ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ဆုံးဖြတ်ပေးပါတော့ မေမေ

Thursday, August 11, 2011

အချိန်ကား -၂၁ ရာစုအ၀င်ကာလ၊ နေ့စွဲတခု။

နေရာကား – ရန်ကုန်မြို့။

နံနက် ခုနစ်ခွဲ။

“အစ်မကြီး၊ မမညွန့်။ လာကြပါဦး”

ဖွားညွန့်အခန်းထဲကနေ အော်ဟစ်လိုက်တဲ့ ဖွားထွေးရဲ့ စူးစူးဝါးဝါးအသံကြောင့် တခြားအခန်းမှာ စကားပြောနေတဲ့ ကျမတို့ သားအမိနှစ်ယောက် အပြေးအလွှား ထသွားကြပါတယ်။

ဖွားညွန့်ကို မြင်လိုက်ကတည်းက အခြေအနေကို ကျမ နားလည်လိုက်ပါပြီး။ မေမေက နားကြပ်နဲ့ နှလုံးခုန်သံကို နား ထောင်တယ်။ ခေါင်းခါတယ်။ ပြီးးတော့ မဟုတ်ဘူး၊ မဖြစ်ရဘူးဆိုပြီးး၊ သူ့သူငယ်ချင်း ဆရာဝန်တယောက်ကို ဖုန်းဆက် ခေါ်တယ်။

ဘယ်လောက်ပဲ အတွေ့အကြုံရှိတဲ့ ဆရာဝန်ပဲဖြစ်ဖြစ် ကိုယ့်သားသမီးကို ထိုးရမယ့် ဆေးထိုးအပ်ကိုင် လက်ဟာ အမြဲ တုန်နေတတ်သတဲ့။ ကိုယ့်မိဘ၊ ဆွေမျိုးသားချင်းရဲ့ နှလုံးခုန်သံရပ်သွားတာကို အတည်မပြုရဲဘူးတဲ့။ အဲဒီ့စကားတွေဟာ မေမေနဲ့ တထပ်တည်းဖြစ်နေတယ်။ မေမေ သိနေပေမယ့် လက်မခံနိုင်ဘူး ဖြစ်နေတယ်။

အဲဒီအချိန်မှာ ကျမကတော့ ကျမသိပ်ချစ်ရတဲ့ အဖွားနှစ်ယောက်ကြားမှာ ရောက်နေတယ်။ အဖွားရဲ့ အစ်မနဲ့ ညီမ နှစ် ယောက်ဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ သိပ်ချစ်ကြသူတွေ။ သူတို့ညီအစ်မ သုံးယောက်လုံးက ငယ်ငယ်ကတည်းက စား အတူ၊ သွားအတူ။ ဘယ်လောက်တောင် ချစ်ကြသလဲဆိုရင် ဖွားညွန့်က အိမ်ထောင်ကျချိန်မှာ အိမ်ထောင်ဘက်က တ ခြားမြို့ပြောင်းရမယ်ဆိုတော့ ညီမ နှစ်ယောက်ကို မခွဲနိုင်လို့ အိမ်ထောင်အကွဲခံလိုက်သတဲ့လေ။ အဖွားအိမ်ထောင်ကျပြီး နောက်တမြို့ ပြောင်းတော့လဲ မခွဲနိုင်တဲ့ အစ်မနဲ့ညီမက မြို့ပါ လိုက်ပြောင်းကြသတဲ့။ ဒီလိုနဲ့ ကျမအဖွား ဆုံးတော့ သူ တို့နှစ်ယောက်တည်း ကျန်ခဲ့တာဆိုပြီး စားအတူ၊ သွားအတူ။ တယောက်ကို တယောက် မျက်စိအောက်က အပျောက်မ ခံခဲ့ကြဘူး။ အမေ့ကို စောင့်ရှောက်ပြီးး၊ အမေကမွေးလာတဲ့ ကလေးတွေကို သိပ်ချစ်ခဲ့ကြပါရော။

အခုတော့ ဒီညီအစ်မ နှစ်ယောက်မှာ တယောက်ရဲ့ နှလုံးခုန်သံက ရပ်သွားခဲ့ပြီး။ ဘယ်လိုပဲ ၀မ်းနည်းပူဆွေးရပေမယ့် သေသူနဲ့ ရှင်သူမှာ ရှင်သူကို ဂရုစိုက်ရမှာမို့ ဖွားထွေးကို ဖွားညွန့်အနီးကနေ တခြားအခန်းကို ကျမဆွဲခေါ်လာခဲ့တယ်။ မြေးအဖွား အတူဖက်ပြီးး ငိုကြွေးကြ၊ ဖြေသိမ့်ကြနဲ့ပေါ့။ ကျမက ဖွားထွေးကို ဂရုစိုက်ဖို့ပဲ သတိရမိချိန်မှာ သတိမထား လိုက်မိတာက မေမေ့ကိုပါ။ မေမေ့မိတ်ဆွေ ဆရာဝန် ပြန်ထွက်သွားချိန်မှာ တအိမ်လုံး တိတ်ဆိတ်လို့။

နံနက် ရှစ်နာရီ၊ မိနစ်ငါးဆယ်

ဖွားထွေးကို ဧည့်ခန်းထဲမှာ ခဏထားခဲ့ပြီးး၊ ဖွားညွန့်အခန်းထဲ ပြန်ဝင်သွားချိန်မှာ ဖွားညွန့်ရဲ့ ရုပ်ခန္ဓာကို ကြည့်ရင်း၊ ဖွား ညွန့် လက်ချောင်းလေးတွေကို ကိုင်ရင်း မေမေ ငိုင်နေတယ်။ မျက်ရည်တွေလဲ ကျနေတယ်။

“မေမေ၊ သမီးတို့ ဘာလုပ်ကြမလဲ”

“အန်တီညွန့်က တောင်ကြီးမှာပဲ ခေါင်းချမယ်ပြောတာ။ ရန်ကုန်ကို မေမေ ခေါ်လာခဲ့မိတာ”

“မေမေ ဘာလုပ်ချင်လဲ။ တောင်ကြီးကို ပြန်ကြမလား”

“မဖြစ်သေးပါဘူး”

“ဖြစ်ပါတယ်မေမေ။ မေမေက ဆရာဝန်ပဲ။ ဆေးရုံကား ငှားသွားမယ်လေ”

“ရွာတွေ၊ မြို့တွေ အများကြီးကို ဖြတ်သွားရမှာ။ လူ့လောက ထုံးတမ်းတွေနဲ့လဲ မကိုက်ညီဘူး။ ဥပဒေကြောင်းအရလဲ မ လုပ်သင့်ဘူး”

“ဒါဆို ဒီမှာပဲ သဂြုင်္ိလ်မလား”

“သူတို့ညီအစ်မတွေက သိပ်ချစ်ကြတာ။ သူ့ညီမ ခေါင်းချတဲ့ နေရာမှာပဲ ခေါင်းချချင်တယ် ဆိုတာကို မေမေ ခေါ်ခဲ့မိတာ။ မေမေ့ကြောင့် ဖြစ်ရတာ”

မေမေက ယူကြုံးမရ ငိုနေတာရော၊ ကျမကိုယ်တိုင်ကလဲ ဆောက်တည်ရာ မရသေးတာကြောင့် အခန်းထဲက ထွက်လာ ခဲ့ပါတယ်။

နံနက် (၁၀) နာရီ

“မေမေ ဘာလုပ်ချင်လဲ။ အချိန်တွေ သိပ်ကြာလို့ မကောင်းဘူးမေမေ။ တခုခုကိုတော့ သမီးတို့ လုပ်ကြမှ ဖြစ်တော့မယ်”

“ဒီမှာ သဂြုင်္ိလ်လိုက်ရင်၊ အင်း- မဖြစ်သေးပါဘူး။ တောင်ကြီး ပြန်ခေါ်သွားရင်။ ဒါလဲ မဖြစ်သေးပါဘူး။ အန်တီထွေးက ခရီးပမ်းသွားလိမ့်မယ်”

“အပြင်ကို ခဏထွက်ခဲ့ပါလားမေမေ။ သမီးတို့ စကားပြောရအောင်နော်”

မေမေက ဖွားညွန့်ရဲ့ ရုပ်အလောင်းကို ကြည့်လိုက်၊ ကျမဘက်ပြောလိုက် ဖြစ်နေတာကြောင့် မေမေ့ကို အပြင်ခေါ်ခဲ့ရ ပါတယ်။ ဖွားထွေးနဲ့ မေမေ တယောက်ကို တယောက်ကြည့်ပြီးး ငိုကြပြန်တာကြောင့် ဖွားထွေးကို အိပ်ခန်းထဲ ပို့လိုက်ရ ပါတယ်။

နံနက် (၁၀) နာရီခွဲ

“သုံးနာရီ ရှိသွားပြီး မေမေ။ သမီးတို့ တခုခုကို ဆုံးဖြတ်ရတော့မယ်။ ရုပ်အလောင်းကို ဒီအတိုင်းထားပြီးး နာကျင်ကြေကွဲ နေလို့ မဖြစ်နိုင်ဘူးဆိုတာ မေမေ သိပါတယ်။ တစထက်တစ အချိန်ကြာလာတာနဲ့အမျှ ရုပ်ခန္ဓာ ပျက်ယွင်းလာတော့ မှာလေ”

“ဒီမှာ သဂြုင်္ိလ်လိုက်မလား။ အို- မဖြစ်သေးပါဘူး။ တောင်ကြီးပြန်ခေါ်သွားရအောင်”

“သေချာပြီးလား မေမေ။ ဒါဆို သမီး စီစဉ်လိုက်တော့မယ်နော်”

“မလုပ်နဲ့၊ မဖြစ်ဘူး။ ရန်ကုန်နဲ့ တောင်ကြီးဆိုတာ အဝေးကြီး။ မြို့တွေ၊ ရွာတွေ အများကြီးကို ဖြတ်ရမှာ”

“ဒါဆို ဒီမှာပဲ သဂြိုလ်လိုက်မလား။ အသိမိတ်ဆွေတွေကို အကြောင်းကြားလိုက်တော့မယ်နော်”

“မေမေ့ကြောင့်ဖြစ်ရတာ။ မေမေခေါ်ခဲ့မိလို့။ အန်တီညွှန့်က တောင်ကြီးမှာပဲ ခေါင်းချချင်တာ”

“မေမေ။ သမီးပြောတာကို ခဏနားထောင်ပေးပါနော်။ ဒီအိမ်မှာ မေမေက အိမ်ထောင်ဦးစီးပါ။ ဒီအတိုင်းကြီးပဲ ဝေခွဲမရ ဖြစ်နေပြီး၊ ဒွိဟဖြစ်စေမယ့် စကားတွေကို ပြောနေလို့ မရဘူးလေ။ တခုခုကိုတော့ မေမေ ရွေးချယ်ရတော့မယ်။ တောင် ကြီးကို ပြန်မလား။ ဒါဆိုရင် ဆေးရုံကားတစီးငှားရမယ်၊ မေမေရဲ့ ဆရာဝန်သိက္ခာကို ရင်းရမယ်၊ မြို့တွေရွာတွေ ဖြတ်ရင်း အခက်အခဲတွေ့လာတာတွေမှာ ရှင်းဖို့ ပိုက်ဆံတွေ လိုမယ်။ ဒီအတွက် အခုဘဏ်မှာ ငွေသွားထုတ်ရဦးမယ်။ ခရီးရှည် အတွက် လိုအပ်တာတွေ ပြင်ဆင်ရဦးမယ်။ အဲလိုမှ မဟုတ်ရင် ဒီမှာ သဂြုင်္ိလ်မလား။ အသိမိတ်ဆွေတွေဆီ အကြောင်း ကြားရမယ်။ အသုဘချဖို့ ကိစ္စ စီစဉ်ရမယ်။ သတင်းစာထဲ ထည့်ရမယ်။ လုပ်စရာတွေ အများကြီးပဲ မေမေ။ ဒါပေမယ့် လုပ်ရမှာတွေ၊ ပြင်ဆင်ရမှာတွေက မတူဘူးလေ။ အဲဒီအခြေအနေနှစ်ခုမှာ ဒွိဟစကားတွေ မေမေ ပြောနေလို့ မရတော့ ဘူး။ ဒီအတိုင်းကြီးပဲ အကြာကြီး နေနေလို့ မရတော့ဘူးဆိုတာ မေမေ သိပါတယ်။ ဆုံးဖြတ်ပေးပါတော့ မေမေ”

ခင်မမမျိုး (၁၀၊ ၈၊ ၂၀၁၁)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP