ဝေနှစ်၊ article ခေါင်းစဉ်၊ ဂျာနယ်ခေါင်းစဉ်၊ ဂျာနယ်ရဲ့ volume၊ နံပါတ်နဲ့ စာမျက်နှာနံပါတ်တွေကို အောက်မှာ ဖော်ပြထားတဲ့ ဥပမာများအတိုင်း ဖော်ပြပေးရပါတယ်။

Sen, Amartya (1983) Development: Which way now?, Economic Journal, vol.93, No.372, pp.745-762

Bruton, H. (1998) A reconsideration of income substitution, Journal of Economic Literature, pp.903-936

Conference paper ဆိုရင် အယ်ဒီတာနာမည်၊ ထုတ်ဝေနှစ်၊ ကွန်ဖရင့် အမည်၊ ကျင်းပခဲ့တဲ့နေရာ၊ ကျင်းပတဲ့နေ့ရက်၊ ကွန်ဖရင့်မှာ တင်သွင်းတဲ့ စာတမ်းတွေကို ပြန်လည်စုစည်းထုတ်ဝေတဲ့နေရာနဲ့ အဖွဲ့ကို အခုလို ဖော်ပြပေးရပါမယ်။

Peepcke, A.,ed. (1992) OOPSLA ’92 conference on object-oriented programming systems, languages, and applications, Vancouver, 18-22 October, 1992, New York: The Association for Computing Machinery

တခြားအသေးစိတ်ပုံစံတွေ ရှိပါသေးတယ်။ ဒါပေမယ့် ဒီလောက်ဆိုရင် အခြေခံ ပုံစံကို ကျွမ်းဝင်သွားနိုင်ပြီ ထင်ပါတယ်။ နောက်တမျိုးဖြစ်တဲ့ Numeric system အကြောင်း ပြောကြရအောင်ပါ။

Numeric system

နံပါတ်စနစ်ဖြစ်တဲ့အတိုင်း နံပါတ်တွေကို အခြေခံပါတယ်။ အက်ဆေးထဲက ရည်ညွန်းကိုးကားထားတဲ့ အချက်ရဲ့ဘေးမှာ နံပါတ်များ အစဉ်လိုက် ထည့်သွင်းသွားရတာပါ။

ဥပမာ-

Ray 3 mentioned that

It can be argued 4 that

ဆိုတာမျိုးတွေပါ။ uppercase နဲ့မဖော်ပြပဲ လက်သည်းကွင်းနဲ့ (3) ဖော်ပြတာမျိုးလဲ လုပ်လို့ရပါတယ်။

နောက်ပိုင်း ရည်ညွန်းကိုးကားကဏ္ဍရောက်တဲ့အခါကျတော့

3. Ray, Debraj, Development Economics, Princeton University Press, Princeton, 1998

ဆိုပြီး ဖော်ပြရပါတယ်။ သိပ်တော့ မကွာလှပါ။ ရှေ့မှာ နံပါတ်စဉ်ပါလာတာရယ်၊ ခုနှစ်ကို နောက်မှာ ထည့်ရတာတွေရယ်ပါ။

ဂျာနယ်ကျတော့

4. Sen, Amartya, Development: Which way now?, Economic Journal, 1983, 93(372), 745-762

ဆိုပြီး ဖော်ပြရပါတယ်။

ဒီစနစ်နှစ်မျိုးများဟားဗတ်စနစ်ကို တက္ကသိုလ်တွေမှာ ပိုအသုံးများပါတယ်။ သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ ညွန်ကြားချက်ပုံစံအတိုင်း လိုက်နာဖို့ အကြံပေးရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေ။ ကျောင်းစာများဖတ်ရှူလေ့လာခြင်းနဲ့ပတ်သက်တဲ့ ဆောင်းပါးများကို ဆက်လက်ဖော်ပြပေးပါမယ်။

ခင်မမမျိုး (၁၁၊ ၂၊၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

အနီးကပ်ဆုံးရန်သူကိုရှာပြီးတိုက်ကြ

အနီးကပ်ဆုံးရန်သူကိုရှာပြီးတိုက်ကြ

နအဖက ပြည်သူ့ဆန္ဒခံယူပွဲလုပ်မယ်၊ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး အားလုံးကို စိန်ခေါ်လိုက်ပါပြီ။ သူတို့ လမ်းပြမြေပုံအတိုင်း ဆက်လျှောက်မယ်၊ လူထုကိုဂရုမစိုက်ဘူး။ ကမ္ဘာကို ဂရုမစိုက်ဘူးဆိုတဲ့ လမ်းစဉ်ကို ပြတ်ပြတ်သားသား ကြေငြာလိုက်တာပါ။ ဒီလိုအချိန်မှာ တွေ့ဆုံဆွေးနွေးပွဲလုပ်ပါတို့၊ လွှတ်တော်ခေါ်ပေးပါတို့ ဆိုပြီး တောင်းဆိုနေရမယ့် အချိန်မျိုး မဟုတ်တော့ဘူး။ ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ့် အခြေအနေမျိုးပါ။

ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်ကစပြီး တိုက်ပွဲဝင်နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေသာမက လက်ကိုင်တုတ်တွေရဲ့ လုပ်ငန်းတွေကိုပါ boycott လုပ်ကြပါ။ ရပ်ကွက်တိုင်းမှာ ရပ်ကွက်အေးချမ်းသာယာရေးရုံး (ရအဖ)က ဥက္ကဌ၊ အဖွဲ့ဝင်တွေ ရှိပါတယ်။ ပြီးတော့ ကြံ့ဖွတ်အဖွဲ့ဝင် ရပ်ကွက်စည်းရုံးရေးမှူးနဲ့ အဖွဲ့ဝင်နှစ်ယောက် ရှိပါတယ်။ ဒီလူတွေဟာ ရပ်ကွက်ထဲက တေလေနေသူတွေ၊ အလုပ်မရှိသူတွေ၊ ဆိုးသွားရမ်းကားသူတွေကို စွမ်းအားရှင်အဖြစ်သွတ်သွင်းစည်းရုံးနေတဲ့ နအဖလက်ကိုင်တုတ်တွေ ဖြစ်ပါတယ်။ ဒီလူတွေကို ၀ိုင်းဝန်းရှောင်ကြဉ်ကြပါ။ သူတို့ရဲ့ မိသားစုတွေကိုပါ လမ်းမှာတွေ့ရင် အဖက်မလုပ်ပါနဲ့။ သူတို့ဖွင့်ထားတဲ့ ဆိုင်တွေမှာ ဈေးမ၀ယ်ပါနဲ့။ ဆိုက်ကားသမား၊ တက္ကစီသမားတွေ ဖြစ်နေရင် ငှားမစီးပါနဲ့။ လူထုစည်းဝေးပွဲတွေသွားဖို့ အကြောင်းအမျိုးမျိုးပြလာခေါ်ရင် ခြိမ်းချောက်သည်ဖြစ်စေ၊ ချော့မြူသည်ဖြစ်စေ လိုက်မသွားပါနဲ့။

မြို့နယ်တိုင်းမှာလဲ မအဖတွေအဖွဲ့ဝင်တွေနဲ့ ကြံ့ဖွတ်တွေ ရှိပါတယ်။ မြို့နယ်တိုင်းမှာ ကြံ့ဖွတ်အတွင်းရေးမှူးတယောက်နဲ့ အမှုဆောင် အနဲဆုံး (၇)ယောက်ရှိပြီး၊ ထလရနဲ့ အက်စ်ဘီကို ပြည်သူလူထုရဲ့ သတင်းများပေးနေသူတွေ ဖြစ်ပါတယ်။ နအဖအခမ်းအနားများနဲ့ လူထုတိုက်ပွဲနှိမ်နင်းရေးများမှာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်နေကြတဲ့ လူထုသစ္စာဖောက်များ ဖြစ်ပါတယ်။ တချို့မြို့နယ်များမှာ ဒီလူတွေကို စကားပြောစက်များပေးပြီး လုံခြုံရေးတာဝန် ယူခိုင်းထားပါတယ်။ ဒီလူတွေကို အမြန်ဆုံးဖော်ထုတ်ကြပါ။ တော်လှန်ရေးအသိရှိကြပါ။

ခင်မမမျိုး (၁၂၊၂၊၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

Economic Debate

Tuesday, February 12, 2008

ကျွန်မရဲ့ မြန်မာပြည်မှာ ဈေးကွက်စီးပွားရေးမအောင်မြင်ရတာလဲ ဆောင်းပါးနဲ့ ပတ်သက်ပြီး၊ ဘားမားကင် ဆိုသူက ကိုမိုးသီးဇွန် ဘလော့မှာ ကျွန်မရေးသားထားတဲ့အချက်များ မှားယွင်းနေပါတယ်ဆိုပြီး ဆိုလာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး၊ ကျွန်မဘက်က ပြန် argue လုပ်ထားတဲ့ အချက်များကို အောက်မှာ ဖော်ပြထားပါတယ်။

These are my arguments for Burmakin’s statements.

(1)As the government has no capacity to do the competitive market, the market economy is not successful. (Khin Ma Ma Myo)

Burmakin: The State should have the minimal intervention in the market economy(Conservative market theory).The efficiency of a market is more operational when the State keeps away from it rather than the State tries to do something for it.

Khin Ma Ma Myo: For this point, I did not mention the government has no capacity to do the competitive market. The point I mentioned was about the market-facilitating legal and economic practices in Burma. You are right. Conservative market theory claimed that the State should have the minimal intervention in the market economy. However, it did not claim that the State should not practice appropriate property rights, commercial laws and courts, safety nets and instruments for stabilizing monetary and fiscal policies. For efficient market economies, these practices are important to facilitate the market and SPDC has no capacity to establish these legal and economic practices. Clearly, I did not expect the State to have intervention in the market economy, but I expected to have suitable facilitations.

(2)Bribery makes the market economy difficult to operate. (Khin Ma Ma Myo)

Burmakin: Bribery can promote the economics by greasing (smoothing) the bureaucratic transactions. Even in
East Asia who are performing well for the market economy have substantial corruption. Good theories for further learning can be the "rent collection behavior" and some pertinent game theories.

Khin Ma Ma Myo: I did not mention that the countries must not have substantial corruption. I agreed the point that even East Asian countries have a substantial level of corruption. However, the control of corruption is one of the governance matters for developing a market economy. According to the recent World Bank Research, the control of corruption grade for Burma is -1.68 and for East Asian countries (as u mentioned) Taiwan, South Korea, Japan are 0.53, 0.31 and 1.31. Of course, they have corruption but not worse like Burma. For the countries with successful market economies, no grades are with minus grade.

Moreover, the fact you mentioned about the relationship between bribery and bureaucratic transactions have two conflicting results and you pointed only one dimension. According to the empirical results, the failure of bureaucrat 1 to internalize the bribe externality under decentralization, in effect colluding with the investor to hold back price against the interests of bureaucrat 2, is beneficial to the domestic economy. At the same time, the failure of each bureaucrat to internalize the price externality under decentralization has a positive effect on price, and this is damaging to the domestic economy. So the net result of these two conflicting effects is that either centralization or decentralization may yield the higher domestic welfare. So it cannot be totally assumed that bribery can promote the economies.

Regarding to the rent behavior, if you want to argue that government employee may have this behavior that lead to competition and innovation, please look at the following excerpt related to Nepalese society by development economist.

“Corruption is a rule in government offices and every government employee is rent seeker in Nepal. Lack of transparency in workings of the government, absence of decentralization of the power, poor laws combined with corrupt legal system and so on have been helping the increasing returns of rent seeking technologies attracting more and more people to this sector in the country. This resulted in more competition in entering into the sector on the one hand and in innovation of new technologies of rent seeking on the other. This is very harmful to the growth of economy leading to failed nation. A rough guess of government revenue loss due to the operation of all types of corruption and malpractice accounted for more than 50 percent of GDP ever year in the country. Besides, the loss in growth due to disincentive generated by the rent seeker government to the innovating activities in the country is alarming.”

Even for the China economy, the severe and widespread nature of corruption in China is becoming a major source of social discontent and poses a threat to the legitimacy of the country's leaders, according to experts at the Organization for Economic Co-operation and Development (OECD).

So it is obvious that bribery can have a negative impact for economic growth and efficient operations of the market economy.

(3)Monopolistic control of the market by the military and military relatives make the market economy a complete moribund (Khin Ma Ma Myo)

Burmakin: There are two economic models still debating in the world since long time ago. The first one is the East Asian model like Singapore and China who try to legitimize the autocratic control of the market.(Learn Lee thesis please)In this East Asian model, the State will decide first who will control the market and they think when the first tier firms are performing well, the second,third tiers will follow.

Another model is the capability model that
India and Western systems practice. They don't believe the autocratic control is related to the efficiency of the market and they focus on promoting the capability of the people to be competitive in the market. Still monopolies stately exist in shares of their markets. e.g pharmaceuticals. Still there are many disparities.

Khin Ma Ma Myo: They are a lot of economic models still debating in the world related to welfare, environment, trade and so on, not only these two models.

Regarding to East Asian Development model, a large part of debates center on the role of the state on economic development of East Asia. Despite of high growth rates, there were institutional and organizational failures even leading to the economic crises in 1997. Post crises- structural transformations of these countries were more market-oriented than autocratic controls. Even for China, the gradual change towards new market forms of exchange, the creation of economic self-interest and the abolishment of planned economy have occurred based on the acceptance of private property rights and emergence of market exchange outside state control.

For capability model, the focus is on competitive market. In fact, the essence of market economy is competitiveness, not autocratic control. Although you claimed that the efficiency of market is related to autocratic control, market efficiency does not merely mean high economic growth rates.

Furthermore, the monopolistic control of market by military and military relatives in Burma cannot be assumed that they are engaging in the East Asian model as you mentioned. East Asian model is a development model that promotes economic growth of a country, not only for first tier’s interests. According to theory, if first tiers firms are performing well, second tiers will follow as you mentioned. Can you identify the second tier firms in Burma?


(4)Inflation makes the market economy worse (Khin Ma Ma Myo)

Burmakin: Inflation is an index for improvement in the rate of employment. It also makes the investors an incentive to add more investments. The debtors also need to pay back less because of inflation and more inclination to get a loan for new investments.( A good book for learning about inflation is "Stability and Growth" of Joseph Stiglitz)

Khin Ma Ma Myo: Actually, the rate of inflation measures the annual percentage increase in prices. Inflation tends to cause uncertainty among the business community. If it is difficult for firms to predict their costs and revenues, they will be discouraged from investing and it will reduce economic growth rate. Inflation also worsens the balance of payments. If one country suffers high inflation, its exports will become less competitive in the world markets. Imports will become cheaper than home-produced goods and balance of payments will be deteriorated.

Moreover, if inflation develops into hyperinflation, firms raise prices in attempt to cover rocketing costs, workers demand huge pay increases to cover high costs of living and prices and wages chase each other in an inflationary-spiral. As a result, the whole market economy will be undermined.

Concluding remark:

Burmakin: The main problem of the delay in economic development(you can't say economic failure here)is because there is minimal foreign investment that is the most important booster for progressing the country. For minimizing the disparity, the government has to do the fair distributive resource allocation from the tax revenues. Also he needs to invest in health and education for producing vigorous human resources. The main economic problems of
Burma arise because of "wrong policy choices" of the government rather than the preconditions referred.

Khin Ma Ma Myo: Burma has been regarded as a failed state due to its economic failures and poor development indicators. In Burma, markets are permeated by imperfections of operations and structure, commodity and factor markets are organized badly, there are distortions of prices, there is a failure of the market to price facts of production that leads to grass disparities. All these symptoms represent the definition of market failures.

I agree the role of Foreign Direct Investment as an important booster for the progress the country. However, it depends on the condition of the host country government’s policy objectives. If the government is only interested in arms racing rather than economic development, the benefits of FDI will definitely increase the military balances but not the economy.

For minimizing disparities, fair redistributive strategies must be adopted. The size distribution at the upper levels must be reduced through progressive income and wealth taxes and the size distribution at the lower levels must be increased through direct transfer payments and public provision of goods and services. Does the SPDC have a suitable tax system for this?

For human capital investment, health and education sectors must be emphasized as you mentioned.

However, the major economic problems arise in Burma not only from the wrong policy choices but also from lack of institutional and structural requirements, poor economic and legal practices and unbalanced allocations of the national income. In fact, “wrong people for the wrong place” is the major problem. The duty of the army is to protect the country. Not for the role of the government.

Khin Ma Ma Myo (12/2/2008)

အပြည့်အစုံဖတ်ချင်ရင်..>>>

Why market economy fails in Burma

Monday, February 11, 2008

မြန်မာပြည်မှာ ဈေးကွက်စီးပွားရေးစနစ် ဘာကြောင့် မအောင်မြင်ရတာလဲ

မြန်မာပြည်မှာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေတာ အနှစ်နှစ်ဆယ်နီးနေပြီ။ အခုထိမအောင်မြင်သေးဘူး။ စီးပွားရေးအဆောက်အအုံတခုလုံးက ဖရိုဖရဲဖြစ်နေတယ်။ နိုင်ငံအကြီးအကဲဆိုသူတွေက မြို့တကာလှည့်ပြီး နိုင်ငံတော်ရဲ့ ဦးတည်ချက် (၁၂)ရပ် နဲ့ အညီတို့၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တို့ ဆိုတဲ့ စကားလုံးတွေကို ခါးဝတ်ဘောင်းဘီလို ထည်လဲ ပြောနေတယ်။ ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာ ဖြစ်ပေါ်လာရေးဆိုတဲ့ စကားလုံးကလဲ တီဗွီတွေမှာ၊ သီချင်းခွေတွေမှာ၊ သတင်းစာတွေမှာ၊ ဂျာနယ်တွေမှာ နေ့တိုင်းမှာကို ပါနေတယ်။ နှစ်ပေါင်းများစွာ ရှိနေပြီ။ ဘာလို့ မအောင်မြင်ရလဲ။

အဖြေက ရှင်းပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ဆိုတဲ့ သစ်ပင်တပင်ရှင်သန်နိုင်အောင် စိုက်ပျိုးနိုင်မယ့် အရည်အချင်း နအဖမှာ မရှိလို့ပါပဲ။ သစ်ပင်တပင် ရှင်သန်ဖို့ဆိုတာက အဲဒီသစ်ပင် ရှင်သန်နိုင်မယ့် ရေခံမြေခံကို ရှာဖွေဖန်တီးပြီး မျိုးစေ့ချနိုင်မှ၊ အပင်ရှင်သန်အောင်လဲ လိုအပ်တဲ့ မြေသြဇာထည့်နိုင်မှ၊ ရေလောင်းပေါင်းသင်နိုင်မှ အပင်ရှင်သန်မှာပါ။ ဒီလိုပါပဲ။ ဈေးကွက်စီးပွားရေးစနစ် အောင်မြင်ဖို့မှာလဲ preconditions၊ facilitations တွေ ရှိရပါလိမ့်မယ်။

ပထမတချက်က ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းများအပေါ် ယုံကြည်မှုလိုအပ်ပါတယ်။ မြန်မာပြည်က ဘဏ်လုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ စစ်ဗိုလ်ချုပ်တွေ၊ ဘိန်းရာဇာတွေက ကြိုးကိုင်လှုပ်ရှားနေကြတာပါ။ လုပ်ငန်းကိစ္စတွေအတွက်သာ မလွှဲမရှောင်သာ အသုံးပြုနေရပေမယ့်၊ စိတ်ချယုံကြည်စွာ သုံးနေကြရတာတော့ မဟုတ်ပါ။ နည်းနည်းများလှုပ်တယ်ကြားတာနဲ့ ဘဏ်တွေရှေ့မှာ ၀ိုင်းအုံပြီး ငွေလာထုတ်ကြတဲ့ လူအုပ်ကြီးတွေက နည်းမှ မနည်းတာပဲ။ ဒါကို ကြည့်တာနဲ့တင် ဒီအချက်မှာ အားနည်းနေတာ သေချာနေပြီ။

နောက်တချက်က တရားဥပဒေစိုးမိုးရေးပါ။ စီးပွားရေးဆိုင်ရာမှုခင်းတွေဖြစ်လာတဲ့အခါ မှန်မှန်ကန်ကန် စီရင်ဖို့ပါ။ မြန်မာပြည်မှာက ငွေများငွေနိုင်၊ လူကြီးများများနဲ့ သိသူနိုင်ဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတယ်။ တရားသူကြီးတွေကလဲ လာဘ်စားကြတယ်။ စစ်ဗိုလ်တွေကလဲ ယူနီဖောင်းဝတ်အာဏာကို အငှားလိုက်ကြသေးတယ်။ စီးပွားရေးစာချုပ်တွေချုပ်ရင် တဘက်လူကို ကြိုချောက်ထားဖို့ ယူနီဖောင်းဝတ်တွေကို ခဏငှားပြီး ဘေးမှာ လိုက်ထိုင်ခိုင်းတာမျိုးတွေပေါ့။

နောက်တချက်က monopolistic control ဆိုတဲ့ တဦးတည်းကနေ ဈေးကွက်ကို ချုပ်ကိုင်ထားတာ မဟုတ်ပဲ ဈေးကွက်အတွင်းမှာ အပြိုင်အဆိုင်တွေ ဖြစ်နေဖို့ လိုပါတယ်။ မြန်မာပြည်မှာက ဈေးကွက်တော်တော်များများကို ဗိုလ်ချုပ်တွေရဲ့ အမည်ခံသူဌေးတွေရယ်၊ ဦးပိုင်ရယ်၊ ငြိမ်းအဖွဲ့တွေရယ်က လက်ဝါးကြီးအုပ်ထားကြတယ်။ ဈေးကွက်စီးပွားရေးဆိုတာက competitiveness အပေါ်မှာ အခြေခံပါတယ်။ ဒီလို လက်ဝါးကြီးအုပ်လိုက်တာနဲ့ စနစ်ပျက်တာပါပဲ။ ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။

နောက်တချက်ကတော့ သတင်းအချက်အလက်နဲ့ ဆိုင်ပါတယ်။ စီးပွားရေးသတင်းအချက်အလက်တွေကို ကန့်သတ်မှုကင်းစွာ၊ ဘက်လိုက်မှုကင်းစွာ ရရှိနိုင်မှုပါ။ မြန်မာပြည်မှာက ဒီလိုရိုးသားမှုတွေ မရှိဘူး။ အရပ်စကားနဲ့ဆိုရရင်တော့ ဂွင်စီးပွားရေးတွေ ဖြစ်နေတယ်။ ဂွင်ဝင်မှ၊ ဂွင်ရှိမှ၊ ခုတ်နိုင်မှ၊ လှီးနိုင်မှ ဆိုတာမျိုးတွေ ဖြစ်နေတယ်။ အဲဒီဂွင်ဆိုတာကဘာလဲ။ နအဖဘက်လူတွေနဲ့ ရင်းနှီးပတ်သက်မှုကို ပြောတာပါ။ ဒါတွေမရှိပဲ ဘယ်လိုမှ စီးပွားရေးလုပ်လို့ မရပါဘူး။

နောက်တချက်ကတော့ အုပ်ချုပ်သူအစိုးရရဲ့ ရိုးသားမှုပါ။ ဒီအချက်က အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတခုမှာ စီးပွားရေးသမားတယောက် ပါတီကို donate လုပ်တဲ့ စတာလင်ပေါင် (၇၅၀) တန် ချက် လက်မှတ်ကို declare မလုပ်မိလို့ ၀န်ကြီးတယောက် ရာထူးက နှုတ်ထွက်ပေးရပါတယ်။ ကဲ- မြန်မာပြည်မှာ ဒီလို ကိုယ်ကျိုးရှာမှုအတွက်သာ ရာထူးက ထွက်ရမယ်ဆိုရင် အစိုးရတဖွဲ့လုံးတယောက်တောင် ကျန်ပါတော့မလား။

နောက်တချက်က ငွေကြေးဈေးနှုန်းတည်ငြိမ်မှုပါ။ မြန်မာပြည်မှာက အစိုးရဈေးတောင် တရားဝင်နှစ်မျိုးဖြစ်နေပါတယ်။ ငွေကြေးဖောင်းပွနှုန်းကလဲ အရမ်းကို မြင့်နေပါတယ်။ ကျပ်ငွေကို စိတ်မချလို့ တရုတ်နယ်စပ်ကုန်သွယ်ရေးတွေမှာ တရုတ်ငွေကြေးနဲ့ပဲ စကားပြောကြပါတော့တယ်။ (၁၉၉၉) တ၀ိုက်ကတည်းက မူဆယ်၊ မန္တလေးက ကုန်သည်တွေ တရုတ်ပိုက်ဆံပဲ သုံးနေကြပါတော့တယ်။ မြန်မာပြည်ငွေကြေးက အဲဒီလောက်ကို အခြေအနေဆိုးပါတယ်။ နိုင်ငံတကာ ကုန်သွယ်မှုအတွက် စိတ်မချရတဲ့ ငွေကြေးစနစ်ရှိနေတဲ့ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဟာ ဘယ်လိုအောင်မြင်ပါတော့မလဲ။

ဒီအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက် ဆိုသလိုပဲ မြန်မာပြည်မှာ ဈေးကွက်စီးပွားရေးမအောင်မြင်တာ၊ မြန်မာ့စီးပွားရေး ခြွတ်ချုံကျနေရတာတွေဟာ ရှိသင့်တဲ့ preconditions တွေကို နအဖက မဖန်တီးပေးနိုင်လို့၊ မှန်မှန်ကန်ကန် အုပ်ချုပ်မှု မလုပ်နိုင်လို့ဆိုတာ ထင်ရှားနေပါတယ်။ ဒါကို အမေရိကန်က စီးပွားရေး ပိတ်ဆို့လို့ဆိုပြီး၊ ညောင်ဦးကမ်းပါးပြိုတာကို စမာနဂိုလ်က နွားမပေါင်ကျိုးတဲ့ ဇာတ်ခင်းနေကြရင်တော့ ဈေးကွက်စီးပွားရေးတင်မအောင်မြင်တာမဟုတ်ပဲ၊ မြန်မာ့စီးပွားရေးအဆောက်အအုံကြီးပါပြိုလဲပြီး၊ တရုတ်လက်အောက်ခံ ကျွန်ဘ၀ကို မသိမသာ ရောက်သွားတော့မှာ အသေအချာပဲ။

ခင်မမမျိုး (၁၀၊၂၊၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

ဘယ်တော့မှ၊ ဘယ်တော့မှ အားမလျှော့ပါနဲ့

Sunday, February 10, 2008

ဘယ်တော့မှ၊ ဘယ်တော့မှ အားမလျှော့ပါနဲ့

တနင်္ဂနွေနေ့ဆိုတာက ကျွန်မအတွက်တော့ အတော်တန်ဖိုးရှိတဲ့နေ့ပါ။ တပတ်လုံးစောစော အိပ်ယာထသမျှ ဒီနေ့ရောက်ရင် ကျွန်မ နံနက် (၁၀)နာရီအထိ အိပ်လေ့ရှိတယ်။ မချက်တတ်၊ ချက်တတ်နဲ့ တတ်သမျှ၊ မှတ်သမျှ အစားအစာလေးတွေ လုပ်စားလေ့ရှိတယ်။ ဥရောပစာတွေ ပိုလုပ်ဖြစ်တာ များပါတယ်။ ပြင်ဆင်ရတာ လွယ်တာကိုး။ ပြီးတော့ အနံ့လဲ သိပ်မထွက်ဘူး။ ချက်တုန်းပြုတ်တုန်းမှာ အနံ့ထွက်တဲ့ အစားအစာတွေက စားလို့ကောင်းပေမယ့် အနံ့ကြီး ကျန်နေတတ်တာ စိတ်ညစ်ဖို့ကောင်းတယ်။ အရမ်းအေးတဲ့မြို့မို့ ပြတင်းပေါက်တွေ ဖွင့်လို့ကလဲ မဖြစ်။

ဒီလိုနဲ့ပဲ roast lunch တခု လုပ်စားအပြီး၊ အ၀တ်လျှော်၊ မီးပူတိုက်နဲ့ ရှုပ်နေတုန်း သူငယ်ချင်းတယောက်ဆီက ဖုန်းလာတယ်။ ညနေကျရင် community center မှာ coffee evening ရှိတယ်တဲ့။ အထူးအစီအစဉ်အနေနဲ့ center မှာ အင်္ဂါနေ့တိုင်းဖွင့်နေတဲ့ ကိတ်မုန့်ဖုတ်နည်းသင်တန်းသူတွေရဲ့ cheesecake မျိုးစုံနဲ့ ဧည့်ခံမှာ ဆိုပဲ။ နည်းနည်းတော့ စိတ်ဝင်စားသွားတယ်။ cheesecake က ကျွန်မ favorite လေ။ သားလေးမွေးပြီးစ ဆေးရုံမှာတုန်းကဆို နေ့လည်နေ့ခင်း နားနေချိန်တောင် ကျွန်မမှာ အမြဲသတိနဲ့ နားရတယ်။ နေ့လည်လာကျွေးတဲ့ tea နဲ့ cheesecake ကို လွတ်သွားမှာ စိုးလို့။ အဲဒီလို ငတ်ကြီးကျတဲ့ ကျွန်မ ဘယ်နေနိုင်မလဲရှင်။ လုပ်စရာတွေလုပ်၊ သားလေးကို snack ကျွေးပြီးတာနဲ့ ကော်ဖီညနေခင်းလေးဆီ ပြေးရတော့တာပေါ့။

center က လမ်းထိပ်လေးတင်ပါ။ community တွေတိုင်းမှာ အဲလို နေရာလေးတွေ ထားပေးထားတာ သိပ်ဟန်ကျတာပါ။ တရပ်တည်းသားတွေ တွေ့ဆုံရင်းနှီးလို့ ရတဲ့အပြင် သူ့အစုလေးတွေနဲ့သူ စိတ်အားသန်ရာ ဆွေးနွေးကြ၊ တွေ့ဆုံကြနဲ့ သိပ်ပျော်ဖို့ ကောင်းတာပဲ။ သင်တန်းတိုလေးတွေလဲ ရှိတယ်လေ။ First Aid တို့၊ child care တို့၊ creative writing စတာတို့ပေါ့။ တလတခါလဲ မဂ္ဂဇင်းလေးတွေ စုထုတ်ကြတယ်။ radio station အသေးလေးလဲ ရှိတယ်လေ။ ကိုယ့်အရပ်ထဲက ကိစ္စတွေ ဦးစားပေး လွှင့်တာပေါ့။ အားလုံးက volunteer တွေနဲ့ချည်းပဲ။

အဲလိုနဲ့ cheesecake ကို ငတ်ပြီး ရောက်သွားတဲ့ ကျွန်မအတွက်တော့ ဒီနေ့က cheesecake အမျိုးမျိုးကို အားရပါးရ ညစာလွတ် စားပစ်ခဲ့ရရုံမကပဲ မိတ်ဆွေတဦးပါ ထပ်ရခဲ့တယ်။ သားလေးကို play area မှာ သွားထားတော့ သူကလဲ သူ့မြေးမလေးကို လာထားတာနဲ့ ကြုံသွားလို့ စကားဆက်ပြောဖြစ်တာ။ သူက ကျွန်မတို့ တက္ကသိုလ်မှာ စက်တင်ဘာကျရင် မဟာဝိဇ္ဖာလာတက်မယ်ပြောတော့ ကျွန်မက ပထမနောက်နေတယ်ထင်တာ။ မဟုတ်ဘူးရှင့်။ စကားတွေဆက်ပြောမှပဲ တကယ်မှန်း သိရတော့တယ်။ သူက ရေနံကုမ္ပဏီတခုက ပင်စင်ယူထားတဲ့ အင်ဂျင်နီယာတယောက်။ ဒါပေမယ့် သမိုင်းကို သိပ်စိတ်ဝင်စားတာဆိုပဲ။ အလုပ်သဘောသဘာဝအရ offshore မှာ နေရတာများတော့ အလုပ်နားချိန်ဆို သမိုင်းကြောင်း စာအုပ်တွေ ဖတ်ဖြစ်တယ်တဲ့။ ဒါနဲ့ ပင်စင်လဲ ယူပြီး ရော၊ အဝေးသင်တက္ကသိုလ်ကနေ သမိုင်းဘွဲ့ ထပ်တက်တာ (၆)နှစ်လဲ ကြာရော၊ အသက် (၇၀) ကျော်မှာ သမိုင်းဂုဏ်ထူးဘွဲ့ ရရောတဲ့။ အောင်မယ်လေး။ ဂုဏ်ထူးဘွဲ့ကို ပထမတန်းကနေ အောင်တာဆိုပဲ။ ဒါကြောင့် အခု မဟာဘွဲ့ ထပ်တက်မှာတဲ့။ ပြီးရင် ပါရဂူဘွဲ့ ထပ်တက်ဦးမယ်။ သမိုင်းကျမ်းတွေ ပြုစုမယ်ဆိုပဲ။ တကယ်လို့များ သူသာ အသက် (၇၅)မှာ ပါရဂူဘွဲ့ရပြီး၊ အသက် (၉၀) အထိသာ အသက်ရှင်မယ်ဆိုရင် သမိုင်းသုတေသနတွေ (၁၅)နှစ် တောင် လုပ်နိုင်ဦးမှာတဲ့။

ကျွန်မလေ သူနဲ့စကားပြောရင်း အားတွေ တက်လာလိုက်တာ။ ငယ်ငယ်တုန်းက သင်ဖူးတဲ့ မြန်မာရာဇ၀င်ထဲက ဦးကျည်ပွေ့ကို သတိသွားရမိတယ်။ လောကမှာ အရာအားလုံးကို မျှော်လင့်ချက်နဲ့ ယုံကြည်ချက်က ဦးဆောင်နိုင်တယ် ဆိုတာကို လက်ခံလိုက်မိတယ်။ တကယ်ဆို လူတော်တော်များများက ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို အခက်အခဲ နဲနဲ တွေ့တာနဲ့ စွန့်လွှတ်ပစ်တတ်ကြတယ်။ အသက်အရွယ် နဲနဲရလာတာနဲ့ မေ့ပစ်တတ်ကြတယ်။ ဒါပေမယ့် လောကမှ အားမလျှော့မချင်း၊ ဖြစ်နိုင်သေးတယ်ဆိုတာကို သက်သေပြနိုင်သူတယောက်ကို ကျွန်မထပ်တွေ့ခဲ့ရတာမို့ ကျွန်မအတွက်တော့ အင်မတန် တန်ဖိုးရှိတဲ့ ညနေလေးပါပဲ။ အဲ- raspberry cheesecake နဲ့ lemon cheesecake လေးတွေ ကောင်းတာလဲ ပါတော့ ပါတာပေါ့။ ဟဲဟဲ--။

Khin Ma Ma Myo (10/2/2008)

အပြည့်အစုံဖတ်ချင်ရင်..>>>

စနေသင်တန်းလေး

Saturday, February 9, 2008

အပတ်စဉ်တိုင်း စနေနေ့ဆိုရင် ကျွန်မတို့ဆီက college လေးတခုမှာ ဖွင့်ထားတဲ့ Freelance Journalism ဒီပလိုမာသင်တန်းလေး တခုကို သွားသွားတက်ဖြစ်တယ်။ ကလေးအမေတွေ ပညာရေးတခုခုလုပ်ဖြစ်အောင် စနေ၊ တနင်္ဂနွေဆို ဒီလိုသင်တန်းလေးတွေ ရှိတတ်တယ်။ တချို့ကလဲ ပန်းအလှပြင်တာတို့၊ မုန့်လုပ်တာတို့ပေါ့။ ကွန်ပျူတာသင်တန်းတွေလဲ ရှိတယ်။ အစုံပဲ။ ကလေးလေးတွေကို ကျောင်းက ထိန်းပေးတယ်။ အားလုံးသူလိုကိုယ်လို ကလေးအမေတွေချည်းပဲဆိုတော့ ကိုယ့်ကလေးအကြောင်း၊ သူ့ကလေးအကြောင်းတွေလဲ အားချိန်ဆို ပြောဖြစ်၊ ဖလှယ်ဖြစ်တာပေါ့။ ပညာလဲရ၊ မိတ်ဆွေလဲရတယ်လေ။

ဒီနေ့တော့ ကျောင်းမှာ စာရေးသားခြင်းစတိုင်နဲ့ပတ်သက်တာလေးတွေ သင်ပြီး၊ နေ့လည်ပိုင်းမှာ စာကြည့်တိုက်ထဲက ကြိုက်တဲ့ ဆောင်းပါးတိုလေးတခုကို ဖတ်ပြီး၊ အဲဒီစတိုင်အတိုင်း၊ theme တူတဲ့ ကိုယ်ရေးချင်တဲ့အကြောင်းအရာဆောင်းပါးတိုလေးကို ပြန်ရေးရတယ်။ ဘာလိုလိုနဲ့ နောက်နှစ်လဆို ဒီသင်တန်းလေးလဲ ပြီးတော့မယ်။ အားအားယားယား ကုန်ဖူးတဲ့ စနေနေ့လေးတွေကို ပြန်နှမျောမိတယ်။ အမှတ်ကောင်းရင် အဆင့်မြင့် ဒီပလိုမာ ဆက်တက်လို့ရတယ်တဲ့။ အဲဒီကျရင် specialization ရွေးရမယ်ဆိုပဲ။ Fiction writing ရွေးမယ်လို့ စိတ်ကူးတာပဲ။

ဒီနေ့ရေးဖြစ်တဲ့ ဆောင်းပါးတိုလေးက


Does Democracy matter for Development?

Malaysia is the star economy in South East Asia, with an average annual growth rate of over 8 per cent. It is the leading exporter of palm oil, a major exporter of tropical hardwoods and a major producer of rubber. It successfully came out of the global recession and the collapse of international tin markets. Due to the rapid structural changes, it has transformed from a primary producing country to a next-tier newly industrializing economy and attracted the largest share of foreign direct investment (FDI) within the region. It praised the international community with a stable parliamentary democracy and political developments.

Political developments in Malaysia were primarily driven by ethnic tensions and compromises. Even this is a country that practices too many state interventions in economic policies and maintenances of racial harmony. For the outside world, being a democratic country and gaining economic stability make the country a successful story.

In contrast, most of the multi-ethnic countries in the region -Burma, Nepal, Bangladesh, Sri Lanka are still in conflicts, civil wars, arms struggle are regarded as the least developed countries by the United Nations Development Programme (UNDP). No wonder Malaysia trumpets its democracy and economic development as high as the Petronas Twin Towers.

However, in the context of neo-classical political economy, the expanded role of the state in its development plan is a recipe for disaster as it distorts the price signals. Also, its intervention policies become a fertile ground for rent-seeking and directly unproductive activities by Malay ethnic community. A recent research on Governance matters by the World Bank reveals high rates of corruption and personal interests of public-sector management. Political power readily becomes associated with economic power, and there is no question that corruption and cronyism are major forces in Malaysia.

Moreover, although it has a political system based on regular election, there is no form of bringing the adversarial democracy of most Western countries. It can also be traced the manner in which there has been a steady creep of authoritarianism within Malaysia's democracy, although without creating unresponsiveness to the wishes of groups who have a voice in the political system. The combination of highly centralized political and economic power, the absence of effective political opposition, and a concentration of interest groups in the capital cities and other large urban regions of both countries means that environmental conservation and minority-group interests in the periphery rank low in terms of both awareness and priority.

These flaws explain why, despite its democracy, Malaysia has still a poverty gap and inequality concerns. Degradation of resources and declining welfare for the majority are going hand in hand increasingly. The government Vision 2020 to alleviate poverty and inequality is still far away to achieve.

The biggest success of Malaysia democracy lies in political, economic and social stability. The national development policy formulation was made necessary by the economic needs of the nation as much as politico-social needs.

On the other hand, its biggest failure lies in the combination of highly centralized political and economic power and the absence of obvious political opposition. There has a heavily dependent on Washington DC for the policies of international financial institutions so that pressures for changes come from foreign power.

In conclusion, there is no question that Malaysia has developed with democracy and political stability, but it needs to deepen this democracy through political decentralization and market mechanisms.

References

Democracy counts by Subhash Agrawal( Developments, Issue 39, 2007)


Khin Ma Ma Myo (9/2/2008)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP