Open Letter to the President of the United States of America for Free Aung San Suu Kyi
ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
Open Letter to the President of the United States of America for Free Aung San Suu Kyi
Saturday, May 16, 2009
Global Action for Burma: Free Aung San Suu Kyi
On 6th of May, an American citizen was detained by Burmese military regime after secretly swimming across Inya Lake, Rangoon to gain access to the Nobel Laureate’s House. According to the official Burmese media, he was identified as 53-year old former military serviceman John William Yettaw of Falcon, Missouri, USA. On 13th of May, American diplomat was allowed to meet with him. Although his motives for the alleged lake exploits remain unclear, it caused the Nobel Peace Prize winner, Aung San Suu Kyi to serve jail terms under the anti-subversion laws.
Aung San Suu Kyi has spent most of the past 19 years detained in virtual isolation in her crumbing compound since the junta refused to recognize her party’s landslide victory in the country’s last election in 1990. Her last period of detention at her home expires at the end of May. This expiration of six years of house arrest, without trail or charge or even figleaf of legal respectability, was to have yanked away from the generals.
Now, due to the uninvited access to her compound by American citizen, the military generals no longer need to trouble themselves with legal niceties and it has given them a ready-made reason to imprison the most prominent political prisoner up for at least another five years. It would perfectly play into the hands of the junta if the United States of America and international community do not stand up with the People of Burma who have been oppressed by the junta for several years.
Therefore, we call upon the international community and overseas Burmese people around the world to the global action for Free Aung San Suu Kyi. Demonstrations and a number of activities will take place in different countries. We would like to encourage everyone to join with us to show solidarity and unity.
“Add your voice to a call for Free Aung San Suu Kyi”
Independence Campaign
Global Action for Burma
www.globalactionforburma.blogspot.com
www.gab-burma.weebly.com
Please contact the following persons for detailed information.
Mr. Myo Thein (UK), Tel: +44 208 493 9137, Email: myothein19@gmail.com
Mr. Yin Aye (USA) , Tel: + 1 301 905 7591, Email: yindbso@gmail.com
Mr. Ko Ko Aung (Japan), Tel: + 81 090 1506 2893, Email: kokoaung_dfbjp@yahoo.com
Mr. Kyaw Than (India), Tel: +91 9810601506, Email: absl_india88@yahoo.com
Mr. Yin Htwe (Thailand), Email: yinhtway@gmail.com
Mr. Si Thu (Canada), Email: oneloveoneburma@gmail.com
Ms. Khin Ma Ma Myo (Scotland), Tel: +44 1224 524 077, Email: khinmamamyo@gmail.com
Ms. Nang Thida Aye, Email: ntda.dwg@gmail.com
Mr Sai Myo Win, Tel: +66 835 823 490, Email: ida0072@gmail.com
(Independence campaign is a results-oriented coalition dedicated to Free Aung San Suu Kyi campaign to share information about the activities. Please kindly contact Mr. Sai Myo Win (ida0072@gmail.com) and Ms. Nang Thida Aye (ntda.dwg@gmail) for campaigns update and campaigns information if your country is not listed in the above list.)
ပြည်တွင်းပြည်ပနိုင်ငံေ၇းအဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာချက်
စီးပွားရေးပိတ်ဆို့အရေးယူမှု အကြောင်း တစေ့တစောင်း
Friday, May 8, 2009
အခုတလော စီးပွားရေးပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်တဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ ဖိုရမ်တွေမှာ၊ မီဒီယာတွေမှာ၊ chat room တွေမှာ ငြင်းကြ၊ ခုန်ကြ၊ ရန်ဖြစ်ကြ၊ အမုန်းတွေပွားကြ၊ ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ လုံးဝမပတ်သက်တော့တဲ့ ကိုယ်ရေးကိုယ်တာတွေကို အမြစ်လှန် တူးဖော်ပြီး တယောက်နဲ့ တယောက်တိုက်ခိုက်ကြနဲ့ ဖြစ်နေပါတယ်။ တကယ်တော့ စီးပွားရေးပိတ်ဆို့အရေးယူမှုဆိုတဲ့ သဘောတရားဟာ နိုင်ငံတကာ အဆင့်ကနေ တဦးချင်း အဆင့်တွေ အထိ ပတ်သက်ဆက်နွယ်နေသလို၊ ကြည့်မြင်တဲ့ ရှုထောင့်ပေါ်မှာ မူတည်ပြီး အမြင်မျိုးစုံ ကွာခြားတာကြောင့် အဖြေမှန်တခုတည်း ရှိမှာ မဟုတ်ပါဘူး။ အခုဒီဆောင်းပါးမှာ စီးပွားရေး ပိတ်ဆို့အရေးယူမှု အခြေခံသဘောတရားနဲ့ ရည်ရွယ်ချက်တွေကို ရေးသားတင်ပြပါမယ်။
စီးပွားရေး ပိတ်ဆို့မှုဆိုရာဝယ်
အိမ်တအိမ်မှာ မိသားစုဝင်တဦးက တဦးချင်းကိုပဲဖြစ်ဖြစ်၊ အများစုကိုပဲ ဖြစ်ဖြစ် ထိခိုက်စေတဲ့ လုပ်ငန်းဆောင်တာတွေ ပြုလုပ်တဲ့အခါ မိသားစုအကြီးအကဲကပဲဖြစ်ဖြစ်၊ ကျန်တဲ့ မိသားစုဝင်တွေကပဲ ဖြစ်ဖြစ် ဒဏ်ခတ်အရေးယူမှု ပြုလုပ်ပါတယ်။ ဒီလိုပါပဲ။ ရပ်ရွာထဲမှာ နေထိုင်သူတယောက်ယောက်က ရပ်ရွာအကျိုးကို ထိခိုက်စေတဲ့ လုပ်ငန်းဆောင်တာတွေပဲဖြစ်ဖြစ်၊ ရပ်ရွာထဲက နေထိုင်သူ တယောက်ယောက်ကို ထိခိုက်စေတာပဲဖြစ်ဖြစ် ပြုလုပ်လာတဲ့အခါမှာ ဒီရပ်ရွာရဲ့ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုဆိုတာ ရှိလာပါတယ်။ လူ့အဖွဲ့အစည်းမှာ ဒါတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ အရာတွေပါပဲ။
အဲ- ဒီအခါမှာ လူအများရဲ့ အကျိုးစီးပွားကို နိုင်ငံတော်အဆင့်အနေနဲ့ ထိခိုက်လာပြီ ဆိုတဲ့အခါမှာကော ဆိုတဲ့မေးခွန်းက မေးစရာဖြစ်လာပါတယ်။ Realism ရှုထောင့်အနေနဲ့ ကြည့်မယ်ဆိုရင် နိုင်ငံတွေရဲ့ အထက်မှာ ဘယ်သူမှ မရှိပါဘူး။ ဒီတော့ နိုင်ငံတော်အဆင့်အနေနဲ့ လူအများရဲ့ အကျိုးစီးပွားကို ထိခိုက်မှုတွေ (ဥပမာ- မိမိနိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးတွေကို ပိတ်ပင် စော်ကားမှုတွေ၊ နိုင်ငံတော်အကြမ်းဖက်ပြုလုပ်တာတွေ၊ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေကို အားပေးဆောင်ရွက်တာတွေ၊ လူအများစု သေကြေပျက်စီးစေနိုင်မယ့် လက်နက်ခဲယမ်းထုတ်လုပ်မှုတွေ) ကို လုပ်ဆောင်လာတဲ့အခါ ဘယ်သူတွေက အရေးယူမှာလဲ ဆိုတာက စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒီအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေပေါ်လာတယ်။ နိုင်ငံတကာ ဥပဒေတွေ ပေါ်လာတယ်။ ဒီဥပဒေတွေကို တနိုင်ငံချင်းကပဲဖြစ်ဖြစ်၊ စုပေါင်းပြီးပဲ ဖြစ်ဖြစ် အသုံးပြုပြီး တရားဥပဒေ စိုးမိုးဖို့ ဆောင်ရွက်လာကြတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးတွေ ပေါ်လာတယ်။
လူတွေမှာ ကိုယ်ကျိုးစီးပွားအတွက် ဘက်လိုက်မှုဆိုတာ ရှိသလို နိုင်ငံတော်အဆင့်တွေမှာလဲ ကိုယ်ကျိုးစီးပွား ဘက်လိုက်မှုဆိုတာလေးတွေ ရှိတာအတွက်ကြောင့် နိုင်ငံတကာတရားဥပဒေတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ တရားရုံးတွေရဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မှုတွေမှာလဲ အားနည်းချက်လေးတွေကတော့ ရှိနေဆဲပါပဲ။ ဒါပေမယ့် ရပ်ရွာထဲမှာ တရားဥပေဒေ မရှိတာထက်စာရင်၊ ထိရောက်မှုနည်းပေမယ့်လဲ ရှိတာက ခံသာသလို၊ နိုင်ငံတော်အဆင့်တွေမှာလဲ အများပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ နိုင်ငံတွေနဲ့ အစိုးရတွေကို အရေးယူဒဏ်ခတ်မှု ရှိတာက ပိုမိုကောင်းမွန်တာကြောင့် နိုင်ငံတခုချင်းကပဲဖြစ်ဖြစ်၊ နိုင်ငံအများစုကပဲဖြစ်ဖြစ် ပြုလုပ်တဲ့ unilateral sanction, bilateral sanction, multilateral sanction တွေ ပေါ်ပေါက်လာပါတော့တယ်။ ဒီလို sanction တွေ လုပ်ကြတဲ့အခါမှာ သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေး စသဖြင့် အမျိုးမျိုး ရှိပါတယ်။ သံတမန်ရေးအရ အရေးယူမှုဆိုတာက သံတမန်ရေးရာ ဆက်နွယ်မှုတွေကို လျှော့ချတာ၊ ဒါမှမဟုတ် ဖယ်ရှားပစ်တာဖြစ်ပြီး၊ စစ်ရေးအရ အရေးယူမှုဆိုတာကတော့ စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကို ဆိုလိုတာဖြစ်ပါတယ်။ အခုဒီဆောင်းပါးမှာ စီးပွားရေး ပိတ်ဆို့မှု (economic sanction) ကို အဓိကထားပြီး ဖော်ပြပါမယ်။
စီးပွားရေး ပိတ်ဆို့မှုဆိုတာကို Routledge ဘောဂဗေဒ အဘိဓာန်ထဲမှာ နိုင်ငံတခုရဲ့ အခြေခံ နိုင်ငံရေးစနစ် (သို့မဟုတ်) ပေါ်လစီများကို ပြောင်းစေဖို့အတွက် အဲဒီနိုင်ငံအပေါ်မှာ အခြားနိုင်ငံတခုကဖြစ်စေ၊ နိုင်ငံအများစုကဖြစ်စေ ပြုလုပ်တဲ့ ကုန်သွယ်မှုအတားအဆီးများနဲ့ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်ခတ်အရေးယူမှုများလို့ အဓိပ္ပာယ်ဖွင့် ဆိုထားပါတယ်။ ဒီလိုစီးပွားရေးပိတ်ဆို့အရေးယူမှုကို နိုင်ငံခြားရေး မူဝါဒအနေနဲ့ အသုံးပြုခဲ့တာ အခုမှ မဟုတ်ပါဘူး။ ဘီစီ 5th century လောက်က အေသင်နိုင်ငံရဲ့ အကြီးအကဲဖြစ်တဲ့ Pericles က အေသင်ရဲ့ ရန်သူဖြစ်တဲ့ စပါတာတွေဘက်က ရပ်တည်ခဲ့တဲ့ Megra ဆိုတဲ့ မြို့ပြနိုင်ငံလေးကို ကုန်သွယ်မှုပိတ်ဆို့ဖို့ အေသင်အင်ပါယာတခုလုံးကို အမိန့်ပေးခဲ့ဖူးပါတယ်။ နောက်ပိုင်းကာလတွေမှာ ကမ္ဘာ့နိုင်ငံများအကြားက ဒီလိုပိတ်ဆို့အရေးယူမှုလေးတွေ ကြိုကြား ကြိုကြား ပေါ်ပေါက်ခဲ့ပေမယ့် နှစ်ဆယ်ရာစု ကနဦးပိုင်းကစပြီး၊ ကမ္ဘာ့နိုင်ငံရေးမှာ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတော့တယ်။ ဥပမာ- ၁၉၁၄- ၁၉၁၈ ကာလက ဗြိတိန်နိုင်ငံရဲ့ ဂျာမဏီနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ၊ Co- Com လို့ခေါ်တဲ့ နေတိုးအုပ်စုနဲ့ ဂျပန်ကနေ ဆိုဗီယက်ပြည်ထောင်စုအပေါ် ပိတ်ဆို့အရေးယူမှုတွေ၊ ကမ္ဘာ့ကုလသမဂ္ဂကနေ ၁၉၉၀- ၂၀၀၃ ကာလမှာ အီရတ်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ စတာတွေ ဖြစ်ပါတယ်။ ၁၉၆၅ ခု၊ စူးအက် အရေးမှာတုန်းကဆိုရင် အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ အစ္စရေးနိုင်ငံတို့ကိုပါ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ ရှိခဲ့ပါတယ်။
ဒီလိုစီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်တွေကလဲ အမျိုးမျိုးရှိပါတယ်။ ပစ်မှတ်နိုင်ငံက ပေါ်လစီတွေ ပြုပြင်ပြောင်းလဲဖို့ကနေ ပစ်မှတ်နိုင်ငံရဲ့ ခေါင်းဆောင်ပြောင်းလဲမှု၊ အစိုးရပြောင်းလဲမှု စတာတွေအထိ ရည်ရွယ်ချက် ပုံစံအမျိုးမျိုး ကွာခြားပါတယ်။ နိုင်ငံရေးပညာရှင် Barbour ကတော့ primary objective, secondary objective နဲ့ tertiary objective ဆိုပြီး အမျိုးအစား သုံးမျိုး ခွဲခြားဖော်ပြခဲ့ပါတယ်။ primary objective ကတော့ ပစ်မှတ်နိုင်ငံရဲ့ ပြုမူဆောင်ရွက်မှု၊ အုပ်ချုပ်ရေးနဲ့ ပေါ်လစီရေးရာ ပြောင်းလဲမှုတွေပါ။ ဥပမာဆိုရရင် အီရန်နိုင်ငံမှာ နယူးကလီးယားလက်နက်ထုတ်လုပ်ဖို့ကို တားဆီးဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ Rhodesia နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေး ရရှိလာဖို့အတွက် စီးပွားရေး ပိတ်ဆို့အရေးယူမှု စတာတွေဖြစ်ပါတယ်။
Secondary objective ကတော့ economic sanction ပြုလုပ်တဲ့ အစိုးရတွေအနေနဲ့ သူတို့ နိုင်ငံက ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု ကို ရရှိဖို့၊ credibility ရဖို့ ဖြစ်ပါတယ်။ Tertiary objective ကတော့ အပြည်ပြည်ဆိုင်ရာ အဆင့် တွေးခေါ်မှုတွေနဲ့ ဆိုင်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အဆင့်အတန်းမြှင့်တင်ရေး၊ နိုင်ငံတကာ ဥပဒေတွေရဲ့ အသုံးဝင်မှုကို ဖော်ဆောင်ရေး၊ နိုင်ငံကြီးတချို့ရဲ့ အတွေးအခေါ်၊ အယူအဆတွေကို ဖြန့်ဝေမှု စတာတွေအတွက်လဲ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုကို နိုင်ငံခြားရေး မူဝါဒ တခုအနေနဲ့ အသုံးပြုတတ်ကြပါတယ်။ ဥပမာဆိုရရင် Abyssinian crisis မှာတုန်းက League of Nations ရဲ့ အဆင့်ကို မြှင့်တင်ဖို့အတွက် စီးပွားရေးပိတ်ဆို့အရေးယူမှုကို foreign policy tool တခုအနေနဲ့ ဗြိတိန်နိုင်ငံက အသုံးပြုခဲ့တာတွေ၊ ကွန်မြူနစ်ဝါဒ western hemisphere မှာ ပျံ့နှံလာကို ရပ်တန့်ဖို့ အမေရိကန်က strategic tool တခုအနေနဲ့ အသုံးပြုခဲ့တာတွေ ဖြစ်ပါတယ်။
ဘယ်လိုရည်ရွယ်ချက်နဲ့ ပြုလုပ်တာပဲဖြစ်ဖြစ် ပြုလုပ်တဲ့ အလုပ်တိုင်းမှာ ရည်မှန်းချက်ပန်းတိုင် ကတော့ ရှိရမှာဖြစ်ပါတယ်။ ရေရာတိကျတဲ့ ရည်မှန်းချက်ပန်းတိုင်မရှိပဲ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေအတွက်၊ ရေရာတိကျတဲ့ ရည်မှန်းချက်ပန်းတိုင်မရှိပဲ ဘ၀ကို ကြုံသလို လျှောက်လှမ်းနေသူတွေအတွက်ကတော့ ဘယ်လောက်ပဲ ရည်ရွယ်ချက်တွေ ကောင်းနေနေ၊ ဘယ်လောက်ပဲ ဆန္ဒတွေ ကြီးမားနေနေ အောင်မြင်မှုဆိုတာနဲ့ အစဉ်အမြဲ ဝေးကွာနေမှာပါပဲ။ အခုဆိုရင် ကမ္ဘာတလွှားမှာ စီးပွားရေး ပိတ်ဆို့အရေးမှုတွေ ရာနဲ့ချီရှိခဲ့ပါပြီ။ တခုနဲ့တခု ချမှတ်ခဲ့တဲ့ ရည်မှန်းချက်ပန်းတိုင်တွေမတူညီပါဘူး။ ဒါနဲ့ပတ်သက်ပြီး ပညာရှင် Lindsay ဆိုသူက စီးပွားရေးပိတ်ဆို့မှု ရည်မှန်းချက်တွေနဲ့ ပတ်သက်တဲ့ framework of analysis ကို ရေးဆွဲဖော်ပြခဲ့ပါတယ်။
ပထမတချက်ကတော့ compliance ပါ။ ပစ်မှတ်နိုင်ငံကို အရေးယူမှုလုပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ နိုင်ငံတခုခုကပဲဖြစ်ဖြစ် လိုချင်တဲ့ အခြေအနေတရပ်ဆီကို ပြောင်းလဲပေးနိုင်ရေးအတွက် ရည်ရွယ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ် ဖော်ဆောင်မှုတွေအတွက် ဒီရည်မှန်းချက်ကို အသုံးပြုလေ့ရှိပါတယ်။ ဥပမာဆိုရင် တောင်အာဖရိကမှာ ဖြစ်ခဲ့တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုပါ။ တောင်အာဖရိကနဲ့ ပတ်သက်ပြီး တချို့က တောင်အာဖရိကမှာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုအတွက် ဒိုင်ယာလော့ခ်ပေါ်ပေါက်လာတာ မင်ဒဲလားတို့ဘက်က အစွန်းရောက်တဲ့ လုပ်ဆောင်မှုတွေကို စွန့်လွှတ်လိုက်လို့ လို့ ပြောဆိုကြပါတယ်။ တကယ်တော့ ဒိုင်ယာလော့ခ်ဖြစ်လာဖို့ဆိုတာ လက်ခုပ်နှစ်ဘက်တီးမှ မြည်တာပါ။ မင်ဒဲလ်လားက ဒိုင်ယာလော့ခ်လို့ ဘယ်လောက်ပဲအော်နေနေ၊ အဲဒီအချိန်က အုပ်ချုပ်ခဲ့တဲ့ တောင်အာဖရိက အစိုးရက လက်မခံခဲ့ဖူးဆိုရင် ဘာမှဖြစ်လာခဲ့မှာ မဟုတ်ဘူး။ ဒီလို တောင်အာဖရိကအစိုးရကို ဒိုင်ယာလော့ခ်အပေါ်မှာ စိတ်ဝင်စားလာအောင် အဓိက တွန်းအားပေးခဲ့တာကတော့ multilateral economic sanction ပဲဖြစ်ပါတယ်။
ရည်မှန်းချက်ပန်းတိုင် နောက်တမျိုးကတော့ subversion ဖြစ်ပါတယ်။ ပစ်မှတ်နိုင်ငံက ခေါင်းဆောင်အချို့၊ ဒါမှမဟုတ်ရင် အစိုးရအဖွဲ့တခုလုံးကို ဖယ်ရှားဖို့ ဖြစ်ပါတယ်။ ဥပမာဆိုရရင် ကျူးဘားနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုမှာ ကက်စထရိုကို သူ့အာဏာကနေ ဖယ်ရှားဖို့ ရည်မှန်းချက်ပါပါတယ်။ ဒီပန်းတိုင်အတွက်ဆိုရင်တော့ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတခုတည်းနဲ့ မလုံလောက်ပါဘူး။ စီးပွားရေးပိတ်ဆို့မှုဟာလဲ ထိရောက်ရမှာ ဖြစ်တဲ့အပြင်၊ အစိုးရခေါင်းဆောင်ကို ဖယ်ရှားဖို့၊ အစိုးရဖြုတ်ချဖို့ ရည်မှန်းထားတဲ့ ပစ်မှတ်နိုင်ငံက နိုင်ငံသူ၊ နိုင်ငံသားများရဲ့ စစ်ရေးစစ်မျက်နှာ၊ စီးပွားရေး စစ်မျက်နှာ၊ အတွေးအခေါ် စစ်မျက်နှာ၊ နိုင်ငံတကာ စစ်မျက်နှာစတဲ့ စစ်မျက်နှာမျိုးစုံ ဖွင့်လှစ်လုပ်ဆောင်နိုင်မှု အရည်အချင်းပေါ်မှာလဲ အများကြီး မူတည်ပါတယ်။ တချို့သော နိုင်ငံများရဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များမှာ ဒီလိုစစ်မျက်နှာပေါင်းစုံ ဖွင့်လှစ်နိုင်တဲ့ အရည်အချင်း မရှိပါဘူး။ နိုင်ငံတကာစစ်မျက်နှာအပေါ်မှာပဲ မှီခိုပြီး၊ နိုင်ငံတကာရဲ့ အရေးယူပေးမှုကိုသာ အားကိုးတကြီး စောင့်မျှော်တတ်လေ့ရှိတာကြောင့်၊ ဒီပန်းတိုင်နဲ့ ပတ်သက်တဲ့ ထိရောက်မှုကတော့ အားနည်းလေ့ရှိပါတယ်။
နောက်ထပ်ရည်မှန်းချက် တမျိုးကတော့ deterrence ပါ။ ပစ်မှတ်နိုင်ငံကို နောက်တခါ ဒီလိုပြစ်မှုမျိုးတွေ မကျူးလွန်စေဖို့ အရေးယူအပြစ်ပေးရင်း၊ တခြားနိုင်ငံတွေကိုပါ ဥပမာ အနေနဲ့ ပြလိုက်တာမျိုး ဖြစ်ပါတယ်။ ဥပမာ- အီတလီနိုင်ငံကို စီးပွားရေးပိတ်ဆို့ပြီး၊ ဗြိတိန်နိုင်ငံဟာ ဂျာမဏီနိုင်ငံရဲ့ aggression ကို ထိန်းချုပ်ချောက်လှန့်ခဲ့ဖူးပါတယ်။ နောက်ထပ်ရည်မှန်းချက်တခုကတော့ international symbolism ပါ။ ကမ္ဘာ့လူ့အဖွဲ့အစည်းကို ပစ်မှတ်နိုင်ငံရဲ့ ပြဿနာအခြေအနေများကို မီးမောင်းထိုးပြပေးတာ ဖြစ်ပါတယ်။ unilateral sanction ကနေ bilateral sanction၊ အဲဒီကနေ multilateral sanction အထိ တက်လှမ်းနိုင်ဖို့က ဒီ ရည်မှန်းချက်ကို ပြည့်မှီဖို့ လိုအပ်လှပါတယ်။ နောက်ထပ်ရည်မှန်းချက် တမျိုးကတော့ domestic symbolism ပါ။ အရေးယူမှုလုပ်တဲ့ နိုင်ငံရဲ့ အစိုးရက သူ့ရဲ့ ပြည်သူလူထုအကြားမှာ တရားမျှတမှုဘက်က ရပ်တည်တယ်၊ ကမ္ဘာ့ရေးရာတွေမှာ ကိုင်တွယ်ဖြေရှင်းနိုင်တယ် ဆိုတဲ့အနေနဲ့ popularity of government ကို ရယူတာဖြစ်ပါတယ်။ ဒါကြောင့်လဲ စီးပွားရေးပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်လို့ pro- sanction campaign ပဲဖြစ်ဖြစ်၊ anti-sanction campaign ပဲဖြစ်ဖြစ် လုပ်မယ့်လူတွေ၊ အဖွဲ့အစည်းတွေဟာ grass-root level activities တွေကို စနစ်တကျ အကောင်အထည်ဖော်ရမယ်လို့ ဆိုလိုတာပါ။ policy makers တွေကိုပဲ တိုက်ရိုက် lobby လုပ်ပြီး၊ grass-root activism အားနည်းတဲ့ဘက်က ရေရှည်မှာ မခံနိုင်ပဲ ရှုံးတတ်လေ့ရှိပါတယ်။ ဒီတော့ အခုလို ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်ပန်းတိုင်ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပေါ်နေတဲ့ စီးပွားရေး ပိတ်ဆို့မှုဟာ ထိရောက်မှု ရှိပါသလား ဆိုတာကို မေးစရာဖြစ်လာပါတယ်။
စီးပွားရေး ပိတ်ဆို့အရေးယူမှုဟာ ထိရောက်ပါသလား
စီးပွားရေး ပိတ်ဆို့အရေးယူမှုရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီးလေ့လာမှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အောင်မြင်မှုတွေလဲ ရှိခဲ့သလို၊ ရည်မှန်းချက်ပန်းတိုင် မပြည့်မှီပဲ ရုတ်သိမ်းလိုက်ရတာတွေလဲ ရှိပါတယ်။ ၁၉၉၇ ခုနှစ်က Robert Pape ဆိုတဲ့ ပညာရှင်တယောက်က ကမ္ဘာတ၀ှမ်းက စီးပွားရေး ပိတ်ဆို့မှု ဖြစ်ရပ် (၁၁၅) ခုကို လေ့လာပြီး၊ စီးပွားရေး ပိတ်ဆို့ အရေးယူမှုဟာ ထိရောက်သလား၊ မထိရောက်ဘူးလားဆိုတာကို လေ့လာခဲ့ဖူးပါတယ်။ ထိရောက်မှု ဆိုတဲ့ အပိုင်းကို သူက criteria သုံးခု ချမှတ်ပြီး တိုင်းတာပါတယ်။ ပထမတချက်က ပိတ်ဆို့အရေးယူမှုရဲ့ တောင်းဆိုချက်၊ ရည်မှန်းချက်တွေ ပြည့်မှီတာဖြစ်ပြီး၊ ဒုတိယတချက်က ပစ်မှတ်ရဲ့ ပြုမှုဆောင်ရွက်မှု ပြောင်းလဲခြင်း မရှိသေးခင်မှာ အရေးယူမှု စတင်ပြုလုပ်ခဲ့သလား ဆိုတာ ဖြစ်ပါတယ်။ တခါတရံမှာ ပစ်မှတ်က သူ့ဘာသာသူ ပြောင်းလဲမှုအပေါ်မှာ စီးပွားရေးပိတ်ဆို့မှုရဲ့ အရေးယူမှုကြောင့်လို့ ရောထွေးပြောတတ်ကြလို့ ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ တတိယအချက်ကတော့ ပစ်မှတ်ရဲ့ ပြောင်းလဲလာမှုတွေဟာ တခြားအကြောင်းအရာတွေကြောင့် မဟုတ်ပဲ၊ ပိတ်ဆို့အရေးယူမှုတခုတည်းကြောင့် ဟုတ်သလား ဆိုတဲ့ အချက်ပါ။ ဒီအချက် သုံးချက်နဲ့ ဖြစ်ရပ် (၁၁၅) ခုကို လေ့လာခဲ့ရာမှာ (၅) ခုပဲ ထိရောက်ခဲ့တာကို တွေ့ရှိရပါတယ်။
အခြားပညာရှင်တဦးဖြစ်တဲ့ Elizabeth Rogers ကတော့ စီးပွားရေးပိတ်ဆို့အရေးယူမှုဆိုတဲ့ သဘောတရားဟာ လူသားချင်းစာနာထောက်ထားမှုရှုထောင့်ကနေကြည့်ရင် အားနည်းချက်တွေ ရှိတဲ့အတွက် ပေါ်လစီချမှတ်သူများဘက်ကနေ ချမှတ်မှုတွေကိုသာ လူသိခံပြီး၊ အောင်မြင်မှုတွေကို ထုတ်ဖော်ပြောကြားခြင်း မရှိတဲ့အတွက် အနုတ်လက္ခဏာအဖြစ်သာ လူအများက သိတတ်လေ့ရှိကြောင်း ဆန်းစစ်ပြောကြားခဲ့ပါတယ်။ HSE လို့ အများက သိထားတဲ့ ပညာရှင်သုံးဦးဖြစ်တဲ့ Hafbauer, Scott, Elliot တို့ကလဲ စီးပွားရေးပိတ်ဆို့မှုဟာ ရည်မှန်းချက်ပန်းတိုင်ကို ပြည့်မှီဖို့ အကန့်အသတ်နဲ့ အသုံးဝင်မှုပဲရှိတာ မှန်ပေမယ့်၊ စီးပွားရေး ပိတ်ဆို့မှုဟာ လုံးဝ မထိရောက်တာတော့ မဟုတ်ဘူးလို့ အဆိုပြုကြပါတယ်။ သူတို့ရဲ့ ပိတ်ဆို့အရေးယူမှု ဖြစ်ရပ် (၁၁၅)ခု ဆန်းစစ်ချက်မှာတော့ ဖြစ်ရပ် (၄၀)မှာ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ဖော်ပြကြပါတယ်။ သူတို့ ဆန်းစစ်ချက်တွေဟာ အထက်မှာ ပြောခဲ့တဲ့ ပညာရှင် Pape ရဲ့ ဆန်းစစ်ချက်တွေနဲ့ တူတာတွေ ရှိပေမယ့်၊ Pape ဆိုထားခဲ့တဲ့ ပစ်မှတ်နိုင်ငံကို အရေးယူမှုမှာ စီးပွားရေးပိတ်ဆို့မှုနည်းလမ်းတခုတည်းကိုပဲ သုံးရမယ်ဆိုတဲ့ အချက်နဲ့တော့ မကိုက်ညီပါဘူး။ သူတို့ကတော့ စီးပွားရေးပိတ်ဆို့အရေးယူမှု ထိရောက်ဖို့အတွက် စစ်ရေးအရ အရေးယူမှုတွေ၊ တခြားသော သံတမန်ရေး အရေးယူမှုတွေပါ ပေါင်းစပ်ပြုလုပ်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
တချို့သော ပညာရှင်တွေကတော့ စစ်ရေးအရ အရေးယူမှုကသာ အထိရောက်ဆုံးနည်းလမ်း ဖြစ်တာအတွက်ကြောင့်၊ liberal alternative view to war ဖြစ်တဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုကို အချိန်ကုန်ခံ၊ ပြုလုပ်မနေပဲ military instruments တွေနဲ့သာ ဖြေရှင်းဖို့ အကြံပြုပြောဆိုကြပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ်၊ နိုင်ငံတခုချင်းစီအလိုက်ကပဲဖြစ်ဖြစ် ပစ်မှတ်နိုင်ငံအပေါ် အရေးယူနိုင်တဲ့ နည်းလမ်းများကို ထည့်သွင်းဖော်ပြပါမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ကတော့ ယေဘူယျအားဖြင့် ပစ်မှတ်နိုင်ငံတွေအပေါ်မှာ multilateral economic sanctions ချမှတ်ခြင်းနဲ့ military intervention ပြုလုပ်ဖို့ authorised လုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုရေးရာတွေမှာ အရေးပါတဲ့ UN Security Council ကိုယ်တိုင်မှာက log- rolling problem လို့ခေါ်တဲ့ ပြဿနာတရပ်ကို ရင်ဆိုင်နေရပါတယ်။ ဒီပြဿနာရဲ့ အရင်းခံကတော့ ဗွီတိုအာဏာကို ကျင့်သုံးနိုင်တဲ့ P5 ငါးနိုင်ငံပဲဖြစ်ပါတယ်။ crisis တခုဟာ ဒီနိုင်ငံငါးခုထဲက တနိုင်ငံနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံ အများစုနဲ့ပဲ ဖြစ်ဖြစ် ဆက်စပ်နေတဲ့အခါမှာ တခြားသော နိုင်ငံတခုကပဲဖြစ်ဖြစ်၊ နိုင်ငံများကပဲဖြစ်ဖြစ်၊ ထောက်ခံမှုမပေးတာ၊ ဗွီတိုအာဏာ ကျင့်သုံးတာတွေ ဖြစ်ပါတယ်။ ဒီပြဿနာကို ကျော်လွှားနိုင်ဖို့ ဆိုတာက အတော်ပဲ ခဲယဉ်းလှသလို၊ UN security council ရဲ့ ခွင့်ပြုချက်မရပဲ နိုင်ငံတခုကနေ တခြားနိုင်ငံတခုကို လူသားချင်းစာနာလို့ပဲပြောပြော၊ ဘာပဲပြောနေနေ စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုပြုလုပ်ပေးနိုင်ဖို့ ဆိုတာက ခဲယဉ်းလှတာကြောင့်၊ နိုင်ငံတွေအနေနဲ့က တခြားနိုင်ငံတခုအပေါ် အရေးယူမှု လုပ်တဲ့အခါမှာ ထိရောက်မှု အားနည်းတဲ့ economic sanction ကိုပဲ ပြုလုပ်နိုင်ကြတာ များပါတယ်။
ယေဘူယျအားဖြင့်ဆိုရင် နိုင်ငံတခုချင်းအလိုက် တခြားနိုင်ငံတခုကို အရေးယူမှု လုပ်တဲ့အခါမှာ foreign policy tools တွေအနေနဲ့ သုံးနိုင်တာတွေကတော့
(၁) no action (ဘာမှမဆိုင်တဲ့ အနေနဲ့ ရှောင်ဖယ်နေခြင်း)
(၂) Diplomatic measures- Economic sanctions (သံတမန်နည်းလမ်းများ၊ စီးပွားရေး ပိတ်ဆို့အရေးယူမှု)
(၃) Limited Bombings (အကန့်အသတ်ဖြင့် ဗုံးချဲမှု)
(၄) Unconventional Warfare (လက်နက်ကိုင်တော်လှန်ရေးများတွင် ကူညီပံ့ပိုးမှု)
(၅) Peacekeeping operations (ငြိမ်းချမ်းရေးတပ်ဖွဲ့များ စေလွှတ်မှု)
(၆) Total War (အလုံးစုံစစ်ပွဲဆင်နွှဲမှု) တို့ပဲ ဖြစ်ပါတယ်။
၂၁ ရာစုရဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ နိုင်ငံအများစု အနေနဲ့ တခြားနိုင်ငံရေးရာနဲ့ ပတ်သက်ရင် ပြည်တွင်းရေး ၀င်မစွက်ဖက်ဘူးဆိုပြီး ရှောင်ဖယ်နေတာ၊ဒါမှမဟုတ်ရင်လဲ စီးပွားရေး ပိတ်ဆို့ အရေးယူမှုလုပ်တာ တွေလောက်ကိုပဲ အများဆုံး လုပ်နိုင်လာပါတော့တယ်။ ဒါကြောင့်လဲ စီးပွားရေး ပိတ်ဆို့မှုဟာ ထိရောက်မှု အားနည်းပေမယ့်လဲ၊ ဒါကိုပဲ အရေးယူဖို့ စဉ်းစားမယ်ဆိုရင် ဒါကိုပဲ ရွေးစရာရှိတာမို့ လုပ်နေကြတာပဲ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ထိရောက်မှု အားနည်းစေတဲ့ အချက်များကို ဆက်လက်တင်ပြပါမယ်။
စီးပွားရေး ပိတ်ဆို့အရေးယူမှုရဲ့ အားနည်းချက်များ
စီးပွားရေး ပိတ်ဆို့အရေးယူမှုရဲ့ ပထမဆုံးသော အားနည်းချက်ကတော့ ဒီအပေါ်မှာထားတဲ့ မျှော်လင့်ချက်ကြီးမားမှု ပြဿနာဖြစ်ပါတယ်။ နိုင်ငံတခုအပေါ်မှာ ပိတ်ဆို့အရေးယူမှုလုပ်လိုက်တာနဲ့ ဒီလိုအရေးယူမှုအပေါ်မှာ အောင်မြင်တော့မှာပဲ ဆိုတဲ့ မျှော်လင့်ချက်ကြီးပါ။ အထူးသဖြင့် အာဏာရှင်နိုင်ငံတွေက အစိုးရတွေကို ဖြုတ်ချဖို့ ကြိုးစားကြတဲ့ အတိုက်အခံတွေနဲ့ ပြည်သူလူထုတွေဖြစ်ပါတယ်။ တချို့သော နိုင်ငံတွေမှာဆိုရင် နိုင်ငံရေးအသိပညာ အားနည်းမှုကြောင့် စီးပွားရေးပိတ်ဆို့အရေးယူမှုဆိုတာကြီးကို မှော်လက်နက်ကြီးလို့ ထင်တတ်ကြပါတယ်။ တခြားလိုအပ်တဲ့ စစ်မျက်နှာတွေမှာ ဖြည့်ဆည်းကြိုးပမ်းမှုတွေ မရှိတော့ပဲ unilateral sanction ဖြစ်အောင် အာရုံစိုက်ကြိုးပမ်း၊ အဲဒီကနေ multilateral sanction ကြီး ဖြစ်တော့မှာပဲဆိုပြီး မျှော်လင့်ချက်တွေထား၊ အဲဒီမှာတင် UN Security Council ရဲ့ log-rolling problem နဲ့သွားတွေ့၊ တလိမ့်ခေါက်ခွေးပြန်ပြုတ်ကျ၊ တခြားစစ်မျက်နှာမှာလဲ ဖြည့်ဆည်းထားတာတွေ မရှိတော့ ဒါကြီးကိုပဲ အာရုံပြန်စိုက်၊ multilateral sanction မဟုတ်တဲ့အတွက် ထိရောက်မှုကလဲအားနည်း၊ စီးပွားရေးပိတ်ဆို့မှုရုတ်သိမ်းဖို့ အော်သူတွေကလဲ ပေါ်လာနဲ့ နောက်ဆုံးတော့ ရှိပြီးသား unilateral sanction လေး ပျောက်သွားမှာစိုးလို့ ကျားကုတ်ကျားခဲ လိုက်ဆွဲသူတွေကဆွဲ၊ မဆွဲသူတွေကလဲ “sanction လေးပဲအားကိုးစရာရှိတာ၊ ဒါလေးပျောက်သွားရင်တော့ ဒီတသက် မနိုင်တော့ပါဘူး” ဆိုပြီး စိတ်ဓာတ်တွေကျကြ၊ နိုင်ငံတကာ တာဝန်ရှိသူတွေနဲ့ စကားပြောဆိုတဲ့အခါမှာ “ထိရောက်တယ်ပြောရတာကလဲအခက်၊ မထိရောက်ဘူးပြောရရင်ကလဲ အခက်”မို့ မသိပါဘူးဆိုပြီး ဆင်ဝှေ့ရန်ရှောင် လုပ်ကြရနဲ့ လုံးချာလည်လိုက်ကုန်တော့တာပါပဲ။ ဒါကတော့ ကနဦးပိုင်းမှာကတည်းက စီးပွားရေးပိတ်ဆို့မှုနဲ့ နိုင်ငံတကာအရေးယူမှုဆိုတာကို မှော်လက်နက်ကြီးတခုလို ယုံကြည်အားကိုးလိုက်ကြတဲ့ strategic failure ရလာဒ်ပါ။ အဆန်းတကျယ်တော့ မဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိပါတယ်။
ပညာရှင် Rarick ဆိုသူက စီးပွားရေးပိတ်ဆို့မှု ထိရောက်ဖို့ လိုအပ်တဲ့ Prerequisites (၆) ရပ်ကို ထောက်ပြခဲ့ပါတယ်။ ဒီခြောက်ရပ်ကတော့ စီးပွားရေး ပိတ်ဆို့အရေးယူမှုမှာ modest policy ကိုသာ ချမှတ်ရပါမယ်။ ကုန်သွယ်ရေးပိတ်ဆို့မှုနည်းလမ်းတွေရော၊ ဘဏ္ဍာရေးပိတ်ဆို့မှုနည်းလမ်းတွေကိုပါ တပြိုင်တည်းပြုလုပ်ရပါမယ်။ ပိတ်ဆို့ခံရတဲ့ တိုင်းပြည်ဟာ တခြားသော တတိယနိုင်ငံတွေ၊ အဖွဲ့တွေဆီက ထောက်ပံ့မှုမရရပါဘူး။ ပိတ်ဆို့မှုပြုလုပ်တဲ့ နိုင်ငံဟာ ပိတ်ဆို့ခံရတဲ့ နိုင်ငံထက် စီးပွားရေးအဆောက်အအုံ ပိုကြီးရပါမယ်။ ပိတ်ဆို့မှု ပြုလုပ်တဲ့အခါမှာ နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ ပိတ်ဆို့ခံရတဲ့ တိုင်းပြည်ဟာ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အားနည်းတဲ့ တိုင်းပြည်ဖြစ်ရပါမယ်။ ဒီအချက် (၆)ရပ်လုံးနဲ့ မကိုက်ညီပဲ ပြုလုပ်တဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှု တွေဟာ ထိရောက်ဖို့ မလွယ်ကူပါဘူး။
နောက်ထပ်အားနည်းချက်တခုကတော့ စီးပွားရေးပိတ်ဆို့အရေးယူမှုဆိုတဲ့ သဘောတရားကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီသဘောတရားဟာ အကြောင်းအရာမျိုးစုံ၊ ရှူထောင့်မျိုးစုံနဲ့ ပတ်သက်ဆက်စပ်ပါတယ်။ ဒီတော့ စီးပွားရေးအရေးယူ ပိတ်ဆို့မှုဆိုတာကို ရှုထောင့်မျိုးစုံကကြည့်ပြီး၊ ကွဲပြားခြားနားတဲ့ အမြင်တွေကလဲ ပေါ်ပေါက်လာတော့တာပါပဲ။ ဒါတွေဟာ တနိုင်ငံတည်းမှာ၊ တချိန်တည်းမှာ ဖြစ်ပျက်နေတာတွေ မဟုတ်ပါဘူး။ နိုင်ငံပေါင်းများစွာမှာ၊ ဖြစ်ရပ်ပေါင်းများစွာမှာ၊ နှစ်ပေါင်းများစွာမှာ၊ လမ်းဘေးစကားဝိုင်းတွေကနေ တက္ကသိုလ် ဆက်မီနာတွေ၊ ပါလီမန်တွေ၊ နိုင်ငံတကာ အစည်းအဝေးခန်းမတွေအထိ နေရာများစွာမှာ ကိုယ်မြင်ရာ အမြင်တွေကို အသွင်သဏ္ဍာန်မျိုးစုံနဲ့ ဖော်ထုတ်ခဲ့ကြ၊ ဖော်ထုတ်နေဆဲ၊ ဆက်လက်ပြီးတော့လဲ ဆွေးနွေးနေကြရင်း၊ အဖြေခက်တဲ့ ပုစ္ဆာ တပုဒ်ကို နည်းပေါင်းစုံနဲ့ ရှင်းလင်းနေကြဦးမှာပါပဲ။ ဒီတော့ ဒီလို မတူညီတဲ့ ရှုထောင့်တွေကြားမှာ ဘာတွေလုပ်ဖို့ လိုအပ်သလဲ ဆိုတာ မေးစရာ ရှိလာပါတယ်။
မတူညီတဲ့ ရှုထောင့်တွေကြားကနေ ဘာတွေ လုပ်သင့်ကြသလဲ
ဒီသဘောတရားကို မဟာဗျူဟာ ရှုထောင့်၊ နိုင်ငံခြားရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ စီးပွားရေးပိတ်ဆို့အရေးယူမှုဟာ ထိရောက်မှု အားနည်းတာ မှန်ပေမယ့် အာဏာရှင်အစိုးရတွေရဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေကို နိုင်ငံတကာက လက်မခံဘူးဆိုတဲ့ သတင်းစကားကို ပေးပါတယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းလိုက်မယ်ဆိုရင် အာဏာရှင်အစိုးရတွေအတွက် ပြည်သူလူထုကို ပိုမိုဖိနှိပ်ချုပ်ချယ်ဖို့ အခွင့်အလမ်းရသွားပါတယ်။ အတိုက်အခံတွေဘက်က နိုင်ငံတကာက အကူအညီပေးနေတယ်။ လာပေးဦးမှာ။ စောင့်နေဆိုတဲ့ အလွန်အကျွံသတင်းစကားကို ပြည်သူလူထုဆီကို ပေးခဲ့ဖူးတယ်ဆိုရင်တော့ အခြေအနေက ပိုဆိုးတတ်ပါတယ်။ ပြည်သူလူထုဟာ အတိုက်အခံတွေအပေါ်မှာရော၊ နိုင်ငံတကာအပေါ်မှာပါ ယုံကြည်မှုနည်းသွားပြီး၊ အာဏာရှင်ရဲ့ ပုံစံခွက်ထဲကနေ ထွက်ဖို့ မကြိုးစားတော့ပဲ ဖြစ်သွားတတ်တာမျိုးပါ။ ဒီလိုဆိုရင်တော့ သန်းနဲ့ ချီ၊ သိန်းနဲ့ချီတဲ့ ပြည်သူတွေအားလုံးရဲ့ ဘ၀နောင်ရေးတွေဟာ ရင်လေးစရာဖြစ်လာမှာ အသေအချာပါပဲ။ ဒါကြောင့် မဟာဗျူဟာရှုထောင့်က ကြည့်သူတွေအနေနဲ့ တဘက်ကနေ unilateral sanction ကို ကျားကန်ထိန်းထားဖို့လိုသလို၊ နိုင်ငံတကာ စစ်မျက်နှာမှာပဲ ပုံအပ်ကိုးကွယ်ထားတဲ့ ပေါ်လစီတွေ၊ ဗျူဟာတွေကို ပြောင်းလဲ ရေးဆွဲသင့်ပါတယ်။ တော်လှန်ရေးတခုမှာ လိုအပ်တဲ့ စစ်မျက်နှာတွေအားလုံးကို ဟန်ချက်ညီအောင် ကြိုးစားဖို့လိုအပ်ပါတယ်။ြ
ပည်သူလူထုကိုလဲ လွဲမှားပြီး မဖြစ်နိုင်မယ့် သတင်းစကားတွေ ထပ်တလဲလဲပြောလို့ ဖုန်းကွယ်လိမ်ညာနေမယ့်အစား၊ အမှန်တရားကို ပြောပြရင်း “ မတရားမှုကို ချုပ်ငြိမ်းနိုင်မယ့် အင်အားဟာ ကိုယ်တိုင်ဆီမှာပဲရှိတယ်။ ကယ်တင်ရှင်မမျှော်နဲ့။ ခေါင်းဆောင်မမျှော်နဲ့။ ကိုယ်သာ ကယ်တင်ရှင်ဖြစ်အောင်လုပ်၊ ကိုယ့်ဘာသာ ကိုယ်ဦးဆောင်ဆိုတဲ့” အခြေအနေမှန်ကို မီးမောင်းထိုးပြလိုက်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာတလွှားမှာ လူထုအားကြောင့်၊ ပြုတ်ကျခဲ့ရတဲ့ အာဏာရှင်တွေအများကြီးပါ။ အရေးပေါ်လာတဲ့ အချိန်တွေမှာမှ ပေါ်ထွက်လာတဲ့ ခေါင်းဆောင်ကောင်းတွေကလဲ အများကြီးပါ။ ထာဝရခေါင်းဆောင်ဆိုတာ မရှိပါဘူး။ ဒီနေ့ခေါင်းဆောင်ဟာလဲ နက်ဖြန်အတွက် ခေါင်းဆောင်ကောင်း ဖြစ်ချင်မှ ဖြစ်လာတတ်ပါတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ၊ စောင့်မျှော်မှုတွေ၊ ဦးဆောင်နိုင်တာ မဟုတ်ပဲ ထာဝရခေါင်းဆောင် လုပ်နေတာတွေနဲ့ကတော့ အချိန်တွေ တစတစ ကုန်သွားရုံကလွဲလို့ တခြားဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
အခြားတဘက်ကနေ ဖွံ့ဖြိုးတိုးတက်ရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ စီးပွားရေးပိတ်ဆို့မှု ဆိုတဲ့ သဘောတရားရဲ့ နောက်ကွယ်မှာ spillover effects တွေ ရှိပါတယ်။ အထူးသဖြင့် multilateral sanctions တွေမှာ ပစ်မှတ်ထားတဲ့ အစိုးရအကြီးအကဲများကိုသာမကပဲ ပြည်သူလူထုကိုပါ ထိခိုက်သွားတာတွေ ရှိပါတယ်။ Unilateral sanction / Bilateral sanction တွေမှာကျတော့ ကုန်သွယ်ရေး ပိတ်ဆို့မှုရော၊ ဘဏ္ဍာရေးပိတ်ဆို့မှုရော ပြုလုပ်ဖို့ဆိုတာ နိုင်ငံအနည်းအကျဉ်းကပဲ လုပ်နိုင်တာကြောင့် ပြည်သူလူထုကို ထိခိုက်မှုနည်းပါတယ်။ တခြားသော တတိယနိုင်ငံတွေရဲ့ အကူအညီက အလျင်အမြန် အစားထိုးသွားတာကြောင့် စီးပွားရေး ပိတ်ဆို့မှုကြောင့် ဖြစ်ရတဲ့ spillover effects တွေက မရှိသလောက် ရှားပါးပါတယ်။ အာဏာရှင် တိုင်းပြည်အများစုမှာကတော့ ပြည်သူလူထုတွေ ဆင်းရဲငတ်မွတ်ရတာ၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးရတာတွေက စီးပွားရေးပိတ်ဆို့အရေးယူမှုထက်စာရင် တိုင်းပြည်ရဲ့ စီးပွားရေးပေါ်လစီ ညံ့ဖျင်းမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ စီးပွားရေးအဆောက်အအုံကို အာဏာရှင်နဲ့ အာဏာရှင် အသိုင်းအ၀ိုင်းတွေကသာ ကြိုးကိုင်ခြယ်လှယ်မှုတွေကြောင့် ဖြစ်တာ များပါတယ်။ စီးပွားရေး ပိတ်ဆို့မှု စတင်တဲ့ အချိန်နဲ့ တခြားတတိယနိုင်ငံက အစားထိုးဝင်ရောက်မှု အချိန်ကြားက ကွာဟမှုတွေကြောင့် အဲဒီအချိန်နှစ်ခုကြားမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ လူဦးရေ အနည်းအကျဉ်းကတော့ ရှိပါလိမ့်မယ်။ ဒီအတွက် ကိုယ်ချင်းစာတယ်၊ ဒီလို ထိခိုက်မှုကြောင့် စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းဖို့ လိုအပ်တယ်လို့ ထင်သူတွေလဲ ရှိပါတယ်။ စီးပွားရေး ပိတ်ဆို့မှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ထိခိုက်တယ်လို့ မြင်သူတွေလဲ ရှိတတ်ပါတယ်။ သူ့ရှုထောင့်နဲ့ သူတော့ မှန်နေတာပါပဲ။ ဒါကြောင့် ဒီအမြင် ရှိသူတွေအနေနဲ့ကလဲ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းလိုက်တဲ့အခါမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုကြောင့် ထောင်နဲ့ ချီတဲ့ လူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရလာနိုင်သလို၊ အာဏာရှင်တွေအတွက် ပြည်သူလူထုကို ပိုမိုဖိနှိပ်ချုပ်ချယ်နိုင်တဲ့ အခွင့်အလမ်းသစ်တွေ ရရှိသွားမယ်ဆိုတဲ့ အမှန်တရားတခုကို လက်ခံရင်း၊ အာဏာရှင်တွေ လက်ထဲရောက်နေတတ်တဲ့ စီးပွားရေးအခွင့်အလမ်းတွေကို လူထုအကျိုးအတွက် ဖြစ်အောင် ဘယ်လို divert လုပ်မလဲ၊ ပိတ်ဆို့မှုဖွင့်လိုက်လို့ ပိတ်ဆို့ခဲ့ဖူးတဲ့ နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ စတင်ဝင်ရောက်လာတဲ့အခါ ပိတ်ဆို့ထားစဉ်မှာတုန်းက ၀င်ရောက်လုပ်ကိုင်နေတဲ့ တတိယနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ conflicts of interests ဖြစ်ရာက ဆက်နွယ်လာမယ့် ဆိုးကျိုးတွေကို ဘယ်လိုရှင်းမလဲ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ်မှာ ကန့်သတ်ချက်တွေရှိနေတဲ့ အာဏာရှင်အစိုးရတွေရဲ့ ဥပဒေတွေကို ပြောင်းလဲယူနိုင်တဲ့ အရည်အချင်းနဲ့ ပါဝါ ကိုယ့်မှာ ဘယ်လောက်ရှိသလဲ၊ Cross- Border acquisitions တွေကို ဘယ်လိုကိုင်တွယ်မလဲ။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်နေတဲ့ ဒီခေတ်ကာလကြီးမှာ ကမ္ဘာ့ဘဏ္ဍာရေးနဲ့ ဆက်စပ်ပေါ်လာမယ့် Economic Exposure, Transaction Exposure, Translation Exposure စတဲ့ Foreign Exchange Exposures တွေကို စီမံခန့်ခွဲဖို့ကော ကိုယ့်စီးပွားရေးအဆောက်အအုံနဲ့ ဘဏ္ဍာရေးစနစ်က အဆင်သင့် ဖြစ်နေသလား ဆိုတာတွေကို ပြန်လည်သုံးသပ်ပြီး လိုအပ်တာတွေ ဖြည့်ဆည်း၊ သင့်လျော်တာတွေ လုပ်ဖို့ လိုအပ်လှပါတယ်။ နိုင်ငံ့ ရေးရာ ကိစ္စတွေမို့ စာတစောင်၊ ပေတဖွဲ့နဲ့တော့ ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး။ စီးပွားရေး ပေါ်လစီ စာတမ်း မဟုတ်တဲ့ အတွက် အသေးစိတ်မရေးလိုတော့ပါဘူး။
ဒါကြောင့် နိဂုံးချုပ်ဆိုရရင် မျက်နှာချင်းဆိုင်ထိုင်ပြီး “ကကြီးပါ”၊ ”ယ ပက်လက်ပါ”၊ “ ဒ ဒွေးပါ”၊ “င် ငသတ်ပါ” နဲ့ ငြင်းခုန်မှုတွေ လုပ်နေကြတာထက်စာရင် ကိုယ်ကြည့်တဲ့ ရှုထောင့်၊ ကိုယ်ယုံကြည်တဲ့ ယုံကြည်ချက်အပေါ်မှာ အခြေတည်ပြီး၊ ကိုယ့်လမ်းနဲ့ကိုယ် ထိရောက်အောင်လုပ်နိုင်တာတွေ ပြုလုပ်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။ အရေးကြီးတာကတော့ capability ပဲဖြစ်ပါတယ်။ နိုင်ငံတွေရဲ့ နိုင်ငံခြားရေးမူဝါဒတွေ၊ အမျိုးသားလုံခြုံရေး မူဝါဒတွေမှာပဲဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းကြီးတွေမှာပဲဖြစ်ဖြစ် တခြားနိုင်ငံ (သို့) ပြိုင်ဘက်လုပ်ငန်းကြီးတွေကို လေ့လာသုံးသပ်တဲ့အခါ vision တွေ၊ intent တွေဆိုတာထက် capability ဆိုတဲ့ လုပ်ဆောင်နိုင်ရည်စွမ်းကို အဓိကထားပြီး အကဲဖြတ်ရပါတယ်။ ဗိုက်ဆာရင် မုန့်စားမယ်လို့ ကြော်ငြာကပ်ထားပေမယ့်၊ ဆာလာတဲ့ အချိန်မှာ ပိုက်ဆံမရှိရင် မစားနိုင်ပဲ၊ ပိုက်ဆံရှိနေတယ်ဆိုရင်တော့ ကြေငြာစရာတောင်မလိုပဲ ဆာလာတဲ့အချိန်မှာ ကောက်ပြီး ၀ယ်စားလိုက်နိုင်တာမျိုးကို ဆိုလိုတာပါ။ vision တွေကို ထုတ်ပြန်ကြေငြာချက်တွေ ထုတ်ပြီး ဘယ်လောက်ပဲ ကြေငြာထား၊ ကြေငြာထား၊ intent တွေကို တကမ္ဘာလုံးကြားအောင် ဘယ်လောက်အော်ပြောအော်ပြော၊ နောက်ဆုံးတော့လဲ capability မရှိရင် ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ capability ရှိတယ်ဆိုရင်တော့ ကောက်ခါငင်ခါ ပေါ်လာတဲ့ vision, intent တွေကို ချက်ချင်းအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ပြောတဲ့ intent တွေ ဖြစ်လာဖို့၊ capability ဘယ်လိုရှိလာအောင်လုပ်မလဲဆိုတာကိုသာ စဉ်းစားသုံးသပ်ရင်း၊ အချိန်ကို အကျိုးရှိစွာ သုံးသင့်ကြပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
ခင်မမမျိုး (၇၊ ၅၊ ၂၀၀၉)
(စာရေးသူသည် ဗြိတိန်နိုင်ငံ၊ Aberdeen တက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ နိုင်ငံရေးဘောဂဗေဒအထူးပြု ဘောဂဗေဒ မဟာဝိဇ္ဖာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေးပညာ မဟာသိပ္ပံဘွဲ့များ ရရှိထားပြီး၊ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုနှိမ်နင်းရေး၊ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ လေ့လာသူ သုတေသီတဦး ဖြစ်ပါသည်)
ရည်ညွှန်းကိုးကား
Barber, J. (1979) ' Economic sanction as a policy instrument', International Affairs, 55 (3)
Elliot, K. (1998) ' The sanction glass half full of empty', International Security, 23 (1)
Hufbauer, G., Scott, J. & Elliot, K. (2007) Economic sanction reconsidered: History and current policy, 3rd edition
Lindsay, J. (1998) ' Trade sanctions as policy instrument'. International Quarterly, 30 (2)
Mack, G.& Khan A. (2000) 'The efficacy of UN sanctions', Security Dialogue, 31 (3)
Pape, R. (1998) 'Why economic sanctions still do not work?', International Security, 23 (1)
Pape, R. (1997) ' Why economic sanctions don't work?', International Security, 22 (2)
Rogers, E. (1996) ' Using economic sanctions to control regional conflicts'. Security Studies, 5 (4)
Rarick, C. (2006) 'Destroying a Country in order to save it: The Folly of Economic sanctions against Myanmar', Economic Affairs, 26 (2)
Schreiber, A. (1973 ) 'Economic coercion: an instrument of Foreign Policy', World Politics, Vol. 25
National Security and sub-Saharan States
Monday, May 4, 2009
Freedom Journal (April, 2009)
COIN အကြောင်း တစေ့တစောင်း
Wednesday, April 29, 2009
ညနေက အာဖဂန်စစ်မျက်နှာကနေ ပြန်လာတဲ့ သူငယ်ချင်း မတ်ခ်နဲ့ စားသောက်ဆိုင်တခုမှာ dinner အတူစားဖြစ်ခဲ့ပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့အတွက် စကားတွေ တော်တော်များများ ပြောဖြစ်ခဲ့ကြပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အစုံအလင်ပါပဲ။ စစ်ပွဲက ပြန်လာသူတယောက်နဲ့ ဆုံတွေ့ရင် စစ်ပွဲစကားတွေဟာ ပြောဖြစ်ကြစမြဲမို့ မတ်ခ်တို့ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ အာဖဂန်တောင်ပိုင်း အခြေစိုက် တာလီဘန်တွေအကြောင်း ပြောဖြစ်ကြပါတယ်။
အာဖဂန်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ တာလီဘန်တွေဟာ ဒေသခံ ဘိန်းစိုက်တောင်သူ လယ်သမားတွေနဲ့ သဘောတူညီမှုယူပြီး လှုပ်ရှားနေတာကြောင့် အာဖဂန်သမ္မတ Karsai ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ နိုင်ငံတကာ တပ်ပေါင်းစုတွေအတွက် ချေမှုန်းဖို့ ခက်ခဲတဲ့အကြောင်းတွေ မတ်ခ်က ပြောပြပါတယ်။ သူတို့ကို ချေမှုန်းရေးက တနည်းပဲရှိတယ်။ တာလီဘန်အုပ်စုနဲ့ ဒီတောင်သူလယ်သမားတွေကို ခွဲထုတ်ပစ်ရမယ်။ ဒီနေရာမှာ ခက်နေတာက ဘိန်းစိုက်တောင်သူတွေဟာ ဘိန်းစိုက်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေတာဖြစ်တဲ့အတွက်၊ သူတို့အတွက် တခြား livelihood မလုပ်ပေးနိုင်မချင်း၊ အောင်မြင်နိုင်တဲ့ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးမှုအပေါ် ဒေသခံတွေ စိတ်ပါဝင်စားလာအောင် မဆွဲဆောင်နိုင်မချင်း၊ လူထုနဲ့ ခွဲထုတ်ချေမှုန်းရမယ်ဆိုတဲ့ နည်းဗျူဟာကို သုံးလို့ မရသေးကြောင်း ဆွေးနွေးပြောဆိုဖြစ်ကြတယ်။ ဒီလိုပြောကြရင်း စစ်မဟာဗျူဟာလေ့လာရေး ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေမှာပဲဖြစ်ဖြစ်၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းတွေမှာပဲဖြစ်ဖြစ်၊ အရေးကြီး သင်ရိုးညွှန်းတမ်းအဖြစ် ပြဌာန်းလေ့ရှိတဲ့ စစ်သုံးစကားအနေနဲ့ဆိုရင် COIN လို့ခေါ်တဲ့ အကြောင်းအရာအကြောင်း ဆက်ပြောဖြစ်ကြပါတယ်။
COIN ဆိုတာက Counterinsurgency ကို အတိုကောက်ခေါ်တဲ့ စကားဖြစ်ပါတယ်။ counterinsurgency ဆိုတာက insurgency ဆိုတဲ့ ပုန်ကန်ခြားနားမှု ကို တုန့်ပြန်မှုဖြစ်ပါတယ်။ ၂၀ရာစုကာလတလျှောက် ကမ္ဘာတ၀ှမ်းမှာ အတွေးအခေါ်၊ အယူအဆအပေါ် အခြေခံလို့ပဲဖြစ်ဖြစ်၊ ပြည်ပကျူးကျော်မှုကို တွန်းလှန်မှုအပေါ် အခြေခံလို့ပဲဖြစ်ဖြစ်၊ မတရားဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်ဖို့ပဲဖြစ်ဖြစ် ပုန်ကန်မှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာစကားမှာ အဓိပ္ပာယ်မှားယွင်းနေတဲ့ စကားတခုရှိပါတယ်။ “သူခိုးကြီးရင် ဓားပြ၊ ဓားပြကြီးရင်သူပုန်” ဆိုတဲ့စကားပါ။ ဒါက ပုန်ကန်ခြားနားသူတွေဖြစ်တဲ့ သူပုန်တွေရဲ့ သိက္ခာကို စော်ကားပြောဆိုခြင်း ဖြစ်ပါတယ်။
တကယ်တမ်းကျတော့ ပုန်ကန်ခြားနားမှုဆိုတာက လက်ရှိအစိုးရ (သို့) အာဏာသိမ်းအစိုးရ (သို့) ပြည်ပကျုးကျော်အုပ်ချုပ်မှု စတာတွေကို ဆန့်ကျင်ဖို့ စနစ်တကျစုဖွဲ့ထားတဲ့ နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုန်ကန်ခြားနားမှု ဖြစ်လာတဲ့အခါကျရင်တော့ တရားဝင်အစိုးရပဲဖြစ်ဖြစ်၊ တရားမ၀င်အစိုးရပဲဖြစ်ဖြစ်၊ ပြည်ပအစိုးရပဲဖြစ်ဖြစ် Counterinsurgency (COIN) ကို ပြုလုပ်ဆင်နွှဲကြပါတယ်။ ဒီလိုပြုလုပ်ရာမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စိတ်ဓာတ်စစ်ဆင်ရေး စတဲ့ စစ်မျက်နှာပေါင်းစုံကို ဖွင့်လှစ်ဆောင်ရွက်လေ့ရှိပါတယ်။ စစ်မဟာဗျူဟာလေ့လာရေး ပညာရှင်များကလဲ COIN ကင်ပိန်းတွေ အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့ လိုအပ်မယ့် အချက်တွေကို ဖော်ထုတ်ရေးသားကြပါတယ်။
ဒီနေရာမှာ strategic theorists များရဲ့ အခန်းကဏ္ဍကို ထည့်သွင်းပြောချင်ပါတယ်။ တချို့က သူတို့တွေကို သီအိုရီသမားတွေ၊ စာအုပ်ထဲက စာတွေဖတ်ပြီး၊ လက်တွေ့နဲ့ ကင်းကွာနေသူတွေလို့ ထင်မြင်လေ့ရှိကြတယ်။ တကယ်တော့ theorists လို့ သူတို့ကို ခေါ်ဆိုမှုက ဒီအချက်ကို ထောက်ပြနေပြီးသားမို့ ဘာမှ ထပ်ဆောင်း ပြောစရာမလိုအပ်တော့ဘူး။ သူတို့အလုပ်က ဘာလဲဆိုတော့ သမိုင်းကြောင်း အချက်အလက်တွေ၊ သဘောတရားတွေ၊ အတွေးအခေါ်တွေနဲ့ သီအိုရီတွေကို ဖော်ထုတ်ရေးသားကြတာဖြစ်ပါတယ်။ စစ်ပညာရှင် ကလော့ဝစ်ဆိုခဲ့သလိုပဲ၊ ဒီလိုပေါ်ထွက်လာတဲ့ သီအိုရီတွေဟာ လေ့လာချင်သူတွေအတွက် guideline တွေ ဖြစ်လာနိုင်တယ်။ ဖတ်ရှုလေ့လာသူတွေကို အတွေးအခေါ်၊ အမြင်သစ်တွေ ပံ့ပိုးပေးလာနိုင်တယ်။ သမိုင်းအဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး၊ အမှားအယွင်းတွေကို ရှောင်ရှားနိုင်လာတယ်။ ဒါပေမယ့် သီအိုရီသမားတွေ ပြောသမျှ အားလုံးလုပ်လို့ရမယ်လို့လဲ မဆိုလိုနိုင်ပါဘူး။ သီအိုရီအရ ကြည့်ရင်တော့ သီအိုရီနဲ့ လက်တွေ့ဟာ ကွာခြားမှုမရှိဘူး။ ဒါပေမယ့် လက်တွေ့ကျတော့ ကွာခြားမှုတွေ ရှိလာနိုင်တယ်။ ဒါကြောင့် သီအိုရီနဲ့ လက်တွေ့လုပ်ဆောင်သူတွေအကြား သူတော်တယ်၊ ငါတော်တယ် အငြင်းပွားမှုတွေဟာ အဖိုးတန်တဲ့ အချိန်တွေကို သက်သက်မဲ့ ဖြုန်းပစ်နေတာဖြစ်တယ်။ ခန္ဓာဗေဒ မသိပဲ ခွဲစိတ်ကုသမှုလုပ်လို့မရသလို၊ ခန္ဓာဗေဒသိပြီးတိုင်းလဲ ခွဲစိတ်ကုသမှု လုပ်လို့မရဘူး။ အဓိကကတော့ common sense ပါပဲ။
မဟာဗျူဟာရေးဆွဲသူ သီအိုရီသမားတွေဘက်ကလဲ ကိုယ့်ရေးသားထားတဲ့အတိုင်း လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ ဖြစ်တာလဲရှိမယ်၊ မဖြစ်နိုင်တာလဲ ရှိမယ်ဆိုတာ နားလည်သဘောပေါက်ဖို့ လိုအပ်သလို၊ လက်တွေ့သမားတွေဘက်ကလဲ သီအိုရီသမားတွေ ဖော်ထုတ်ရေးသားတာကို လိုတာယူ၊ မလိုတာပယ်ပြီး ကိုယ့်အတွက် အသုံးဝင်မယ့် အချက်တွေကို ရွေးနုတ်အသုံးချလိုက်မယ်ဆိုရင် တယောက်ကိုတယောက်၊ လက်ညှိုးထိုးနေကြတဲ့ အချိန်တွေ အလဟဿဖြစ်မှု နည်းသွားပါလိမ့်မယ်။ ကားမောင်းနည်း စာအုပ်ဖတ်ပြီး၊ ကားတက်မောင်းလို့မရနိုင်သလို၊ သီအိုရီက လီဘာနင်းရင် ဘယ်လိုဖြစ်မယ်၊ ဘရိတ်နင်းရင် ဘယ်လိုဖြစ်မယ်ဆိုတာ မယုံလို့ဆိုပြီး၊ ချောက်ရှေ့မှာ လီဘာနင်းမယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ ဆိုတာကိုလဲ စဉ်းစားရပါလိမ့်မယ်။
အခုဆက်လက်ပြီး COIN နဲ့ ပတ်သက်တဲ့ စစ်မဟာဗျူဟာလေ့လာရေး ပညာရှင်ကြီးတွေဖြစ်တဲ့ David Galula, Robert Thompson တို့ရေးသားခဲ့ကြတဲ့ classical literature တွေနဲ့၊ ယနေ့ခေတ် ပညာရှင် Schnaubelt, Daniel Marston, Carter Malkasian တို့ရေးသားခဲ့တဲ့ literature တွေထဲက အရေးကြီးတဲ့ အချက်တချို့ကို ကောက်နှုတ်တင်ပြလိုပါတယ်။ ဘာကြောင့်ဒီအချက်တွေကို တင်ပြရလဲဆိုရင် အခုလက်ရှိ စာရေးသူတို့ ရင်ဆိုင်နေရတဲ့ ရန်သူစစ်အုပ်စုဟာ စစ်ရေးအတွေးအခေါ်နဲ့ပဲ အရာရာကို ရှုမြင်သုံးသပ်နေလို့ ဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေမှာ တဘက်ရန်သူ၊ တဘက်ပြိုင်ဘက်ရဲ့ intentions (ရည်ရွယ်ချက်), interests (စိတ်ပါဝင်စားမှု), commitment (ခံယူချက်), value (တန်ဖိုးထားမှု) စတဲ့ အချက်လေးချက်ကို အရင်လေ့လာပြီးမှ၊ သင့်လျော်တဲ့ မဟာဗျူဟာတွေ၊ လုပ်ငန်းစဉ်တွေကို ချမှတ်ရပါတယ်။ အဲဒီလိုမဟုတ်ပဲ ကိုယ့်ဘက်က ကိုယ်ဖြစ်စေချင်တာတွေ၊ ကိုယ်လုပ်နိုင်တာတွေ၊ ကိုယ့်အယူအဆတွေကိုပဲ ဇောင်းပေးလုပ်ဆောင်နေမယ်ဆိုရင် ခုတ်ရာတခြား၊ ရှရာတခြားနဲ့ လုပ်လိုက်သမျှ တလွဲတွေဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပုန်ကန်ခြားနားသူတွေကိုပဲ ဖြစ်ဖြစ်၊ တော်လှန်ရေးသမားတွေကိုပဲ ဖြစ်ဖြစ်၊ ချေမှုန်းရေးလုပ်ရာမှာ အသုံးပြုတဲ့ စစ်ရေးနည်းဗျူဟာများကို ရေးသားတင်ပြပေးပါမယ်။
(၁) Legitimacy ရရန် ဆောင်ရွက်ခြင်း
ဒေးဗစ်ဂါလုလား အဆိုအရ ဘယ်လိုအသွင်သဏ္ဍာန်ဆောင်တဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်၊ ပုန်ကန်မှုပဲဖြစ်ဖြစ်၊ အတိုက်အခံတွေဘက်က သုံးတဲ့စကားလုံးက “ပြည်သူ့အတွက်” ဆိုတဲ့ စကားလုံးပဲ ဖြစ်လေ့ရှိပါတယ်။ ကမ္ဘာတ၀ှမ်းလုံးက တော်လှန်ရေးတိုင်း၊ စစ်ပွဲတိုင်းမှာ ဒီစကားလုံးက ထိပ်ဆုံးမှာ နေရာယူလေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူထုတွေအကြား၊ နိုင်ငံတကာ အစိုးရတွေအကြားမှာ legitimacy ရဖို့က အရေးကြီးပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် legitimacy ဟာ အစိုးရနဲ့သာ ထိုက်တန်တယ်။ ပုန်ကန်သူတွေ၊ တော်လှန်ရေးသမားတွေနဲ့ မထိုက်တန်ဘူးဆိုတဲ့ အချက်ကို လူထုလက်ခံလာအောင် လုပ်ဖို့ လိုအပ်တဲ့အကြောင်း၊ နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ လိုအပ်တဲ့အကြောင်း COIN နည်းဗျူဟာက ထောက်ပြထားပါတယ်။
အနှစ်နှစ်ဆယ် နအဖ လုပ်ငန်းဆောင်တာတွေကို ကြည့်လိုက်တော့ နအဖဟာ စစ်အစိုးရပီပီ ဒါကို တိတိကျကျ လိုက်နာခဲ့ကြောင်း သိသာပါတယ်။ ကြံ့ဖွတ်၊ စွမ်းအားရှင်တို့လို သူတို့ နောက်လိုက်နောက်ပါ အင်အားစုတွေ မွေးယူတာတွေ၊ သတင်းစာ၊ တီဗွီတွေကနေ ၀ါဒဖြန့်ချိရေးလုပ်တာတွေ၊ ၀န်ထမ်းတွေကို မတက်မနေရ ပြည်သူ့ဝန်ထမ်းသင်တန်းတွေ ခေါ်ပေးတာတွေဟာ ဒီနည်းဗျူဟာနဲ့ ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံမှာ ချက်ချင်းအာဏာပြန်မသိမ်းပဲ၊ လူထုထဲကို သူတို့လူတွေလွှတ်ပြီး၊ ခေါင်းဖြတ်သတ်ပွဲတွေ ဖန်တီးတာတွေ၊ လုယက်မှုတွေ၊ ဖရိုဖရဲတွေဖြစ်အောင် လုပ်တာဟာလဲ ဒီဗျူဟာ အခင်းအကျင်းပုံစံပါပဲ။ သမိုင်းဝင် လူထုတော်လှန်ရေးတရပ်ကို အရေးအခင်းပုံစံအသွင်ဖြစ်အောင် ပြောင်းလဲယူပြီး၊ နိုင်ငံတော်မှာ သူတို့အုပ်ချုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အတွေးအခေါ်ကို လူထုထဲ ရိုက်သွင်းတာ ဖြစ်ပါတယ်။
ဒါပေမယ့် အနှစ်နှစ်ဆယ် သမိုင်းကို ကြည့်ခြင်းအားဖြင့် နအဖဟာ ဒီဗျူဟာကို နိုင်နင်းစွာ မကနိုင်ပါဘူး။ ခင်ညွန့်နဲ့ စစ်ထောက်လှမ်းရေးတွေကို အချင်းချင်း ဖြုတ်ထုတ်သတ်လုပ်ပြီး နောက်ပိုင်းမှာ ဒါတွေက ပိုထင်ရှားမြင်သာလာပါတယ်။ အခုလဲ ၂၀၁၀ ရွေးကောက်ပွဲနဲ့ political legitimacy ရယူဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အဓိကကတော့ နိုင်ငံတကာ စစ်မျက်နှာအတွက် ဖြစ်ပါတယ်။ လူထုကြားထဲမှာ legitimacy မရနိုင်တော့ဘူးဆိုတာ စစ်တင်ဘာတော်လှန်ရေးမှာ ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာသွားပါတယ်။ ဒါကြောင့်လဲ ၂၀၁၀ ကို အတင်းတွန်းလုပ်ခဲ့ကြတာပါ။
ဒါကိုတော့ ကျွန်မတို့အတိုက်အခံတွေ ဂရုတချက်စိုက်ရပါလိမ့်မယ်။ ၂၁ ရာစုရဲ့ နိုင်ငံတကာ အခင်းအကျင်းပုံစံတွေကို နားလည်ရပါလိမ့်မယ်။ ကျွန်မတို့ မြန်မာနိုင်ငံက တတိယဒီမိုကရေစီ လှိုင်းလုံးကြီးမှာ ပါမသွားပဲ ကျန်ခဲ့တဲ့ နိုင်ငံတနိုင်ငံပါ။ ၂၁ရာစုသစ်မှာ ဒီလှိုင်းလုံးကြီးက ၂၀ရာစု နှောင်းပိုင်းကလို အင်အားသိပ်မကြီးတော့ပါဘူး။ အီရတ်နဲ့ အာဖဂန်နစ်စတန် ကိစ္စရပ်တွေ နောက်ပိုင်းမှာ Military Intervention ဆိုတဲ့ သဘောတရားအပေါ်မှာ ဝေဖန်မှုတွေ အများကြီး ဖြစ်နေကြပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ economic sanctions ဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီး၊ အပြန်အလှန်ငြင်းခုံမှုတွေ၊ ထင်မြင်ချက်တွေက အမျိုးမျိုးဖြစ်နေကြပါတယ်။ တဘက်က ဒီမိုကရေစီကို ဇောင်းပေးပြောဆိုကြသလို၊ ဒီမိုကရေစီဟာ နိုင်ငံတော်လုံခြုံရေးကို အားနည်းစေတယ်ဆိုတဲ့ စွဲချက်တွေကလဲ ဖြစ်နေကြပါတယ်။ နိုင်ငံတကာ ဇာတ်ခုံကြီးဟာ အတွေးအခေါ်ပေါင်းစုံ၊ အယူအဆပေါင်းစုံ၊ လုပ်နည်းဆောင်တာမျိုးစုံနဲ့ သပွတ်အူကြီးလို ရှုပ်ထွေးနေပါတယ်။
ဒီလိုရှုပ်ထွေးနေတဲ့ နိုင်ငံတကာဇာတ်ခုံကြီးပေါ်မှာ အာရှတိုက်ထဲက နိုင်ငံငယ်လေးတခုဖြစ်တဲ့ (ဖြစ်နေတဲ့ ပကတိတရားကို အမှန်အတိုင်း လက်ခံဖို့လိုပါတယ်) မြန်မာပြည်အရေးလောက်ကို ရေးကြီးခွင်ကျယ် ကိစ္စကြီးတခုအနေနဲ့ နိုင်ငံတကာ အစိုးရများက အသိအမှတ်မပြုပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးကြတဲ့ ပြဿနာတိုင်းသာ အဖြေထွက်လာနိုင်ခဲ့ရင် အခုကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ သတင်းဆိုးတွေရဲ့ လေးပုံသုံးပုံလောက်ကို ကြားရမှာတောင် မဟုတ်ပါဘူး။ အီရတ်ကို အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ၀င်နိုင်ဖို့ ဆယ်စုနှစ်တွေ ဘယ်လောက်ကြာခဲ့သလဲဆိုတာ ပြန်တွက်ချက်ကြည့်စေလိုပါတယ်။ သေချာတာတခုကတော့ မြန်မာနိုင်ငံဟာ ဒုတိယအီရတ် လုံးဝဖြစ်လာမှာ မဟုတ်ပါဘူး။ နိုင်ငံရေးပထ၀ီဝင် အနေအထားအရ ဒုတိယတောင်အာဖရိကလဲ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ ပကတိအခြေအနေမှန်ပါ။
ပြီးတော့ ကမ္ဘာပေါ်မှာ မြန်မာ့အရေးထက် ပိုအရေးကြီးတဲ့ ကိစ္စရပ်များစွာ ကလဲ ရှိနေပါသေးတယ်။ ဒါတွေကို မမြင်လို့ပဲဖြစ်ဖြစ်၊ တမင်တကာ မျက်စိပိတ်ပြီးပဲဖြစ်ဖြစ်၊ မြန်မာပြည်က စစ်အုပ်စုကို နိုင်ငံတကာ ဖိအားတွေပေးပြီး၊ ဒိုင်ယာလော့ခ်လမ်းကြောင်း ပေါ်တက်လာအောင်လုပ်မယ်ဆိုတဲ့ မဟာဗျူဟာကြီးတွေ ချမှတ် အကောင်အထည်ဖော်နေတာကတော့ တလွဲဆံပင်ကောင်း လုပ်နေတာနဲ့ အတူတူပါပဲ။ နိုင်ငံတကာဇာတ်ခုံမှာ legitimacy နဲ့ ပတ်သက်ပြီး state actors နဲ့ non-state actors ပြိုင်ပွဲတွေ ဖြစ်တဲ့အခါ ဘယ်သူကနိုင်ပြီး၊ ဘယ်သူတွေက ရှုံးတတ်တယ်ဆိုတာ ကမ္ဘာ့နိုင်ငံရေး သမိုင်း စာမျက်နှာတွေမှာ အတိအလင်း လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒီမဟာဗျူဟာကြီးနဲ့ပဲ ဆက်လက် တိုက်ပွဲဝင်နေရင်တော့ အဲဒီအတိုင်းတွေပဲ ဖြစ်သွားပါလိမ့်မယ်။ ပြောမထွက်ရက်လို့ ကျွန်မ မပြောချင်ပါဘူး။ အချိန်က စကားပြောလာပါလိမ့်မယ်။ နိုင်ငံတကာ အစိုးရတွေရဲ့ ခြေလှမ်းတွေကို နောက်နှစ်နှစ်အတွင်းမှာ စောင့်ကြည့်လိုက်ပါ။
အဲဒီလိုအဖြစ်မခံပဲ မြန်မာ့နိုင်ငံရေးတိုးတက်မှုကို တကယ်ဖြစ်စေချင်တယ်ဆိုရင်တော့ legitimacy နည်းနဲ့ တိုက်ခိုက်နေတဲ့ စစ်အစိုးရကို အနိုင်ယူအောင်ပွဲခံနိုင်စေတဲ့ အင်အားကြီးတခုကတော့ ရှိနေပါတယ်။ ဒါကတော့ ပြည်သူလူထုပါ။ ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကိုပဲ လိုလားကြပါတယ်။ စစ်အုပ်စုရဲ့ မတရားမှုတွေကိုလဲ နေ့စဉ်နဲ့ အမျှ ခံစားနေကြရတာမို့ ခံပြင်းစိတ်တွေ လူတိုင်းရဲ့ရင်ထဲမှာ ရှိနေပါတယ်။ စစ်အုပ်စုရှိနေသရွေ့၊ နောက်ကွယ်က ကြိုးကိုင်နေသရွေ့ မြန်မာပြည်ကြီး တိုးတက်မှာမဟုတ်ဘူး ဆိုတာကိုလဲ အများစုက နားလည်ကြပါတယ်။ ပြည်သူလူထုရဲ့အားကို ယူခြင်းကသာ အောင်ပွဲဆီကို ဦးတည်နိုင်ပါစေလိမ့်မယ်။ စစ်အုပ်စုဟာ COIN နည်းဗျူဟာအတိုင်း Legitimacy ရဖို့အရေးကို အသည်းအသန် ကြိုးစားနေဆဲ ဖြစ်ပေမယ့် ပြည်သူလူထုကြားမှာတော့ အခုအချိန်ထိ legitimacy မရသေးပါဘူး။ ဒီအချက်ကို ဇောင်းပေးပြီး လုပ်သင့်တာလုပ်ကြဖို့ လိုပါတယ်။ ပြင်ဆင်သင့်တာကို တညီတညွတ်တည်း ပြင်ဆင်ကြဖို့ လိုပါလိမ့်မယ်။ စစ်ပွဲဆိုတာ စစ်မြေပြင်မှာပဲ တိုက်ရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်မြေပြင်လို့ ကျွန်မဆိုလိုတာက ပြည်တွင်းကို ပြောတာဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်ရေးနဲ့ လူထုတိုက်ပွဲ ဟန်ချက်ညီ ပေါင်းစပ်နိုင်ဖို့ တော်လှန်ရေးစစ်မျက်နှာ ငါးရပ်ဖြစ်တဲ့ စစ်ရေးစစ်မျက်နှာ၊ နိုင်ငံရေးစစ်မျက်နှာ၊ လူမှုစီးပွားရေး စစ်မျက်နှာ၊ အတွေးအခေါ် ခံယူချက် စစ်မျက်နှာ၊ နိုင်ငံတကာစစ်မျက်နှာစတဲ့ စစ်မျက်နှာအားလုံး လိုအပ်လှပါတယ်။ တနေရာတည်းမှာ အားသာနေတာမဟုတ်ပဲ အားလုံးဟန်ချက်ညီပေါင်းစပ်မှုကို ဆိုလိုတာဖြစ်ပါတယ်။ အမြောက်ပစ်ကူတချက် ပေးဖို့အရေး၊ အမြောက်လုပ်ဖို့ သံတုံးထိုင်သွေးနေသူတွေရဲ့ လက်ထဲကို စစ်ပွဲတခုလုံးရဲ့ ကံကြမ္မာကို မထည့်လိုက်မိပါစေနဲ့။ စခန်းကုန်းလေးတခု သိမ်းပိုက်နိုင်တာနဲ့ပဲ အောင်ပွဲရပြီ။ ဒါလေးကိုပဲ မပျောက်မပျက်အောင် ထိန်းထားမယ်ဆိုသူတွေရဲ့ လက်ထဲကိုလဲ command power မထည့်လိုက်မိပါစေနဲ့။
အဲဒီလို ဖြစ်လာရင် လူထုဟာ သူတို့ လက်မခံနိုင်တဲ့ အစိုးရတရပ်ရဲ့ legitimacy ကို အသိအမှတ်မပြုပေမယ့်၊ ပုန်ကန်ခြားနားသူတွေ၊ တော်လှန်ရေးသမားတွေနဲ့လဲ ကင်းကွာ သွားနိုင်ပါတယ်။ လူထုနဲ့ တသားတည်းမရှိတဲ့ တော်လှန်ရေးဟာ အောင်ပွဲနဲ့ လွဲနေမှာ အသေအချာပါပဲ။ အခုဆက်လက်ပြီး COIN နည်းဗျူဟာတရပ်ဖြစ်တဲ့ လူထုနဲ့ တော်လှန်ရေးကင်းကွာအောင် ပြုလုပ်ခြင်း အချက်ကို ဆက်လက်တင်ပြပါမယ်။ ဒီနည်းဗျူဟာကိုလဲ စစ်အုပ်စုက ကျင့်သုံးနေပါတယ်။
(၂) လူထုနှင့် တော်လှန်ရေးသမားများအား ကင်းကွာအောင် ပြုလုပ်ခြင်း
တော်လှန်ရေးနဲ့ပတ်သက်ပြီး၊ နာမည်ကျော်ကြားလှတဲ့ theorist တဦးဖြစ်တဲ့ မော်စီတုန်းရဲ့ အဆိုအမိန့်ကို ထည့်သွင်းပြောကြားလိုပါတယ်။ မော်စီတုန်းက ပင်လယ်ထဲမှာ ငါးလေးတွေ ကူးခတ်နေသလိုပဲ တော်လှန်ရေးသမားများဟာလဲ လူထုထဲမှာ လှုပ်ရှားရမယ်လို့ ဆိုပါတယ်။ လူထုနဲ့ တော်လှန်ရေးဟာ ကင်းကွာလို့မရပါဘူး။ ဒီနေရာမှာ လူထုနဲ့ တော်လှန်ရေးနီးကပ်မှု၊ တသားတည်းဖြစ်မှုဆိုတာနဲ့ ပတ်သက်ပြီး အတွေးအခေါ်အမျိုးမျိုး၊ ခံယူချက်အမျိုးမျိုး ရှိနေတတ်ပါတယ်။ တချို့က လူထုထဲမှာပဲ တော်လှန်ရေးသမားက နေရမယ်၊ တချို့ကျတော့လဲ လက်နက်ကိုင်တော်လှန်ရေး စစ်မျက်နှာမှာပဲ နေရမယ်၊ တချို့ကကျတော့လဲ တခြားစစ်မျက်နှာတွေမှာလဲ ပါဝင်ရမယ်စသဖြင့် အမျိုးမျိုး ဆိုတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးစစ်မျက်နှာ ငါးရပ်ဖြစ်တဲ့ စစ်ရေးစစ်မျက်နှာ၊ နိုင်ငံရေးစစ်မျက်နှာ၊ လူမှုစီးပွားရေး စစ်မျက်နှာ၊ အတွေးအခေါ် ခံယူချက် စစ်မျက်နှာ၊ နိုင်ငံတကာစစ်မျက်နှာစတဲ့ စစ်မျက်နှာ တရပ်ရပ်မှာ ပါဝင်နေမှုအားလုံးဟာ တော်လှန်ရေးရဲ့ အင်အားတွေပဲဖြစ်ပါတယ်။ ဒီစစ်မျက်နှာအားလုံးမှာ ဟန်ချက်ညီနေဖို့  အထူး လိုအပ်လှပါတယ်။ ဘယ်လိုစစ်မျက်နှာမျိုးမှာပါတာပဲဖြစ်ဖြစ် အဓိကကတော့ တော်လှန်ရေးအပေါ်မှာ လူထုရဲ့ ထောက်ခံမှု ရှိနေဖို့ပဲ ဖြစ်ပါတယ်။ လူထုနဲ့ တော်လှန်ရေး တသားတည်း ရှိနေသရွေ့၊ တော်လှန်ရေးသမားတွေအပေါ်မှာ လူထုက လေးစားမှုရှိနေသရွေ့၊ တော်လှန်ရေးခေါင်းဆောင်တွေ အပေါ်မှာ လူထုက ယုံကြည်မှုရှိနေသရွေ့ တော်လှန်ရေး ချိန်ခွင်လျှာက တော်လှန်ရေးသမားတွေဘက်မှာ ရှိမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်တော့ပဲ လူထုက တော်လှန်ရေးကို ယုံကြည်မှု အားနည်းလာခဲ့ရင်၊ ချိန်ခွင်လျှာက COIN operations ဆင်နွှဲတဲ့ အစိုးရပဲဖြစ်ဖြစ်၊ အာဏာရှင်တွေပဲဖြစ်ဖြစ်၊ သူတို့ဘက်ကို ယိမ်းသွားတတ်ပါတယ်။
ဒါကြောင့်လဲ COIN နည်းဗျူဟာက လူထုနဲ့ တော်လှန်ရေးကို ခွဲထုတ်ရမယ်လို့ ဆိုထားပါတယ်။ ဒီလိုကင်းကွာအောင် လုပ်ရာမှာ ပထမ တနည်းကတော့ တော်လှန်ရေးသမားတွေ အ၀င်အထွက်ရှိတဲ့ ရွာတွေကို ပြောင်းရွှေ့မှုပါ။ ဘိုအင်းစစ်ပွဲကာလ၊ မလေးရှားနိုင်ငံအရေးပေါ်ကာလတွေမှာတုန်းက ဗြိတိသျှစစ်တပ်က ဒီနည်းလမ်းတွေကို အများဆုံးအသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကာလတွေမှာကျတော့ ဒီနည်းလမ်းအသုံးပြုမှုတွေကို နိုင်ငံတကာကရော၊ ပြည်တွင်းပြည်သူလူထုတွေကပါ လက်မခံကြတော့ပါဘူး။ စစ်မဟာဗျူဟာလေ့လာရေးပညာရှင် Kilcullen ကတော့ ဒီဘက်ခေတ်တွေမှာ ဒီနည်းလမ်းတွေ အသုံးမပြုသင့်တော့ဘူးလို့ ဆိုထားပါတယ်။ သူက ဒီလိုလုပ်ခြင်းအားဖြင့် လူထုနဲ့ တော်လှန်ရေးကို လူချင်းကွဲကွာအောင်လုပ်လိုက်နိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာကျတော့ တော်လှန်ရေးသမားတွေကို လူထုက ပိုမိုထောက်ခံမှုပေးသွားနိုင်တယ်လို့ ဆိုထားပါတယ်။
နောက်တမျိုးကတော့ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ လူထုကို ကင်းကွာအောင် ပြုလုပ်နည်းပါ။ ဒီနည်းကတော့ ပိုမိုသိမ်မွေ့ပြီး၊ ရွာတွေပြောင်းရွှေ့မှုလိုမျိုး လူအများကို ထိခိုက်တာမဟုတ်ပေမယ့် လက်တွေ့မှာ ပိုမိုထိရောက်ပါတယ်။ အရေးပါတဲ့ ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မှု (targeted assassinations)နဲ့ နှစ်ရှည်လများ ဖမ်းဆီးထောင်ချမှု (long-term imprisonment) နည်းလမ်းတွေနဲ့ လူထုနဲ့ ခေါင်းဆောင်တွေ ကင်းကွာအောင် လုပ်တာတွေကို COIN ဆင်နွှဲတဲ့ အစိုးရတော်တော်များများက ပြုလုပ်လေ့ရှိတတ်ပါတယ်။ ဒီနည်းလမ်းဟာ လူပုဂ္ဂိုလ်ကိုးကွယ်မှု ပြုလုပ်တတ်လေ့ရှိတဲ့ အာရှနဲ့ အာဖရိကနိုင်ငံတချို့မှာ ပိုပြီးထိရောက်ပါတယ်။ ဒီလိုလူ့အဖွဲ့အစည်းတွေမှာဆိုရင် ပေါ်ပေါက်ခဲ့ဖူးတဲ့ ခေါင်းဆောင်တွေအပေါ်မှာပဲ သစ္စာရှိမှု၊ ယုံကြည်ကိုးကွယ်မှုတွေ ရှိနေတတ်တာဖြစ်တဲ့အတွက် ဒီခေါင်းဆောင်တွေ ကျဆုံးသွားရင်၊ အကျဉ်းကျသွားရင် တော်လှန်ရေးတခုလုံးဟာ ဖရိုဖရဲဖြစ်တော့တာပါပဲ။ ဒါတွေကို ပြန်လည်ထိန်းသိမ်းနိုင်မယ့် ခေါင်းဆောင်တွေပေါ်လာဖို့ဆိုတာ အလွန်ပဲ ခဲယဉ်းတတ်သလို၊ ပေါ်ပေါက်လာခဲ့ရင်လဲ အရင်ခေါင်းဆောင်ဟောင်းရဲ့ နောက်လိုက်တွေက သူတို့ခေါင်းဆောင်ကို အစားထိုးတယ်လို့ ယူဆပြီး၊ တိုက်ခိုက်ခွဲထွက်မှုတွေ ဖြစ်လာတော့တာပါပဲ။ အာရှ၊ အာဖရိကတိုက်မှာ COIN operations တွေ အောင်မြင်ခဲ့မှုဟာ အစိုးရတွေရဲ့ အရည်အချင်းဆိုတာထက် ဒီနည်းဗျူဟာရဲ့ ထိရောက်မှုကြောင့်လို့ ဆိုရင် မမှားပါဘူး။ တော်လှန်ရေးအဖွဲ့အစည်း၊ လူ့အဖွဲ့အစည်း အတွင်းမှာရှိတဲ့ ဒီလိုစိတ်ဓာတ်တွေကို မပြင်နိုင်သရွေ့ တော်လှန်ရေးချိန်ခွင်လျှာဟာ တော်လှန်ရေးသမားတွေဘက်ကို ရောက်ဖို့ မလွယ်ပါဘူး။
နောက်နည်းလမ်းတခုကတော့ လူထုက တော်လှန်ရေးအပေါ် ယုံကြည်မှု ကင်းမဲ့အောင် ပြုလုပ်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒီလိုပြုလုပ်ရမှာ အနိမ့်ဆုံးပုဂ္ဂိုလ်ရေးရာ အပုပ်ချမှုတွေကနေ အမြင့်ဆုံးတော်လှန်ရေးတရပ်လုံးရဲ့ image ကို ပျက်စီးစေတဲ့အထိ အဆင့်ဆင့် ဆောင်ရွက်မှုတွေဖြစ်ပါတယ်။ ဒီလိုလုပ်ရာမှာ ပထမဆုံးအနေနဲ့ လူထုရဲ့ တန်ဖိုးထားမှု အသွင်အမျိုးမျိုးကို ဖော်ထုတ်ရပါတယ်။ ပြီးတဲ့အခါမှာကျမှ ဒီတန်ဖိုးထားမှုတွေနဲ့ ပဋ္ဋိပက္ခဖြစ်စေနိုင်တဲ့ တော်လှန်ရေးသမားတွေရဲ့ အားနည်းချက်တွေကို ရှာဖွေရပါတယ်။ လူအများနဲ့ စုဖွဲ့ထားတဲ့ တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှရှောင်လွှဲလို့မရတဲ့ ပုဂ္ဂိုလ်ရေးအားနည်းချက် တွေကတော့ အများကြီးရှိနေတတ်တာပါပဲ။ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက် အမှားအယွင်းတွေ လုံးဝကင်းစင်တဲ့ တော်လှန်ရေးဆိုတာ ကမ္ဘာပေါ်မှာ မရှိခဲ့သေးပါဘူး။ အရေးကြီးဆုံးကတော့ လူနဲ့ စနစ်ကို ခွဲထုတ်မြင်တတ်မှုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအမြင် ခိုင်ခိုင်မာမာ မရှိသေးတဲ့ လူ့အဖွဲ့အစည်းတွေမှာကျတော့ ပုဂ္ဂိုလ်ရေးအားနည်းချက်တွေကို အသုံးပြုပြီး၊ လူထုက တော်လှန်ရေးအပေါ်၊ တော်လှန်ရေးသမားတွေအပေါ် ယုံကြည်မှုကင်းမဲ့အောင် ပြုလုပ်တဲ့နည်းက ထိရောက်လှပါတယ်။ ဒီနည်းကြောင့် လူထုက အစိုးရဘက်မှာ ပါသွားတာ မဟုတ်ရင်တောင်၊ တော်လှန်ရေးဘက်မှာလဲ မရှိတော့ပဲ ကြားနေဆိုတဲ့ လူတန်းစားကြီး တရပ် ထုနဲ့ထည်နဲ့ ပေါ်ပေါက်လာတတ်တော့တာပါပဲ။ ဒါကြောင့် တော်လှန်ရေးတရပ်မှာ ၀ါဒဖြန့်ချိရေးယန္တရားတခု ခိုင်ခိုင်မာမာ ရှိနေသင့်တယ်လို့ တော်လှန်ရေးတွေနဲ့ ပတ်သက်တာတွေကို လေ့လာသူတွေက အဆိုပြုထားခဲ့ကြတာပါ။ ဒီလို တော်လှန်ရေးတရပ်မှာ ၀ါဒဖြန့်ချိရေးယန္တရားရှိဖို့လိုအပ်သလို၊ တော်လှန်ရေးသမားတွေဘက်ကလဲ မိမိတို့ တော်လှန်ရေးရဲ့ အတွင်းရေးကိစ္စတွေကို မပေါက်ကြားအောင် ထိန်းသိမ်းတတ်နိုင်မှုကလဲ လိုအပ်လှပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တချို့က ပွင့်လင်းမှု၊ လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ စကားလုံးတွေကို အသုံးပြုပြိး။ အတွင်းရေးရာ ကိစ္စတွေကို ပြောသင့်တယ်လို့ ပြန်လှန်ငြင်းဆိုမှုတွေ ရှိတတ်ပါတယ်။ ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် မှန်ပေမယ့်၊ စစ်ရေး၊ နိုင်ငံရေး၊ ကုန်သွယ်ရေးကိစ္စတွေမှာ အရာအားလုံးကို လွတ်လပ်စွာပြောဆိုခွင့် တခုတည်းနဲ့ တိုင်းတာသတ်မှတ်လို့မရပါဘူး။ “ငါတို့ အမေရိကန်တပ်တွေတော့ ဘယ်နေ့ဘယ်ရက်၊ ဘယ်အချိန်မှာ အီရတ်ကို ကျူးကျော်တော့မယ်ဟေ့” လို့ ဘယ်ပင်တဂွန်အရာရှိကမှ ထုတ်ပြောခဲ့မှာ မဟုတ်ပါဘူး။ စစ်ရေး၊ နိုင်ငံရေး၊ အဖွဲ့အစည်းရေးရာတွေမှာ လျှို့ဝှက်သင့်တာကို လျှို့ဝှက်ရပါမယ်။ ရိုးသားပွင့်လင်းမှုဆိုပြီး၊ သမ္မတကျမ်းကျိန်ပွဲကျမှ “ငါ လေးတန်းတုန်းကလေ၊ သူငယ်ချင်း တယောက်ဆီက ငွေတမတ်ခိုးဖူးတယ်။ အခုမှ ဒါဟာ မရိုးသားမှုဆိုပြီး နောင်တရနေမိတယ်”လို့ ထပြောတဲ့ သမ္မတတွေလဲ ကမ္ဘာမှာ ရှိမယ်မထင်ပါဘူး။ တချို့သော အကြောင်းအရာတွေဟာ မလိုအပ်ပဲနဲ့ အကျိုးမရှိပဲ တော်လှန်ရေးပုံရိပ်ကို ထိုးနှက်ဖို့ ရန်သူ့လက်နက်တွေ ဖြစ်သွားတတ်ပါတယ်။
COIN နည်းဗျူဟာကတော့ ဒီလိုနည်းမျိုးစုံကို အသုံးချပြီး လူထုနဲ့ တော်လှန်ရေးကို ကင်းကွာအောင်လုပ်ဖို့ လမ်းညွှန်ထားပါတယ်။ ဒီလိုပြုလုပ်ဖို့ အကောင်းဆုံးလူတွေကတော့ လက်နက်ချလာသူတွေပါ။ သူတို့ကို အသုံးပြုရင် ပိုပြီးအောင်မြင်နိုင်တယ်လို့ အဆိုရှိထားပါတယ်။ ဒီနေရာမှာ လက်နက်ဆိုတာနဲ့ ပတ်သက်ပြီး၊ ငြင်းခုန်မှုတွေ ရှိတတ်ပါတယ်။ လက်နက်ဆိုတာက လက်နက်ကိုင်တော်လှန်ရေး၊ စစ်ရေး စစ်မျက်နှာမှာဆိုရင် လက်နက်ခဲယမ်းမီးကျောက်တွေကို ဆိုလိုတာဖြစ်ပြီး၊ နိုင်ငံတကာစစ်မျက်နှာမှာဆိုရင် နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ထောက်ခံမှုရယူဖို့ စည်းရုံးလှုံ့ဆော်ရေးဆိုင်ရာ နည်းလမ်းတွေကို ဆိုလိုပါတယ်။ ကိုယ်လုပ်တာကို ထောက်ခံမှုလို့ ကျွန်မဆိုထားပါတယ်။ သူတို့ လုပ်ခိုင်းတာကို လိုက်လုပ်မှု၊ သူတို့ပဲ လုပ်ပေးပါဆိုပြီး အားကိုးမှုကို ကျွန်မဆိုလိုတာ မဟုတ်ပါဘူး။ လူမှု၊ စီးပွား စစ်မျက်နှာမှာဆိုရင်တော့ ရံပုံငွေရှာဖွေရေး၊ ရဲဘော်ရဲဘက်များအချင်းချင်း သာရေး၊ နာရေးကိစ္စရပ်တွေမှာ ကူုညီဆောင်ရွက်ရေး၊ တဘက်ရန်သူရဲ့ စီးပွားရေးယန္တရားကို ထိုးနှက်ရေးဆိုင်ရာ နည်းလမ်းတွေကို ဆိုလိုပါတယ်။ နိုင်ငံရေးစစ်မျက်နှာမှာဆိုရင်တော့ လူထုစည်းရုံးရေး၊ မြေအောက် ကလာဘ်စည်းတည်ဆောက်ရေး၊ သတင်းအချက်အလက်စုဆောင်းရေး စတဲ့ နည်းလမ်းတွေကို ဆိုလိုပါတယ်။ အတွေးအခေါ်ခံယူချက် ရေးရာ စစ်မျက်နှာကတော့ ၀ါဒဖြန့်ချိရေး၊ နိုင်ငံရေးအယူအဆအတွေးအခေါ်များ ပြန့်နှံ့ရေး၊ စာပေဖြင့် စည်းရုံးလှုံ့ဆော်ရေးစတဲ့ နည်းလမ်းတွေကို ဆိုလိုပါတယ်။ ဒီလိုစစ်မျက်နှာမျိုးစုံက နည်းလမ်းတွေကို အသုံးပြုပြီး တော်လှန်ရေးမှာ ပါဝင်တာမဟုတ်တော့ပဲ၊ ဘေးထွက်ထိုင်နေတာလဲ မဟုတ်တော့ပဲ၊ မိမိရဲ့ အတွေးအခေါ် ခံယူချက်တွေမှားယွင်းခဲ့ပါတယ်ဆိုပြီး၊ တဘက်ရန်သူထံကို အညံ့ခံလိုက်တဲ့အခါမှာ တော်လှန်ရေးသမားတယောက် လက်နက်ချသွားတယ်လို့ သတ်မှတ်ပါတယ်။ COIN နည်းဗျူဟာကတော့ ဒီလို လက်နက်ချလာသူတွေကို တော်လှန်ရေးပုံရိပ်ကျဆင်းစေရန် ထိုးနှက်မှုတွေအတွက် အသုံးပြုရမယ်လို့ ဆိုထားပါတယ်။
(၃) အစိုးရအုပ်ချုပ်ရေးယန္တရားခိုင်မာအောင် တည်ဆောက်ခြင်း
တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မထိန်းချုပ်နိုင်တဲ့အစိုးရဟာ လူထုရဲ့ ထောက်ခံအားပေးမှုရဖို့ မလွယ်ပါဘူး။ စစ်ရေးပညာရှင် Thompson ဆိုခဲ့သလိုပဲ သင့်လျော်ထိရောက်တဲ့ အစိုးရယန္တရားမရှိပဲ COIN operations အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အစိုးရအုပ်ချုပ်ရေးယန္တရားကို ခိုင်မာအောင် တည်ဆောက်ဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်ရေးယန္တရားမှာ နားလည်တတ်ကျွမ်းတဲ့ အရပ်သားပညာရှင်တွေ ခန့်အပ်ပြီး၊ bureaucratic routines, fiscal responsibility, legal procedures ဆိုတဲ့ အရေးကြီးလုပ်ငန်းတာဝန်ကြီးတွေကို စနစ်တကျ အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။
တိုင်းပြည်တခုရဲ့ ဖရိုမရဲဖြစ်နေချိန်တွေမှာ၊ တော်လှန်ရေးကာလတွေမှာ အုပ်ချုပ်ရေးယန္တရားက အရေးကြီးဆုံးပါ။ တခါတရံမှာ တော်လှန်ရေးသမားတွေဘက်က အားသာပြီး၊ အစိုးရဘက်က ရှုံးနိမ့်နေတာတွေ ဖြစ်လာတတ်ပါတယ်။ တချို့သော နိုင်ငံတွေမှာ စစ်ရေးနဲ့ လူထုတိုက်ပွဲ ပူးပေါင်းဖော်ဆောင်မှု ရလာဒ်ကြောင့် အုပ်ချုပ်နေတဲ့ အစိုးရရဲ့ အာဏာသက်ရောက်မှု လျော့နည်းသွားတာမျိုးတွေလဲ ဖြစ်လာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အုပ်ချုပ်ရေးယန္တရားကို မြန်မြန်ဆန်ဆန် အသက်သွင်းနိုင်တဲ့ဘက်က အနိုင်ရတာပါပဲ။ ဒါကြောင့်လဲ COIN နဲ့ ပတ်သက်တဲ့ ပညာရှင်တွေက political stability မရှိတဲ့ နိုင်ငံတခုရဲ့ အစိုးရဟာ အုပ်ချုပ်ရေးယန္တရားတခုလုံး တော်လှန်ရေးသမားတွေ လက်ထဲ မကျရောက်နိုင်အောင် မြေပြင်၊ ဝေဟင်အတားအဆီးတွေ ပြုလုပ်ထားရမယ်လို့ အကြံပြုထားကြပါတယ်။ တော်လှန်ရေးသမားတွေအနေနဲ့ကလဲ အစိုးရဖြုတ်ချရုံဆိုတာတခုနဲ့ မပြီးသေးပဲ အုပ်ချုပ်ရေးယန္တရားကို အချိန်တိုအတွင်း မောင်းနှင်အသက်သွင်းနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှ စစ်မှန်တဲ့ အောင်ပွဲက ကိုယ့်လက်ထဲ ရောက်မှာဖြစ်ပါတယ်။ ဒီအထိ မပြင်ဆင်ထားပဲနဲ့ ဆိုရင် အချိန်ကုန်၊ လူပမ်းပြီး၊ ပေးဆပ်ရတဲ့ အသက်နဲ့ ဘ၀တွေ အလဟဿဖြစ်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ကားတစီးကို မိမိတို့ ယုံကြည်ရာလမ်းကြောင်းပေါ်မှာ မောင်းနှင်နိုင်ဖို့အရေးမှာ ကားကို ကျောက်ခဲနဲ့ လှမ်းထုရုံ၊ ကားပေါ်တက်ထိုင်ပြီး မောင်းမယ့်သူကို ဆွယ်တရားဟောရုံနဲ့ ရဖို့မလွယ်ပါဘူး။ ကားကိုရပ်တန့်နိုင်အောင် ပြုလုပ်ပြီး၊ driving seat ကို ၀င်ထိုင်နိုင်အောင် ကြိုးပမ်းရပါမယ်။ ၀င်ထိုင်ပြီးလဲ ကားမောင်းတတ်ဖို့တော့ လိုပါသေးတယ်။ သူတပါးမောင်းလာတဲ့ ကားကိုရပ်တန့်အောင်လုပ်နိုင်တဲ့ အရည်အချင်းရှိတိုင်းလဲ ကားကို ကျင်လည်အောင် မောင်းတတ်မယ်လို့ ဘယ်သူမှ မပြောနိုင်သလို၊ ကားမောင်းတတ်သူတိုင်းလဲ သူတပါးမောင်း လာတဲ့ကားကို ရပ်တန့်အောင် လုပ်ချင်မှ လုပ်နိုင်ပါလိမ့်မယ်။ ဒီလိုပဲ အစိုးရပြုတ်ကျအောင် တော်လှန်ရေးလုပ်တတ်တဲ့လူရှိသလို၊ အုပ်ချုပ်ရေးယန္တရားမှာပဲ ကျွမ်းကျင်သူတွေလဲ ရှိပါတယ်။ အချိန်အခါနဲ့အညီ လူမှန်၊ နေရာမှန် ဖြစ်ဖို့ပါပဲ။
၁၉၅၀ ၀န်းကျင် ကာလတွေမှာတုန်းက ကမ္ဘာနဲ့အ၀ှမ်းမှာ နိုင်ငံတော်တော်များများ လွတ်လပ်ရေးရလာပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရစ နိုင်ငံတိုင်းလိုလိုမှာ ပြည်တွင်းစစ်တွေ တောက်လောင်ခဲ့ပါတယ်။ အုပ်ချုပ်ရေးယန္တရားတွေကို စနစ်တကျ မတည်ဆောက်နိုင်ခဲ့ကြပါဘူး။ အဓိကပြဿနာကတော့ အချိန်အခါနဲ့အညီ၊ လူမှန်၊ နေရာမှန်ဖြစ်ဖို့ ကိစ္စတွေမှာ သဘောထားကွဲကုန်ကြတာပဲ။ သူတပါးတိုင်းပြည်အောက်က လွတ်မြောက်ဖို့လွတ်လပ်ရေး ကြိုးပမ်းမှုတွေမှာပဲဖြစ်ဖြစ်၊ မိမိတို့တိုင်းပြည်တွင်းက အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေမှာပဲဖြစ်ဖြစ် အသက်၊ သွေး၊ ချွေး ပေးဆပ်ရတာတွေ ရှိပါတယ်။ ဘ၀တွေ ပေးဆပ်ရတာတွေရှိပါတယ်။ ဒီလိုနဲ့ လွတ်မြောက်လာတဲ့အခါ ပေးဆပ်ခဲ့သူတွေမှာလဲ ဖြစ်စဉ်သမိုင်းအတွက် မိမိကိုယ်ကို ဂုဏ်ယူဝမ်းမြောက်မှုတွေ ရှိနေတတ်သလို၊ အုပ်ချုပ်ရေးယန္တရားမှာ ယခင်အာဏာရှင်တွေလက်ထက်ကတည်းက ပါဝင်နေကြတဲ့ အရာရှိ၊ ၀န်ထမ်းများကလဲ ကောင်းခဲ့သည်ဖြစ်စေ၊ ဆိုးခဲ့သည်ဖြစ်စေ အုပ်ချုပ်ရေးရာယန္တရားမှာ အတွေ့အကြုံရှိသူတွေအဖြစ် မိမိကိုယ်ကို ခံယူထားတတ်ကြပါတယ်။ တခါ နှစ်ဖက်စလုံးမှာ မပါဝင်ခဲ့တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေကလဲ သူတို့ရဲ့ တိုင်းရေးပြည်ရာ အသိဥာဏ်ပညာနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို ဂုဏ်ယူဝမ်းမြောက်နေတာတွေ ရှိနေတတ်ပါတယ်။
ဒီနေရာမှာတင် ဒီလူတန်းစားသုံးမျိုး ပဋ္ဋိပက္ခဖြစ်ကြတော့တာပါပဲ။ တော်လှန်ရေးသမားဟောင်းတွေက ယခင်အာဏာရှင်ဟောင်းလက်ထက်က အုပ်ချုပ်ရေးဝန်ထမ်းတွေကို ဗျူရိုကရက်တွေလို စွပ်စွဲမယ်။ ပညာရှင်တွေကိုလဲ တကယ်ပေးဆပ်ရတဲ့ကာလတုန်းက မပါခဲ့ပဲ အခုမှ ရေကန်အသင့် နေရာလာမယူနဲ့လို့ စွပ်စွဲမယ်။ တခါ အုပ်ချုပ်ရေး ၀န်ထမ်းဟောင်းတွေကလဲ အစိုးရ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ရင် လုပ်ဖူးလို့လားလို့ ပြန်လှန်ငြင်းခုံကြမယ်။ ပညာရှင်တွေ ကလဲ ဘယ်သူကဘယ်လောက်တတ်လို့လဲ။ သူတို့က ဘယ်လိုကမ္ဘာကျော်တက္ကသိုလ်တွေက ဆင်းလာတာ၊ ဘာဘွဲ့တွေရလာတာလို့ ပြန်ပြောတာတွေရှိမယ်။ ဒါမျိုးတွေက အကူးအပြောင်းကာလတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေ ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ ဒါတွေ ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ မြန်မာပြည်မှာလဲ ဦး၊ ဗိုလ်၊ သခင် အကွဲအပြဲတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေကို သင်ခန်းစာပြန်ယူပြီး၊ ရှောင်ရှားတတ်ဖို့ အရေးကြီးပါတယ်။ ၁၉၆၀ ပြည့်လွန်ကာလများမှာ လွတ်လပ်ရေးရပြီးစ နိုင်ငံတော်တော်များများမှာ စစ်အာဏာသိမ်းယူမှုတွေ ဖြစ်ပွားခဲ့တဲ့ အဓိက အကြောင်းရင်းဟာ အုပ်ချုပ်ရေးယန္တရားကို စနစ်တကျ အသက်သွင်းနိုင်မှုမရှိပဲ၊ နိုင်ငံရေးလောကမှာ သူဘာလဲ၊ ငါဘာလဲ ငြင်းခုံနေရာလုမှုတွေကြောင့် ဖြစ်ပါတယ်။ အာဖရိကနိုင်ငံများမှာဆိုရင် အုပ်ချုပ်ရေးစနစ်လုံးဝမရှိတော့ပဲ သူတလူ၊ ငါတမင်းဖြစ်ကုန်တဲ့အထိ ဖြစ်ခဲ့ရဖူးပါတယ်။ စစ်အာဏာရှင်တွေအတွက်တော့ ဒါတွေဟာ အာဏာသိမ်းယူဖို့ ဖိတ်ခေါ်နေတဲ့ အပြုအမူတွေပါပဲ။
(၄) အချိန်ယူ၍ သွေးခွဲခြင်း၊ အယူအဆ ကွဲပြားအောင်ပြုလုပ်ခြင်း
COIN နည်းဗျူဟာတွေထဲက နောက်ထပ်အရေးကြီးတဲ့ အချက်တချက်ကတော့ အချိန်အတန်ကြာယူပြီး သွေးခွဲခြင်းနဲ့ အယူအဆ ကွဲလွဲအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ စစ်ရေးကျွမ်းကျင်သူတွေက common sense ကို အသုံးပြုဖို့ အကြံပြုကြပါတယ်။ စစ်ပွဲရဲ့ အဆုံးသတ်အောင်ပွဲဆိုတာ ရန်သူကို သတ်ဖြတ်ချေမှုန်းတာ၊ ဖမ်းဆီးလိုက်နိုင်တာတခုပဲ မဟုတ်ရဘူးလို့ သူတို့က ဆိုထားပါတယ်။ အဓိကကတော့ အတွေးအခေါ်၊ အယူုအဆတွေကိုေ၀၀ါးအောင် ပြုလုပ်ပြီး အောင်ပွဲယူရမယ်လို့ ဆိုပါတယ်။ တော်လှန်ရေးခရီးဆိုတာ ကြမ်းတမ်းပါတယ်။ အချိန်ကြာပါတယ်။ မျိုးဆက်တဆက်ကနေတဆက် လက်ဆင့်ကမ်းပြီး လုပ်ကြရတဲ့ အခြေအနေမျိုးအထိလဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မျိုးဆက်တခုနဲ့ တခုကြားက အတွေးအခေါ် လက်ဆင့်ကမ်းမှုတွေကို ဖြတ်တောက်နိုင်ရင် တော်လှန်ရေးခါးဆက်ဟာ ပြတ်သွားတတ်ပါတယ်။ COIN operations ပြုလုပ်မယ့်သူတွေက ဒီအချက်ကို အခွင့်အလမ်းအဖြစ် သတ်မှတ်ရမယ်လို့ သူတို့က ဆိုပါတယ်။
ဒီလို တော်လှန်ရေးခါးဆက်ပြတ်သွားအောင် ပြုလုပ်နိုင်ခဲ့ရင် တော်လှန်ရေးဟာ တစတစ ပိုပြီး အချိန်ကြာပါတယ်။ အချိန်ကြာတာနဲ့အမျှ မျိုးဆက်ဟောင်းတွေအကြားမှာ အယူအဆကွဲလွဲမှုတွေ တစတစ ပိုမိုကြီးထွားလာပါတယ်။ စစ်မျက်နှာအသီးသီးမှာ လှုပ်ရှားနေသူတွေ အချင်းချင်း သူ့စစ်မျက်နှာက ထိရောက်တယ်၊ သူ့စစ်မျက်နှာက မထိရောက် စသဖြင့် အငြင်းပွားမှုတွေ များပြားလာပါတယ်။ ဟန်ချက်ညီလုပ်ဆောင်နိုင်မှုထက် ပြိုင်ဆိုင်မှုတွေ၊ သူမှန်တယ်၊ ငါမှန်တယ် ငြင်းခုန်မှုတွေ၊ အချိန်ကြာနေတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး သူ့အပြစ်၊ ကိုယ့်အပြစ်ပုံချမှုတွေက ပိုမိုကြီးထွားလာပါတယ်။ ဒါတွေဟာ အချိန်ကြာနေတဲ့ တော်လှန်ရေးတိုင်းရဲ့ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာတွေပါပဲ။ "Walking the walk” လို့ စစ်မဟာဗျူဟာလောကမှာ ခေါ်ဆိုကြတဲ့ ဒီနည်းလမ်းဟာ အစိုးရတွေအတွက်တော့ အတော်ကို ထိရောက်တဲ့ နည်းလမ်းလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေကို အသုံးပြုပြီး၊ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းတွေအကြားမှာ သွေးခွဲမှုတွေ၊ စိတ်ဓာတ်ကျစေမှုတွေ၊ အယုံအကြည်ကင်းမဲ့မှု ဖြစ်စေနိုင်လို့ပါပဲ။ အာဖဂန်နစ်စတန် စကားပုံတခုက ဆိုထားသလိုပဲ "You have the watches, we have the time” ဆိုတဲ့ အခြေအနေမျိုးပါ။ တော်လှန်ရေးသမားတွေအနေနဲ့ ဒါကို အထူးသတိပြုဖို့ လိုအပ်လှပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် အခုကျွန်မ အထက်မှာ ရေးသားပြထားတဲ့ နည်းလမ်းတွေဟာ စစ်ရေးကျွမ်းကျင်သူများက Counterinsurgency နဲ့ ပတ်သက်ပြီး အသုံးပြုဖို့ ဖော်ထုတ်သုတေသနပြုထားကြတာတွေပါ။ နိုင်ငံပေါင်းများစွာက ဖြစ်ရပ်တွေ၊ သင်ခန်းစာယူစရာ အချက်များစွာဟာ ဒီနည်းလမ်းတွေနဲ့ ဆက်စပ်နေပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက စစ်အုပ်စုဟာ စစ်အစိုးရပီပီ ဒီနည်းလမ်းတွေကို အသုံးပြုခဲ့၊ အသုံးပြုနေဆဲပဲဆိုတာ သမိုင်းဖြစ်စဉ်တွေနဲ့ ယှဉ်ထိုးကြည့်ရင် မြင်သာထင်ရှားလှပါတယ်။ ဒီနည်းလမ်းတွေရဲ့ ထောင်ချောက်တွေထဲကို မကျရောက်နိုင်ဖို့ တော်လှန်ရေးသမားတွေအနေနဲ့ ဆောင်သင့်တာဆောင်၊ ရှောင်သင့်တာရှောင်ပြီး၊ တော်လှန်ရေးချိန်ခွင်လျှာ ကိုယ့်ဘက်မှာ အလေးပိုသာနိုင်ဖို့အရေးအတွက် ရှေးရှုလုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
ခင်မမမျိုး (၂၉၊ ၄၊ ၂၀၀၉)
ရည်ညွှန်းကိုးကား-
Galula, David (2006) Counterinsurgency Warfare: Theory and Practice, Westport: Praeger Security International
Hammes Thomas X. (2006) The Sling and the Stone: On War in the 21st century, St Paul:Zenith Press
Kilcullen, David (2006) “Counterinsurgency Redux”, Survival, Volume 48
Mao Tse-Tung (2000) On Guerrilla Warfare, Translated by Samuel B. Griffith II Urbana, University of Illinois Press
Persson, Per-Ann I. & Nyce, James M (2007) “Intuitive Tools? Design Lessons from the Military Intelligence Community”, American Intelligence Review
Thompson, Robert (1966) Defeating the Communist Insurgency, New York, Hailer Publishing
FBF Newsletter (April 5, 2009)
Sunday, April 5, 2009
ကျောင်းသားလက်စွဲ - သင်ခန်းစာများအား ပြန်လှန်ကျက်မှတ်ခြင်း
Saturday, April 4, 2009
စာမေးပွဲများ နီးလာတဲ့အခါ ကျောင်းသားတွေအနေနဲ့ လေ့လာသင်ယူထားတဲ့ သင်ခန်းစာတွေကို ပြန်လှန်ကျက်မှတ်ကြရပါတယ်။ ကျောင်းသားတယောက်အတွက် ဒီအချိန်ဟာ အရေးကြီးတဲ့ အချိန်ပါ။ တနှစ်ပတ်လုံး ကျောင်းအတူတက်၊ စာအတူကျက်ခဲ့ကြပြီး ဒီအချိန်ရောက်မှ အချိန်ကို အကျိုးရှိရှိ အသုံးမချတတ်မှု၊ လွန်မင်းစွာ အသုံးချမှုတွေနဲ့ အခြားသော အလေ့အထမှား တချို့ဟာ ကျောင်းသားတွေရဲ့ စာမေးပွဲရမှတ်တွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ပညာရေးနဲ့ သင်ယူမှုပိုင်းဆိုင်ရာ လေ့လာသူတွေက ဒီလိုအလေ့အထမှားတွေကို သုံးသပ်ပြီး၊ ဒါတွေကို ဘယ်လိုကျော်လွှားမလဲ ဆိုတဲ့ အချက်အလက်တွေကို တွေးတောအကြံပေးခဲ့ကြပါတယ်။ ဒီလိုအကြံပြုချက်လေးတွေထဲက တချို့အချက်လေးကို စာရေးသူရဲ့ အတွေ့အကြုံတချို့နဲ့ ပေါင်းစပ်ပြီး ရေးသားတင်ပြပါမယ်။
(၁) စာတွေကို ထပ်ခါထပ်ခါဖတ်ပြီး၊ မှတ်စုတွေ ထပ်တလဲလဲ ထုတ်နေခြင်း
တချို့သော ကျောင်းသားတွေက စာမေးပွဲနီးလာတဲ့အခါမှာ သင်ရိုးစာအုပ်တွေကို ထပ်ခါတလဲလဲ ဖတ်နေတတ်ကြပါတယ်။ တကယ်တော့ သင်ရိုးစာအုပ်တွေကို လေ့လာသင်ယူနေတဲ့ အချိန်မှာကတည်းက နားလည်အောင် ကြိုတင်ဖတ်ထားသင့်ပါတယ်။ ပြန်လှန်ကျက်မှတ်တဲ့အချိန်ကျမှ နားလည်အောင် လိုက်လုပ်နေရတယ်ဆိုတာ သင်ခန်းစာတွေကို ကျေညက်အောင် မလေ့လာထားလို့ပဲ ဖြစ်ပါတယ်။
တချို့ကျတော့လဲ ပြန်လှန်ကျက်မှတ်တဲ့အချိန်ရောက်မှ မှတ်စုတွေ ထပ်တလဲလဲ ထုတ်နေခြင်းပါ။ စာရေးသူလဲ ဖြစ်ဖူးပါတယ်။ စစ်မဟာဗျူဟာနဲ့ ပတ်သက်တဲ့ စာမေးပွဲတခု ဖြေစဉ်တုန်းကပါ။ တကယ်တော့ စစ်ဗျူပညာရှင်ကလော့ဝစ်ရဲ့ အဆိုအမိန့်၊ အတွေးအမြင်တွေကို စာမေးပွဲမတိုင်မီ သုံးလလောက်ကတည်းက မှတ်စုထုတ်ပြီးသား ဖြစ်ပါတယ်။ စစ်ရဲ့သဘောသဘာဝတွေ၊ သီအိုရီတွေ၊ ဗျူဟာတွေကို ကဏ္ဍအလိုက်ခွဲပြီး လေ့လာပြီးသားပါ။ ဘာကြောင့်များ စာမေးပွဲဖြေခါနီး နှစ်ရက်အလိုကျမှ အဲဒီစစ်ကျမ်းကြီးကို ပြန်ကောက်ကိုင်မိတယ်မသိဘူး။ ရလာဒ်ကတော့ စာအုပ်ကို ကောက်ကိုင်လိုက်၊ မှတ်စုတွေ ပြန်လှန်လိုက်၊ ဟိုဟာလေးထပ်ဖြည့်ရင်ကောင်းမလား၊ ဒီဟာလေးများ လိုနေမလားနဲ့ တော်တော်ဗျာများခဲ့ဖူးပါတယ်။ အချိန်ကုန်၊ လူပင်ပန်းနဲ့ စာမေးပွဲခန်းရောက်မှ တချို့ quotation တွေကို မနည်းပြန်စဉ်းစားယူရပြီး နောင်တရခဲ့ဖူးပါတယ်။
ကောင်းတာကတော့ စာမေးပွဲနည်းလာပြီဆိုတာနဲ့ အဓိက အချက်အလက်တွေပါတဲ့ ကတ်ပြားတွေ (ဒါမှမဟုတ်) မှတ်စုစာအုပ်တွေကိုပဲ ပြန်ဖတ်သင့်ပါတယ်။ mindmaps တွေ၊ ရုပ်ပုံတွေနဲ့ အကြောင်းအရာများကို မှတ်သားသင့်ပါတယ်။ အတိုကောက်စာလုံးလေးတွေနဲ့ မှတ်သားထားရင် စာမေးပွဲခန်းထဲမှာ ပြန်မှတ်မိနိုင်တာမို့ အကျိုးရှိပါတယ်။ ဒါပေမယ့် အားလုံးကိုချည်းပဲ အတိုကောက်တော့ မမှတ်ပါနဲ့ရှင်။ အစပြန်ဖော်လို့ မရတော့တာတွေလဲ ကြုံဖူးလို့ပါ။
(၂) အက်ဆေးများကို အလွတ်ကျက်မှတ်ခြင်း
ကျွန်မတို့ မြန်မာကျောင်းသူ၊ ကျောင်းသားတွေ လုပ်တတ်ကြပါတယ်။ မေးခွန်းတွေကို စပေါ့ရိုက်ပြီး၊ အလွတ်ကျက်ကြတာပါ။ တချို့သော အာရှတိုက်ကလာတဲ့ ကျောင်းသားများလဲ အလွတ်ကျက်ကြတာ တွေ့ဖူးပါတယ်။ အချိန်ကုန်၊ လူပင်ပန်းလွန်းလှပါတယ်။ မေးခွန်းက ကိုယ်ကျက်ထားတဲ့ ပုံစံမျိုး လာချင်မှ လာမှာပါ။ မေးခွန်းပုံစံများကို လေ့လာပြီး၊ ဘယ်လိုမေးခွန်းလာရင်၊ ဘယ်လိုဖြေမယ်ဆိုတာမျိုးကိုပဲ ပြင်ဆင်ထားပြီး၊ အချက်အလက်တွေ မှတ်သားထားသင့်ပါတယ်။ စာမေးပွဲခန်းရောက်မှ မေ့သွားတာမျိုးလဲ ရှိတတ်တာမို့ ဒီလိုအလေ့အထမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၃) ပြန်လှန်လေ့လာမှုကို အာရုံစိုက်လွန်းခြင်း
တချို့ကျောင်းသားတွေကျတော့ အလွန်အကျွံကို လုပ်တတ်ကြပြန်ပါတယ်။ စာမေးပွဲနီးရင် စာကို အလွန်အကျွံလုပ်တတ်တဲ့ ကျောင်းသားနှစ်မျိုး ရှိပါတယ်။ ပထမတမျိုးကတော့ စာရရဲ့သားနဲ့ စာမေးပွဲကို ကြောက်စိတ်ဝင်ပြီး၊ မအိပ်နိုင်၊ မစားနိုင်၊ စာအုပ်နဲ့ မျက်နှာနဲ့ မပြတ်ဖြစ်တတ်သူတွေပါ။ ဒုတိယတမျိုးကတော့ တနှစ်ပတ်လုံး လုပ်ချင်ရာလုပ်၊ ဖြစ်ချင်ရာဖြစ်နေပြီး၊ စာမေးပွဲနီးမှ အလွန်အကျွံ စာကျက်တတ်သူတွေပါ။ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ကောင်းမွန်တဲ့ အလေ့အထတော့ မဟုတ်ပါဘူး။ မြန်မာပြည်မှာတုန်းက ဆယ်တန်းမို့လို့ တနှစ်လုံး တီဗွီမကြည့်ရ၊ ကက်ဆက်နားမထောင်ရလို့ အတင်းအကြပ်ပိတ်ပင်တဲ့ မိဘမျိုးတွေလဲ တွေ့ခဲ့ဖူးပါတယ်။ လူဆိုတာ စက်ရုပ်မဟုတ်ပါဘူး။ တစုံတခုထဲမှာပဲ တချိန်လုံးအာရုံနှစ်ထားတာဟာ စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။ စာမေးပွဲနီးလို့ စိတ်အနားယူအပန်းဖြေရေးနဲ့ ပတ်သက်တာတွေ လုံးဝမလုပ်ဘူး ဆိုတာဟာလဲ မကောင်းပါဘူး။ ဒါတွေကို ကောင်းကောင်းမွန်မွန် အသုံးချတတ်ရင် ဆေးတောင် ဖြစ်ပါသေးတယ်။ သီချင်းကြိုက်သူတယောက်အတွက် တဘာသာဖတ်ပြီး၊ နောက်တဘာသာ စမဖတ်ခင် အချိန်လေးအတွင်းမှာ နာရီဝက်လောက် သီချင်းနားထောင်လိုက်တာဟာ စိတ်လန်းဆန်းမှု အတွက်ကိုတောင် အထောက်အကူ ဖြစ်စေပါသေးတယ်။ တခါတလေလဲ စာတွေ ဖတ်မှတ်ရင်း ငြီးငွေ့လာတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ သူငယ်ချင်းတချို့နဲ့အတူ စာတူတူ ဖတ်မှတ်ဆွေးနွေးတဲ့ အချိန်လေးတွေရှိရင် ပိုကောင်းပါတယ်။
(၄) မိမိကိုယ်ကို အတင်းကာရော စာထဲ အာရုံစိုက်ခိုင်းပြီး၊ ငြီးငွေ့စေခြင်း
လူတယောက်နဲ့ တယောက်မှာ စိတ်ပါဝင်စားတာ၊ အာရုံစိုက်နိုင်တာတွေ မတူပါဘူး။ စာရေးသူဆိုရင် တခုတည်းကို အာရုံစိုက်လုပ်ရတာကို လုံးဝနှစ်မြို့သူ မဟုတ်ပါဘူး။ စာတအုပ်ထဲကို ဖတ်ဖို့လာပေးထားရင် ဘယ်တော့မှ ပြီးအောင် မဖတ်နိုင်တော့ပါဘူး။ စာအုပ်နှစ်အုပ်လာပေးရင်တော့ တအုပ်ကိုဖတ်လို့ ငြီးငွေ့လာရင်၊ နောက်တအုပ်ကို ကောက်ဖတ်လို့ရတဲ့ အသိနဲ့ အလုပ်ခွဲဝေလိုက်တာကြောင့် ဖတ်လို့ပြီးသွားပါတယ်။ ကိုယ့်အကြောင်းကိုယ်သိဖို့ အရေးကြီးပါတယ်။ တချို့က တခုတည်းမှာ နာရီများစွာ နှစ်ပြီး အလုပ်လုပ်နိုင်ပါတယ်။ တချို့က မလုပ်နိုင်ပါဘူး။ ဒါကြောင့်စိတ်ကမပါပဲ ကိုယ့်ကိုကိုယ် အတင်းအကြပ်အမိန့်ပေးပြီး မခိုင်းပါနဲ့။ နောက်နေ့မှာ စာမေးပွဲဖြေရမှာ မဟုတ်ဘူးဆိုရင်တော့ တဘာသာတည်းကို နာရီပေါင်းများစွာ ဖတ်နေတာထက်စာရင် ဒီတဘာသာကို ခေါင်းစဉ်တခုဖတ်၊ နောက်တဘာသာကို ခေါင်းစဉ်တခုဖတ်နဲ့ အာရုံပြောင်းပေးပြီး၊ ပြန်လှန်ကျက်မှတ်တာက ပိုအကျိုးရှိမယ်ထင်ပါတယ်။ ရေတိုရည်မှန်းချက်လေးတွေ ချသင့်ပါတယ်။ သိပ်ပြီး ငြီးငွေ့လာရင် အာရုံပြောင်းလိုက်ပါ။ လမ်းထွက်လျှောက်တာ၊ အစားတခုခုစားတာ၊ သီချင်းနားထောင်တာတွေ လုပ်သင့်ပါတယ်။ နေ့လည်နေ့ခင်း နာရီဝက်လောက် အိပ်စက်အနားယူလိုက်တာကလဲ အင်အားဖြစ်စေပါတယ်။
(၅) စာမေးပွဲကြောက်စိတ်ဝင်လာခြင်း
တချို့ကျောင်းသားတွေက တနှစ်လုံးပေါ့ပေါ့လျော့လျော့နေလာပြီး စာမေးပွဲနီးမှ ကြောက်လန့်တကြား၊ စိုးရိမ်တကြီးနဲ့ ပျာယာခတ်နေတတ်ကြပါတယ်။ တချို့ကျတော့လဲ စာရရဲ့သားနဲ့ ပျာယာပျာယာ ဖြစ်နေကြတာပါ။ စာမေးပွဲဆိုတဲ့ အရှိန်က အတော်ကို ကြီးပါတယ်။ ဘယ်သူမဆို အနည်းနဲ့ အများတော့ ကြောက်ကြတာပါပဲ။ ဒါပေမယ့် အလွန်အမင်း ကြောက်စိတ်ဝင်ပြီး ပျာယာခတ်လာပြီဆိုရင် စာဖတ်နေတာကို ရပ်ပြီး၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ စကားစပြောသင့်ပါတယ်။ စာမေးပွဲနဲ့ မဆိုင်တဲ့ အကြောင်းတွေပြောရင် ပိုကောင်းပါလိမ့်မယ်။
မှတ်စုစာအုပ်တွေကို ကြည့်ပြီး ငါဒါတွေအားလုံး မှတ်မိပါ့မလား၊ ငါလေ့ကျင့်ထားတဲ့ မေးခွန်းတွေကော လာပါ့မလား စတဲ့ စိုးရိမ်ပူပန်စိတ်တွေလဲ ၀င်လာတတ်ပါတယ်။ အဲဒီအခါကျရင် ကျန်တာတွေ မမှတ်မိတာအသာထား၊ အခုဖတ်နေတဲ့ စာကို မှတ်မိရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်ကို ပြန်သွင်းရပါမယ်။ စီမံခန့်ခွဲရေးဘာသာတွေနဲ့ ပတ်သက်ပြီး၊ ဂိုက်လုပ်စဉ်တုန်းက ဆယ့်ငါးမိနစ်အတွင်းမှာတင် ဖြေရမယ့် လေးဘာသာရဲ့ စာအုပ်တွေကို ဟိုဟာကောက်ကိုင်လိုက်၊ ဒီဟာကောက်ကိုင်လိုက်နဲ့ လူကိုပြူးတူးပြဲတဲ ကြည့်တတ်တဲ့ ကလေးတယောက်ကို တွေ့ဖူးပါတယ်။ နောက်ဆုံးတော့ စာအုပ်တအုပ်ထဲကို ပေးပြီး၊ ကျန်တဲ့သုံးအုပ်ကို အံဆွဲထဲ ထည့်သိမ်းထားလိုက်ရပါတော့တယ်။ တနာရီခွဲလောက်ကြာမှ နောက်တအုပ်ကို ထုတ်ပေးပြီး၊ အရင်ဖတ်နေတဲ့ တအုပ်ကို ပြန်သိမ်းရပါတယ်။
စိတ်သက်သာရာရစေမယ့် နည်းလမ်းတွေကိုလည်း ရှာကြံတွေးတောသင့်ပါတယ်။ စာရေးသူလဲ ဆယ်တန်းလောက်အထိ စာမေးပွဲဆို ပူပန်ကြောင့်ကြတတ်ခဲ့ပါတယ်။ ဒီတုန်းကတော့ စာမေးပွဲမှာ ရမှတ်များဖို့၊ အဆင့်ကောင်းဖို့တွေပဲ သိနားလည်ခဲ့တာကြောင့်ပါ။ ဆယ်တန်းအောင်ပြီး၊ လူ့လောကထဲ လက်တွေ့ရောက်လာတော့မှ စာမေးပွဲအောက်လက်မှတ်တွေဆိုတာ အရေးကြီးတာ မှန်ပေမယ့် ဘ၀ရဲ့ အစိတ်အပိုင်းတခုပဲဆိုတာ နားလည်လာခဲ့ရပါတယ်။ ဒီတော့ သိပ်ပူပန်စိတ်များလာရင် ကိုယ့်ဘက်က အတတ်နိုင်ဆုံးကြိုးစားခဲ့သလားဆိုတာ ကိုယ့်ဟာကို ပြန်မေးလိုက်ပါ။ အချိန်တွေကို အလဟဿ မဖြုန်းခဲ့ပဲ လုပ်သင့်တာတွေ လုပ်ခဲ့ပြီးပြီဆိုမှတော့ ရှုံးမှာကို ကြောက်စရာမလိုတော့ပါဘူး။ အမှတ်နည်းမှာ၊ များမှာကိုလဲ စိုးရိမ်စရာမလိုပါဘူး။ ကိုယ့်ဘက်က တာဝန်ကျေတယ်ဆိုရင် သူတပါးဆုံးဖြတ်ချက်ကြောင့် ပေါ်ထွက်လာမယ့် ရလာဒ်ကို ထည့်သွင်းစဉ်းစားစရာ မလိုအပ်ပါဘူး။ ကျသွားရင်လဲ အောင်အောင် ထပ်ကြိုးစားလို့ရပါတယ်။ ကိုယ်ကဖြစ်ချင်စိတ်ရှိတယ်ဆိုရင် စိတ်မလျှော့သေးသရွေ့ မရှုံးသေးပါဘူး။ ဒါကြောင့် စာမေးပွဲနီးရင် ရလာဒ်နဲ့ ပတ်သက်တဲ့ ပူပန်ကြောင့်ကြစိတ်တွေကို ဖျောက်ဖျက်ပြီး၊ သွေးအေးအေးနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။
(၆) အချိန်မလုံလောက်သလို ခံစားရပြီး၊ လုပ်ချင်တာများနေခြင်း၊ ကုန်သွားသောအချိန်များအား ပြန်လည်တမ်းတနေခြင်း
စာမေးပွဲနီးလာတာနဲ့အမျှ ကျောင်းသားတွေဆီမှာ နောင်တ တစွန်းတစလေးတွေ ပေါ်လာတတ်ပါတယ်။ ဒီစာတွေကို စောစောများကျက်ခဲ့မိရင်၊ အဲဒီတုန်းကသာ အတန်းမလစ်ခဲ့မိရင် စတဲ့စတဲ့ စိတ်လေးတွေပါ။ ဒါပေမယ့် “ကုန်ဆုံးသွားတဲ့ အချိန်တမိနစ်ကို မကုန်ဆုံးနိုင်တဲ့ အချိန်သမုဒ္ဒရာကြီးက ပြန်လည်ဖြည့်ဆည်း မပေးနိုင်ပါဘူး” ဆိုတဲ့ အဆိုအမိန့်လိုပဲ အတိတ်က ကုန်ဆုံးသွားတဲ့ အချိန်တွေအတွက် နောင်တရပြီး၊ လက်ရှိတန်ဖိုးရှိနေတဲ့ အချိန်တွေကို ထပ်မံ မဖြုန်းတီးမိကြဖို့ လိုအပ်ပါတယ်။ အတိတ်ကို ပြန်တွေးပြီး သင်ခန်းစာယူတာနဲ့၊ နောင်တရတမ်းတဆွေးမြေ့နေတာနဲ့ တခြားစီပါ။ လောကမှာ လူတိုင်းမှားဖူးပါတယ်။ လူတိုင်း အချိန်ဖြုန်းတီးဖူးပါတယ်။ ဒါကို တမြည့်မြည့်နဲ့ တမ်းတပူဆွေးနေစရာ မလိုအပ်ပါဘူး။ အရေးကြီးတာက အခုလက်ရှိအချိန်ကို ဘယ်လိုအကျိုးရှိအောင် အသုံးပြုမလဲ ဆိုတာပါပဲ။ ပြန်လှန်လေ့လာရမယ့် စာတွေကို အပိုင်းပိုင်းခွဲလိုက်ပါ။ လိုအပ်မယ့် အချိန်ကို တွက်ချက်ပါ။ ဘယ်လိုမှ အချိန်မရှိတော့ရင် အရေးကြီးဆုံးတွေကိုပဲ စိစစ်ထုတ်လိုက်ပါ။ ဖယ်ရှားထားပစ်ခဲ့ရတဲ့ အရာတွေအတွက် နောက်ဆံမတင်းပါနဲ့။ ဖယ်ထားဖို့ ဆုံးဖြတ်ပြီးမှ ထားခဲ့ပြီးသားမို့၊ မတော်တဆများ စာမေးပွဲမှာ ဒီအပုဒ်တွေလာခဲ့ရင်လဲ မဖြေရုံပဲရှိတယ် လို့သာ စိတ်ပိုင်းဖြတ်လိုက်ပါ။ ကိုယ်စကာတင် ရွေးထားတဲ့ အကြောင်းအရာတွေကိုသာ အာရုံစိုက်မှတ်သားပါ။ တခါတရံ ဘ၀မှာ စကာတင်ရွေးချယ် ဆုံးဖြတ်လိုက်ရတာတွေ ရှိနေတတ်စမြဲပါ။ မိမိရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြတ်သားပါ။ ကောင်းလာခဲ့ရင် စံမယ်၊ ဆိုးလာခဲ့ရင် ရင်ဆိုင်မယ် စိတ်ကို မွေးလိုက်ပါ။ ဆန့်ငင်ဆန့်ငင် စိတ်လေးတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေတတ်ပါတယ်။
အခုဆက်လက်ပြီး၊ ပြန်လှန်လေ့ကျက်ရာမှာ အကျိုးရှိစေမယ့် နည်းလမ်းလေးတွေကို တင်ပြပေးပါမယ်။
(၁) အပြုသဘောစိတ်နှင့် တက်တက်ကြွကြွရှိနေပါ။
အခက်အခဲတွေကို စိန်ခေါ်မှုတွေအနေနဲ့ မှတ်ယူလိုက်ပါ။ အခက်အခဲများကြောင့် စိတ်ဓာတ်ကျမည့်အစား၊ ဘယ်လို ကျော်လွှားဖောက်ထွက်မလဲ၊ ဘယ်လိုအကူအညီတွေ ရယူသင့်သလဲ ဆိုတာကိုသာ တွေးပါ။
(၂) အချိန်ကို အကျိုးရှိစွာ အသုံးပြုပါ။
အချိန်ဇယားဆွဲပါ။ အရေးကြီးသည်အလိုက် အမှတ်စဉ်တပ်ပြီး ဦးစားပေးရမည်များကို ဦးစားပေးလုပ်ပါ။ တနေ့တာကို ဘယ်လို အချိန်ကုန်ဆုံးစေမလဲ ဆိုတာ စာနဲ့ ရေးချပါ။ အနားယူအပန်းဖြေရမယ့် အချိန်များ ထည့်သွင်းထားပါ။
(၃) သူများနဲ့ တွဲလုပ်ပါ။
ဒီအချက်ကတော့ မိမိအပေါ်မှာသာ မူတည်ပါတယ်။ သူများနဲ့ တွဲလုပ်ရမှာကို အကျိုးရှိတယ်ထင်ရင် တွဲလုပ်ပါ။ သီးသန့်လုပ်ရတာမှာ အားသာရင်လဲ မိမိဘာသာပဲ လုပ်ပါ။
(၄) အကူအညီတောင်းပါ။
တချို့စာတွေက ဖတ်ပြီး၊ မှတ်စုထုတ်တုန်းက နားလည်ပေမယ့်၊ ပြန်လှန်ကျက်မှတ်ချိန်ရောက်မှ နားမလည်တော့တာမျိုးတွေ ဖြစ်စေတတ်တာလဲ ရှိပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါ သူငယ်ချင်းတွေ၊ ဆရာတွေဆီကို အကူအညီတောင်းပါ။
(၅) active learning techniques များကို အသုံးပြုပါ။
ရုပ်ပုံကားချပ်တွေ၊ ဇယားတွေဆွဲပြီး မှတ်သားပါ။ အရေးကြီးတဲ့ အချက်အလက်တွေကို တခုနဲ့တခု ခွဲခြားမှတ်သားပါ။ အတိုကောက်စာလုံးတွေ၊ မှတ်မိစေနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ တွဲစပ်မှတ်သားပါ။
(၆) နားနဲ့ ပြန်လှန်ကျက်မှတ်မှုလုပ်ပါ။
ဒီနည်းလမ်းဟာ တော်တော်ထိရောက်လာပါတယ်။ စာရေးသူ ဒီနည်းလမ်းကို အသုံးချတာမှာ အောင်မြင်တာတွေ့ရပါတယ်။ တချို့စာတွေကို စကားပြောသလို ထိုင်ပြောပြီး ဖတ်မှတ်တာပါ။ ကိုယ့်အသံကို ကိုယ်ပြန်နားထောင်တာဟာ မှတ်ဥာဏ်ကို တိုးတက်စေတယ်လို့ အချို့ပညာရှင်များက ဆိုထားကြပါတယ်။
(၇) မေးခွန်းဟောင်းများကို လေ့လာပါ။
မေးခွန်းဟောင်းတွေကို ပြန်ကြည့်ပြီး ဘယ်လိုမေးခွန်းတွေကို ဘယ်လိုဖြေမလဲဆိုတာ စဉ်းစားအဖြေရှာပါ။ အက်ဆေးမေးခွန်းတွေဆိုရင် မေးခွန်းရှုထောင့်မျိုးစုံအတွက် ပြင်ဆင်ပြီး plan ချကြည့်ပါ။ အချိန်သတ်မှတ်ပြီး စာမေးပွဲဖြေကြည့်ပါ။ ကိုယ့်လက်ရေးရဲ့ အမြန်နှုန်း၊ ကိုယ့်ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းတွေကို စမ်းသပ်ကြည့်လို့ရပါတယ်။ လိုအပ်တာတွေကို ထပ်ဖြည့်ဆည်း ပြင်ဆင်မှုတွေ လုပ်ဖို့အတွက် ဒီနည်းက ထိရောက်လှပါတယ်။
(၈) မိမိကိုယ်ကို ဂရုစိုက်ပါ။
ဒီအချက်ကတော့ အရေးကြီးဆုံး အချက်ပါပဲ။ ဘ၀ဆိုတဲ့ ခရီးရှည်ကြီးမှာ ကျောင်းစာမေးပွဲတွေ တင်မဟုတ်ပဲ စာမေးပွဲတွေ အမြောက်အမြား ဖြေဆိုကြရဦးမှာပါ။ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးကလဲ အရေးကြီးပါတယ်။ ပညာတွေတတ်၊ စာမေးပွဲတွေအများကြီးအောင်ပြီးမှ လူ့လောကအတွက် ဘာအကျိုးမှ မပြုနိုင်ရင် အလကားပါပဲ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ကိုယ်တွေ့ပြောရမယ်ဆိုရင် တခါတလေမှာ ဒီအချက်ကို လုပ်ဖို့က အတော်ပဲ ခဲယဉ်းနေတတ်ပါတယ်။ ဇောတခုခု ကပ်နေချိန်ဆိုရင် ဒီအချက်ကို လူတွေက မေ့နေတတ်ကြပါတယ်။ စာရေးသူလဲ အပါအ၀င်ပါ။ ဒါပေမယ့် ကြာကြာဝါးမယ့်သွား၊ အရိုးကြည့်ရှောင်ဆိုသလိုပဲ အိပ်ရေး၀၀အိပ်ဖို့၊ အစားအစာအာဟာရပြည့်မှီအောင်စားဖို့၊ အပန်းဖြေအနားယူဖို့၊ အချိန်အားလေးတွေ ထားဖို့ကိုလဲ ဂရုစိုက်သင့်ပါတယ်။ စာမေးပွဲခန်းတွေမှာ မူးလဲလို့၊ မူးမော်ခေါင်းကိုက်နေလို့ “မြင်းကောင်းခွာလိပ်” ဖြစ်ခဲ့ရသူတွေ အများကြီးပဲဆိုတာ သတိပြုကြပါ လို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။
ခင်မမမျိုး (၄၊ ၄၊ ၂၀၀၉)
နိုင်ငံတော်အကြမ်းဖက်မှုနှင့် မြန်မာနိုင်ငံ
Thursday, April 2, 2009
အကြမ်းဖက်မှု (Terrorism) ဆိုတဲ့ စကားလုံးလေးဟာ နှစ်ဆယ်ရာစုနှောင်းပိုင်းနဲ့ နှစ်ဆယ့်တစ်ရာစု ကာလတလျှောက်မှာ ရေပန်းအတော်စားလာတဲ့ စကားလုံးလေးဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသလို၊ အကြမ်းဖက်မှုပုံစံအမျိုးမျိုးကိုလဲ လေ့လာသူတွေက လေ့လာသုံးသပ်ခဲ့ကြတယ်။ အချို့သော ပညာရှင်များက သမိုင်းရှုထောင့်က လေ့လာကြသလို၊ တချို့ကလဲ အတွေးအခေါ်ပိုင်းကနေ လေ့လာသုံးသပ်ကြတယ်။ နိုင်ငံရေးဘောဂဗေဒ ပညာရှင်များကလဲ ဂိမ်းသီအိုရီတွေ၊ time series analysis, econometric analysis နည်းလမ်းတွေကို အသုံးပြုပြီး၊ အကြမ်းဖက်မှုချေမှုန်းရေးဆိုင်ရာ ပေါ်လစီများရဲ့ ထိရောက်မှုစတာတွေကို ဆန်းစစ်ခဲ့ကြတယ်။
လူမှုရေး၊ စိတ်ပညာ ပညာရှင်တွေကလဲ သူတို့ တတ်ကျွမ်းတဲ့ နည်းပညာတွေကို အသုံးပြုပြီး အကြမ်းဖက်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ၊ သွင်ပြင်လက္ခဏာတွေကိုပါ လေ့လာနေကြတယ်။ နိုင်ငံပေါင်းစုံက အစိုးရတွေရဲ့ မဟာဗျူဟာလေ့လာရေးဌာနတွေ၊ အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့အစည်းတွေမှာလဲ အကြမ်းဖက်မှုလေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ အများအပြား ခန့်အပ်ဆောင်ရွက်ကြရတယ်။ အချို့သော တက္ကသိုလ်တွေအနေနဲ့ကလဲ လိုအပ်လာတဲ့ ပညာရှင်အရေအတွက်နှုန်းကို ပံ့ပိုးပေးနိုင်ဖို့ အကြမ်းဖက်မှုလေ့လာရေးဆိုင်ရာ ဘွဲ့လွန် အောင်လက်မှတ်အထူးသင်တန်းတွေ ဖွင့်လှစ်ကြရပြန်တယ်။
စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စိတ်ပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ ဥပဒေရေးရာ စတဲ့ ဘာသာရပ်တော်တော်များများနဲ့ ဆက်စပ်နေတဲ့ multidisciplinary subject တခုဖြစ်တဲ့ အကြမ်းဖက်မှုလေ့လာရေးဟာ ယနေ့ခေတ်ကမ္ဘာရဲ့ အရေးအကြီးတဲ့ ပညာရပ်တခုအနေနဲ့ တစတစ နေရာယူစိုးမိုးလာခဲ့ပါတယ်။ ပညာရပ်အနေနဲ့တင်မကပဲ နိုင်ငံတိုင်းရဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက် (National security objectives) တွေအထဲမှာလဲ ထိပ်ဆုံးက နေရာယူလာပါတယ်။ အခုဒီဆောင်းပါးမှာ အကြမ်းဖက်မှု၊ နိုင်ငံတော်အကြမ်းဖက်မှုနဲ့ မြန်မာရေးရာ အခြေအနေများကို ရေးသားတင်ပြလိုပါတယ်။
အကြမ်းဖက်မှုဆိုရာဝယ်
အကြမ်းဖက်မှုဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတွေ၊ သတင်းနဲ့ စာနယ်ဇင်းသမားတွေ၊ အစိုးရတွေက အဓိပ္ပာယ်များစွာ ဖွင့်ဆိုခဲ့ကြတယ်။ အကြမ်းဖက်မှုလေ့လာရေးဆိုင်ရာမှာ နာမည်ကြီးပညာရှင်တယောက်ဖြစ်တဲ့ Walter Laquer က အကြမ်းဖက်မှုဆိုတာကို နိုင်ငံရေး၊ ဘာသာရေး၊ ယုံကြည်သက်ဝင်မှုဆိုင်ရာ ရည်မှန်းချက်များပြည့်မှီဖို့အတွက် တရားမ၀င်လက်နက် အင်အား အသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေကို ဦးတည်တိုက်ခိုက်မှုလို့ အနက်ဖွင့်ဆိုခဲ့တယ်။ အကြမ်းဖက်မှုလေ့လာရေးသင်တန်းအားလုံးမှာ မရှိမဖြစ်သင်ရိုးညွှန်းတမ်းဖြစ်တဲ့ 'Inside Terrorism' ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တဲ့ Bruce Hoffman ကလဲ အကြမ်းဖက်မှုဆိုတာမှာ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ လှုံ့ဆော်ချက်တွေ၊ အကြမ်းဖက်မှုရဲ့ သားကောင်တွေ (သို့) ပစ်မှတ်တွေကိုသာမပဲ အများပြည်သူကိုပါ ထိတ်လန့်စေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုတွေ၊ အကြမ်းဖက်တဲ့နည်းနဲ့ ဖြေရှင်းမှုတွေ ပါဝင်ကြောင်း ရေးသားထားခဲ့ပါတယ်။
အကြမ်းဖက်မှုဆိုတာထဲမှာ လက်နက်အင်အားသုံးဖြေရှင်းတဲ့ အခြေခံသဘောတရားပါဝင်တာကြောင့် အကြမ်းဖက်မှု ပြုလုပ်သူများ ကိုင်စွဲတဲ့ လက်နက်တွေဟာလဲ အမျိုးမျိုး ကွဲပြားခြားနားပါတယ်။ ခေတ်သစ်အကြမ်းဖက်မှုကို လေ့လာတဲ့ လက်နက်ကျွမ်းကျင် ပညာရှင်များကတော့ ဒါတွေကို စစ်သုံးလက်နက်အမျိုးအစားတွေ၊ ပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေ၊ အများအပြားသေကျေပျက်စီးစေတဲ့ လက်နက်တွေနဲ့ အသေခံဗုံးဖောက်ခွဲသူတွေဆိုပြီး ခွဲခြားဖော်ပြခဲ့ကြပါတယ်။
စစ်သုံးလက်နက်တွေဖြစ်တဲ့ ပစ္စတိုတွေ၊ အေကေ- ၄၇၊ အမ်- ၁၆ တို့လို ချေမှုန်းရေးရိုင်ဖယ်သေနတ်တွေ၊ အစ္စရေးလုပ်အူဇီ၊ အမေရိကန်လုပ် Ingramလို စက်သေနတ်တွေ၊ အာရ်ပီဂျီလို့ အတိုကောက်ခေါ်ကြတဲ့ Rocket-propelled Grenades တွေ၊ အမေရိကန်လုပ် Stingerနဲ့ ဆိုဗီယက်လုပ် Grail တို့လို Precision Guided Munitions လက်နက်မျိုးစုံက်ု အကြမ်းဖက်မှုတွေမှာ အသုံးပြုကြပါတယ်။ ဥပမာ- မကြာသေးခင်ကမှ ဖြစ်သွားတဲ့ မွန်ဘိုင်းတိုက်ခိုက်မှုမှာဆိုရင် ဒီအမျိုးအစားလက်နက်တွေကို အသုံးပြုသွားခဲ့ကြတာပါ။
ပေါက်ကွဲစေတတ်တဲ့ ဗုံးတွေမှာလဲ စီဇက်က တီထွင်ခဲ့တဲ့ Semtex, အမေရိကန်က တီထွင်ခဲ့တဲ့ Composite-4 (C-4) တို့လို ပလပ်စတစ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ချိန်ကိုက်ဗုံး၊ ဆွဲမိုင်းစတဲ့ triggers တွေ၊ မိုလိုတော့ဗ်လို့အများက ခေါ်တတ်ကြတဲ့ ဓာတ်ဆီဗုံးတွေ၊ ပိုက်ဗုံးတွေ၊ ကားဗုံးတွေ၊ လေထုဖိအားသုံးပြီး ပေါက်ကွဲစေတတ်တဲ့ ဘာရိုမက်ထရစ်ဗုံးတွေ စသည်ဖြင့် ပါဝင်ပါတယ်။ နောက်တမျိုးကတော့ WMD လို့အတိုကောက်ခေါ်ကြတဲ့ Weapons of Mass Destruction ပါ။ ဒီအထဲမှာ ဓာတုဆိုင်ရာ အေးဂျင့်တွေ၊ ဇီဝဆိုင်ရာအေးဂျင့်တွေ၊ ဓာတ်ရောင်ခြည်ဆိုင်ရာ အေးဂျင့်တွေကနေ နယူးကလီးယား လက်နက်တွေအထိ ပါဝင်ပါတယ်။ 9/11 ဖြစ်ရပ်ပြီးကတည်းက ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ ဒီလက်နက်တွေနဲ့ တိုက်ခိုက်မှာကို စိုးရိမ်ကြောင့်ကြမှုတွေ အများအပြား ဖြစ်လာခဲ့ပြီး၊ CBRNE လို့ ဒီလောကထဲမှာ အတိုကောက်ခေါ်ကြတဲ့ chemical, biological, radiological, nuclear explosives တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်လာခဲ့ရင် ပြုလုပ်ရမယ့် စီမံချက်တွေကို ရေးဆွဲလာကြရပါတယ်။
ဒီလို နိုင်ငံတော်လုံခြုံရေးစီမံချက်တွေ ရေးဆွဲနေကြစဉ်မှာပဲ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတော်အကြီးအကဲတွေ၊ ပေါ်လစီရေးဆွဲနေသူတွေအတွက် အချက်ကြီးတချက်ကို ထည့်သွင်းစဉ်းစား လာကြရပြန်ပါတယ်။ ဘာလဲဆိုတော့ အကြမ်းဖက်မှုကို ကျူးလွန်သူတွေထဲမှာ non-state actors တွေ ပါဝင်သလို state actors တွေလဲ ပါဝင်နေတဲ့ အချက်ပါ။ လူအများ သေကြေပျက်စီးနိုင်တဲ့ လက်နက်ပစ္စည်းတွေဟာ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်တတ်တဲ့ လူတစုလက်ထဲကို ရောက်သွားတာနဲ့တောင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်စေတယ်ဆိုရင် နိုင်ငံတော်အကြမ်းဖက်မှု ကျူးလွန်နေတဲ့ အာဏာရှင်အစိုးရတွေလက်ထဲ ဒီလက်နက်ပစ္စည်းတွေ ရောက်သွားတဲ့အခါ ဒေသဆိုင်ရာလုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေး အပေါ်မှာ ဘယ်လောက်ထိခိုက်စေမလဲ ဆိုတာက အရေးကြီးတဲ့ အချက်တချက်ဖြစ်လာပါတော့တယ်။
တကယ်တော့ နိုင်ငံတော်အစိုးရဆိုတာ ပြည်သူတွေအပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို ကာကွယ်ပေးဖို့၊ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြည့်စုံဖူလုံစေဖို့၊ ပညာရေးတိုးတက်မြင့်မားစေဖို့၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေဖို့ လူထုက ရွေးချယ်တာဝန်ပေး၊ အာဏာအပ်နှင်းခံထားရတဲ့ အဖွဲ့အစည်းတရပ်ပါ။ ဒါပေမယ့် တချို့သော နိုင်ငံတွေမှာ အာဏာဟာ လူထုက မသက်ဆင်းပဲ လူထုကို ခြိမ်းချောက်သတ်ဖြတ်ပြီး၊ မတရားအာဏာယူထားတဲ့ အစိုးရတွေ အုပ်ချုပ်နေကြပါတယ်။ ဒီလိုအစိုးရတွေဟာ အကြောက်တရားနဲ့အုပ်ချုပ်ဖို့အတွက် ပြည်သူလူထုကို အန္တရာယ် ပြုတတ်ကြပါတယ်။ လူထုရဲ့ ပညာရည်အဆင့်အတန်းတွေ တိုးတက်မြင့်မားလာရင် တွေးခေါ်မှုအဆင့်အတန်းတွေ တိုးမြင့်လာပြီး နိုင်ငံရဲ့ ပကတိအမှန်တရားကို သိမြင်လာတာနဲ့အမျှ တော်လှန်ပုန်ကန်မှုတွေ ပေါ်ပေါက်လာတတ်တာ ဓမ္မတာမို့ ဒီလို အစိုးရတွေဟာ ပညာရည်အဆင့်အတန်း မြင့်မားမှုမရှိအောင် ပညာရေးကို စနစ်တကျ ဖျက်ဆီးထားတတ်ကြပါတယ်။ ကျန်းမာရေး၊ စားဝတ်နေရေး ပြည့်စုံဖူလုံရေးကိုလည်း စေတနာမှန်နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှု မရှိကြတော့ပါဘူး။ အာဏာတည်မြဲရေးအတွက် အာဏာရဲ့ ဒေါက်တိုင်အဖွဲ့အစည်းတွေ အများအပြား ပေါ်ပေါက်လာဖို့အရေးနဲ့ အင်အားကြီးမားလာဖို့အရေးကိုသာ ရှေးရှုလုပ်ဆောင်တတ်ကြပါတယ်။ ဒီလိုလုပ်ဆောင်ရင်း လူထုကို ခြိမ်းချောက်အကြမ်းဖက်မှုတွေကလဲ တစတစ တိုးမြင့်လာပါတယ်။ ဒီလိုအခြေအနေမျိုးကို နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) အမျိုးအစားတွေထဲက state terrorism as domestic policy အဖြစ် ပညာရှင်များက ခေါ်ဆိုသတ်မှတ်ကြပါတယ်။
နိုင်ငံတော်အကြမ်းဖက်မှုဆိုရာဝယ်
နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) ဆိုတာကို အချို့က "terrorism from above” လို့ ခေါ်ဆိုသုံးနှုန်းကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီအကြမ်းဖက်မှုအမျိုးအစားက နိုင်ငံတနိုင်ငံရဲ့ အာဏာကို ရယူထားတဲ့ အစိုးရတွေ၊ အစိုးရလက်ကိုင်တုတ်အဖွဲ့အစည်းတွေက ကျူးလွန်တာဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒီလိုကျူးလွန်မှုမှာ ပုံစံနှစ်မျိုးရှိပါတယ်။
ပထမတမျိုးက နိုင်ငံတော်အကြမ်းဖက်မှုကို foreign policy domain ပုံသဏ္ဍာန်နဲ့ ကျူးလွန်ကြတာဖြစ်ပါတယ်။ ဒီလိုကျူးလွန်ရာမှာ တချို့နိုင်ငံများက sponsors အနေနဲ့ ကူညီပံ့ပိုးပေးတာရှိသလို၊ တချို့ကလဲ enablers တွေအနေနဲ့ပါ။ ဒီလိုပံ့ပိုးပေးကြရမှာ အတွေးအခေါ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ငွေကြေးပံ့ပိုးမှု၊ စစ်အင်အားပံ့ပိုးမှု၊ အကြမ်းဖက်တိုက်ခိုက်မှုကို ကနဦး အစပျိုးပေးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင်မှုဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အခု ဒီဆောင်းပါးမှာ domestic policy domain ကို အဓိကထား ရေးသားမှာ ဖြစ်တဲ့အတွက် အသေးစိတ် မဖော်ပြတော့ပါဘူး။
ပြည်တွင်းပေါ်လစီအနေနဲ့ နိုင်ငံတော်အကြမ်းဖက်မှုပြုလုပ်ရာမှာ အဓိက ပါဝင်လေ့ရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကတော့ အာဏာရှင်များရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတဲ့ စစ်တပ်၊ ရဲ၊ အာဏာရှင်စိတ်တိုင်းကျရေးဆွဲထားတဲ့ ဥပဒေကို အကောင်အထည်ဖော်နေကြရတဲ့ ဥပဒေ ဘက်တော်သားတွေနဲ့ အခြားသော လုံခြုံရေးအဖွဲ့အစည်းများပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတော်က ပံ့ပိုးကြိုးကိုင်ထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေ၊ ချေမှုန်းသုတ်သင်ရေးအဖွဲ့တွေလဲ ပါဝင်ပါတယ်။ ပြည်တွင်းပေါ်လစီအနေနဲ့ နိုင်ငံတော်အကြမ်းဖက်မှု ပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အစိုးရရဲ့ အာဏာကို ပြသဖို့နဲ့ အတိုက်အခံများကို အနှောင့်အယှက်ပြုဖို့၊ ဖယ်ရှားဖို့ ဖြစ်ပါတယ်။
တကယ်တော့ နိုင်ငံတော်တရပ်ရဲ့ အစိုးရဆိုတာမှာ ပြည်သူလူထုအကျိုးအတွက် လုပ်ပိုင်ခွင့်အာဏာတွေ ရရှိပြီးသား ဖြစ်ပါတယ်။ ဒီအတွက် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပြီး ယုံကြည်စွာနဲ့ အာဏာကို အပ်နှင်းကြတာပါ။ ဒါပေမယ့် ပြည်သူလူထုက တရားဝင် ရွေးကောက်ထားတာမဟုတ်ရင်၊ ရွေးကောက်အောင် အတင်းအကြပ် ဖိအားပေးထားတာဖြစ်နေရင် ဒီလိုအစိုးရမျိုးဟာ မိမိကိုယ်ကို ယုံကြည်ချက် ရှိမနေပါဘူး။ ပမာဆိုရရင် သူတပါးမယားကို ကြာခိုနေရတဲ့ ယောက်ျားဖျင်း၊ ယောက်ျားညံ့တယောက်ရဲ့ စိတ်မျိုးဖြစ်နေပြီး၊ ဘယ်အချိန်မှာ ပိုင်ရှင်ပေါ်လာမလဲဆိုတဲ့ စိတ်က မသိစိတ်မှာ လွှမ်းမိုးနေတတ်ပါတယ်။ အဲဒီအခါကျတော့ ပိုင်ရှင်အမှန်ဖြစ်တဲ့ လူထုက အာဏာပြန်တောင်းမှာကို တစတစ ကြောက်လာပါတယ်။ လူတွေဆိုတာ ကြောက်လာပြီဆိုရင် ရမ်းမိရမ်းရာ ရမ်းပြီး၊ မလုပ်သင့်တာတွေ လုပ်တတ်ကြစမြဲမို့ ဒီလိုအာဏာသိမ်းအစိုးရတွေ၊ မသမာနည်းနဲ့ အာဏာရယူထားတဲ့ အစိုးရတွေဟာ လူထုကို အတင်းအကြပ်ဖိနှိပ်ကြပါတော့တယ်။
နိုင်ငံရေးပညာရှင် ပီတ စီဒါဘတ်ခ်က ဒီလို ဖိနှိပ်မှုပုံသဏ္ဍာန်တွေကို vigilante state terrorism, official state terrorism နဲ့ genocidal state terrorism ဆိုပြီး သုံးမျိုးခွဲခြားဖော်ပြခဲ့ပါတယ်။ vigilante state terrorism ဆိုတာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို အစိုးရက နောက်ကွယ်ကနေ ကြိုးကိုင်ပြီး နိုင်ငံရေးအကြမ်းဖက်မှု ကျူးလွန်စေခြင်းဖြစ်ပါတယ်။ official state terrorism ဆိုတာမှာကျတော့ overt နဲ့ covert ဆိုပြီး နှစ်မျိုးထပ်ခွဲလို့ရတယ်။ overt official state terrorism ဆိုတာက မြင်သာထင်ရှားတဲ့ စစ်တပ်၊ ရဲ ယူနီဖောင်းဝတ်တွေကို အသုံးပြုပြီး နိုင်ငံရေးအကြမ်းဖက်မှုဖြစ်ပါတယ်။ covert official state terrorism ဆိုတာကတော့ လျှို့ဝှက်ရဲ၊ ထောက်လှမ်းရေးစတဲ့ secret services တွေကို အသုံးပြုပြီး နိုင်ငံရေးအကြမ်းဖက်မှုတွေ ပြုလုပ်တာဖြစ်ပါတယ်။
genocidal state terrorism ဆိုတာကတော့ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်တဲ့ လူမျိုးတမျိုး (သို့) လူမျိုးနွယ်တစုကို လူမျိုးသုဉ်းစေတဲ့ ရည်ရွယ်ချက်နဲ့ ချေမှုန်းသတ်ဖြတ်တာဖြစ်ပါတယ်။ genocide ဆိုတဲ့စကားလုံးကို ၁၉၄၃ ခုနှစ်က Dr. Raphale Lemkin ရေးသားထုတ်ဝေခဲ့တဲ့ Axis Rule in Occupied Europe ဆိုတဲ့ စာအုပ်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး၊ လက်တင်ဘာသာကနေ ဆင်းသက်လာတဲ့ စကားလုံးဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ geno ဆိုတာ race (or) tribe ဖြစ်ပြီး၊ cide ဆိုတာကတော့ killing (သတ်ဖြတ်ခြင်း) ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံမှာ အစွန်းရောက်အစိုးရတွေဟာ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေကို ဖျက်ဆီးခြင်း၊ စစ်တပ်၊ ရဲအင်အားတွေသုံးပြီး ဒီလူမျိုးစုတွေနေထိုင်ရာ ရွာတွေကို ဖျက်ဆီးခြင်း၊ အပြစ်မဲ့လူမျိုးစုဝင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စတာတွေ ပြုလုပ်နေပြီဆိုရင် ဒါကို genocidal state terrorism ကျူးလွန်နေပြီလို့ သတ်မှတ်လို့ရပါတယ်။
အခုဆက်လက်ပြီး မြန်မာနိုင်ငံက နိုင်ငံတော်အကြမ်းဖက်မှုနဲ့ ပတ်သက်တာတွေကို ရေးသားတင်ပြပါမယ်။
မြန်မာနိုင်ငံ
နိုင်ငံတနိုင်ရဲ့ state authority ကို နိုင်ငံရေးပညာရှင်တွေက typology လေးမျိုးခွဲပြီး လေ့လာသုံးသပ်ကြပါတယ်။ ပထမအမျိုးအစားကတော့ ဒီမိုကရေစီ အမျိုးအစားပါ။ ဒီမိုကရေစီ state authority ရှိတဲ့နိုင်ငံမှာ စစ်တပ်၊ ရဲစတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ security institutions တွေဟာ ဒုတိယနေရာမှာပဲ ရှိပါတယ်။ နိုင်ငံတော်မှာ တရားမျှတမှုရှိတာအတွက်ကြောင့် ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိပါဘူး။ အစိုးရဆိုတာဟာ ပြည်သူက ရွေးကောက်တာဖြစ်တဲ့အတွက် အာဏာဟာ လူထုဆီကပဲ သက်ဆင်းပါတယ်။ နောက်ပြီး နိုင်ငံတခုဟာ ဒီမိုကရေစိကျင့်သုံးနေလား၊ မကျင့်သုံးဘူးလားဆိုတာ ရွေးကောက်ပွဲတခုတည်းနဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲလုပ်တာနဲ့ ဒီမိုကရေစီရပြီလို့ မသတ်မှတ်နိုင်ပါဘူး။ အစိုးရရဲ့အာဏာခွဲဝေအသုံးပြုမှု၊ လုံခြုံရေးအဖွဲ့အစည်းတွေကို secondary role မှာ ထားရှိမှု၊ ဘတ်ချက်ခွဲဝေမှု၊ accountability ရှိမှု၊ လူ့အခွင့်အရေးနဲ့ rule of law ကို လေးစားမှု၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တဲ့ အစိုးရရဲ့ အုပ်ချုပ်နိုင်မှုစွမ်းရည်၊ အစိုးရပေါ်လစီတွေနဲ့ ပတ်သက်ပြီး လူထုကို သတင်းအချက်အလက်ပေးမှု၊ လူထုက ဝေဖန်ပြောဆိုနိုင်မှု စတဲ့ အချက်အလက်အများကြီးအပေါ်မှာ မူတည်တာဖြစ်ပါတယ်။
နောက်တမျိုးကတော့ authoritarianism လို့ခေါ်တဲ့ အာဏာရှင်စနစ်ပါ။ ဒီလိုစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းမြင့်မားပါတယ်။ အစိုးရရဲ့ အာဏာဟာ minimal constraint ပဲ ရှိပါတယ်။ အစိုးရဟာ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ခံရတဲ့ အစိုးရဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကကျတော့ ပြည်သူလူထုက လုံခြုံရေးအဖွဲ့ဝင်တွေက မတရားစော်ကားအနိုင်ကျင့်ရင် ကာကွယ်ပေးနိုင်မယ့် ဥပဒေ မဟုတ်ပါဘူး။ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ ဒီလိုစနစ်ကျင့်သုံးတဲ့နိုင်ငံတွေရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်မှာ အကန့်အသတ်တွေရှိပါတယ်။လူအများ မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခွင့်၊ စုဝေးဟောပြောခွင့် မရှိပါဘူး။ ဥပဒေကို အစိုးရက သူတို့စိတ်တိုင်းကျ ပြင်ဆင်ရေးဆွဲပြီး၊ ဥပဒေ၀န်ထမ်းတွေကို အစိုးရဒေါက်တိုင်တွေအဖြစ် အသုံးချလေ့ရှိပါတယ်။
နောက်တမျိုးကတော့ totalitarianism ဆိုတဲ့ အမျိုးအစားပါ။ ဒီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာဆိုရင်လဲ စစ်တပ်၊ ရဲစတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အဆုံးစွန်အထိကို မြင့်မားပါတယ်။ အစိုးရအာဏာဟာ unconstrained authority ဖြစ်သွားပါပြီ။ တရားမျှတမှုတွေ ဆိတ်သုဉ်းနေပါတယ်။ လူထုကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ထားပါတယ်။ အစိုးရဟာ လူ့အဖွဲ့အစည်းကို ထင်ရာစိုင်း အုပ်ချုပ်ပါတယ်။ နိုင်ငံတော်ရဲ့အာဏာအရပ်ရပ်ဟာ အစိုးရဆီကပဲ သက်ဆင်းပါတယ်။ ဥပမာ- အာဖဂန်နစ်စတန်မှာ တာလီဘန်အုပ်ချုပ်စဉ်က ပုံသဏ္ဍာန်မျိုးပါ။ နောက်ဆုံးတမျိုးကတော့ crazy states ဆိုတဲ့ အမျိုးအစားပါ။ ဒီစနစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာတော့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းမြင့်မားပါတယ်။ နိုင်ငံတော်မှာ central authority မရှိတော့ပါဘူး။ သက်ဆိုင်ရာဒေသအလိုက် စစ်ဘုရင်တွေ၊ စစ်သွေးကြွတွေက အုပ်ချုပ်ကြပါတယ်။ state behaviour ဟာ ပုံမှန်မဟုတ်တောပါဘူး။ ဥပမာ- ယူဂန်ဒါနိုင်ငံမှာ Idi Amin အုပ်ချုပ်စဉ်ကာလက အခြေအနေမျိုးပါ။
နိုင်ငံရေးပညာရှင်တွေက မြန်မာနိုင်ငံကို authoritarianism လို့ခေါ်တဲ့ အာဏာရှင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ အခုလတ်တလောအခြေအနေမှာ (၂၀၁၀) ရွေးကောက်ပွဲ မြန်မာနိုင်ငံမှာ ကျင်းပမှာနဲ့ ပတ်သက်ပြီး အချို့က မြန်မာနိုင်ငံမှာပဲ ဒီမိုကရေစီရတော့ မယောင်ယောင် ပြောဆိုနေကြပါတယ်။ အထက်မှာ ကျွန်မဆိုခဲ့သလိုပဲ ဒီမိုကရေစီစနစ်ကျင့်သုံး၊ မသုံးဆိုတာဟာ ရွေးကောက်ပွဲတခုတည်းနဲ့ တိုင်းတာလို့ ရတာမဟုတ်ပါဘူး။ (၂၀၁၀) ရွေးကောက်ပွဲကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို secondary role မှာ မထားပဲ central role မှာ ထားပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးမှာ အရေးကြီးဆုံးကဏ္ဍတွေဖြစ်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးကဏ္ဍတွေအပေါ်မှာ လူထုရဲ့အာဏာသက်ဆင်းနိုင်မှု မရှိပါဘူး။ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်ပြီးလဲ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ တန်းတူညီမျှခွင့်အတွက် အာမခံချက်မရှိပါဘူး။
တကယ်တော့ နိုင်ငံတော်အာဏာဆိုတာ သုံးပုံတပုံ၊ လေးပုံတပုံ ချိုးဖဲ့စားရတဲ့ ဘီစကွတ်မုန့် မဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်တခုလိုပဲ အာရုံကြောအဖွဲ့အစည်းတွေ၊ သွေးလည်ပတ်မှုတွေ၊ ခြေလက်အဂါင်္တွေ၊ အတွင်းကလီစာတွေနဲ့ တည်ဆောက်ထားတာမျိုးပါ။ စစ်အုပ်စုလက်ရှိရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဆိုတာက လူကို ခေါင်းဖြတ်ပြီး၊ ကျန်တဲ့ကိုယ်ပိုင်းကိုမှ ပြည်သူ့အာဏာသက်ဆင်းစေတဲ့ ပုံသဏ္ဍာန်မျိုးပါ။ ကမ္ဘာပေါ်မှာ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးကို ကျင့်သုံးတဲ့နိုင်ငံမျိုးရှိတယ်လို့လဲ မကြားဖူးပါ။ ခေါင်းမရှိတဲ့ကိုယ်ကြီးကို အသက်သွင်းဖို့ဆိုတာ အလွန်ပင် ခဲယဉ်းပါလိမ့်မယ်။
ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးနဲ့ နိုင်ငံတော်မှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံတော်အကြမ်းဖက်မှုတွေကို တားဆီးနိုင်ခြင်း ရှိမရှိဆိုတာကိုလဲ အလေးထားပြီး ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ state terrorism အမျိုးအစားများကို ဆက်လက်လေ့လာကြည့်ကြပါစို့။
မြန်မာနိုင်ငံနှင့် နိုင်ငံတော်အကြမ်းဖက်မှု
နိုင်ငံတော်အကြမ်းဖက်မှု ပုံသဏ္ဍာန်အမျိုးအစားများကို အသုံးပြုပြီး လေ့လာကြည့်ရင် မြန်မာနိုင်ငံမှာ နိုင်ငံတော်အကြမ်းဖက်မှု ပုံသဏ္ဍာန်သုံးမျိုးလုံး ဖြစ်ပွားနေတယ်ဆိုတာ သိမြင်နိုင်ပါတယ်။ ပထမအမျိုးအစားဖြစ်တဲ့ Vigilante state terrorism ကိုတော့ စစ်အုပ်စုဟာ ကြံ့ဖွတ်၊ စွမ်းအားရှင်များကို အသုံးချပြီး ကျူးလွန်နေပါတယ်။ ဒီပဲယင်းသတ်ဖြတ်မှုအရေးအခင်း၊ စက်တင်ဘာတော်လှန်ရေး ကနဦးစ အခြေအနေများမှာ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်တဲ့ ကြံ့ဖွတ်၊ စွမ်းအားရှင်များကို နိုင်ငံတော်က ကြိုးကိုင်ပြီး နိုင်ငံရေးအကြမ်းဖက်မှုတွေ ကျူးလွန်စေခဲ့ပါတယ်။
နောက်ထပ်ပုံသဏ္ဍာန်တမျိုးဖြစ်တဲ့ official state terrorism ကိုလဲ နအဖစစ်အုပ်စုမှ ကျူးလွန်ခဲ့ကြောင်း ရှစ်လေးလုံးလူထုတိုက်ပွဲ၊ ၉၆ခုနှစ် ကျောင်းသားများ ဆန္ဒပြအရေးဆိုမှု၊ စက်တင်ဘာ တော်လှန်ရေးပုံရိပ်များက သက်သေခံထားပြီ ဖြစ်ပါတယ်။ ဒါတွေတင်မက တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသတွေက မုဒိမ်းကျင့်၊ လူသတ်၊ ရွာမီးရှို့မှုတွေဟာလဲ မြင်သာထင်ရှားတဲ့ overt official state terrorism တွေဖြစ်သလို၊ စစ်ကြောရေးစခန်းတွေထဲက နှိပ်စက်ညှဉ်းပမ်း ရိုက်နှက်မှုတွေ၊ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်မှုတွေ၊ ခြိမ်းချောက်မှုတွေဟာလဲ covert state terrorism ကျူးလွန်မှုများကို ညွှန်ပြနေတာ ဖြစ်ပါတယ်။

အဆိုးဆုံးကတော့ genocidal state terrorism လို့ခေါ်တဲ့ လူမျိုးသုဉ်း နိုင်ငံတော်အကြမ်းဖက်မှု တွေ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေခြင်းပဲ ဖြစ်ပါတယ်။ Genocidal acts ဆိုတာက အချို့က physical extermination လို့ပဲ ထင်နေကြပေမယ့် ဒီအထဲမှာ လူမျိုးစုတွေရဲ့ ကိုးကွယ်ယုံကြည်မှု၊ စာပေနဲ့ အခြားအစဉ်အလာဓလေ့တွေ အပေါ်မှာ အတင်းအကြပ်တားမြစ်မှု၊ ခြိမ်းချောက်အနိုင်ကျင့်မှု၊ ကိုယ်ရောစိတ်ပါ ထိခိုက်နာကျင်စေမှုတွေလဲ ပါဝင်တာ ဖြစ်တဲ့အတွက် တိုင်းရင်းသားလူမျိုးများ နေထိုင်ရာနယ်မြေတွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ မုဒိမ်းပြုကျင့်မှုကို စစ်ဆင်ရေးလက်နက်တခုအဖြစ် အသုံးချမှုတွေ၊ ကျေးရွာများ ပြောင်းရွှေ့နေရာချမှုတွေ၊ ပေါ်တာဆွဲမှုတွေ၊ စာပေနဲ့ ယဉ်ကျေးမှုအပေါ် ချုပ်ချယ်ကန့်သတ်မှုတွေဟာ genocidal state terrorism ကျူးလွန်မှုတွေပဲ ဖြစ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် မြန်မာနိုင်ငံမှာ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အုပ်စုဟာ နိုင်ငံတော်အကြမ်းဖက်မှုကို ကျူးလွန်နေတဲ့ အကြမ်းဖက်သမားများ ဖြစ်တာကြောင့် ပြည်သူလူထုတရပ်လုံးအနေနဲ့ စုပေါင်းတော်လှန်ဖို့ လိုအပ်လှပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
“စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး- ဒို့အရေး
ဒီမိုကရေစနစ်ထွန်းကားရေး- ဒို့အရေး
နိုင်ငံတော်အကြမ်းဖက်သမားများ- အလိုမရှိ”
ခင်မမမျိုး (၂၊ ၄၊ ၂၀၀၉)
ရည်ညွှန်းကိုးကား-
Hoffman, B. (1998) Inside Terrorism, London, Indigo
Laqueur, W. (2003) No End to War: Terrorism in the 21st century, Continuum, London
Lemkin, R. (1944) Axis Rule in Occupied Europe: Laws of occupation, Analysis of government, Proposals for Redress, Washington DC, Carnegie Endowment for International Peace
Li, Q. (2005) “Does democracy promote or reduce transnational terrorist incidents?, Journal of Conflict Resolution, 49 (2)
Martin, G. (2003) Understanding Terrorism: Challenges, Perspectives and issues, Sage, London
Sederberg, P. (1989) Terrorist Myths: Illusion, Rhetoric and Reality, Englewood Cliffs, Prentice Hall