ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

news from burma (9)

Sunday, May 4, 2008

Saturday, May 3, 2008

ပြည်ပရောက်မြန်မာများသို့ အရေးပေါ်ပန်ကြားချက်

ယခုအခါ ကျွန်တော်တို့ မြန်မာနိုင်ငံနှင့် အဆက်အသွယ်ပြတ်တောက်လုနီးပါဖြစ်နေသော်လည်း မကြာမီ ပြန်လည်ဆက်သွယ်နိုင်လိမ့်မည် ဟုမျှော်လင့်ရပါသည်။ ကြားသိရသော သတင်းများအရ ရန်ကုန်မြို့ အပါအ၀င် ဧရာဝတီတိုင်းဒေသ အတော်များများ အလွန်အမင်း ပျက်စီးသွားကြောင်းသိရှိရပါသည်။ သို့ပါ၍ ပြည်ပရောက်မြန်မာများ အနေနှင့် မိမိတို့ တတ်နိုင်သည့် အလျှောက် မြန်မာနိုင်ငံအတွင်းရှိ ဒုက္ခသည်များကို ကူညီကြပါရန်ပန်ကြားအပ်ပါသည်။

ICRC, နာရေးကူညီမှုအသင်း အစရှိသော ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများကို ဆက်သွယ်၍ မိမိတို့ တတ်စွမ်းသလောက် လှူဒါန်းကြရန် တိုက်တွန်းလိုက်ရပါသည်။ မကြာမီရက်များအတွင်း စင်ကာပူရောက် မြန်မာများ စုစည်း၍ ကယ်ဆယ်ရေးအတွက် အစီအစဉ်တစ်ခု လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။


(www.myanmarhumanity.blogspot.com)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP