ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

news from Burma (12)

Monday, May 5, 2008

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ လူ (၃၅၀) ကျော်သေဆုံး၊
ပျက်ဆီး ဆုံးရှုံးမှု များပြား

NEJ/ ၅ မေ ၂၀၀၈

ပြီးခဲ့သည့် စနေနေ့က မြန်မာနိုင်ငံ၌ တိုက်ခတ်သည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် လူ (၃၅၀) ကျော်သေဆုံးပြီး နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးသွားကာ လူပေါင်း သောင်းနှင့်ချီ၍ အိုးမဲအိမ်မဲ့ဖြစ်သွားသည်ဟု စစ်အစိုးရပိုင် မီဒီယာများ၌ သတင်းထုတ်ပြန်သည်။

မုန်တိုင်းသည် ဧရာဝတီတိုင်း အနောက်ဘက် ကမ်းရိုးတန်းဒေသနှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း တို့တွင် တနာရီ (၁၂၀) မိုင်နှုန်းဖြင့် ၀င်ရောက်တိုက်ခတ်ခြင်းဖြစ်ပြီး ဟိုင်းကြီးကျွန်း၌ (၁၆၂) ဦး အပါအ၀င် ဧရာဝတီတိုင်းတတိုင်းလုံး၌ (၂၂၂) ဦး၊ ရန်ကုန်တိုင်း၌ လူ (၁၉) ဦး အပါအ၀င် တနိုင်ငံလုံး၌ အနည်းဆုံးလူ (၃၅၁) ဦး သေဆုံးခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြား သတင်းအရ သိရသည်။

မုန်တိုင်းကြောင့် ရန်ကုန်မြို့၌ သစ်ပင်ကြီးများ၊ ကြော်ငြာဆိုင်းဘုတ်များ ပြိုကျပျက်စီးကုန်ပြီး နေအိမ်များနှင့် အဆောက်အအုံအမိုးများ လွင့်ထွက်ကုန်ကြောင်း၊ လျှပ်စစ်မီး၊ တယ်လီဖုန်းလိုင်း
နှင့် အင်တာနက်လိုင်းများ ပြတ်တောက်ကုန်ကြောင်း ရန်ကုန်မြို့ခံတို့က ပြောသည်။

ရန်ကုန်မြို့ခံတဦးက “စဖြစ်တာကတော့ (၃) ရက်နေ့က၊ မနက် (၃) နာရီကနေ (၇) နာရီခွဲအကြား အချိန်မှာ တော်တော်ဆိုးတယ်။ ရန်ကုန်မြို့ထဲက ကောင်းကင်မှာဆို သွပ်ပြားတွေ ကောင်းကင် ထဲမှာ ပျံနေတာတွေ့ရတယ်။ စလောင်းတွေ တော်တော်များများ ပျက်ကုန်တယ်။ ဆိုင်းဘုတ်ကြီး တွေ အကုန်လဲတယ်။ ဓာတ်တိုင်တွေ၊ ဖုန်းတိုင်တွေ အကုန်ပျက်တယ်။ အခု ရန်ကုန်မှာ မီးပျက် နေတယ်၊ ရေပျက်နေတယ်။ ဒီရက်ပိုင်းအတွင်းကို မီးရေ လုံးဝရနိုင်မယ့် အနေအထားမရှိဘူး” ဟု ပြောသည်။

ရန်ကုန်လေဆိပ်ကို ပိတ်ပစ်ခဲ့ရပြီး ရထားခရီးစဉ်များနှင့် မြို့တွင်း ပြေးဆွဲနေသည့် ဘတ်စ်ကား လိုင်းများလည်း ရပ်နားထားရကြောင်း ရန်ကုန်ဆိပ်ကမ်း ဘောတံတားအချို့ ပြုတ်ထွက် မြောပါ ကုန်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း၌ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ သာကေတ၊ ဒေါပုံမြို့နယ်တို့တွင် ဆိုးဆိုးဝါးဝါး ထိခိုက်မှုရှိပြီး ပြည်လမ်းတလျှောက် မင်္ဂလာဒုံ၊ ထောက်ကြံ့၊ မှော် ဘီရှိ သစ်ပင်များ၊ ရန်ကုန်တက္ကသိုလ်၊ ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင်နှင့် လွှတ်တော်အတွင်းပိုင်းရှိ သစ်ပင်များ ပြိုလဲကုန်သည်ဟု မျက်မြင်တို့က ပြောသည်။

မုန်တိုင်းဒဏ်ခံရပြီးနောက် ရန်ကုန်လူထု ရေးမီး အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မြို့ခံတဦးက ပြောသည်။

၎င်းက “ ရေသန့်ဘူးဆို ပြတ်ထွက်သွားတယ်။ မြို့ထဲက ရေသန့်ဘူး ချပေးတဲ့ ဆိုင်တွေဆို နာမည် စာရင်း သွားပေးထားရတယ်။ ဒီအတိုင်း ကောက်ဝယ်လို့ မရဘူး။ မီးသွေးဆိုင်တွေလည်း ဈေး တက်ကုန်တယ်။ ဈေးတွေကတော့ အားလုံး (၂၀၀၊ ၃၀၀၊ ၅၀၀) စသဖြင့် တက်ကုန်တယ်။ မြို့တွင်း ကတော့ ရေပြဿနာ တော်တော်တက်တယ်။ ကားတွေနဲ့ သွားသယ်ပြီး အိမ်ပေါ် တင်ရတယ်။ အဓိကကတော့ မီးမလာတဲ့အတွက် ရေတွန်းစက်တွေက မတွန်းနိုင်တဲ့အတွက် ရေမရတာ။ ကိုယ်ပိုင်အ၀ီစိတွင်းရှိတဲ့အိမ်တွေက ဆီကိုမျှထည့်ပြီး ရေကို မျှသုံးနေကြရတယ်။ ရန်ကင်းနဲ့ ကမ္ဘာအေးလမ်းဘက်က လူတွေဆိုရင် အင်းယားကန်က ရေကို သုံးရေအဖြစ် သွားယူနေကြရ တယ်။ အ၀ီစိတွင်းရှိတဲ့ ဘုန်းကြီးကျောင်းတွေကတော့ သောက်သုံးရေ အိမ်တွေကို နှစ်ပုံးသုံးပုံး ခွဲတမ်းနဲ့ ပေးနေတယ်။ အဓိက အဆိုးဆုံးကတော့ ရန်ကုန်မြို့ထဲက စမ်းချောင်းပဲ” ဟု ပြောသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်လည်း လှေ၊ သမ္ဗာန်နှင့် သင်္ဘောများ ကျိုးပဲ့နစ်မြုပ် အသေ အပျောက်များကြောင်း၊ လပွတ္တာမြိ့နယ်အတွင်း၌ အဆောက်အအုံများ (၇၅) ရာခိုင်နှုန်း ပျက်စီး ကုန်ပြီး လူပေါင်း (၉) သောင်းကျော် အိုးအိမ်မဲ့ဖြစ်သွားသည်ဟု စစ်အစိုးရက သတင်းထုတ် ပြန်သည်။

မုန်တိုင်းဘေးကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက ထောက်ပံ့ကယ်ဆယ်ရေးအဖွဲ့စေလွှတ်ရန် စီစဉ်နေပြီး ကယ်ဆယ်ခွင့် ရရှိရန် စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်နှင့် ကရင်ပြည်နယ်တို့၌ အရေးပေါ် အခြေ အနေ ကြေညာခဲ့ပြီး ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) တို့က ရန်ကုန်စစ်ရုံးချုပ်၌ စခန်း ထိုင်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ညွှန်ကြားနေသော်လည်း ထိထိရောက်ရောက် ဆောင်ရွက် ပေးခြင်း မရှိသေးချေ။

မုန်တိုင်းကယ်ဆယ်ရေး အကြောင်းပြချက်ဖြင့် မူဆယ်မြို့၌ သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူကာ ကုမ္ပဏီတခုလျှင် အလှူငွေ ကျပ် (၁) သိန်း ထည့်ခိုင်းနေသည်ဟု မူဆယ်မြို့ခံ ကုန်သည်တဦးက ပြောကြားသည်။

(www.khitpyaing.org)

အပြည့်အစုံဖတ်ချင်ရင်..>>>

photos of disaster

Sunday, May 4, 2008

please see at Ko Niknayman blog.


www.niknayman.blogspot.com

အပြည့်အစုံဖတ်ချင်ရင်..>>>

news from burma (11)

မြန်မာ့ရုပ်မြင် ပျောက်ဦးမည် Print E-mail
မဇ္ဈိမသတင်းဌာန
Sunday, 04 May 2008 17:42 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာ့ရုပ်မြင်သံကြား ပြန်လည်ထုတ်လွှင့်မှုမှာ ရက်အနည်းငယ် ကြာမြင့်ဦးမည် ဖြစ်သည်ဟု တာဝန်ရှိသူများ အပြောအရ သိရသည်။

အင်တင်နာတိုင်များ ပြိုလဲသွားခြင်း၊ စက်ပစည်းများ ရေ၀င်ခြင်းတို့ကြောင့် ရန်ကုန်တ၀ိုက်သို့ လွှင့်ထုတ်မှု ပြတ်တောက်သွားပြီး ဆက်သွယ်ရေး ဂြိုလ်တုစလောင်းမှ တဆင့် လွှင့်တင်ခြင်းများသာလျှင် ပုံမှန်အတိုင်း ရှိနေသည်။

ပြည်လမ်းရှိ မြန်မာ့အသံရုံးဝင်း အတွင်းတွင် သစ်ပင်များ လဲပြိုနေသည်ကို ရှင်းလင်းနေဆဲ ဖြစ်ပြီး တပြိုင်ထဲတွင် ရုပ်သံလိုင်းများ ထုတ်လွှင့်မှုများကိုလည်း ပုံမှန်ဖြစ်ရန် ပြင်ဆင်နေသည်။

ယခုရက်များ အတွင်းတွင် MRTV-4 နှင့် TV-5 အစီအစဉ်များကိုလည်း ရန်ကုန်မြို့နှင့်တ၀ိုက် ဖမ်းယူရနိုင်ဦးမည် မဟုတ်ဟု သူက ပြောသည်။ မြ၀တီရုပ်သံမှာလည်း ရန်ကုန်သားများ ဖမ်းယူရရှိနိုင်ခြင်းမရှိသလို တယ်လီဖုံးလိုင်းပင် မကောင်းဖြစ်နေ၍ မဇျိမက ဆက်သွယ်မေးမြန်း၍ မရနိုင်ပေ။ "ကျနော်တို့ အမြန်ဆုံး ပြင်ဆင်နေပါတယ်။ ဒီရက်ပိုင်းအတွင်း အားလုံး ပုံမှန် ပြန်လွှင့်နိုင်အောင် ကြိုးစားသွားမှာပါ "ဟု သူက ပြောသည်။

လေကြောင်းပို့ဆောင်ရေး သတင်းတွင်မူ မန္တလေး - ရန်ကုန် ခရီးစဉ်ကို အဲပုဂံ လေကြောင်းလိုင်းမှ ယနေ့ မြန်မာ စံတော်ချိန် နေ့လည် ၁၂း၃၀ မှ စတင်ကာ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်သည်။

၁၂း၃၀ ခရီးစဉ် နှင့် ၁ နာရီ ခရီးစဉ် ၂ ခု ကို စတင် ပြေးဆွဲခဲ့သည်ဟု မန္တလေးလေဆိပ် ၀န်ထမ်း တဦးက မဇ္ဈိမသို့ ပြောသည်။ ရန်ကုန်သို့သွားရန် လာရောက် စောင့်ဆိုင်းနေသော ခရီးသည်များလည်း ပါသွားသည်ဟု သိရသည်။

ရန်ကုန်အဲဝေး၊ အဲမန္တလေးနှင့် မြန်မာ့ လေကြောင်းလိုင်းတို့မှာမူ ပြေးဆွဲခြင်း မပြုသေးပေ။

"ကျနော်တို့ လိုင်းက ဒီနေ့ ပြန်ဆွဲရမလားဆိုတာ လူကြီးတွေက ဘာမှ မညွှန်ကြားသေးဘူး။ ဒီညနေအထိ မသိရသေးဘူး။ မနက်ဖြန်လဲ မသိသေးဘူး။ ဘာညွှန်ကြားချက်မှ မလာသေးဘူး" ဟု မြန်မာ့ လေကြောင်းလိုင်းမှ ၀န်ထမ်း တဦးက ပြောသည်။



(www.mizzimaburmese.com)

အပြည့်အစုံဖတ်ချင်ရင်..>>>

news from burma (9)

ရန်ကုန်နောက်ဆုံးအခြေအနေပါ
May 4th, 2008 by admin
  • ရန်ကုန်တမြို့လုံးဗြောင်းစံနေ
  • မုန်တိုင်း တော်တော်ဆိုးတယမလွတ်ဘူး၊
  • နံနက် ၅ နာရီခွဲတွင် အပြင်းထန်ဆုံး အရှိန်အဟုန်ဖြင့် ရန်ကုန်မြို့သို့ တိုက်ခတ်
  • မနေ့ည ၁၁ နာရီက စတိုကအပြင်းဆုံးအချိန်ကတော့ မနက် ၅ နာရီ၊ ၆ နာရီ
  • စလောင်းတွေ အားလုံး လွင့်သွပ်ပြားတွေ အချပ် လိုက် လမ်းတွေပေါ်ပြေးနေ
  • ကမာရွတ်၊ လှိုင်၊ မြေနီကုန်း ၊ ရွှေုဂုန်တိုင် ဝေဠုဝန်တိုက်ခန်း ဟံသာဝတီ ကားပွဲစားတန်း ကျွန်းတောလမ်း
  • တက္ကသိုလ်ရိပ်သာလမ်း စမ်းချောင်းမြို့နယ တော်တော်ဆိုးတယစမ်းချောင်းကဆက်သွယ်ရေးဝန်ကြီးရုံးတောရွဲသွားပီ
  • သမိုင်း ခဝဲခြံ အင်းစိန် ပုဇွန်ထောင် နဲ့ မြိုသစ်ဖြစ်တဲ့ ဒဂုံ ရွေပြည်သာ လိုင်သာယာာ တော်တော်အခြေအနဆိုးတယ် ရေအသကုန်ကြီနေပီ
  • ခဝဲခြံမှာလူနေလို့မရအောင်ရေကြီနေတယ်
  • လိုင်သာယာကတဲအသေးလေးတွေဘာမှာမရှိတော့ဘူး ကလေးတွေသနားစရာပါ…
  • လူတွေအလုပ်တွေရူပ်နေကြတယ်
  • GSM တွေရော လိုင်းဖုန်းတွေလုံးဝ မရ
  • ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုတို့ကို ကြည့်ရှု နားဆင် မရ
  • မိုးစဲသွားပြီ် မြို့တွင်းရှင်းလင်းရေးကို ကိုယ်ထူကိုယ်ထရပ်ကွက်အလိုက် လုပ်
  • “မနက် ၁၀ နာရီထိ အရှိန်ပြင်းပြင်းနဲ့ တိုက်နေ
  • အိမ်တချို့ ပြိုလဲမှုများ ရှိ
  • အပျက်အစီးများ လမ်းများ ပိတ်နေ
  • လိုင်းကား ပြေးဆွဲခြင်းလဲ မရှိ
  • လေလည်း ငြိမ်သွားပြီ
  • ရန်ကုန်မြို့တွင် ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ်စေခဲ့
  • ယနေ့ညဘက် တမြို့လုံး အမှောင်ကျ
  • သေဆုံးပျေက်ခန့်မှန်းမရ များနိုင်
  • စားသောက်ကုန်များ ဈေးတကအလုအယက် ၀ယ်ယူနေကြ
  • ကား၊ ရထားအားလုံး ရပ်ဆိုင်း
  • အင်တာနက် လုံးဝမရ ကျော်ခွဇယား တောင်စဉ်းစားမရ..
  • ရန်ကုန်မြို့တွင် ရယန္ဒရား ရပ်
  • လျှပ်စစ် ဓာတ်အားပေး စက်ရုံ အားလုံး ရပ်မိုးခြံတ်လမ်းတွေပိတ်နေတယ်အိမ်မီးပြောနဲလမ်းမီးတောင်မလာဘူး..
  • အပင်များမရှိတော့ဘူး
  • လမ်းဘေးရပ် ကားအပျက်စီများ
  • ရန်ကုန်မြို့ပျက်စီးမှု အကြီးအကျယ် ဖြစ
  • အမှတ် (၁)၊စမ်းချောင်းမြို့နယ မူးယစ်ဆေးဝါးပြတိုကလေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်း ဖွင့်
  • ဆက်လက် စုံစမ်းနေ
  • ရန်ကုန်မိုးတိပ်တွားပီ မုန်တိုင်းထပ်လာမယ်ဆိုတဲ့အသံတွေထွက်နေ…
(www.yangon.22web.net)

အပြည့်အစုံဖတ်ချင်ရင်..>>>

news from burma (9)

Saturday, May 3, 2008

ပြည်ပရောက်မြန်မာများသို့ အရေးပေါ်ပန်ကြားချက်

ယခုအခါ ကျွန်တော်တို့ မြန်မာနိုင်ငံနှင့် အဆက်အသွယ်ပြတ်တောက်လုနီးပါဖြစ်နေသော်လည်း မကြာမီ ပြန်လည်ဆက်သွယ်နိုင်လိမ့်မည် ဟုမျှော်လင့်ရပါသည်။ ကြားသိရသော သတင်းများအရ ရန်ကုန်မြို့ အပါအ၀င် ဧရာဝတီတိုင်းဒေသ အတော်များများ အလွန်အမင်း ပျက်စီးသွားကြောင်းသိရှိရပါသည်။ သို့ပါ၍ ပြည်ပရောက်မြန်မာများ အနေနှင့် မိမိတို့ တတ်နိုင်သည့် အလျှောက် မြန်မာနိုင်ငံအတွင်းရှိ ဒုက္ခသည်များကို ကူညီကြပါရန်ပန်ကြားအပ်ပါသည်။

ICRC, နာရေးကူညီမှုအသင်း အစရှိသော ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများကို ဆက်သွယ်၍ မိမိတို့ တတ်စွမ်းသလောက် လှူဒါန်းကြရန် တိုက်တွန်းလိုက်ရပါသည်။ မကြာမီရက်များအတွင်း စင်ကာပူရောက် မြန်မာများ စုစည်း၍ ကယ်ဆယ်ရေးအတွက် အစီအစဉ်တစ်ခု လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။


(www.myanmarhumanity.blogspot.com)

အပြည့်အစုံဖတ်ချင်ရင်..>>>

news from burma (8)

ရန်ကုန်တွင် ရေပြတ်၊ ကုန်စည်များ အလုအယက် ၀ယ်ယူနေ Print E-mail
မဇ္ဈိမသတင်းဌာန
Sunday, 04 May 2008 11:42 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းဒဏ် ခံခဲ့ရသောကြောင့် ရန်ကုန်တွင် ဘုရားစေတီ အများအပြား ပျက်စီးမှု ဖြစ်ခဲ့ပြီး ရန်ကုန်လူထုသည် ရေပြတ်တောက်မှုနှင့် ဆက်လက် ကြုံတွေ့နေရသည်။

မီးပြတ်ပြီး ရေတွန်းစက်များ ရပ်နားထားသည့်အတွက် ဂျိုးဖြူရေပိုက်မှ ရေမရရှိကြပေ။ အလားတူပင် အ၀ိစီ တွင်းများကလည်း မလည်ပတ်နိုင်ဘဲ ဖြစ်နေသည်။

ရွှေတိဂုံဘုရားမှ အရံစေတီများ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပျက်စီးခဲ့သည်ဟု ဘုရား ဂေါပကများထံမှ သိရသည်။ နောင်တော်ကြီးဘုရား၊ ကြေးသွန်း ရုပ်ပွားတော်၊ ငါးထပ်ကြီးဘုရား၊ ကျိုက္ကဆံ ဘုရားတို့တွင် ပျက်စီးမှု ထီးတော် ပြုတ်ထွက်မှုတို့ ဖြစ်ပေါ်ခဲ့သည်။ ရွှေတိဂုံဘုရားသို့ ဘုရားဖူးများ တက်ရောက်ဖူးမျှော်ခွင့်ကို တားမြစ်ထားသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်စည်များ ပြတ်တောက်သွားနိုင်သည် ဆိုသော စိုးရိမ် ပူပန်မှုများကြောင့် စားသောက်ကုန်များ အလုအယက် ပြေးလွှား ၀ယ်နေကြသည်။ အခြေခံ စားသောက်ကုန်ဈေးများ အတက် ကြမ်းလာနေသလို လောင်စာဆီ ရှားပါးမှုလည်း ကြုံနေရသည်။

အစိုးရ ဓာတ်ဆီဆိုင်များအားလုံး ဘောက်ဆာဆီကား မလာသောကြောင့် ရပ်နားထားရာ မော်တော်ယာဉ်များ သွားလာမှုကို ကြီးစွာ အကန့်အသတ် ဖြစ်စေသည်။

ထို့အပြင် အမိုးအကာများ ပျက်စီးမှု ပြန်လည် ပြင်ဆင်ရန် လုပ်ဆောင်နေရာ သွပ်၊ သံ တို့ လိုသလောက်ပင် ၀ယ်၍ မရဘဲ ဖြစ်နေသည်။

အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ၀ယ်ယူသူ များပြားလှသောကြောင့် တန်းစီ စနစ်ဖြင့် ၀ယ်ယူနေကြရပြီး သံ၊ သွပ်စသည်တို့ကို လိုသလောက် ၀ယ်ယူ၍ မရနိုင် ဖြစ်နေသည် ဟု ဒေသခံ တဦးက ပြောသည်။

ထို့အပြင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် လဲပြိုနေသော သစ်ပင်များကို ၀ိုင်းဝန်း ရှင်းလင်းနေပြီး အလုပ်ရှုပ်နေကြရသည်။ လျှပ်စစ်မီး အခက်အခဲကြောင့် မြန်မာ့ရုပ်မြင်ကို ကြည့်ရှု၍မရဘဲ ဓာတ်ခဲသုံး ရေဒီယိုများကိုသာ အားထားနေကြရသည်။

"ရပ်ကွက်တခုလုံး တူထုသံတွေ ညံနေတာပဲ။ ပစ္စည်းတွေကလဲ လိုသလောက် ၀ယ်လို့ မရနိုင်ဘူး။ ဈေးတွေကတော့ မတက်သေးဘူး။ ခုလောလောဆယ်မှာကတော့ ပစ္စည်းတွေက ၀ယ်ရတာ တအား ရှားနေတယ်။ သတင်းနားမထောင်ရတော့ မုန်တိုင်းအခြေအနေက ဘယ်လိုရှိလဲတောင် မသိရဘူး" ဟု အမျိုးသမီးတဦးက ပြောသည်။

မီးသွေးများ ရောင်းမလောက်ဖြစ်နေပြီး ကြက်ဥ၊ ဘဲဥ ကတော့ ရောင်းရ လက်မလည်နိုင်အောင် ဖြစ်နေသည်။

အစိုးရပိုင် ရေဒီယိုက ကြေညာသွားရာတွင် မင်္ဂလာတောင်ညွန် မြို့နယ်အတွင်း အိမ်ပြိုလဲမှုများ ရှိသည်ဟု ဖော်ပြပါရှိသည်။ လေဆိပ်များနှင့် မီးရထား အသွားအလာများ ပြန်လည် ကောင်းမွန် နေသည်ဟု ပါရှိသည်။

သို့သော် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ပိတ်ထားဆဲဖြစ်ပြီး ပြည်တွင်း လေကြောင်းလိုင်း လေယာဉ်များ မန္တလေးတွင် ရပ်နားနေကြရဆဲ ဖြစ်သည်။ ပြည်ပမှ ရန်ကုန်သို့ ပျံသန်းသော လေယာဉ် ခရီးစဉ်များကို ဆိုင်းငံ့ထားဆဲဖြစ်ပြီး ယနေ့ မွန်းလွဲအထိ အနည်းဆုံး စောင့်ဆိုင်းရမည် ဖြစ်သည်။

အစိုးရ ယန္တရား ရပ်ဆိုင်းနေပြီး နေပြည်တော်၏ ကွပ်ကဲမှု ရန်ကုန်တွင် ပြတ်တောက်နေဆဲ ဖြစ်သည်။ လူအသေအပျောက်နှင့် ပတ်သက်၍ ခန့်မှန်းရာတွင် ရန်ကုန်တွင် ဆယ်ဂဏန်းသာ ရှိမည်ဟု အမည်မဖော်လိုသူ ပြည်ထဲရေးဌာန အရာရှိတဦးက ပြောသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များ ဖြစ်သော ဒဂုံမြို့သစ် တောင်၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ လှိုင်သာယာ၊ ရွှေပြည်သာတို့တွင် အပျက်အစီး များပြားသည်ဟု သတင်းထွက်ပေါ်နေသည်။ သို့သော် တယ်လီဖုံးလိုင်းများ ပြတ်တောက်နေ၍ အသေးစိတ် မသိရသေးပေ။



(www.mizzimaburmese.com)

အပြည့်အစုံဖတ်ချင်ရင်..>>>

news from burma (7)

အချက်ပြစနစ် ချို့ယွင်းမှုကြောင့် ရန်ကုန် လေဆိပ် ပိတ်ထားရခြင်းဖြစ် Print E-mail
မဇ္ဈိမသတင်းဌာန
Sunday, 04 May 2008 12:52 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး လေယာဉ် အချက်ပြစနစ် ချို့ယွင်းမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပိတ်ထားရခြင်း ဖြစ်သည်။

လေဆိပ်သို့ ပေးပို့သည့် လျှပ်စစ်ဓာတ်ကြိုးများ ပြတ်တောက်ကုန်သဖြင့် လောလောဆယ်တွင် အရေးပေါ်မီးဖြင့် အသုံးပြုနေရသည်။ သို့သော် လေယာဉ် အတက်၊ အဆင်း ထိန်းချုပ်မှု တာဝါနှင့် အချက်ပြစနစ်များ ပြန်လည် လည်ပတ်နိုင်ရေးမှာ ဓာတ်အားလိုင်း အရေးပေါ် ပြင်ဆင်သွယ်တန်းမှု ဆောင်ရွက်ပြီးချိန်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

"အခုတောင် လေဆိပ်တခု လုံးမှာ အရေးပေါ် မီးနဲ့ ပဲ သုံးနေရတာ။ လေယာဉ်တွေ သွားဖို့ကတော့ အချက်ပြဖို့တွေက ခက်နေတယ်။ တာဝန်ရှိသူတွေက ဒီနေ့ လာကြည့်မယ် ပြောနေတယ်။ ခု ထိတော့ ရောက်မလာသေးဘူး။ လောလောဆယ်မှာ ပြောနိုင်တာကတော့ ဒီနေ့ နေ့လည် ၁၂း၃၀ လောက်မှ ဘယ်လို ဖြစ်မယ်ဆိုတာ သိရမှာပဲ။ ခုက ခရီးသည်တွေတော့ ရောက်နေကြတယ်။ ဒီလိုပဲ စောင့်နေကြရတယ်။ ဘယ်လေယာဉ်မှလဲ မဆင်းသေးဘူး " ဟု အမည်မဖော်လိုသူ ရန်ကုန်လေဆိပ် အရာထမ်းတဦးက ပြောသည်။

တာဝန်ရှိသူများမှ ယနေ့တွင် လာရောက် စစ်ဆေးမှာဖြစ်ပြီး မည်သည့် အချိန်မှ လေဆိပ်ပုံမှန် ပြန်လည်နိုင်မည်ကို ယခုလောလောဆယ်တွင် မပြောနိုင်သေးဟု သူက ထပ်ပြောသည်။

လေယာဉ် ခရီးစဉ်များ ဖျက်သိမ်းထားပြီး လေဆိပ် ပိတ်ထားသည်ကို မသိသော ပြည်တွင်း၊ ပြည်ပခရီးသည်များ လေဆိပ်ထဲတွင် ရောက်ရှိ စောင့်ဆိုင်းနေကြသည်။ ရန်ကုန်မှ အခြားမြို့များသို့ ပျံသန်းမည့် ပြည်တွင်း ခရီးစဉ်များကို သောကြာနေ့ကတည်းက ဖျက်သိမ်းထားခဲ့သည်။

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရန်ကုန် ဒေသခံများမှာ အစိုးရပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုတို့ကို ကြည့်ရှု နားထောင်နိုင်ခြင်း မရှိခဲ့သလို နားထောင်လိုက်သူများ အပြောအရ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ပေးနိုင်ခြင်းလည်း မရှိဟု ဆိုသည်။

ပြည်တွင်း လေကြောင်းလိုင်းများ အနေဖြင့် မနက်ဖြန် မေ ၅ ရက်နေ့မှစတင် ပြန်လည် ပြေးဆွဲနိုင်လိမ့်မည်ဟု ခန့်မှန်းကာ ပြင်ဆင်မှုများ ပြုလုပ်ထားသည်။ သို့သော် အဲယားမန္တလေး၊ ရန်ကုန် အဲယားဝေး၊ အဲပုဂံနှင့် မြန်မာအဲယားဝေးတို့ အားလုံးက အစီအစဉ်များ ပျက်ပြားနိုင်ကြောင်း မဇ္ဈိမသတင်းထောက်ကို တညီတညာထဲ သတိပေးကြသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင် ရန်ကုန်သို့ ပျံသန်းမည့် နံနက်ပိုင်း လေယာဉ်ခရီးစဉ်များကို မွန်းလွဲ ၂ နာရီအထိ ရွှေ့ဆိုင်းထားသည်။ ခရီးစဉ်များ ဖျက်သိမ်းမှု မပြုလုပ်သေးသော်လည်း ရန်ကုန်သို့ ပျံသန်းခြင်း ပြု မပြုကို ထပ်မံ ကြေငြာဦးမှာ ဖြစ်သည်။

ရန်ကုန်သို့ နယ်မြို့များမှ ၀င်ရောက်သော အဝေးပြေး ကားများလည်း ရပ်နားထားသည်။ မြို့တွင်း ပြေးဆွဲသော ပုံမှန် ဘတ်စ်ကားလိုင်းများမှာ သစ်ပင်များ၊ အပျက်အစီးများ လမ်းများပေါ်တွင် ပိတ်ဆို့မှု၊ လောင်စာဆီ အခက်အခဲကြောင့် ပြေးဆွဲမှု နည်းပါးလှရာ ဘတ်စ်ကားခများ နှစ်ဆ ခုန်တက်သွားသည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးများ မှောင်ခိုဈေးကွက်တွင် ယနေ့ နံနက်ပေါက်ဈေးမှာ ၇၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ် အသီးသီးဖြစ်သွားရာ မုန်တိုင်း မတိုက်ခင်ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်သွားသည်။

မုန်တိုင်းကြောင့် ရန်ကုန်ရှိ ဆိပ်ခံဗောတံတား အားလုံးနီးပါး ပျက်စီးမှုရှိခဲ့ပြီး ပြည်တွင်းသွား ရေယာဉ်ခရီးစဉ်များ ရပ်နားထားသည်။



(www.mizzimaburmese.com)

အပြည့်အစုံဖတ်ချင်ရင်..>>>

news from Burma (6)

မုန်တိုင်းဒဏ်ကြောင့် လူ ၂၄၀ ကျော်သေဆုံး
ဧရာဝတီ | မေ ၄ ၊ ၂၀၀၈

မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့တွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက် စစ်အစိုးရက ပြည်နယ်နှင့်တိုင်း ၅ ခုကို မုန်တိုင်းဒဏ်အခံရဆုံး ဒေသများအဖြစ် ကြေညာခဲ့ရပြီး ယင်းမုန်တိုင်းကြောင့် လူ ၂၄၀ ကျော် သေဆုံးကြောင်း သိရသည်။

နောက်ဆုံးရရှိသော သတင်းများအရ ရန်ကုန်တွင် လူ ၁၉ ယောက် သေဆုံးပြီး ဧရာဝတီတိုင်းတွင် လူ ၂၂၂ ယောက်သေဆုံးကြောင်း အမည် မဖော်လိုသူ ပြန်ကြားရေးဝန်ကြီးဌာန အရာရှိ တဦးက ပြောကြားသည်ကို အေအက်ဖ်ပီ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ထိခိုက်အနာတရ ရရှိသူစာရင်းကိုမူ အတိအကျမသိရှိရသေးသော်လည်း များပြားနိုင်သည်ဟု မျှော်လင့်ရသည်။

မုန်တိုင်းကြောင့် အပျက်အစီးများစွာရှိခဲ့သော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို မုန်တိုင်းဒဏ်အခံရဆုံး ဒေသများအဖြစ် အာဏာပိုင်များက ရုပ်မြင်သံကြားမှ ယမန်နေ့က ကြေညာခဲ့သည်။

စနေနေ့နံနက် အစောပိုင်း တိုက်ခတ်သော ယင်းမုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းရှိမြို့များ ထိခိုက် ပျက်စီးမှုကြီးမားကြောင်း စုံစမ်းသိရှိရသည်။ တိုက်ခတ်သော မုန်တိုင်းမှာ ၁ နာရီ မိုင်၁၂၀ နှုန်း ရှိသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေး ဒေသ ဆိုင်ရာအကြီးအကဲ ထာဂျီ စကက် ဒဲလ်က“ပျက်စီးဆုံးရှုံးရမှုအားလုံး ကျနော်တို့ သိရဖို့အတွက် ရက်အနည်း ငယ်ကြာလိမ့်ဦးမှာဖြစ်ပါတယ်”ဟု ဆိုသည်။

ကမ္ဘာ့ မုန်တိုင်း သတိပေးချက် နည်းစနစ် ဝက်ဘ်ဆိုက်၏ တွက်ချက်မှုအရ လူပေါင်း ၇.၀၃ သန်း မုန်တိုင်းဒဏ် ခံရနိုင်ဖွယ် ရှိကြောင်း၊ ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတွင် နေထိုင်သော လူဦးရေ ၁.၈၂ သန်းသည် လည်း မုန်တိုင်းကြောင့်ဖြစ်သော လှိုင်းကြီးမှုဒဏ်ကို ခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။


မန်မာစစ်အစိုးရ၏ တရားဝင် ကြေညာချက်အရ ဧရာဝတီတိုင်းရှိ လပွတ္တာနှင့် ကျိုက်လတ်မြို့များသည် ၄ ပုံ ၃ ပုံ ခန့် ပျက်စီးသွားကြောင်း သိရသည်။

ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကိုလည်း ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် တယ်လီဖုန်း ဆက်သွယ်ရေး လိုင်းများလုံးဝနီးပါး ပြတ်တောက်နေ သောကြောင့် ရန်ကုန်အပါအဝင် မုန်တိုင်း ဒဏ်သင့်ဒေသများရှိ ၎င်းတို့၏ မိသားစုဝင်များအား အလွန်အမင်း စိတ်ပူပန်နေရကြောင်းလည်း သိရသည်။

မြန်မာအစိုးရ အနေဖြင့် မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး လုပ်ငန်များ လုပ်ဆောင် နိုင်ရန် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်သော ကော်မတီတခုကို ဖွဲ့စည်းခဲ့ကြောင်း မြန်မာ့အသံမှ ကြေညာသွားသည်။

ရန်ကုန်မြို့လမ်းမများအား ပိတ်ဆို့နေသော ပြိုလဲကျနေသည့် သစ်ပင်ကြီးများကို ရှင်းလင်းရန် စစ်တပ်နှင့် ရဲတပ် ဖွဲ့များ စတင်ထားရှိသည်ကို တွေ့မြင်ရသော်လည်း ရန်ကုန်မြို့ခံများကမူ စစ်အစိုးရ၏ ကယ်ဆယ်ကူညီရေးမှာ နှောင့်နှေးကြန့်ကြာနေကြောင်း ဝေဖန်ကြသည်။



“အင်္ကျီအပြာမှာ ရဲ တံဆိပ်တွေနဲ့ တွေ့တယ်၊ စွမ်းအားရှင်လို့ပြောတာပဲ၊ လမ်းပေါ်မှာ ဟေးလားဝါးလားနဲ့၊ အမှိုက် ရှင်းမလိုလို လုပ်နေကြတယ်၊ အဲဒါတွေကို နိုင်ငံတော်က လုပ်ပေးရမှာ၊ ဘာမှလည်း မလုပ်ပေးဘူး၊ မသိသလို နေနေကြတယ်၊ မနေ့က ရဲ တွေ သွားတာ လိုက်ကြည့်တော့၊ လွှတ်တော်ရှေ့က သစ်ပင်တွေကို သွားရှင်းတာ၊ သူတို့ လက်ထဲမှာ သစ်ပင်ခုတ်ဖို့ ဓားမပါဘူး၊ ဒိုင်းတွေ တုတ်တွေ သေနတ်တွေပဲပါတယ်၊ သစ်ကိုင်းတွေကို လက်နဲ့ချိုးတယ်”ဟု ရန်ကုန်မြို့ခံတဦးက ပြောပြသည်။

ရန်ကုန်မြို့အတွင်း လျှပ်စစ်မီးနှင့် သောက်သုံးရေ ယခုအချိန်အထိ ပြတ်လပ်နေဆဲဖြစ်ပြီး လမ်းပန်းဆက်သွယ် ရေးများလည်း ပြတ်တောက်နေဆဲဖြစ်သည်။

ယနေ့တွင် ရန်ကုန်မြို့ရှိလူများမှာ ပျက်စီးသွားသော အိမ်ရာများကို ပြုပြင်ရန် ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူ နေကြကြောင်း သိရှိရသည်။ ဓာတ်ဆီဈေးမှာလည်း တရှိန်ထိုး တက်သွားပြီး တဂါလန် ၇၅၀၀ ကျပ် ပေါက်ဈေး ရှိကြောင်း သိရှိရသည်။

ယခု မုန်တိုင်း ဒဏ်ကြောင့် လာမည့် စနေနေ့တွင် ကျင်းပမည့် အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်း နိုင်ဖွယ်ရှိကြောင်း ရန်ကုန် စာနယ်ဇင်းအသိုင်းအဝန်းက သုံးသပ်နေကြသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ပံ့ရေး အေဂျင်စီများအနေဖြင့် အကူအညီများ ပေးရန် အဆင်သင့် ရှိနေသည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း မြန်မာစစ်အစိုးရ က အကူအညီတောင်းခံမှု မပြုလုပ်သေးချေ။

(source: www.irrawady.org)


အပြည့်အစုံဖတ်ချင်ရင်..>>>

news from Burma (5)

May 4th, 2008
သတင်း- Yangon Blogger Thiha


  • ရန်ကုန်ဆိပ်ကမ်း.ကသင်္ဘောတွေနှစ်ကုန်ပီ၊ ဆိပ်ကမ်းသံကြိုး ပျက်ထွက်ကုန်၊ ရေထဲ မျောပါတာအများကြီး ..ဝိတ်ပါတဲ့သင်္ဘောတွေနှစ်ကုန်ပီ…ပန်ပဲတန်း,လမ်းမတော် ဗိုလ်တထောင် ဆိပ်ကမ်းပေါင်စုံမှာ ဒီအဖြစ်မျိုးတွေရှိတယ်..
  • မြို့သစ်ဖြစ်တဲ့ ဒဂုံ ရွေပြည်သာ လိုင်သာယာာ တော်တော်အခြေအနဆိုးတယ် စုတ်ပြတ်သတ်သွားတဲ့အပြင်..ရေအသကုန်ကြီနေပီ …
  • ပျက်စီးဆုံးရူံးမူကိုMWDသတင်း ဒေသတော်တော်များများကို 75%ပျက်ဆီးဟုတရားဝင် ကြော်ငြာသည်..မြင်ကွင်းအရ 75% မကဘူး.
  • သေသူများကို ဧရဝတီတိုင်းရှိ မြို့နယ်၅ ခုကို လူ ၅၀၀ အထက်ဟု MRTV ကဒဏ်ရာရသူ ၅၀၀၀ အထက် ဒုက္ခသည် ၉၀၀၀၀ အထက်ရှိသည်,ဗီဒီယိုမှတ်တမ်းတရားဝင်ကြော်ငြာသည်။
(source: www.komoethee.blogspot.com)

အပြည့်အစုံဖတ်ချင်ရင်..>>>

news from Burma (4)

Saturday, 3 May 2008

(www.komoethee.blogspot.com)

သတင်း- ရန်ကုန်NET ( သတင်းပေးပို့ပေးသော YagonNet ကိုအထူးကျေးဇူးတင်ရှိပါတယ်)


ရန်ကုန်မြို့၏ လမ်းမများပေါ်တွင်လူအချို့က အထုတ်အပိုးများဖြင့် ပြေးလွှားနေပြီး လမ်းပေါ်သွားသော ကားမှန်သမျှ တားနေသည်။

“ရန်ကုန်မြို့ကြီး ရစရာမရှိအောင် ပျက်စီးနေပြီဗျ” ဟု ရှားရှားပါးပါး ဆက်သွယ် ရရှိသည့် ဒေသခံတဦးက စိတ်လောနေဟန် ရှိသည့် နှုတ်က တတွတ်တွတ်ဖြင့် ထပ်ကာ ထပ်ကာ ပြောသည်။

မိုးတိတ်၍ မြို့တွင်း လှည့်ပတ် ကြည့်ရှုနေသည့် သူက “နောက် ၂ ဖာလုံလောက် ဆက်သွားရင် ကျနော် ဘယ်လိုမှ ဒီအပျက်အစီးကို ရင်ဆိုင်နိုင်မှာ မဟုတ်လို့ ပြန်လှည့်လာတယ်” ဟု ပြောသည်။ သစ်ပင်ကြီးများ၊ ကြော်ငာဆိုင်းဘုတ်များ လမ်းပေါ် အိမ်ပေါ်သို့ ပစ်လဲကျနေဟု ပြောပြသည်။

“တသက်နဲ့တကိုယ် ဒါမျိုး မကြုံဖူးဘူးဗျာ” ဟု သူက ပြောသည်။

ကျောက်တန်းမြို့ဘက်တွင် အပျက်အစီး ပိုမို များပြားသည်ဟု ရန်ကုန်သတင်းများ အရ သိရသည်။ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ “အမိုးပြားတွေ ကောင်းကင်မှာ ပျံဝဲနေခဲ့တာ” ဟုပြောပြီး “အခုတော့ ကောင်းကင်ကြီးက နီတောက်နေတာ” ဟုပြောသည်။ည ၁၂ နာရီထိုးကတည်းက ရန်ကုန်မြို့သို့ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ကျရောက်နေရာ ယခုအချိန်အထိ အားကောင်းဆဲ ဖြစ်သည်။ ရန်ကုန်မြို့တွင် တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်နေပြီး လျှပ်စစ်မီးလည်း ပြတ်နေသည်။ ရှားရှားပါးပါး ရရှိသော သတင်းတခုအရ သူ့ဘဝတလျောက် “အကြီးမားဆုံး မုန်တိုင်းဖြစ်မည်” ဟု ပြောသည်။ ထူးဆန်းလှသော ဆူညံမှုကြီး ထွက်ပေါ်နေပြီး မြို့အနှံ့အပြား သွပ်မိုးများ လွင့်ပျံထွက်နေသည်ဟု ဆိုသည်။

ဧရာဝတီတိုင်းသည် ပျက်စီးမှု ပိုမိုများနိုင်မည်ဟု ခန့်မှန်းရပြီး လူပေါင်းများစွာ အသေအပျောက်များပင် ရှိနေသည် ။

ရန်ကုန်မြို့ ဟံသာဝတီ အ၀ိုင်းအနီး သစ်ပင်ကြီးများ အမြစ်ကပင် ကျွတ်ထွက် လဲကျကုန်သည်။ ကြော်ငြာ ဆိုင်းဘုတ်ကြီးများ ပျက်စီးကုန်သည်။ “အခုထိ လေက အရမ်းတိုက်နေသေးတော့ ကျနော်တောင် အပြင် မထွက်ရဲဘူး၊ စည်ပင်ကလည်း မရှင်းနိုင်သေးဘူး” ဟု ဒေသခံတဦးက ပြောသည်။

ထိုအနီးတ၀ိုက် ဓာတ်တိုင်အချို့ ပြိုလဲကုန်ပြီး မီးကြိုးများ ပြတ်တောက်နေသည်ကို တွေ့ရသည်။

“စလောင်းတွေဆိုတာ တခုမှ အကောင်း မရှိတော့ဘူး၊ သွပ်ပြားတွေ လမ်းပေါ်မှာ ပြန့်ကြဲနေတာ”။

“အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲ၊ သက်ရှိ သတ္တ၀ါဆိုရင် လမ်းပေါ်မှာ ခွေးတကောင် ကြောင်တမြီးမှ မရှိဘူး”

“ရေနွေးအိုးကနေ ရေငွေ့တွေ လွှတ်လိုက်သလို မိုးက ဘေးတိုက် လွင့်ထွက်လာနေတာ”

“အိမ်တွေက အမိုးတွေပျက်တော့ အိမ်တံခါးကို အပြင်ကနေ သံနဲ့ရိုက်၊ သော့ခတ်ပြီး အထဲမှာ ကုတ်နေကြရတာ”

“ဒီလောက်လဲ ထင်မထားတော့ စားဖို့သောက်ဖို့ ၀ယ်ခြမ်းထားတာ မရှိဘူး။ စားရေး အခက်အခဲ ဖြစ်နေတယ်”

ရန်ကုန် မြို့လယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းမှ ဒေသခံ ရုံးဝန်ထမ်းတဦးက “ဆူးလေတ၀ိုက်မှာ ခေါင်မိုးတွေ လန်ကုန်တာ ရှိတယ်။” ဟု ပြောသည်။

လှည်းတန်းလမ်းဆုံအနီး နေသူတဦးက “တိုက်ခန်းတွေက မှန်တွေ ကွဲကုန်တယ်။ မီးကလည်း ပျက်နေတုံးပဲ။ လေတိုက်နှုန်းကလည်း ပြင်းဆဲပဲ၊ စည်ပင်လည်း လာမရှင်းသေးဘူး၊ မိုးကတော့ နည်းသွားတယ်” ဟု ပြောသည်။ ဖုန်းအများအပြားကတော့ ပြတ်တောက်ဆဲ ဖြစ်သည်။

သောကြာနေ့က ဒလဘက် ကူးတို့ဆိပ်ကို ဖြတ်ကူးသော လှေမှောက်၍ အမျိုးသမီး ၃ ဦး ရေနစ် သေဆုံးသွားပြီးနောက် ဒလဘက် ကူးတို့ ကူးခြင်းများ ညနေ ၆ နာရီကတည်းက တားမြစ်လိုက်သည်။ ပုံမှန်အားဖြင့် ည ၁၀ နာရီ ကူးတို့ ကူးခွင့် ရှိသည်။

အပြည့်အစုံဖတ်ချင်ရင်..>>>

news from Burma (3)

မုန်တိုင်းနောက်ဆက်တွဲ

မေ ၄။ ရဲဇင်

ရန်ကုန်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို မွှေနှောက်သွားသော နာဂစ်စ် ဆိုက်ကလုံးမုန်တိုင်းကြောင့် ၂၄၃ ဦး ကွယ်လွန်ကြောင်း အစိုးရ ရုပ်မြင်သံကြားမှ ကြေညာသည်။ ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ်များတွင် သေဆုံးသူများ အရေအတွက်ကို အစိုးရ သတင်းဌာနများက လျှော့ပေါ့ ကြေညာမြဲ ဖြစ်သည့်အတွက် အမှန်တကယ် သေဆုံးသူ စာရင်းမှာ ထို့ထက် များပြားနိုင်ဖွယ် ရှိသည်။ ရန်ကုန် အပျက်အစီးမှာ ဗုံးဒဏ် အကြီးအကျယ် ခံခဲ့ရသည့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံး ဖြစ်သည်။

မြို့တော်ဟောင်း ရန်ကုန် အပါအ၀င် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့နှင့်အတူ အရေးပေါ် အခြေအနေ ကြေညာထားသည့် ဒေသငါးခုအနက် အပါအ၀င်ဖြစ်သော ဧရာဝတီတိုင်းသည် အပျက်အစီးဒဏ် အခံရဆုံး ဖြစ်သည်။ ပျဉ်ထောင်အိမ်၊ တဲအိမ်များမှာ အပျက်စီးဒဏ် အခံရဆုံး ဖြစ်သည်။ ရန်ကုန်လိုပင် သစ်ပင်ကြီးများ ကျွတ်လဲသွားပြီး လူ ရာနှင့်ချီ၍ သေဆုံးသည်။ ထွက်ပေါ်လာသော သတင်းအရ ဧရာဝတီတိုင်းသည် ပျက်စီးမှုနှင့် လူအသေအပျောက် အများဆုံး ဖြစ်သည်။ ပြန်ကြားရေး ၀န်ကြီးဌာနကို အေအက်ဖ်ပီ သတင်းထောက် ဆက်သွယ်မေးမြန်းရာတွင်မူ ဧရာဝတီတိုင်းတွင် ၂၂၂ ဦး၊ ရန်ကုန်တွင် ၁၉ ဦး သေဆုံးကြောင်း ပြောကြားသည်ဟု သိရသည်။ လပ္ပတ္တာမြို့နယ်တွင် အဆောက်အအုံ ၇၅ ရာနှုန်း ပျက်စီးသွားပြီး အိမ် ၂၀ ရာနှုန်း အမိုးလန်ထွက်ကုန်ကြောင်း အစိုးရ ရုပ်သံက ကြေညာသည်။

ရန်ကုန်မြို့မှာမူ ဖရိုဖရဲ ဖြစ်ကျန်ရစ်သည်။ သစ်ပင်များ လမ်းပေါ် ကျွတ်လဲပြီး အဆောက်အအုံမှန်များ ကွဲကျလျက် ရှိသည်။ မုန်တိုင်းမှာ ထိုင်းနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားသွားပြီ ဖြစ်သည်။ မုန်တိုင်းမစဲမီ ရေကြီးရေလျှံခံထားခဲ့ရသည့် လမ်းများပေါ်တွင် အပျက်အစီးများ ပြန့်ကြဲနေခဲ့သည်။ သွပ်မိုးများမှာ လေပြင်းထဲတွင် လွင့်ထွက်သွားကြပြီး နိုင်ငံတကာ သတင်းနှင့် ဘောလုံးပွဲကြည့်ရန် အားကိုးနေရသည့် ဂြိုဟ်တုစလောင်းများပါ လေထဲ လွင့်ပါသွားခဲ့ကြသည်။ လူစည်ကားသော လမ်းဆုံလမ်းခွများတွင် ထောင်ထားသည့် ကြော်ငြာဆိုင်းဘုတ်များပါ သစ်ပင်များလို ကျွတ်ထွက်သွားသည်။ အင်းစိန်၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ မြို့နယ်များမှ သွပ်မိုးပျဉ်ကာအိမ်များ၊ တိုက်ခံအိမ်များ၊ ပျက်စီးသွားပြီး တဲအိမ်ကလေးများမှာ မရှုမလှ လွင့်ပြိုသွားသည်။ အိမ်ထောင်ပရိဘောဂများ၊ အသုံးအဆောင် ပစ္စည်းများမှာ မြေပေါ်တွင် ဖရိုဖရဲ လွင့်ကျန်နေခဲ့သည်။

လျှပ်စစ်မီးများ ပြတ်တောက်နေဆဲ ဖြစ်သော်လည်း မုန်တိုင်းဒဏ် မခံရမီကတည်းက လျှပ်စစ်မီးမှာ မြန်မာနိုင်ငံတွင် ပုံမှန် ပြတ်တောက်နေမြဲ ဖြစ်၍ မထူးဆန်းတော့ပါ။ ဆင်းရဲသား ရပ်ကွက်များမှာ အပျက်အစီးဒဏ် အခံရဆုံး ဖြစ်သည်။ ပြန်လည် ထူထောင်ရေးနှင့် ပတ်သက်၍ အစိုးရက မယ်မယ်ရရ မကြေညာသေး။

အင်တာနက် လိုင်းများ ဆက်လက် ပြတ်တောက်နေဆဲ ဖြစ်သည်။ အိမ်တယ်လီဖုန်း၊ ဂျီအက်စ်အမ်၊ စီဒီအမ်အေ လိုင်းများပါ ပြန်မကောင်းသေး။ အချို့နေရာများတွင်သာ သုံး၍ ရသည်ဟု ယူဆရသည်။ စမ်းချောင်း မူးယစ်ဆေးဝါး ပြတိုက်ကို လေဘေးကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်ထားသည်။

နေ့စားအလုပ်သမားများ အလုပ်မဆင်းနိုင်သဖြင့် တနေ့လုပ်မှ တနေ့စာ ဈေးဝယ်ရသည့် လက်လုပ်လက်စား မိသားစုများ စားဝတ်နေရေး ထိခိုက်သွားသည်။ မီးလောင်လျှင် မီးဘေးသင့်သည့် ရပ်ကွက်များကို အခြားနေရာများမှ ထမင်းထုပ် လှူဒါန်းကြသော်လည်း ယခု လေဘေးတွင်မူ တမြို့လုံး ခံလိုက်ရခြင်း ဖြစ်၍ ပိုမို အကျပ်အတည်းဆိုက်သွားသည်။ လူထုမှာ လေမုန်တိုင်းဘေးနှင့် နောက်ဆက်တွဲ ပြဿနာများကြောင့် မေ ၁၀ ရက် လူထုဆန္ဒ ခံယူပွဲကို စိတ်မ၀င်စားနိုင်ဘဲ ဖြစ်နေသည်။

(source: www.hittaing.org)

အပြည့်အစုံဖတ်ချင်ရင်..>>>

news from Burma (2)

မုန်တိုင်း အထူးသတင်း

မေ ၃။ ရဲနီထက်၊ ရဲဇင်


မန်မာစံတော်ချိန် ၁၈း၃၀ နာရီ။ ရဲဇင်

မြစ်ဝကျွန်းပေါ်ဒေသမှ တယ်လီဖုန်းလိုင်းများ သောကြာ နေ့ ညကတည်းက လုံးဝ ပြတ်တောက်သွားသဖြင့် ရန်ကုန်တိုင်းနှင့် ကပ်နေသော ဧရာဝတီတိုင်းရှိ ပုသိမ်၊ ၀ါးခယ်မ၊ မော်ကျွန်း၊ အိမ်မဲ၊ ကျိုက်လတ် မြို့များ အခြေအနေကို ဆက်သွယ်မရ။ ရန်ကုန် မင်္ဂလာဒုံ လေဆိပ် ပိတ်လိုက်ရပြီ။ အိမ်များ အမိုးလန်ထွက်ကုန်ပြီ။ သစ်ပင်ကြီးများ အမြစ်ကျွတ် ပြိုလဲကျသွား။ လမ်းများ ရေလျှံနေ။ လမ်းပေါ် ရေကြီးနေပြီး ကားများ မသွားနိုင်။ သယ်ယူပို့ဆောင်ရေး ပျက်ယွင်းသွား။ အင်တာနက် ကဖေးများ ပိတ်လိုက်ရ။ မြန်မာ့အသံ ပါ ရပ်သွားပြီ။

သစ်ကိုင်း ကျိုးလဲနေသည့် ယနေ့ရန်ကုန် (အေအက်ဖ်ပီ)

ရန်ကုန်သို့ အ၀င်အထွက် လေကြောင်းအားလုံး ဖျက်သိမ်း။ ရန်ကုန်သို့ ဆင်းမည့် လေယာဉ်များ မန္တလေးကွင်းမှာ နေရာပြောင်း ဆင်းသက်ရ။ အင်တာနက်လိုင်းများ ပြတ်တောက်သဖြင့် ပြည်တွင်းမှ ဓာတ်ပုံပို့ရန် အခက်အခဲရှိနေ။

ပန်းရံသမားများ၊ ဆောက်လုပ်ရေးလုပ်ငန်းမှ နေ့စားပေါက်ဆင်းများ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်၊ ဈေးနှင့် ဆိပ်ကမ်း အထမ်းသမားများ အလုပ်မဆင်းရသဖြင့် နေ့စဉ် ၀င်ငွေ ထိခိုက်သွား။ ကလေးများ ကျောင်းမတက်နိုင်။ အဆင်သင့် ပြင်ဆင်ထားသော မေ ၁၀ ရက် ဆန္ဒခံယူပွဲကို နာဂစ်မုန်တိုင်းက ရွှေ့ဆိုင်းဖွယ်ရှိ။


၁၆း ၀၀ နာရီ။ ရဲနီထက်

ဘင်္ဂလားပင်လယ်အော်ကို ဗဟိုပြုပြီးဖြစ်ပေါ်လာသော နာဂစ်စ် အမည်ရှိ အင်အားကြီးမားသော ဆိုင်ကလုံးမုန်တိုင်းကြီးသည် မြန်မာစံတော်ချိန် ညနေ ၆ နာရီတိုင်းထွာချက်များအရ ဧရာဝတီတိုင်းကို ဟိန်းကြီးကျွန်းအနီးမှ ဖြတ်ကျော်စဉ် နံနက်၁၀နာရီတွင် လေသည်တစ်နာရီကို မိုင်၅၀ မှ ၆၀ ထိတိုက်ခတ်ခဲ့ပြီး နေ့လည်ဖက် ၁၂ခန့်တွင် တစ်နာရီ မိုင် ၇၀ အထိ တိုက်ခတ်ခဲ့သည်။ ညနေ ၂း၃၀ တွင် ၁၂၀ခန့်အထိ တိုက်ခတ်ခဲ့ပါသည်။ မုန်တိုင်းကြီးသည် ယနေ့ညနေ၅ နာရီ တိုင်းထွာချက်များအရ သမီးလှ ကျွန်းကို ဗဟိုပြုလျက်ရှိပြီး ယင်းသည်အရှေ့ဖက်သို့ တစ်နာရီကို ၁၅ မိုင်နှုန်းဖြင့်ရန်ကုန်မြို့၏ တောင်ဖက်မှဆက်လက် ရွေ့လျားနေခဲ့သည်။


နောက်ထပ် ၃၆ နာ၇ီတွင် ကုန်းတွင်းပိုင်းကို ကုန်းတွင်းမုန်တိုင်းငယ် အဖြစ်ဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ၀င်ရောက်မည်ဟု ခန့်မုန်းရသည်။ မုန်တိုင်းကြီးရအရွယ်မှာ အချင်းဝက်မိုင် ၁၅၀ ခန့်ရှိသဖြင့် မုန်တိုင်းကြီး၏ ဒဏ်ကို အရှေ့မြောက်ဖက်တွင် သာယာဝတီမြို့ နှင့် ရန်ကုန်အစပ်အထိ လည်းကောင်း မြောက်ဘက်တွင် ဂွမြို့အထိလည်းကောင်း အနည်းဆုံး လေတိုက်နှုန်းအားဖြင့် ၄၀မိုင်အထိလည်းကောင်း တိုက်ခတ်နိုင်ပါသည်။ အများဆုံး တနာရီ ၇၅ မိုင်နှုန်းအထိ ပုသိမ်၊ မြောင်းမြ၊မော်လမြိုင်ကျွန်း၊ ကြုံမငေး၊ချောင်းသာ၊ငွေဆောင် ဘိုကလေး မြို့စသောဒေသများတွင် ကြုံတွေ့နိုင်ပါသည်။ မုန်တိုင်းကြီးသည် နောက် ၆ နာရီအတွင်း အရှေ့ဖက်သို့ ဆက်လက်ရွေ့လျားပြီး အားပျော့လာမည်ဟု ခန့်မှန်းရပါသည်။ မုန်တိုင်းကြီး အရှိန်ကြောင့် ဧရာဝတီတိုင်း၊ပဲခူးတိုင်း ရခိုင်ပြည်နယ် ကရင်ပြည်နယ်တို့တွင် နေရာအနှုံ့ မိုးရွာပြီး မြစ်ဝကျွန်းပေါ်တွင် ပင်လယ်မျက်နှာပြင်ဒီရေသည် ၁၂ပေအထိ မြင့်တက်နိုင်ပါသည်။ မုန်တိုင်းကြောင့် နအဖတို့အနေနှင့် သူတို့ ကျင်းပပြုလုပ်မည့် ဆန္ဒခံယူပွဲရက်ကို ရွေ့ ဆိုင်းရန် ပြင်ဆင်နေပါသည်၊

လက်ရှိ အခြေအနေမှာ ကမ္ဘာအေး ဘုရားလမ်းတောက်လျှောက် သစ်ပင်များ ကားလမ်းပေါ်သို့ လဲကျနေ။ ရန်ကုန်မြို့တွင်း ရုပ်သံဂြိုဟ်တုစလောင်း အင်တာနာများ ပြုတ်ကျပျက်စီးနေ၊ ဓာတ်တိုင်များ ပြိုလဲကျ၊ မီးဖြတ်ထား၊ သမ္မတဟိုတယ်ရှေ့ ညောင်ပင် သမ္မတဟိုတယ်ပေါ် လဲကျပိနေ။ နောက်တနာရီအတွင်း မုန်တိုင်းထပ်ဝင်လာမည်ဖြစ်၍ အိမ်ပြင်မထွက်ကြရန် ရပ်ကွက်များ၌ လိုက်လံဆော်သြနေပါသည်။

(source: www.hittaing.org)

အပြည့်အစုံဖတ်ချင်ရင်..>>>

latest news from Burma (1)

နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တွင် အပျက်အစီးများပြား

ရိုးမ ၃။ မေ ၃၊ ၂၀၀၈

ယမန်နေ့ ညနက်ပိုင်းမှ စတင်ဝင်ရောက်လာသည့် အင်အားပြင်းထန်သော နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ရန်ကုန်မြို့တွင် လူနေအဆောက်အဦးများနှင့် လမ်းများ မြောက်မြားစွာ ပျက်စီးခဲ့သည်။

ဘင်္ဂလားပင်လယ်အော်မှ စတင်ဖြစ်ပေါ်ခဲ့သည့် တနာရီလျှင် ၁၉၂ ကီလိုမီတာ အင်အားရှိသည့် မုန်းတိုင်းဒဏ်ကြောင့် ယခုကဲ့သို့ အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းဒဏ်ကြောင့် အဆောက်အဦးအမိုးများ ကွာကျခြင်း၊ သစ်ပင်များပြိုလဲသဖြင့် လမ်းများ ပိတ်ဆို့သွားပြီး ရပ်တန့်ထားသည့် ကားအစီးပေါင်းများစွာ ပျက်စီးဆုံးရှုံးကာ ဖုန်းလိုင်း၊ မီးလိုင်း များ ပျက်စီးပြတ်တောက်နေပြီး အများပိုင်နှင့် ပုဂ္ဂလိကပိုင် ဂြိုလ်တုစလောင်း အားလုံးနီးပါးမှာ လည်း ကျိုးကျပျက်စီးနေသည်ဟု ဆိုသည်။

ဆင်ဟွာသတင်းတွင် သောကြာနေ့ ညလယ်မှ ယနေ့ ညနေပိုင်းအထိ ၁၀ နာရီကျော် တိုက်ခတ် ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ခန့်မှန်းမရနိုင်လောက်အောင် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဖော်ပြထားသည်။

စစ်အစိုးရကလည်း ကာကွယ်ရေးနှင့် ထူထောင်ရေးလုပ်ငန်းများကို အမျိုးသားအဆင့်အနေဖြင့် မြန်ဆန်ထိရောက်စွာ ဆက်စပ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်း (၅) နေရာအား အရေးပေါ်အခြေအနေ ကြေညာကာ အမိန့်အမှတ် (၄/၂၀၀၈) ကို ထုတ်ပြန်ခဲ့သည်။

စစ်အစိုးရ၀န်ကြီးချုပ်ခေါင်းဆောင်သည့် အမျိုးသားသဘာဝဘေးကယ်ဆယ်ရေး အစည်းအဝေး တရပ်ကို ယနေ့နံနက်ပိုင်းက နေပြည်တော် ၀န်ကြီးများအစည်းအဝေးခမ်းမတွင် ကျင်းပခဲ့ပြီး မုန်းတိုင်းကျရောက်ရာ ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးများ ထွက်ခွာသွားသည်ဟု စစ်အစိုးရပိုင် ရုပ်သံအစီအစဉ်က ယနေ့ နေ့လည်ပိုင်းတွင် ကြေညာသွားခဲ့သည်။

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမှ ယမန်နေ့နံနက်မှ စတင်တိုက်ခတ်ခဲ့သည့် အဆိုပါမုန်တိုင်းသည် ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ကျုံမငေး၊ ဘိုကလေး၊ ချောင်းသာ၊ ငွေဆောင်၊ သာယာဝတီနှင့် ဂွမြို့တို့အား ဖြတ်သန်းတိုက်ခတ်သွားချိန်တွင် တနာရီလျှင် ကီလိုမီတာ ၁၂၀ နှုန်းဖြင့် တိုက်ခတ်ခဲ့သည်။

စစ်အစိုးရအနေဖြင့် မုန်တိုင်းဒဏ်ကြောင့် မည်မျှပျက်စီးဆုံးရှုံးသည်ဆိုသည်ကိုမူ ယခုအချိန် အထိ ကြေညာနိုင်ခြင်းမရှိသေးပေ။

(source: www.yoma3.org)

အပြည့်အစုံဖတ်ချင်ရင်..>>>

မသမာမှုများနှင်ြ့ပည့်နှက်နေသောပြည်သူ့ဆန္ဒခံယူပွဲ

Thursday, May 1, 2008

မသမာမှုများနှင်ြ့ပည့်နှက်နေသောပြည်သူ့ဆန္ဒခံယူပွဲ

ပြည်သူ့ဆန္ဒခံယူပွဲ။

စကားလုံးလေးကား အလွန်ပင်လှပါသည်။ ကမ္ဘာ့သမိုင်းအဆက်ဆက်တို့၏ နိယာမတခုဖြစ်သော “အာဏာသည် ပြည်သူထံမှ သက်ဆင်းရမည်“ဆိုသည်ကိုပင် ရောင်ပြန်ဟပ်နေသကဲ့သို့ရှိသည်။ ဒီမိုကရေစီ သုခမိန်တဦးဖြစ်သူ Sir Moses Finley ပြောခဲ့ဖူးသည့် “ Democracy means rule by people: people themselves make the decisions ” ဆိုသည့် စကားစုလေးကိုလည်း ပြေး၍သတိရမိသည်။ ပြည်သူလူထုသည် မိမိတို့၏ ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်ရှိရမည်။ ရင်ထဲမှ ဆန္ဒများကို ပြည်သူ့ဆန္ဒခံယူပွဲများဖြင့် ဖော်ထုတ်နိုင်ကြမည်။ သို့သော်----သို့သော်-------။ နအဖစစ်အုပ်စုတို့ ကျင်းပမည့် ပြည်သူ့ဆန္ဒခံယူပွဲဆိုသည်မှာ ဒီမိုကရေစီ အနှစ်သာရများ ပါရှိပါ၏လော။ ပြည်သူလူထုသည် ရင်ထဲမှ ဆန္ဒမှန်ကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့် ရနိုင်ပါ၏လော။

ပြည်သူ့ဆန္ဒခံယူပွဲရလာဒ်ကား မေ (၁၀) ရက်တွင်မှ အဖြေထွက်မည်ဖြစ်သော်လည်း ကျင်းပသူ နအဖစစ်အုပ်စုတို့က ထောက်ခံပွဲ၊ အတည်ပြုပွဲ ဟုပင် ပြောင်ပြောင်တင်းတင်း ပြောနေသည်များ ရှိပါသည်။ တဘက်တွင် နအဖက နည်းမျိုးစုံသုံး၍ အတင်းအကြပ် ထောက်ခံခိုင်းနေသကဲ့သို့၊ အင်အယ်ဒီအပါအ၀င် အတိုက်အခံအင်အားစုများက ကန့်ကွက်မဲပေးရန် စည်းရုံးလှုံဆော်နေကြသည်။ အဘယ်ကြောင့် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းသည် ဤမျှအရေးကြီးနေရသနည်း။ နိုင်ငံတခု၏ အသက်သွေးကြောဟု ဆိုနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးကိစ္စနှင့် ပတ်သက်နေ၍ ဖြစ်ပါသည်။ နအဖဘက်မှ အောင်နိုင်သွားပါက (၁၉၉၀) ရွေးကောက်ပွဲရလာဒ် ပျက်သွားမည်။ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကကဏ္ဍပြီးဆုံးသွားမည်။ အနိုင်ရ အင်အယ်ဒီပါတီ၏ အဆင့်အတန်း ပျက်ပြယ်သွားမည်။

သို့ရာတွင် ထိုအချက်များကြောင့် ကန့်ကွက်ရန် ဆိုနေကြခြင်း မဟုတ်ရပါ။ အတည်ပြုပေါ်ထွက်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အနာဂတ်ဒီမိုကရေစီနိုင်ငံ၏ အခြေခံအုတ်မြစ်သာ ဖြစ်လာမည်ဆိုပါက ကန့်ကွက်ရန် အကြောင်းရင်း လုံးဝမရှိပါ။ (၉၀) ရွေးကောက်ပွဲတွင် လူထုက တာဝန်ကျေခဲ့ပြီ။ အင်အယ်ဒီတာဝန်ရှိသူများ နိုင်ငံရေးကျားကွက် မေ၇ွှ့တတ်၍သာ၊ စဉ်းစဉ်းစားစား- တွေးတွေးတောတော- ကြောက်ကြောက်လန့်လန့်- တွန့်တွန့်ဆုတ်ဆုတ်ပေါ်လစီကို ချမှတ်ကျင့်သုံးလိုက်၍သာ ဤမျှဇာတ်မျော သွားခဲ့ရခြင်းဖြစ်သည်။ လူထုတွင် ဤကိစ္စနှင့်ပတ်သက်၍ ဘာတာဝန်မှမကျန်တော့။ သို့ပေမယ့် လူထုအတွက် နောက်တကြိမ်အဖြစ် သမိုင်းပေးတာဝန်အသစ် တရပ်က ထပ်မံပေါ်ထွန်းလာသည်။ အကြောင်းရင်းကား နအဖတို့ စိတ်ကြိုက်ဆွဲထားသည့် ဖွဲ့စည်းပုံမူကြမ်းသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအုတ်မြစ်မဖြစ်လာပဲ၊ အာဏာရှင်စနစ်နှင့် ပြည်တွင်းစစ်အုတ်မြစ် ဖြစ်လာတော့မည့် အချက်ကြောင့် ဖြစ်သည်။

အချို့ကဆိုကြသည်။ စစ်တပ် (၁၀၀) ရာခိုင်နှုန်းအုပ်ချုပ်နေသည်မှ စစ်ဗိုလ်တမတ်သားသာ ပါတော့မည်ဖြစ်သည်မို့ နိုင်ငံရေး တိုးတက်မှုဖြစ်ကြောင်း၊ ဖွဲ့စည်းပုံဥပဒေ အတည်ပြုပြီးသည်နှင့် ရွေးကောက်ပွဲကျင်းပကာ ထွက်ပေါ်လာမည့်အစိုးရသည် အရပ်သားအစိုးရဖြစ်လာမည်ဖြစ်၍ ကောင်းမွန်ကြောင်း၊ နအဖစစ်အုပ်စုသည် political liberalization စတင်နေပြီဖြစ်ကြောင်း စသည်၊ စသည်။ မြန်မာစကား တခုရှိပါသည်။ နွားအလုပ်ကို နွားလုပ်၍ မြင်းအလုပ်ကို မြင်းလုပ်ရန် အဆိုရှိပါသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးမည့် လွှတ်တော်များတွင် လူထုကို ကိုယ်စားပြုရန် လူထုက ရွေးကောက်ထားသူများသာ ပါဝင်သင့်ပါသည်။ မည်သို့သော အကြောင်းနှင့်မျှ တမတ်သားပါစရာ အကြောင်းမရှိပါ။ ဤသည်မှာ နိုင်ငံရေးတိုးတက်မှုမဟုတ်။ အမျိုးသားရေး၊ နိုင်ငံရေး အန္တရာယ်သာဖြစ်ပါသည်။ အရပ်သားအစိုးရဟု ဆိုရာတွင်လည်း ရှိသမျှ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ် (သို့) ဒေသလွှတ်တော်များတွင် တပ်မတော်အရာရှိများမှ ၀င်ရောက်စွက်ဖက်ချယ်လှယ်နိုင်ခွင့်ရှိစေရန် ရေးဆွဲထည့်သွင်းထားသဖြင့် စစ်မှန်သော၊ လူထုကို ကိုယ်စားပြုသော အရပ်သား အစိုးရ လုံးဝဖြစ်လာနိုင်မည် မဟုတ်ပါ။

ထိုနည်းတူစွာပင် political liberalization ရှိလာပြီ ဆိုခြင်းနှင့် ပတ်သက်၍ လည်း ဆိုစရာရှိလာပါသည်။ နိုင်ငံရေးသီအိုရီအရတော့ ဆန္ဒခံယူပွဲကျင်းပခြင်း၊ ရွေးကောက်ပွဲပြုလုပ်ခြင်းဆိုသည့် အချက်များသည် liberalization ဖြစ်ပေါ်ခြင်းတွင် အကျုံးဝင်ပါသည်။ ထိုသို့ဖြစ်စေရန်လည်း နအဖတို့ အကြံကြီးကြံထားခြင်း ဖြစ်ပါသည်။ သို့ပေမယ့် political liberalization တကယ်ဖြစ်မဖြစ်ဆိုသည်မှာ အဆိုပါ ဆန္ဒခံယူပွဲများ၊ ရွေးကောက်ပွဲများကို မည်သို့မည်ပုံ တရားမျှတစွာ ကျင်းပခဲ့သနည်း ဆိုသည့် အချက်ပေါ်တွင် မူတည်ပါသည်။ နိုင်ငံရေးပညာရှင် ဒေးဗစ်ပေါ်တာဆိုသူက political liberalization ဖြစ်ခြင်းသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်လမ်းကြောင်းပေါ်သို့ ရောက်ချင်မှ ရောက်နိုင်မည်ဖြစ်ပြီး၊ အာဏာရှင်စနစ်သို့ အချိန်မရွေး ပြန်လည်ရောက်ရှိနိုင်မည် ဟု ဆိုထားပါသည်။ ဂိမ်းသီအိုရီနှင့် ချိန်ထိုးကြည့်လျှင်လည်း political liberalization မှ initial transition to democratization ဖြစ်လာစေရန် ကြားတွင် ဖြစ်စဉ် အဆင့်ဆင့်ရှိနေပြီး၊ အခန့်မသင့်ပါက Status-quo dictatorship (SDIC), Broadened Dictatorship (BDIC), insurrection စသည်များ သာ ပေါ်ထွက်ပြီး၊ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်သွားနိုင်ပါသည်။ သို့ဖြစ်၍ လက်ရှိကျင်းပမည့် ဆန္ဒခံယူပွဲသည် ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်မည့် political liberalization တရပ်ဖြစ်ကြောင်း အဆိုမှာ မှားယွင်းပါသည်။

ထို့ထက်ပို၍ ဆိုးသည့်အချက်ကား နအဖဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ အမှန်တကယ်ကျင်းသုံးရမည့် စနစ်များမထည့်သွင်းပဲ လူမျိုးကြီးဝါဒကိုသာ ဇောင်းပေးထားခြင်းဖြစ်ပါသည်။ Intra- state conflict ရှိနေသော မြန်မာပြည်ကဲ့သို့သော တိုင်းပြည်မျိုးသည် ဖယ်ဒရယ်ပြည်ထောင်စုစနစ်နှင့်သာ ကိုက်ညီပြီး၊ ထိုစနစ်ကသာ ပြည်တွင်းစစ်မီးများကို ငြိမ်းသတ်၍ ငြိမ်းချမ်းရေးကို ပံ့ပိုးပေးနိုင်ပါသည်။ နိုင်ငံတော်ကြီးအစိတ်စိတ်အမြွာမြွာပြိုကွဲမည်စိုး၍ တပ်မတော်မှ အမျိုးသားဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ရခြင်း ဆိုသည်မှာ စေတနာမှန်သည်ဆိုလျှင်တောင် ဆေးမြီးတိုနှင့် ကုခြင်းအဆင့်သာရှိပါသည်။ ရောဂါဇစ်မြစ်ကို မရှာဖွေပဲ ဆေးကုလျှင် အနာနှင့် ဆေး တခြားစီသာ ဖြစ်ပေလိမ့်မည်။ လွတ်လပ်ရေးရပြီး ကာလတွင် အဘယ်ကြောင့် စစ်ပွဲတွေ ဖြစ်ခဲ့ရသနည်း။ တပ်မတော်အခန်းကဏ္ဍ အဘယ်ကြောင့် ကြီးလာခဲ့ရသနည်း။ နိုင်ငံတခု၏ တည်ဆောက်ပုံ စနစ် (State-formation system ) မှားခဲ့၍ ဖြစ်ပါသည်။ ထိုအမှားကို မပြင်ပဲ မည်သည့်အခါတွင်မျှ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်၍ မရပါ။ ပြည်နယ်လွှတ်တော်၊ ဒေသလွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန် ဦးစီးအဖွဲ့များ ဖွဲ့စည်းပုံဥပဒေတွင် ထည့်သွင်းထားရုံနှင့် တိုင်းရင်းသားလူမျိုးများအရေးပြဿနာ ပြီးသွားမည် မဟုတ်ပါ။ လူမျိုးစုစစ်ပွဲများ အချိန်မရွေး ပြန်လည်ပေါ်ပေါက်လာလိမ့်မည်။

ထိုသို့သော ပြဿနာမီးပွား ဖွဲ့စည်းပုံအခြေခံဥပဒေကြီးအား ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ လူထုအတည်ပြုချက် ရယူရန် စစ်အုပ်စုက ကြိုးပမ်းနေပါသည်။ မက်လုံး၊ ဆွယ်လုံး၊ ချောက်လုံး နည်းမျိုးစုံသုံး၍ ထောက်ခံမဲရရန် ကြိုးပမ်းကြသည်။ မတရားမှုများ၊ မသမာမှုများ ပြည့်နှက်နေသည့် ဆန္ဒခံယူပွဲ ဖြစ်သဖြင့် Boycott လုပ်သင့်သည်မှန်သော်လည်း၊ နအဖထုတ်ပြန်လိုက်သည့်ဥပဒေများ၊ ဆန္ဒခံယူပွဲကျင်းပပုံ နည်းလမ်းများ၊ အခင်းအကျင်းများက မဖြစ်မနေမဲပေးရန် အကျင်းအကြပ် လမ်းကြောင်းထဲသို့ ရောက်သွားသည်။ ပေးသည်ဆိုမှတော့လည်း သမိုင်းတရားခံမဖြစ်ရန် ကန့်ကွက်မဲထည့်ရန်သာ ရှိတော့သည်။ ကန့်ကွက်မဲများဘက်မှ အနိုင်ရပါက အဆုံးသတ်တိုက်ပွဲအဆုံးအဖြတ်တော့ ဖြစ်လာနိုင်ချေမရှိပါ။ သို့ပေမယ့် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ လူထု၏ အင်အား၊ လူထု၏ တိုက်ပွဲခေါ်သံကို အရှိန်ယူမြှင့်တင်နိုင်ပါသည်။ တိုက်ပွဲဒီရေတက်လာစေရန် မည်သို့မည်ပုံ ဆောင်ရွက်သင့်ကြောင်း ယခုအချိန်ကတည်းက မဟာဗျူဟာများ၊ လက်တွေ့လုပ်ငန်းစဉ်များ ချမှတ်ပြင်ဆင်ထားရမည်ဖြစ်သည်။

အမှန်တော့ နအဖစစ်အုပ်စုသည် ပြည်သူကို အလွန်ကြောက်နေပါပြီ။ ပြည်သူ့ဆန္ဒခံယူပွဲတွင် ပြည်သူလူထုမှ ကန့်ကွက်မဲထည့်ကြမည်ကိုလည်း ကြိုတင်သိနေကြပါသည်။ သို့ဖြစ်၍သာ ဆန္ဒခံယူပွဲနှင့် ပတ်သက်သော မတရားမှုများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ အဖြေမထွက်ခင်ကပင် ထောက်ခံပွဲ၊ အတည်ပြုပွဲဟု ပြောဆိုသုံးနှုံးကြပါသည်။ အတည်ပြုမှသာ ပြုလုပ်ရမည့် ရွေးကောက်ပွဲအား မည်သည့်အချိန်တွင် ပြုလုပ်မည်ဟု ကြိုတင်ကြေငြာထားပါသည်။ ဆန္ဒခံယူပွဲမလုပ်ခင် တလအကြိုတွင်မှ မူကြမ်းကို လူသိရှင်ကြား ပြုလုပ်ပါသည်။ မူကြမ်းများ လူထုထဲသို့ အလွယ်တကူ မရောက်စေရန် အကန့်အသတ်နှင့်သာ ရောင်းပါသည်။ ဆန္ဒခံယူပွဲ ပြုလုပ်မည့်ရက်အတိအကျကို ပြုလုပ်ရန် ကြေငြာစဉ်၌ မထုတ်ပြန်ရဲပါ။

မူကြမ်းအား ဝေဖန်ဆွေးနွေးပြောဆိုခွင့်ကို ပြည်သူလူထုကိုသာမက အတိုက်အခံပါတီများကိုပင် ခွင့်မပေးပါ။ ဆန့်ကျင်ပြောဆိုပါက ထောင်သုံးနှစ်အထိ ပြစ်ဒဏ်ချမည်ဟုပင် ဥပဒေထုတ်လိုက်သေးသည်။ ဆန္ဒခံယူပွဲကော်မရှင်တွင် ပါဝင်သူများအားလုံးသည် နအဖစစ်အုပ်စုဝင်များ၊ လက်ကိုင်ဒုတ်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များသာ ဖြစ်နေသည်။ အတိုက်အခံပါတီများ၊ နိုင်ငံတကာနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ စောင့်ကြည့်မည့်သူများကို စောင့်ကြည့်ခွင့် မပေးပါ။ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များမှ စစ်သည်များ၊ အိမ်ထောင်သည်မိသားစုများကို စောင့်ကြည့်မှုများရှိနေသည်။ ပြည်သူလူထုကိုလည်း လုံခြုံရေးကိရိယာများ တပ်ဆင်မည်အကြောင်းပြ၍ မဲရုံတွင်းတွင်ကန့်ကွက်မဲ မပေးရဲစေရန် ကြိုတင်တပ်လှန့်ထားသည်။

ဝန်ထမ်းများအား ထောက်ခံမဲများပေးစေရန် ၀န်ကြီးများ၊ တပ်မမှူး၊ တပ်ရင်းမှူးများအဆင့်များကပင် လိုက်လံစည်းရုံးဟောပြောနေကြသည်။ သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ရှိသူ ၀န်ကြီးများ၊ တပ်မှူးများ၊ ကြံ့ဖွတ်များအား ထောက်ခံမဲရစေရန် တာဝန်ခံခိုင်းထားပြီး၊ ကန့်ကွက်မဲဖြစ်ပါက အရေးယူမည် ဟုပင် ကြိမ်းမောင်းထားသည်။ မက်လုံးမျိုးစုံဖြင့် မြှူဆွယ်ခြင်းများကိုလည်း ပြုလုပ်နေကြသည်။ နိုင်ငံသားမဟုတ်သူများကိုပင် ယာယီနိုင်ငံသားပေး၍ ထောက်ခံမဲရစေရန် ပြုလုပ်နေကြသည်။ သေဆုံးပြီးသူများကိုပင် မဲပေးရန် စာရင်းတွင် ထည့်ထားသည်ဆိုတော့ ကမ်းကုန်နေပြီ ဖြစ်သည်။ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်၍ ငြိမ်းအေးရာ ဘုံဘ၀ရောက်နေသူများပင် မလွတ်တော့ပါလား။ ဒါတောင် မဲအရေအတွက်ကိုပဲ ပြရမည်ဆိုသောကြောင့် တော်သေးသည်။ ထောက်ခံသူလူများကိုပါ ပြသရန်လိုအပ်သည်ဆိုပါက ရင်ခွဲရုံမှ အလောင်းများပင်လျှင် ကောင်းကောင်းနေရပါမည်လားမသိ။ လူတွေကြားညှပ်ပြီး၊ အသက်ရှိလူကဲ့သို့ ပြုလုပ်ပေလိမ့်ဦးမည်ထင်သည်။

မည်သို့ဆိုစေ၊ နအဖစစ်အုပ်စုတို့သည် မသမာသော နည်းမျိုးစုံဖြင့် ဆန္ဒခံယူပွဲရလာဒ်အား အတည်ပြုမှု မဖြစ်ဖြစ်အောင် လုပ်မည်ကတော့ သေချာသည်။ ထိုသို့ပြုလုပ်ပါက ကန့်ကွက်မဲပေးပွဲမှသည် လူထုအရေးတော်ပုံအဆင့်ထိ တက်လှမ်း၍ မသမာမှုကို ၀ိုင်းဝန်းဆန့်ကျင်ကြရန် လိုအပ်သည်။ ဖွတ်ကို ဖွတ်မြီးနှင့် ချည်သည်ကတော့ ဟုတ်ပါသည်။ သို့ပေမယ့် ဖွတ်မရပဲ ဓားမပါဆုံးသည့် အဖြစ်မျိုး မဖြစ်စေရန်အတွက်တော့ တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိများ ဆက်လက်ရှိနေစေရန် လိုအပ်လှပါကြောင်း။

ခင်မမမျိုး (၃၀၊ ၄၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

referendum

Wednesday, April 30, 2008



အပြည့်အစုံဖတ်ချင်ရင်..>>>

time

Thursday, April 24, 2008

အချိန်ကစကားပြောတတ်တယ်

တခါတလေ ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာ ခွဲခြားလို့မရပဲ အငြင်းပွားနေရတဲ့ ကိစ္စလေးတွေ ရှိတတ်တယ်။ လူတိုင်းလူတိုင်းမှာကလဲ အတွေးကိုယ်စီရှိကြတာဆိုတော့ အတွေးတွေကို ထုတ်ဖော်ပြောဆိုကြရင်း အငြင်းပွားရတတ်တာ၊ ပဋ္ဋိပက္ခ ဖြစ်တတ်တာလေးတွေ ဘယ်နေရာမှာမဆို ရှိနေနိုင်တာပါပဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်မတိုင်မီကာလတုန်းက စစ်အေးတိုက်ပွဲကြီးလဲ ပြီးသွားရော အမေရိကသမ္မတ ဘွတ်ရှ်စီနီယာက ‘The New World Order’ ဆိုတာကို ကြေငြာပါလေရော။ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာတော့မယ်၊ စစ်ပွဲတွေပြီးဆုံးသွားပြီ။ နိုင်ငံတကာဥပဒေကို အားလုံးလေးစားလိုက်နာလာတော့မယ်၊ အမေရိကန်က ထောက်ကူပေးတဲ့ justice era ကြီးဖြစ်လာတော့မယ်ဆိုခဲ့တယ်။ နိုင်ငံရေးပညာရှင် ဖာကူရာမက ‘The End of History’ လို့ ဆိုခဲ့တယ်။ ideological conflict တွေပြီးသွားပြီ၊ ဘာသာရေးနဲ့လူမျိုးရေးကိစ္စလေးတချို့သာ ကျန်တော့တယ်။ conflict တွေ ဖြစ်လာခဲ့ရင်လဲ liberal peace paradigm အသုံးပြုပြီး ထိန်းနိုင်မယ်ဆိုခဲ့ဖူးတယ်။

တဘက်ကနေ ဟန်တင်တန်က ‘clash of civilizations’ ဆိုပြီး argue လုပ်ခဲ့တယ်။ Furture conflict တွေက ideological conflict လဲမဟုတ်၊ economic conflict လဲ မဟုတ်ပဲ different civilization blocs (eg. Islam, West, China, ethnic---) စတာတွေ ဖြစ်လာမယ်လို့ဆိုခဲ့တယ်။ နှစ်ဘက်အပြန်အလှန်ကို debate တွေအကြီးအကျယ် လုပ်ခဲ့ကြပါတယ်။

အခု ဆယ်စုနှစ်ကာလတွင်း ကမ္ဘာ့ရေးရာတွေ၊ ပယ်လယ်ကွေ့စစ်ပွဲတို့၊ ယူဂိုဇလားဗီးယားတို့၊ ဘော့စနီးယား၊ ဟာဇီဂိုးဗီးနားတို့၊ ကိုဆိုဗိုတို့၊ အီရတ်တို့ကို ကြည့်မယ်ဆိုရင် ဘယ်သူပြောခဲ့တာတွေက ပိုမိုမှန်ကန်မှုများတယ်ဆိုတဲ့ အဖြေထွက်လာပါတော့တယ်။ အချိန်က ဆုံးဖြတ်ပေးလိုက်တာပါပဲ။

တခါတလေလဲ တချို့ကိစ္စတွေမှာ ကြိုမြင်နေတာတွေ ရှိနေပေမယ့် မပြောချင်တော့ပါ။ အများညီတော့လဲ ဤကို ကျွဲလို့ဖတ်ရတတ်တာတွေ လောကမှာ ရှိစမြဲ။ သမိုင်းတွေ တကျော့မပြန်ပါစေနဲ့လို့ပဲ နေ့စဉ်နဲ့အမျှ ဆုတောင်းနေမိတယ်။ နောက်ဆုံးတော့လဲ အချိန်က စကားပြောလာမှာပါလေ။

ခင်မမမျိုး (၂၄၊ ၄၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

campaign


အပြည့်အစုံဖတ်ချင်ရင်..>>>

Reading for Study (part-2)

Wednesday, April 23, 2008

ကျောင်းစာဖတ်ခြင်း (အပိုင်း-၂)

ဘာကြောင့်စာဖတ်ရသလဲ

စာဖတ်ခြင်းမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိနိုင်သလို ဒီရည်ရွယ်ချက်ပေါ်မူတည်ပြီး ဖတ်ပုံဖတ်နည်းလည်း ကွဲပြားခြားနားပါတယ်။ ဥပမာ- နေ့စဉ်စာဖတ်ပုံတွေနဲ့ ကျောင်းစာဖတ်ပုံတွေဟာ ကွဲပြားခြားနားနိုင်ပါတယ်။ ချက်ချင်းအသုံးချဖို့ဟင်းချက်နည်းစာအုပ်ဖတ်လိုက်တာ၊ တယ်လီဖုန်း လမ်းညွန်မှာ ကိုယ်လိုချင်တဲ့နံပါတ်ကို ကျော်ဖတ်ရှာလိုက်တာ၊ သတင်းစာထဲက အဓိကသတင်းတွေကို မျက်စိရှာလိုက်တာ၊ အပျော်ဖတ်ဝတ္ထုဖတ်လိုက်တာတွေ ဟာလဲ တနည်းတဖုံ စာဖတ်ခြင်းတွေပါပဲ။ နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရတာဖြစ်ပြီး၊ ဦးနှောက်ထဲမှာ မယ်မယ်ရရ မှတ်ထားစရာ မလိုတဲ့ စာဖတ်ခြင်းတွေပါ။

ကျောင်းစာဖတ်ခြင်းမှာကျတော့ မမှတ်သားလို့မရတော့ပါဘူး။ ဘာကြောင့်ဖတ်ရတယ်၊ ဖတ်မှတ်နားလည်ဖို့ ဘယ်လိုနည်းလမ်းတွေ လိုအပ်တယ်ဆိုတာ သေသေချာချာ တွေးဖို့ လိုအပ်လာပါတော့တယ်။ ဖတ်ရန်စာရင်းထဲမှာ ပါနေလို့ဖတ်တာပဲဖြစ်ဖြစ်၊ မှတ်စုထုတ်ဖို့ ဖတ်တာပဲဖြစ်ဖြစ် သေချာတာတခုကတော့ ဖတ်နေတဲ့စာပေါ်မှာ အာရုံစူးစိုက်ပြီး နားလည်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်ဖတ်ရတယ်ဆိုတာ အရင်စဉ်းစားထားဖို့လိုပါတယ်။ ဘွဲ့ရထားတာခြင်းတူတူ၊ ဖတ်ရမယ့်စာတွေကို တစိုက်မတ်မတ်ဖတ်ပြီး ရလာသူနဲ့ လှေကြုံလိုက်ပြီး ရလာသူတွေမှာ အလွန်ပဲကွာခြားမှုရှိပါတယ်။ အမှတ်ချင်းတူခဲ့တယ်ထားဦး၊ self-confidence နဲ့ self-discipline မှာ အရမ်းကို သိသာစွာ ကွဲပြားမှုရှိပါတယ်။ စာမေးပွဲအောင်ရုံ အမှတ်ကောင်းရုံ၊ ဘွဲ့ရရုံ ဆိုတာတွေအပြင် ကိုယ့်နာမည်နဲ့ တွဲရလာမယ့် ဘွဲ့တခုရဲ့ ပညာရပ်ကို လေးလေးနက်နက် နားလည်သိရှိဖို့ ရည်ရွယ်ချက်နဲ့ ဖတ်တာဆိုရင်တော့ အကောင်းဆုံးပါပဲ။

စာဖတ်တဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ

တခါတရံစာဖတ်နေခြင်း ဘာကို လိုချင်လို့ဖတ်နေတယ်ဆိုတာ မသိတော့ပဲ လမ်းပျောက်နေတတ်တာတွေ ရှိနိုင်ပါတယ်။ အချက်အလက်ကို မှတ်မိဖို့ဖတ်နေတာလား၊ အက်ဆေးအတွက် အိုင်ဒီယာတွေရဖို့လား၊ စာရေးသူရဲ့အမြင်ကို သိချင်လို့လား စသည်ဖြင့် တွေပါ။

ပညာရေးဆိုင်ရာပါရဂူတွေက ကျောင်းသားတွေ စာဖတ်တဲ့အခါမှာ ပြုလုပ်လေ့ရှိတဲ့ approach နှစ်ခုကို ခွဲခြားပြခဲ့ပါတယ်။ ပထမတမျိုးက surface approach ပါ၊ ဒီနည်းနဲ့ဖတ်သူတွေက အချက်အလက်တွေကို မှတ်မိအောင် ကြိုးစားမှတ်သားလေ့ရှိကြပါတယ်။ နောက်တမျိုးကတော့ deep approach ပါ၊ သူတို့တွေကတော့ အသေးစိတ်အချက်အလက်များကို စိတ်ဝင်စားမှု နည်းပြီး၊ အဓိက အိုင်ဒီယာတွေကိုသာ မှတ်သားလေ့ရှိကြပါတယ်။

ဒါပေမယ့်ဒီနည်းတွေဟာ ပုံသေအမြဲဖြစ်နေမယ်လို့တော့ မဆိုနိုင်ပါဘူး။ ကိုယ်လုပ်ရမယ့်အလုပ်ပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ စာမေးပွဲအတွက် ပြင်ဆင်ဖို့ ဖတ်တာဆိုရင်တော့ မေးခွန်းများဟာ အချက်အလက်ကိုအခြေခံတာလား၊ အကြောင်းအရာအသေးစိတ်ကို အခြေခံတာလားပေါ်မူတည်ပြီး ဖတ်နည်းလဲ ကွဲပြားမှုရှိနိုင်ပါတယ်။ သုတေသနမှတ်တမ်းများအရတော့ deep-approach နဲ့ ဖတ်မှတ်သူများဟာ ပညာရပ်အပေါ်မှာ စိတ်ဝင်စားမှုပိုရှိတတ်ပြီး၊ စာဖတ်ချိန်တွေလဲ ပိုမိုကြာမြင့်သလို၊ စာမေးပွဲများမှာလဲ အမှတ်ကောင်းတွေ ရတတ်ကြပါတယ်။

အရေးကြီးဆုံးကတော့ စာကို နားလည်ဖို့ပါပဲ။ နားလည်မှတ်မိဖို့ဆိုတာမှာလဲ အစီအစဉ်ကျမှုက အရေးကြီးပါတယ်။ ကျွန်မတို့တွေအားလုံးဟာ ၁၊၂၊၃၊ ၄ ဆိုတာကို ၃၊၂၊၄၊၁ ဆိုတာထက် ပိုပြီးမှတ်မိတတ်ကြပါတယ်။ ဒီလိုပဲ categorize ဆိုတာကို gotecarize ဆိုတာထက်ပိုမှတ်မိတတ်ကြပါတယ်။ ဘာကြောင့်ပါလဲ၊ ပထမတခုက အစီအစဉ်တကျဖြစ်နေတာကြောင့်ဖြစ်ပြီး၊ ဒုတိယတခုကတော့ အဓိပယ်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်စာဖတ်တဲ့နေရာမှာ စဉ်းစဉ်းစားစားနဲ့ တက်တက်ကြွကြွ ဆက်စပ်တွေးခေါ်ပြီး ဖတ်ဖို့ လိုအပ်လှပါတယ်။

ဒီတော့မှလဲ စာရေးသူဘာကို ဆိုလိုလဲဆိုတာ သေချာနားလည်သဘောပေါက်မှာဖြစ်ပြီး၊ ဒီလိုသဘောပေါက်မှလဲသူ့အတွေးအခေါ်တွေနဲ့ တခြားသူတွေရဲ့အတွေးအခေါ်တွေကို နှိုင်းယှဉ်ပြီး ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ ကိုယ်ပိုင်အတွေးအခေါ်များ ပေါ်ထွက်ရှင်သန်လာနိုင်ပါလိမ့်မယ်။

စာဖတ်ခြင်းအမျိုးမျိုး

ပုံမှန်အားဖြင့် စာဖတ်ခြင်းစတိုင် လေးမျိုးရှိပါတယ်။

(၁) Receptive reading - ဒီလိုစာဖတ်နည်းမျိုးက အများအားဖြင့် လုပ်လေ့လုပ်ထရှိကြပါတယ်။ စာရေးသူဘာကိုဆိုလိုတာလဲ ဆိုတာကို နားထောင်သွားတာမျိုးပါ။ စာဖတ်ခြင်းဟာ ပုံမှန်ပါပဲ။ အလွန်လွယ်ကူတဲ့ စာဖတ်နည်းဖြစ်ပါတယ်။

(၂) Reflective reading - ဒီလိုစာဖတ်နည်းမျိုးကျတော့ ဖတ်နေတဲ့စာကို သေသေချာချာစဉ်းစားတွေးခေါ်ပြီး ဖတ်ရတာမျိုးပါ။ ဆန်းစစ်ချက်တွေ၊ နှိုင်းယှဉ်ချက်တွေကို ဦးနှောက်က လိုက်လံပြုလုပ်နေရပါမယ်။ ပြန်လည်စဉ်းစားဖို့အတွက် အကြိမ်ပေါင်းများစွာ စာဖတ်တာကိုရပ်လိုက်၊ စဉ်းစားလိုက် လုပ်ရတတ်ပါတယ်။ ဒီနည်းမျိုးကို ကျောင်းစာဖတ်ခြင်းမှာ အသုံးပြုရတာဖြစ်ပါတယ်။

(၃) Skimming - ဒီနည်းကတော့ စာတခုလုံးကို မြန်မြန်ကြည့်ပြီး၊ကျော်ဖတ်တာမျိုးပါ။ဒီစာဘာကိုဆိုလိုတာလဲ ဆိုတာလောက်ပဲ general impression ပေးနိုင်ပါတယ်။

(၄) Scanning - ဒီနည်းကတော့ တယ်လီဖုန်းလမ်းညွန်ကြည့်သလိုမျိုးပါ။ စာတွေကို ကျော်ကြည့်နေပြီး၊ အကြောင်းအရာတစုံတရာကို ရှာဖွေတာဖြစ်ပါတယ်။ ရည်ညွန်းကိုးကားတွေရှာရာမှာ အသုံးဝင်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၅၊ ၄၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

Free Yan Yan Chan & Zay yar Thaw

Saturday, April 19, 2008




အပြည့်အစုံဖတ်ချင်ရင်..>>>

where have they gone?

Wednesday, April 16, 2008

ဘယ်ရောက်ကုန်တာလဲ

“ဟဲ့၊ ကောင်းတဲ့ယောက်ျားတွေ ဘယ်ရောက်ကုန်တာလဲ။ လောကကြီးမှာမရှိတာလား။ ငါတို့ပတ်ဝန်းကျင်မှာပဲ မရှိတာလား“ တဲ့။

ဒီစကားကို ပွင့်အန်ပြောလာသူကတော့ ကျွန်မရဲ့အရင်းနှီးဆုံးသူငယ်ချင်း ရှစ်ယောက်ထဲက တယောက်ဖြစ်တဲ့ စကော့လူမျိုးသူငယ်ချင်းဖြစ်ပါတယ်။ လောလောလတ်လတ် အိမ်ထောင်ကွဲထားသူမို့ သူ့စိတ်ထဲမှာ မွန်းကြပ်မှုတွေ၊ ရင်ထဲမှာ ခံစားချက်တွေပြည့်နှက်နေမယ် ဆိုတာ နားလည်ပေးရင်း ကျွန်မအတွေးထဲမှာလဲ ယောက်ယက်ခတ်လာပါတယ်။ ဟုတ်ပါရဲ့။ ကျွန်မမှာ လူမျိုးပေါင်းစုံထဲက အရမ်းရင်းနှီးတဲ့ သူငယ်ချင်း ရှစ်ယောက်ခန့်ရှိပါတယ်။ မြန်မာတွေရော၊ နိုင်ငံခြားသားတွေရောပါ။ ဘာလို့လဲမသိ၊ အကြောင်းတိုက်ဆိုင်လို့ပဲ ထင်ပါရဲ့။ နှစ်ယောက်ကလွဲရင် အားလုံးတခုလပ်တွေချည်းပါ။ တခုလပ်တွေကို ရှာကြံသူငယ်ချင်းဖွဲ့ထားတာမဟုတ်ပါ။ တွေ့စကတည်းက အိမ်ထောင်ရှိပြီးသူတွေ၊ အတူနေပါတနာရှိပြီးသူတွေ၊ တချို့ကျတော့လဲ ကိုယ့်မျက်စိရှေ့မှာတင်အိမ်ထောင်ကျတာပါ။ အဲ- အခုတနှစ်၊ နှစ်နှစ်တွင်းမှာတော့ ကျွန်မကိုယ်တိုင်လဲ အိမ်ထောင်ကွဲဖြစ်ခဲ့သလို၊ သူတို့တွေလဲ ရှေ့ဆင့်နောက်ဆင့်တွေချည်းပဲ။ ပါတနာနဲ့နေသူတွေလဲ လမ်းခွဲပြီးဖြစ်ကုန်ကြပါတယ်။ တယောက်ကဆို တခုလပ်အသင်းဖွဲ့ရအောင်လို့တောင် လာနောက်နေလေရဲ့။

ရင်းနှီးသူတွေမို့ ခံစားချက်တွေကို ရင်ဖွင့်ပြောဆိုဖြစ်ကြပါတယ်။ ဘ၀ရဲ့ ဒီလိုအချိန်လေးတွေမှာ သူငယ်ချင်းကောင်းတွေဘေးမှာ ရှိနေသင့်တယ်ဆိုတာ အားလုံးလက်ခံမိကြတာမို့ တယောက်ကိုတယောက်မျှဝေခံစားကြရင်း အတော်ကို ရင်းနှီးရတဲ့ လူတွေပါ။ ဒါပေမယ့် အားလုံးဆီကနေ ကြားရတဲ့ဇာတ်လမ်းတွေက လူမျိုးတွေ၊ အသက်အရွယ်တွေ၊ ပြောဆိုတဲ့စကားတွေသာကွာမယ်။ တူနေတာတွေက အများကြီး ဖြစ်နေပါတယ်။ အတူညီဆုံးတွေကတော့ ယောက်ျားများရဲ့ အတ္တကြီးမှု၊ တကိုယ်ကောင်းဆန်မှု၊ လွှမ်းမိုးလိုမှု၊ သ၀န်ကြောင်မှု၊ မိန်းမရာထူးနှင့် ဘ၀သူတို့ထက်ပိုမြင့်သွားမည်ကို မလိုလားမှု စတာတွေပါ။ ကိုယ်ကမြန်မာအမျိုးသားနဲ့ဆုံတွေ့ခဲ့တာမို့ မြန်မာမို့ဒီစိတ်တွေရှိတာထင်ရဲ့လို့ တွေးခဲ့မိတာ။ သူတို့ဇာတ်လမ်းတွေကြားရတော့မှပဲ ယောက်ျားအများစုက ဒီလိုပါပဲဆိုတာ သိလာရပါတော့တယ်။

အခုသူငယ်ချင်းဆိုရင် တက္ကသိုလ်တက်စဉ်တလျှောက်လုံး (၄) နှစ်လောက်ကို အတူနေပြီးမှ သဘောတွေ့လို့ လက်ထပ်ခဲ့ကြတာပါ။ တခုပဲကွာပါတယ်။ အလုပ်ကိုယ်စီရပြီးတဲ့နောက် အမျိုးသားက အလုပ်ပဲလုပ်ပြီး၊ သူ့ပညာတိုးတက်ရေး၊ ရာထူးတိုးတက်ရေးအတွက် ထပ်မလုပ်ပါဘူး။ သူငယ်ချင်းကတော့ အလုပ်တဘက်နဲ့မဟာဘွဲ့ကို အချိန်ပိုင်းထပ်တက်ပါတယ်။ ပြီးသွားတော့ Fellowship စာမေးပွဲအဆင့်ဆင့်ကို ဆက်ဖြေပါတယ်။ (၄)နှစ်ကြာချိန်မှာ ကျွန်မသူငယ်ချင်းရဲ့လစာက နှစ်ဆတက်နေပါပြီ။ သူ့လူကတော့အရင်အတိုင်းပါပဲ။ နောက်ဆုံးတော့ သူ့ယောက်ျားက စတိုးဆိုင်အရောင်းစာရေးမလေးနဲ့ ချစ်ကြိုက်ပြီး အိမ်ပေါ်က ဆင်းသွားပါလေရော။ ဒါက ဥပမာတခုပါ။ တခြားဇာတ်လမ်းတွေကလဲ ဒီလိုဆင်ဆင်တွေပါပဲ။ MBA တက်ဖို့ ပိုက်ဆံစုတာကို စုရကောင်းမလား၊ စာပဲလုပ်နေတယ်ဆိုပြီး တကျက်ကျက်နဲ့ ပညာရေးလမ်းလိုက်ပိတ်ရာက ကွဲခဲ့တဲ့ သူငယ်ချင်းလဲ ရှိပါရဲ့။ တကယ်တော့ ဒီဘွဲ့တက်ပြီးရင် ရှေ့က အတွေ့အကြုံတွေနဲ့ပေါင်းပြီး ရာထူးတက်လမ်းဘယ်လောက်များတယ်ဆိုတာ အမျိုးမျိုး ရှင်းပေမယ့် နားမ၀င်ပဲ ပြဿနာအမျိုးမျိုး အရှာခံခဲ့ရတာပါ။ ဘ၀ဆိုတာမှာ အိမ်ထောင်တခုရယ်ဖြစ်လာရင် ယောက်ျားက ၀င်ငွေများသည်ဖြစ်စေ၊ မိန်းမက ၀င်ငွေများသည်ဖြစ်စေ အရေးမကြီးဘူးဆိုတာ သဘောမပေါက်ကြတာအခက်သား။ မိန်းမက ပိုပြီး ပညာတတ်လို့၊ ရာထူးပိုကောင်းလို့၊ အိမ်ရဲ့တာဝန်ဦးဆောင်နေနိုင်ရင်လဲ ယောက်ျားဖြစ်သူက ဒူးနေရာဒူး၊ တော်နေရာတော်သိပေါ့ရှင်။ ကလေးထိန်း၊ အိမ်မှုကိစ္စလုပ်ပြီး မိန်းမကို ကူညီရုံပေါ့။ ပါရမီဖြည့်ဘက်ဆိုတာ ဒါကို ပြောတာပဲဥစ္စာ။ အခုများမှာတော့ ယောက်ျားမာန၊ ယောက်ျားသိက္ခာဆိုပြီး၊ သုံးလို့မရတဲ့ စကားလုံးတွေနဲ့ ပါဝါပြနေကြပါရော။ တကယ်ကို စိတ်ပျက်ဖို့ကောင်းပါရဲ့။

ကျွန်မအမျိုးသားဟောင်းက ပြောဖူးတယ်။ “အိမ်ထောင်ကျပြီးပြီမို့ ပညာရေးဆက်မလုပ်နဲ့တော့၊ ရတဲ့အလုပ်တခုကိုပဲလုပ်တော့တဲ့။” ကျွန်မက “ကိုယ့်ပိုက်ဆံနဲ့ကို ကျောင်းဆက်တက်မှာပါ။ မဟာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေပြီးရင်လဲ Fellowship တွေ၊ Membership တွေအတွက် စာမေးပွဲတွေဆက်ဖြေဦးမှာ၊ အလုပ်ထဲမှာ အမှုဆောင်အရာရှိဖြစ်တဲ့အထိ ကြိုးစားပြီး၊ အမှုဆောင်စီမံခန့်ခွဲရေးသင်တန်းတွေလဲ ထပ်တက်ရဦးမှာတွေ ပြန်ပြောဖြစ်တော့ “ ကိုယ်မှားသွားပြီ၊ မြန်မာပြည်ပြန်ပြီး၊ ပညာသိပ်မတတ်တဲ့မိန်းမတယောက်ကို ယူခဲ့ဖို့ကောင်းတာ” လို့ပြန်ပြောလေရဲ့။ ဘာလို့လဲမေးတော့ ပညာတတ်မိန်းမတွေက ယောက်ျားကို ရိုသေရမှန်းမသိဘူး ဆိုပဲ။ အတော်ရယ်ရတဲ့ ပြက်လုံးတခုလိုပဲ ကျွန်မအားရပါးရ ဟားခဲ့ဖူးပါရဲ့။ သြော်- ယောက်ျားတွေ၊ ယောက်ျားတွေ။ အဲလိုအခြေအနေမျိုးကြုံဖူးခဲ့တာမို့ ငါတော့ ဦးနှောက်အဆင့်အတန်း ခေတ်မမီတော့တဲ့ ရှေးရိုးမြန်မာယောက်ျားနဲ့ တွေ့ရပါကရောလို့ နောင်တရခဲ့မိတဲ့ ကျွန်မ။ အခုတော့ တခြားလူမျိုး ယောက်ျားတွေလဲ ဒီအတိုင်းပဲဆိုတာ သိရပြန်ပါကရော။ သူငယ်ချင်းတယောက်ကတော့ ပြောဖူးလေရဲ့။ ”ငါတို့လူမျိုးတွေလဲ ဦးနှောက်အဆင့်အတန်းနဲနဲ ခေတ်မီလာပြီ၊ မိန်းမတွေရဲ့ အရည်အချင်းကို အသိအမှတ်ပြုလာပြီဆိုပြီး အထင်မကြီးနဲ့ဟ။ သူတို့က မတတ်သာတော့လို့ အရှုံးပေးပြီး လက်ပိုက်ကြည့်နေရတာ။ ဒါတောင်ကျန်သေးတာပဲ။ လုပ်ငန်းကြီးတွေက အမျိုးသမီး ဘဏ္ဍာရေးမန်နေဂျာတွေ၊ အုပ်ချုပ်ရေးအရာရှိတွေ၊ တက္ကသိုလ် ပရော်ဖက်ဆာထဲမှာ အားလုံးမဟုတ်ပေမယ့် တ၀က်ကျော်ကျော်က အိမ်ထောင်မပြုသူတွေ၊ အိမ်ထောင်ကွဲသူတွေ ဖြစ်နေတယ်။ မယုံရင် သုတေသနပြုထားတာတွေရှိတယ်။ ဖတ်ကြည့်တဲ့“ ကဲ- ကောင်းကြသေးရဲ့လား။

”ဘာစဉ်းစားနေတာလဲ။ ငါမေးတာဖြေဦးလေ” တဲ့၊ သူငယ်ချင်းက ကျွန်မကို ပြောတယ်။ ကျွန်မပြန်မေးမိတယ်။ “နင့်ယောက်ျားကို နင်အထင်ကြီးလား” လို့။ သူက ရီပြီး ခေါင်းခါတယ်။ ”သူချစ်ပဲချစ်တာ။ ဘာလို့အထင်ကြီးရမှာလဲ” တဲ့။ အနည်းဆုံးဘွဲ့တဘွဲ့၊မဟာဘွဲ့တခုနဲ့ Fellowship တခုရထားပြီး၊ လုပ်ငန်းခွင်ထဲမှာ အောင်မြင်မှုအသင့်အတင့်ရနေတဲ့၊ ရှေ့ဆက်ပြီးလဲ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်နေကြတဲ့ ကျွန်မသူငယ်ချင်း အိမ်ထောင်ကွဲသူ၊ ပါတနာကွဲသူများအားလုံးကို မျက်စိထဲ ပြန်မြင်မိနေရင်း ကျွန်မပြောမိတယ်၊

“ယောက်ျားတွေက သူတို့ယောက်ျားဖြစ်နေရတာကိုလဲ အထင်ကြီးစရာလို့ သတ်မှတ်နေကြတာ။ ငါတို့နာမည်နောက်တွေမှာ ဘွဲ့တွေတခုပြီးတခုတိုးလာတာနဲ့အမျှ၊ ရာထူးတွေတဆင့်ပြီးတဆင့်တက်လာတာနဲ့အမျှ ငါတို့ပတ်ဝန်းကျင်မှာ ယောက်ျားတွေ နည်းနည်းလာလိမ့်မယ်။ ရောက်လာရင်လဲ မေတ္တာစစ်နဲ့လူနည်းလာလိမ့်မယ်။ နင်စောင့်ကြည့်”လို့ ပြန်ပြောမိတယ်။ သူနားလည်စွာ ခေါင်းညိတ်တယ်။ ပြီးတော့ပြောတယ်။ ”သေချာပြန်စဉ်းစားကြည့်တော့လဲ သူတို့တွေက ငါတို့ဘ၀ရဲ့ အစိတ်အပိုင်းလေးတွေပါ၊ သူတို့ဘယ်ရောက်ရောက်အရေးမကြီးပါဘူး။ ငါတို့ဘ၀မှာ တက်လမ်းတွေရှိသေးတာပဲ။ သူတို့ရှိနေရင် တက်လမ်းတောင်ပိတ် သေးတယ်” တဲ့။

ကျွန်မအားရပါးရ ခေါင်းညိတ်ထောက်ခံလိုက်မိတယ်။

ခင်မမမျိုး (၁၆၊ ၄၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

Deeply condolence

Wednesday, April 9, 2008



အပြည့်အစုံဖတ်ချင်ရင်..>>>

People & Revolution

Saturday, April 5, 2008

လူထုနှင့်တော်လှန်ရေး

စနစ်တခုမှစနစ်တခုသို့ပြောင်းလဲသည့် မည်သည့်တော်လှန်ရေး၌မဆို အခရာသည် လူထုသာပင်ဖြစ်သည်။ လူထုနှင့် တော်လှန်ရေးသည် တသားတည်းရှိနေရမည်ဖြစ်ပြီး၊ တော်လှန်ရေးခေါင်းဆောင်များကျင့်သုံးရမည့် အရေးကြီးဆုံးအချက်မှာ လူထု၏ လိုအပ်ချက်၊တောင်းဆိုချက်နှင့် တော်လှန်ရေးအရှိန်တို့ ဟန်ချက်ညီမှုရှိစေရန် ဆောင်ရွက်တတ်ခြင်း ဖြစ်ပါသည်။

တခါက နိုင်ငံရေးနှင့် ဒဿနိကဗေဒ ပညာရှင်ကြီးဖြစ်သူ ကွန်ဖြူးရှပ်အား အောင်မြင်သောစစ်ပွဲတခုတွင် လိုအပ်သည့်အခြေအနေများကားအဘယ်နည်းဟု မေးမြန်းခဲ့ကြရာတွင် လူထုထောက်ခံမှု၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာ ဟူ၍ ပြန်လည်ဖြေကြားခဲ့ကြောင်း၊ ထို (၃) မျိုးထဲမှ တခုအားဖယ်ရှားခိုင်းရာ လက်နက်ဟုဆို၍၊ နောက်တခုအားထပ်မံဖယ်ရှားခိုင်းရာ စားနပ်ရိက္ခာ ဟုဆိုခဲ့ကြောင်း လေ့လာမှတ်သားဖူးပါသည်၊ ဤသည်ကို ကြည့်ခြင်းဖြင့် လူထုသည် တော်လှန်ရေးတရပ်၏ အရေးပါသော ပြောင်းလဲမှုကို ဖြစ်စေမည့် အဓိကအင်အားဖြစ်ကြောင်း သိသာလှပါသည်။

မြန်မာပြည်မှ သန်းပေါင်းများစွာသော ပြည်သူလူထုသည် စစ်အာဏာရှင်စနစ်ဆိုး၏ ဖိနှိပ်မှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေကြရပါသည်။ ပြည်သူအများစုမှာ ဆင်းရဲနွမ်းပါးမှု၊ ငတ်ပြတ်မှု၊ ကလေးသူငယ်များအာဟာရချို့တဲ့မှု၊ ဖွားသေနှုန်းမြင့်မားမှု၊ ငါးနှစ်အောက်ကလေးငယ်များ သေဆုံးနှုန်းမြင့်မားမှု၊ လူ့သက်တမ်းတိုမှု၊ ကူးစက်တတ်သော ရောဂါများဖြစ်ပွားနှုန်းမြင့်မားမှု၊ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး ၀န်ဆောင်မှုများ မရှိမှု၊ လျှပ်စစ်မီးပြတ်တောက်မှု၊ သန့်ရှင်းသောရေမရရှိမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ ၀င်ငွေနည်းပါးမှုစသည့် ဖွံ့ဖြိုးမှု နောက်ကျ နှောင့်နှေးခြင်း ဆိုင်ရာ ပြဿနာမျိုးစုံကို ခါးစည်းကာ ခံနေကြရပါသည်။ ထိုမျှမကသေးပဲ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ အလုပ်သမားအခွင့်အရေးခံစားခွင့် မရှိမှု၊ ကလေးစစ်သားများအဖြစ် သွတ်သွင်းခံရမှု၊ စာနယ်ဇင်းလွတ်လပ်ခွင့်မရှိမှု ဆိုသည့် စနစ်ပိုင်း ဆိုင်ရာ အခွင့်အရေးဆုံးရှုံးမှုများကိုလည်း ကြုံတွေ့နေကြရပါသည်။ ထို့အပြင် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု၊ လူကုန်ကူးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်သုဉ်းမှု၊ ပြည့်တန်ဆာအဖြစ်သွပ်သွင်းခံရမှု၊ လောင်းကစားယဉ်ကျေးမှု ထွန်းကားမှု၊ လာဘ်ပေးလာဘ်ယူမှု စသည့် အုပ်ချုပ်ရေးစနစ် အားနည်းခြင်းကြောင့် ဖြစ်သော နောက်ဆက်တွဲအခြေအနေများကို လည်း နေ့စဉ် လူနေမှုဘ၀တွင် ကြုံတွေ့နေကြရပါသည်။

ယင်းသို့သော အခြေအနေမျိုးတွင် ပြည်သူလူထု၏ နှလုံးသားအတွင်း၌ ဒီမိုကရေစီစနစ်ကို လိုလားတောင့်တလာကြပါသည်။ လူထု၏ တော်လှန်ရေးရေချိန်ကို နားလည်သော နအဖကလည်း ဒီမိုကရေစီဆိုသော စကားလုံးကို ထည်လဲသုံး၍ အတုအယောင် ဒီမိုကရေစီကို အစားထိုးပေးရန် ခြေလှမ်းပြင်ပါတော့သည်။ ဒီမိုကရေစီလမ်းပြမြေပုံကြီးထွက်လာပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကြီးကို အပြီးသတ်ပါသည်။ လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲပြုလုပ်မည့် အချိန်ကာလကို ကြေငြာပါသည်။ တပြိုင်တည်း ကြေငြာခြင်းဖြင့် ဦးတည်တိုက်ခိုက်လာနိုင်သည့်အားကို နှစ်ခြမ်းခွဲထုတ်လိုက်ခြင်း၊ လူထုတိုက်ပွဲလမ်းကြောင်းမှ သွေဖည်သွားခြင်းတို့ ဖြစ်စေရန် မြားတစင်းနှင့် ငှက်နှစ်ကောင် ပစ်ချလိုက်သကဲ့သို့ပင်ဖြစ်သွားပါသည်။ ထို့အပြင် ဥပဒေမူကြမ်းကို ထောက်ခံမှသာ ရွေးကောက်ပွဲကျင်းပ၍ ရသည် ဖြစ်ပါလျက် တပြိုင်နက်တည်း ကျင်းပမည် ကြေငြာခြင်းမှာ တနည်းဆိုလျှင် မူကြမ်းကို အတည်ဖြစ်သွားစေရန် မဖြစ်ဖြစ်အောင် ပြုလုပ်မည်ဆိုသည့် သဘောပါနေပြီး ဖြစ်ပါသည်။ “ No Vote” နှင့် “Vote No” ကိစ္စ ဤနေရာတွင် အကျယ်မချဲ့လိုတော့ပါ။ ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ကတော့ ယခုအချိန်တွင် ကန့်ကွက်မဲပေးရန်နည်းလမ်းတခုသာ ကျန်ပါသည်။ သို့ပေမယ့် ထိုတနည်းကိုသာလျှင် အနိုင်ဖဲသတ်မှတ်လျှင်တော့ မှားပါသည်။ အနိုင်ဖဲမဟုတ်နိုင်ပါ။ သို့ရာတွင် ပြည်သူလူထု၏ အာဏာရှင်စနစ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်သည့် အရှိန်ယူပွဲ ဖြစ်ပါသည်။ အာဏာရှင်တို့ ကလိန်ကကျစ်နည်းဖြင့် မူကြမ်းကို အတည်ပြုသွားလျှင်လည်း တိုက်ပွဲကား ပြီးသေးသည် မဟုတ်ပါ။

ဆန္ဒခံယူပွဲပြီးလျှင်ဘာလုပ်ကြမည်နည်း။ နောက်ဆုံး ရွေးကောက်ပွဲပြီးလျှင်ကော ဘာဆက်လုပ်မည်နည်း။ ထိုမေးခွန်းများကသာ အရေးကြီးပါသည်။ ကလိန်ကကျစ် ဖွဲ့စည်းပုံမူကြမ်းနှင့် လိမ်လည်လှည့်ဖျားသော ရွေးကောက်ပွဲတို့မှ ပေါ်ပေါက်လာမည့် ရုပ်သေးအစိုးရသစ်သည် ဖက်ဆစ်တို့၏ ရွှေရည်စိမ်လွတ်လပ်ရေးကာလက ရုပ်သေးအစိုးရနှယ်ပင် ပြည်သူလူထုအတွက် မည်သို့မျှ အကျိုးရှိစေမည် မဟုတ်ပါ။ လူထုကြီး အ၀ီစိငရဲတွင်းထဲမှ လှမ်းတက်နိုင်မည့် အခြေအနေများကို ဖန်တီးပေးနိုင်မည် မဟုတ်ပါ။

ထိုငရဲတွင်းထဲမှ ပြည်သူလူထုအား ကူညီနိုင်ရန် ကျွန်ုပ်တို့ ဘာလုပ်ကြမည်နည်း။ ဒီမိုကရေစီတော်လှန်ရေးအား ဆက်လက်ဆောင်ရွက်ရင်း၊ လူထု၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ၀ိုင်းဝန်းဖြည့်ဆည်းရန် လိုအပ်လှပါသည်။ ဖွံ့ဖြိုးရေးဆိုင်ရာစီးပွားရေးပညာရှင် စီးယားဆိုသူက လူသားလိုအပ်ချက် ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး ( Human-needs centred development ) ရှိလာနိုင်စေရန် လိုအပ်သော အခြေအနေ (၉)ချက်ကို ထောက်ပြခဲ့ပါသည်။ ယင်းတို့မှာ-

(၁) ပစ္စည်းဥစ္စာဆင်းရဲနွမ်းပါးမှု လျှော့ချရေး

(၂) အလုပ်လက်မဲ့ဦးရေ လျှော့ချရေး

(၃) ညီမျှမှု ဖြစ်ပေါ်လာစေရေး

(၄) နိုင်ငံရေးဆိုင်ရာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး

(၅) စစ်မှန်သော နိုင်ငံတော်လွတ်လပ်ရေး

(၆) စာတတ်မြောက်မှုနှုန်းကောင်းမွန်ရေးနှင့် ပညာရည်မြင့်မားရေး

(၇) အမျိုးသမီးများတန်းတူအခွင့်အရေးရရှိရေး

(၈) အနာဂတ်လိုအပ်ချက်များကို ပြည့်မီနိုင်သော sustainable စွမ်းရည်ရှိခြင်း နှင့်

(၉) လူတဦးချင်း လုံခြုံရေး စသည်တို့ဖြစ်ကြသည်။

အဆိုပါအချက်များအား ပြည်တွင်းနိုင်ငံရေးသမားများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ပြည်ပအတိုက်အခံများမှ တတ်နိုင်သည့် အခန်းကဏ္ဍအလျောက်ပါဝင်ဆောင်ရွက်ခြင်းဖြင့် လူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပါသည်။ နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများအနေဖြင့်လည်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်များ ရေးဆွဲ၍ လိုအပ်သောအကူအညီများ ပေးသင့်ပါသည်။ တော်လှန်ရေးဦးဆောင်မှု၏ လိုအပ်ချက် (၇)ချက်တွင် grassroots infrastructure မှာ ပထမဆုံးဖြစ်ပြီး၊ international connections မှာ နောက်ဆုံးအချက်ဖြစ်ကြောင်း ဦးဆောင်နေသူများ သတိပြုသင့်ပါသည်။ ပထမဆုံးလိုအပ်ချက်၏ အရေးကြီးဆုံးမှာလည်း လူထုပေါ်တွင်သာ အခြေခံသဖြင့် social analysis ကိုပထမဆုံး ပြုလုပ်ရန် တော်လှန်ရေးကျမ်းဂန်များက အဆိုပြုထားကြသည်ဖြစ်ရာ၊ ပရိုပိုဆာနှင့် စတိတ်မင့် နိုင်ငံရေးများပေါ်တွင် အားစိုက်နေမှုအား လျှော့ချသင့်ပါသည်။

ချုပ်၍ဆိုရသော် လူထုနှင့် တော်လှန်ရေးသည် တသားတည်းရှိနေမှသာ တော်လှန်ရေးတရပ်သည် ဆုံးခန်းတိုင်အောင်နိုင်မှုကို ပေးမည်ဖြစ်ပါ၍ လူထုအတွက် နိုင်ငံရေး ပလက်ဖောင်းသည် လိုအပ်လှပါကြောင်း ရေးသားလိုက်ရပေသည်။

ခင်မမမျိုး (၄၊ ၄၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

To a friend (poem)

Friday, April 4, 2008

သူငယ်ချင်းသို့

သူငယ်ချင်းရေ-

အကယ်၍

မင်းရဲ့သားသမီးတွေ

စားစရာမရှိ

ဝတ်စရာမဲ့ဘ၀နဲ့

စစ်ကျွန်ဘဝ

ကျရောက်နေတာကို

မမြင်ချင်ဘူးဆိုရင်------။

အကယ်၍

မင်းရဲ့မိသားစုတွေ

ဆင်းရဲတွင်း

သံသရာမှာ

စုန်းစုန်းမြှုပ်ကာ

ယောက်ယက်ခတ်နေတာကို

မမြင်ချင်ဘူးဆိုရင်-----။

အကယ်၍

မင်းရဲ့အမိအဖတွေ

အိုကြီးအိုမဘ၀နဲ့

ဆေးဖိုးဝါးခမဲ့

ဒုက္ခပင်လယ်ဝေနေတာကို

မမြင်ချင်ဘူးဆိုရင်-----၊

အကယ်၍

မင်းရဲ့နှမငယ်တွေ

အသပြာအတွက်

ဘ၀တသက်ပေးရတာကို

မမြင်ချင်ဘူးဆိုရင်-------။

အကယ်၍

မင်းရဲ့ဆွေမျိုးသားချင်းတွေ

ကြုံရာကျပန်းဘ၀နဲ့

ညစာခက်နေရတာကို

မမြင်ချင်ဘူးဆိုရင်----၊

စစ်ဝါဒီတွေရဲ့

ဆန္ဒခံယူပွဲနဲ့

ရွေးကောက်ပွဲကို

ကန့်ကွက်မှ

ဖြစ်တော့မယ်

သူငယ်ချင်း။

ငါတို့ကလေးများရဲ့

အနာဂတ်အတွက်၊

ငါတို့မိသားစုတွေရဲ့

ရှေ့ခရီးအတွက်၊

ငါတို့နှမငယ်တွေရဲ့

ဘ၀ရေးအတွက်၊

ငါတို့မိဘတွေရဲ့

အိုဇာတာကောင်းဖို့အတွက်

ကန့်ကွက်ရေးလမ်းစဉ်ကို

ပြတ်ပြတ်သားသား

ရွေးလိုက်ကြစို့လား။

ခင်မမမျိုး (၅၊ ၄၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP