မတရားမှုသည် ဥပဒေဖြစ်လာသောအခါ
တော်လှန်ပုန်ကန်ခြင်းသည် တာဝန်တရပ်ဖြစ်လာသည်။
ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးမှ မွေးဖွားပေးခဲ့သော ကျောင်းသားတပ်မတော်ကြီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော၊ တာဝန်ထမ်းဆောင်နေသော ရဲဘော်အပေါင်းတို့အား လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။
၂၂ နှစ်တာ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့သော တပ်ဦးအလံတော်အား အောင်လံတော်အဖြစ် လွှင့်ချီနိုင်ပါစေကြောင်း ကျောင်းသားတပ်မတော်၏ မွေးနေ့အချိန်အခါသမယတွင် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ခင်မမမျိုး (နိုဝင်ဘာ၊ ၂၀၁၀)