မိုင်းဆိုသည်မှာ
မိုင်းဆိုတာ လူကို သေစေတတ်တဲ့၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရစေတတ်တဲ့ ပေါက်ကွဲပစ္စည်းတွေ ပါဝင်တဲ့ အရာဝတ္ထု တခုဖြစ်ပါတယ်။ မိုင်းတွေကို မြေပြင်ပေါ်မှာ တွေ့ရှိနိုင်သလို မြေကြီးထဲမှာ မြှုပ်နှံထားတာတွေလဲ ရှိပါတယ်။ မိုင်းတွေမှာ ဒီဇိုင်းတွေ အမျိုးမျိုး ကွဲပြားသလို ထိခိုက်မှု ဖြစ်စေနိုင်မှုကလဲ ပေါက်ကွဲအားပေါ် မူတည်ပြီး ကွဲပြားပါတယ်။
မိုင်းအသုံးပြုမှု သမိုင်းကြောင်း
ပထမကမ္ဘာစစ်အတွင်းမှာ တင့်ကားတွေကို စစ်လက်နက်ပစ္စည်းအဖြစ် စတင်အသုံးပြုလာချိန်က စပြီး တင့်ကားတွေကို တိုက်ခိုက်ဖို့ မိုင်းတွေကိုလဲ စတင်အသုံးပြုလာကြပါတယ်။ ဒါကြောင့် ကမ္ဘာ့စစ်တပ်အသီးသီးမှာ မိုင်းတွေကို ရှာဖွေရှင်းလင်းတဲ့ အထူးတပ်တွေကိုပါ စတင် ဖွဲ့စည်းလာကြပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာတလွှားမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေမှာ မိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။
ဘာကြောင့် မိုင်းကို အသုံးပြုရသလဲ
(၁) စစ်အခြေစိုက်စခန်းများကို ကာကွယ်ရန်
(၂) ရန်သူ့စစ်ကြောင်းများကို လမ်းလွှဲရန် (သို့မဟုတ်) သတ်ကွင်းသို့ မောင်းသွင်းရန်
(၃) အချို့သော လမ်းကြောင်းများကို ရန်သူများ အသုံးပြုခြင်းမှ ရှောင်ရှားစေရန်၊ နယ်မြေစိုးမိုးရန်
(၄) ရန်သူ့လှုပ်ရှားမှုများ နှောင့်နှေးကြန့်ကြာစေရန်
(၅) နိုင်ငံများအကြား ကျူးကျော်မှုများကို တားဆီးရေးအတွက် နယ်စပ်ဒေသ ကာကွယ်စောင့်ရှောက်ရန်
(၆) ရန်သူများအား ထိခိုက်ဒဏ်ရာရစေရန်၊ သေကြေပျက်စီးစေရန်
ပေါက်ကွဲစေတတ်သော ပစ္စည်းအမျိုးအစားများ
(၁) anti-personnel landmines
ဒီမိုင်းအမျိုးအစားမှာ မြေမြှုပ်မိုင်းနဲ့ ဆွဲမိုင်းတွေ ပါဝင်ပါတယ်။
(၂) Anti-armor (တင့်ကားများ၊ လက်နက်ကြီးများ)
တင့်ကားတွေနဲ့ လက်နက်ကြီးတွေကို ဖောက်ခွဲဖို့ အသုံးပြုလေ့ရှိတဲ့ မိုင်းအမျိုးအစားဖြစ်ပါတယ်။
(၃) ခဲယမ်းမီးကျောက်များ
လက်ပစ်ဗုံး၊ လက်နက်ကြီးကျည်၊ မော်တာကျည်၊ ဒုံးကျည်၊ ကျည်ဆံ စတာတွေ ဖြစ်ပါတယ်။
(၄) လက်လုပ်ဗုံးများ
(၅) ဓာတုပစ္စည်းများ
မိုင်းနှင့် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များကြောင့် ဖြစ်ပွားတတ်သော ပျက်စီးဆုံးရှုံးမှုများ
(၁) ကိုယ်ခန္ဓာ ထိခိုက်မှု- မိုင်းတွေ ပေါက်ကွဲခြင်းကြောင့် လူတွေ သေကြေပျက်စီးတာ၊ ခြေလက်အင်္ဂါဆုံးရှုံးတာ၊ အမြင်အာရုံ ချို့ယွင်းတာတွေ ဖြစ်စေနိုင်ပါတယ်။
(၂) စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု- မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းပြီး သိမ်ငယ်စိတ်များ ဖြစ်စေနိုင်ပါတယ်။
(၃) စီးပွားရေးဆိုင်ရာ ထိခိုက်မှု- မြေမြှုပ်မိုင်းတွေကို လယ်ယာမြေတွေမှာ မြှုပ်နှံမှုတွေကြောင့် ကျွဲနွားတွေ သေကြေပျက်စီးမှုဟာ လယ်သမား၊ ယာသမားတွေရဲ့ စီးပွားရေးကို ထိခိုက်စေပါတယ်။ လူကို ထိခိုက်ဒဏ်ရာရစေမှုမှာလဲ ထိခိုက်သူဟာ အိမ်ရဲ့ စားဝတ်နေရေးကို ရှာဖွေနေသူဆိုရင် မိသားစုတခုလုံးရဲ့ စားဝတ်နေရေးကို ထိခိုက်စေနိုင်ပါတယ်။ စိုက်ပျိုးမြေတွေကို စွန့်လွှတ်ရမှုတွေ ရှိစေပါတယ်။
(၄) ဘ၀ရပ်တည်ရေးဆိုင်ရာ ထိခိုက်မှု- အဆိုးဝါးဆုံးကတော့ သောက်သုံးရေ ရရှိနိုင်မယ့် နေရာဒေသတွေကို မသွားရဲအောင် ဖြစ်စေတတ်ပါတယ်။
ဘာကြောင့် လူတွေ မိုင်းအန္တရာယ်ရဲ့ သားကောင်တွေ ဖြစ်ကြရသလဲ
တချို့က ဒါကို ကံဆိုးလို့လို့ ဆိုတတ်ကြပါတယ်။ အရာအားလုံးမှာ ကံကိုယုံပြီး ဆူးပုံနင်းလို့ မရပါ။ မိုင်းအန္တရာယ်ရဲ့ သားကောင်ဖြစ်ရသူတွေကို လေ့လာကြရာမှာ နယ်မြေဒေသအခြေအနေကို သိရက်နဲ့ မလိုလားအပ်တဲ့ စွန့်စားမှုတွေ ပြုလုပ်တတ်သူတွေ အများအပြား ပါဝင်နေတာကို တွေ့ကြရပါတယ်။ ဘာကြောင့် ဒီလို စွန့်စားမှုတွေ လုပ်တတ်ကြသလဲ။
(၁) အမှုမဲ့၊ အမှတ်မဲ့နေခြင်း- မိုင်းနင်းပြီးမှ သေမယ်ဆိုတဲ့ လူဟာ သေမှာပဲ။ ရှောင်လို့ ရမှာ မဟုတ်ပါဘူး လို့ ယူဆပြီး အမှုမဲ့၊ အမှတ်မဲ့နေခြင်း။ အန္တရာယ်ကို ထည့်သွင်းစဉ်းစားမှု မပြုခြင်း
(၂) အတင့်ရဲခြင်း- အန္တရာယ်မှ လွတ်မြောက်ထားဖူးသူများမှ နောင်တွင်လည်း လွတ်မြောက်မည် ယူဆပြီး အတင့်ရဲခြင်း
(၃) စွန့်စားခြင်း- အန္တရာယ်ရှိမှန်း သိလျက်နှင့် စွန့်စားသွားလာလိုစိတ်ရျိခြင်း
(၄) စီးပွားရေးလိုအပ်ချက်- သံထည်ပစ္စည်းများအား ရှာဖွေရောင်းချခြင်း (စစ်အတွင်းမှ ကျန်ရစ်သော ဗုံးဆန်၊ အမြောက်ဆန်များကို ရှာဖွေရင်း အသက်ဆုံးရှုံးမှုများ ရှိတတ်ပါတယ်)
မိုင်းနှင့် ခဲယမ်းမီးကျောက်အန္တရာယ် ရှိနိုင်သော နေရာဒေသများ
ပျက်စီးနေသော အဆောက်အအုံများ
ဖုန်းဆိုးမြေ
စစ်တလင်း ဒေသ ကွင်းပြင်များ
တောလမ်းများ
ယာယီအခြေစိုက် စစ်ခန်းချရာနေရာများ
တိုက်ပွဲများ ဖြစ်ပွားတတ်သည့် ဒေသများ
စစ်ကြောင်းများသွားလာလှုပ်ရှားတတ်သော လမ်းများ
စွန့်ပစ်ထားသော စစ်လက်နက် ပစ္စည်းများ
စွန့်ပစ်ထားသော အဆောက်အဦး၊ နေရာဒေသများ
အချက်ပြအမှတ်အသားများ
အနီးအနားမှ သစ်ပင်များတွင် စတုရန်း၊ ထောင့်မှန်စတုဂံ၊ တြိဂံနှင့် အန္တရာယ် အချက်ပြအမှတ်အသားများ ရှိတတ်သည်။ အဆိုပြအချက်ပြအမှတ်အသားများ မရှိသော်လည်း မိုင်းနှင့် ပေါက်ကွဲစေသော ခဲယမ်းမီးကျောက် အန္တရာယ်ရှိသည်ဟု ယူဆနိုင်သော သက်သေများမှာ သေဆုံးနေသော တိရစ္ဆာန်များ၊ မိုင်းအစိတ်အပိုင်းများ၊ ဆွဲမိုင်း ၀ါယာများ၊ လုံခြုံရေး အစို့အပိတ်များ၊ ပုံမှန်မဟုတ်သော အမိုက်သရိုက် အစုအပုံများ၊ ကျည်ခွံများ ပျံ့ကျဲနေမှုများ၊ ပုံမှန်မဟုတ်သော နယ်မြေဒေသအခြေအနေ စသည်တို့ဖြစ်သည်။
မိမိနှင့် အကျွမ်း မ၀င်သော နယ်မြေလမ်းခရီးကို သွားရောက်ပါက လိုက်နာဆောင်ရွက်ဖွယ်များ
(၁) နယ်မြေခံလူထုနှင့် တာဝန်ရှိသူများအား လုံခြုံသော လမ်းကြောင်းကို မေးမြန်းရန်
(၂) တောလမ်းခရီး အသုံးပြုခြင်းမှ ရှောင်ရှားရန်
(၃) လမ်းကြောင်းနှင့် လှေကားထောင့် စသည်များမှ အတားအဆီးများကို သတိပြုရန်
(၄) မိမိ မမြင်ဖူးသော ပစ္စည်းတစုံတရာကို တွေ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ရှားရန်
သံသယဖြစ်ဖွယ် ပစ္စည်းအား တွေ့ရှိပါက မည်သို့ ပြုမူဆောင်ရွက်မည်နည်း
(၁) အနီးသို့ မသွားပါနှင့်။ (ပစ္စည်းမဟုတ်ပဲ ပေါက်ကွဲမှုကြောင့် ရသော ဒဏ်ရာနှင့် လဲလျောင်းနေသူ ဖြစ်စေကာမူ အစောတလျင် အနီးသို့ မသွားပါနှင့်။ ၀န်းကျင်တွင် ထပ်မံ ပေါက်ကွဲစေတတ်သော မိုင်းများ ရှိနေတတ်သည်)
(၂) မကိုင်ပါနှင့်
(၃) ပစ္စည်းကို ယူဆောင်ပြီး မလွှင့်ပစ်ပါနှင့်
(၄) နီးစပ်ရာ တာဝန်ရှိသူများကို ဆက်သွယ်ပါ
မိုင်းကွင်းထဲ ရောက်နေပါက ပြုလုပ်ဖွယ်ရာများ
(၁) စိတ်ကို အေးအေး ထားပါ
(၂) လှုပ်ရှားမှုများကို ရပ်တန့်ပါ
(၃) မည်သည့်သံသယဖြစ်ဖွယ်ပစ္စည်းများကိုမှ မကိုင်တွယ်ပါနှင့်
(၄) လူသူများအနီးအနားတွင် ရှိပါက အော်ဟစ်အကူအညီတောင်းပါ။
မိုင်းအန္တရာယ်ကို လူအများ အဘယ်ကြောင့် သတိပြုသင့်သနည်း။
မိုင်းအန္တရာယ်ကြောင့် အနည်းဆုံး ခြေတဘက်ဆုံးရှုံးကြရသူများ ကမ္ဘာပေါ်မှာ အမြောက်အမြား ရှိနေပါတယ်။ မိုင်းများကို ဖယ်ရှားရတာက ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်ထက် ပိုမို ကုန်ကျလျက်ရှိပါတယ်။ မိုင်းအန္တရာယ်သားကောင်များရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအ၀င် အရပ်သားပြည်သူလူထုသာဖြစ်ပါတယ်။ မိုင်းအန္တရာယ်ဟာ နှစ်ပေါင်းများစွာ ကြာအောင် လူ့အဖွဲ့အစည်းကို ခြိမ်းချောက်နေဦးမှာပါပဲ။
မိုင်းအန္တရာယ်ကင်းဝေးရေးအတွက် ဘာတွေ လုပ်ဆောင်သင့်သလဲ။
မိုင်းအန္တရာယ် ကင်းဝေးရေးအတွက် အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေအပါအ၀င် ပြည်သူလူထု တရပ်လုံးက နိုးနိုးကြားကြား ပါဝင်ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံတကာမှာ ပြုလုပ်လေ့ရှိတဲ့ လုပ်ငန်းဆောင်တာတွေကတော့
(၁) မိုင်းအန္တရာယ် ပညာပေးခြင်း (Mine Risk Education)
ရုပ်မြင်သံကြား၊ ရေဒီယို၊ စာနယ်ဇင်း စတာတွေကနေတဆင့် မိုင်းအန္တရာယ်ကို လုအများ သတိထားမိလာအောင် ပညာပေးခြင်း
မိုင်းအန္တရာယ်ဖြစ်ပွားမှု မြင့်မားသော နေရာဒေသများတွင် မိုင်းအန္တရာယ် ပညာပေးအဖွဲ့များ ဖွဲ့စည်းပြီး ကျေးရွာများတွင် လှည့်လည် ဟောပြောပညာပေးခြင်း
လူထုအခြေပြု မိုင်းအန္တရာယ် လျှော့ချရေး (Community based mine risk reduction- CBMRR) စီမံကိန်းများ အကောင်အထည်ဖော်ခြင်း
မိုင်းအန္တရာယ်သတိပြုမိစေရေး နေ့များ သတ်မှတ်ပြီး အခမ်းအနားများ ပြုလုပ်ခြင်း
ဆိုင်းဘုတ်များ ရေးဆွဲပြီး လူထုပညာပေးခြင်း
(၂) မြေမြှုပ်မိုင်း ရှင်းလင်းရေး (Mine Clearance- Demining)
မိုင်းရှင်းခွေးများ အသုံးပြုခြင်း
UXO (Unexploded Ordnance)များ ရှင်းလင်းခြင်း
စက်ပစ္စည်းများ အသုံးပြု ရှင်းလင်းခြင်း
(၃) အန္တရာယ် သားကောင်များအား ကူညီပံ့ပိုးခြင်း (Victims Assistance)
၂၀၀၉ ခုနှစ် Convention on Cluster Munitions (CCM) မှာ သားကောင်ဆိုတာကို မိုင်းအန္တရာယ်နဲ့ အခြား ခဲယမ်းမီးကျောက်များ အသုံးပြုမှုကြောင့် ကိုယ်ကာယပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှု၊ စီးပွားရေး ပျက်စီးဆုံးရှုံးမှု၊ လူမှုရေး ထိခိုက်နစ်နာမှုနဲ့ လူသားတယောက်ခံစားရမယ့် အခွင့်အရေးများ ဆုံးရှုံးရမှုတွေကို ကြုံတွေ့ခဲ့ရသူများလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီအထဲမှာ တိုက်ရိုက် ထိခိုက်သူတွေ ပါသလို သွယ်ဝိုက် ထိခိုက်ဆုံးရှုံးရတဲ့ မိသားစုဝင်တွေလဲ ပါပါတယ်။ ဒီလို သားကောင်တွေကို နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းက ကူညီစောင့်ရှောက်ရမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။
(၄) ကိုယ်စားပြု လျှောက်လဲချက်ပေးခြင်း (advocacy)
အန္တရာယ်ကို လူအများ သတိပြုမိလာအောင် ပြုလုပ်ခြင်း
မိုင်းအန္တရာယ် ကင်းဝေးရေး လှုပ်ရှားမှုများအတွက် လူ့စွမ်းအားနှင့် ဘဏ္ဍာရေး အရင်းအမြစ်များ ရှာဖွေအသုံးပြုခြင်း
နိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ မိုင်းများအသုံးပြုမှုနှင့် ဖယ်ရှားမှုများတွင် နိုင်ငံတကာ ဥပဒေများ၏ စံချိန် စံညွှန်းနှင့် အညီ ဆောင်ရွက်ခြင်း ရှိမရှိ လေ့လာစောင့်ကြည့်ခြင်း
အန္တရာယ်သားကောင်များ၏ လူ့အခွင့်အရေးများကို မီးမောင်းထိုးပြခြင်း
မိုင်းအန္တရာယ်ကင်းဝေးရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပါဝင်လာစေရန် ကင်ပိန်းများ ဖော်ဆောင်ခြင်း၊ စည်းရုံးလှုံဆော်ခြင်း
မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် ဘဏ္ဍာရေး ခွဲဝေ အသုံးပြုမှု စရိတ် တိုးမြင့်လာအောင် ဆောင်ရွက်ခြင်း
နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဘဏ္ဍာရေး အဖွဲ့များတွင် မိုင်းအန္တရာယ်ကင်းရှင်းရေး စီမံချက်များ ထွက်ပေါ်လာအောင် ကြိုးပမ်းခြင်း
အစီရင်ခံစာများ ထုတ်ဝေခြင်း
စတာတွေပဲ ဖြစ်ပါတယ်။
လူတိုင်း၊ လူတိုင်း မိုင်းနဲ့ ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များ အန္တရာယ်မှ ကင်းဝေးကြစေရန် ရည်သန်လျက်။
ခင်မမမျိုး (၄၊ ၄၊ ၂၀၁၀)
ရည်ညွန်းကိုးကား။
Australia Agency for International Development (2005) Mine Action Strategy, AUSADI
Chris Rush (2009) 'Sri Lanka: Mine Action in a Deteriorating Environment', Journal of Mine Action, 13 (3), Mine Action Information Centre
Geneva International Centre for Humanitarian Mining (2005) Mine Action: Lessons and Challenges, Geneva
Mudhafar Aziz Hamad (2007) 'The Child-to-Adult Method in Mine-risk Education', Journal of Mine Action, 11 (1), Mine Action Information Centre
Salomon Schreuder (2007) 'Iraq Facing the Legacy of Landmines and Explosive Remnants of War', Journal of Mine Action, 11 (2), Mine Action Information Centre
United Nations (2010) Gender Guidelines for Mine Action Programmes, March, 2010
US Department of State (2005) The Landmine Action Smart book, 2nd edition
ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
မိုင်းအန္တရာယ် သိမှတ်ဖွယ်
Sunday, April 4, 2010
April 4: International day for mine awareness and assistance in mine action
Saturday, April 3, 2010
Top UN officials applaud progress made in the struggle against landmines and explosive remnants of war and call on Member States to sustain efforts.
The following is a statement issued jointly by members of the UN Mine Action Team on the occasion of the 2010 International Day for Mine Awareness and Assistance in Mine Action.
Since the Anti-Personnel Mine-Ban Convention entered into force 11 years ago, there have been many signs of progress, such as indications of a steady decline in casualty rates, the return of areas formerly contaminated by landmines and explosive remnants of war to productive civilian use, and the destruction of tens of millions of these deadly, indiscriminate weapons.
Tremendous efforts by national authorities, NGOs, civil society, and the United Nations departments, agencies, funds and programmes have contributed to achieving significant successes since the entry into force of the Mine-Ban Convention. The Mine-Ban Convention is a classic case of disarmament as humanitarian and development action. It is an excellent example of effective multilateral efforts striving towards the goal of a world without these cruel and indiscriminate weapons.
The United Nations looks forward to sustaining and expanding its efforts as we push forward into the next decade of mine action work. There are currently 156 countries that are States Parties to the Mine-Ban Convention. Looking forward, the Cartagena Action Plan is the new benchmark for the Mine-Ban Convention and there is a clear need for all to identify specific actions for an effective implementation of the treaty and for the achievement of our vision of a world free of landmines.
Three additional instruments also carry significant relevance to mine action: Protocol V on Explosive Remnants of War to the Convention on Certain Conventional Weapons, the Convention on the Rights of Persons with Disabilities and the Convention on Cluster Munitions. The first two have already entered into force and the third will on 1 August 2010.
The United Nations therefore reaffirms its continued support to the universalization and full implementation of all of these instruments and reiterates its commitment to assist mine-affected countries in meeting their obligations to clear affected areas, assist victims, destroy stockpiled munitions, and educate women, girls, boys and men about the dangers of mines and explosive remnants of war.
We also recall the commitment of the Secretary-General to support the work of the mine action sector. During the Cartagena Summit, the Secretary-General noted how the work of the mine action sector “has changed the lives of villagers, schoolchildren, peacekeepers and traders.” Today, he noted that mine action efforts “make an invaluable contribution” towards achieving the Millennium Development Goals.
All Member States are urged to support fully these instruments aimed at reducing and, ultimately, eliminating the humanitarian suffering and developmental impact of landmines and explosive remnants of war.
(video- Youtube)
Essay: European law and the nature of EU governance
The Article 7 of the Treaty establishing the European Community (TEC) identified five main European institutions such as the European Council, the Council of Ministers, the European Commission, the European Parliament and the European Court of Justice. The European Union, established by the Treaty, is based on three pillars. The first pillar is the European community, where community law applies and where the European court of Justice (ECJ) plays an important role. The second pillar is the common Foreign and Security Policy (CFSP). The third pillar is the Justice and Home Affairs (JHA). Among them, European Court of Justice (ECJ) is the key institution that enforces EU legislation to make sure EU law is not interpreted and applied differently in each member state.
According to TEC Article 220, the court's principal purpose is ' to ensure that in the interpretation and application of the law is observed'. The member states are bound by the common law including primary and secondary legislation. The original treaties, the treaties of accession, and amendments constitute the 'primary legislation', whereas laws made in accordance with the treaties constitute the treaties constitute the 'secondary legislation'.
The court consists of 16 judges and nine advocates general, which sits in Luxembourg. They are appointed by the Common Accord of the governments of each member state for six years. The judges select one of them to be president for three years. The court is allowed to form chambers of three or five judges to hear individual cases. The court's rules of procedure determine where cases are heard and the court hears cases two days a week.
The court also developed two principal rules such as direct effect and supremacy. The provisions of community law are directly applicable, conferring enforceable rights on individuals and legal persons. National courts must protect these rights without any need for implementing legislation. The concept of direct effect of the provisions of the Treaty was developed by the ECJ in case 26/62, Van Gend en Loos V Nederlandse Administratie der Belastingen (1963).
The court also stated the conditions for a Treaty article to be directly applicable that it must be unconditional and unqualified and sufficiently precise and clear. Moreover, EU's legislation affects the interpretation of national law. In the case of Costa V ENEL (1964), the court stated that member states had definitely transferred sovereign rights to the community and that community law could not be overridden by domestic legal provisions with the legal basis of the community itself being called into question. Later, the court expanded its power in the case of Simmenthal V Commission (1978) that 'every national court must apply community law in its entirety [---] and must accordingly set aside any provisions of national law which may conflict with it'. In these cases, the court established the twin principles of direct effect and supremacy of community law.
In the elaboration of direct effect and supremacy have proved decisive in helping to achieve the EU's economic and social goals, namely,
freedom of establishment- Reyners (1974) case
free movement of goods- Cassos de Dijon (1979) case
freedom to provide services- Vereniging Bond Van Adverteerders V. The Netherlands State (1988) case
competition policy
social policy- Defrenne (1971) case and
external economic relations- ERTA (1976) case
The success of community law depends to a great extent on the willingness of national courts to seek preliminary rulings and abide by them. Under Article 234 TEC, if an individual argues before a national court that a national law or policy conflicts with EC law, and if the court is unable or unwilling to resolve the dispute based on previous EC case law, the court may seek 'authoritative guidance' from the ECJ by making a preliminary ruling reference (request).
Within the European Union, the ECJ plays an important role that affect the nature of the European governance. Bromley (2001) categorised the European governance into two different models such as intergovernmentalism and supranationalism. Intergovernmentalism enables member states to pursue their own national interests and exercise a veto on developments they do not favor. Supranationalism limits their ability to exercise a national veto and obliges them to follow decisions supported by a majority or qualified majority of their fellow member states'. He mentioned that the formation of major legislation has been by intergovernmental means but the implementation and enforcement of treaties has been by supranational means. Marks (1996) also recognizes that 'Supranational institutions- European Commission, the European Court, and the European Parliament- have independent influence in policy making that cannot be derived from their role as agents of state executives”.
Furthermore, Bromley (2001) distinguished the key institutions of EU based on those two models, as like 'the main supranational institutions are the commission, the Parliament and the Court of Justice. The main intergovernmental institutions are the European Council and the Council of Ministers. So it is obvious that the ECJ has jurisdiction over supranational policies and not over the intergovernmental policies.
In practice, intergovernmentalism and supranationalism are not irreconcilable, they jointly characterize EU system. The commission has only a modicum of supranational authority. The ECJ has a unique relationship with the European commission. They work together to promote economic integration by using competitive policy instruments and infringement proceedings. The single European Act (SEA) of 1986 is a striking example of how member states reconcile intergovernmentalism and supranationalism in relation to the EU's functional scope and institutional structure.
Similarly, the court shared a common supranationalist outlook with the European Parliament (EP). In the case of Isoglucose case, the court has generally promoted the EP's institutional interests. In the case of Chernobyl (1990), the court ruled that the EP should have the right to take action against Council and Commission acts in cases including parliamentary prerogatives in order to ensure institutional equilibrium in the post- SEA (Single European Act) period.
Institutionally, the European Council upholds national interest in the EU system, whereas the court upholds supranationalism. Somethimmes the court's liberal interpretation of the treaties in order to deepen economic and political integration has angered the council as well as the member states. For example. The ECJ came under criticism from the German governmment for some preliminary rulings protecting the rights of Italian and non EU migrants in the early 1990s. The criticism emphasized on the right of lower national courts to ask the ECJ for preliminary rulings, the fundamental principal of EC law.
In his writings, Hix (1999) identified five types of policy output produced by the political system of the EU such as regulatory policies, redistributive polices, citizen polices, macroeconomic stabilization polices and global polices. The community legal order is the main resource for the regulatory polices of the EU. The ECJ plays the role as a hero by developing this community legal order, which emerged through treaties and directives.
In the eyes of both member states and societal actors, the character of legal order and its growing legitimacy can be seen as the constitutionalization. Bormley (2001) analyzed that a constitutionalized legal order was both a logical prerequisite for the emergence of a regulatory order in EU and a vital component of the political process. Wincott mentioned that the community legal order developed as the ECJ necame able to promulgate the doctrines of direct effect and the supremacy of European law in relation to the national laws of member states.
The ECJ also pointed out that Treaty provisions and directives are directly effective, as well as regulations and that in cases of conflict European law has supremacy over national law. These represent the underlying principles in federalism. At the 1996-1997 Intergovernmental Conference (IGC), the Factirtame and other judgments led British government to propose some measures to curb the ECJ's effectiveness. If fueled speculation that ECJ's prerogatives seriously curtailed in the Amsterdam treaty. In this event, most member states wer too appreciative of ECJ's overall importance to reduce its rile in the EU system, and there were no fundamental challenges to the basic tenets of the EC law. This treaty brought mostly third pillar to first pillar and extended judicial review to what remains of the third pillar, not to the second pollar because of the nondiscrimination clause.
In conclusion, it could be asserted that the European law and the EU's legal structures are responsible for the EU's supranational legal system and have a major impact on the political spheres of the EU's governance.
Khin Ma Ma Myo (2006)
References
Bromley, S. (2001) 'Governing European Union', SAGE, London
Dinan, D. (1999) 'Ever Closer Union', Macmillan
Groves, P. (1995) 'European Community Law', Cavendish, London
Marks, G. (1996) 'Governance in the European Union', SAGE, New York
Wincott, D. (2000) 'A community of Law? 'European' law and judicial politics: the court of Justice and beyond', Government and Opposition, Vol. 35
Weiler (1981)' The community system:The Dual character of supranationalism'
Essay: Common Agricultural Policy and its reforms
As food is essential to maintain national security, most governments intervene in agricultural markets to attain a degree of self-sufficiency in food production, assure consumers an adequate supply of food at reasonable prices or counter interventions by foreign governments in agricultural markets by using a variety of policy instruments. Among the policy instruments, the common direct intervention measures such as tariffs and other import taxes, quotas on imports or exports and export subsidies or taxes are mainly used by governments. Regarding the European Union, it relies mainly on ad valorem tariffs to restrict imports of agricultural products. The EU insulates its domestic markets from changes in world prices and protects domestic prices established under the farm programs of the Common Agricultural Policy (CAP).
Common Agricultural Policy (CAP)
The Treaty of Rome in 1957 envisaged the creation of a "Common Market", including agriculture which was accorded 'special treatment'. The inclusion of agricultural products into a "common market" was considered to be a "sine qua non" condition for the success of the operation of the initial six Member States. Although the Treaty of Rome only deals with general aims and possible mechanisms to achieve those, the prominent role of agriculture being given in the Treaty underlines the importance of the sector to the member states (George, 1996).
The aims of the CAP, as laid down in the original Rome Treaty were to increase agricultural productivity by promoting technical progress, ensuring the rational development of agricultural production and the optimum utilization the factors of production, in particular labor; ensure a fair standard of living for those engaged in agriculture, by increasing their individual earnings; stabilize the (agricultural) markets and assure the availability of supplies and ensure reasonable prices fort he consumers (Article 39 of the Treaty of Rome).
Later, the Single European Act in 1986 introduced an additional general objective under the title The Environment (Title XW) and the Treaty on European Union (1992) recognized (Article B) economic and social cohesion as a general priority objective by developing this new objective in Title XIV (originally introduced in the Single European Act), obliging all sectoral policies (including agriculture), to take cohesion objectives into account.
All the rules constituting CAP are mainly based on the three fundamental principles governing the creation of the European Common Market such as
Market unity: there would be a single market rather than several separate national ones
Community preference: preference would be given to EU agricultural producers over non-EU producers and
Financial solidarity: the CAP would be paid for by the EU as a whole, rather than by national government expenditure.
Brown (2005) further identified the fourth principle that came to be adopted in practice, I.e. farm income would not be allowed to decline relative to that of other sectors (Brown, 2005).
To attain the objectives of CAP based on the above principles, several areas have been developed in specific areas of actions which include certain policy instruments. The specific areas of policy include agricultural markets which cover 95% of community agricultural products; structures which cover the medium and long-term structural problems; external aspects which cover the conclusion of trade negotiations and preferential agreements; and financing to fulfill the policy goals.
In the context of policy mechanisms, it was decided that the objectives of Article 39 were to be achieved by a Common Organization of Markets (COMs) based on a market prices support system or target price instrument, in which each COM assures a minimum price (support or intervention price) to the Community producers, thus this price acts as a "guarantee" to the producers that the market price of their product will not fall below this fixed minimum level. Other instruments of the CAP include intervention price instrument, which defines the price at which intervention agencies in member states buy up surplus stocks; entry price instrument, which sets up the minimum price for produce to be imported into the EU; variable levy mechanism, where duties were imposed to raise imports up to EU price and refund instrument, which rebates to EU exporters to lower EU export prices to world market levels. (Dinan, 1999)
Major changes and reforms of CAP
Theo Hitiris (2002) assessed the trends in EU agriculture under the key objectives of CAP and mentioned the three major defects to the CAP policies such as
The CAP led to excess production
The CAP's variable import levies and export subsidies insulated the EU markets from external price fluctuations, thereby amplifying the variability of world commodity prices
Depressed prices and price instability
Some problems and defects have become apparent early in the CAP's existence. Since 1970s, the criticism was directly against the policies in some issues as keeping prices above world prices, causing significant financial expenditures, leading to income redistribution from consumers to produces within and between countries and raising to collective protection of EU agriculture to such high levels that large surpluses of some important commodities were generated.
Under these mounting external and internal pressures, some radical reforms are introduced in CAP policy. The first attempt at reform was the Mansholt plan in 1968 that the twin objectives of stabilizing production at the level of demand while ensuring farmes a fair income could not be met. However, political opposition to the plan leads to the proposed reforms unacceptable.
The second attempt at reform was 'Guidelines for European Agriculture” Plan in 1981. But the measures in this plan cannot solve the fundamental problem of 'how to reconcile the social objectives of CAP with real market conditions'. The CAP problems are more worsened after Greece, Portugal and Spain joined as the members of the community as it increased the CAP budgetary expenditures and worsened the balance between supply and demand of agricultural products.
By the mid-1990s, European agriculture was faced by some pressures focused on the question of food safety. The prominent issues were cattle brain disease BSE (Bovine spongiform Encephalopathy) crises and GMOs (Genetically modified organisms). In the BSE crises, it was British Government which decided that British Beef was unsafe, thus EU made its own ban. However, once the British Government decided beef was again safe, it leads to the problem of conflict between member states and the EU commission with France maintaining its own national ban in contrast with EU decision to allow beef export.( Brown, 2005)
It was more complex in GM foods. The key decisions over G crops are whether governments would allow them to be released into the environment for field tests, whether commercial growing would be permitted and whether new foods containing GM products would be allowed to be sold in EU. The release of a GMO into the environment was covered by the EU's Deliberate Release Directive 90/220, set up in May of 1990. (Brown. 2005)
By 1991, the external pressure and the internal budget problems lead to the reform of CAP with the Macsharry Proposals. Dinan (1999) mentioned that the proposals called for three key reforms: the biggest price cuts in CAP history, direct monetary compensation to farmers who lost income due to these cuts and increased use of set-aside scheme. In 1992, the restructuring policy was undertaken and approved in December 1993 with the pressures of EU decision to complete single Market by 1992 and the GATT Uruguay Round for trade liberalization. The reforms aimed to slash overproduction by reducing the guaranteed prices by up to 30% and switching the CAP policy from price support to compensatory payments in terms of direct income supplements linked to farm size and average yields. The community agreed to change protection from variable levies to fixed tariffs. By using these reforms, the EU governments took a great step towards market liberalization of the agricultural sector by separating the economic form of the social functions of the CAP.
In 1999, a new agreement to reform CAP was signed and it introduced further direct payments and cuts in support prices by reducing them more than 50%. The Agenda 2000 reforms were agreed in March 1999 with the first pillar of facilitating the EU's negotiations in the WTO, easing the integration of eastern European countries into the EU, maintaining farming incomes y further direct payments to farmers, reinforcing the shift from price support to direct aid and the second pillar that focused on rural development, training, investment, diversification, agri-environmental schemes, food quality and animal welfare improvements.
Furthermore, the new inform took place in 2003 by directing at the main external challenges the EU faces related to budgetary, expenditures and inflation, The major reform was the decoupling of farm support from production by allowing the EU to place this aspect of the CAP into the WTO's green box of non trade-distorting measures which consists of agricultural support measures.
Conclusion
For several years, agriculture has been a key issue in EU in terms of political, economic, social and strategic reasons. It is more complicated than other sectors of the short-term, long-term demand and supply in the markets of both agricultural commodities and factors of production. In terms of government intervention, governments ought to intervene attempting to modify its course and to regulate its production and trade. If the economy is operating efficiently and the government intervenes in the agricultural sector to improve, the outcome would be a distorting welfare. For EU governance, agriculture is the main key sector for European governance not to produce a distorting welfare, thus it needed some necessary reforms for CAP along with EU enlargement.
Khin Ma Ma Myo (2006)
References
Brown, W. (2005) Food Fights: Europe and Agriculture, Milton Keynes, OU Press
Dinan, D. (1999) Ever Closer Union: An Introduction to European Integration, London, Macmillan
Hill, Brain E. (1987) The Common Agricultural Policy: Past, Present and Furture, Ed. Mathuen
European Commission Agenda 2000- Communication For a stronger and Wider Union (Doc/ 97/6/ 15.7.1997)
George, S. (1996) Policy and Politics in the European Union, Oxford, Oxford University Press
Treaty of Rome
Treaty on European Union
NLD အား ၀န်းရံကြပါစို့
Monday, March 29, 2010
ပြည်သူလူထုရဲ့ အသည်းကြားက မဲပြားတွေကို ရရှိခဲ့တဲ့ တပ်ဦးပါတီဟာ စစ်ကျွန်ဘ၀ကို သွတ်သွင်းမယ့် ကျွန်ဘ၀ သက်ဆိုးရှည်ရေး ကျွန်မဲပြားတွေ ရဖို့အတွက် ကျွန်စိတ်ပျံ့နှံ့နေသူတွေကြားထဲ အုတ်ရောရော၊ ကျောက်ရောရော ၀င်မပါပဲ သခင်စိတ်နဲ့ ရပ်တည်ပြလိုက်ပါပြီ။
သခင်စိတ်ကို ထောက်ခံ အားပေးကြ
အန်အယ်ဒီကို ၀န်းရံကြ
စစ်ကျွန်အဖြစ် နွံ့နစ်မခံ
အမျိုးသားဇာတိမာန်နဲ့
အာဏာရှင်စနစ်ကို
တွန်းလှန်စို့။
အဖွဲ့တွင်း ပဋ္ဋိပက္ခများအား စီမံခန့်ခွဲခြင်း
Wednesday, March 24, 2010
နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာပဲဖြစ်ဖြစ်၊ ဘ၀အရေးမှာပဲ ဖြစ်ဖြစ် အပြောင်းအလဲ အခြေအနေတွေ ရှိတတ်ပါတယ်။ ဒီအခြေအနေတွေမှာ လူတွေရဲ့ စိတ်တွေေ၀၀ါးရှုပ်ထွေးမှုတွေ ဖြစ်လာတတ်ပါတယ်။ ပဋ္ဋိပက္ခတွေ ဖြစ်လာတတ်ပြီး ကွဲပြားတဲ့ အတွေးအမြင်တွေ၊ ပြိုင်ဆိုင်မှုတွေကနေ အကွဲအပြဲတွေလဲ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေတွေကို စနစ်တကျ ကိုင်တွယ်စီမံနိုင်ဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းရေးရာရှုထောင့်က ကြည့်မယ်ဆိုရင် အဖွဲ့တွင်း ပြောင်းလဲမှုတွေ၊ ကွဲပြဲမှုတွေကို ဦးတည်စေတဲ့ ပဋ္ဋိပက္ခအခြေအနေတခု ဖြစ်လာတတ်တာမျိုးတွေ ရှိပါတယ်။ ဒီလို dysfunctional conflict ထွက်ပေါ်လာတဲ့အခါမှာ ဆုံးဖြတ်ချက်ချမှတ်မှု ခက်ခဲခြင်း၊ ခံစားချက်နှင့် ပေါက်ကွဲခြင်း စတာတွေကနေ ပဋ္ဋိပက္ခဖြစ်သူတွေအချင်းချင်း အပြိုင်အဆိုင် စစ်ကစားခြင်း စတဲ့ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။
အဖွဲ့တွင်း ပဋ္ဋိပက္ခများ ဖြစ်ထွန်းစေတတ်သော အကြောင်းရင်းများ
အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးကို လေ့လာသူပညာရှင်တွေကတော့ အဖွဲ့အစည်းတခုအတွင်းမှာ ပဋ္ဋိပက္ခကို ဖြစ်ထွန်းစေတဲ့ conflict triggers တွေကို ရှစ်မျိုးခွဲခြားပြီး ဖော်ပြခဲ့ပါတယ်။ ပထမတမျိုးကတော့ အလုပ်တာဝန်သတ်မှတ်ချက် ရှုပ်ထွေးမှု ဖြစ်ပါတယ်။ နိုင်ငံရေးအဖွဲ့အစည်း တခုမှာဆိုရင် ယေဘုယျအားဖြင့် ဥက္ကဌတာဝန်၊ အတွင်းရေးမှူးတာဝန်၊ ဗဟိုအလုပ်မှုဆောင်ကော်မတီ၊ ဗဟိုကော်မတီတာဝန် ခွဲဝေမှုတွေ ရှိပါတယ်။ ဒီတာဝန်တွေနဲ့ တွဲပြီး တိကျတဲ့ အလုပ်သတ်မှတ်ချက်ရှိရပါမယ်။ ဒီလိုမရှိရင် အဖွဲ့တွင်းက အရင်းအမြစ်နှင့် အဖွဲ့ကို ချုပ်ကိုင်နိုင်တဲ့ ပါဝါအပေါ်မှာ ပြိုင်ဆိုင်မှုတွေ ဖြစ်လာတတ်ပါတယ်။
ဒုတိယ တမျိုးကတော့ အရင်းအမြစ်နဲ့ ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေပါ။ အရင်းအမြစ်ဆိုတာမှာ အဖွဲ့ကိုချုပ်ကိုင်နိုင်တဲ့ ပါဝါအပြင် ငွေအင်အား၊ လူအင်အားနဲ့ တန်ဖိုးကြီးတဲ့ သတင်းအချက်အလက် ဆိုတာလဲ ပါပါတယ်။ လူ့စိတ်ဆိုတာက မျောက်စိတ်လိုပဲ တော်တော်ကြောက်ဖို့ ကောင်းပါတယ်။ အဖွဲ့အစည်းတခုအတွင်းမှာ အဖွဲ့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ်တွေရှိမှ ပန်းတိုင်ကို ရောက်တာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ အဖွဲ့ဝင်တွေအကြားမှာ ပါဝါအာဏာပြိုင်မှုတွေ ဖြစ်လာပြီဆိုရင် အဖွဲ့ပြိုကွဲဖို့ ဦးတည်နေပြီဆိုတာ သိဖို့ လိုအပ်ပါတယ်။
တတိယတမျိုးကတော့ ဆက်ဆံရေးပြိုလဲမှုပါ။ လူတော်တော်များများဟာ အလုပ်ကြီးအကိုင်ကြီးတွေကို လုပ်ကိုင်ပြီး ဟန်ရေးပြလိုတတ်ကြပေမယ့် ဒီအလုပ်နဲ့ တန်တဲ့ စိတ်ဓာတ်ရင့်ကျက်မှုကို ပြင်ဆင်ထားလေ့ မရှိကြပါဘူး။ စကားပြောရင် ငါ့စကားနွားရ ပြောတတ်သူတွေ၊ အစည်းအဝေးခန်းတွေထဲမှာ သူများတွေ လုပ်သမျှ အဖျက်သဘောနဲ့ လိုက်ပြောနေတတ်သူတွေ၊ အပြန်အလှန် ငြင်းခုန်ဆွေးနွေးမှုကနေ ပြဿနာကို အဖြေရှာတဲ့ အဆင့်မရောက်တော့ပဲ မိတ်ဆွေပျက်တဲ့အထိ ဖြစ်နေတတ်သူတွေ၊ မူအရ ပေါင်းစပ်လို့ မရတာကြောင့် ကွဲပြဲတာမျိုး မဟုတ်ပဲ တယောက်နဲ့ တယောက် ဝေဖန်ပုတ်ခတ်တာနဲ့တင် ထစ်ခနဲရှိ အဖွဲ့သစ်ထောင်နေသူတွေ၊ သူပြောတာမှ လက်မခံရင် ကိုယ်ပြောတာလဲ လက်မခံဆိုပြီး လုပ်တတ်သူတွေ၊ ကိုယ့်ကို ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင်ပင် ထမ်းဆောင်နိုင်ခြင်း မရှိသေးပဲ တခြားပိုကြီးတဲ့ လုပ်ငန်းတာဝန်တွေကို တစာစာ တောင်းနေတတ်သူတွေ၊ နေရာယူ ငုပ်တုတ်ထိုင်၊ ဘေးထိုင်ဘုပြော လုပ်တတ်သူတွေ၊ အဖွဲ့ထဲက လူတွေရဲ့ စကားတွေကို ဟိုစကားဒီပို့၊ ဒီစကားဟိုပို့နဲ့ စကားအရောင်းအ၀ယ် လုပ်နေတတ်သူတွေဟာ လူ့လောကကြီး ထဲမှာ ရှိကိုရှိနေတတ် ပါတယ်။ ဒီလို စိတ်ဓာတ်မရင့်ကျက်သူတွေ အဖွဲ့အစည်းတွေထဲမှာ များလာတဲ့အခါ အဖွဲ့ဝင်တွေ အချင်းချင်း ဆက်ဆံရေးကို ထိခိုက်ပါတယ်။ ကြာရင် ပြိုလဲတတ်ပါတယ်။
နောက်တမျိုးကတော့ အချိန်အတိုင်းအတာတခုရဲ့ ဖိအားပါ။ လူတွေမှာ ရေရှည်လုပ်ငန်းတာဝန်တွေမှာ ပိုမိုအားသာချက်ရှိပြီး ရေတိုအချိန်သတ်မှတ်တာနဲ့ စိတ်ဖိစီးမှုဖြစ်ပြီး ကသောင်းကနင်းလုပ်တတ်သူတွေ ရှိပါတယ်။ အချိန်သတ်မှတ်ချက် တခုအတွင်းမှာ လုပ်ငန်းဆောင်တာတခုကို ပြီးမြောက်ရတော့မယ်လို့ ပြင်ပပတ်ဝန်းကျင်အခြေအနေက ဖိအားပေးလာတဲ့အခါမှာ ဒါကို အေးအေးဆေးဆေး စီမံခန့်ခွဲနိုင်သူတွေ ရှိသလို၊ တောင်ပြေးမြောက်ပြေး ဖြစ်နေတတ်သူတွေလဲ ရှိတတ်ပါတယ်။ စာမေးပွဲတခုကို နက်ဖြန်စစ်တော့မယ်လို့ ရှောင်တခင် ကြေညာလိုက်တဲ့အခါ ရေရှည်ပြင်ဆင်ထားသူတွေနဲ့ ရေတိုပြင်ဆင်ထားသူတွေအကြားမှာ ကွဲပြားတဲ့ တုန့်ပြန်မှုတွေ ဖြစ်တတ်ပါတယ်။ ရေရှည်ပြင်ဆင် ထားပြီးမှ သွေးအေးအေးနဲ့ အရေးကြီးတဲ့ သင်ခန်းစာတွေကို ရွေးနှုတ်လေ့လာသူ၊ ရေရှည်ပြင်ဆင်ထားပေမယ့် ကြောက်စိတ်ဝင်လာပြီး ဟိုစာအုပ်ကိုင်ရမလို၊ ဒီစာအုပ်ကိုင်ရမလို ဖြစ်တတ်သူ၊ ပြင်ဆင်ထားတာ မဟုတ်ပေမယ့်လဲ သွေးအေးအေးနဲ့ အရေးကြီးမယ်ထင်တဲ့ စာကိုပဲ ကောက်ဖတ်နေသူနဲ့ ပြင်ဆင်ထားတာလဲမရှိ၊ သွေးအေးအေးနဲ့ ဘယ်လို ကိုင်တွယ်ရမှန်းလဲ မသိဖြစ်ပြီး တောင်ပြေး၊ မြောက်ပြေးဖြစ်နေတတ်သူတွေ ပေါ်ထွက်လာစမြဲပါပဲ။ ကြောက်စရာအကောင်းဆုံးက အဲဒီတောင်ပြေး၊ မြောက်ပြေး လုပ်တတ်သူတွေပါ။ ပထမငါးမိနစ်မှာ စာမေးပွဲဖြေမယ်ပြောလိုက်၊ ဒုတိယငါးမိနစ်ရောက်ရင် မဖြေတော့ဘူးပြောလိုက်၊ စာအုပ်ကောက်ကိုင်လိုက်၊ ပြန်ချလိုက်နဲ့ စိတ်ဂနာမငြိမ်မှုတွေဖြစ်ပြီး အနီးအနားမှာ ရှိနေသူတွေကို တော်တော်ဒုက္ခပေးတတ်သူတွေပါ။ သူ့ကိုသာ လိုက်ကြည့်နေရင် ဘေးက လူတွေလဲ အရူးမလင်လုပ်ရသလို ဖြစ်လာမှာ အသေအချာပါပဲ။
အဖွဲ့အစည်းတွင်း ပဋ္ဋိပက္ခတွေ ဖြစ်စေတတ်တဲ့ နောက်ထပ် အကြောင်းတခုကတော့ အခြေအနေနဲ့ သင့်လျော်မှန်ကန်မှု မရှိတဲ့ စည်းမျဉ်းတွေ၊ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ ချမှတ်တာမျိုး ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဆိုတာ ကိုယ့်အဖွဲ့ရဲ့ အခြေအနေကို သိရပါတယ်။ ငါ့စကားနွားရ၊ တသွေးတသံ တမိန့်တွေက နေရာတိုင်းမှာ ကျင့်သုံးလို့ မရပါ။ ဦးနှောက်နဲ့ ဆင်ခြင်တုံတရားကို အမိန့်ဆိုတာနဲ့ သင်းကွပ်ခံထားရတဲ့ စစ်တပ်လို အဖွဲ့အစည်းမျိုးတွေမှာတောင် တခါတရံမှာ တပ်တွင်းပုန်ကန်မှုဆိုတာ ဖြစ်လာတတ်သေးရင် တခြားအဖွဲ့အစည်းတွေမှာဆို ပိုဆိုးပါတယ်။
နောက်ထပ်တမျိုးကတော့ ကိုယ်ရည်ကိုယ်သွေး ကွဲပြားမှုပါ။ လူတဦးချင်းစီရဲ့ ကိုယ်ရည် ကိုယ်သွေးတွေက ကွဲပြားခြားနားပါတယ်။ လူသဏ္ဍာန်ကိုကြည့်ပြီး အကဲခတ်ဖို့ဆိုတာ အလွန်ခဲယဉ်း ပါတယ်။ တချို့က ပျော့ပျော့ပျောင်းပျောင်းလေးပေမယ့် စိတ်ဓာတ်ကျတော့ အရမ်းကြံ့ခိုင် ပါတယ်။ တချို့က ဗလတောင့်တောင့်ပေမယ့်လဲ တုတ်တချက်ဝင့်တာနဲ့ ကြောက်ဒူးတုန် တတ်ပါတယ်။ ငယ်စဉ်ကလေးဘ၀ အတွေ့အကြုံ၊ ဘ၀ဖြတ်သန်းမှု၊ မိသားစုအခြေအနေ၊ အတွေးအခေါ်၊ အယူဝါဒ၊ စိတ်နေစိတ်ထား စတာတွေက လူတဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးကို လွှမ်းမိုးမှုရှိပါတယ်။ အရေးပေါ် အခြေအနေတွေမှာမှ ထွက်လာတတ်တဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းတွေကလဲ ရှိပါသေးတယ်။ တချို့က မိုက်ရူးရဲလုပ်တတ်သလို တချို့ကကျတော့လဲ ကြောက်ပြိး အညံ့ခံတတ်ပါတယ်။ ကမ္ဘာ့နာမည်ကြီး ထောက်လှမ်းရေးအဖွဲ့ကြီးတွေမှာ စပိုင်တွေ ရွေးတဲ့အခါ နှိပ်စက်ညှဉ်းပမ်းပြီးလဲ ရွေးချယ်စစ်ဆေးလေ့ရှိတယ်လို့ ကြားဖူးပါတယ်။ ခံနိုင်ရည်ကို ဆန်းစစ်တာပါ။ ခံနိုင်ရည်ဆိုတာက အလွန်အရေးကြီးတာပါ။ လူတိုင်းမှာ အားနည်းချက်ရှိပေမယ့် ဒီလိုအားနည်းချက်ကို တဘက်ရန်သူက အသာစီးယူသွားနိုင်စေမယ့် တာဝန်မျိုးကို အစကတည်းက မပေးပဲ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ သဘောသဘာဝအရ စစ်တိုက်ရမယ့် အဖွဲ့အစည်းရဲ့ တပ်မှူးကို သေနတ်သံကြားတာနဲ့ ၀ပ်ကျင်းထဲ သွားပုန်းနေတတ်သူကို ပေးလို့ မရပါဘူး။ သက်သတ်လွတ်စားနေသူကို မုဆိုးတာဝန်သွားပေးလို့ မရပါဘူး။ သွေးဆာနေသူကို အကျဉ်းသားထိန်းသိမ်းရေး တာဝန်သွားပေးလို့ မရပါဘူး။ အကုန်လုံး သေကုန်ပါလိမ့်မယ်။ ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်ရမယ့် တာဝန်ကို မဆွတ်ခင်က ညွတ်ပြီး အပေးအယူပဲ လုပ်ချင်နေတဲ့ လူမျိုးကို သွားပေးလို့ မရပါဘူး။ မဟာမိတ်ဆက်ဆံရေး တာဝန်မျိုးကို ထစ်ခနဲရှိ ရန်ဖြစ်ချင်သူကို သွားပေးလို့ မရပါဘူး။ အလုပ်တာဝန်နဲ့ လူရဲ့ ကိုယ်ရည်ကိုယ်သွေး ကိုက်ညီဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းတွေထဲမှာ အဲဒီလို မကိုက်ညီမှုတွေ ဖြစ်လာရင် တစတစ ပျက်သုဉ်းတော့တာပါပဲ။
နောက်ထပ်တမျိုးကတော့ အဖွဲ့ဝင်တွေရဲ့ ရာထူးအဆင့်သတ်မှတ်ချက်ပါ။ အဖွဲ့ဆိုတာရှိရင် hierarchy ဆိုတာရှိပါတယ်။ တာဝန်ယူမှုဆိုတာရှိရပါတယ်။ သူငယ်ချင်းပဲဖြစ်ဖြစ်၊ သားအဖပဲဖြစ်ဖြစ် အဖွဲ့ရဲ့ ရာထူးသတ်မှတ်ချက်အရ အဆင့်ဆင့်ပေးအပ်လာတဲ့ တာဝန်ကို ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ တာဝန်ပေးအပ်သူကလဲ မှန်ကန်ဖြောင့်မတ်တဲ့ တာဝန်တွေကို ပေးဖို့ လိုအပ်ပါတယ်။ ဒီလို တာဝန်ပေးအပ်သူတွေကိုလဲ တာဝန်ခံမှုနဲ့ ဖြောင့်မတ်မှုအတွက် ထိန်းချုပ်မှုယန္တရား လဲ ရှိရမှာဖြစ်ပါတယ်။ ငါခေါင်းဆောင်ဆိုပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်တတ်သူတွေလဲ လောကမှာ ရှိတတ်စမြဲပါပဲ။ အဖွဲ့ခေါင်းဆောင်ဆိုတာ အဖွဲ့တာဝန်ကို ထမ်းဆောင်ဖို့ ခေါင်းဆောင်သာ ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဆိုပြီး ဟန်ရေးတပြပြလုပ်နေဖို့၊ အဖွဲ့ဝင်တွေကို အဖွဲ့နဲ့ မဆိုင်တဲ့ လုပ်ငန်းတာဝန်တွေ သွားပေးပြီး ခိုင်းစေဖို့၊ ငါပြောရင် မှန်တယ်၊ ငါလုပ်ရင် မှန်တယ်ဆိုပြီး လုပ်ဖို့ မဟုတ်ပါဘူး။
နိုင်ငံရေးအဖွဲ့အစည်းတခုသာ ဖြစ်မယ်ဆိုရင် အဖွဲ့တခုရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ပြီးစီး တာတွေကိုလဲ ကော်မတီတွေအလိုက် အစီရင်ခံရပါမယ်။ ဗဟိုနဲ့ အောက်ခြေ တသားတည်း ရှိနေရပါမယ်။ သာမန်အဖွဲ့ဝင်တယောက်ပင်ဖြစ်စေကာမူ အတွေးအခေါ်တွေ၊ ခံစားချက်တွေကို တလေးတစား နားထောင်ပေးရပါမယ်။ အဖွဲ့ဝင်တယောက်ချင်းစီကို တန်ဖိုးထားတတ်ရပါမယ်။
အဲဒီလို မဟုတ်ပဲ အဖွဲ့ဝင်တွေကို ဟိုခိုင်း၊ ဒီခိုင်း၊ ဟိုညွှန်၊ ဒီညွန်လုပ်ဖို့ လောက်ပဲ သတိရပြီး ဆက်ဆံရေး အဆက်ပြတ်မှု (ဆက်ဆံရေးဆိုတာမှာ လူချင်းတွေ့ပြီး ထမင်းအတူစားနေတာကို ဆိုလိုခြင်း မဟုတ်ပါ) ရှိနေမယ်ဆိုရင်၊ အပြန်အလှန်လေးစားတန်ဖိုးထားမှု လျော့နည်းလာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ နောက်ပါအင်အားတွေ လျော့လာမှာ ဖြစ်ပါတယ်။ မဖြစ်သာလို့ လက်တွဲနေရရင်တောင် ဒီလိုခေါင်းဆောင်မှုအောက်မှာ ရေရှည်နေလိုစိတ် ရှိကြမည် မဟုတ်ပါ။
နောက်ထပ် အဖွဲ့အစည်းတွေ ပြိုကွဲတတ်တဲ့ အချက်တခုကတော့ ကြိုတင်မျှော်မှန်းချက်တွေနဲ့ ပတ်သက်ပါတယ်။ လူတွေဆိုတာက လူအမျိုးမျိုး၊ စိတ်အထွေထွေပါ။ နိုင်ငံရေးအဖွဲ့အစည်းတခုကို အဖွဲ့ဝင်အဖြစ် ၀င်လာသူတွေမှာ ကြိုတင်မျှော်မှန်းချက်တွေ ရှိတတ်ကြပါတယ်။ တချို့က နေရာယူလိုလို့ပါ။ တချို့က ဘယ်လို အခွင့်အရေးများရမလဲဆိုတဲ့ မျှော်မှန်းချက်နဲ့ပါ။ တချို့က ကိုယ့်ယုံကြည်ချက်နဲ့ အဖွဲ့ရဲ့ ဦးတည်ချက်တွေ ကိုက်ညီတယ်လို့ ယူဆမှုကြောင့်ပါ။ တချို့ကကျတော့ အခြေအနေအရ ပူးပေါင်းပါဝင်ဝန်းရံပေးဖို့ သက်ဆိုင်ရာ မိခင်အဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက် ကြောင့်ပါ။ တချို့ကျတော့ အများစု ပါတာမို့ လိုက်ပါတာပါ။
နိုင်ငံရေး ပညာရှင်တွေကတော့ နိုင်ငံရေးအဖွဲ့အစည်းတခုကို အဖွဲ့ဝင်လာတဲ့ အဖွဲ့ဝင်တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ ဥစ္စာ၊ ရာထူးအဆင့်အတန်း၊ ယုံကြည်ချက်တူညီမှု၊ အစုအဖွဲ့နဲ့ ရပ်တည်လိုမှုစတဲ့ ကြိုတင်မျှော်မှန်းချက်နဲ့ ၀င်လာသူတွေသာ ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီလိုကြိုတင်မျှော်မှန်းချက်တွေနဲ့ ၀င်လာပြီးမှ ထင်သလို မဖြစ်တဲ့အခါ အဖွဲ့အပေါ်မှာ ယုံကြည်ကိုးစားမှုတွေ ပျက်လာတတ်ပါတယ်။ အဲဒီအခါမှာ အဖွဲ့ပြိုကွဲတတ်ပါတယ်။
အဖွဲ့အစည်းတခုအတွင်းမှာ အဖွဲ့ပြိုကွဲရေးအထိ ဦးတည်တဲ့ ဒီလိုပဋ္ဋိပက္ခတွေ ထွက်ပေါ်လာတဲ့အခါ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အဖွဲ့အစည်းများဆိုင်ရာ နိုင်ငံရေးကို လေ့လာတဲ့ ပညာရှင်တွေကတော့ ဒီလိုကိုင်တွယ်ဖြေရှင်းပုံ နည်းလမ်းတွေကို ဖော်ထုတ်ပေးထား ကြပါတယ်။ တချို့က ပြောတတ်ကြပါတယ်။ ပညာရှင်တွေဆိုတာက စာအုပ်ထဲက စာတွေ ပြောကြ၊ သီအိုရီတွေ ဖော်ထုတ်ကြ၊ ကိုယ့်နိုင်ငံ ကိုယ့်သမိုင်းနဲ့ မကိုက်ညီနိုင်မယ့် နည်းစနစ်တွေကို ပြောကြနဲ့မို့ သူတို့ ပြောစကားတွေကို ဂရုစိုက်ဖို့ မလိုဘူးလို့ ဆိုလေ့ရှိကြပါတယ်။
တကယ်တော့ ငါ့စကားနွားရ ပြောတတ်တဲ့ စိတ်ဖောက်ပြန်နေတဲ့ ပညာရှင် မဟုတ်ရင် ဘယ်ပညာရှင်ကမှ သူပြောတာတွေကို လိုက်လုပ်ကြဖို့၊ ဂရုစိုက်ကြဖို့ မရည်ရွယ်ကြပါဘူး။ လိုအပ်မယ်ထင်တာကို သူပညာကို အသုံးပြုပြီး ထုတ်ဖော်ပြောကြားတာ၊ အကြံပေးတာတွေပဲ လုပ်ကြပါတယ်။ ကိုက်ညီတာလဲ ရှိနိုင်ပါတယ်၊ မကိုက်ညီတာလဲ ရှိနိုင်ပါတယ်။ ဘာသာတရား ကိုးကွယ် ယုံကြည်မှုမှာတောင်မှ ဘုရားဟောဆိုတိုင်း အားလုံးက လက်ခံကြတာ မဟုတ်လို့ ဘာသာတရားတွေ အများအပြား ရှိနေကြတာပဲ ဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ကြတာပဲ ဖြစ်ပါတယ်။
ပညာရှင်တွေဆိုတာကလဲ တန်ခိုးရှင်တွေမဟုတ်။ သူတို့တတ်သိထားတဲ့ အသိပညာ၊ အတတ်ပညာ လေးတွေကို အသုံးချပြီး လူ့လောကကြီးအတွက် အကျိုးကျေးဇူးရှိမယ်ထင်တဲ့ စာတမ်းလေးတွေကို ရေးကြ၊ သုတေသနလေးတွေကို လုပ်ကြရင်း ပျော်မွေ့နေသူတွေသာ ဖြစ်ပါတယ်။ လိုတာကိုယူပြီး၊ မလိုတာကို ပယ်ရုံပဲ ရှိပါတယ်။ အဖွဲ့အစည်းတွင်း ပဋ္ဋိပက္ခနဲ့ ပတ်သက်ပြီးတော့လဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းငါးသွယ်ကို ပညာရှင်တွေက ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။
အဖွဲ့တွင်း ပဋ္ဋိပက္ခဖြေရှင်းရေး နည်းလမ်းငါးသွယ်
အဖွဲ့အစည်းတခုအတွင်းမှာ ပဋ္ဋိပက္ခတွေ ပေါ်ထွက်လာတဲ့အခါ ခေါင်းဆောင်တွေအနေနဲ့ နည်းလမ်းငါးသွယ် သုံးပြီး ဖြေရှင်းနိုင်ကြောင်း ပညာရှင်တွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။ ပထမနည်းလမ်းကတော့ ပြဿနာဖြေရှင်းခြင်း (Problem solving) နည်းလမ်းပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေဟာ ပြဿနာကို စတင်ဖြစ်ပွားစေတဲ့ အကြောင်းအချက်တွေ၊ မီးပွားကို မီးတောက်ဖြစ်အောင် တွန်းတင်နေတဲ့ လူတွေနဲ့ သတင်းအချက်အလက်တွေ၊ ပြင်ပ တွန်းအားနဲ့ ဖိအားတွေကို အရင်လေ့လာပြီးတော့မှ ဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို စဉ်းစားဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကောင်းမွန်ပေမယ့် အချိန်အလွန်ကြာတာကြောင့် အရေးပေါ် အခြေအနေတွေမှာ ဒီနည်းလမ်းကို စနစ်တကျ အသုံးပြုနိုင်ဖို့ အချိန် နည်းပါးတတ်ပါတယ်။
နောက်ထပ်နည်းလမ်းတခုကတော့ Superordinate Goals များ ချမှတ်မှုပဲ ဖြစ်ပါတယ်။ အရမ်းတန်ဖိုးရှိပြီး လူတဦးတယောက်တည်း၊ တစုတည်းက မဖော်ဆောင်နိုင်ပဲ အများက ပူးပေါင်းဆောင်ရွက်ရမယ့် ရည်မှန်းချက်တွေ ချမှတ်ဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေ ချမှတ်ပြီးတဲ့ အခါကျမှ “တို့အားလုံးဟာ ဒီရည်မှန်းချက်တွေကို အတူတူ အကောင်အထည်ဖော်ရမယ့် သူတွေဖြစ်တယ်။ ဒါကြောင့် ကွဲပြားခြားနားမှုတွေကို မေ့လိုက်ပြီး ဒီရည်မှန်းချက်တွေကို ဦးတည်ဆောင်ရွက်ကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ကောင်းမွန်ပေမယ့် ပြဿနာအရင်းခံကို ဖြေရှင်းထားတာ မဟုတ်တဲ့အတွက် ပဋ္ဋိပက္ခတွေက အချိန်မရွေး ပြန်ပြီး ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့်လဲ ရေတိုပြဿနာ ဖြေရှင်းနည်း အတွက်တော့ အလွန်ပဲ အသုံးဝင်ပါတယ်။
နောက်ထပ်နည်းလမ်းတခုကတော့ အပေးအယူပြုလုပ်ခြင်း (compromise) လုပ်တဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းမျိုးက ပဋ္ဋိပက္ခဖြစ်တဲ့ နှစ်ဘက်စလုံးက နိုင်သလို၊ နှစ်ဘက်စလုံးလဲ ရှုံးပါတယ်။ ညှိနှိုင်းမှုနဲ့ အပေးအယူပြုမှုပေါ်မှာ အခြေခံထားတာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လဲ တကယ် မှန်ကန်လျော်ညီတဲ့ အပေးအယူ ဖြစ်ဖို့ လိုအပ်ပါတယ်။ အပေးအယူဆိုတာမှာကလဲ လုပ်လို့ရတာ ရှိပါတယ်။ လုပ်လို့ မရတာလဲ ရှိပါတယ်။ အပေးအယူဆိုတဲ့ စကားလုံးကို သုံးပြီး တဘက်စောင်းနင်း အနိုင်ယူတာ မခံရအောင်ကလဲ သတိရှိဖို့ လိုအပ်ပါသေးတယ်။ ဒီနည်းလမ်းဟာ ရေရှည်မှာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးအတွက် အသုံးဝင်တာမှန်ပေမယ့် ရေတိုအရေးပေါ် ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့အခါမှာတော့ မလျော်ကန်လှပါဘူး။
နောက်ထပ်နည်းလမ်းတခုကတော့ ပြေလည်ချောမွေ့စေခြင်း (smoothing) နည်းလမ်းပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ “အားလုံး စိတ်ခံစားမှုတွေကို လျှော့ချကြဖို့၊ မုန်တိုင်းထန်နေတုန်းမှာ လှေကို မလှုပ်ခါကြဖို့” ပြောကြားပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်တဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းက ပဋ္ဋိပက္ခအပြင်းထန်ဆုံး ဖြစ်နေတဲ့ အခြေအနေမှာ ယာယီ ထိန်းသိမ်းနိုင်ပေမယ့် အချိန်အကန့်အသတ်နဲ့ ဆုံးဖြတ်ချက် ချမှတ်ရမှုတွေ၊ ရေရှည်စီမံချက်ချမှတ်ရမှုတွေမှာတော့ အသုံးသိပ်မ၀င်ပါဘူး။
နောက်ထပ်နည်းလမ်းတခုကတော့ အင်အားသုံးဖြေရှင်းခြင်း (Forcing) နည်းလမ်းပဲ ဖြစ်ပါတယ်။ အချိန်အကန့်အသတ်အပေါ်မှာ မူတည်ပြီး ဖြစ်လာတဲ့ ပဋ္ဋိပက္ခတွေ ဖြစ်လာတဲ့အခါ အခြားလူတွေက အကြံပေးနည်း၊ ဆန္ဒဖော်ထုတ်နည်း၊ တွန်းအားပေးနည်းတွေကို အသုံးပြုပြီး ပဋ္ဋိပက္ခဖြစ်နေတဲ့ နှစ်ဘက်စလုံးကို မှန်ကန်တဲ့ လမ်းကြောင်းနဲ့ အတွေးအခေါ်တွေဆီကို တွန်းတင်ပေးမှုပါ။ ဒါကို လုပ်တဲ့အခါ ကြားဝင်ပေးသူတွေရဲ့ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ၊ အင်အားတောင့်တင်းမှု၊ ရပ်တည်ချက်ဆိုတာတွေက အရေးပါပါတယ်။ သူများ ပြဿနာဖြစ်တာမှာ ကြားဝင်တိုင်းလဲ ကောင်းတာ မဟုတ်ပါ။ ရပ်ကွက်အဆင့်မှာ ရန်ဖြစ်တာကို ကြားဝင်မိပြီး ဓားထိုးခံရလို့ အသက်ဆုံးရှုံးသူတွေ ဒုနဲ့ ဒေးပါပဲ။ နိုင်ငံတကာ အဆင့်မှာလဲ သူများတွေ ဖြစ်သမျှ ၀င်ပြောနေလို့ ငပွကြီး ဖြစ်နေတဲ့ နိုင်ငံတွေလဲ ရှိတာပါပဲ။ မလိုအပ်ပဲ ဒီနည်းလမ်းကို သုံးလွန်းတာများရင် အဖွဲ့အစည်းတွေ အကြားမှာလဲ ငပွကြီးအမည်တွင်ကျန်တာလောက်ပဲ ဖြစ်မှာပဲ။ ပြဿနာနဲ့ ပတ်သက်ပြီး အကျိုးရှိစေနိုင်မယ့် အဆင့်ရှိမှ သူများကိစ္စမှာ ကြားဝင်ပါပြီး တွန်းအားပေးတဲ့ နည်းလမ်းတွေ သုံးလို့ရမှာ ဖြစ်ပါတယ်။
ဒီလို နည်းလမ်းငါးသွယ်ထဲက ဘယ်လို နည်းလမ်းတွေကို အသုံးပြုရင်ပဲဖြစ်ဖြစ် organization iceberg ဆိုတာကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းတွေမှာ မြင်သာထင်ရှားတဲ့ သွင်ပြင်လက္ခဏာ (Visible Features) တွေဖြစ်တဲ့ ရည်မှန်းချက်ပန်းတိုင်၊ မူဝါဒ၊ စီမံချက်၊ နည်းလမ်း၊ အလုပ်တာဝန်ခွဲဝေမှု၊ နည်းပညာ၊ အဖွဲ့တွင်းအာဏာနဲ့ ဆုံးဖြတ်လုပ်ပိုင်ခွင့်၊ ဆက်ဆံရေး လမ်းကြောင်း၊ လုပ်ဆောင်မှု စတာတွေ ရှိသလို၊ အတွင်းမှာပဲ ပုန်းကွယ်နေတဲ့ သွင်ပြင်လက္ခဏာ (Hidden Features) တွေဖြစ်တဲ့ အဖွဲ့ဝင်တွေရဲ့ အတွေးအခေါ်၊ အယူအဆ၊ ခံစားချက်၊ တန်ဖိုးထားမှု၊ အဖွဲ့တွင်းနိုင်ငံရေး၊ အုပ်စုဖွဲ့မှု၊ အုပ်စုချင်း ပဋ္ဋိပက္ခ၊ ခေါင်းဆောင်ချင်း ပဋ္ဋိပက္ခ၊ ဆက်ဆံရေး ပွင့်လင်းမှု မရှိခြင်း၊ အချင်းချင်း ပြိုင်ဆိုင်ဆွဲချခြင်း၊ ပြုမူဆောင်ရွက်မှုဆိုင်ရာ ပြဿနာများ၊ စာရိတ္တရေချိန် နိမ့်ပါးမှု၊ ကိုယ်ကျင့်တရားပျက်ယွင်းမှု စတာတွေ လဲ ရှိပါတယ်။ ဒါတွေကို ထည့်သွင်းစဉ်းစားဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါတွေကို မသိပဲ ဘယ်လိုအဖွဲ့အစည်းမျိုးရဲ့ ပဋ္ဋိပက္ခကိုမှ ပြေလည်အောင် ဖြေရှင်းနိုင်မည် မဟုတ်ပါ။
အဖွဲ့တွင်း ပဋ္ဋိပက္ခတွေကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းပြီး အဖွဲ့အစည်းတရပ် မပြိုကွဲရေးကို ကြိုးပမ်းဖော်ဆောင်ကြတာတွေ ရှိပါတယ်။ ဒါပေမယ့်လဲ တခါတရံမှာ အဖွဲ့အစည်းတရပ်ဟာ ဘယ်လိုမှ ထိန်းကျောင်းလို့ မရတော့ပဲ ပြိုကို ပြိုကွဲတတ်တာတွေလဲ ရှိပါတယ်။
အဖွဲ့ပြိုကွဲမှုအား ထိန်းကျောင်းခြင်း
လောကမှာ အရာအားလုံးဟာ အချိန်အတိုင်းအတာ တခုအထိပဲ တည်မြဲခိုင်ခံ့ပါတယ်။ ဖြစ်ခြင်း၊ ပျက်ခြင်းဆိုတဲ့ သဘောတရားဟာ အရာအားလုံးအတွက် မှန်ကန်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖွဲ့အစည်းဆိုတာကလဲ သတ္တ၀ါတွေ စုစည်းထားတာပဲ ဖြစ်တဲ့အတွက် တချိန်မှာ ပျက်စီးမှာ ပါပဲ။ ဖြစ်လိုက်ပျက်လိုက်၊ အောင်မြင်လိုက်၊ ဆုံးရှုံးလိုက်နှင့် လောကနိယာမကို ဘယ်သူမှ မတားဆီးနိုင်ပါ။ ရှိနေတုန်းသာ အတတ်နိုင်ဆုံးကောင်းအောင် ကြိုးပမ်းလုပ်ကြရမှာပါ။ ဘယ်လိုမှ မတားဆီးနိုင်တော့တဲ့ အဖွဲ့ပြိုကွဲမှုတွေကလဲ ဖြစ်လာတတ်ပါတယ်။
အဖွဲ့အစည်းတိုင်းမှာ ရပ်တည်ချက်၊ လမ်းစဉ် ရည်မှန်းချက် ပန်းတိုင်ဆိုတာတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အဖွဲ့တွင်းမှာ ကွဲလွဲမှု ဖြစ်လာပြီဆိုရင်တော့ အများသဘောဆန္ဒနဲ့အညီ မျှမျှတတ ဆုံးဖြတ်ချက် ချရင်ချ၊ မချနိုင်ရင်တော့ ရပ်တည်ချက် မတူသူတွေ လမ်းခွဲဖို့ပဲ ရှိပါတယ်။ လောကမှာ အပေးအယူနဲ့ ညှိနှိုင်းမှုတွေ ရှိရတယ်ဆိုတာမှန်ပေမယ့် ဘယ်လိုမှ ညှိနှိုင်းလို့၊ လျှော့ပေးလို့ မဖြစ်နိုင်တဲ့ အရာတွေလဲ ရှိပါတယ်။ ဥပမာ- မူးယစ်ဆေးဝါး ကုန်ကူးမယ်ဆိုတဲ့ လင်ယောက်ျားနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို သိမြင်တဲ့ ဇနီးမယားနှစ်ယောက် ဘ၀ခရီးကို အတူဆက်လျှောက်လို့ မရပါ။ ဇနီးသည်က လင်ယောက်ျားကို မူးယစ်ဆေးဝါး ကုန်မကူးအောင် တားနိုင်ရင်တား၊ လင်ယောက်ျားက ဇနီးသည်ကို မူးယစ်ဆေးဝါးကုန်ကူးမှုကြောင့် ရနိုင်မယ့် အကျိုးအမြတ်တွေနဲက မက်လုံးပေးပြီး ဆွယ်နိုင်ရင်ဆွယ်ပြီး ညှိနှိုင်းကြဖို့ကတော့ ပထမအဆင့်ပါ။ ဒါမှ မရရင်တော့ လင်ယောက်ျားဖြစ်သူကလဲ သူ့ကိုယ်ကျိုးအတွက် သူလုပ်ချင်တဲ့ လမ်းကြောင်းကို ဆက်လုပ်ဖို့နဲ့ ဇနီးသည်ကလဲ တမျိုးသားလုံး အရေးအတွက် သူရှောင်ရမယ့် အန္တရာယ်ကို ရှောင်ဖို့ လမ်းခွဲကြရုံပဲ ရှိပါတယ်။ တယောက်က ကိုယ်ကျိုးစီးပွား၊ တယောက်က အမျိုးသားရေး ကို စဉ်းစားတဲ့ လူနှစ်ယောက်မှာ ဘုံရည်မှန်းချက်ဆိုတာ မရှိလာတော့တဲ့အတွက် မိသားစု မပြိုကွဲအောင် ထိန်းသိမ်းရေးဆိုတာကလဲ လုပ်လို့ မရတော့ပါ။ ဒါပေမယ့် မိသားစု တခုလုံး အစိတ်စိတ်၊ အမြွာမြွာ မပြိုကွဲအောင်တော့ ထိန်းကျောင်းကြရပါမယ်။ အဖခြေရာကို ဆက်နင်းမယ့် သားသမီးနဲ့ အမိခြေရာကို ဆက်နင်းမယ့် သားသမီးတွေကို မိဘနဲ့ အတူရှိနေဖို့တော့ ကြိုးပမ်းမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။
ဒီလိုပါပဲ။ အဖွဲ့အစည်းတွေ ပြိုကွဲတဲ့အခါမှာလဲ အစိတ်စိတ်အမြွာမြွာနဲ့ သူတလူငါတမင်း မဖြစ်ရလေအောင် ပြိုကွဲမှုကို စနစ်တကျ ထိန်းကျောင်းပေးဖို့ လိုပါတယ်။ နိုင်ငံရေးရာမှာ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကက နိုင်ငံရေးအဖွဲ့အစည်းတွေဟာ ဥရောပ အဖွဲ့အစည်းတွေ ထက်စာရင် ပိုပြီး fragile ဖြစ်ပါတယ်။ ကွဲအက်လွယ်ပါတယ်။ ကိုလိုနီကျွန်စနစ်နဲ့ အာဏာရှင် ကျွန်စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေလာကြရတာဖြစ်တဲ့အတွက် ကျွန်စိတ်က မျိုးဆက်တွေအလိုက် အသွေးထဲ အသားထဲမှာ နစ်ဝင်ပုန်းလျှိုးနေတတ်ပါတယ်။ ဒီကျွန်စိတ်က တော်ရုံတန်ရုံ အချိန်တွေမှာဆို မထွက်လာပါဘူး။ ဒါပေမယ့် နိုင်ငံအရေးအခြေအနေ အပြောင်းအလဲကာလတွေ၊ စစ်မက်သင့်တဲ့ ကာလတွေမှာဆို ထွက်ပေါ်လာတတ်ပါတယ်။
ကျွန်မတို့ မြန်မာ့နိုင်ငံရေး သမိုင်းမှာလဲ ဒီလိုကျွန်စိတ်တွေ ပေါ်ထွက်လာတတ်တဲ့ အခြေအနေလေးတွေ ရှိခဲ့ဖူးပါတယ်။ မြန်မာလူမျိုးတွေဟာ ကိုလိုနီလက်အောက်ခံ ကျွန်သဘောက် ဘ၀ မရောက်ခင်တုန်းက သက်ဦးဆံပိုင်ဘုရင်တွေရဲ့ တသွေးတသံ တမိန့်အောက်မှာ နေခဲ့ရပါတယ်။ လူမှုရေးကျင့်ဝတ်တွေအရ မိသားစုတွင်းမှာလဲ အာဏာရှင်စနစ်က အမြစ်တွယ်နေပါတယ်။ အိမ်တအိမ်မှာ ဖခင်ရဲ့ သြဇာနဲ့ သားသမီးရဲ့ ကိုယ်ပိုင်အတွေးအခေါ် ထိပ်တိုက်ဖြစ်လာခဲ့ရင် ဖခင်ရဲ့ အာဏာကို မလွန်ဆန်ရဲတော့ပါဘူး။ ရွာတရွာမှာ သူကြီးရဲ့ သြဇာအာဏာကို မလွန်ဆန်ရဲကြပါဘူး။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ငုံ့ခံကြပါတယ်။ မတရားလုပ်ခံရရင်တောင် ဘ၀ကံအကြောင်းတရားပါလာလို့ ဆိုပြီးတော့ပဲ ဖြေသိမ့်တွေးတတ်ကြပါတယ်။
မခံနိုင်လွန်းမှသာ ယမ်းပုံမီးကျ ဒေါသအိုး ပေါက်ကွဲတတ်ကြတာပါ။ ဒါကလဲ ကောက်ရိုးမီးလို တခဏပဲ တောက်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးထိရင် မချိအောင်နာတဲ့ စိတ်ရင်းခံလေး တခုကတော့လဲ ရှိနေခဲ့ပါတယ်။ နယ်ချဲ့တွေ ကျူးကျော်လာတော့ ဒီစိတ်ရင်းခံနဲ့ ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ကြတာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ တော်လှန်ရေးစိတ်မှာ သက်ဦးဆံပိုင်ဘုရင်စနစ်က သွတ်သွင်းပေးထားတဲ့ ကျွန်စိတ်ကလဲ တွဲပါနေပါတယ်။ မင်းနေပြည်တော်က အမိန့်ပေးမှ၊ စစ်သူကြီးတွေက ဦးဆောင်မှဆိုတဲ့ ခေါင်းဆောင်တွေအပေါ် မှီခိုအားကိုးမှုက ရှိနေပြန်ပါတယ်။ ဒီကျွန်စိတ်တွေက ဘယ်လောက်တောင် လွှမ်းမိုးသွားလဲဆိုရင် မန္တလေး နေပြည်တော်ကို သေနတ်တချက်တောင်မဖောက်ရပဲ ဘုရင်ကို ကြက်လေး၊ ငှက်လေးလို နယ်ချဲ့ကျူးကျော်သူတွေက ဖမ်းနိုင်သွားတဲ့ အဆင့်အထိပါပဲ။
နယ်ချဲ့ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင် မိမိတို့ရဲ့ ရပ်တည်ရှင်သန်ခွင့်တွေ၊ ရာထူးတွေ ဆုံးရှုံးမှာ ကြောက်ကြတဲ့ နေပြည်တော်က သက်ကြီးရွယ်အို အဖိုးအိုများရဲ့ စကားကို ကာယ၊ ဥာဏ ပြည့်စုံတဲ့ တပ်မှူးဗိုလ်ပါ အပေါင်းက ကျွန်စိတ်နဲ့ နာခံခဲ့ကြပါတယ်။ စုဖုရားလတ်က “ဘိုးဘိုးတို့ ကြောက်ရင် ထမီဝတ်ထားကြပါလား။ စုဖုရား ကိုယ်တိုင် နန်းတွင်းသူတွေနဲ့ ထွက်ပြီး ခုခံမယ်” လို့ ပြောခဲ့ရတဲ့ အထိ မြန်မာ့သမိုင်းဟာ အကျည်းတန်ခဲ့ပါတယ်။ ကျွန်စိတ်မရှိလို့ သခင်စိတ်နဲ့ နယ်ချဲ့ကို တွန်းလှန်ခဲ့ကြတဲ့ မြန်မာတပ်မှူးအပေါင်းမှာလဲ မြန်မာမင်းနေပြည်တော်က အလိုတော်ရိ လက်ပါးစေတွေနဲ့ ကုလားဖြူ စစ်တပ်တွေကြောင့် အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။ သခင်စိတ်တွေ အညွန့်ချိုးခံခဲ့ရပါတယ်။
ဒီလိုနဲ့ နယ်ချဲ့ကျွန်ဘ၀မှာ နှစ်ပေါင်းများစွာနေခဲ့ရပြီး၊ အမျိုးသားရေးစိတ်ဓာတ်တွေ ပြန်ပြီး နိုးကြားလာချိန်ကြတော့လဲ မြန်မာတမျိုးသားလုံးကို ကိုယ်စားပြုနေတဲ့ ဂျီစီဘီအေ အသင်းကြီးဟာ နယ်ချဲ့ရဲ့ ရာထူး၊ အာဏာ မျက်စပစ်မှုဒဏ်ကို မခံနိုင်ပဲ အစိတ်စိတ်အမြွာမြွာ ကွဲခဲ့ရပြန်ပါတယ်။ ခေါင်းဆောင်ကြီးတွေဆီမှာ ကျွန်စိတ်တွေ ပေါ်လာပြန်ပြီး၊ နယ်ချဲ့ လက်အောက်ခံ အစိုးရရဲ့ အမတ်မင်းများ ဖြစ်ဖို့အရေး ကြိုးပမ်းပြီး လူထုကို မျက်စိလည်လာစေပြန်ပါတယ်။ “လူကြီးတွေ လုပ်တာဆိုရင် မှန်တယ်။ လူကြီးတွေကို ပြန်အာမခံနဲ့” ဆိုတဲ့ ထုံးတမ်းစဉ်လာတွေအကြားမှာ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆ၊ ဦးဆောင်နိုင်မှု အရည်အချင်းတွေကို သင်းကွပ်ခံထားရ သူတွေကလဲ “တောင်ကျရေ၊ နွားနှစ်ကောင်မ၀သလိုပ၊ မောင်ဘဘေ ငါးထောင်မရသော်ကြောင့်” ဆိုတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာထဲကလို ကျွန်စိတ်နဲ့ အမတ်ရူးရူးနေကြတဲ့ ခေါင်းဆောင်ကြီးများကို ထောက်ခံကြပြန်ပါတော့တယ်။
အမျိုးသားရေးစိတ်၊ သခင်စိတ်ရှိတဲ့ သခင်ဘသောင်း၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့လို လူငယ်တွေသာ အဲဒီအချိန်တုန်းက မပေါ်ထွက်ခဲ့လျှင် မြန်မာပြည်ကြီးလဲ အိန္ဒိယအုပ်ချုပ်ခံ ပြည်နယ်တခုအနေနဲ့ ဖြစ်ကျန်ခဲ့မည်လားပင် မသိပါ။ ဒီလိုနဲ့ မြန်မာ့နိုင်ငံရေး သမိုင်းဆိုတာကလဲ မင်းလောင်းတွေ မျှော်လိုက်၊ ခေါင်းဆောင်တွေကို အားကိုးလိုက်၊ ဖောက်ပြန်တဲ့ ခေါင်းဆောင်တွေက နိုင်ငံရေးလှိုင်းလုံးတွေကို ပြန်ပုတ်ချလိုက်၊ ပြိုလိုက်ပျက်လိုက်၊ ကွဲလိုက်ပြဲလိုက်၊ အချင်းချင်းချလိုက်၊ မရှိတဲ့ အာဏာကို စိတ်ကူးနဲ့ ရူးပြီး လုလိုက်၊ အာဏာရှင်တွေဆီကို ကျွန်သွားခံလိုက်ဖြင့် နှစ်ပေါင်းများစွာ ကျွန်စိတ်များ စိမ့်ဝင်ပျံ့နှံ့နေခဲ့သော ကျွန်နိုင်ငံရေး သမိုင်းကြီးအဖြစ်သာ အဖတ်တင် ကျန်ရစ်ခဲ့ပါတော့တယ်။ နောက်ဆုံးကျတော့ မြန်မာအချင်းချင်း ကျွန်ပြန်ပြုတဲ့ စစ်ကျွန်ဘ၀ကို ရောက်ရှိသွားပါတယ်။
မြန်မာတင်မဟုတ်ပါ။ စိတ်ဓာတ်နဲ့ အတွေးအခေါ်များကို မပြင်ဆင်နိုင်သေးတဲ့ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတချို့တွေမှာလဲ ဒီလို ကျွန်နိုင်ငံရေး ခရီးကြမ်းကြီး ဆက်လှမ်းနေကြရဆဲပါ။ ကျွန်သံသရာကနေ ဖောက်ထွက်ဖို့ ကြိုးစားခဲ့ကြတဲ့ နိုင်ငံတွေမှာတော့ နိုင်ငံရေးအဖွဲ့အစည်းတွေထဲက အဖွဲ့ဝင်တွေဟာ သခင်စိတ်ကို မွေးထားခဲ့ကြပါတယ်။ နိုင်ငံရေးအကူးအပြောင်းကာလတွေမှာ ကျွန်စိတ်ဝင်နေသူတွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကို လက်ခံလေ့မရှိကြပါဘူး။ အဖွဲ့အစည်းက တရားဝင် မြေပေါ် အဖွဲ့ ဖြစ်နေတဲ့အခါ ကျွန်ခံမယ့် ခေါင်းဆောင်တွေနဲ့ ကျွန်ပြုမယ့်သူတွေက တသားတည်း ဖြစ်သွားတတ်ပါတယ်။ ကျွန်ခံမယ့် ခေါင်းဆောင်တွေရဲ့ အာဏာကို ဖီဆန်တဲ့ သခင်စိတ်ရှိတဲ့ အဖွဲ့ဝင်တွေကို ကျွန်ပြုမယ့်လူတွေက ၀င်ပြီး နှိပ်ကွပ်ဖမ်းဆီးလေ့ရှိကြပါတယ်။ အဲဒီလိုအခါမျိုးမှာ နိုင်ငံရေး အဖွဲ့အစည်းဟာ ကျွန်ခံမယ့် ခေါင်းဆောင်တွေလက်ထဲကို လုံးလုံးလျားလျား ကျသွားပြီး၊ နောက်ထပ် အဖွဲ့အစည်းတရပ် ထပ်မထွက်လာမချင်း နိုင်ငံရေး သေတတ်ပါတယ်။
ဒီလိုတွေဖြစ်လာရင် တော်လှန်ရေး ကြာရှည်တတ်ပါတယ်။ ဒါကြောင့် သခင်စိတ်နဲ့ ခေါင်းဆောင်တွေ၊ သခင်စိတ်ရှိတဲ့ အဖွဲ့ဝင်တွေဟာ အဖွဲ့တွင်း ပဋ္ဋိပက္ခပြေလည်ရေးကို ဘယ်လိုမှ လုပ်လို့ မဖြစ်တော့ တဲ့အခါ အဖွဲ့ပြိုကွဲမှုကို စနစ်တကျ ထိန်းကျောင်းနိုင်ရေးအတွက် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ မြေပေါ်အဖွဲ့ဖြစ်ရင် မြေအောက်ဆင်းရပါမယ်။ မြေအောက်ဆင်းတဲ့အခါ စီအိုစီ ဖွဲ့စည်းရပါမယ်။ ဒီစီအိုစီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရွေးထားရပါမယ်။ လူထုထဲကို လှေကားချပြီး လျှို့ဝှက်စည်းရုံးမှုတွေ လုပ်ရပါမယ်။
ဒီ ပြောရေးဆိုခွင့် ရှိသူဟာ ကျွန်စိတ်ရှိသူတွေက အဖွဲ့အစည်းအမည်ကို အလွဲသုံးစားလုပ်ပြီး ကျွန်သက်တမ်းရှည်ဖို့ ကြိုးပမ်းမှုတွေ၊ ကျွန်ပြုမယ့်သူတွေက ဒါကို အသုံးချပြီး လူထုကြီးရဲ့ သခင်စိတ်ကို ချိုးနှိမ်ဖို့ ကြိုးစားမှုတွေကို ကန့်ကွက်ဆန့်ကျင်ရပါမယ်။ နေရာဒေသအသီးသီးမှာ လူထုစည်းရုံးရေး အစုအဖွဲ့များ ဖွဲ့ထားပြီး မိမိတို့ရဲ့ မြေအောက်အဖွဲ့အစည်းနဲ့ ပြည်သူလူထုအကြား ကွင်းဆက်မပြတ်အောင် ကြိုးပမ်းရပါမယ်။ အဖွဲ့ကို တိုက်ပွဲဝင်အဖွဲ့အစည်း တရပ်အနေနဲ့ စနစ်တကျ ပြန်လည်ပြင်ဆင် တည်ဆောက်ပြီး ကျွန်စနစ် ဆန့်ကျင်ရေးတိုက်ပွဲကို လူထုကြီးနဲ့အတူ ပူးပေါင်းဆင်နွှဲရပါမယ်။ ကျွန်ပြုသူတွေရဲ့ အုပ်ချုပ်ရေးယန္တရား ပြိုကျတာနဲ့ ချက်ချင်းအစားထိုးနိုင်မယ့် ယာယီအုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
နိဂုံး
တဦးတယောက်တဲ့ ပိုတဲ့အခါ အစုအဖွဲ့ဆိုတာရှိလာပါတယ်။ အစုအဖွဲ့ဆိုတာရှိလာရင် ပဋ္ဋိပက္ခဆိုတာ ရှိလာပြန်ပါတယ်။ ပဋ္ဋိပက္ခဆိုတာရှိလာရင် ပြေလည်အောင် ဖြေရှင်းဖို့ စနစ်တကျ ကြိုးစားရမှာ ဖြစ်ပါတယ်။ ကြိုးစားနေရင်း မတူညီနိုင်တဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်တွေကြောင့် ရှိပြီးသား အစုအဖွဲ့တွေ ပြန်ပြီး ပြိုကွဲတယ်ဆိုတာလဲ ရှိပါတယ်။ အဲဒီအခါမှာလဲ အစိတ်စိတ်၊ အမြွာမြွာ မဖြစ်ရလေအောင်၊ ရည်မှန်းချက်ပန်းတိုင်ကို ပြန်ပြီး အာရုံစိုက်နိုင်အောင် စနစ်တကျ ထိန်းကျောင်းမှုဆိုတာ ရှိလာရမှာ ဖြစ်ပါတယ်။ တွေဝေမှုဟာ လူပေါင်းများစွာရဲ့ ဘ၀တွေကို ရှင်ရက်နဲ့ သေစေနိုင်ပါတယ်။ နယ်ချဲ့ကျွန်၊ ဖက်ဆစ်ကျွန်၊ စစ်ကျွန် စတဲ့ ဘယ်လိုကျွန်စနစ်ပဲ ဖြစ်ဖြစ် လူတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်စီမံ ဖန်တီးခွင့်တွေ ပျောက်ဆုံးနေမှာပါပဲ။ လူတွေရဲ့ အနာဂတ်တွေေ၀၀ါးနေစေမှာပါပဲ။ မိမိထက် ဂုဏ်ကြီးဝါကြိး၊ အတွေ့အကြုံ ပိုများသူတွေရဲ့ ဆုံးဖြတ်ချက်တိုင်း မှန်ပါတယ်လို့ ဘယ်သူမှ မဆိုနိုင်ပါ။ ရေမြင့်မှသာ ကြာတင့်ပါတယ်။ တမျိုးသားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်မှသာ လွတ်မြောက်ရေးအတွက် ကြိုးပမ်းတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ဂုဏ်သိက္ခာတွေ တက်လာမှာ ဖြစ်ပါတယ်။ စစ်ကျွန်ဘ၀ သက်ဆိုးရှည်ရေးကို ဖော်ဆောင်ပေးတဲ့ အဖွဲ့အစည်းတွေကို မလွဲသာလို့ ပုလ္လင်ပေါ် တင်ပေးထားရရင်တောင် လူထုရဲ့ မျက်လုံးထဲမှာတော့ ပလ္လင်ပေါ်က မျောက်တွေအဖြစ်သာ မြင်ယောင်နေမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။
ခင်မမမျိုး (၂၄၊ ၃၊ ၂၀၁၀)
ရှင်သန်ခွင့် (၀တ္ထုတို)
Tuesday, March 23, 2010
(၁)
“ကိုကြီးသဘောကတော့ သူ့ကို ဆက်ပြီး မဆန့်ကျင်ကြစေချင်ဘူး။ သူစီမံခန့်ခွဲပေးတာတွေကိုပဲ လိုက်နာစေချင်တယ်”
“ရှင်”
“ဗျာ”
အာမေဋ္ဋိတ်သံများထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ဧည့်ခန်းတခုလုံး အပ်ကျသံပင် မကြားရ လောက်အောင် ငြိမ်သက်တိတ်ဆိတ်သွားသည်။
“ခင်ဗျားမတရားဘူး။ ခင်ဗျားကို ခေါင်းဆောင်ဆိုပြီး တပ်ဦးမှာ ထားခဲ့တာ။ ခင်ဗျားကို ၀န်းရံပေးရမယ်ဆိုပြီး နာစရာရှိရင် ကျုပ်တို့က ရှေ့ဆုံးကနေ အနာခံခဲ့ကြတာ”
အတန်ကြာ တိတ်ဆိတ်နေမှုကို ဖြိုခွဲ၍ ထွက်ပေါ်လာသည့် အသံက ညီထွေးလေး အသံ။
“ဘာလဲ။ ခုတော့ ကိုကြီးက ကြောက်နေပြီလား။ ကိုကြီးရဲ့ ရဲရဲတောက် စကားလုံးတွေကြောင့် မလေးတို့က ပါခဲ့ကြတယ်။ ကိုကြီးကို အပြည့်အ၀ ယုံကြည်ပြီး ခေါင်းဆောင်နေရာ ရွေးခဲ့ကြတယ်။ ခေါင်းဆောင်ဖြစ်ပြီးကာမှ ကိုကြီးက ပထွေးဆန့်ကျင်ရေးဆိုတဲ့ စကားကိုတောင် ရဲရဲမပြောလို့ မလေးတို့ ပြောပေးခဲ့ကြတယ်။ ဒါပေမယ့် ဒီလို ပြောလို့ အရိုက်ခံရ၊ အနာခံရရင်လဲ ကိုကြီးက မသိချင်ယောင်ပဲ ဆောင်နေတယ်။ ဒီအထိ မလေးတို့ သည်းခံတယ်။ ရေငုံနှုတ်ပိတ်နေခဲ့တယ်။ အခြေအနေအရ ကိုကြီး လိုအပ်လို့ လုပ်တာပါလို့ပဲ ဖြေသိမ့်တွေးပေးခဲ့တယ်။ ကိုကြီးကို မလေးတို့ ယုံခဲ့ကြတယ်။ ခုတော့ အလကားပဲ။ မလေးတို့ ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်ခံလိုက်ရပြီ”
ညီထွေးလေးရဲ့ စကားသံဆုံးတော့ မလေးက ၀င်ပြောသည်။ ကိုကြီးက အင်းမလုပ်၊ အဲမလုပ်။ မှုန်ကုပ်ကုပ်မျက်နှာဖြင့် အားလုံးကို ပြန်ကြည့်နေသည်။
“မလေး။ နင်ဘာမှ အပိုတွေ ပြောမနေနဲ့တော့။ ငါနင်တို့ကို ဘယ်နှစ်ခါ ပြောခဲ့လဲ။ ကိုကြီးဆီမှာ ငါတို့တအိမ်လုံးကို ဦးဆောင်ပြီး ဟိုလူယုတ်မာကို အာခံရဲတဲ့ သတ္တိမရှိပါဘူးဆိုတာကိုး။ ငါတို့ အားလုံးက အဲဒီလူယုတ်မာကို ဆန့်ကျင်နေလို့ သူက ငါတို့ထဲ ပါလာတာ။ သူက ငါတို့အားလုံးထဲမှာ အကြီးဆုံးမို့ ငါတို့က ခေါင်းဆောင်ရွေးခဲ့ကြတာ မဟုတ်ဘူးလား။ ဒါပေမယ့် ဒီလို ခေါင်းဆောင်ဖြစ်ပြီးတဲ့ အခါမှာ ဘယ်နှစ်ကြိမ်များ ငါတို့ရှေ့က ရပ်တည်ပေးခဲ့လို့လဲ။ ငါတို့ ပေါ်ပေါ်ထင်ထင်နဲ့ လူယုတ်မာကြီးကို ဆန့်ကျင်ရင်တောင် သိပ်မတက်ကြွဖို့ သူုက ခေါ်ပြီး သတိပေးနေသေးတာပဲ။ ဒီကတည်းက ငါပြောနေတယ်။ လူယုတ်မာဆန့်ကျင်ရေးမှာ သူ့ကိုပဲ ရှေ့တန်းတင်ပြီး ပုံမအပ်ပါနဲ့။ ရှုံးလိမ့်မယ်လို့။ နင်တို့ လက်မှမခံကြတာပဲ။ ငါ့ကိုတောင် အပြစ်ပြန်တင်နေသေးတယ်။ ခုတော့ နင်တို့ ခေါင်းဆောင်ကြီးက လူယုတ်မာကို လက်ခံပြီး လူယုတ်မာရဲ့ စီမံချက်ကိုတောင် လိုက်လုပ်ပေးမယ် ပြောနေတယ်။ ကောင်းသေးလား။ ဒီမှာ ကိုကြီး။ ၀ါအရ ခင်ဗျားကို ကျုပ်လေးစားပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ လုပ်ရပ်နဲ့ အတွေးအခေါ်တွေကိုတော့ မလေးစားနိုင်ဘူး။ ခင်ဗျားက ဒူးထောက်ဆိုတာနဲ့ လိုက်ထောက်ပေးမယ့် သူငယ်နှပ်စားထဲမှာ ကျုပ်မပါဘူး။ အခုကစပြီး ခင်ဗျားကို ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုနိုင်ဘူး။ ခင်ဗျား လုပ်ခိုင်းတာတွေလဲ ကျုပ်မလုပ်နိုင်ဘူး။ ရှင်းအောင် ပြောထားမယ်”
“ဖေကြီးရယ်၊ ရှက်ဖို့ကောင်းလိုက်တာ။ ဘာလို့ ဒီလို အတွေးမျိုးတွေ ၀င်နေရတာလဲ။ သမီးမှာတော့ ဖေကြီးရဲ့ မျိုးဆက်ဖြစ်ရတာကို ဂုဏ်ယူလိုက်ရတာ။ ဖေကြီးဟာ တအိမ်လုံးရဲ့ အခက်အခဲတွေကို ပြေလည်အောင် လုပ်ပေးဖို့ ကြိုးစားနေတဲ့ ခေါင်းဆောင်ကြီးအနေနဲ့။ ခုတော့သွားပြီ။ သိပ်ရှက်ဖို့ ကောင်းတာပဲ”
ကိုကြီးရဲ့ သမီး ဇင်မာအောင်ကပါ ၀င်ပြောသည်။ ပြောရင်းနှင့် မျက်ရည်များကျနေပေမယ့် ကိုကြီး မျက်နှာပေါ်က ခက်ထန်တင်းမာမှုတွေက ပျောက်မသွား။ သူလုပ်တာ မှန်သည့်အနေဖြင့် ခပ်တင်းတင်း ပြန်ပြောသည်။
“ဇင်မာအောင်။ ငြိမ်ငြိမ်နေစမ်း။ ငါမွေးလို့ နင်လူဖြစ်လာတာပါ။ ငါ့ကို ပြန်အာခံမနေနဲ့။ ငါက ဒါဆို ဒါပဲလုပ်”
ကိုကြီးရဲ့ အော်ငေါက်သံအဆုံးမှာ ဇင်မာငြိမ်သွားသည်။ အသံထပ်မထွက်လာတော့ပေမယ့် ကိုကြီးကို လှမ်းကြည့်နေသော ဇင်မာ့ မျက်ဝန်းများရဲ့ အဓိပ္ပာယ်ကို သူမနားလည်သည်။ မျိုးဆက်ဟောင်း အပေါ်မှာ မျိုးဆက်သစ်တယောက်ရဲ့ အထင်သေးသော အကြည့်။
မိသားစုတွင်းမှာပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာ အလုပ်အကိုင်တွေမှာပဲ ဖြစ်ဖြစ်၊ ကျောင်းစာသင်ခန်း တွေမှာ ပဲဖြစ်ဖြစ် အပြန်အလှန် လေးစားမှု ဆိုတာက အလွန်အရေးပါလှသည်။ အိမ်ထောင်ဘက် အချင်းချင်း တယောက်ကိုတယောက် အထင်သေးမှုရှိလာပြီဆိုလျှင် ဒီအိမ်ထောင်ရေး သာယာမည်မဟုတ်တော့။ အနန္တေအနန္တဂိုဏ်းဝင် မိဘပေမယ့်လဲ အကျင့်စာရိတ္တ ယိုယွင်းပျက်စီးမှုနှင့် လူအများကို ဆုတ်ယုတ် ပျက်စီးစေမှုတွေကြောင့် သားသမီးများအား အရှက်ရစေသည်ဆိုလျှင် မိဘနှင့် သားသမီး ဆက်ဆံရေးမှာ အဖုအထစ်များ ဖြစ်စမြဲ။ သိက္ခာတရားနှင့် ကျင့်ဝတ်ကို မစောင့်ထိန်းသော ဆရာများကိုလဲ ဘယ်လို ကျောင်းသားမျိုးကမှ အထင်တကြီး ဆည်းကပ်မည် မဟုတ်။ အဖွဲ့အစည်းတွင်လည်း ထိုနည်းလည်းကောင်း။ မျိုးဆက်ဟောင်းများရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို မျိုးဆက်သစ်များက အထင်သေးလာပြီဆိုလျှင် အဖွဲ့အစည်းရဲ့ ရှင်သန်ကြီးထွားမှု နှောင့်နှေးပြီး အကွဲကွဲ၊ အပြဲပြဲ ဖြစ်လာလေ့ရှိသည်။
ဇင်မာ့ မျက်ဝန်းများကို ကြည့်ပြီး သူမအတွေးများက ဟိုရောက်ဒီရောက်ဖြစ်နေသည်။ ဒီပြဿနာများရဲ့ အစ၊ ဟိုး လွန်ခဲ့သော နှစ်ပေါင်းများစွာက အခြေအနေတွေကို သူမ ပြန်မြင်ယောင်နေမိသည်။
(၂)
“မလတ်။ ဒါ ကိုစစ်နိုင်တဲ့။ ကျောင်းတုန်းက ငါတို့က မေဂျာတူတူပဲ။ ကွဲနေကြတာ ကြာပြီ။ တလောကမှ ပြန်တွေ့တာ”
ကိုကြီးက မိတ်ဆက်ပေးတာကြောင့် ကိုစစ်နိုင်ကို လှမ်းကြည့်လိုက်မိတော့ မျက်လုံးတွေကို မြင်ရစဉ်မှာပဲ သူမရင်ထဲ ဒိတ်ကနဲဖြစ်သွားသည်။ စိတ်ပညာဘွဲ့ရ တယောက်ဖြစ်တာကြောင့် လူတွေရဲ့ မျက်လုံးကတဆင့် အတွင်းစိတ်ကို မြင်နိုင်အောင် ကြိုးစားလေ့ကျင့်ခဲ့ဖူးသည်။ ကိုစစ်နိုင်မျက်လုံးတွေက မရိုးသား။ ကောက်ကျစ်စဉ်းလဲမှု သဏ္ဍာန်လေးတွေကို တွေ့နေရသလိုလိုရှိသည်။ သို့ပေမယ့် လူမှုရေး အရမို့ သူမ ပြန်နှုတ်ဆက်လိုက်ပါသည်။
“ဟုတ်ကဲ့။ တွေ့ရတာ ၀မ်းသာပါတယ်။ အိမ်ကို အလည်လာတဲ့ အတွက် ကျေးဇူးတင်ပါတယ်”
“ကျွန်တော်က နောက်ဆို ခဏခဏ ရောက်ဖြစ်တော့မှာ။ ကိုအောင်နဲ့ စီးပွားရေး တူတူ လုပ်မလားလို့”
ကိုစစ်နိုင်က လိုသည်ထက် ပိုနေသော အပြုံးများဖြင့် ပြန်ပြောသည်။ ကိုကြီးကို လှမ်းကြည့်မိတော့ ကိုကြီးမျက်နှာက အရမ်းကို ပျော်ရွှင် လန်းဆန်းနေတာကြောင့် ဘာမှ ဆက်မပြောမိတော့။ သူငယ်ချင်းဟောင်းနှင့် ပြန်တွေ့ရလို့ ပျော်နေပုံပေါ်သည်။ နှစ်ယောက်သား အတူစားကြ၊ သောက်ကြရန်သာ သွားရောက်ပြင်ဆင်ပေးလိုက်သည်။
နောက်ပိုင်းကျတော့ ကိုစစ်နိုင်က အိမ်ကို ချောင်းပေါက်မတတ်လာသည်။ ကိုကြီးနှင့်အတူ ပုလင်းတူဘူးစို့ သောက်ကြ၊ စားကြသည်။ သူမတို့ တတွေ စိတ်ပျက်မိပေမယ့် ကိုကြီးမျက်နှာကြောင့် မကန့်ကွက်ဖြစ်ကြ။ သတိနှင့် ဆင်ဆင်ခြင်ခြင်နေရန်သာ သူမညီမလေးများကို သတိပေးရသည်။ သို့ပေမယ့် သူမ သတိပေးရန် တယောက်တော့ ကျန်ခဲ့ပါသည်။ ဒီလောက်အထိ ယုတ်မာမယ် မထင်ထားမိခဲ့တာကြောင့်လဲ ဖြစ်သည်။ အသက် ငါးဆယ်ကျော်ပေမယ့် အလှသွေးတွေ ဝေဖြာနေဆဲဖြစ်သော စီးပွားရေး လုပ်ငန်းရှင် မုဆိုးမ မေမေ့ကို အပိုင်ကြံသွားလိမ့်မယ်လို့တော့ သူမတို့ တွေးပင် မတွေးမိခဲ့ကြပါ။ များပြားလှသော မေမေ့အလုပ်တွေကို ကူလုပ်ပေးရင်း လူအများအကြားတွင် တွဲပြီး နာမည်ထွက်အောင် ကြိုးပမ်းတာတွေ၊ ပွဲလမ်းသဘင်တွေမှာ မေမေ့နောက်က တကောက်ကောက် လိုက်တာတွေ လုပ်ပြီး ဓာတ်ပုံတွေ အတူယှဉ်တွဲထွက်လာအောင် ပိုက်ဆံပေး စီမံတာတွေ လုပ်လာတော့မှ သူမတို့ သတိထားမိပေမယ့် အသိုင်းအ၀ိုင်းကြားမှာ နာမည်က ထွက်နေခဲ့ပြီဖြစ်သည်။ မတတ်သာသည့်အဆုံး တရှက်က နှစ်ရှက် မဖြစ်အောင် မေမေက လက်ထပ်လိုက်သည်။
သို့ပေမယ့် စိတ်ဆင်းရဲမှုတွေကြောင့် မေမေ အသက်မရှည်ခဲ့ပါ။ မေမေဆုံးတော့ ကိုစစ်နိုင်လက်ထဲတွင် စီးပွားရေး လုပ်ငန်းအားလုံး ရောက်နေခဲ့ပြီ။ အိမ်နှင့် ပတ်သက်လို့သာ ဘယ်သူကမှ ရောင်းဖို့ သဘောမတူကြတာကြောင့် အမွေဆိုင်အိမ်ကြီးအဖြစ် နှစ်ပေါင်းများစွာ သူများလက်ထဲ မရောက်ပဲ ကျန်နေခဲ့တာ ဖြစ်သည်။ အိမ်ထဲမှာ အတုနေကြပေမယ့် အိမ်ရဲ့ စီးပွားရေးကို ကိုစစ်နိုင်ကသာ ချုပ်ကိုင်ထားတာကြောင့် သူမတို့ အိမ်ရှင်များမှာ တစတစနှင့် အရိုးအရင်းကိုက်ရသော ကျွန်ဘ၀သို့ ကျရောက်လာကြသည်။ မနေနိုင်သော ကိုငယ်က ကျောင်းထွက်ပြီး သင်္ဘောတက်သွားသည်။ အိမ်ကို ငွေပြန်ပို့ပြီး မလေးနဲ့ ညီထွေးလေးတို့ရဲ့ ကျောင်းစရိတ်ကို ထောက်ပံ့ရသည်ဆိုပေမယ့် ပေးတာယူ၊ ကျွေးတာစားနေရသော ဘ၀မှာ လူငယ်တွေရဲ့ အနာဂတ်ကား မျှော်လင့်ချက် မဲ့နေဆဲ။ သိပ်ထက်မြက်တဲ့ မိခင်တွေရဲ့ ခြေရာကို သားသမီးတွေ မှီအောင် လိုက်နိုင်စွမ်း မရှိဖူးဆိုတာ မှန်နေသလား မသိ။ မေမေရှိတုန်းက မေမေ့ကိုသာ အရာရာမှီခိုနေကြသည်မို့ မေမေမရှိချိန်တွေ သူမတို့အားလုံး မလုပ်တတ်၊ မကိုင်တတ်နှင့် ကိုစစ်နိုင် ကြီးစိုးခြယ်လှယ်သမျှသာ ခံကြရသည်။ ကိုစစ်နိုင် လက်သပ်မွေးထားသော လူဆိုးလူမိုက်များ၏ ခြိမ်းချောက်အနိုင်ကျင့်မှုတွေကိုလဲ ခံကြရသေးသည်။
မေမေတို့ လက်ထပ်ပြီးစဉ်တုန်းက သူမတို့တတွေ စုပြီး ကိုစစ်နိုင်ကို အလိုမရှိ လုပ်ခဲ့ကြသည်။ မေမေဆုံးပြီးတော့လဲ ကိုစစ်နိုင် အိမ်ပေါ်က ဆင်းရအောင် ကြိုးပမ်းခဲ့ကြသေးသည်။ အပြင်းအထန် ထိပ်တိုက်တွေ့နေချိန်တွင် ကိုကြီးက စင်ပေါ်ရောက်လာသည်။ သူရအောင် ဆွေးနွေးဖြန်ဖြေပေးမည်လို့ ဆိုခဲ့သည်။ ဒါကြောင့် သူမတို့ အားလုံး တညီတညာတည်း ကိုကြီးကို ခေါင်းဆောင်ရွေးခဲ့ကြသည်။ သို့ပေမယ့် ကိုစစ်နိုင်က သူ့လက်ထဲ အကုန်ရောက်နေသည့် ကြီးစိုးခြယ်လှယ်ခွင့်ကို လွယ်လွယ်နှင့် မစွန့်။ တမေဂျာတည်း အတူကျောင်းတက်ခဲ့သည့် ကိုကြီးရဲ့ ခေါင်းဆောင်မှု အရည်အချင်း ဆိုတာကိုလဲ သူက အတွင်းသိ၊ အစင်းသိ။
ပုလင်းတူ၊ ဗူးစို့ ဖြစ်ခဲ့သူ အချင်းချင်းဆိုတော့ ဘယ်လို အချိန်ရောက်ရင် ဘယ်လိုအထာပေးရမည်ကို နားလည်ပြီးသား။ “ဆွေးနွေးကြတာပေါ့ကွာ။ မင်းညီတွေ၊ ညီမတွေ မကျွံလာအောင်သာ မင်းထိန်းပေး” ဆိုပြီး ငါးရံ့ဆီနှင့် ငါးရံ့ပြန်ကြော်ထားခဲ့သည်။ အခြေအနေတွေကို တွေ့နေပေမယ့် ကိုကြီးကို ခေါင်းဆောင်အဖြစ် ရွေးထားခဲ့သည်မို့ သူမတို့တွေ မပြောရက်၊ မဆိုရက်၊ မဝေဖန်ရက်ကြ။ သူမတို့ အချင်းချင်းကွဲနေရင် ကိုစစ်နိုင်က နွားကွဲတုန်း၊ ကျားဆွဲ လုပ်လာမှာ စိုးလို့ ငြိမ်ကုပ်နေခဲ့ကြသည်။ သို့ပေမယ့် အခုတော့ ပြောရတော့မည်။ မပြောလို့ မဖြစ်တော့။ နွားက ကွဲတာ မဟုတ်ပဲ ခေါင်းဆောင်နွားလားက ကျားရဲတွင်းထဲကို ခုန်ဆင်းဖို့ပင် ခိုင်းနေပြီဖြစ်သည်။ သူမို့ လုပ်ရက်လေခြင်း၊ သူမို့ ပြောရက်လေခြင်း။ အတွေးများနှင့်အတူ သူမ မျက်ရည်ဝဲလာသည်။ မဖြစ်တော့။ ကိုကြီးကို သူမ စကားသွားပြောမှ ဖြစ်တော့မည်။ တားမှ ဖြစ်တော့မည်။
(၃)
“ငါတို့သူ့ကို ဆန့်ကျင်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟာ။ ထိရောက်မှုမှ မရှိတာပဲ။ ပကတိအခြေအနေမှန်ကို နားလည်လက်ခံရမယ်လေဟာ”
ကိုကြီးက စိတ်ဓာတ်ကျနေသော အသံဖြင့် တိုးတိုးလေး ပြောသည်။ မာရသွန်ခရီးကို မီတာ (၁၀၀) အတွေးနဲ့ ကိုကြီး ၀င် ပြေးခဲ့တာ ဖြစ်မယ်လို့ သူမ တွေးလိုက်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူပြောတာကို အရင်နားထောင်ဖို့ ဆုံးဖြတ်လိုက်မိသည်။ ရှေ့ဆင့်နောက်ဆင့် မောင်နှမမို့ သူမတို့ နှစ်ယောက်က အနီးစပ်ဆုံး ရင်းနှီးခဲ့ကြပါသည်။
“ငါတို့နဲ့ သူနဲ့ တသက်လုံး ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ကြတယ်။ ခုဆို သူ့ဘက်က လျှော့လာပြီဟာ။ ဒီအိမ်ကြီးကို စီမံခန့်ခွဲဖို့ အဖွဲ့ဖွဲ့မယ်တဲ့။ သူ့လူတွေ လဲပါမယ်။ ငါတို့ထဲကလဲ ပါမယ်။ အတူတူ စီမံအုပ်ချုပ်ဖို့။ ဘယ်လောက်ကောင်းတဲ့ အစီအစဉ်လဲဟာ။ ငါလဲ အသက်ကြီးပြီ။ သူ့ကို ဆန့်ကျင်နေရတာလဲ နှစ်များစွာ ကြာခဲ့ပြီ။ ဘာမှ မရတာထက်စာရင် ငါ့မိသားစုရဲ့ ဆက်လက်ရှင်သန် ရပ်တည်ခွင့်အတွက် ရသလောက်လေး ၀င်ယူမှ ရတော့မယ်”
“ရှင်သန်ခွင့်။ ဟုတ်လား ကိုကြီး။ ကိုကြီး မိသားစုရဲ့ ဆက်လက်ရှင်သန်ခွင့်အတွက် သူစီမံတာကို လက်ခံဖို့”
“ဟုတ်တယ်လေဟာ။ အရင်တုန်းကဆို သူပဲ အားလုံးကို ချုပ်ကိုင်ထားတာ။ ခုဆို လမ်းဖွင့်လာတာပဲ။ ငါ့မိသားစုကို သူအသိအမှတ်ပြုဖို့အတွက် ငါကြိုးစားရမယ်။ ရှင်သန်ခွင့် ဆိုတာ လူတွေအတွက်၊ မိသားစုတွေအတွက်၊ နောက်ဆုံးဟာ တိုင်းပြည်တပြည်အတွက် အရေးကြီးဆုံး အရာပဲ”
ဒီလောက်ဆို ကိုကြီးရဲ့ အတွင်းစိတ်ကို တွက်ချက်လို့ ရပြီဆိုတာ သူမ သဘောပေါက်လိုက်သည်။ သူမတို့ မှားခဲ့ကြပါပြီ။ အိမ်ကြီးထဲမှာ နေထိုင်တဲ့ မိသားစုသားချင်းတွေ အများကြီး ထဲကနေ သူ့မိသားစုလေး တခုတည်းကိုသာ ကွက်ပြီး စဉ်းစားတတ်သူကိုမှ တအိမ်လုံးရဲ့ အရေးအတွက် ခေါင်းဆောင်ရွေးမိ ခဲ့ကြပါပကောလား။ယူကျုံးမရ စိတ်တွေဖြင့် သူမ စကားစလိုက်မိသည်။
“ပြဿနာတွေကို ငါပြန်တွေးမိတယ်ဟာ။ ကိုစစ်နိုင် အိမ်ပေါ် ရောက်လာပြီးတော့ ပထမဆုံး ညီထွေးလေးနဲ့ ပြဿနာ စတက်တယ်နော်။ ပြဿနာစဖြစ်ပြီး ထိပ်တိုက်ဖြစ်နေတုန်းမှာ နင်က ပါလာခဲ့တယ်။ အဲဒီမှာ နင်က ပြဿနာတွေကို နင်ဦးဆောင်ဖြေရှင်းပေးမယ်ဆိုလို့ နင့်ကို ငါတို့အားလုံးက ခေါင်းဆောင်ရွေးခဲ့ကြတယ်။ ငါတို့ နင့်ကို ရွေးခဲ့ကြတာက နင့်မိသားစုရဲ့ ခေါင်းဆောင် အနေနဲ့မဟုတ်ဘူး။ တအိမ်လုံးရဲ့ အနာဂတ်ကို ဦးဆောင်ပဲ့ကိုင်နိုင်မယ့် အိမ်ခေါင်းဆောင် အနေနဲ့ ရွေးခဲ့ကြတာ။ ငါတို့ နင့်ကို အရာရာ ပုံအပ်ခဲ့ကြတယ်။ ငါတို့အိမ်ပေါ်မှာ ကိုစစ်နိုင်ရဲ့ အုပ်စိုးခြယ်လှယ်မှု အာဏာပပျောက်ရေးအတွက် လုပ်ဖို့ တပ်ဦးမှာ ထားခဲ့ကြတယ်။ တအိမ်လုံးကို ကိုယ်စားပြုပြီး ကိုစစ်နိုင်ရဲ့ မတရားမှုတွေကို ဆန့်ကျင်ဖို့ပဲ။ ဒါပေမယ့် နင်က ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတယ်။ နင်ပြောရင် ကိုစစ်နိုင်က လက်ခံမယ်လို့ ထင်တယ်။ ဆန့်ကျင်ရေး လမ်းကြောင်းကို သွေဖည်ပြီး၊ တောင်းဆိုရေး လမ်းစဉ်ကို လိုက်တယ်။ ကိုစစ်နိုင်ကလဲ နင့်သူငယ်ချင်း အရင်းကြီးဆိုတော့ နင့်အကြောင်းကို ကောင်းကောင်း သိတယ်ထင်ပါရဲ့။ မျှော်လင့်ချက်လေးတွေ ပေးပြီး နင့်ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်။ နင်ကလဲ ဒါကို မသိဘူး။ အမေတယောက်လုံး ပေးလိုက်ရတာတောင် မမှတ်သေးဘူး။ ယုံတုန်းပဲ။ နောက်ဆုံး နင့်ကို ငါတို့အားလုံးက ရွေးပြီး၊ ယောက်ျားချင်း စိန်ခေါ် အနိုင်ယူဖို့ ၀န်းရံပေးခဲ့တာတောင် နင်က ညောင်နာနာလုပ်နေလို့ နင့်မိန်းမနဲ့ အငယ်ကောင်လေး အိမ်ပေါ်က ဆင်းသွားရတဲ့ အထိပဲ မဟုတ်လား။ နင့်မိန်းမက အဝေးမှာ ရောက်နေပေမယ့်လဲ ငါတို့ကို မေ့မသွားပါဘူးဟာ။ အိမ်ရဲ့ အရေးအတွက် ဆက်ပြီး လုပ်နေတုန်းပဲ။ ကိုစစ်နိုင်ကို ဘယ်လို ဆန့်ကျင်ပြီး သူ့ကျွန်ဘ၀ကနေ ငါတို့ တအိမ်လုံးလွတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ခုအချိန်အထိ ကြံဆပေးနေတုန်းပဲ။ နင်က နင့်မိသားစု အရေးပဲ ကြည့်မယ်လို့ ပြောတယ်။ နင့်အပေါ် ယုံကြည်ခဲ့ကြတဲ့ ငါတို့တွေကို ထည့်မတွက်ရင်နေပါ။ အဝေးမှာ ရောက်နေတဲ့ နင့်မိန်းမနဲ့ နင့်သားအငယ်လေးကကော နင့်မိသားစု မဟုတ်ဘူးလား။ ပြီးတော့ နင့်သမီး။ နင့်သမီးဟာ ငါတို့ တအိမ်လုံးရဲ့ လက်ပေါ်မှာ ကြီးလာခဲ့တာ။ နင်ကသာ နင့်မိသားစုဆိုပြီး ခွဲခြားဆက်ဆံနေပေမယ့် နင့်သမီး၊ နင့်မျိုးဆက်ကို ငါတို့က ဆွေမျိုးသားချင်း၊ ဒီအိမ်ကြီးတခုလုံးရဲ့ မျိုးဆက်လို့ သဘောထားခဲ့ကြတာ။ သူ့စိတ်ထဲမှာကလဲ နင့်လို နင်တို့ မိသားစု ရှင်သန်ခွင့်၊ နင်တို့ မိသားစု အနာဂတ်ကိုပဲ ကြည့်ပြီး ကိုစစ်နိုင်ရဲ့ ကြိုးကိုင်အုပ်စီးမှုကို ခံချင်တဲ့ စိတ်မရှိဘူး။ အေး- ရှင်သန်ခွင့်ဆိုလို့လဲ ငါက ပြောရဦးမယ်။ နင်က နင့်သူငယ်ချင်းဟောင်း ပုလင်းတူဘူးစို့ လူယုတ်မာကို တော်တော်ယုံတယ် ဟုတ်လား။ သူပြောတာက ရှင်းရှင်းလေးနော်။ သူ့ရဲ့ စီမံခန့်ခွဲရေး အဖွဲ့ဆိုတာမှာ သူ့မွေးစားသားတွေဆိုပြီး အိမ်ထဲမှာ ဓားတကိုင်ကိုင်နဲ့ လမ်းပတ်လျှောက်နေတဲ့ စစ်သွေးရယ်၊ အရက်မူးပြီး ရမ်းကားနေတဲ့ ဖြိုးအောင်ရယ်၊ အားအာယားယား အကျီင်္ချွတ်ပြီး သူ့ဗလ ကြီးကြောင်း လိုက်ပြနေတဲ့ စွမ်းအားရယ်တွေက အဓိက ပါမှာ။ ပြီးတော့ အိမ်လုံခြုံရေး တာဝန်ခံက ကိုစစ်နိုင်ကိုယ်တိုင်ပဲ။ သူရေးထားတဲ့ အဖွဲ့အကြောင်း နင်သေချာကော ဖတ်ပြီးပြီလား။ အဲဒီ စီမံခန့်ခွဲရေး အဖွဲ့ကို အိမ်လုံခြုံရေးအရ အချိန်မရွေး ဖျက်သိမ်းလို့ ရပါတယ်ဆိုနေမှ။ သူကြိုးကိုင်တာမဟုတ်လို့ ဘာလဲ။ နင့်ကိုကော သူက ဘယ်လောက်ထိ အရေးပေးမယ် ထင်လို့လဲ။ ခြံထဲမှာ တံမြက်စည်းလှဲဖို့၊ ပန်းပင်ရေလောင်းဖို့ တာဝန်လောက် ရရင်တောင် ကံကောင်းတယ်မှတ်ပါ။ နင့်ကို သူက လူလိုသူလို သဘောထားပြီးများ သူ့အဖွဲ့ထဲ ပါဖို့ ခေါ်နေတယ် ထင်လို့လား။ နင်က အစ်ကို အကြီးဆုံးဆိုတော့ နင့်ကို ချိုးထားနိုင်ရင် ငါတို့ အားလုံး သူ့ကို ဆန့်ကျင်နေတာတွေ ရပ်သွားနိုင်ပြီဆိုပြီး ပါခိုင်းနေတာ ကိုကြီးရဲ့။ ငါတို့က နင့်ကို မတရားအနိုင်ကျင့်ခံနေရတဲ့ ငါတို့ တအိမ်လုံးက လူတွေရဲ့ ရှေ့မှာမားမားမတ်မတ် ရပ်တည်ပေးဖို့ ခေါင်းဆောင်ကြီး နေရာမှာ ထားခဲ့ကြတာပါဟာ။ တပ်ဦးမှာ ထားခဲ့ကြတာပါ။ ရှင်သန်ခွင့် ဆိုတာကို နင်က လူယုတ်မာ ကိုစစ်နိုင်ရဲ့ အသိအမှတ်ပြုမှုလို့ သဘောပေါက်ပေမယ့် ငါကတော့ ငါတို့ တအိမ်လုံးရဲ့ ခေါင်းဆောင်ကြီးအဖြစ် ရှင်သန်ခွင့် ဆိုတဲ့ တခြား အမျိုးအစားလဲ ရှိသေးတယ်လို့ ထင်တာပဲ။ နင်ကလူယုတ်မာရဲ့ စီမံချက်ကို လက်ခံမယ်လို့ စကားစရုံ ရှိသေးတယ်။ နင့်အပေါ် ၀န်းရံခဲ့သူတွေရဲ့ နင့်အပေါ် မြင်သွားတဲ့ အမြင်တွေ၊ နောက်ဆုံး နင့်မျိုးဆက် ကိုယ်တိုင်က နင့်ကို ပြန်ကြည့်နေတဲ့ မျက်လုံးတွေကို နင်မတွေ့ဘူးလား။ နင်လက်ခံလိုက်တာနဲ့ တအိမ်လုံးရဲ့ အရေးကို လုပ်နေတဲ့ တပ်ဦးနေရာကနေ နင်ဘာသာနင် ဖယ်ရှားလိုက်ပြီဆိုတာ သဘောပေါက်စမ်းပါဟာ ငါတို့ရဲ့ ခေါင်းဆောင်ကြီး လုပ်ခဲ့ဖူးသူက လူယုတ်မာရဲ့ ဖိနပ်ကြိုးကို ချည်ပေးနေရတာကိုတော့ ငါ မမြင်ပါရစေနဲ့။ ငါရင်နာလွန်းလို့ပါ။ အတိုချုပ်ဆိုရရင် နင်ပြောနေတဲ့ ရှင်သန်ခွင့်ဆိုတာမှာ နှစ်မျိုးရှိတယ်ဟာ။ လူယုတ်မာက နင့်ကို အသိအမှတ်ပြုပြီး သူ့ရဲ့ ကျွန်နေရာမှာ ထားတာကို ခံယူဖို့အတွက် ရှင်သန်ခွင့်နဲ့ တအိမ်လုံးက နင့်ကို တပ်ဦးမှာ ထားပြီး လူယုတ်မာကို ဆန့်ကျင်ဖယ်ရှားတာတွေမှာ ခေါင်းဆောင်အဖြစ် ရှင်သန်ခွင့်။ ဒီနှစ်ခုမှာ နင်တခုခုတော့ ရွေးရလိမ့်မယ်။ ငါကတော့ နင့်ကို ဒုတိယရှင်သန်ခွင့်ကို ရွေးစေချင်တယ်။ အေး- အဲလိုဆိုလို့။ ငါတို့တွေအားလုံးထဲမှာ နင်က မရှိမဖြစ် အရေးပါနေလွန်းလို့တော့ မထင်နဲ့။ နင်မရှိပဲနဲ့လဲ ညီထွေးလေး ဦးဆောင်ပြီး သူ့ကို ငါတို့ ဆန့်ကျင်ခဲ့ဖူးပါတယ်ဟာ။ နင်က နောက်မှ ပေါ်လာခဲ့တာပါ။ ဒါပေမယ့် နင့်ကို ငါတို့အားလုံးက ခေါင်းဆောင်တင်ခဲ့ပါတယ်။ အမြင့်ကို ပို့ခဲ့ပါတယ်။ မြင့်တယ်ထင်ပြီး ခုန်ချရင်တော့လဲ နင့်သမိုင်းပေါ့။ ငါဘယ်တတ်နိုင်မလဲ။ နင်က ငါ့ထက် အသက်ကြီးပါတယ်။ ငါ့ထက်လဲ ပိုပြီး စဉ်းစားဥာဏ် ရှိလိမ့်မယ်လို့ ငါယုံပါတယ်။ နင်သေချာ စဉ်းစားနော်ကိုကြီး။ ဘ၀မှာ ပြင်လို့ ရတဲ့ အမှားရှိသလို ပြင်လို့ မရတဲ့အမှားလဲ ရှိတယ်။ နောက်ပြန်ဆုတ်လို့ ရတဲ့ လမ်းဆိုတာ ရှိသလို ရှေ့တလှမ်းတိုးမိတာနဲ့ ထောင်ချောက်ထဲ ကျသွားတတ်တာတွေလဲ ရှိတယ်။ ငါပြောသင့်လို ပြောပြီးပြီဟာ။ နင့်ဘာသာပဲ ဆုံးဖြတ်တော့”
ငြင်းခုန်ဖို့ သွားခြင်း မဟုတ်သည့်အတွက် သူမ ထထွက်လာခဲ့သည်။ ကိုစစ်နိုင်ရဲ့ ဖိနပ်ကို ကြိုးချည်ပေးနေရသော ကိုကြီးရဲ့ ဘ၀ကို မတွေ့ရပါစေနဲ့ လို့တော့ စိတ်ထဲမှာ ဆန္ဒတွေ အပြည့်နှင့်။
ခင်မမမျိုး (၂၂၊ ၃၊ ၂၀၁၀)
အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ကြစို့ (စာအုပ်)
Saturday, March 20, 2010
ပန်းတိုင်
Sunday, March 14, 2010
ပန်းတိုင်
ချစ်တဲ့သူငယ်လေ-
သူငယ်ချင်းကောင်း ယောက်မတို့လေ----။
တိုက်ရပါလို၊ တိုက်ရလျှင်လဲ
အနိုင်မခံ၊ အရှုံးမပေး
ဒူးကိုမထောက်၊ လက်မမြှောက်သည့်
အဆုံးသတ်အောင်ပွဲမှသာတဲ့။
ရရပါလို၊ ရရလျှင်လဲ
ခိုင်မာရှင်သန်၊ စစ်မှန်သည်ဟု
ပြည်သူအများ၊ လက်ခံထားသည့်
ဒီမိုစနစ်မှသာတဲ့။
ညီရပါလို၊ ညီရလျှင်လဲ
တန်းတူညီမျှ၊ သွေးစည်းကြ၍
ပြည်ရွာအကျိုး၊ ထမ်းသယ်ပိုးသည့်
အမျိုးသားညီညွတ်ရေးမှသာတဲ့။
ရွှေပြည်တော် မျှော်မဝေးပြီမို့
တွဲလက်တွေ ခိုင်ခိုင်မြဲ
အားခဲစို့လေး။
ခင်မမမျိုး (၁၄။၃။၂၀၁၀)
ဥရုဂွေး အမျိုးသမီးလှုပ်ရှားမှု (ရေဒီယို အသံလွှင့်ဆောင်းပါး)
Saturday, March 13, 2010
ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်။
အခုတပတ်အမျိုးသမီး အခွင့်အလမ်းအစီအစဉ်မှာ ဥရုဂွေး အမျိုးသမီး လှုပ်ရှားမှုအကြောင်းကို စီစဉ်တင်ဆက်မှာ ဖြစ်ပါတယ်။ ဥရုဂွေးနိုင်ငံဟာ တောင်အမေရိကဒေသမှာ တည်ရှိတဲ့ နိုင်ငံငယ်လေး တခုဖြစ်ပါတယ်။ ဥရုဂွေးနိုင်ငံအဖြစ် မပေါ်ပေါက်ခင်တုန်းက ပေါ်တူဂီနဲ့ စပိန်ကိုလိုနီ နယ်မြေဒေသတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကိုလိုနီဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့ပြီး၊ (၁၈၂၈) ခုနှစ်မှာ လွတ်လပ်ရေးရရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလတွေမှာ ပြည်တွင်းစစ်တွေ၊ စစ်အာဏာသိမ်းမှုတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးမှုတွေစတဲ့ ပြဿနာအခက်အခဲတွေ နှစ်ပေါင်းရာနဲ့ချီ ဖြစ်ပွားနေခဲ့ပြီး၊ (၁၉၉၀) နောက်ပိုင်းကာလတွေမှာကျမှ နိုင်ငံရေး တည်ငြိမ်မှု စရှိလာခဲ့တဲ့ နိုင်ငံငယ်လေးတခု ဖြစ်ပါတယ်။ ဥရုဂွေး အမျိုးသမီး လှုပ်ရှားမှုတွေဟာလဲ ဒီလိုပြည်တွင်းစစ်ကာလတွေ၊ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး မတည်ငြိမ်မှုဖြစ်နေတဲ့ ကာလတွေထဲမှာပဲ ပေါ်ပေါက်လာခဲ့ပါတယ်။
ဥရုဂွေး အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုတွေဟာ ၂၀ ရာစု အစောပိုင်း ကာလတွေမှာ စတင် ပေါ်ထွက်လာခဲ့ပါတယ်။ (၁၉၀၉) ခုနှစ် နှောင်းပိုင်းမှာ Paulina Luisi ဆိုတဲ့ အမျိုးသမီးဟာ ကမ္ဘာတ၀ှမ်းက နိုင်ငံတကာ အမျိုးသမီး ကွန်ဖရင့်တွေကို တက်ရောက်ရင်းနဲ့ ဥရောပလေ့လာရေး ခရီးစဉ်တွေ အများအပြား ထွက်ခဲ့ပါတယ်။ ဒီကွန်ဖရင့်တွေနဲ့ ခရီးသွားအတွေ့အကြုံတွေကနေ တဆင့် ကမ္ဘာတ၀ှမ်းမှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေ စတင်နေတာတွေကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ သူမဟာ ဥရုဂွေးအမျိုးသမီးကောင်စီ၊ စာတိုက်ဝန်ထမ်း အမျိုးသမီးသမဂ္ဂ၊ အမျိုးသမီး စက်ချုပ်အလုပ်သမား သမဂ္ဂ၊ အမျိုးသမီး အခွင့်အလမ်း ကွန်ယက် စတဲ့ အဖွဲ့အစည်းတွေကို ဦးဆောင်တည်ထောင်ခဲ့ပါတယ်။ စာပေလှုပ်ရှားမှု အသွင်နဲ့ စာဖတ်ဝိုင်းတွေ၊ ကဗျာလေ့လာရေး အစုအဖွဲ့တွေ၊ စာစောင်ထုတ်ဝေရေးအစုအဖွဲ့တွေကို ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးအခွင့်အလမ်းနဲ့ ဆိုင်တဲ့ ဆောင်းပါးတွေ၊ ကဗျာတွေ၊ ရသစာပေတွေကို လူထုထဲ ရောက်အောင် ရေးသားဖြန့်ဝေခဲ့ပါတယ်။
နိုင်ငံရေးနဲ့ လူု့အခွင့်အရေး လှုပ်ရှားမှုတွေမှာ အဖွဲ့အစည်းတွေ၊ အသင်းအပင်းတွေ၊ သမဂ္ဂတွေ အများအပြား ရှိနေတာဟာ စည်းရုံးရေး ပြိုကွဲနေတာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းထဲမှာ မတူညီတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ လူတန်းစားကွဲပြားမှုတွေ ဆိုတာ ရှိနေစမြဲပါပဲ။ ဒါတွေအားလုံးကို လိုက်လံစုစည်းပြီး အဖွဲ့အစည်းတခုတည်းဖြစ်အောင် တည်ဆောက်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ သမင်မွေးရင်း၊ ကျားစားရင်း ဆိုသလိုပဲ တည်ဆောက်လိုက်၊ ပြိုကွဲလိုက် ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ ဒီလို ကွဲပြားခြားနားသူတွေကို သူ့အစုနဲ့သူ တူရာ စုစည်းပေးပြီး၊ လှုပ်ရှားမှု လမ်းကြောင်း တခုပေါ်ကို တင်ပေးနိုင်မှသာ အောင်မြင်တဲ့ လူထုလှုပ်ရှားမှုကြီးတွေကို အကောင်အထည်ဖော်ပေးနိုင်မှာဖြစ်ပါတယ်။ အစုအဖွဲ့လေးတွေ ဆိုတာက ပုလဲလုံးလေးတွေနဲ့ တူပါတယ်။ ဒီပုလဲလုံးလေးတွေကို လှုပ်ရှားမှုလမ်းကြောင်းဖြစ်တဲ့ ကြိုးလေးနဲ့ သီပေးလိုက်တဲ့အခါ ပုလဲသွယ်ကြီး ဖြစ်လာနိုင်ပါတယ်။ ဒီပုလဲသွယ် တော်လှန်ရေး လှုပ်ရှားမှုကြီးကို ဟန်ချက်ညီ ချိတ်ဆက် အကောင်အထည် ဖော်နိုင်လာတဲ့အခါ ဘယ်လို လှုပ်ရှားမှုမဆို အောင်မြင်မှာ အသေအချာပဲ ဖြစ်ပါတယ်။
ဥရုဂွေး အမျိုးသမီးခေါင်းဆောင် Paulina Luisi က ဒီလိုလှုပ်ရှားမှု သဘောတရားတွေကို နားလည် သဘောပေါက်ခဲ့ပါတယ်။ ဒါကြောင့် ပုလဲလုံးလေးတွေနဲ့ တူတဲ့ အစုအဖွဲ့လေးတွေကို အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ ဖွဲ့စည်းပေးခဲ့ပြီး၊ တိုက်ပွဲဝင် လမ်းကြောင်းဖြစ်တဲ့ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှုကြီးကို ချမှတ်ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို လူ့အဖွဲ့အစည်းနဲ့ သင့်လျော်တဲ့ လှုပ်ရှားမှု သဘောတရားတွေကြောင့် (၁၉၃၂) ခုနှစ်ရောက်တဲ့ အခါကျတော့ လှုပ်ရှားမှုကြီး အောင်မြင် သွားပါတယ်။ အမျိုးသမီးတွေဆိုတာ စဉ်းစားဆင်ခြင်ဥာဏ် မရှိသူတွေ ဖြစ်တဲ့အတွက် အမျိုးသားတွေက ထိန်းကျောင်းပေးရမယ်လို့ သတ်မှတ်ထားခဲ့တဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးတွေရဲ့ မဲပေးခွင့်တွေ စတင် ရရှိသွားပါတော့တယ်။
ဒီလိုနဲ့ (၁၉၅၀) နှောင်းပိုင်းကာလရောက်တော့ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ကမ္ဘာ့စီးပွားရေး ဈေးကွက်ထဲမှာ လယ်ယာထွက် ကုန်ပစ္စည်း ၀ယ်လိုအားက ကျဆင်းလာပါတယ်။ ဥရုဂွေးနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံ တနိုင်ငံဖြစ်တဲ့အတွက် ကမ္ဘာ့စီးပွားရေး အခြေအနေ ပြောင်းလဲမှု ဂယက်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရဟာ ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ ကိုက်ညီတဲ့ မူဝါဒတွေကို ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ပါဘူး။ အဲဒီအခါ ပြည်သူအများမှာ ဒုက္ခဆင်းရဲတွေ ပင်လယ်ဝေနေသလို ခံစားကြရပါတယ်။ တိုင်းပြည်တခုကို အုပ်ချုပ်နေတဲ့ အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက် မဆောင်ကျဉ်းပေးနိုင်တဲ့အခါ ပုန်ကန် လှုပ်ရှားမှုတွေ ပေါ်ပေါက်လာစမြဲပါပဲ။ ၁၉၆၀ အစောပိုင်းကာလတွေမှာ မြို့ပြတော်လှန်ရေး လှုပ်ရှားမှုတွေ နိုင်ငံတ၀ှမ်းမှာ ပေါ်ထွက်လာပါတယ်။ တော်လှန်ရေးနဲ့ ပြည်သူလူထုက တသားတည်း ဖြစ်လာပါတယ်။ ဒီအခြေအနေကို အုပ်ချုပ်တဲ့ အစိုးရက ကြောက်ရွံ့လာတဲ့အတွက် တော်လှန်ရေး လှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်လိုက်ပါတယ်။ ဒီအခါမှာ စစ်တပ်က တော်လှန်ရေး လှုပ်ရှားမှုတွေကိုတင် နှိမ်နင်းတာ မဟုတ်တော့ပဲ နိုင်ငံတော်အာဏာကိုပါ သိမ်းယူလိုက်ပါတော့တယ်။
အာဏာသိမ်းပြီး တက်လာတဲ့ စစ်အာဏာရှင်တွေဟာ တိုင်းသူပြည်သားတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ကြပါတယ်။ လူထုနဲ့ တော်လှန်ရေး အဆက်ပြတ်အောင် တော်လှန်ရေးသမားတွေကို ဖမ်းဆီး နှိပ်စက်ကြပါတယ်။ (၁၉၇၀) ကာလတွေမှာ ဥရုဂွေးနိုင်ငံဟာ နိုင်ငံရေးအကျဉ်းသမား အများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ခဲ့ရပါတယ်။ ဒါပေမယ့် အဖိနှိပ်ခံ ပြည်သူတွေရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေကတော့ အရှိန်မသေသွားခဲ့ပါဘူး။ (၁၉၈၀) ကာလတွေရောက်တော့ စစ်အာဏာ ရှင်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် ဥပေဒေ တရပ် ဖြစ်လာစေဖို့အတွက် ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းပါတော့တယ်။ ဒါကို ဥရုဂွေးပြည်သူလူထုက တခဲနက် ဆန့်ကျင်ခဲ့ကြပါတယ်။ (၁၉၈၄) ခုနှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထုတိုက်ပွဲတွေ စတင်လာပါတယ်။ ပြည်သူလူထု တရပ်လုံးက တက်ညီလက်ညီနဲ့ စစ်အာဏာရှင်စနစ်ကို ၀ိုင်းဝန်းဆန့်ကျင်လာတဲ့အခါ အာဏာရှင်စနစ်ကြီး ယိမ်းယိုင် ပြိုကွဲသွားစမြဲပါပဲ။ ဥရုဂွေး လူထုတိုက်ပွဲတွေမှာလဲ အာဏာရှင်တွေက အရှုံးပေးလိုက်ကြရပါတယ်။ တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်လာကြရပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲကို ကျင်းပပေးလိုက်ရပါတယ်။
ဥရုဂွေးအမျိုးသမီးတွေဟာ တိုင်းပြည်ကြီး တခုလုံး စစ်အာဏာရှင် စနစ်လက်အောက် ကျရောက်နေခဲ့ရတဲ့ ကာလတလျှောက်မှာ အမျိုးသားတွေနဲ့အတူ လက်တွဲပြီး မြေပေါ်မြေအောက် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပါတယ်။ အာဏာရှင်စနစ်ကိုဖြိုဖျက်ပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို စတင်ဆောင်ရွက်ချိန်ကာလတွေမှာလဲ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ အမျိုးသမီး တက်ကြွလှုပ်ရှားသူများဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းချိန်မှာ အရေးကြီးတဲ့ ကဏ္ဍတွေဖြစ်တဲ့ စီးပွားရေးမူဝါဒ ပြောင်းလဲရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျားမ တန်းတူညီမျှရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံတကာ ကုန်သွယ်ရေး၊ ပဋ္ဋိပက္ခ ဖြေရှင်းရေး၊ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေး စတဲ့ ကဏ္ဍတွေမှာ လိုအပ်တဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့အတွက် အရပ်ဘက် အစုအဖွဲ့ပေါင်းများကို ဖွဲ့စည်းခဲ့ကြပါတယ်။
အစဉ်အလာ ကျားမခွဲခြားသတ်မှတ်မှုတွေအရ သတ်မှတ်ထားတဲ့ ဥပဒေရေးရာ ခွဲခြားမှုတွေကို တိုက်ဖျက်ရေးအတွက်လဲ လူထုကိုယ်စား လျှောက်လဲချက်ပေးသောနည်းလမ်း၊ ကန့်ကွက်ဆန္ဒပြ နည်းလမ်း၊ အုပ်ချုပ်ရေးကဏ္ဍထဲ ၀င်ရောက်ပြီး ပြုပြင်ပြောင်းလဲရေး နည်းလမ်းနဲ့ နိုင်ငံတကာ ဖိအားပေးမှု နည်းလမ်းတွေကို အသုံးပြုပြီး ကြိုးပမ်းအကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဥရုဂွေးအမျိုးသမီး ပညာရှင်များစွာကလဲ တိုင်းပြည်ရဲ့ ကျားမ တန်းတူ ညီမျှမှု အခြေအနေတွေကို စဉ်ဆက်မပြတ် သုံးသပ်လေ့လာနေကြပြီး၊ အမျိုးသမီးတွေရဲ့ နိုင်ငံရေးအခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်း၊ လူမှုရေးအခွင့်အလမ်း၊ မိသားစုအခွင့်အလမ်းတွေကို တိုးမြှင့်ပေးနိုင်မယ့် နည်းလမ်းတွေကို ပံ့ပိုးပေးနေကြပါတယ်။
ဒီမိုကရက်တစ် မြန်မာ့အသံ ပရိသတ်များရှင်။
ဥရုဂွေးနိုင်ငံဟာ နှစ်ပေါင်း တရာကျော်လုံးလုံး ပြည်တွင်းစစ်တွေ၊ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံငယ်လေးတခုပါ။ ဒါပေမယ့်လဲ ဥရုဂွေးအမျိုးသမီးတွေဟာ ညာဘက်လက်သီးဆုပ်မှာ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး ကြွေးကြော်သံ၊ ဗက်ဘက်လက်သီးဆုပ်မှာ အမျိုးသမီး အခွင့်အလမ်း ရရှိရေးဆိုတဲ့ ကြွေးကြော်သံတွေကို ကိုင်စွဲရင်း တက်ညီလက်ညီ တိုက်ပွဲဆင်နွှဲခဲ့ကြပါတယ်။ လက်ရှိအခြေအနေမှာဆိုရင်လဲ အလွှာပေါင်းစုံက ဥရုဂွေးအမျိုးသမီးတွေဟာ ညာဘက်လက်သီးဆုပ်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ ဗယ်ဘက်လက်သီးဆုပ်မှာ ကျားမတန်းတူညီမျှမှုဆိုတဲ့ ကြွေးကြော်သံတွေကို ပြိုင်တူဆုပ်ကိုင်ရင်း နိုင်ငံတော်သစ်ကို တည်ဆောက်နေကြပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။
ခင်မမမျိုး (၂၀၁၀)
(ဒီမိုကရက်တစ် မြန်မာ့အသံတွင် ထုတ်လွှင့်ထားသော ရေဒီယို အသံလွှင့်ဆောင်းပါး ဖြစ်ပါသည်)
မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်
Friday, March 12, 2010
Initial transition Vs. Political Liberalization (အပိုင်း-၁)
နိဒါန်း
စစ်အုပ်စုက ရွေးကောက်ပွဲ ဥပဒေကို မကြာသေးခင်ကပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မတ်လ (၁၁) ရက်နေ့ မှာ ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းကြောင်းကိုလဲ ကြေညာသွားပါတယ်။ ရွေးကောက်ပွဲဥပဒေအရ တည်ဆဲပါတီတွေက ရက်ခြောက်ဆယ်အတွင်း ဆုံးဖြတ်ရမှာဖြစ်ပြီး၊ အသစ်ဖွဲ့တဲ့ ပါတီတွေကလဲ ကော်မရှင်က သတ်မှတ်ရက်မှာ မှတ်ပုံတင်ရပါမယ်။ ရွေးကောက်ပွဲကြီး တခုလုံးကို စစ်အုပ်စုက စိတ်တိုင်းကျ စီမံခွင့်ရအောင် ပြင်ဆင်ကြိုးပမ်းထားတာ သိသာထင်ရှားနေပေမယ့် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေအထဲမှာ အာဏာရှင်ရွေးကောက်ပွဲထောက်ခံပြီး စစ်အုပ်စုရဲ့ စစ်ကျွန်ပြု လမ်းပြမြေပုံ နောက်ကို လိုက်မှာလား၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို အကောင်အထည်ဖော်ပြီး ဒီမိုကရေစီလမ်းကြောင်းကို တက်လှမ်းမှာလား ဆိုတာအပေါ်မှာေ၀၀ါးနေဆဲ၊ ငြင်းခုန်နေကြဆဲ၊ မှတ်ချက်တွေ ပေးနေကြဆဲပဲ ရှိပါသေးတယ်။ အခြေအနေက တောင်းဆိုတာကတော့ ဆုံးဖြတ်ချက် တခုကို ပြတ်ပြတ်သားသား ချမှတ်ထားပြီး၊ တိုက်ပွဲလမ်းကြောင်းကို ရွေးချယ်တယ်ဆိုရင် လိုအပ်တဲ့ မြေပေါ်မြေအောက် ပြင်ဆင်မှုတွေကို အမှန်တကယ် ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် ကိုလိုနီလက်အောက်ခံ ဖြစ်ခဲ့ဖူးတဲ့ လက်တင်အမေရိကနဲ့ အာဖရိကနိုင်ငံအများစုမှာ နိုင်ငံရေး ပညာရှင်တွေ တွေ့ရှိသုံးသပ်ကြတဲ့ နိုင်ငံရေးလက္ခဏာ တခုကတော့ နိုင်ငံရေးေ၀၀ါးမှု ဖြစ်ပါတယ်။ အခြေအနေမှန်ကို အကဲမဖြတ်နိုင်ပဲ နိုင်ငံရေးေ၀၀ါးမှုတွေ များလာတဲ့အခါ အလုပ်ကို ဦးတည်ခြင်းမရှိတော့တဲ့ စကားတွေ၊ အဖွဲ့အချင်းချင်းနဲ့ လူပုဂ္ဂိုလ်အချင်းချင်းတွေအကြားက အပြု သဘောမရှိတဲ့ ဆွေးနွေးငြင်းခုန်မှုတွေ၊ လက်ညှိုးထိုးမှုတွေ၊ ရှေ့ကျွံနောက်တွန့်မှုတွေ ထွက်ပေါ် လာတတ်ပါတယ်။ ဓာတ်ဆီရှိနေတဲ့ ကားကို မမောင်းပဲ အင်အားပြလိုတဲ့ သဘောနဲ့ ၀ိုင်းတွန်းမှုတွေ၊ ဓာတ်ဆီမရှိတော့တဲ့ ကားကိုကျတော့ စက်နှိုးနေမှုတွေနဲ့ အခြေအနေ၊ အချိန်အခါနဲ့ မညီ ဟန်ချက်တွေပျက်ပြီး အကွဲကွဲ၊ အပြဲပြဲ၊ အလဲလဲ၊ အပြိုပြိုဖြစ်တတ်တဲ့ သဘာဝတွေ ရှိလာတတ်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာလဲ စစ်အုပ်စုက ချမှတ်ထားတဲ့ လမ်းပြမြေပုံ ထွက်ပေါ်လာပြီး နောက်ပိုင်း ကာလကတည်းက နိုင်ငံရေးေ၀၀ါးမှု သဏ္ဍာန်တွေက အမျိုးမျိုး၊ space ဆိုတာနဲ့ ပတ်သက်တဲ့ ငြင်းခုန်ပြောဆိုမှုတွေက အဖုံဖုံနဲ့ ပြည်တွင်းပြည်ပမှာ အသံတွေကပဲ ကျယ်လောင်ကြီးစိုးနေ ပါတော့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့ လိုအပ်တယ်လို့ အဆိုတင်သွင်းမှုတွေ၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ကန့်ကွက်ဆန့်ကျင်ဖို့ လိုအပ်တယ်လို့ အဆိုတင်သွင်းမှုတွေလဲ အသွင် သဏ္ဍာန်မျိုးစုံနဲ့ ပေါ်ထွက်လာပါတယ်။ ဒီမိုကရေစီအတုလား၊ အစစ်လား ခွဲခြားသတ်မှတ်မှုတွေ ပေါ်ထွက်လာပါတယ်။ ကန့်ကွက်ရမှာလား၊ ထောက်ခံရမှာလား ဝေခွဲမရပဲ မသိကျိုးကျွံပြုပြီး နေသင့်တယ်ဆိုတဲ့ အဆိုပြုချက်လေးတွေကလဲ ထွက်လာပါတယ်။
Political deadlock ဖြစ်နေတဲ့ အခြေအနေကို စစ်အုပ်စုရဲ့ လမ်းပြမြေပုံနည်းလမ်းနဲ့သာ ဖောက်ထွက်နိုင်မယ်လို့ ယူဆသူတွေကလဲ ယူဆပါတယ်။ Elite democratization process ကို အကောင်အထည်ဖော်မှာလား၊ Social Movements တွေကို အသုံးပြုပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပြုလုပ်မှာလားဆိုတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်မှုတွေ ကလဲ အများအပြား ဖြစ်နေပါတယ်။ ဒါတွေအားလုံးကို ခြုံကြည့်မယ်ဆိုရင် ကနဦး ဒီမိုကရေစီ အသွင်ကူးမှု (Initial transition) နဲ့ political liberalization လမ်းကြောင်းနှစ်ခုကို ကိုင်စွဲထားသူတွေအကြား ငြင်းခုန်ဆွေးနွေးနေမှုတွေနဲ့ ဒီလမ်းကြောင်းနှစ်ခုကို မကွဲပြားသူတွေအကြား သဘောတရားရေးရာ ရှုပ်ထွေးမှုတွေလို့ လေ့လာတွေ့ရှိရပါတယ်။ ဒီလမ်းကြောင်းနှစ်ခုကို မဟာဗျူဟာ ရှုထောင့်မှ ရေးသား တင်ပြလိုပါတယ်။
မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ်ချက်
Strategy framework တခုအနေနဲ့ Ends (အဆုံးသတ်ပန်းတိုင်), Ways (နည်းလမ်း၊ လမ်းကြောင်း), Means (Resources) တွေကို အသုံးပြုဆန်းစစ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာရေး (democratic consolidation) ဟာ အဆုံးသတ်ပန်းတိုင်ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို ရောက်ဖို့အတွက် Initial Transition လမ်းကြောင်းပေါ်က လမ်းစဉ်တွေဖြစ်တဲ့ လက်နက်ကိုင် တ်ာလှန်ရေး၊ လူထုတိုက်ပွဲ၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု၊ တွေ့ဆုံဆွေးနွေးမှု စတာတွေကို ရွေးချယ် အသုံးပြုပြီး ဆက်လျှောက်လှမ်း မှာလား။ ဒါမှ မဟုတ် အာဏာရှင်တွေဘက်က စတင်တဲ့ Political liberalization လမ်းကြောင်းပေါ်က လမ်းစဉ်တွေဖြစ်တဲ့ ဖိနှိပ်မှု အားလျော့စေခြင်း (easing of repression)၊ အရပ်ဘက် လူ့အဖွဲ့အစည်း ပေါ်ထွက်ရေးနှင့် ရှင်သန်စေခြင်း (growth and vitality of civil society) နဲ့ အရပ်ဘက် လစ်ဘာတီများ ဖန်တီးတီထွင်ခြင်း (creation of civil liberties)၊ အာဏာရှင်များမှ ကျင်းပသော ရွေးကောက်ပွဲများတွင် ပါဝင်ခြင်း (participation in authoritarian elections) စတာတွေကို ဆုပ်ကိုင်ပြီး ဆက်လျှောက်လှမ်းမှာလားဆိုတာက Ways (လမ်းကြောင်း) နဲ့ သက်ဆိုင်ပါတယ်။ ဒီလမ်းကြောင်းနှစ်ခုလုံးမှာ Resources တွေ လိုအပ်ပါတယ်။
အပြုသဘော ဆွေးနွေးမှုတွေ၊ လေ့လာသုံးသပ်မှုတွေနဲ့ မိမိတို့ အဖွဲ့အစည်း ဆက်လျှောက်မယ့် လမ်းကြောင်း ရွေးချယ်မှုတွေမှာ ဒီ strategy framework က အသုံးဝင်နိုင်ပါတယ်။ ဒီမိုကရေစီဆိုတဲ့ သဘောတရားနဲ့ လွတ်လပ်ရေးဆိုတဲ့ သဘောတရား နှစ်ခု မတူညီဘူးဆိုတာကို သဘောပေါက် နားလည်ဖို့ အလွန် အရေးကြီးလှပါတယ်။ တိုင်းပြည်တပြည်ဟာ သူ့ကျွန်ဘ၀ကို ကျရောက်နေလို့ရှိရင် လွတ်လပ်ရေး ရရှိဖို့အတွက် ကြိုးပမ်းလှုပ်ရှားမှုတွေ ပြုလုပ်ရပါတယ်။ ဒီလိုနဲ့ လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်ရလာတဲ့ အခါကျတော့ လွတ်လပ်ရေးပေးဖို့ တောင်းဆိုမှု ပြုလုပ်ရပါတယ်။ ဘာလို့လဲ ဆိုတော့ လွတ်လပ်ရေးဆိုတာကို ကိုလိုနီအစိုးရက ပေးအပ်မှ၊ အသိအမှတ်ပြုမှ ရရှိနိုင်တာ ဖြစ်လို့ပါပဲ။
ဒီလိုပဲ တိုင်းပြည်တပြည်ဟာ အာဏာရှင်စနစ်ဆိုး လက်အောက်မှာ ကျရောက်နေလို့ရှိရင်ကျတော့ အာဏာရှင်လက်အောက်က လွတ်မြောက်ရေး ကြိုးပမ်းလှုပ်ရှားမှုတွေ ပြုလုပ်ရပါတယ်။ ဒီမိုကရေစီဟာ ပြီးပြည့်စုံသော စနစ်တခုမဟုတ်ပေမယ့် စနစ်တွေထဲမှာတော့ လက်ရှိအခြေအနေအထိ အကောင်းဆုံး စနစ်တခုဖြစ်နေတဲ့အတွက် အာဏာရှင်စနစ်အောက်က လွတ်မြောက်တဲ့အခါမှာ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်လိုကြပါတယ်။ ဒီအတွက် အာဏာရှင်လက်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်း လှုပ်ရှားမှုကြီးတွေ ဖြစ်လာပါတယ်။ ဒီလှုပ်ရှားမှုမှာကျတော့ “လုံးဝ လွတ်လပ်ရေး၊ ချက်ချင်းပေး” ဆိုတဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလ ကြွေးကြော်သံတွေလိုမျိုး “ဒီမိုကရေစီ၊ ချက်ချင်းပေး” လို့ သွားအော်လို့ မရတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်တဲ့အတွက် တည်ဆောက်ယူရတာ ဖြစ်နေလို့ပါပဲ။
အဆောက်အဦးဆောက်လုပ်တဲ့အခါမှာ မြေနေရာတခုပေါ်မှာ မြေတူးရပါတယ်။ ပြီးရင် အုတ်မြစ်ချရပါတယ်။ ပြီးတော့မှ အဆောက်အဦးတခုအနေနဲ့ ပေါ်ထွက်လာဖို့အတွက် တည်ဆောက်ဆဲ ကာလဆိုတာ ရှိပါတယ်။ အဆောက်အဦးအနေနဲ့ ခိုင်ခိုင်မာမာ ပေါ်ထွက်လာမှသာ ဒီအဆောက်အဦးဟာ ဆောက်လုပ် ပြီးစီးသွားတာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ် တည်ဆောက်ရာမှာလဲ ဒီအတိုင်းပါပဲ။ မြေတူးတယ်ဆိုတာကတော့ အာဏာရှစ်စနစ် ပြိုလဲမှု (authoritarian breakdown) ဖြစ်တာကို ဆိုလိုပါတယ်။ ဒီလိုပြိုလဲမှုမှာ ပြည်သူလူထုနဲ့ အတိုက်အခံတွေက ဖြိုလှဲတာနဲ့ အာဏာရှင်တွေဘက်က အာဏာရှင်ရွေးကောက်ပွဲတွေ ကျင်းပပြီး ဖြိုလှဲတာဖြစ်ပါတယ်။ မြေနေရာ ပေါ်မှာ အုတ်မြစ်ချမှုဆိုတာကကျတော့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ကို အသွင်ကူးပြောင်းမှု (democratic transition) ကို ဆိုလိုတာ ဖြစ်ပါတယ်။ ပြည်သူလူထုကနေ အာဏာရှင်စနစ်ကို ဖြိုဖျက်လိုက်နိုင်တဲ့ authoritarian breakdown အခြေအနေမှာဆိုရင် အာဏာရှင်စနစ်ကနေ ကနဦးဒီမိုကရေစီ အသွင်ကူးမှု (Initial transition from authoritarian rule) အနေနဲ့ အုတ်မြစ်ချနိုင်မှာဖြစ်ပြီး၊ အာဏာရှင်တွေဘက်ကနေ အာဏာရှင်ရွေးကောက်ပွဲတွေ ကျင်းပပြီး အသွင်ကူးပြောင်းမှု စတင်လာတဲ့အခါကျရင် နိုင်ငံရေးလစ်ဘရယ်လိုင်ဇေးရှင်း (Preliminary political liberalization) အနေနဲ့ အုတ်မြစ်ချမှု ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။
ဒီအုတ်မြစ်တွေ မခိုင်ရင် ဒီမိုကရေစီ အဆောက်အဦးက တည်ဆောက်ဆဲကာလမှာတင် ခဏခဏ ပြိုလဲကျတတ်ပါတယ်။ အုတ်မြစ်ချပြီး နောက်ပိုင်းမှာ democratic consolidation ဆိုတဲ့ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာနေတဲ့ အဆောက်အဦးကြီး ပေါ်ထွက်မလာခင်အထိ တည်ဆောက်ဆဲကာလတွေကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ် (Process of democratic transition) အဖြစ် ပညာရှင်တွေက ခေါ်ဝေါ်သုံးစွဲကြပါတယ်။ တချို့နိုင်ငံတွေမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ပေမယ့် တည်ဆောက် ဆဲ ကာလမှာတင် စစ်အာဏာသိမ်းခံရပြီး အာဏာရှင်နိုင်ငံ ပြန်ဖြစ်သွားတတ်ပါတယ်။ တချို့နိုင်ငံတွေ ကျတော့ Political liberalization အဆင့်မှာတင် ရပ်နေပြီး၊ အာဏာရှင်ဟောင်းနဲ့ အာဏာရှင်တွေရဲ့ ကြိုးကိုင် အစိုးရတွေသာ နိုင်ငံတော်အာဏာကို ရယူထိန်းချုပ်ထားကြတာကြောင့် democratic consolidation အဆင့်ကို မတက်တော့ပဲ ဖြစ်နေတတ်ပါတယ်။
တအူတုံဆင်း မောင်နှမရင်းတွေတောင် အစစအရာရာ မတူညီနိုင်တဲ့ လောကမှာ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသဏ္ဍာန် တွေ ထပ်တူကျလာမယ်လို့ ဘယ်သူမှ မဆိုနိုင်ပါဘူး။ လူတွေရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေးအခေါ်၊ ပညာရေး၊ လူမှုရေး၊ စာရိတ္တ ရေချိန်တွေဟာ အဲဒီလူတယောက်ရဲ့ ဘ၀အနာဂတ်ကို ဖန်တီး ပေးသွားတတ်သလိုပဲ နိုင်ငံတွေရဲ့ အနာဂတ်တွေကိုလဲ အဲဒီနိုင်ငံတွေရဲ့ လူဦးရေ၊ လူ့စွမ်းအားအရင်းအမြစ်၊ သဘာဝသယံဇာတ၊ နိုင်ငံဖွဲ့စည်းတည်ထောင်မှုပုံစံ၊ အစိုးရစနစ် စတာတွေက ဖန်တီးပေးကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ လူတွေရဲ့ အကောင်းအဆိုးတွေနဲ့ ပတ်သက်ပြီး သင်ခန်းစာယူစရာတွေကို ဘာသာရေးခေါင်းဆောင်တွေ၊ လူမှု စံချိန်စံညွန်းတွေနဲ့ မီးမောင်း ထိုးပြထားတတ်ကြပါတယ်။
ဒီလိုပါပဲ။ နိုင်ငံရေး မူဝါဒတွေ၊ စနစ်တွေရဲ့ အကောင်းအဆိုးတွေကိုလဲ နိုင်ငံရေးပညာရှင်တွေက လေ့လာပြီး ရေးသားဖော်ပြလေ့ရှိကြပါတယ်။ ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာဖို့အတွက် Initial transition လမ်းကြောင်းနဲ့ Political liberalization လမ်းကြောင်းတွေနဲ့ အကောင်အထည်ဖော်ကြရာမှာ အောင်မြင်စေနိုင်တဲ့ အကြောင်းတရားတွေနဲ့ အခက်အခဲတွေကိုလဲ နိုင်ငံရေးပညာရှင်တွေက လေ့လာဆန်းစစ်ထားကြပါတယ်။ လမ်းကြောင်းတခုကို ရွေးချယ်တဲ့အခါမှာ ကြုံတွေ့ရမယ့် ပြဿနာတွေကို ကြိုတင်သိရှိ၊ နှိုင်းယှဉ်လေ့လာပြီးမှ၊ ခရီးလမ်းဆုံးပန်းတိုင်ကို ရောက်နိုင်မယ့် အခြေအနေနဲ့ အလားအလာကို တွက်ချက်ပြီးမှ ရွေးချယ်တာက ပိုပြီး သင့်လျော်ကောင်းမွန်ပါတယ်။
ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်မှု (Democratic consolidation) ဆိုင်ရာ ပြဿနာများ
ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်မှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေက အဓိပ္ပာယ်များစွာ ဖွင့်ဆိုခဲ့ကြပါတယ်။ Guillermo O’ Donnell က ပြိုင်ဘက်တွေအကြားမှာ နိုင်ငံရေးပါဝါ အလှည့်အပြောင်း ရှိလာတဲ့ အခြေအနေ၊ စီးပွားရေးအခက်အခဲ ရှိနေချိန်မှာတောင် အစိုးရအုပ်ချုပ်မှုကို လူထုက ထောက်ခံနေတဲ့ အခြေအနေ၊ ပုန်ကန်လှုပ်ရှားမှုတွေကို အပြီးသတ်နှိမ်နင်းနိုင်ပြီး နောက်ထပ်ပုန်ကန်မှုတွေ မထွက်ပေါ်လာနိုင်တော့တဲ့ အခြေအနေ၊ အုပ်ချုပ်တဲ့ အစိုးရကြားမှာ အသွင်သဏ္ဍာန်ပြောင်းလဲမှု လုပ်ချိန်မှာ အစိုးရအဖွဲ့အကြား ကွဲပြားမှုမရှိပဲ တည်ငြိမ်နိုင်တဲ့ အခြေအနေနဲ့ နိုင်ငံတော်က ကျင့်သုံးတဲ့ စနစ်ကို ဆန့်ကျင်တော်လှန်မှု မရှိတော့ပဲ မူဝါဒကွဲပြားမှုတွေကိုသာ ဆွေးနွေးညှိနှိုင်း၊ ဝေဖန်ထောက်ပြမှု ရှိလာတဲ့ အခြေအနေတွေမှာ ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်နိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။ Adam Przeworski ကတော့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကျော်လွန်ပြီး လုပ်ဆောင်ဖို့ ဘယ်သူကမှ စဉ်းစားတွေးခေါ်မှု မရှိတော့တဲ့ အခြေအနေ၊ ဒီမိုကရေစီ နည်းလမ်းတကျ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး၊ ရှုံးသူများကလဲ နောက်တကြိမ်ပြန်ကြိုးစားဖို့ကိုပဲ ကြိုးပမ်းလာကြတော့တဲ့ အချိန်မှာ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာနိုင်တယ်လို့ ဆိုထားပါတယ်။
တိုင်းနိုင်ငံတခုရဲ့ မြို့တွေမှာ ဒီမိုကရေစီဆိုတာ တခုတည်းသော နိုင်ငံရေးဂိမ်းတခု ဖြစ်လာပြီဆိုရင် အဲဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်လာပြီလို့ ဆိုနိုင်ကြောင်း Linz နဲ့ Stepan တို့ကလဲ ရေးသားဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးပြုမူဆောင်ရွက်ပုံရှုထောင့်က ကြည့်မယ်ဆိုရင် ဘယ်လိုနိုင်ငံရေး အစုအဖွဲ့ကမဆို ဒီမိုကရေစီ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းမှု မရှိတော့ပဲ ဒီမိုကရေစီ စနစ် တခုတည်းကိုသာ နိုင်ငံရေးယှဉ်ပြိုင်မှုအဖြစ် သတ်မှတ်လက်ခံလာကြတာမျိုးကို ဆိုလိုပါတယ်။ နိုင်ငံရေးတွေးခေါ်ယူဆပုံရှုထောင့်က ကြည့်မယ်ဆိုရင် နိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူအများစုအနေနဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေဟာ ဒီမိုကရေစီနည်းကျ သုံးသပ်တွက်ချက်မှုတွေကပဲ ပေါ်ထွက်လာမှာဖြစ်တယ်ဆိုတဲ့ တွေးခေါ်ယူဆချက်ကို ဘယ်လို နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ ကြုံတွေ့နေတဲ့ အချိန်မှာပဲဖြစ်ဖြစ် လက်ခံကျင့်သုံးမှု ဖြစ်ပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရှုထောင့်ကကြည့်မယ်ဆိုရင် နိုင်ငံရေးပဋ္ဋိပက္ခတွေကို သတ်မှတ်ထားပြီးသား တိုင်းပြည်ထူထောင်မှု ထုံးတမ်းစဉ်လာတွေနဲ့အညီ ဖြေရှင်းရမှာဖြစ်ပြီး၊ ဒီလိုသတ်မှတ်ချက်တွေကို ဖောက်ဖျက်ခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးမှ ရှိနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းတခုလုံးက လိုက်နာကျင့်သုံးမှု ဖြစ်ပါတယ်။ ဒီလို ဒီမိုကရေစီနည်းကျတဲ့ နိုင်ငံရေးပြုမူဆောင်ရွက်မှု၊ တွေးခေါ်ယူဆမှုနဲ့ ထုံးတမ်းစဉ်လာသတ်မှတ်ချက်တွေကို လိုက်နာမှုတွေ ပြည့်စုံလာတဲ့အခါမှာ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာမှု ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
မြန်မာပြည်သို့ အွန်လိုင်းမှ အလည်ခရီး (ပခုက္ကူ၊ မြစ်ကြီးနား)
Thursday, March 11, 2010
တခါတလေ၊ အမိမြေကို သတိရ လွမ်းဆွတ်တဲ့အခါ You Tube ကနေ အလည်သွားဖြစ်ပါတယ်။ ပခုက္ကူ နဲ့ မြစ်ကြီးနားကို အွန်လိုင်းကနေ ရောက်ဖြစ်သွားပါတယ်။
ပခုက္ကူ ကိုတော့ လမ်းတွေကို ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်လေးပဲ တွေ့ပါတယ်။ တမြို့လုံး မနှံ့ပါဘူး။
မြစ်ကြီးနားကတော့ တော်တော်နှံ့သွားတယ်။ ကချင်တော်လှန်ရေးတပ်သီချင်းတွေလဲ တွေ့ရတယ်။ မြို့အလှလေးတွေကို သီချင်းလေးနဲ့တွဲပြီး ရိုက်ထားတဲ့“ မြစ်ကြီးနားက ကြိုမယ်“ သီချင်းလေးကိုတော့ ကြိုက်တာနဲ့ ဘလော့ပေါ် ပြန်တင်ထားပါတယ်။ ပေါင်းစပ်မှုလေးရှိမှ ထူးခြားမှုဆိုတာ ဖြစ်တည်ပြိး အောင်မြင်မှု ရှိမယ်ဆိုတာ အမှန်ပဲ ထင်ပါရဲ့။ အသံနဲ့ လှုပ်ရှားမှု ပုံရိပ်ကို တွဲစပ်ထားတော့ အလွန်ပဲ ကောင်းပါတယ်။ ဖန်တီးစီစဉ်ပေးသူတွေကို ကျေးဇူးတင်စရာကောင်းပါတယ်။
ဒါပြီးရင်တော့ အလယ်ပိုင်းက မန္တလေး နဲ့ ပဲခူး၊ ရန်ကုန် ဘက် အလည် ဆက်သွားဖြစ်ဦးမယ်။ ကောင်းနိုးရာရာ သီချင်းလေးတွေကို ပြန်တင်ပေးပါမယ်။
ဟံသာဝတီနှင့် အင်တာဗျူး
ပြည်ထောင်စု အမျိုးသားကောင်စီ - မြန်မာနိုင်ငံ မှ မဟာဗျူ ဟာ နှင့် မူဝါဒရေးရာဌာန ညွန်ကြားရေးမှူး မခင်မမမျိုး နှင့် အင်တာဗျူး
ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ (National Council of Union of Myanmar - NCUM) မှ ထုတ်ပြန် ထားသော Manifesto နှင့် ပတ်သက်၍ မဟာဗျူဟာ နှင့် မူဝါဒရေးရာဌာန ညွန်ကြားရေးမှူး ဖြစ်သူ မခင်မမမျိုးထံ ဟံသာဝတီ မှ ဆက်သွယ်မေးမြန်းရာ မခင်မမမျိုးမှ ယခုလို ပြည့်ပြည့်စုံစုံ ပြန်လည် ဖြေကြား ခဲ့ပါတယ်။
မေး။ ။ ပြည်ထောင်စု အမျိုးသားကောင်စီ - မြန်မာနိုင်ငံ အကြောင်းကို ပြောပြပေးပါ။
မေး။ ။ ပြည်ထောင်စု အမျိုးသားကောင်စီ (မြန်မာနိုင်ငံ) အကြောင်းကို ပြောပြပေးပါ။
ဖြေ။ ။ ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)ဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ အောင်မြင်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်း မှုများ ပြုလုပ်ဖို့ လိုအပ်ချက်ကို သိမြင်ထားကြတဲ့ အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုထဲက လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းထားတဲ့ တပ်ပေါင်းစုကြီးတခုဖြစ်ပါတယ်။ ပြည်ထောင်စုအမျိုးသားကောင်စီ ( မြန်မာနိုင်ငံ) အနေနဲ့ တရားမျှတမှု၊ တန်းတူ ညီမျှမှုနဲ့ အမျိုးသား သင့်မြတ်ရေး၊ အမျိုးသားညီညွတ်ရေး အပေါ်မှာ အခြေခံထားတဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးကို သမိုင်းပေး တာဝန်တရပ်အနေနဲ့ အပြည့်အ၀ ယုံကြည်ပါတယ်။
မေး။ ။ ဒီသမိုင်းပေးတာဝန်ကို ဘယ်လို လုပ်ငန်းစဉ် အဆင့်ဆင့်တွေနဲ့ အကောင်အထည်ဖော်သွားနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ဒီသမိုင်းပေး တာဝန်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် အဆင့် ခုနစ်ဆင့် လိုအပ်တယ်လို့ တွေ့မြင်ထားပါတယ်။ ဒီလုပ်ငန်းစဉ် အဆင့်ခုနစ်ဆင့်ကတော့
(၁)စစ်အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်း လေးဆယ်ကျော် ကာလ တလျှောက် ဖိနှိပ် ချုပ်ချယ် ခံခဲ့ရသော မြန်မာ တမျိုးသားလုံး လွတ်မြောက်ရေး အတွက် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှား မှုကြီးကို အကောင် အထည်ဖော် ဆောင်ရန်
(၂)အချုပ် အခြာ အာဏာပိုင် ကြားဖြတ် အစိုးရ ကောင်စီအား ဖွဲ့စည်းရန်။ ယင်းသို့ ဖွဲ့စည်း ရာတွင် အလွှာမျိုးစုံ ၊ လူမျိုးပေါင်းစုံကို ကိုယ်စား ပြုသော အဖွဲ့ အစည်း များနှင့် ပူးပေါင်း ညှိနှိုင်း အကောင် အထည်ဖော် ဆောင်ရန်။ လိုအပ်ပါက ကမ္ဘာ့ကုလသမဂ္ဂ မှ အကြံဥာဏ် တောင်းခံ ဆောင်ရွက်ရန်။
(၃)အမျိုးသား ပြန်လည် သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေးပွဲကြီးအား ခေါ်ယူ ကျင်းပရန် နှင့် မြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်းကို ရေးဆွဲရန်
(၄)ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို တင်ပြ အတည် ပြုရန်
(၅)ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် အညီ ရွေးကောက်ပွဲ ကျင်းပရန်
(၆)ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် လူမှု တရားမျှတမှု အပေါ်တွင် အခြေခံသော လူ့ဘောင် သစ်ကို တည်ဆောက်ရန်
(၇)ဖြောင့်မတ် မှန်ကန်သော နည်းစနစ်များ နှင့် မူဝါဒများကို အသုံးပြု၍ အမျိုးသား ညီညွတ်ရေး ကို တည်ဆောက်ရန် တို့ပဲ ဖြစ်ပါတယ်။
မေး။ ။ ဒီလုပ်ငန်းစဉ် အဆင့် ခုနစ်ဆင့်နဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါသလား။
ဖြေ။ ။ ဒီလုပ်ငန်းစဉ်အဆင့် ခုနစ်ဆင့်မှာ အဆင့်တိုင်းဟာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုဆိုင်ရာ လိုအပ်ချက်တွေကို အခြေခံထားပါတယ်။ ပထမအဆင့်ဟာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဒုတိယအဆင့်က အသွင်ကူးပြောင်းကာလ အုပ်ချုပ်ရေး၊ တတိယအဆင့်ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး၊ စတုတ္ထအဆင့်က ပြည်သူလူထုရဲ့ ဆန္ဒသဘောထား အစစ်အမှန် ရရှိရေး၊ ပဉ္စမအဆင့်က စစ်မှန်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရေး၊ ဆဌမ အဆင့်က ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ရဲ့ အရေးကြီးဆုံး ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေး၊ သတ္တမ အဆင့်က အမျိုးသားညီညွတ်ရေး စတဲ့ သဘောတရားတွေအပေါ်မှာ အခြေခံပြီးမှ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ် ခုနစ်ဆင့်နဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ် ဆိုတာ အပြည့်အ၀ ယုံကြည်ပါတယ်။
မေး။ ။ ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ) က ချမှတ်ထားတဲ့ ဦးတည်ချက်နဲ့ လုပ်ငန်းစဉ်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါသလား။
ဖြေ။ ။မဟာဗျူဟာ သဘောတရားအရ ဘယ်လို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေမှာမဆို Ends ဆိုတဲ့ ပန်းတိုင်ရယ်။ Ways ဆိုတဲ့ သွားမယ့် လမ်းကြောင်းရယ်၊ Meansဆိုတဲ့ resources ရယ် သုံးမျိုးလုံး ပြည့်စုံမှ အောင်မြင်နိုင်ပါတယ်။ အခု ပြည်ထောင်စု အမျိုးသားကောင်စီ (မြန်မာနိုင်ငံ)က ချမှတ်ထားတဲ့ တရားမျှတမှု၊ တန်းတူ ညီမျှမှုနဲ့ အမျိုးသား သင့်မြတ်ရေး၊ အမျိုးသားညီညွတ်ရေး အပေါ်မှာ အခြေခံထားတဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးဆိုတဲ့ သမိုင်းပေး တာဝန်ဟာ ပန်းတိုင် (Ends)ကို ကိုယ်စားပြုပါတယ်။ လုပ်ငန်းစဉ် အဆင့် ခုနစ်ဆင့်က သွားမယ့်လမ်းကြောင်း (Ways) ကို ကိုယ်စားပြုထားပြီး၊ ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာ) နိုင်ငံနဲ့အတူ မြေပေါ်မြေအောက် အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ လက်တွဲဆောင်ရွက်နေကြတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာ resources တွေပဲ ဖြစ်ပါတယ်။
အခုအခါမှာဆိုရင် စစ်အာဏာရှင်စနစ်ကို ပြတ်သားစွာ ဆန့်ကျင်ပြီး၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဖော်ဆောင်ဖို့ ရည်ရွယ်ထားကြတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ လုပ်ငန်းစဉ် ပထမအဆင့်ဖြစ်တဲ့ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးမှာ တိုက်ရိုက်ဖြစ်စေ၊ ချိတ်ဆက်လှုပ်ရှား သဏ္ဍာန်နဲ့ဖြစ်စေ၊ case-by-case သဏ္ဍာန်နဲ့ဖြစ်စေ တစထက်တစ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလှုပ်ရှားနေကြပြီဖြစ်ပါတယ်။ ဒီလို ပူးပေါင်းချိတ်ဆက် လှုပ်ရှားမှုတွေ အရှိန်ကောင်းလာလေလေ၊ အောင်မြင်မှုပန်းတိုင်နဲ့ ပိုပြီး နီးလာလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို လက်တွဲဝန်းရံပြီး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြဖို့ ၊ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများအပါအ၀င် မြန်မာတမျိုးသားလုံးကို လေးစားစွာ တိုက်တွန်းပြောကြားလိုပါတယ်။
၈၊ ၃၊ ၂၀၁၀ (ဟံသာဝတီ)