ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း - ၄)

Saturday, July 30, 2011

Political Liberalization အတွေးအခေါ်

Political Liberalization ဆိုသည်မှာ အာဏာရှင်တို့ဘက်မှ civil liberties များ ဖန်တီးပေးခြင်းနှင့် ဖိနှိပ်မှုများ လျှော့ချခြင်း (ease of repression) လုပ်ခြင်းများကို ဆိုလိုပါသည်။ အဆိုပါ အတွေးအခေါ်အား အာဏာရှင်တို့ဘက်က ကျင့်သုံးလာချိန်တွင် အာဏာရှင်ရွေးကောက်ပွဲ (authoritarian elections) များ ပေါ်ထွက်လာလေ့ရှိပါသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်၏ နောက်ဆုံးပန်းတိုင်ဖြစ်သော democratic consolidation ကို ဖော်ဆောင်ပေးနိုင်သည့် အတွေးအခေါ် တရပ်ဖြစ်သော်လည်း political liberalization နှင့် initial transition မှာ ကွဲပြားခြားနားပါသည်။ Initial transition ကို ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် (Democratization)၏ ကနဦးအစိတ်အပိုင်း အဖြစ်သတ်မှတ်ထားသော်လည်း political liberalization ကျင့်သုံးအကောင်အထည်ဖော်မှု ဖြစ်ရပ်တိုင်းအား ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၏ ကနဦးအစိတ်အပိုင်း အဖြစ် သတ်မှတ်ထားခြင်း မရှိပါ။

နိုင်ငံရေးပညာရှင်များက အဆိုပါ ကွဲပြားခြားနားမှုကို ရှင်းရှင်းလင်းလင်း မီးမောင်းထိုးပြလေ့ရှိကြပါသည်။ Holger နှင့် Schlumberger တို့က political liberalization နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်တို့မှာ နောက်ဆုံးရလဒ်အဖြေ (end result) ပေါ် မူတူ၍ ကွဲပြားကြောင်း ရေးသားခဲ့ကြပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ ဒီမိုကရေစီ စနစ် အမြစ်တွယ် ခိုင်မာရှင်သန်မှုရှိရန် ဦးတည်သည့် ရှင်းလင်းသော နောက်ဆုံးရလဒ် ရှိသော်လည်း၊ political liberalization မှာကား ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာရှင်သန်မှု (Democratic consolidation) သို့ ဦးတည်ခြင်းမရှိပဲ လမ်းတ၀က်တွင်ပင် အာဏာရှင်တို့ဘက်မှ liberalization ကို ရပ်ဆိုင်းကာ အာဏာပြန်သိမ်းပြီး၊ authoritarian စနစ်ကို အသက်ပြန်သွင်းခြင်းလည်း ဖြစ်နိုင်သည်။ တပိုင်းတစ ရပ်ဆိုင်းထားခြင်းများလဲ ဖြစ်နိုင်သည့်အတွက် တိကျသော end result ကို သတ်မှတ်၍ မရနိုင်ကြောင်း သုတေသနပြုချက်များအရ တွေ့ရှိခဲ့ကြပါသည်။

အပြည့်အစုံဖတ်ချင်ရင်..>>>

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း -၃)

Friday, July 29, 2011

Initial Transition အတွေးအခေါ် (သို့မဟုတ်) အာဏာရှင်စနစ်အားဖြိုချခြင်း (authoritarian breakdown) အတွေးအခေါ်

Initial transition ဖြစ်လာစေရန်အတွက် အရေးကြီးဆုံးမှာ ကြားဖြတ်အစိုးရပင်ဖြစ်လေသည်။ ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်၏ အဓိကသော့ချက်မှာ interim period တွင် မည်သူများက အုပ်ချုပ်၍ အာဏာကို မည်သို့ခွဲဝေသုံးစွဲမည်နည်းဆိုသည့် အချက်အပေါ်တွင် မူတည်သည်။ ထိုအချက်ကို သေချာစွာဖော်ထုတ်ပြီးမှသာ ဒီမိုကရေစီလှုပ်ရှားမှု လမ်းကြောင်းမှာ တည့်တည့် မတ်မတ်နှင့် ထိထိရောက်ရောက်ရှိသည်။

နှစ်ဆယ်ရာစုနှောင်းပိုင်း ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ်များအား လေ့လာ၍ ပညာရှင် Shain နှင့် Lintz ဆိုသူတို့က အဆိုပါပြောင်းလဲမှုဖြစ်စဉ်များတွင် ပါဝင်သော ကြားဖြတ်အစိုးရ ပုံစံလေးမျိုးကို ထုတ်ဖော် ခဲ့ကြသည်။

(၁) အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (Opposition-led interim government)

လူထုတိုက်ပွဲ ပုံစံဖြင့်ဖြစ်စေ၊ လက်နက်ကိုင် တော်လှန်ရေးအသွင်ဖြင့်ဖြစ်စေ အာဏာရှင် အစိုးရအား ဖြုတ်ချ တော်လှန်၍ ကြားဖြတ်အစိုးရအဖြစ်ကြေငြာကာ၊ ရွေးကောက်ပွဲ ကျင်းပခြင်းနည်းလမ်းဖြင့် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် အချိန်တိုအတွင်း ဖြစ်ပေါ်လာစေရန် ဦးဆောင်ဦးရွက်ပြုသည့် အစိုးရ တရပ် ဖြစ်သည်။

အာဏာရှင်အစိုးရ၏ ဥပဒေစိုးမိုးမှု၊ အာဏာသက်ရောက်မှုကို total rejections လုပ်ရမည်ဖြစ်၍ အသွင်ကူးစဉ်ကာလတွင် လူထုအပေါ်၌ တာဝန်ခံမှု ရှိရမည်။ တာဝန်ယူရမည်။ (၁၉၇၄)ခုနှစ်မှ (၁၉၇၆)ခုနှစ် ပေါ်တူဂီနိုင်ငံ ကနဦးဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်သည် ဤပုံစံမျိုးဖြစ်သည်။

အပြည့်အစုံဖတ်ချင်ရင်..>>>

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်း အကြောင်း တစေ့တစောင်း

(၂၀၀၀) ခုနှစ်နှောင်းပေါင်း ကာလတွေမှာ တိုင်းပြည်တွေရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ စီမံချက်တွေနဲ့ ပတ်သက်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်း (Poverty Reduction Strategy paper- PRSP) တွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းတွေဟာ ပြည်တွင်းမူဝါဒများနဲ့ ပြည်ပအကူအညီ ရယူမှုအတွက် လမ်းပြမြေပုံတွေ ဖြစ်လာပြီး၊ ရလဒ်အခြေပြု ကိန်းဂဏာန်းများ ပါဝင်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအင်စတီကျူးရှင်းများ (International Financial Institutions)၊ အလှူငွေထောက်ပံ့သူများ (Donors) တွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများထံက ချေးငွေများ၊ ထောက်ပံ့ကြေးများ ရယူရာမှာ လိုအပ်ချက်တရပ် ဖြစ်လာပါတယ်။

အပြည့်အစုံဖတ်ချင်ရင်..>>>

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း -၂)

Wednesday, July 27, 2011

ဒီမိုကရေစီ ပန်းတိုင်

ဂရိဘာသာဖြင့် demokratia ၊ အဓိပ္ပာယ်အားဖြင့် demos (people) kratos (rule) စသည့် စကားလုံးသည် ပြင်သစ်ဘာသာဖြင့် democratie သို့ ပြောင်းလဲ သွားခဲ့ပြီး၊ ဆယ့်ခြောက်ရာစုတွင် အင်္ဂလိပ်ဘာသာဖြင့် democracy ဟု ထပ်ဆင့် ပြောင်းလဲသွားပြီး နောက်ပိုင်းကာလတလျှောက် ဒီမိုကရေစီဆိုသော စကားလုံးသည် ကမ္ဘာ့လူ့အဖွဲ့အစည်းကြီးအတွင်းသို့ တစထက်တစ တိုးဝင်လာခဲ့လေသည်။ ဒီမိုကရေစီ ဟူသော အတွေးအခေါ်တွင် မူကွဲများ၊ များစွာ ရှိပါသည်။ classical democracy, developmental republicanism, protective republicanism, protective democracy, legal democracy, developmental democracy, liberal democracy, direct democracy, participatory democracy, cosmopolitan democracy, competitive elitist democracy, social democracy စသည်ဖြင့် ဒီမိုကရေစီ အမျိုးအစားများကလဲ ကွဲပြားခြားနားကြသည်။ ဒီမိုကရေစီနှင့် ပတ်သက်သည့် သမိုင်းကြောင်းများ၊ ဖြစ်ပေါ် တိုးတက်မှုအဆင့်များကလဲ ရှုပ်ထွေးနက်နဲလှသည်။

ဒီမိုကရေစီရေးရာ အတွေးအခေါ်များဖြင့် ကမ္ဘာတ၀ှမ်းတွင် ကြွေလွင့်သွားခဲ့သော အသက်များစွာ ရှိသကဲ့သို့ ရှင်သန်သွားခဲ့သော အသက်များစွာလဲ ရှိခဲ့သည်။ ပေးဆပ်ခဲ့ရသော ဘ၀များစွာ ရှိသကဲ့သို့ ထွန်းတောက်လာသော ဘ၀များစွာလဲ ရှိခဲ့သည်။ အဆိုပါ အတွေးအခေါ်များနှင့် ပတ်သက်၍ အမှန်၊ အမှားများကိုလဲ ယနေ့အချိန်ထိ ငြင်းခုန်နေကြဆဲ။ ငြင်းခုန်မှုများအကြားတွင် ယနေ့ခေတ်ကာလ၌ မှန်ကန်နေသော အချက်နှစ်ခုကတော့ ရှိသည်။ တခုကား ကမ္ဘာပေါ်ရှိ နိုင်ငံရေးအဆောက်အအုံ အများအပြားသည် မိမိတို့ကိုယ်ကို ဒီမိုကရေစီ အသွင်သဏ္ဍာန် တမျိုးမျိုး၏ အဆောက်အအုံတခုဟု သတ်မှတ်ပြောဆိုလေ့ ရှိကြပြီး၊ နိုင်ငံရေးသမားအများစုသည် မိမိတို့ကိုယ်ကို democrat ဟု သတ်မှတ်ထားကြခြင်းဖြစ်သည်။ အခြားတခုမှာကား မည်သို့သော အတွေးအခေါ် မူကွဲများဖြင့် တည်ဆောက်သည့် ဒီမိုကရေစနစ်ပင်ဖြစ်စေ၊ နေ့ချင်းညချင်း ပေါ်ထွက်လာသည် မဟုတ်ပဲ တည်ဆောက်မှု ဖြစ်စဉ်တရပ် ရှိနေခြင်းပင်ဖြစ်သည်။

အပြည့်အစုံဖတ်ချင်ရင်..>>>

V.I.P Protection လက်စွဲ



ခင်မမမျိုး

Foot Protection အကြောင်း သိကောင်းစရာ

အရေးပါပုဂ္ဂိုလ်များ၏ လုံခြုံရေးကို တာဝန်ယူသူများအနေဖြင့် Foot Protection ဆိုင်ရာ အခြေခံစည်းမျဉ်းများ၊ လုပ်နည်းလုပ်ဟန်များကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာသိရှိထားရန် လိုအပ်ပါသည်။ အနီးကပ်လုံခြုံရေးအဖွဲ့တွင် ပါဝင်သူများသည် အရေးပါ ပုဂ္ဂိုလ်၏ အသက်အန္တရာယ်လုံခြုံရေးကို အများပြည်သူရှေ့တွင် ကာကွယ်စောင့်ရှောက်ရသူများ ဖြစ်သည့်အတွက် public image ကို မထိခိုက်စေရန် သတိပြုရမည် ဖြစ်သကဲ့သို့၊ အခြေအနေများ ရှုပ်ထွေးလာချိန်တွင် သင့်လျော်သော ဆုံးဖြတ်ချက်များကို မြန်မြန် ဆန်ဆန် ချမှတ်လုပ်ဆောင်နိုင်သူများလည်း ဖြစ်ရပါမည်။


အပြည့်အစုံဖတ်ချင်ရင်..>>>

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း- ၁)

Tuesday, July 26, 2011

နိဒါန်း

လူတယောက်၏ ဘ၀လမ်းကြောင်းတွင်ဖြစ်စေ၊ နိုင်ငံရေးလမ်းစဉ်များတွင်ဖြစ်စေ အတွေးအခေါ်က အဓိကကျလေသည်။ အတွေးအခေါ် ရှင်းလင်းမှသာ လုပ်ဆောင်ရမည့် လမ်းကြောင်းကို သတ်မှတ်ရွေးချယ်နိုင်သည်။ တိကျစွာ အကောင်အထည်ဖော်နိုင်သည်။

အတွေးအခေါ် ရှုပ်ထွေးနေလျှင် လမ်းစဉ်များကလည်းေ၀၀ါးနေတတ်သည်။ အကောင်အထည်ဖော်ဆောင်ရာတွင်လဲ တိကျပြတ်သားမှု မရှိဖြစ်တတ်သည်။ ကြံတိုင်းမမြောက်ပဲ လုပ်တိုင်း မအောင် ဖြစ်လေ့ရှိသည်။ အချို့က လမ်းစဉ်ကို ရွေးချယ်ပြီးမှ အတွေးအခေါ်ကို လိုက်လံ စဉ်းစားတတ်သည်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် ဆိုသော စကားလုံးကား ဤသို့သော အခြေအနေကို ဆိုလိုရင်း ရှိဟန်တူသည်။ လမ်းစဉ်ကို အရင် ရွေးချယ် ထားခြင်း မရှိပဲ လေးစားရင်းစွဲရှိနေသော လူပုဂ္ဂိုလ်တဦးတယောက် (သို့မဟုတ်) အဖွဲ့အစည်း တခု၏ ဦးဆောင်မှုနောက်ကို လိုက်ပါခြင်းဖြစ်သည်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများနှင့် ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲ စိတ်ဓာတ် များ ပေါ်ပေါက်လာရခြင်းမှာ အဆိုပါ အခြေအနေကြောင့် ဖြစ်သည်။

အချို့ကကျတော့ အခြေအနေ တရပ်၏ လှုံဆော်မှုကြောင့် လမ်းစဉ်တခုကို ကိုင်စွဲလာခြင်းဖြစ်ပြီး၊ ထိုလမ်းစဉ် အခြေခံထားသည့် အတွေးအခေါ်ပိုင်းတွင်မူ ရှင်းလင်းပြတ်သားမှု မရှိ ဖြစ်နေတတ်သည်။

သာကူးလုပ်တတ်သူများ၊ ခွကျော်စားတတ်သူများ၊ နှစ်ဖက်ချွန်လုပ်တတ်သူများ၊ စမူဆာ လုပ်တတ်သူများမှာ ဤအမျိုးအစားမှ ထွက်ပေါ် လာလေ့ရှိသည်။ လမ်းစဉ်တခုကို ကိုင်စွဲပြီးမှ လမ်းဆုံးသည် အထိ ပြီးဆုံးအောင် မလျှောက်သူများမှာလဲ ဤအမျိုးအစားထဲမှ ပေါ်ထွက် လာတတ်သည်။ သို့ရာတွင် လမ်းဆုံးသည်အထိ မလျှောက်သူတိုင်းကိုကား အတွေးအခေါ် မရှိပဲ အခြေအနေ တရပ်၏ လှုံ့ဆော်မှုကြောင့် လမ်းစဉ်တခုကို ကိုင်စွဲလာသူများဟု တရားသေ သတ်မှတ်၍ ကား မရ။ အတွေးအခေါ်တရပ် ရှိပြီးမှ အဆိုပါအတွေးအခေါ် ဖောက်ပြန်သွားခြင်း (သို့မဟုတ်) လူမှုရေး၊ စီးပွားရေး အခြေအနေများကြောင့် အဆိုပါ အတွေးအခေါ်ကို ဆက်လက်ဆုပ်ကိုင်ထားနိုင်မည့် ခိုင်မာသော စိတ်ဓာတ် ပျက်ပြယ်သွားခြင်း (သို့မဟုတ်) အတွေးအခေါ်သစ်တရပ်၏ ဆွဲဆောင်ရာသို့ လိုက်ပါသွားခြင်း (သို့မဟုတ်) လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတရပ်၏ ဦးဆောင်မှုနောက်သို့ လိုက်ပါသွားခြင်း စသည်များကြောင့်လဲ မူလဆုပ်ကိုင် ထားသော လမ်းစဉ်ကို စွန့်ခွာသွားခြင်းများ ရှိလာတတ်ပါသည်။

အပြည့်အစုံဖတ်ချင်ရင်..>>>

နှောင်းနောင်တ

Wednesday, July 20, 2011

(၆၄) နှစ်မြောက် အာဇာနည်နေ့။

အာဇာနည်ခေါင်းဆောင်ကြီးများကို စိတ်ထဲက ရည်စူးအလေးပြုပြီးချိန်မှာ အင်တာနက်ဝပ်ဘ်ဆိုက်တွေမှာ တင်ထားတဲ့ "အာဇာနည်နေ့၊ ဒို့မမေ့" ဆိုတဲ့ သီချင်းလေးကို ပြန်နားထောင်လိုက်မိပါတယ်။ ဒီလိုနဲ့ သီချင်း နားထောင်နေရင်း စိတ်ထဲမှာ အရင်တုန်းကတည်းက မတင်မကျ ဖြစ်ခဲ့ဖူးတဲ့ အတွေးလေး တခုက ပြန်ပေါ်လာပါတယ်။ ဗိုလ်ချုပ်တို့ ကျဆုံးပြီးချိန်မှာ ဗိုလ်ချုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေက "ဒီလို လုပ်ကြံမှုကြီးရဲ့ ခြေလှမ်းတွေကို ငါတို့တတွေ သတိမထားမိလေခြင်း၊ ဗိုလ်ချုပ်တို့လို ခေါင်းဆောင် ကြီးတွေကို မကာကွယ် လိုက်နိုင်လေခြင်း" လို့ ယူကြုံးမရ ဖြစ်ခဲ့ကြမှာ အသေအချာပါပဲ။

အပြည့်အစုံဖတ်ချင်ရင်..>>>

(၆၄) နှစ်မြောက် အာဇာနည်နေ့ ထုတ်ပြန်ကြေငြာချက်

Monday, July 18, 2011

အာဇာနည်နေ့ထုတ်ပြန်ကြေငြာချက်

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒများ

Saturday, July 16, 2011

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စီးပွားရေး တိုးတက်မှု (economic growth) ဟာ လိုအပ်ချက်တရပ် ဆိုတာကို ဘောဂဗေဒ ပညာရှင် အများစုက လက်ခံထားကြပါတယ်။ သို့ပေမယ့် စီးပွားရေးတိုးတက်မှု ဖြစ်ထွန်းလာတာနဲ့အညီ ဆင်းရဲနွမ်းပါးသူများရဲ့ ၀င်ငွေတိုးတက်လာမှုလဲ ရှိနိုင်ဖို့ လိုအပ်ပါတယ်။ အချို့နိုင်ငံများမှာ စီးပွားရေး တိုးတက်မှုနှုန်း (economic growth rate) မြင့်တက်လာပေမယ့် ဆင်းရဲနွမ်းပါးသူများရဲ့ ၀င်ငွေတိုးတက်လာခြင်းမရှိပဲ၊ ချမ်းသာသူများရဲ့ ၀င်ငွေကသာ တစထက်တစ ပိုမိုများပြားလာတတ်တာတွေ ရှိပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်ပွားလာတဲ့အခါ စီးပွားရေးတိုးတက်မှုဟာ ဆင်းရဲနွမ်းပါးသူများအတွက် ဦးစားပေးသော တိုးတက်မှု (pro-poor growth) ဖြစ်လာဖို့အတွက် မူဝါဒရေးရာ ပြင်ဆင်ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

အပြည့်အစုံဖတ်ချင်ရင်..>>>

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း - ၄)

Wednesday, July 13, 2011

(၃) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး

အချုပ်အခြာအာဏာ ဆိုတဲ့ သဘောတရားကို ဥရောပမှာ ဖြစ်ပွားခဲ့တဲ့ နှစ်သုံးဆယ်စစ်ပွဲအပြီး (၁၆၄၈) ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ Westphalia Treaty မှာ စတင်ပြီး အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပါတယ်။ (၁၉၃၃) ခုနှစ်မှာ ကျင်းပခဲ့တဲ့ Montevideo Convention on Rights and Duties of States of 1933, Article 1) မှာ နိုင်ငံတနိုင်ငံမှာ နယ်မြေ၊ လူဦးရေနဲ့ အချုပ်အခြာအာဏာရှိသော အစိုးရ၊ အခြားသော နိုင်ငံများနှင့် နိုင်ငံတကာ ဆက်ဆံရေး ထူထောင်နိုင်သော စွမ်းရည် စတဲ့ လိုအပ်ချက်တွေ ရှိဖို့ လိုအပ်ကြောင်း ကြေငြာပြီး အချုပ်အခြာအာဏာ သဘော တရားကို ထပ်မံအတည်ပြုခဲ့ပါတယ်။ ၂၁ ရာစုမှာ အချုပ်အခြာအာဏာ သဘောတရားနဲ့ သွေဖည်ဆန့်ကျင်တဲ့ သဘောတရားသစ်တွေ ထပ်ပြီး ပေါ်ထွက်လာခဲ့ပါတယ်။ ထင်ရှားတဲ့ သဘောတရားတွေကတော့ လူသားလုံခြုံရေး (human security)၊ လူသားချင်းစာနာမှုဖြင့် ၀င်ရောက် စွက်ဖက်ခြင်း (humanitarian intervention)၊ နိုင်ငံတကာ အရပ်ဘက် လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍ တိုးချဲ့ခြင်း (expansion of the role of global civil society) စတာတွေ ဖြစ်ပါတယ်။

နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ အချုပ်အခြာအာဏာဆိုတာကို realist paradigm ကနေ သုံးသပ် လေ့လာကြပါတယ်။ ဒီရှုထောင့်အရ ကမ္ဘာပေါ်မှာ နယ်မြေပိုင်ဆိုင်မှုနဲ့ အချုပ်အခြာအာဏာရှိသော တိုင်းပြည်များ စုဖွဲ့ဖြစ်တည်နေပြီး၊ ဒီတိုင်းပြည်တွေဟာ သက်ဆိုင်ရာဒေသမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေအပေါ်မှာ အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်သော စွမ်းရည်ရှိပါတယ်။ ဒါကို ပြည်တွင်း အချုပ်အခြာအာဏာ (internal sovereignty) လို့ ခေါ်ဆိုကြပါတယ်။ သို့ပေမယ့် တိုင်းနိုင်ငံတခုဟာ သက်ဆိုင်ရာနယ်မြေနှင့် လူထုကို ထိန်းချုပ်နိုင်ရုံနဲ့ အချုပ်အခြာအာဏာ အပြည့်အ၀ရှိပြီလို့ မဆိုနိုင်ပါဘူး။ အချုပ်အခြာအာဏာရှိသော နိုင်ငံအဖြစ် နိုင်ငံတကာစနစ် အတွင်းမှာရှိတဲ့ အခြားနိုင်ငံများက အသိအမှတ်ပြုမှသာ အချုပ်အခြာအာဏာ အပြည့်အ၀ရှိပြီလို့ ဆိုနိုင်ပါတယ်။ ဒါကို ပြည်ပအချုပ်အခြာအာဏာ (external sovereignty) လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။

ပြည်တွင်းအချုပ်အခြာအာဏာဟာ domestic order နဲ့ ဆက်စပ်နေပါတယ်။ ရှေးပဝေသဏီကာလများက အစပြုလို့ ၁၉ရာစု ခေတ်ကာလအထိ အချုပ်အခြာအာဏာဟာ အာဏာကျင့်သုံးမှုဆိုင်ရာ အမျိုးအစားတမျိုးပဲ ဖြစ်ပါတယ်။ တိုင်းနိုင်ငံ တခုအတွင်းမှာ အုပ်ချုပ်ရေး ခိုင်မာတည်တံ့ဖို့အတွက် အုပ်ချုပ်ရေးအာဏာ ကျင့်သုံးဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်သူနဲ့ ပြည်သူအကြားက ဆက်နွယ်မှုဟာ အာဏာကျင့်သုံးမှု ဖြစ်ပြီး၊ ဒီမိုကရေစီ အခြေခံသဘောတရားများအရ ဒီအာဏာက ပြည်သူဆီက သက်ဆင်းပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးအာဏာဟာ (၁၆၄၈) ခုနှစ်ကတည်းက နိုင်ငံတကာဆက်ဆံရေးရဲ့ pillar တခု ဖြစ်လာခဲ့ပါတယ်။

နောက်တချက်ကတော့ နယ်မြေပိုင်နက် ဖြစ်ပါတယ်။ အချုပ်အခြာအာဏာ သဘောတရားအရ တိုင်းနိုင်ငံတခု (nation-state) အဖြစ် သတ်မှတ်ကြေငြာမှုမှာ နယ်မြေပိုင်နက်ရှိဖို့ လိုအပ်ပါတယ်။ ပါလက်စတိုင်း လူမျိုးတွေရဲ့ နှစ်ပေါင်းများစွာ ပဋိပက္ခအရေးဟာ နယ်မြေပိုင်နက်နဲ့ ပတ်သက်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂထဲမှာ အစိတ်အပိုင်းတခုအနေနဲ့ ကိုယ်စားပြု နေပေမယ့် ပါလက်စတိုင်းလူမျိုးတွေမှာ နယ်မြေပိုင်နက် မရှိတဲ့အတွက် နိုင်ငံတကာစနစ်အတွင်းမှာ အချုပ်အခြာ အာဏာ ရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နိုင်ခွင့် မရှိသေးပါဘူး။

အပြည့်အစုံဖတ်ချင်ရင်..>>>

လူထုတိုက်ပွဲ မှတ်စုများ

Tuesday, July 12, 2011

လူထုတိုက်ပွဲမှတ်စုများ

ဒီသုံးလ (ကဗျာ)

Thursday, July 7, 2011

ဒီသုံးလ

ဇူလိုင် (၇) ရက် အရေးတော်ပုံ ထုတ်ပြန်ကြေငြာချက်

7th July (PCFB)

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း – ၃)

Sunday, July 3, 2011

(၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး

တိုင်းရင်းသားလူမျိုးစုတွေ စုဝေးနေထိုင်တဲ့ တိုင်းပြည်တခုမှာ စည်းလုံးညီညွတ်မှု ရှိရေးက အလွန်အရေးကြီးပါတယ်။ နိုင်ငံရေး လေ့လာသူတွေက တိုင်းရင်းသားလူမျိုးအရေးနဲ့ ပတ်သက်ပြီး ကဏ္ဍနှစ်ခု ခွဲခြားလေ့လာကြပါတယ်။ ပထမ ကဏ္ဍကတော့ တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းများနဲ့ ပဋိပက္ခဖြေရှင်းနည်းများကို လေ့လာခြင်းဖြစ်ပြီး၊ ဒုတိယကဏ္ဍကတော့ တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ရှိနေတဲ့ နိုင်ငံတွေမှာ တရားမျှတ တဲ့ နိုင်ငံရေးစနစ်တွေကို ဖော်ဆောင်မှုတွေကို လေ့လာဖြင်းဖြစ်ပါတယ်။ ပထမကဏ္ဍဟာ နိုင်ငံရေးအဆောက်အုံ (political institutions) ဆိုင်ရာ နိုင်ငံရေးသိပ္ပံပညာက မြစ်ဖျားခံလာပြီး၊ ဒုတိယကဏ္ဍကတော့ လူမျိုးစု၊ တရားမျှတမှု နှင့် ဒီမိုကရေစီရေးရာ နိုင်ငံရေး သီအိုရီများ၊ နိုင်ငံရေးဒဿနိက အတွေးအခေါ်များကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းများမှာ ရှေးပဝေသဏီ အစဉ်အဆက်ကနေ အမြစ် တွယ် နေခဲ့တဲ့ ဘိုးစဉ်ဘောင်ဆက်အမုန်းတရားတွေ ပါဝင်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာ ဗြိတိသျှ၊ ပြင်သစ်၊ ပေါ်တူဂီ ကိုလို နီနယ်ချဲ့ ၀ါဒတွေ မကြီးစိုးခဲ့စဉ်က အင်အားကြီး စစ်ဘုရင်များရဲ့ စစ်အင်အားသုံးပြီး နယ်မြေဒေသ သိမ်းသွင်းမှုတွေ၊ တိုင်းနိုင်ငံ တည်ထောင်ရန် ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ နယ်မြေဒေသ နီးစပ်ရာမှာ အခြေချနေထိုင်ကြတဲ့ လူမျိုးစုတွေ အကြား စစ်ပွဲတွေ ရှိခဲ့ပါတယ်။ ဒီစစ်ပွဲတွေကနေ အမုန်းတရားတွေ၊ မယုံကြည်မှုတွေနဲ့ အာဃာတ တရားတွေ ပေါ် ထွက်ခဲ့ပါတယ်။

ဒီလို ဘိုးစဉ်ဘောင်ဆက် အမုန်းတရားတွေဟာ ဖိနှိပ်မှု တစုံတရာအောက်မှာ ခေတ္တပျောက်ကွယ်နေပြီး၊ ဖိနှိပ်မှုကနေ လွတ်လပ်လာစဉ်မှာ အသွင်တမျိုးနဲ့ ပြန်လည်ပေါ်ထွက်လာတတ်ပါတယ်။ ဒါတွေကို အသွင်ကူးပြောင်းကာလတွေမှာ တာဝန်ယူရတဲ့ အစိုးရတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပဋိပက္ခရေးရာ လေ့လာသူတွေက သေချာ နားလည်သိရှိ ထားဖို့ လိုပါတယ်။ ဒီလိုနားလည်သိရှိမှလဲ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်မယ့် နည်းလမ်းတွေကို အင် အားသုံးဖြေရှင်းမှု နည်းလမ်းတွေထက် ပိုပြီး အလေးထားစဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစုများအကြား သွေးစည်းမှုမှာ သယံဇာတအရင်းအမြစ်များ၊ လူ့စွမ်းအား အရင်းအမြစ်များနဲ့ ပတ် သက်ပြီး ရိုးသားပွင့်လင်းစွာ သတင်းအချက်အလက် ဖလှယ်မှု၊ စီးပွားရေးပြိုင်ဆိုင်မှုများ အကြားမှာ တရားမျှတစွာ ပြိုင်ဆိုင်မှု စတာတွေကလဲ အရေးကြီးပါတယ်။ လူမျိုးစုပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ လူမျိုးစုတွေ အကြား ဆက်ဆံရေး အားနည်းမှုနဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ စီးပွားရေးအရ အင်အားကြီးပြီး၊ သ ယံဇာတ အမြောက်အမြားကို နယ်မြေထဲမှာ ပိုင်ဆိုင်ထားတဲ့ တိုင်းရင်းသားလူမျိုးစုတွေက စီးပွားရေးအရ အင်အား နည်းပြီး၊ သယံဇာတ ပိုင်ဆိုင်မှုနည်းတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းဖြင့် ဘဏ္ဍာရေး အရ ခွဲဝေသုံးစွဲရတာကြောင့် နစ်နာတယ်လို့ ယူဆတာတွေ ရှိတတ်ပါတယ်။ စီးပွားရေးအရ ဈေးကွက်ကို အပြိုင်အ ဆိုင်လုကြရင်း၊ သယံဇာတတွေရှိတဲ့ နယ်မြေတွေကို လုကြရင်း ဖြစ်လာတဲ့ ပဋိပက္ခတွေလဲ ရှိပါတယ်။

ဒီလို စီးပွားရေးအကြောင်းအရာတွေအပြင် လုံခြုံရေးအကြောင်းအရာတွေလဲ ရှိပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုး ရဟာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိတဲ့အခါ တိုင်းရင်းသားလူမျိုး စု ခေါင်းဆောင်အချို့က သူတို့ရဲ့ဒေသ လုံခြုံရေးအတွက် လက်နက်ကိုင်ထားဖို့ လိုအပ်တယ်လို့ ယူဆလာပြီး လက် ကိုင်ကိုင်အင်အားစုတွေ ဖွဲ့စည်းလာကြပါတယ်။ ဒီအခါမှာ လက်နက်ကိုင်အင်အားစု မရှိတဲ့ တခြားလူမျိုးစုတွေကလဲ လက်နက်ကိုင်အင်အားစုတွေ ထပ်မံ ဖွဲ့စည်းလာကြပါတယ်။ နိုင်ငံအစိုးရကလဲ ဒီလို လက်နက်ကိုင်အင်အားစုတွေ စုဖွဲ့လာမှုအပေါ်တွေမှာ ပုန်ကန်ထကြွဖို့ ပြင်ဆင်တယ်လို့ ယူဆပြီး စစ်အင်အားသုံး နှိမ်နင်းဖို့ ကြိုးပမ်းပြန်ပါတယ်။

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP