ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

What to do now?

Wednesday, July 9, 2008

ဘာဆက်လုပ်ကြမှာလဲ


နအဖစစ်အာဏာရှင်ကို တော်လှန်ခြဲ့ကသည်မှာ အနှစ်နှစ်ဆယ်တင်းတင်းပြည့်လုနီးနေပြီဖြစ်သည်။ မဆလခေတ်နှင့်ပါပေါင်းလျှင်တော့ နှစ်ပေါင်းများစွာပင် ကြာညောင်းခဲ့ပြီဖြစ်သည်။ မျိုးဆက်များက တဆက်ပြီးတဆက် ပြောင်းလဲသွားကြ သည်။ မြန်မာပြည်ကြီးက တနေ့တခြား စုတ်ပြတ်သွားခဲ့သည်။ မြန်မာလူမျိုးများ၏ စာရိတ္တများက တနေ့တခြားယိုယွင်းလာခဲ့သည်။ အခြေအနေများက တစထက်တစ ဆိုးရွားလာနေသည်။ အဆိုပါအခြေအနေမျိုးတွင် အတိတ်ကအောင်မြင်မှုများကို ပြန်တမ်းတနေ၍လည်းမရ၊ မဖြစ်နိုင်သည်များကို မျှော်လင့်နေ၍လည်း ဘာမှဖြစ်လာမည်မဟုတ်။လက်ရှိ အခြေအနေ မှန်ကို နားလည်သဘောပေါက်၍ မည်သို့မည်ပုံ ရှေ့ခရီးဆက်သင့်ကြသည်ကိုသာ စဉ်းစားကြရတော့မည် ဖြစ်သည်။ စိတ်ကူးယဉ်အိပ်မက်များမှနေ၍ နိုးထဖို့ အချိန်သင့်ကြပြီဖြစ်သည်။


ပြည်တွင်းတွင် နအဖတို့မှ လမ်းပြမြေပုံကို မဆုတ်မနစ် ဆုပ်ကိုင်လမ်းလျှောက်ကြမည်ဖြစ်သည်။ အတိုက်အခံများမှ

ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ပေပးဖို့တောင်းဆိုခဲ့သည်ဖြစ်စေ၊ ထောက်ခံမဲပေးဖို့တောင်းဆိုခဲ့ သည်ဖြစ်စေ၊ မဲပေးဖို့

ဆုံးဖြတ်ခြဲ့ကသည်ကိုက နအဖတွင် အုပ်ချုပ်သူအစိုးရအနေဖြင့် လူထုဆန္ဒခံယူပွဲ ကျင်းပနိုင်ခွင့်ရှိသည်ဟူသော

legitimacy ကိုသွားပေးလိုက်သည့်နှယ် ဖြစ်သွားခဲ့သည်။ မှန်းချက်နှင့်နှမ်းထွက်မကိုက်တော့မှ မဲလိမ်လို့ဟု

ထအော်နေကြသည်က ကစားပွဲတခုတွင် ရှုံးမဲမဲနေပုံနှယ်ဖြစ်သွားသေးသည်။ အစကတည်းက ညစ်မယ်မှန်းကြို

သိသည့် ကစားပွဲမျိုးကို နိုင်ငံရေးကစားပွဲအသာထားလို့ ကလေးချင်းဘောလုံးကစားရာမှာပင် ၀င်မကစားကြ။

လက်လွန်သွားတော့မှ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်ကုန်ကြသည်မှာ သိပ်မကောင်းလှပါ။


ထိုသို့သောအခြေအနေမျိုး၊ မြန်မာပြည်၏ အရေးပေါ်အခြေအနေမျိုးတွင် နာဂစ်မုန်တိုင်းက ၀င်ဆောင့်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်သို့ တစုံတခုသော အတိုင်းအတာအထိ တက်ရောက်နိုင်ရန်

ကြိုးစားခွင့် အများကြီးလမ်းပွင့်သွားသည့် အချိန်အခါ၊ အခွင့်အရေးကြီးကို ကောင်းမွန်စွာအသုံးမချခဲ့ကြပြန်။

မဖြစ်နိုင်မှန်းသိလျက်နှင့် အမေရိကန်နှင့် အခြားအင်အားကြီးနိုင်ငံများ စစ်ရေးအရ၀င်ရောက်စွက်ဖက်မှုလုပ်ဖို့

တောင်းဆိုကြပြန်သည်။ ဒုက္ခရောက်နေသည့်အခြေအနေမျိုးတွင် စစ်ရေးအရ ၀င်ရောက်လိုက်လျှင် ထိုနိုင်ငံကြီးများ၏သိက္ခာမည်မျှကျဆင်းသွားမည်နည်း။အာဖဂန်ကိုအမေရိကန်ဝင်ခြင်းကို ကမ္ဘာက လက်ခံခဲ့ကြပေမယ့် အီရတ်ကိုဝင်ရောက်ခြဲ့ခင်းနှင့်ပတ်သက်၍ အမေရိကန်ပြည်သူများပင် လက်ခံခြင်းမရှိခဲ့ကြ။ မုန်တိုင်းဝင်ပြီးစမြန်မာကိုသာဝင်လိုက်လျှင် အဆိုပါနိုင်ငံကြီးများ၏ သိက္ခာရေစုံမျော၍၊ humanitarian aid နှင့်ပတ်သက်၍၄င်းတို့ရထားသည့် role ပျောက်ပေတော့မပေါ့။ မြန်မာနအဖ humanitarian aid ကိုလက်ခံပါရန် တောင်းဆိုမှုနှင့်မြန်မာနိုင်ငံကို humanitarian intervention လုပ်ကြပါတောင်းဆိုမှုတို့က အနှစ်သာရတခြားစီဖြစ်သည်။ ဤသို့မဆင်မခြင် လုပ်လိုက်သည့် ရလာဒ်ကား အမေရိကန်ကာကွယ်ရေးဌာနက နအဖမှ စစ်သင်္ဘောများ ၀င်ရောက်လာမှုကို လက်မခံလျှင် ၀င်မည်မဟုတ်ကြောင်း ကြေညာပေးခဲ့ရသည်အထိ ဖြစ်သွားသည်။ နအဖသည်သာလျှင် မြန်မာနိုင်ငံ သားများ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည်ဟု ကမ္ဘာက လက်ခံကုန်အောင် အဆင်းဘီးတပ်ပေးလိုက်သကဲ့သို့ပင် ဖြစ်ကုန်ခဲ့ သည်။ ကိုယ်ပစ်လိုက်သည့် ကျည်ဆံ ဘယ်ရောက်လို့ ဘယ်ရောက်ကုန်မှန်းမသိ။


ထို့ထက်ပိုဆိုးသည်ကား မမှန်ကန်သည့်သတင်းအချက်အလက်များနှင့် ဆိုက်ဝါးလုပ်ကြခြင်းဖြစ်သည်။ ထိုဆိုက်ဝါး

အချက်အလက်များကို နအဖကတုန့်ပြန်ခြင်းမရှိပဲ ကြားမှလူသားချင်းစာနာမှုဖြင့် လက်တွေ့နယ်ပယ်ထဲတွင် အမှန်အကန်ဝင်ရောက်ကူညီနေသည့် အဖွဲ့အစည်းများက ပြန်လည်တုံ့ပြန်ကြသည်အထိဖြစ်သွားခဲ့သည်။ ဒီနေ့ဝမ်းရောဂါပိုးကူးစက်ပျံ့နှံ့တော့မည် ကြေညာချက်ထွက်သည်။ နောက်တနေ့ ထိုအရိပ်အယောင်မတွေ့ရကြောင်း တာဝန်ရှိကမ္ဘာ့ အဖွဲ့အစည်းများက သတင်းထုတ်ပြန်သည်။ အဖြစ်အပျက်များက မြန်ဆန်လွန်းလှသည်။ နောက်ဆုံး လူသားချင်းစာနာမှုဖြင့် ကူညီမှုကို နိုင်ငံရေးနှင့် မရောယှက်ကြပါရန် တောင်းပန်စကား ပြောကြသည်အထိ ဖြစ်လာသည်။မကောင်းပါ။ တော်လှန်ရေး၏ image ကို ထိခိုက်သွားပါသည်။ စက်တင်ဘာတော်လှန်ရေးမှာ စုစည်းမိလာသောမြန်မာများ၊ ယခုနာဂစ်အပြီးမှာ ကွဲထွက်ကုန်ကြပါသည်။ေ၀၀ါးကုန်ကြပါသည်။ အတိုက်အခံများအပေါ်တွင်အမြင်လွဲမှုများလည်း ဖြစ်လာကြပါသည်။


ထိုဆိုက်ဝါးများကြောင့် အကျိုးကျေးဇူးမည်သို့မည်ပုံ ရကြောင်းကိုလည်း ပြောသူများရှိကြပါသည်။ တပ်မတော်

ကွဲသွားသည်ဟု အများကဆိုကြပါသည်။ တပ်မတော်ကွဲနေသည်က ကြာလှပြီ။ အောက်ခြေတပ်မတော်သားများ

သာမက အရာရှိများအထိပင် နအဖလုပ်နေသည်များကို မကျေနပ်သူအများအပြား။ တပ်မတော်ကို နာမည်ဖျက်

သည်ဟု ထင်နေသူအများအပြား။ စစ်တပ်ကိုစစ်တပ်အနေဖြင့်သာ သီးသန့်ထွက်ချင်နေသူ အများအပြား။ သို့ပေမယ့်ထိုသူများလက်တွဲလာအာင် အတိုက်အခံများမှ လက်တွဲခေါ်ယူစည်းရုံးခြင်းများလည်း မရှိခြဲ့ကပါ။ အခုပဲ

သားသုံးသားညီမှ၊ စစ်သားတွေပါမှ ဆိုသည်။ သိပ်မကြာခင်မှာပဲ စစ်ဆိုရင်ရေစစ်တောင် စစ်မသောက်ချင်

ဆိုကြပြန်သည်။ အခုပဲ တပ်မတော်ထဲမှ ရာမို့စ်လို ဗိုလ်ချုပ်မျိုးအလိုရှိတယ် ဆိုကြသည်။ သိပ်မကြာလိုက်၊ နအဖ

ဗိုလ်ချုပ်တွေကို နိုင်ငံတကာခုံရုံးတင်မယ် ဆိုကြပြန်သည်။ ခေါင်းပြူထွက်လာနိုင်သည့် လိပ်ပင် ၀င်ရမလား၊

ထွက်ရမလားမသိ၊ မည်သူ့ကို ယုံကြည်ရမှန်းမသိ ဖြစ်နေနိုင်သည်။ မဆင်မခြင် လုပ်ရပ်များ၊ ဆိုက်ဝါးများကြောင့်

ထိုကဲ့သို့ဖြစ်ကုန်ခြင်းသည် တော်လှန်ရေးကို အားနည်းစေနိုင်ပါသည်။


ကြားထဲမှ သနားစရာအကောင်းဆုံးကတော့ ပြည်သူများဖြစ်သည်။ နအဖကဖိနှိပ်လိုက်၊ နာဂစ်က နှိပ်စက်လိုက်၊

အတိုက်အခံများက အတုအယောင် မျှော်လင့်ချက်များပေးပြီး စိတ်ဒုက္ခပေးလိုက်နှင့် ဒဏ်မျိုးစုံခံစားနေကြရသည်။

ကိုယ့်ဘာသာကိုယ်လုပ်မှ ရမယ်လို့ ပြောလိုက်ရင် ပုံစံကတမျိုးဖြစ်ခဲ့ကြမည်။ အခုတော့ သံဃာတွေ သွေးမြေကျ

နေချိန်တွင် ကုလသမဂ္ဂတပ်ကြီး ယခုပင် ၀င်လာတော့မယောင်ပြောကြသည်ကို ဟုတ်မည်အထင်ဖြင့် မျှော်လင့်ခဲ့ကြသည်။ လုပ်စရာရှိသည်များကို တောမီးလိုအဟုန်ဖြင့် ပျံ့နှံ့လုပ်ကိုင်ရန် မဖော်ဆောင်နိုင်ခြဲ့က။ ပြည်ပက ကယ်တင်ရှင်များလာကြတော့မည် ထင်ကြသည်။ မျှော်လင့်ကြသည်။ တကယ်မလာတော့မှန်းသိရချိန်တွင် ကျတော့ အရာရာကနှောင်းသွားခြဲ့ပီ။ နာဂစ်ကျတော့လဲ ထိုနည်းလည်းကောင်း။ အမေရိကန်တပ်များဝင်လာလျှင် ကြိုဆိုဆက်ဆံနည်းကိုပါပြည်ပဆရာကြီးများက သင်ကြားပြလိုက်ကြသေးသည်။ ပြည်သူတွေကို မျှော်လင့်ချက်ပေးလိုက်၊ ရိုက်ချလိုက်နှင့်မလုပ်သင့်ကြပါ။ ထိုနည်းများက နအဖကို ထိခိုက်သည်ဆိုလျှင်တောင်မှ နအဖ လူ့ဘီလူးကြီးအားခြေဖ၀ါးသွားကုတ်လို့ အယားပြေသလောက်သာ ရှိမည်။ ဘာမှဖြစ်မလာပါ။


ပြည်တွင်းတပ်ဦးပါတီကလည်း အသက်ရှုလို့ရသေးလျှင်ပြီးရောဆိုပြီး ခြေထောက်လာဖြတ်လဲသည်းခံလိုက်၊လက်တွေဖြတ်လည်းသည်းခံလိုက်၊ တကိုယ်လုံးဓားနဲ့မွှန်းလည်းသည်းခံနေလိုက် လုပ်နေ၍မရတော့။ အသက်ချက်ချင်း မထွက်ပေမယ့် တတိတိနဲ့သွေးလွန်ပြီး သေသွားနိုင်သည်ကိုလည်း သတိပြုသင့်သည်။ (၂၀၁၀) ရွေးကောက်ပွဲအတွက်အင်အယ် ဒီ ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကော်မရှင်တွင် အမည်သစ်၊ ဖွဲ့စည်းပုံသစ်နှင့် မှတ်ပုံတင်ရမည်ဆိုလျှင် မခက်ပါလား။ နောက်တခါ `စုနိုင်မှချမ်းသာမည်` ဆိုပြီး ရွေးကောက်ပွဲ ထပ်ဝင်ကြဦး မလို့လား။ နအဖဘက်တော်သားများသည် အတိတ်ကို သင်ခန်းစာကောင်းကောင်းယူတတ်ကြသူများဖြစ်သည်။ အတိုက်အခံများလို ရှစ်လေးလုံးကမဆလ ပြုတ်ကျသွားအောင် လုပ်နိုင်ခဲ့သည့် အောင်မြင်မှုလေးကိုပင် တသသ ပြန်ပြောင်းအောက်မေ့ရင်း အတိတ်ထဲမှာ အိပ်ပျော်နေသူများ မဟုတ်ကြ။ မနိုင်နိုင်အောင် စုဖွဲ့ လုပ်သွားကြလိမ့်မည်။ တရားသည်၊ မတရားသည်ထား အနိုင်ပိုင်းသွားလိမ့်မည်။ ထိုအချိန်ကျမှ `ကိုကိုမတရားဘူး` သွားလုပ်နေ၍ မရ တော့။ ရွေးကောက်ပွဲနှင့် တက်လာသောအစိုးရဖြစ်၍ နအဖကြိုးဆွဲပဲဖြစ်ဖြစ်၊ ကဝေဆရာကြိုးဆွဲပဲဖြစ်ဖြစ် တရား ၀င် ဒီမိုကရေစီအစိုးရ ဖြစ်သွားလိမ့်မည်။ ထိုအခါ

ပြည်သူလူထုမှာ ရွှေရည်စိမ်ဒီမိုကရေစီ အတုကြီးနှင့် နှစ်ပါး သွားက ရသည့် ကိန်းရောက်မည်။ ယခုအချိန်ရှိတုန်း

ပြည်သူ လူထုက အားကိုးယုံကြည်မှုရှိနေတုန်း လူထုရှေ့မှ မားမားမတ်မတ်ရပ်တည်ပြလိုက်ရန်လိုသည်။ ပါတီဖျက်သိမ်းခံရမှာစိုးလို့ ဟုအကြောင်းပြချက်မှာ စစ်မရောက်ခင်က မြားကုန်နေသည်နှင့် မတူပေဘူးလား။ နအဖကတော့သူတို့ရည်မှန်းချက်အကောင်အထည် မဖော်နိုင်သေးခင်အထိ ဖျက်သိမ်းမည်လုံးဝမဟုတ်။ တခုလုံးကို ဖျက်ပစ်လိုက်လို့ မြေအောက်ဆင်းသွားလျှင် အင်အားစုကြီး ဖြစ်သွားမည်စိုး၍ တမြည့်မြည့်သတ်ရင်း၊ ခြေဖြတ်လက်ဖြတ်ရင်းထားခြဲ့ကခြင်းဖြစ်သည်။


မည်သို့ဆိုစေ ယခုသမိုင်းကတော့ တောင်းဆိုနေပါပြီ။ ဘာဆက်လုပ်ကြမလဲ ဆိုသည့်အဖြေကိုလည်း ပြတ်ပြတ်

သားသား အဖြေရှာသင့်ကြပြီ။


တည်တည် ငြိမ်ငြိမ်နှင့် မဟာဗျူဟာကျ စဉ်းစားတွေးခေါ်ပြီး လုပ်သင့်သည့် လမ်းကြောင်း၊ ဖြစ်နိုင်သည့် လမ်းစဉ်

ကိုသာ ရွေးချယ်သင့်ကြပြီ။ ဗယ်ကွေ့လိုက်၊ ညာကွေ့လိုက်၊ ညာချိုးလိုက်၊ ဗယ်ချိုးလိုက်နှင့် ဒုံရင်းနေရာပြန်ရောက်ပြီး၊ဘယ်မှမရောက်ဖြစ်နေခြင်းများကို ရှောင်ကြဉ်နိုင်ရန် မှန်ကန်သည့် ဦးဆောင်မှုမျိုးကိုလည်းပေးသင့်ကြပြီ။


သို့မဟုတ်ပါက `ပိုးသာကုန်မောင်ပုံစောင်းမတတ်` အဖြစ်မျိုးနှင့် ကြုံတွေရနိုင်ပါသည်။ ဆိုးဝါးသည်က ကုန်သွားသောပိုးများသည် လူ့အသက်များ၊ လူ့ဘ၀များ ဖြစ်နေခြင်းကြောင့်ပင်။


ခင်မမမျိုး (၅၊၇၊ ၂၀၀၈)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP