ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

education and development (part-2)

Thursday, July 24, 2008

ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး (အပိုင်း - )


လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာပြဿနာများ


ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေမှာ အများအားဖြင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ပြဿနာနှစ်မျိုးကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ပထမတမျိုးကတော့ လိုအပ်သော critical skills ရှိတဲ့လူတွေရှားပါးမှုဖြစ်ပြီး၊ နောက်တမျိုးကတော့ လုပ်အားပေါများမှုဖြစ်ပါတယ်။ ဒီနှစ်ရပ်လုံးကို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာများ ချမှတ်တဲ့အခါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ တဘက်ကနေ skills တွေ တိုးတက်အောင် လုပ်သလို အခြားတဘက်ကနေလဲ အသုံးမချရတဲ့ လူ့စွမ်းအားတွေကို အသုံးပြုနိုင်မယ့် အလုပ်တွေ ပံ့ပိုးပေးနိုင်ရပါမယ်။ ဒီပြဿနာနှစ်ရပ်လုံးဟာ နိုင်ငံတနိုင်ငံရဲ့ ပညာရေးနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ပြဿနာအတိမ်အနက် မတူပေမယ့် နိုင်ငံတိုင်းမှာတော့ ဒီပြဿနာတွေ ရှိနေနိုင်ပါတယ်။


လူ့စွမ်းအားအရင်းအမြစ် ရှားပါးမှု

ဖွံ့ဖြိုးဆဲနိုင်ငံတွေများဖြစ်ပွားလေ့ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်ရှားပါးမှုများကို အမျိုးအစားခွဲပြီး ဆက်လက်ဖော်ပြပါမယ်။

() ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ပညာရည်မြင့်မားတဲ့ professional တွေဖြစ်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ တိရစ္ဆာန်ကုဆရာဝန်၊ သိပ္ပံပညာရှင်တွေ ရှားပါးမှု (သို့) အသုံးမ၀င်မှုတွေ ဖြစ်လေ့ရှိပါတယ်။ ပညာရှင်တွေရှိတယ်ဆိုရင်လည်း များသောအားဖြင့် ဒီပညာရှင်တွေဟာ မြို့ကြီးပြကြီးများမှာသာ နေလေ့ရှိတာမို့ တကယ်လိုအပ်တဲ့ ကျေးလက်ဒေသတွေမှာ ရှားပါးမှုဖြစ်တတ်ပါတယ်။ အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကနိုင်ငံတော်တော်များများမှာ အတတ်ပညာနဲ့ လုပ်ငန်းခွင် သီးခြားစီဖြစ်နေတဲ့ ပညာရှင်တွေ အများအပြားရှိနေပါတယ်။


() နောက်တမျိုးကတော့ sub- professional personnel တွေဖြစ်တဲ့ technician တွေ၊ သူနာပြုတွေ ရှားပါးမှုဖြစ်ပါတယ်။ ဒီလိုရှားပါးမှုမဖြစ်အောင် တက္ကသိုလ်ပညာရေးမဟုတ်တဲ့ ပိုလီတက်နစ် institution တွေ ဖွင့်လှစ်ပေးဖို့ လိုအပ်ပါတယ်။


() နောက်ထပ်ရှားပါးမှုတမျိုးကတော့ အဆင့်မြင့်စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်မှုဆိုင်ရာ ၀န်ထမ်းများရှားပါးမှု ဖြစ်ပါတယ်။ private sector မှာရော၊ public sector မှာပါ အရည်အချင်းပြည့်ဝတဲ့အုပ်ချုပ်ရေး ၀န်ထမ်းများကို လေ့ကျင့်မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်။


() နောက်တမျိုးကတော့ အခြေခံပညာရေးနဲ့ အဆင့်မြင့် ပညာရေး ဆရာ၊ ဆရာမများပဲဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမများ ရှားပါးမှုဟာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဖြစ်စဉ် တရပ်လုံးအတွက် 'master bottleneck' ဖြစ်တာမို့ အထူးဂရုစိုက်ရမယ့် ကဏ္ဍတရပ်ဖြစ်ပါတယ်။


() နောက်တမျိုးကတော့ craftsmen of all kind လို့ဆိုနိုင်တဲ့ စာရေးစာချီတွေ၊ machine operator စသူတွေရှားပါးမှုဖြစ်ပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာလေ့ကျင့်သင်ကြားပေးမှုတွေနဲ့ သင်တန်းပေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။


() နောက်ဆုံးတမျိုးကတော့ အထွေထွေ လိုအပ်သော ပညာရှင်တွေဖြစ်တဲ့ လေကြောင်းလိုင်း ပိုက်လော့တွေ၊ စီးပွားရေးပညာရှင်တွေ၊ စာရင်းအင်းဆိုင်ရာပညာရှင် စတာတွေဖြစ်ပါတယ်။


နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာက အထက်မှာဖော်ပြခဲ့တဲ့ အတတ်ပညာရှင်၊ အသိပညာရှင်၊ ပညာသည်တွေအားလုံးအပေါ်မှာ မူတည်နေပါတယ်။ သူတို့တွေရဲ့အရေအတွက်၊ အရည်အချင်းတွေ တိုးတက်လာတာနဲ့အမျှ၊ သက်ဆိုင်ရာနယ်ပယ်တွေမှာ အသုံးချလာနိုင်တာနဲ့အမျှ human capital တက်လာနိုင်ပါတယ်။ ဒီလို Human capital formation ဖြစ်စဉ်ကို လည်ပတ်နိုင်စေဖို့အတွက် နိုင်ငံအုပ်ချုပ်သူများမှ manpower ဆန်းစစ်မှုဆိုတာကို ပြုလုပ်သင့်ပါတယ်။


manpower ဆန်းစစ်ချက်

manpower ဆန်းစစ်ချက်များ ပြုလုပ်တဲ့အခါမှာ ရည်မှန်းချက် သုံးရပ် ရှိရပါမယ်။


ပထမရည်မှန်းချက်ကတော့ economic sector တခုချင်းဆီမှာ ရှိနေတဲ့ skilled manpower ရှားပါးမှုကို ဖော်ထုတ်ပြီး၊ ဘာကြောင့်ရှားပါးတယ်ဆိုတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။


ဒုတိယရည်မှန်းချက်ကတော့ labour surplus ဖြစ်နေမှုတွေနဲ့ ဖြစ်ရခြင်းအကြောင်းရင်းတွေကို ဖော်ထုတ်ရပါမယ်။


တတိယရည်မှန်းချက်ကတော့ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုဆိုင်ရာ targets များကို သင့်လျော်တဲ့ expected growth rate ပေါ် မူတည်ပြီး ချမှတ်ရပါမယ်။


ဒီဆန်းစစ်ချက်ကို စနစ်တကျလုပ်ပြီးမှသာ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုဆိုင်ရာ မဟာဗျူဟာ တရပ်ကို ရေးဆွဲရပါမယ်။ ဒီမဟာဗျူဟာမှာ မျက်နှာစာ သုံးမျိုးပါဝင်ဖို့ လိုအပ်ပါတယ်။


ပထမတမျိုးက သင့်တော်တဲ့ incentives များပေးခြင်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လူတွေကို လိုအပ်တဲ့ နည်းပညာတွေ သင်ယူချင်စိတ်ရှိလာအောင် တွန်းအားပေးရမှာဖြစ်ပါတယ်။ နောက်တမျိုးကတော့ လုပ်ငန်းခွင် ၀န်ထမ်းတွေကို ထိရောက်စွာ ပြုလုပ်နိုင်မယ့် အရည်အချင်းမြှင့်တင်ရေး သင်တန်းများ ပေးခြင်းဖြစ်ပါတယ်။ နောက်ဆုံးတမျိုးကတော့ formal education ကို rational development ဖြစ်အောင် လုပ်ပေးခြင်းဖြစ်ပါတယ်။


ဒီမျက်နှာစာသုံးမျိုးလုံးဟာ တခုနဲ့တခု အပြန်အလှန်အမှီသဟဲ ပြုနေတာဖြစ်တဲ့အတွက် သုံးမျိုးစလုံးကို တပြိုင်နက်တည်း အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ တပြိုင်တည်းမှာပဲ formal education နဲ့ in-service training ကို ပေါင်းကူးပေးနိုင်အောင်လဲ ကြိုးပမ်းရမှာဖြစ်ပါတယ်။


လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုပြုလုပ်ရာမှာ အရေးကြီးဆုံးလိုအပ်ချက်တရပ်ဖြစ်တဲ့ education planning နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို နောက်ဆောင်းပါးများမှာ ဆက်လက်ဖော်ပြပေးပါမယ်။

ခင်မမမျိုး (၂၄၊ ၇၊ ၂၀၀၈)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP