ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Preparation

Monday, June 30, 2008

ကျွန်မတို့ဘာတွေပြင်ဆင်ထားပြီးပြီလဲ

မြန်မာနိုင်ငံမှာဒီမိုကရေစီရရင်ဆိုတဲ့စကားလုံးကို ကျွန်မတို့တွေ ပြောလေ့ရှိကြပါတယ်။ အထူးသဖြင့်ပြည်ပမှာနိုင်ငံရေးလုပ်နေရင်း မွေးရပ်မြေကို လွမ်းဆွတ်ကြတဲ့အခါ၊ မွေးရပ်မြေအကြောင်းပြောဆိုကြတဲ့အခါမှာ ပြောဆိုလေ့ရှိကြပါတယ်။ စစ်အစိုးရကြောင့် တိုင်းပြည်ကြီးရစရာမရှိအောင် ပျက်စီးနေတာတွေ၊ တိုးတက်မှုမရှိပဲ ဆုတ်ယုတ်နေတာတွေကို တွေးမိတဲ့အခါတိုင်း ဒေါသတွေထွက်မိကြ၊ အားမရတွေလည်းဖြစ်နေကြနဲ့ အတော်ပဲစိတ်ပင်ပန်းရပါတယ်။ တကယ်ပါ။ ကျွန်မကိုယ်တွေ့မှာဆိုရင် မြန်မာပြည်အကြောင်း တွေးမိရင်း အိပ်ပျက်ခဲ့ရတဲ့ညတွေ၊ ရထားဘူတာကျော်သွားတာတွေ၊ ဘတ်စ်ကားမှတ်တိုင်ကျော်သွားတာတွေ၊ ၀မ်းနည်းမျက်ရည်ကျမိတာတွေ၊ စိတ်ဆိုးမာန်ဆိုးနဲ့ နံရံကိုလက်သီးနဲ့ထထိုးမိတာတွေ၊ အိမ်ထဲကပစ္စည်းတွေကို ကောက်ပေါက်မိတာတွေ ဖြစ်ခဲ့ရတာ အများကြီးပါ။ လက်သီးကိုကျစ်ကျစ်ဆုတ်ပြီး၊ ၀မ်းနည်းကြေကွဲမှုတွေကို နာကျည်းမှုခွန်အားအနေနဲ့ ပြောင်းဖြစ်ခဲ့ရတဲ့ အကြိမ်တွေလည်း မရေတွက်နိုင်အောင်ပါ။ ဒါပေမယ့်- ကျွန်မတို့တွေ ဒီလိုဖြစ်နေရုံနဲ့ ဒီပွဲက ပြီးသွားမှာလား------။

အဖြေကရှင်းပါတယ်။ မဟုတ်ပါဘူး။ ကျွန်မတို့တွေ လုပ်နိုင်တာလုပ်ရင်း ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ရင်း အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် မျှော်လင့်ချက်အပြည့်ထားကြရမှာပါ။ တကယ်တမ်းကျတော့ ဒီမိုကရေစီရရင်ဆိုတဲ့ စကားလုံးကို ကျွန်မတို့အလွယ်တကူ ပြောတတ်ကြပေမယ့် ကျွန်မတို့အခု စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီနိုင်ငံလို့ ကြေညာလိုက်ရုံနဲ့ ဒီမိုကရေစီအပြည့်အ၀ရှိတဲ့ နိုင်ငံချက်ချင်းဖြစ်လာမှာမဟုတ်ပါဘူး။ ဒါဟာ ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှု (Initial Democratization) ပဲရှိပါသေးတယ်။ ကျွန်မတို့ရဲ့ နောင်တော်မျိုးဆက်တွေ အသက်ပေးပြီး တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီဆိုတဲ့ စနစ်ကြီး ရေရှည်တည်တံ့ဖို့အတွက် Democratic Consolidation ဆိုတဲ့အဆင့်ကြီး အောင်မြင်လာအောင်ကိုပါ ဆက်လက်လုပ်ကိုင်ကြဖို့ ကျွန်မတို့မှာ သမိုင်းပေးတာဝန်ရှိပါတယ်။ “မုနှ့်ဆီကြော်ကဘယ်နေမှန်းမသိ။ နှုတ်ခမ်းနာနဲ့တည့်ပါ့မလား“ ဆိုပြီး လုပ်နေတယ်လို့ ကျွန်မကို ဆိုချင်လဲ ဆိုကြပါ။ ဒါပေမယ့် နောက်တနေ့တာအချိန်ဇယားကို ကြိုတင်ပြင်ဆင်ပြီးမှ ညအိပ်လေ့ရှိတဲ့ ကျွန်မ၊ လေးငါးနှစ်မှာဖြေသင့်တဲ့ စာမေးပွဲကိုလည်း အခုကတည်းက ကြိုတင်ရွေးချယ်လေ့ရှိတဲ့ကျွန်မ၊ မလွန်ဆန်နိုင်သော ကံကြမ္မာဆိုး တစုံတရာကြောင့် ချထားတဲ့စီမံကိန်းလွဲချော်သွားရင် လုပ်သင့်တဲ့ Back up plan နဲ့ ကိုယ်သွားမယ့်လမ်းကြောင်းပေါ်မရောက်ရောက်အောင် တစိုက်မတ်မတ်နဲ့ ပြန်တက်လေ့ရှိတဲ့ ကျွန်မအတွက်တော့ ကြိုတင်ပြင်ဆင်မှုဆိုတာကို အလေးအနက် အလွန်အမင်းထားတတ်တာ အကျင့်ဖြစ်နေလို့ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။

စစ်မဟာဗျူဟာလေ့လာရေးမှာရော၊ စီးပွားရေှးဗျူဟာမှာရော၊ ဈေးကွက်ဗျူဟာမှာရော အလွန်ပဲအရေးကြီးတဲ့ ဆန်းစစ်ချက်တခုရှိပါတယ်။ SWOT analysis လို့အတိုကောက်ခေါ်လေ့ရှိပါတယ်။ Strengths, Weaknesses, Opportunities, Threats ပါ။ ကိုယ့်ဘက်ကိုရော၊ ရန်သူဘက် (ယှဉ်ပြိုင်ဘက်) ကိုပါ ဒီဆန်းစစ်ချက်လုပ်ပြီးမှ မဟာဗျူဟာ တခုကို ချမှတ်အကောင်အထည်ဖော်ရပါတယ်။ လူတိုင်းလူတိုင်းဟာ အားနည်းချက်နဲ့ မကင်းနိုင်ကြပါဘူး။ ဘယ်သူမှ ပြီးပြည့်စုံသောလူရယ်လို့ မရှိပါဘူး။ ဒီလိုပဲတယောက်နဲ့တယောက်အားသားချက်တွေကလဲ မတူပြန်ပါဘူး။ သူ့အားနည်းချက်မှာ ကိုယ်ကအားသာပြီး complement ဖြစ်သွားရင်တော့ အောင်မြင်မှုဟာ အထွတ်အထိပ်ပါပဲ။ ဒါကြောင့်လဲ ပူးပေါင်းဆောင်ရွက်မှုဆိုတာက လိုအပ်တာပါ။ ယုံကြည်ချက်တူ၊ လမ်းကြောင်းတူတဲ့ အဖွဲ့အစည်းတွေဆိုရင် ပူးပေါင်းဆောင်ရွက်မှုရှိမှလဲ ပိုပြီး ထိရောက်မှုဆိုတာ ဖြစ်စေနိုင်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုဆိုတာကို မရောက်ခင် လူတိုင်းလူတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ ကိုယ့်အားနည်းချက်ကို ကိုယ့်ဘာသာသိနေဖို့လဲ လိုအပ်ပါတယ်။ ဒါကိုထောက်ပြပြောဆိုတာကိုလဲ ဟုတ်မှန်တယ်ဆိုရင် အမှန်အတိုင်း လက်ခံပြုပြင်တတ်နိုင်ဖို့ လိုအပ်ပါတယ်။ မှန်ရင်ခံခက်ဖြစ်တတ်တယ်ဆိုပေမယ့် ဇွတ်မှိတ်ပြီး ငါတို့ကိုမစော်ကားနဲ့လို့ထိုင်ပြောနေတာထက် သူပြောရအောင် ငါတို့ကဖြစ်နေသလားဆိုတာ အရင်ဆန်းစစ်ဖို့လိုအပ်ပါတယ်။ ကိုယ့်အားနည်းချက်ကို ကိုယ်မသိရင်တော့ ပစ်မှတ်ကို ထိဖို့မလွယ်ပါဘူး။

ဥပမာပြောရရင် ကျွန်မသေနတ်ပစ်တဲ့အခါတိုင်းမှာ အားနည်းချက်တခုရှိတယ်။ ခလုတ်ညှစ်လိုက်တိုင်း သေနတ်ပြောင်းက ခါသွားတယ်။ မျငိမ္ဘူး။ ဖြစ်သင့်တာထက်ပိုဆိုးတာကိုပြောတာပါ။ ခါသင့်တာထက်ခါတော့ ပစ်မှတ်လွဲတယ်။ target card ကိုထိပေမယ့် အလယ်ဗဟိုကို မထိဘူး။ ဒီတော့ ကျွန်မသူငယ်ချင်းက အားနည်းချက်ကိုထောက်ပြပါတယ်။ လူဆိုတာကလေ အတ္တမျိုးကြီးပဲရှင့်။ ကိုယ့်ကိုလာပြောတော့ နည်းနည်းတော့ စိတ်ထဲကသိကအောင့်ဖြစ်သား။ ဒါပေမယ့် ဟုတ်နေတော့လဲ လက်ခံရတာပေါ့။ ဒါကိုဘယ်လိုလုပ်နိုင်မလဲ ဆက်မေးရတယ်။ ကျွန်မရဲ့အဓိက Goal က ပစ်မှတ်ဗဟိုကို ထိဖို့လေ။ သူငါ့ကိုဒီလိုပြောတယ်ဆိုပြီး သူနဲ့သွားငြင်းဖို့၊ ရန်ဖြစ်ဖို့မဟုတ်ဘူးကို။ မှန်သည်ဖြစ်စေ၊ အမြင်မှားပြီး ပြောတာဖြစ်စေ၊ သူဒီလိုပြောလာပြီဆိုရင်တော့ အကြောင်းတခုခုရှိလို့ပဲဖြစ်တယ်။ အဲဒီအကြောင်းရင်းကိုသာ အရင်ဆွေးနွေးသင့်တယ် မဟုတ်လား။ ဒီလိုပဲပြောကြရင်း၊ အကြံဥာဏ်တောင်းရင်းနဲ့ ပစ်မှတ်ချိန်တဲ့အခါမှာ ပုံမှန်ထက် နဲနဲလေးမြှင့်ချိန်ဖို့ သူကအကြံပေးလာတယ်။ ကျွန်မလုပ်ကြည့်တယ်။ ထိတယ်။ အလယ်ဗဟိုတိတိပဲ။ သူပြောတာမှားပြီး ပစ်မှတ်ကိုပါ လုံးဝမထိတော့တာလဲ ဖြစ်ချင်ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ကိုယ့်ကို ပြောလာပြီဆိုရင်တော့ သူ့အမြင်နဲ့ သူ့အကြံကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်။ ဒါကို ကျွန်မဆိုလိုတာပါ။

ဒီတော့ အဲဒီဥပမာလေးကို နှလုံးမူပြီး၊ ပြည်ပရောက်အတိုက်အခံတယောက်အနေနဲ့ ပြည်ပရောက်အတိုက်အခံတွေနဲ့ ပတ်သက်ပြီး မြင်တာပြောကြည့်မယ်နော်။ ကျွန်မတို့တွေ အချိန်တွေကို ထိရောက်တာမှာ မသုံးပဲ အလဟဿ ဖြုန်းပစ်နေကြတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေလည်း မလုပ်ပဲ ပွဲလမ်းသဘင်များစွာနဲ့ ဟိုနေရာစုစု၊ ဒီနေရာစုစု အချိန်ကုန်နေကြတယ်။ ဒီလိုကျွန်မပြောမယ်။ ကျွန်မကိုလာမငြင်းခင်မှာ ကိယ့်ဘာသာကိုယ်ဟုတ်လား၊ မဟုတ်လား အရင်ပြန်မေးကြည့်ပါနော်။ မဟုတ်ဘူးဆိုရင်တော့ အချက်အလက်အခိုင်အမာနဲ့ ပြန်လာပြောပါ။ ကျွန်မဒီအမြင်ကို ရုတ်သိမ်းပေးပါ့မယ်။

ပထမဆုံးအနေနဲ့ လုပ်ငန်းအကောင်အထည်ဖော်ရေးအကြောင်းကို စပြောကြရအောင်။ ပြည်ပရောက်အတိုက်အခံအများစုက ကိုယ့်ဘာသာကို တော်လှန်ရေးသမားလို့ စိတ်ကြီးဝင်နေတတ်ကြတယ်။ တကယ်လုပ်နိုင်တာကျတော့ campaign ပဲဖြစ်တယ်။ တော်လှန်ရေးနဲ့ ကင်ပိန်းကို မကွဲပြားကြဘူး။ မြန်မာပြည်ရဲ့ တော်လှန်ရေးဟာ မြန်မာပြည်တွင်းနဲ့ မြန်မာ့မြေထဲက တောထဲမှာပဲရှိတယ်။ ပြည်ပရောက်လာရင်တော့ ဆန္ဒပြပွဲနဲ့ သက်ဆိုင်ရာအစိုးရတွေကို lobby လုပ်တာ၊ မြန်မာပွဲလမ်းသဘင်တွေလုပ်တာပဲရှိတယ်။ တော်လှန်ရေးဆိုတာ မရှိဘူး။ ဒီအချက်ဟာ တော်လှန်ရေးရဲ့အဓိက လိုအပ်ချက်မဟုတ်ဘူး။ တော်လှန်ရေးကို ထောက်ကူမပေးတာပဲရှိတယ်။ မထောက်ကူရင်ကောဖြစ်မလားလို့ ပြန်ငြင်းချင်ငြင်းပါ။ ဒါပေမယ့် အများစုက ထောက်ကူတာပဲ လုပ်နေတော့ မှော်ဆရာ လူသေကောင် အသက်သွင်းတာ ခြေထောက်ကြီးပဲ ထောင်နေသလိုဖြစ်နေတယ်။ တကိုယ်လုံးက မကြွလာဘူး။ ပိုဆိုးတာက ဒါတွေကို အလုပ်ကြီးတခုအနေနဲ့ နိုင်ငံတကာဖိအားဆိုတာကြီးကိုပဲ လုံးဝအားကိုးပြီး၊ ဒါကမှ မြန်မာပြည်အတွက် နိုင်ငံရေးလုပ်နေတာ၊ တော်လှန်ရေးလုပ်နေတာလို့ လွဲမှားစွာ ထင်လာတဲ့အချက်ပဲ။ တကယ်တမ်းကျတော့ တော်လှန်ရေးတခုရဲ့ အရေးကြီးတဲ့ pillar တွေဖြစ်တဲ့ political pillar, social-economic pillar, cultural- spiritual pillar, military pillar တွေမှာ လုံးဝအားနည်းသွားတယ်။ အားလုံးက international pillar ကိုပဲ အာရုံစိုက်လာကြတယ်။ အရေးကြီးဆုံး မြေအောက်ကလာဘ်စည်းအစုအဖွဲ့တွေကို နက်နက်ရှိုင်းရှိုင်း အကောင်အထည် မဖော်နိုင်တော့ဘူး။ မြေပေါ်လိုင်းအိုဂျီမှာပဲ အားလုံးစုပုံကုန်တယ်။ ဒီအထဲမှာလဲ ကိုးဆယ်ရာခိုင်နှုန်းလောက်က ပြည်ပအခြေစိုက်ပြီး ဆယ့်နှစ်လရာသီမရိုးနိုင်သော ပွဲများဖြစ်တဲ့ လွတ်လပ်ရေးပွဲ၊ တော်လှန်ရေးနေ့ဆန္ဒပြပွဲ၊ သင်္ကြန်ပွဲ၊ ဒေါ်စုမွေးနေ့ပွဲ၊ ရှစ်လေးလုံးဆန္ဒပြပွဲ၊ စက်တင်ဘာအာဏာသိမ်းနှစ်ပတ်လည်ပွဲ၊ ဒီဇင်ဘာလူ့အခွင့်အရေးနဲ့ ဆန္ဒပြပွဲတွေလုပ်နေတာနဲ့ပဲ အလုပ်ရှုပ်နေကြတယ်။ အစည်းအဝေးတွေမှာလဲ နိုင်ငံရေးလမ်းစဉ်တရပ်ကို ချပြကြ၊ ဆွေးနွေးကြ၊ တော်လှန်ရေးအရှိန်မြင့်လာအောင် ဘယ်လိုလုပ်မလဲ အဖြေရှာကြတာ မဟုတ်ပဲ ဘယ်ပွဲမှာ ဘယ်သူကအခမ်းအနားမှူးလုပ်မယ်၊ စကားတက်ပြောမယ်၊ ထုတ်ပြန်ကြေညာချက်တွေထုတ်မယ်ဆိုတာတွေနဲ့ပဲ ပြီးသွားကြတာများတယ်။ ဒီထုတ်ပြန်ကြေညာချက်တွေဆိုတာကလဲ ဟိုအဖွဲ့အစည်းကထုတ်လိုက်၊ ဒီအဖွဲ့အစည်းက ထုတ်လိုက်နဲ့ ပြန်ခြုံကြည့်ရင်လဲ ဒါတွေပါပဲ။ တနှစ်လဲဒါပဲ၊ နောက်တနှစ်လဲဒါပဲ၊ template သဘောထားပြီး ရက်စွဲလေးတွေ ပြောင်းတာပဲရှိတယ်။ ဒါတွေလုပ်ဖို့ ပေးဆပ်လိုက်ရတဲ့အချိန်တွေ၊ အင်အားတွေနေရာမှာ တခြားပိုမိုထိရောက်တဲ့လုပ်ရပ်တွေဖြစ်ဖြစ်၊ မြန်မာပြည်အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေဖြစ်ဖြစ် လုပ်ရင်အင်အားပြုန်းတီးမှု ဖြစ်နေတာတွေ လျော့သွားမလားပဲ။ ဒီကြားထဲ မညီညွတ်မှုတွေနဲ့ ဆန္ဒပြပွဲကိုတောင် ဟိုတဖွဲ့က တနာရီ၊ ဒီတဖွဲ့က နှစ်နာရီလို့ လုပ်နေကြတာ သေချာတွေးကြည့်ရင် ရှက်ဖို့အလွန်ကောင်းတဲ့ကိစ္စ။ မြန်မာ့အကြောင်းကို ကမ္ဘာလှည့် ဖော်ကျူးပြနေကြသလိုပဲ။

တပ်ပေါင်းစုတခုသာရှိရင် Pubic Relations ဌာနအနေနဲ့ ထုတ်ပြန်ကြေညာချက်တခုကိုပဲ ခေါင်းစည်းတခုနဲ့ထုတ်လိုက်၊ လုပ်ငန်းဖော်ဆောင်ရေးဌာနအနေနဲ့ သက်ဆိုင်ရာနိုင်ငံကိုယ်စီမှာ ပွဲတွေကျင်းပလိုက်လုပ်လိုက်တာနဲ့တင် အခုလူတသောင်းလောက်လုပ်နေတဲ့အလုပ်တွေက လူတရာလောက်လုပ်တာနဲ့တင် ပြီးကိုပြီးတယ်။ သက်ဆိုင်ရာနိုင်ငံကအကြီးအကဲတွေ နေရာကလဲ စဉ်းစားကြည့်ပါ။ အစောင်စောင်တက်လာနေတဲ့ ထုတ်ပြန်ချက်တွေကို တကယ်ရောဖွင့်ဖတ်ကြပါ့မလားလို့ တွေးကြည့်ကြပါ။ ပြောမကောင်းလို့သာ မပြောကြတာ။ မြန်မာတွေဘယ်လိုဖြစ်နေလဲဆိုတာ သူတို့ကသိမှသိ ဖြစ်နေပြီ။

နောက်တခုက ပရိုပိုဆာကိစ္စ။ နိုင်ငံရေးတင်မဟုတ်ဘူး။ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်တဲ့ အဖွဲ့တွေမှာတောင် leaking bucket ဆိုတဲ့ သဘောတရားရှိတယ်။ အတိုဆိုရရင်တော့ ပေးတဲ့သူတွေဆီင်္ကနေ လက်ခံသူတွေဆီမရောက်ခင်ကြားမှာ အထွေထွေ ကုန်ကျစရိတ်တွေပေါ့။ ဒီအထဲမှာ ၀န်ထမ်းစရိတ်က အကြီးဆုံး။ ဒါကြောင့်လဲ တချို့ လုပ်ငန်းကြီးတွေမှာ downsizing လုပ်လာကြတာပါ။ ပြီးတော့လုပ်မယ့်အလုပ်ကို ထိရောက်မှုဖြစ်ဖို့ရာမှာလဲ အလုပ်ခွဲဝေမှုဆိုတာရှိရတယ်။ ဘက်ပေါင်းစုံမှာ လုပ်ကြရမယ်။ အခုကျွန်မတို့တွေက ပရိုပိုဆာတင်ပြီး ကျလာရင် လုပ်ကြတာတွေက ဟိုအဖွဲ့ကလဲဒါပဲ။ ဒီအဖွဲ့ကလဲဒါပဲ။ Project planning ဌာနတခုထားပြီး လိုအပ်တဲ့ကဏ္ဍတွေကို ခွဲဝေချပေးမှုလုပ်လိုက်ရင် တဖွဲ့က civil society အတွက်လုပ်၊ တဖွဲ့က ဒီမိုကရေစီပညာပေးရေးလုပ်၊ တဖွဲ့က ကင်ပိန်းလုပ်၊ တဖွဲ့ကမှတ်တမ်းပြုစုရေးလုပ်နဲ့ ပိုပြီး နေရာမကျနိုင်ဘူးလား။ overlapping ဖြစ်တဲ့ဧရိယာတွေကို လျှော့ချနိုင်တာပေါ့။ နောက်ပြီး ခရီးသွားကုန်ကျစရိတ်တွေ။ ဒါလုပ်ဖို့ကိုပဲ ဟိုအဖွဲ့ကအဲဒီနေရာတခါသွား၊ ဒီအဖွဲ့ကတခါထပ်သွားနဲ့။ ဟိုလူကတခါသွား၊ ဒီလူကတခါသွားနဲ့။ သူ့နေရာနဲ့သူ ဒေသဆိုင်ရာ in-charge တွေထားလိုက်ရင် အဆင်မပြေဘူးလား။ အဲလိုဆိုရင်လဲ ကုလားထိုင်လုနေကြမှာပေါ့။ ကိုယ့်မြန်မာအကြောင်းမသိဘူးလားလို့တော့ ကျွန်မကို မပြောပါနဲ့။ ဒါတွေလုပ်နေလို့ အကျိုးမှမရှိတာ။ ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ ထောင်ထဲကရဲဘော်တွေ မျက်နှာထောက်ပြီး ဒီလောက်တော့ သဘောထားကြီးသင့်တယ်ထင်တာပဲ။ ဒီလိုပဲဟိုတမျိုး၊ ဒီတမျိုးနဲ့ ပွစာကျဲနေလို့ကတော့ ဘယ်လိုလုပ်ပြီး united force ကိုရမှာလဲ။ လူ့ဘီလူးကြီးကို ခြေထောက်သွားကုပ်လိုက်၊ လက်သွားပုပ်လိုက်၊ ကလိသွားထိုးလိုက်ပုံစံမျိုးဖြစ်နေမှာပေါ့။ အားလုံးက အားနဲ့မာန်နဲ့ တပြိုင်တည်းတွန်းလှဲပြီး တက်ဖိသတ်မှ ရမှာကိုး။

ကဲ- ဒါတွေကထားပါတော့။ မြန်မာပြည်မတိုးတက်လို့ ကျွန်မတို့တွေ ယူကြုံးမရစိတ်ဆိုးနေကြရတာမဟုတ်လား။ ဒီတော့ စစ်အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီစနစ် အကောင်အထည်ဖော်တဲ့အခါ မြန်မာပြည်တိုးတက်အောင် လုပ်ဖို့ကိုကော ကျွန်မတို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ ဒီမိုကရေစီဆိုတာက ဥုံဖွ- တိုင်းပြည်တိုးတက်စေသတည်း လုပ်ပေးနိုင်တဲ့ မန္တန်မဟုတ်ဘူးနော်။ ဒီမိုကရေစီစနစ်ဆိုတာနဲ့ ချက်ချင်း ဂျီဒီပီတက်လာမှာမဟုတ်ဘူး။ မီးမလင်းတဲ့တိုင်းပြည်ချက်ချင်းမီးလင်းလာမှာမဟုတ်ဘူး။ တဲထဲကလူတွေ ချက်ချင်းလက်ငင်းတိုက်ပေါ်ရောက်သွားမှာမဟုတ်ဘူး။ ဒါတွေဖြစ်ဖို့နှစ်ပေါင်းများစွာ တိုင်းပြည်ကိုတည်ဆောက်ကြရမယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ရှိနေခြင်းအားဖြင့် အာဏာဟာ ပြည်သူရဲ့ လက်ထဲမှာရှိတယ်။ တိုင်းပြည်တိုးတက်ရေးမလုပ်ပေးနိုင်တဲ့အစိုးရ၊ လူတဦးချင်းစီရဲ့ ဂုဏ်သိက္ခာကို မလေးစားတဲ့ အစိုးရမျိုးကို ပြည်သူကဖြုတ်ချပိုင်ခွင့်ရှိတယ်။ ဒီတော့ လူတွေဟာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့်ရှိတယ်။ ဒီတော့ သူများတွေ တိုင်းပြည်အုပ်ချုပ်တာမကောင်းတဲ့ အကြောင်းတွေကို မြိန်ရေယှက်ရေ ထိုင်ပြောထိုင်ဆဲနေကြတဲ့ ကျွန်မတို့ ဒီမိုသမားတွေ၊ ကိုယ်ယုံကြည်တဲ့ ဒီမိုစနစ်ဖော်ဆောင်ရင်းနဲ့ တိုင်းပြည်တိုးတက်အောင်မလုပ်နိုင်လို့ Democratic consolidation မဖြစ်ပဲ reverse democratization ဖြစ်သွားလို့ကတော့ ကျွန်မတို့ ကြိုးဆွဲချသတ်သေဖို့ပဲကောင်းလိမ့်မယ်။ လူဆိုတာ ကိုယ်လုပ်ခဲ့တဲ့အလုပ်ကို တာဝန်ခံရမယ်၊ တာဝန်ယူရမယ်လေ။ ဒီတော့ ကျွန်မတို့တွေ ပွဲကြိုက်မောင်၊ ပွဲကြိုက်မယ်တွေဖြစ်နေတာတင်မဟုတ်ပဲ တလှမ်းတိုးပြီး စနစ်တကျကြိုတင်ပြင်ဆင်ကြဖို့ကော မလိုအပ်ဘူးလား။

နိုင်ငံတိုင်း၊ နိုင်ငံတိုင်းရဲ့ ၀န်ကြီးအဖွဲ့တွေမှာ၊ အစိုးရဌာနဆိုင်ရာတွေမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူတွေကို ပေါ်လစီတွေရေးဆွဲဖို့၊ သုံးသပ်ဖို့ ထောင်နဲ့ချီ၊ သောင်းနဲ့ချီပြီး ခန့်ထားကြတာ။ အမေရိကန်နိုင်ငံမှာဆို ပေါ်လစီမပြောနဲ့။ တခြားနိုင်ငံအစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပြောဆိုပုံ၊ လုပ်ကိုင်ပုံ၊ ဆုံးဖြတ်ချက်ချပုံတွေကိုပါ အသေးစိတ်လေ့လာတဲ့ ပညာရှင်တွေ စီအိုင်အေမှာ ခန့်ထားတာ။ ဒီတော့မှလဲ သံတမန်ရေးရာဆက်ဆံမှုတွေမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို ဆုံးဖြတ်နိုင်တာပေါ့။ ဒါတွေရှိဖို့နေနေသာသာ။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းကို အရေးကြီးတဲ့ နေရာတွေအတွက်ကိုတောင် ကျွမ်းကျင်အောင်လေ့လာထားသူတွေ ကျွန်မတို့ဘယ်လောက်ရှိနေလို့လဲ။ အများစုက ပြောလိုက်ရင် ဒေါ်စုကိုပဲ လက်ညှိုးထိုးနေကြတယ်။ အစိုးရအဖွဲ့ဆိုတာတယောက်တည်းတတ်နေ၊ သိနေလို့ရတာမဟုတ်ဘူး။ ပြီးတော့ အဲဒီအချိန်မှာတက်လာမယ့် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့တင်ပြီးသွားတာမဟုတ်ဘူး။ ဒီကိစ္စမျိုးတွေကို တယောက်တည်းလုပ်ရတာ မဟုတ်ဘူး။ Think Tank တွေ အများကြီးလိုအပ်တယ်။

ပေါ်လစီရေးရာကျွန်မကပြောတော့ တယောက်ကပြောဘူးတယ်။ ခင်ဗျားက၀န်ကြီးရူးရူးနေတာလားတဲ့။ ဒီကိစ္စတက်လာတဲ့ပါတီကပဲ ပြောရမှာ။ ခင်ဗျားပြောစရာမလိုဘူးတဲ့။ ဒီစကားမျိုးကိုသာကြားရင် အခုယူကေက Government Economic Department မှာ economic analyst တွေ၊ senior economic adviser တွေလုပ်နေကြတဲ့ ကျွန်မသူငယ်ချင်းတွေ၊ ဆရာမတွေ သတ်များသေသွားကြမလားပဲ။ ဒီမိုကရေစီရရှိရေးဆိုတဲ့စကားလုံးရယ်၊ နအဖလူသတ်တယ်၊ နအဖမကောင်းဘူးဆိုတဲ့ စကားတွေရယ် တင်မကပဲ ဒီမိုကရေစီစနစ်ကို တကယ်အကောင်အထည်ဖော်ချင်သူတွေအနေနဲ့ လက်ရှိဒီမိုကရေစီနိုင်ငံတွေရဲ့ အစိုးရယန္တရားတွေ ဘယ်လိုလည်ပတ်နေလဲဆိုတာကို ကြိုတင်မလေ့လာထားသင့်ကြဘူးလား။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုပေါ်လစီတွေ ချလိုက်တယ်၊ ဘယ်ပေါ်လစီတွေက ဘယ်လိုအခါမျိုးမှာ failure ဖြစ်တတ်တယ်ဆိုတာတွေကို ကြိုတင်သိထားခြင်းဟာ အနာဂတ်ဒီမိုကရေစီနိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်တယ် မဟုတ်ဘူးလား။

ကျွန်မတို့မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်တယ်။ ဒီလိုနိုင်ငံမျိုးအတွက် Land Reform လုပ်သင့်မလုပ်သင့်၊ Agricultural Exports တွေကို enlarge လုပ်နိုင်မယ့်နည်းလမ်းတွေ၊ Agriculture Price Policy တွေကို ကျွန်မတို့တွေ ကြိုတင်လေ့လာမထားသင့်ဘူးလား။ တခါစက်မှုလယ်ယာကိုစနစ်တကျပြောင်းတဲ့အခါ Rural to Urban migration ဖြစ်မယ်။ ဒီအတွက် industrialization ဖြစ်နေဖို့လိုမယ်။ ဒီတော့ Industrialization via import substitution လုပ်သင့်မလုပ်သင့်ဆိုတာကိုကော ကျွန်မတို့တွေ မဆွေးနွေးသင့်ကြဘူးလား။

ကဲ- ကျွန်မတို့တွေက နအဖစစ်အသုံးစရိတ်ကြီးတာကိုပဲ ထိုင်ပြောနေကြတယ်။ ဒီမိုကရေစီနိုင်ငံကျရင် အခုတပ်မှာရှိနေတဲ့ manpower ကို civilian production တက်လာအောင် ဘယ်လို conversion လုပ်မလဲ။ ဘယ်လို Retooling လုပ်မလဲဆိုတာ ကြိုလေ့လာထားတာ မကောင်းဘူးလား။ တခါ ကာကွယ်ရေးအသုံးစရိတ်လျှော့မယ်ဆိုရင် ဘယ်ကဏ္ဍတွေမှာ ပိုတိုးမလဲ၊ ပိုလျော့မလဲစသည်ဖြင့် public expenditure policy တွေကိုနိုင်ငံတခုချင်းစီအလိုက် နှိုင်းယှဉ်သိနေသူတွေရှိနေရင် မကောင်းဘူးလား။

Domestic resources တွေကို ဘယ်လို mobilize လုပ်ကြမလဲ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဖြစ်အောင် ရေရှည်၊ ရေတိုစီမံကိန်းတွေ ဘယ်လိုချသင့်ကြသလဲ ဆိုပြီးစဉ်းစားတာကလဲ နအဖတွေ ခိုးနေကြတာပဲ၊ ပညာရေးလဲစုတ်ပြတ်နေပြီဆိုပြီး ထိုင်ပြောနေတာထက်ပိုအကျိုးရှိတယ်။ နိုင်ငံတကာမှာ ဘာတွေဖြစ်ခဲ့ကြသလို၊ ဘယ်လိုလုပ်ခဲ့ကြသလဲသိမှ ကောင်းတဲ့နမူနာတွေသုံးနိုင်တော့မှာပေါ့။

ဒီလိုပဲ foreign resources တွေကို ဘယ်လို mobilize လုပ်မလဲ၊ International trade မှာအာဆီယံနဲ့ ကုန်သွယ်မှုဆိုင်ရာတွေ၊ တရုတ်၊ အိန္ဒိယတို့နဲ့ ကစားရမယ့် trade game ဆိုင်တာတွေကို ကြိုပြီးလေ့လာထားရင်ရော အာဆီယံကနအဖကိုကူညီနေတယ်၊ တရုတ်ကကူညီနေတယ်။ သူတို့ကိုမကူညီအောင် ကင်ပိန်းလုပ်ရမယ်ပြောနေတာထက် ပိုအကျိုးရှိပါလိမ့်မယ်။ သူတို့က lobby လုပ်လို့ကတော့ နောင်မျိုးဆက် ခြောက်ဆယ်လောက်အထိ ထူးမခြားနားပါပဲ။ မယုံရင်ပုံပြင်မှတ်ပါတော့။ စမ်းချင်ရင်လဲ ဆက်သာစမ်းကြပါ။ လုပ်နေသူများကို ဝေဖန်လိုခြင်းအလျဉ်းမရှိပါကြောင်း။ ဒီမိုသမားပီသစွာ လွတ်လပ်စွာပြောဆိုနိုင်သောအခွင့်အရေးကိုသာ အသုံးချခြင်းဖြစ်ပါတယ်။

ပြီးတော့တခါ အာဏာရှင်နိုင်ငံကနေ ဒီမိုနိုင်ငံပြောင်းထားတဲ့နိုင်ငံတိုင်းမှာ civil-military relationship ကို ပုံမှန်ပြန်ဖြစ်အောင် အတော်ပဲလုပ်ယူကြိုးစားကြရပါတယ်။ ဒီအတွက်လဲ တတ်သိနားလည်သူများစွာလိုအပ်ပါတယ်။ နိုင်ငံတခုရဲ့ဖွဲ့စည်းပုံရေးရာတွေနဲ့ ပတ်သက်လို့ရော ကျွန်မတို့ဒီမိုတွေ Administrative law ကို စပယ်ရှယ်လစ် ဘယ်သူတွေ လုပ်ထားကြပါသလဲ။ ကျွန်မတို့အကြိမ်ပေါင်းများစွာ ရေရွတ်နေတဲ့ လူ့အခွင့်အရေးနဲ့ ဆိုင်ရာတွေမှာကော ပညာရှင်တွေ လက်ချိုးရေတွက်လို့တောင် ရပါသေးရဲ့လား။

တခြားနယ်ပယ်တွေကလဲအများကြီးပဲ။ ဆက်ပြောနေရင်ဒီပိုစ့်ကပြီးမှာ မဟုတ်ပါ။ ခင်ဗျားက စာအုပ်ကြီးပဲ။ စာအုပ်တွေပဲအားကိုးမနေနဲ့။ စာအုပ်နဲ့လက်တွေ့မတူတာအများကြီးလို့ ပြောချင်လဲပြောပါ။ အမှန်ပါပဲ။ ဒါပေမယ့် ဒီသီအိုရီတွေကို လက်တွေ့မှာ apply လုပ်ရတဲ့ နယ်ပယ်တွေအများကြီးပါ။ အထူးသဖြင့် စီးပွားရေးနဲ့ လူမှုရေးပေါ်လစီတွေမှာပါ။ enviorment policy, regional and urban policy, income distribution policy, taxation policy, public expenditure policy, monetary policy, fiscal policy, macroeconomic reform, competition policy, microeconomic reform စတာတွေမှာ အခြေခံသီအိုရီမပါပဲ ပြောချင်ရာပြောပြီးလုပ်ချင်ရာလုပ်ကြည့်ကြပါလားကွယ်ရို့။ အခုမြန်မာပြည်မှာ လက်တွေ့ဖြစ်နေတာတွေက သက်သေပဲမဟုတ်လား။ ယူကေက Government Economic Department တို့၊ Government Actuary Department တို့မှာ အနဲဆုံး မဟာဘွဲ့ရထားသူတွေမှ အလုပ်လျှောက်လို့ရတာ အလကားသတ်မှတ်ထားတာ ဟုတ်နိုင်ပါ့မလား။

မြန်မာပြည်ထဲမှာ ပညာရှင်တွေ မရှိဘူးလို့မဆိုချင်ပါ။ သို့ပေမယ့် အသိပညာရှင်တွေထက်စာရင် အတတ်ပညာရှင်တွေဖြစ်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပြူတာပညာရှင်များက ပိုများနေပါတယ်။ ပြည်ပမှာ ပညာနဲ့အသက်မွေးသူများမှာလဲ သူတို့တွေပဲများပါတယ်။ မြန်မာပြည်မှာကတော့ ပညာရေးအဆင့်အတန်း ကိုနှိမ့်ချထားလို့ ထားပါတော့။ ပြည်ပရောက်နေပြီဆိုလျှင်တော့ အတတ်ပညာရှင်များသာမက မြန်မာအသိပညာရှင်များလဲ အင်နှင့်အားနှင့် ပေါ်ထွန်းသင့်ကြပြီ။ သက်ဆိုင်ရာနယ်ပယ်တခုချင်းဆီမှာ ကျွမ်းကျင်သူအုပ်စုများလည်း ခိုင်ခိုင်မာမာရှိသင့်ကြပြီ။ မြန်မာ့အရေးကျွမ်းကျင်သူဆိုတာနှင့် ရှိသမျှနယ်ပယ်အားလုံး ကျွမ်းကျင်သည်ဟု မည်သူမျှမဆိုနိုင်။ မည်သည့်တက္ကသိုလ်ဝက်ဆိုဒ်ကိုမဆိုဖွင့်ကြည့်ပါ။ ပါမောက္ခအမည်များရှာကြည့်ပါ။ ဘေးမှာ Research Interests ဆိုတာအမြဲပါပါတယ်။ သူစိတ်ဝင်စားသော၊ ကျွမ်းကျင်သောနယ်ပယ်များသာ ကိုယ်စီသီးသန့်ရှိကြပါတယ်။ ဘယ်သူမှ ရှိသမျှနေရာစုံမကျွမ်းကျင်နိုင်။ ပညာရပ်တခုတည်းမှာပဲ ကိုယ်သုတေသနလုပ်နေသော နယ်ပယ်ကိုသာ ကျွမ်းကျင်ကြတာပါ။ ဘွဲ့ဆိုတာက ပညာရပ်ဆိုင်ရာကို ယေဘုယျသိခြင်းသာဖြစ်ပြီး၊ မဟာဘွဲ့ဆိုတာက အနည်းငယ်ပိုသိလာခြင်းပါ။ ပါရဂူဘွဲ့ဆိုတာကျတော့ ပညာရပ်ဆိုင်ရာပင်လယ်ထဲက ရေအိုင်ငယ်တခုအကြောင်းကို အသေးစိတ်လေ့လာမိခြင်းသာရယ်ပါ။ တကယ်သိဖို့ရန်မှာလဲ ဘ၀တလျှောက်လုံး ဆက်လက်လေ့လာကြရတာ။ လုပ်ငန်းခွင်ထဲဝင်တာဆိုရင်လဲ ကိုယ်လုပ်ရတဲ့ အတွေ့အကြုံများအပေါ် အခြေခံပြီးမှသာ ကျွမ်းကျင်မှုဆိုတာ ဖြစ်လာနိုင်တာပါ။ နိုင်ငံသားဆိုင်ရာကန့်သတ်ချက်များကြောင့် အစိုးရအဖွဲ့များအတွင်းသို့ ၀င်ရောက်မလုပ်ကိုင်နိုင်လျှင်ထား၊ Knowledge တော့ရှိရပါမယ်။ ပြည်ပရောက်ဝန်ကြီးများကလဲ Human Resources Development အတွက် ပါလီမန်များ၊ သက်ဆိုင်ရာကျွမ်းကျင်မှုနယ်ပယ်ဌာနများတွင် Internship များလုပ်နိုင်ဖို့ တရားဝင် တောင်းဆိုမှုများလုပ်သင့်ကြပါတယ်။ နိုင်ငံတော်လုံခြုံရေးတို့၊ အမျိုးသားထောက်လှမ်းရေး ဌာနတို့ မဟုတ်ရင်တော့ အခြားဌာနများအတွက် အကူအညီပေးကြပါလိမ့်မယ်။

မြန်မာများကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ထား သင့် သည်မြင်ပါတယ်။ တချို့ကပြောကြတယ်။ ခင်ဗျား ဘာမှပြောမနေနဲ့။ ဒီမိုကရေစီရရင် နိုင်ငံတကာက ပညာရှင်တွေကို ငှားသုံးမှာပေါ့တဲ့။ မြတ်စွာဘုရား။ ဒီမိုကရေစီရလိုက်တာနဲ့ပဲ နိုင်ငံရဲ့သုံးစွဲနိုင်စွမ်းအားတွေ မိုးပေါ်က ကျလာမှာမို့လား။ နိုင်ငံတကာက ချေးငွေတွေ ယူရဦးမှာ။ တသိန်းလောက်ချေးပြီး ရှစ်သောင်းလောက်ကို ပြည်ပပညာရှင်တွေ ငှားရမ်းသုံးဖို့များ သုံးကြတော့မလို့လား။ ကိုယ့်ဘာသာကိုယ်နဲ့ပဲ ယှဉ်ပြီးတွေးကြည့်ကြပါ။ မြန်မာဖြစ်တဲ့ကိုယ်တိုင်တောင် ရနေတဲ့တလဒေါ်လာခြောက်ထောင်လောက်ကိုစွန့်ပြီး ဒီမိုကရေစီမြန်မာနိုင်ငံသစ်မှာ တလသုံးရာလောက်နဲ့ သွားလုပ်နိုင်ပါ့မလားဆိုတာ။ သူ့ကိုငှားရင်တော့ ပေးတန်သလောက်ပေးရတော့မှာပေါ့။ ဆင်ဖိုးထက်ချွန်းဖိုးကြီးနေရင် မခက်ပါပကောလား။ တချို့ကျတော့တမျိုး။ ကမ္ဘာ့ဘဏ်တို့၊ အိုင်အမ်အက်ဖ်တို့ဆီမှာ ပေါ်လစီတွေ ပက်ကက်လိုက်ပါလာမှာပဲ။ သူတို့ဝင်လာတာနဲ့ အားလုံးပြီးရောတဲ့။ အမလေး။ လွယ်လိုက်ကြတာ။ သူတို့ဆီက ပရောဂျက်တွေချပေးဖို့ ပရောဂျက်စီမံချက်တွေတင်ရပါတယ်ရှင့်။ အချိန်နဲ့အညီလဲ ပေါ်လစီဆန်းစစ်ချက်တွေတင်ရပါတယ်။ ဒါတွေက ကင်ပိန်းလေးလုပ်ဖို့ ပရိုပိုဆာလေးရေးတာတွေနဲ့တင် မရဘူးရှင့်။ ကဲ- project planning လုပ်ဖို့၊ forecasting လုပ်ဖို့၊ Development policy analysis လုပ်ဖို့ အခြေခံကျတဲ့ econometrics ပိုင်းမှာ လေ့ကျင့်သင်ကြားထားသူတွေ။ ဘယ်မှာလဲ။ modeling လုပ်ဖို့ actuary တွေ။ ပြီးတော့ ဒီပက်ကက်တွေနောက်မှာ political string တွေကအများကြီး။ လက်တင်အမေရိကတို့၊ အာဖိရိကတို့မှာ ဖြစ်နေတဲ့ ဥပမာတွေကိုလည်း လေ့လာကြည့်ကြပါဦး။ World Social Forum တို့၊ European Social Forum တို့တွေကို နှစ်စဉ်လူသန်းပေါင်းများစွာ တက်ပြီး ဘာကြောင့် ကျင်းပနေကြသလဲဆိုတာကိုလဲ သွားကြည့်ကြပါဦး။ World Trade Organization နဲ့ပတ်သက်တဲ့ implications တွေကိုလဲ လေ့လာကြည့်ကြပါဦး။ အားလုံးအထင်ဝိုင်းကြီးနေကြတဲ့ အမေရိကန်နိုင်ငံက မက်ဆီကိုနဲ့ ဘယ်လို trade game တွေ ကစားသွားသလဲ ဆိုတာလဲ လေ့လာကြပါဦး။ ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံကြီး ဘာကြောင့် poverty သံသရာကမထွက်နိုင်သေးတာလဲဆိုတဲ့ အကြောင်းတွေကိုလဲ ရှာကြပါဦး။ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကိုများ ဒီလိုပဲ နိုင်ငံခြားသားတွေ ငှားသုံးပြီး၊ သူတို့လက်ထဲကိုပဲ ၀ကွက်အပ်လိုက်ကြတော့မလို့လား။

ဒီတော့ တချို့ အချို့ကိစ္စများက ထိုင်ပြောနေရုံ၊ ဆဲနေရုံနဲ့ အကျိုးမထူးပါ။ သူ့ပထွေးတွေကို ကာကွယ်ပေးနေတယ်ဆိုပြီး မှတ်ချက်ထဲမှာ ကျွန်မကို ထပ်ပြီး လာပြောမနေကြဖို့လဲ ကြိုတင်တောင်းပန်ပါတယ်။ ပြောနေတာကို ဂရုစိုက်လို့တော့မဟုတ်ပါ။ ကျွန်မအမေရဲ့ ကိုယ်ကျင့်တရားကို ကျွန်မယုံကြည်တာမို့ ရယ်နေရုံပဲရှိတာပါ။ ကျွန်မကို လာရမ်းနေလို့လဲ အကျိုးမရှိကြောင်းကိုသာ ပြောချင်တာပါ။ အခုအနှစ်နှစ်ဆယ်အတွင်းမှာ ဒါတွေလုပ်ရင်းပဲ အချိန်ကုန်ခဲ့ကြတယ်မဟုတ်လား။ နအဖဆဲလိုက်၊ ကိုယ့်အချင်းချင်းဆဲလိုက်၊ သူဘာကောင်လဲ-ငါဘာကောင်လဲပြောလိုက်၊ သုံးယောက်လောက်ရှိရင် တဖွဲ့ခွဲထောင်လိုက်၊ ကုလားထိုင်လုလိုက်၊ အချင်းချင်းတွေ့ရင်သူကဘာလုပ်ခဲ့တာ။ ငါကဘယ်လောက် ပေးဆပ်ခဲ့ရတာပြောလိုက်၊ နောက်ကွယ်ကနေ ဟိုလူမကောင်းဘူး၊ ဒီလူမကောင်းဘူးဆိုပြီး အတင်းအုပ်လိုက်၊ ပွဲတွေလုပ်လိုက်၊ တို့အရေးသွားလုပ်လိုက်၊ ကြုံရာကျပန်းအလုပ်လုပ်လိုက်၊ စုဖွဲ့ပြီး စားလိုက်၊ သောက်လိုက်၊ ငြင်းခုန်လိုက်၊ ပွဲလန့်ရင်ခဏဖျာခင်းလိုက်၊ ပရိုပိုဆာလေးတင်လိုက်၊ တစိုက်မတ်မတ်လမ်းစဉ်မချပဲ ဟိုခုန်လိုက်၊ ဒီကူးလိုက်နှင့် အချိန်ကုန်ခဲ့ကြတာက အများအပြား။ တက္ကသိုလ်တခုထဲမှာ ကွန်ဖရင့်လို့အကြီးအကျယ်ခေါင်းစဉ်တပ်ပြီး လာသူများကို ကော်မတီ in-charge ရွေးခိုင်းရင်း တနေ့လည်လုံးကုန်သွားသည်လဲ ကြုံဖူးပါရဲ့။ ဖိုရမ်လို့ခေါင်းစဉ်တပ်ဆွေးနွေးကြပြီး၊ ချမှတ်လိုက်သော လမ်းစဉ်များနှစ်ပေါင်းများစွာကြာသည်အထိ ဘာမှဖြစ်လာတာ မရှိသည်ကိုလည်း တွေ့ဖူးပါရဲ့။

လုပ်နေတဲ့ တိုက်ပွဲဝင်လမ်းကြောင်းမှာကလဲ ပေါ်လစ်ဗျူရိုမရှိ။ တယောက်တပေါက်။ တင်ချင်တဲ့လိုင်းကောက်တင်နေကြတာပဲတွေ့နေရပါတယ်။ အနာဂတ်အတွက်ကျတော့လဲ ဟိုနားတယောက်စ၊ ဒီနားတယောက်စမှလွဲ၍ ပညာရပ်ဆိုင်ရာနယ်ပယ်တိုင်းတွင် ဖွဲ့စည်းထားသော အုပ်စုများမရှိ။ ယူဂျီနည်းကိုကျပြန်တော့လည်း စနစ်တကျအကောင်အထည်ဖော်ခြင်းမရှိ။ သတင်းဦးပြောချင်ဇောနှင့် အပြိုင်အဆိုင် ကိုယ့်လူကိုယ်ပြန်သတ်နေကြတာမကောင်းပါ။ သူတို့ကတကယ်တိုက်ပွဲဝင်နေရတာပါ။ စစ်မြေပြင်မှာပါ။ ကျွန်မတို့ကအဝေးကနေ လက်နက်ကြီးပစ်ကူပေးတာလောက်ပဲလုပ်နိုင်တာပါ။ ဒီဂရီအတွက်မှားပြီး အမြောက်ဆန်က ကိုယ့်တပ်ပေါ်ကိုယ့်ပြန်ကျတာမျိုးကတော့ မဖြစ်သင့်ပါ။ သတင်းဌာနအချို့ကလည်း တော်လှန်ရေးလို လျှို့ဝှက်သင့်တာလျှို့ဝှက်၊ ဖော်သင့်တာဖော်မလုပ်ကြပါ။ ဒီမိုကရေစီရပြီးသားနိုင်ငံများမှာ ကျင့်သုံးသည့် မီဒီယာပုံစံကို စစ်အာဏာရှင်စနစ်တွင်းတွင် ပိတ်မိနေသည့် ပြည်တွင်းလူများအတွက် သွားသုံးနေကြတာတွေ မြင်နေရပါတယ်။ စက်တင်ဘာတော်လှန်ရေးတုန်းက မစုစုနွေးအခုလှည်းတန်းကို သွားနေပြီဟု မီဒီယာတခုကကြေညာလိုက်ရတော့ အံ့သြလို့မဆုံး။ အဲဒီလိုprominent leader မျိုးဆိုတာ ရုတ်တရက်ဘွားကနဲပေါ်သွားလိုက်သည်က ပိုမကောင်းဘူးလား။ အခုတော့ ဘာမှတောင်မစရသေး။ အသင့် လာစောင့်ကုန်တာနဲ့ ပြေးရပါရောလား။ ပြီးတော့ သတင်းပို့၊ သတင်းယူစနစ်။ အခုတောင်အပေါ်ထပ်က မြင်နေရပါတယ်လို့ တိုက်ရိုက်ပြောတာမျိုးက သတင်းဘယ်လောက်ခိုင်မာတယ်ဆိုတာ သိသာပေမယ့် နအဖထောက်လှမ်းရေးတွေအတွက် လူရှာရတာ ပိုမလွယ်ကူုသွားဘူးလား။ အနီးကပ်ဓာတ်ပုံတွေကို ရိုက်တင်ကြတာကကော ပြည်ပကလူတွေသိရတော့ ဘာအကျိုးပိုထူးသွားသလဲ။ သိရသလောက် စက်တင်ဘာတော်လှန်ရေးကြောင့်ဆိုပြီး ပြည်တွင်းမှာ တိုက်ပွဲဝင်ဖို့ပြန်ဝင်သွားတဲ့ ပြည်ပရောက်မြန်မာ ဘယ်သူမှမရှိပါ။ အလွန်ဆုံးသံရုံးရှေ့သွားတာလောက်ပဲရှိတာပါ။ သံရုံးရှေ့ကတော့ တယောက်သွားသွား၊ နှစ်ယောက်သွားသွား။ ဆန္ဒပြပွဲဖြစ်သည်ဆိုလျှင်ပြီးတာပဲ။ ဒီအတွက်နဲ့ ပြည်တွင်းကအဖိုးတန်တဲ့ ကိုယ့်ကလာဘ်စည်းကို စတေးလိုက်စရာတဲ့လား။ ပြည်တွင်းမှာ ပူးပေါင်းလာနိုင်ဖွယ်ရှိတဲ့ တပ်မတော်အရာရှိတွေကိုလဲ နာမည်တပ်ပြီးကို nominate လုပ်စရာတဲ့လား။ ခေါင်းပြူလာတဲ့လိပ်အထဲပြန်ဝင်သွားမှာပေါ့။ ဒီလိုကိစ္စမျိုးဆိုတာ ဖြစ်သွားပြီးမှ လူသိခံရတာ။ ဒါတောင်အောင်မြင်မှ။ မအောင်မြင်သေးလဲ ဆက်ပြီးအတွင်းစည်းမှာ ကလာဘ်စည်းမြှုပ်ပေးထားတာက ပိုမကောင်းဘူးလား။

ကျွန်မကမြင်သည့်အမြင်ကို အမှန်အတိုင်းပြောခြင်းပါ။ တကယ်တော့ ကျွန်မတို့တွေအားလုံးက တိုက်ပွဲဖြစ်ရာစစ်မြေပြင်ကိုခွာပြီး ပါးစပ်သေနတ်ပစ်နေကြတယ်ဆိုတာ ကိုယ့်မသိစိတ်ထဲမှာ ကိုယ်သိနေကြပါတယ်။ အခွင့်အရေးသမားမဟုတ်ဘူး ဆိုရင်ပေါ့။ ဒါကိုဟန်ကိုယ့်ဖို့ ဟန်ရေးပြပြီး တချိန်က အောင်မြင်မှုအတိုင်းအတာရခဲ့တဲ့ ရှစ်လေးလုံးအိပ်မက်ထဲကနိုးမထွက်နိုင်ပဲ အထည်ကြီးပျက်တွေ ချမ်းသာခဲ့တဲ့အချိန်ကို ပြန်ပြောနေသလိုမျိုး တသသနဲ့ အထည်ကြီးပျက်နိုင်ငံရေးကို လုပ်နေကြတာပါ။ ပိုပြီးဖြစ်သင့်တာက ကျဆုံးသွားသူတွေကို ထောက်ထားပြီး၊ ဘယ်လိုအချိန်မှာ လမ်းစဉ်တွေချခဲ့သလဲ၊ ဘယ်လို triggering event တွေဖြစ်ခဲ့လဲ၊ လူထုစည်းရုံးရေးကို ဘယ်လိုလုပ်ခဲ့ကြလဲ၊ ဘာအမှားတွေလုပ်ခဲ့ကြလဲ ဆိုတာတွေကို ပြန်လည်သုံးသပ် သင်ခန်းစာယူပြီး အောင်ပွဲကို ဦးတည်မယ့် ခြေလှမ်းတွေကိုသာ လှမ်းသင့်ကြတာပါ။ ဟန်ရေးကျဖို့ အချိန်လဲမဟုတ်သလို၊ ကိုယ့်ကိုကိုယ်လိမ်နေကြဖို့အချိန်လဲမဟုတ်ကြတော့ပါ။ ဘာကြောင့်၊ ညာကြောင့် ဆင်ခြေတွေ ပေးနေရမယ့် အချိန်လဲမဟုတ်ပါ။ စာမေးပွဲတွေနဲ့ ပတ်သက်ပြီး ကျွန်မမြင်တဲ့အမြင်တခုကတော့ အောင်ခြင်း၊ ရှုံးခြင်းဟာ အကြောင်းမဟုတ်။ ကိုယ်တကယ်ကြိုးစားပြင်ဆင်လုပ်ကိုင်ခဲ့ခြင်းကသာ အကြောင်းဖြစ်တယ် လို့ပဲမြင်ပါတယ်။

ကဲ- ကျွန်မမေးပါဦးမယ်။ အခုအနှစ်နှစ်ဆယ် တော်လှန်ရေးခရီးတလျှောက်မှာ ကျွန်မတို့တွေ လုပ်သင့်တာတွေ တကယ်လုပ်ခဲ့ကြပြီးပြီလား။ ပြင်ဆင်သင့်တာတွေ တကယ်ပြင်ဆင်ခဲ့ကြပြီးပြီလား။ ဒီလိုမေးလို့ ဒီလိုပြောလို့ ခင်ဗျားကဘာလဲ။ ဘာကိစ္စဆရာလာလုပ်နေတာလဲဆိုရင်တော့လဲ အမှန်အတိုင်းပင်ဖြေပါမယ်။ ကျွန်မလဲဘာမှမဟုတ်ပါ။ မြန်မာပြည်ကိုတိုးတက်စေချင်တဲ့၊ မြန်မာ့တော်လှန်ရေးကို အောင်ပွဲရစေလိုတဲ့၊ မြန်မာပြည်မှာ ကျနေသော မျက်ရည်စက်တွေကို ခန်းခြောက်စေလိုတဲ့၊ ကျွန်မမြန်မာပါဆိုတဲ့စကားကို ကမ္ဘာမှာ ဂုဏ်ယူစွာလက်မထောင်ပြောချင်တဲ့ လူငယ်တဦးသာဖြစ်ပါကြောင်း။

ခင်မမမျိုး (၃၀၊ ၆၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

Education and Development (part-1)

Saturday, June 21, 2008

ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး (အပိုင်း-၁)

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်တဲ့ economic model တော်တော်များများမှာ capital နဲ့ labour ဟာအဓိကကျပါတယ်။ အစောပိုင်းကာလများကတော့ capital လို့ဆိုရင် physical capital ကိုပဲထည့်သွင်းစဉ်းစားကြပေမယ့် တစတစနဲ့တချို့သော ကြွယ်ဝတဲ့တိုင်း ပြည်တွေဟာ physical capital အများအပြားမရှိပဲ အချိန်နဲ့ငွေကိုပညာရေးမှာ မြှုပ်နှံရာကနေ Human capital ရလာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်လာကြတာကို ပညာရှင်တွေ သတိပြုမိလာကြပါတယ်။ ဒီကနေတဆင့် Human capital investment ဆိုတဲ့စကားလုံးတွေ၊ Human Resources Development ဆိုတဲ့စကားလုံးတွေဟာ တွင်တွင်ကျယ်ကျယ်ကို ဖြစ်လာတော့တာပါပဲ။ production function တွေတွက်တဲ့အခါမှာလဲ production function for goods ကိုသာမက production function for knowledge ဆိုတာကို ထည့်သွင်းလာကြရပါတယ်။ investment နဲ့ပတ်သက်တဲ့ discussions များမှာ high priority အဖြစ်နေရာယူလာတာကတော့ Human capital ပါပဲ။ အခုဒီဆောင်းပါးမှာ Human Capital accumulation ရဲ့ source တခုဖြစ်တဲ့ ပညာရေးရဲ့ အခန်းကဏ္ဍအကြောင်းကို ဆွေးနွေးချင်ပါတယ်။

ပညာရေးသည်ကုန်ပစ္စည်းတခုဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီးပွားရေးပညာရပ်က ပညာရေးကို ကုန်ပစ္စည်းတခုအနေနဲ့ ရှူမြင်သုံးသပ်ပါတယ်။ ကုန်ပစ္စည်းတိုင်းမှာ သက်ဆိုင်ရာသွင်ပြင်လက္ခဏာရပ်တွေရှိသလို ပညာရေးဆိုတဲ့ ကုန်ပစ္စည်းမှာလဲ သီးခြားသွင်ပြင်လက္ခဏာရပ်တွေဖြစ်တဲ့ consumption (ဥပမာ- ပညာတတ်ခြင်းအားဖြင့် ဘ၀အာမခံချက်ရှိခြင်း)၊ direct investment (ပညာတတ်တွေကို လုပ်ငန်းတွေမှာ လစာငွေတိုးပေးခြင်းအားဖြင့် သူတို့ရဲ့စွမ်းရည်တွေကို အသုံးချပြီး ထုတ်လုပ်မှုစွမ်းအားတက်စေခြင်း) စတာတွေပါရှိပါတယ်။ အချို့သောပညာရှင်များကတော့ ဒီလက္ခဏာရပ်တွေအပြင် ပညာရေးဟာ နိုင်ငံတနိုင်ငံရဲ့ economic system နဲ့ social system ကို functioning လုပ်ပေးနိုင်တဲ့အရေးကြီးဆုံးသွင်ပြင်တရပ်ကို ပိုင်ဆိုင်ထားတယ်လို့လဲ အဆိုရှိကြပါတယ်။

consumption အနေနဲ့တခါထပ်ကြည့်မယ်ဆိုရင်လဲ ပညာရေးဟာ စားသုံးသူများကို လက်ရှိတွင်သာမက အနာဂတ်အတွက်ပါ ကျေနပ်နှစ်သိမ့်မှုပေးနိုင်ပါတယ်။ ကျောင်းနေပျော်ခြင်းဆိုတဲ့ current consumption သာမက ဘ၀အာမခံချက်ရှိခြင်း ဆိုတဲ့ future consumption ကိုပါဖြစ်စေနိုင်ပါတယ်။ ဒီလိုအနာဂတ်မှာပါ ပညာရေးရဲ့အသီးအပွင့်ကို ခံစားနိုင်တာဖြစ်တဲ့အတွက် ပညာရေးဟာ ရေရှည်ခံတဲ့ကုန်ပစ္စည်းအမျိုးအစား (durable good) ဖြစ်လာပါတယ်။ ဒါကြောင့်လဲ ပညာရေးဆီမှာ investment feature ရှိတယ်လို့ဆိုရတာဖြစ်ပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်ရေးအနေနဲ့ကြည့်မယ်ဆိုရင် ပညာရေးရဲ့ consumption နဲ့ investment ဆိုင်ရာသွင်ပြင်တွေကို ခွဲခြားနေခြင်းက အရေးသိပ်မကြီးလှပါဘူး။ ဒါဆိုဘာကအရေးကြီးတာလဲ။

ပညာရေးရင်းနှီးမြှုပ်နှံမှုကနေ ဘာတွေကို generate လုပ်ပေးနိုင်သလဲ

အရေးကြီးဆုံး ခွဲခြားကြည့်ရမယ့်အရာကတော့ ပညာရေးရင်းနှီးမြှုပ်နှံမှုကနေ generate လုပ်ပေးနိုင်မယ့် imputed income (နောင်တချိန်ဘ၀အာမခံချက်ရရှိခြင်း) နဲ့ ပညာတတ်တယောက်ရဲ့လုပ်အားကြောင့် ထွက်ပေါ်လာနိုင်မယ့် factor earnings တိုးမြင့်ခြင်းပါပဲ။ဒီနှစ်ချက်ဟာ education programme တွေရဲ့ pattern ပေါ်မှာ လာပြီး reflect ဖြစ်တာအတွက်ကြောင့် ပေါ်လစီများရေးဆွဲရမှာ နှစ်ခုကြားမှာ weighted လုပ်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် education capital stock ဟာ အလျင်အမြန်ပြောင်းလဲစေနိုင်တာတော့ မဟုတ်တဲ့အတွက် investment planning ချတဲ့အခါမှာ long-term development ရှူထောင့်ကနေ ကြည့်နိုင်ဖို့တော့ အလွန်ပဲအရေးကြီးပါတယ်။ဒီနေရာမှာ education asset ရဲ့ ရေရှည်အသုံးဝင်မှုသက်တမ်းကို ကြည့်ရမှာ ဖြစ်တဲ့အတွက် အနာဂတ်မှာ တောင်းဆိုလာမယ့် skills တွေကို ပြည့်မှီစေမယ့် education အမျိုးအစားတွေကို စနစ်တကျကြိုတင် ရွေးချယ်နိုင်ဖို့ လိုအပ်လာပါတယ်။

ပညာရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုရဲ့တန်ဖိုး

တန်ဖိုးကို တွက်ချက်ရာမှာ လုပ်လေ့လုပ်ထရှိတဲ့ နည်းလမ်းကတော့ ကျောင်းသားတယောက်ရဲ့ အနာဂတ်မှာ ရရှိလာနိုင်တဲ့ earnings ကို တွက်ချက်ပြီး၊ လက်ရှိတန်ဖိုးရရှိဖို့ discount လုပ်တဲ့နည်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လက်ရှိတန်ဖိုးဟာ တချိန်မှာပြန်ရဖို့ ရင်းနှီးမြှုပ်နှံထားရတဲ့ cost နဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဒီနည်းဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးတွက်ချက်ခြင်းအတွက် အသုံးအများဆုံးပါ။ ဒါပေမယ့် ဒီနည်းက ပညာတတ်တယောက်အတွက်အကျိုးကျေးဇူးကိုပဲ တွက်ချက်တာဖြစ်ပြီး၊ ပညာရည်မြင့်မားခြင်းဖြင့် အများအတွက် ရလာနိုင်မယ့် တန်ဖိုးများကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။

ပညာရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုရဲ့ အခြားသောတန်ဖိုးတခုကတော့ social climate နဲ့ cultural climate ကို ပြုပြင်ပြောင်းလဲနိုင်ခြင်းပါပဲ။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မရှိမဖြစ်အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်ဖြစ်ပါတယ်။ ဒီအတွက် ပညာရေးရဲ့ အမျိုးအစား၊ အဆင့်အတန်း၊ ပညာတတ်အရေအတွက်ဆိုတာတွေက အရေးပါလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့အရည်အချင်းတွေကို အနာဂတ်သင့်လျော်ရာနေရာမှာ ထုတ်ယူအသုံးမပြုနိုင်တဲ့ ပညာတတ်များ မွေးထုတ်ထားရပြန်တာ ဆိုရင်လဲ ဒါဟာ external dis-economy သာဖြစ်ပြီး၊ instability ဖြစ်ရခြင်းရဲ့ source တခုသာ ဖြစ်ပါတယ်။

ဥပမာ- မြန်မာနိုင်ငံမှာဆိုရင် ကျန်းမာရေးကဏ္ဍမှာ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ဆရာဝန်အရေအတွက်များလာဖို့ရည်ရွယ်ပြီး ဆေးကျောင်းတက်ရောက်နိုင်သူ အရေအတွက်ကို တိုးမြှင့်ပေးလိုက်ပါတယ်။ ဒီအတွက် costs of investment တက်လာပါတယ်။ ဒါပေမယ့် “ဆရာဝန်ဘွဲ့ရရင်ပြီးရော၊အမြင့်ဆုံးတက္ကသိုလ်ကို တက်ရရင်ပြီးရော၊ ၀ါသနာပါပါမပါပါ၊ လုပ်စားဖို့မရည်ရွယ်ပါ” ဆိုပြီးတက်ရောက်သူတွေများလာတဲ့အခါ rate of return မရှိတော့ပါဘူး။ တခြားပညာရပ်များတွေမှာလဲ ဒီလိုပါပဲ။ ဘွဲ့ရရင်ပြီးရောဖြစ်လာပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အကြောင်းမဟုတ်လှပေမယ့် ဖွံ့ဖြိုးဆဲတိုင်းပြည်တွေအတွက်ကျတော့ development ရဲ့ early stages တွေကို ထိခိုက်စေပါတယ်။ ဒီလို individual investment လုပ်ခြင်းအားဖြင့် ရှိစေနိုင်တဲ့ risks တွေကို ဘယ်လို လျှော့ချမလဲ။

ရင်းနှီးမြှုပ်နှံမည့်ပညာရေးအမျိုးအစားနှင့် capital equipment ကို complement ဖြစ်စေခြင်း

individual investment လုပ်ခြင်းအားဖြင့် ရှိနေနိုင်တဲ့ risks တွေကို လျှော့ချနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမယ့်ပညာရေးအမျိုးအစားနဲ့ capital equipment တွေကို complement ဖြစ်စေရပါမယ်။ နှစ်မျိုးစလုံးမှာ စနစ်တကျရင်းနှီးမြှုပ်နှံရပါမယ်။ ဆရာဝန်အရေအတွက်များလာသလို ကျန်းမာရေးစောင့်ရှောက်မှုများကလဲ များလာရပါမယ်။ တခါဘွဲ့ရပညာတတ်တွေထွက်လာပြီဆိုရင်လည်း သူတို့ရဲ့ educated manpower ကို absorption လုပ်နိုင်မယ့် capacity rate ရှိရပါမယ်။ မြင်သာအောင်ဆိုရရင် စက်မှုလယ်ယာလုပ်မယ်ဆိုရင် လယ်ထွန်စက်မောင်းဖို့ trained driver တွေလိုပါတယ်။ driver တွေ trained ထားရင်လဲ မောင်းရမယ့် လယ်ထွန်စက်တွေ ရှိနေဖို့လိုအပ်ပါတယ်။

ဒီလို sensible education target တွေချတဲ့အခါ economy ရဲ့ လိုအပ်ချက်၊ စီမံချက်တွေပြည့်မှီအောင်မြင်စေမယ့် တောင်းဆိုချက်၊ absorption capacity rate မြင့်မားစေမယ့်စနစ်ရဲ့ လိုအပ်ချက်စတာ တွေကို သေချာစဉ်းစားဖို့လိုအပ်ပါတယ်။ ဖွံဖြိုးဆဲတိုင်းပြည်တော်တော်များများမှာ ပညာတတ်တွေမရှိခြင်း၊ ရှိတဲ့ပညာတတ်တွေကို အသုံးမပြုနိုင်ခြင်း၊ လွဲမှားသော attitudes များဖြင့် ပညာရပ်ကိုချဉ်းကပ်ပြီး၊ rate of return ပြန်မလုပ်ပေးနိုင်မည့် ပညာတတ်တွေကို မွေးထုတ်မှုများနေခြင်း၊ နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုများကြောင့် ဦးနှောက်ယိုစီးမှု ပြဿနာဖြစ်နေခြင်း စတဲ့အကြောင်းရင်း မျိုးစုံကြောင့် Human capital ဟာ shortage ဖြစ်နေတတ်ပါတယ်။ ဒီလို manpower shortage ကို မဖြေရှင်းနိုင်ရင် economic modernization ဘယ်လိုမှ မဖြစ်လာနိုင်တဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ နှောင့်နှေးနေဦးမှာပါပဲ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ထိရောက်တဲ့ လူစွမ်းအားအရင်းအမြစ်တိုးတက်ရေးမဟာဗျူဟာ (Strategy of Human Resources Development) လိုအပ်လာပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၀၊ ၆၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်၊ ကြားဖြတ်အစိုးနှင့် မြန်မာတော်လှန်ရေးအနှစ်နှစ်ဆယ်ခရီး

Tuesday, June 10, 2008

ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်၊ ကြားဖြတ်အစိုးနှင့် မြန်မာတော်လှန်ရေးအနှစ်နှစ်ဆယ်ခရီး

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် သန်းပေါင်းများစွာသော ပြည်သူလူထုသည် စစ်အာဏာရှင်စနစ်ဆိုး၏ ဘေးရန်ကို နှစ်ပေါင်းများစွာ အသက်များ၊ ဘ၀များနှင့်ရင်းကာ ခံနေကြရလေသည်။ ထိုစနစ်ဆိုးမှလွတ်မြောက်ကာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် စတင်ရေးသည် ယနေ့ခေတ်အချိန်အခါ ရွှေပြည်မြန်မာ၏ အရေးကြီးဆုံး လိုအပ်ချက်ပင်ဖြစ်လေရာ ယခုဆောင်းပါးတွင် အဆိုပါဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် နှင့် ဖြစ်စဉ်၏ အခရာဖြစ်သော ကြားဖြတ်အစိုးရဖွဲ့စည်းရေးကိစ္စများအား ရေးသား ဖော်ပြမည်ဖြစ်ပါသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် (Democratization)

ကျွန်ုပ်တို့မြန်မာလူမျိုးအများစုသည် ဒီမိုကရေစီဆိုသော စကားလုံးကို ကြားသည်နှင့် ဒီမိုကရေစီရရှိရေးဟူသော ကြွေးကြော်သံကိုသာ အနှစ်နှစ်ဆယ်လုံးလုံး ကြွေးကြော်လာ ခဲ့ကြလေသည်။ စစ်အစိုးရထံမှ ဒီမိုကရေစီကို နည်းမျိုးစုံဖြင့် တောင်းဆိုခဲ့ကြသည်။ အချို့ကလည်း ဒီမိုကရေစီဆိုသည်မှာ တောင်းယူ၍မရ၊ တိုက်ယူမှရမည် ဟုအဆိုရှိကြပြန်သည်။ သို့ပေမယ့် စစ်အုပ်စုသည် စစ်အာဏာရှင်စနစ်ကို အကောင်အထည် ဖော်နေကြသူများဖြစ်သည်။ ၄င်းတို့ထံတွင် ဒီမိုကရေစီမရှိ။ ဒီမိုကရေစီဆိုသည့် သဘောတရားကိုလည်း ထိုသူတို့နားမလည်။ ဒီမိုကရေစီစနစ်ဟူသည် နိုင်ငံတနိုင်ငံတွင် ကျင့်သုံးသင့်သည့် စနစ်တခုဟူ၍လည်း သူတို့လက်မခံ။ ထိုသို့သောသူများထံတွင် ဒီမိုကရေစီရရှိရေး သွားရောက်တောင်းဆိုနေသည်ကား ရွှေလင်ပန်းနှင့် ထမင်းဆီဆမ်းတောင်းနေသော ကလေးငယ်ပမာပင် ဖြစ်ပေလိမ့်မည်။

သို့ဆိုလျှင် ဒီမိုကရေစီစနစ် မြန်မာနိုင်ငံတွင် ထွန်းကားလာအောင် မည်သို့လုပ်ယူကြမည်နည်း ဟူ၍မေးစရာရှိလာသည်။ ဒီမိုကရေစီဆိုသည်မှာ စနစ်တခုဖြစ်ရာ၊ ထိုစနစ်ကို အသက်သွင်းရန်အတွက် ဖြစ်စဉ်တရပ်လိုအပ်ပါသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်မည့် လမ်းကြောင်းပေါ်သို့သွားရောက်နေသော နိုင်ငံရေးပြောင်းလဲမှုများသည် အဆိုပါဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ပင်ဖြစ်သည်။

နိုင်ငံရေးသိပ္ပံပညာရှင်များဖြစ်ကြသော Rustow, Guillermo O’ Donnell, Scott Mainwaring, Yossi Shain, Juan Linz စသူတို့က ကမ္ဘာ့သမိုင်း၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ကြီးများဖြစ်ကြသော First long wave in USA, France, Italy, Argentina, the overseas British dominions (1828-1926), First, reverse wave in Italy, Germany, Argentina (1922-1942), Second short wave in West Germany, Italy, Japan, India, Israel (1943-62), Second, reverse wave in Brazil, Argentina, Chile ( 1958-1975), Third wave in Portugal, Spain, others in Latin America, Asia, Africa, Eastern Europe စသည်များကို လေ့လာ၍ ဒီမိုကရေစီအသွင်းကူးပြောင်းမှုဖြစ်စဉ်တွင် အပိုင်းနှစ်ပိုင်းပါဝင်ကြောင်း ရေးသားဖော်ထုတ်ခဲ့ကြလေသည်။

ယင်းတို့၏အဆိုအရ ပထမအပိုင်းမှာ အာဏာရှင်စနစ်မှကနဦးအသွင်ကူးပြောင်းမှု (initial transition from authoritarian rule) (သို့မဟုတ်) အစပျိုး political liberalization ဖြစ်ပြီး၊ ဒုတိယပိုင်းမှာကား လစ်ဘရယ်ဒီမိုကရေစီစနစ်ကို consolidate လုပ်ခြင်းတို့ဖြစ်လေသည်။ သို့ဖြစ်ရာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်စရန် လမ်းနှစ်သွယ်ရှိပေသည်။ Initial transition နှင့် political liberalization တို့ဖြစ်ကြသည်။ Political liberalization လမ်းကြောင်းမှာကား အာဏာရှင်အစိုးရမှ အတိုက်အခံများလုံးဝမပါပဲ သူ့ဘာသာစတင်ခြင်းဖြစ်လေသည်။ ထိုသို့စတင်ခြင်းတိုင်းသည် ဒုတိယအဆင့် democratic consolidation ကိုတော့ ဖြစ်စေသည်ကား မဟုတ်ပါ။ ထိုအကြောင်းနှင့်ပတ်သက်၍ အသေးစိတ်ကို အခြားဆောင်းပါးတခုတွင် ဖော်ပြပါမည်။ ယခုဆောင်းပါးတွင်ကား Initial transition စတင်စေရန် လိုအပ်သည့်အကြောင်းအရာများအား အဓိကထား၍ ဖော်ပြပါမည်။

Initial transition နှင့် ကြားဖြတ်အစိုးရ

Initial transition ဖြစ်လာစေရန်အတွက် အရေးကြီးဆုံးမှာ ကြားဖြတ်အစိုးရပင်ဖြစ်လေသည်။ ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်၏ အဓိကသော့ချက်မှာ interim period တွင် မည်သူများက အုပ်ချုပ်၍ အာဏာကို မည်သို့ခွဲဝေသုံးစွဲမည်နည်းဆိုသည့် အချက်အပေါ်တွင် မူတည်သည်။ ထိုအချက်ကို သေချာစွာဖော်ထုတ်ပြီးမှသာ ဒီမိုကရေစီလှုပ်ရှားမှုလမ်းကြောင်းမှာ တည့်တည့်မတ်မတ်နှင့် ထိထိရောက်ရောက်ရှိသည်။

နှစ်ဆယ်ရာစုနှောင်းပိုင်း ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်များအား လေ့လာ၍ ပညာရှင် Shain နှင့် Lintz ဆိုသူတို့က အဆိုပါပြောင်းလဲမှုဖြစ်စဉ်များတွင် ပါဝင်သော ကြားဖြတ်အစိုးရပုံစံလေးမျိုးကို ထုတ်ဖော်ခဲ့ကြသည်။

(၁) အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (Opposition-led interim government)

လူထုတိုက်ပွဲပုံစံဖြင့်ဖြစ်စေ၊ လက်နက်ကိုင်တော်လှန်ရေးအသွင်ဖြင့်ဖြစ်စေ အာဏာရှင် အစိုးရအား ဖြုတ်ချတော်လှန်၍ ကြားဖြတ်အစိုးရအဖြစ်ကြေငြာကာ၊ ရွေးကောက်ပွဲကျင်းပခြင်းနည်းလမ်းဖြင့် ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်အချိန်တိုအတွင်း ဖြစ်ပေါ်လာစေရန် ဦးဆောင်ဦးရွက်ပြုသည့် အစိုးရတရပ်ဖြစ်သည်။ အာဏာရှင်အစိုးရ၏ ဥပဒေစိုးမိုးမှု၊ အာဏာသက်ရောက်မှုကို total rejections လုပ်ရမည်ဖြစ်၍ အသွင်ကူးစဉ်ကာလတွင် လူထုအပေါ်၌ တာဝန်ခံမှုရှိရမည်။ တာဝန်ယူရမည်။ (၁၉၇၄)ခုနှစ်မှ (၁၉၇၆)ခုနှစ် ပေါ်တူဂီနိုင်ငံ ကနဦးဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်သည် ဤပုံစံမျိုးဖြစ်သည်။

ထိုသို့သော ပြောင်းလဲမှုကို လုပ်ရန်ရည်ရွယ်ပါက အတိုက်အခံအုပ်စုများ စုစည်းကျစ်လစ်မှုရှိရန် လိုအပ်သည်။ ဥာဏ်အမြော်အမြင်ရှိရန်လိုအပ်သည်။ နိုင်ငံရေးသုံးသပ်မှုမှန်ကန်ရန် လိုအပ်သည်။ အချိန်အခါကို မှန်မှန်ကန်ကန် တွက်ချက်တတ်ရန် လိုအပ်သည်။ လူထုစည်းရုံးရေးကောင်းမွန်ရန်လိုအပ်သည်။ ပြုတ်ကျသွားသော အာဏာရှင်များမှ ပုန်ကန်ခြားနားမှု ရှိလာနိုင်သည်ဖြစ်သဖြင့် အချိန်မှီထိန်းကွပ်နိုင်ရန် စစ်ရေးသတိ၊ နိုင်ငံရေးသတိရှိရန်လိုအပ်သည်။ မူလအာဏာရှင်သည် စစ်အာဏာရှင်ဖြစ်ပါက လက်နက်ကိုင်အင်အားစုများ ပြန့်ကျဲသွားနိုင်သည်ဖြစ်သောကြောင့် အဆိုပါအင်အားစုများကို ပြန်လည်စုစည်း၍ နိုင်ငံတနိုင်ငံအတွက် လိုအပ်သော ကျစ်လျစ်သည့် တပ်မတော်တရပ်ပြန်လည်ဖွဲ့စည်းနိုင်ရန် အတိုက်အခံခေါင်းဆောင်များတွင် အုပ်ချုပ်မှုစွမ်းရည်ရှိရန် လိုအပ်သည်။

မြန်မာနိုင်ငံ၏ (၁၉၈၈) လူထုအရေးတော်ပုံကြီးသည် ဤသို့သော ပြောင်းလဲမှုလမ်းကြောင်းကို ဦးတည်ခဲ့သော်လည်း အားနည်းချက်အချို့ကြောင့် အသက်သွေးချွေးများရင်းပြီးမှ ပေးဆပ်ခဲ့ရသည်နှင့် မတန်စွာပင် အောင်ပွဲနှင့် လွဲခဲ့ရသည်။ သမိုင်းသင်ခန်းစာ ယူတတ်ရန်လိုပေသည်။ ထပ်ခါတလဲလဲ မှားနေသည်ဆိုလျှင်တော့ မှားသူများ၏ အသုံးမကျမှုပင် ဖြစ်ပေတော့မည်။

အရေးကြီးဆုံးအချက်မှာကား ထိုပြောင်းလဲမှုကို ဦးတည်သည်ဆိုပါက လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းတခုခုကိုဖြစ်စေ၊ နှစ်ခုလုံးကိုပေါင်းစပ်၍ တစိုက်မတ်မတ်လုပ်ကိုင်ရမည်။ စုစည်းမှုအားများ၏ လားရာသည် ထိုပြောင်းလဲမှုကိုသာ ဦးတည်ထွက်သွားရမည်။ ကြိုတင်ပြင်ဆင်သင့်သည်များကို “ ဖြစ်လာရင်လုပ်ဖို့နည်းရှိပါတယ်“ ဆိုသော မီဒီယာကြားကောင်းရုံ စကားလုံးများပြောနေခြင်းဖြင့် မဟုတ်ပဲ လက်တွေ့လုပ်ဆောင်ထားရမည်။ ခင်းစရာလမ်းကြောင်းကို ခင်းကျင်းထားရမည်။ လိုအပ်ချက်များကို ဖြည့်စွက်ထားရမည်။

(၂) ပါဝါခွဲဝေသုံးစွဲသောကြားဖြတ်အစိုးရများ (power-sharing interim governments)

ပါဝါခွဲဝေသုံးစွဲသောကြားဖြတ်အစိုးရများဆိုသည်မှာ အာဏာရှင်အစိုးရမှ အချို့သော အဖွဲ့ဝင်များနှင့် အတိုက်အခံများမှ အချို့သော အဖွဲ့ဝင်များတို့ နားလည်မှုယူ၍ ရွေးကောက်ပွဲများ မကျင်းပမီ ယာယီ ကြားဖြတ်အစိုးရအဖြစ် ဖွဲ့စည်းကာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ ထိုသို့သော ပြောင်းလဲမှု လမ်းကြောင်းမှာ နိုင်ငံရေးအရ ပဋ္ဋိပက္ခမများလှပဲ တည်ငြိမ်သည်။ ပြောင်းလဲမှုမှာ ညင်သာသည်။ အတိုက်အခံများ၏ ပညာသားပါပါ ဆောင်ရွက်နိုင်မှု အထူးလိုအပ်သည်။ (၁၉၈၉) မှ (၁၉၉၁)ခုနှစ်အထိ ပိုလန်နိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ်မှာ ထိုသို့သော ပုံစံမျိုးဖြစ်သည်။

ထိုပြောင်းလဲမှုမျိုးကို ဦးတည်ပါက အာဏာရှင်ဘက်မှ ဘက်ပြောင်းလာသူများရှိလာစေရန် စည်းရုံးလှုံ့ဆော်မှုအားကောင်းရမည်။ ထိုစည်းရုံးရေးစွမ်းရည်တွင်လည်း လျှို့ဝှက်နိုင်မှုစွမ်းရည်ပါလိုအပ်သည်။ မည်သူနှင့် ပူးပေါင်းဆောင်ရွက်ရန် အတိုက်အခံများမှ nominate လုပ်နေသည်ကို အာဏာရှင်ဘက်သို့ သတင်းပေါက်ကြားခြင်း မရှိစေရ။ မဟုတ်လျှင် ပွဲမပြီးခင် အချိန်မှာပင် အတိုက်အခံနှင့်ပူးပေါင်းချင်သူများလုပ်ကြံခံလိုက်ရခြင်း၊ အဖမ်းခံလိုက်ရခြင်း၊ ထိုသူမှ စိတ်ပြောင်းသွားခြင်းများဖြစ်နိုင်သည်။ လုံခြုံရေးသည် အရေးပါလှသည်။ ထိုသူများနှင့် အချိတ်အဆက်ရှိထားပြီးမှသာ လူထုတိုက်ပွဲကို ပုံစံဖော်ရမည်။ လူထုတိုက်ပွဲအချိန်တွင်မှ ပေါ်လာလိမ့်မည်ဆိုပြီး စောင့်စားခြင်း၊ လိုက်လံစည်းရုံးခြင်းများသည် မိမိ၏အင်အားကို ဖြုန်းတီးလိုက်သကဲ့သို့ပင်ရှိသည်။ မည်သို့မျှအကျိုးမထူးပါ။ ရန်သူ့ထက် ခြေတလှမ်းနောက်ကျနေသည်ကို သတိပြုသင့်သည်။ တွေ့ဆုံဆွေးနွေးရေးခေါ်ခြင်းသည်လည်း ဤပြောင်းလဲမှုလမ်းကြောင်းပေါ်မှာပင်ရှိသည်။ သို့ပေမယ့် ထိုသို့ခေါ်ချိန်သည် နှစ်ဘက်ဘက်မျှနေသည့် အချိန်မျိုးတွင်သာ ဖြစ်သင့်သည်။ မိမိ၏အင်အားကို မပြနိုင်ပဲ တွေ့ဆုံဆွေးနွေးရေးခေါ်ဆိုခြင်းသည် ပြင်ပမီဒီယာတွင် ကြားကောင်းသော်လည်း ရန်သူများအတွက်ကား ဟားစရာပင်ဖြစ်နေတတ်သည်။ ပိုလန်နိုင်ငံတွင် ထိုပြောင်းလဲမှုလမ်းကြောင်းပေါ်တက်သွားနိုင်ခဲ့သည်က ပိုလန်နိုင်ငံ people power movement အားကောင်း၍ဖြစ်သည်။

(၃) အာဏာရှင်များမှဦးဆောင်သော အိမ်စောင့်အစိုးရများ (incumbent- led caretaker governments)

အချို့သောအခြေအနေများတွင် အာဏာရှင်အစိုးရကိုယ်တိုင်မှ နိုင်ငံ၏စီးပွားရေးယိုယွင်းမှုကို မည်သို့မျှမထိန်းနိုင်တော့၍ဖြစ်စေ၊ အုပ်စိုးသူများအချင်းချင်းသဘောထား ကွဲလွဲမှုကြောင့် ဖြစ်စေ၊ အတိုက်အခံများ၏ ခြိမ်းချောက်နိုင်စွမ်းကြောင့်ဖြစ်စေ၊ ဆက်လက်ထိန်းထားလျှင် တိုင်းပြည်တခုလုံးဖရိုဖရဲဖြစ်လာနိုင်ချေရှိသောကြောင့်ဖြစ်စေ၊ ကနဦးဒီမိုကရေစီအသွင် ကူးပြောင်းမှု ဖြစ်စဉ်ကို စတင်လိုက်ရသည်များရှိသည်။ တောင်အာဖရိကဒီမိုကရေစီအသွင် ကူးပြောင်းမှုဖြစ်စဉ်သည် ထိုသို့သောပြောင်းလဲမှုနှင့် စတင်ခဲ့သည်။ incumbent de Klerk government သည် အိမ်စောင့်အစိုးရအဖြစ်စတင်ခဲ့ပြီး၊ (၁၉၉၃) စက်တင်ဘာတွင်မှ power-sharing coalition အနေဖြင့်ပြောင်းလဲကာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

ထိုပြောင်းလဲမှုဖြစ်စေရန်အတွက် ထိရောက်သောနိုင်ငံတကာဖိအားမှာ အရေးပါလှသည်။ ထိရောက်သောဟူသော စကားလုံးကို ကျွန်ုပ်ဆိုထားပါသည်။ မစို့မပို့ဟိုစပ်စပ်ဒီစပ်စပ်၊ ရှေ့ကဖုံးနောက်ကပေါ် နိုင်ငံတကာဖိအားကို ဆိုလိုခြင်းမဟုတ်ပါ။ ထို့ထက်ပို၍ အရေးကြီးသည်ကား လူထုအားပင်ဖြစ်ပါသည်။ လူထုအားသည် စုစုစည်းစည်းပြတ်ပြတ်သားသားရှိနေရပါမည်။ အာဏာရှင်တို့အား မပြောင်းလဲလျှင် လုံးဝမရနိုင်သည့် အခြေအနေသို့ရောက်အောင် တွန်းပို့ထားနိုင်ရပါမည်။ အတိုက်အခံများကလည်း အာဏာရှင်တို့အား ရင်ကော့ခါးထောက်ကြည့်နေသည့် အနေအထားပုံစံဖြင့် ခိုင်ခိုင်မာမာရပ်ပြနေရပါမည်။ ထိုသို့မဟုတ်ပါက အာဏာရှင်များက ဒီမိုကရေစီအသွင်ကူးပြောင်း မှုဖြစ်စဉ်အားစတင်မည်ကားမဟုတ်ပါပဲ ရယ်ကျဲကျဲဖြင့် နားရွက်တံတွေးဆွတ်သွားပါလိမ့်မည်။

(၄) အပြည်ပြည်ဆိုင်ရာကြားဖြတ်အစိုးရများ (international interim governments)

အကယ်၍ အာဏာခွဲဝေသုံးစွဲသည့် ကြားဖြတ်အစိုးရဖြစ်လာနိုင်ချေများလုံးဝမရှိသည့်အခါ (သိုမဟုတ်) နှစ်ဘက်စလုံးတွင် သမိုင်းကြောင်းအရ ကြမ်းကြုတ်သော ယှဉ်ပြိုင်မှုများနှင့် တဦးပေါ်တဦးယုံကြည်မှု လုံးဝဥဿုံကင်းမဲ့နေသည့်အခါ (သို့) နှစ်ဘက်စလုံးမည်သူမျှအောင်ပွဲရတော့မည်မဟုတ်ကြောင်း သေချာလာသည့်အခါတွင် ကုလသမဂကြီးကြပ်မှုဖြင့် အပြည်ပြည်ဆိုင်ရာကြားဖြတ်အစိုးရများကို ဖွဲ့စည်းရလေသည်။ နာမီးဘီးယား (၁၉၈၉-၁၉၉၀)နှင့် ကမ်ဘောဒီးယား (၁၉၈၃-၉၃) အခြေအနေများသည် အဆိုပါပြောင်းလဲမှုဖြစ်စဉ်၏ ဥပမာများပင်ဖြစ်သည်။ သို့ရာတွင် ထိုသို့သော ပြောင်းလဲမှုဖြစ်စဉ်များတိုင်း အောင်မြင်သည်ကား မဟုတ်ပါ။ အာဖဂန်နစ္စတန်နိုင်ငံ၏ (၁၉၉၀)ပြည့်နှစ် အစောပိုင်းကာလများအခြေအနေသည် မအောင်မြင်သော အပြည်ပြည်ဆိုင်ရာ ကြားဖြတ်အစိုးရကနဦး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို မီးမောင်းထိုးပြနေသည်။ ထို့အပြင်အခြားအရေးကြီးသောအချက်မှာကား သူတပါးနှာခေါင်းဖြင့် အသက်ရှူသူများသည် ကိုယ့်နှာခေါင်းဖြင့် အသက်ရှူရန် ခဲယဉ်းသည့် နောက်ဆက်တွဲဖြစ်ရပ်များပင်ဖြစ်သည်။

မည်သို့ဆိုစေ ထိုပြောင်းလဲမှုဖြစ်စဉ်ကို ဦးတည်သည်ဆိုလျှင်ကား Humanitarian intervention ဖြစ်လာစေရန် ဦးစားပေးဆောင်ရွက်ရမည်။ သတိပြုရန်အချက်ကား ထိုဖြစ်စဉ်စတင်ရန် အချိန်သည် နှစ်ပေါင်းများစွာ ကြာတတ်သည်။ ဖြစ်လာပြီးလျှင်လည်း နောက်ဆက်တွဲပြဿနာများအလွန်ပင်ကြီးမားသည်။ ဒုတိယအဆင့်ဖြစ်သော democratic consolidation ဖြစ်ရန် ပိုမိုခက်ခဲသည်။ Long-term effects များပြားသည်။ autonomous development တည်ဆောက်ရန် political and economic challenges များသည်။ ထို costs များကို benefits များဖြင့် weighted လုပ်ကြည့်ပြီး benefits က costs ထက် exceed ဖြစ်မှသာ ထိုလမ်းကြောင်းကို ဦးတည်သင့်သည်။

အထက်ပါအချက်လေးချက်မှာ ကနဦးဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်စတင်ရန်ဖြစ်စဉ်တွင် အရေးပါလာသော ကြားဖြတ်အစိုးရဖွဲ့စည်းမှုပေါ်မူတည်၍ ဒီမိုကရေစီလှုပ်ရှားမှုလမ်းကြောင်းကို ဖော်ဆောင်ခြင်းပုံစံများဖြစ်ပါသည်။ ဒီမိုကရေစီအသွင် ကူးပြောင်းမှုဖြစ်စဉ်၏ ဒုတိယအဆင့်ဖြစ်သော democratic consolidation အကြောင်းအား ဆက်လက်ဖော်ပြပါမည်။

Democratic consolidation

ဒုတိယအဆင့် အောင်မြင်၍ ဒီမိုကရေစီစနစ်အမြစ်တွယ်ခိုင်ခံ့ရေးတွင် အရေးကြီးဆုံးအချက်မှာ ထိုအဆင့်တွင် မည်သို့သော democratic actor များ ပါဝင်သည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ထိုသူများသည် အနည်းငယ်ပင်ရှိကောင်းရှိမည်ဖြစ်သော်လည်း democratic consolidation ဖြစ်သော polity တခုကို အောက်ပါနည်းလမ်းများဖြင့် ဖော်ဆောင်နိုင်ပါသည်။

(၁) အလုံးစုံအာဏာရှင်စိတ်ရှိသူများအား neutralize လုပ်နိုင်ခြင်း

(၂) ဒီမိုကရေစီစနစ်ကောင်းမွန်စွာ လည်ပတ်နိုင်ရေးနှင့် လျော်ညီသော ကျင့်စဉ်များကို ကျင့်သုံးခြင်း

(၃) democratic actors များပိုမိုများပြားလာစေရန် စနစ်တကျ ပညာပေးမှုဆောင်ရွက်ခြင်း

(၄) ချမှတ်သောမဟာဗျူဟာများ၊ မူဝါဒများအားလုံးတွင် အာဏာရှင်စနစ်သို့ပြန်လည်ရောက်သွားစေနိုင်သည့် အရိပ်များမပါရှိခြင်း စသည်တို့ဖြစ်ပါသည်။

အရေးကြီးဆုံးအချက်မှာ ပြည်သူလူထုအများစုသည် ဒီမိုကရေစီစနစ်အပေါ် committed မဖြစ်သေးစေကာမူ အာဏာရှင်စနစ်ဆီသို့ပြန်သွားလိုသော စိတ်ဆန္ဒများမပေါ်ပေါက်လာ နိုင်စေရန် ဂရုပြုရမည်။ ယင်းအတွက် ဒီမိုကရေစီသမားများ၏ အပြုအမူ၊ အပြောအဆို၊ စိတ်ထား၊ တည်ကြည်မှု၊ ယုံကြည်စိတ်ချရမှုတို့မှာ အရေးကြီးပါသည်။

မြန်မာ့တော်လှန်ရေးအနှစ်နှစ်ဆယ်ခရီး

ခြုံငုံဆိုရလျှင် မြန်မာ့တော်လှန်ရေးအနှစ်နှစ်ဆယ်ခရီးတွင် အတိုက်အခံများအားလုံးသည် ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်စတင်ရန် အထက်တွင်ဖော်ပြကဲ့သို့ နည်းလမ်းပေါင်းများစွာကို ခုန်ပြန်ကျော်လွှားအသုံးပြုခဲ့ကြပြီးသားပင် ဖြစ်ပါသည်။ ထိရောက်မှုရသင့်သလောက်မရခဲ့သည့်အချက်မှာကား မည်သည့်ဖြစ်စဉ်ကိုမှ တစိုက်မတ်မတ် ဦးတည်ခြင်းမရှိပဲ ဟိုကွေ့ဟိုတက်နှင့် လှော်၊ ဒီကွေ့ဒီတက်နှင့်လှော်နေကြခြင်းကြောင့်သာ ဖြစ်ပါသည်။ သို့ဖြစ်ရာ လှိုင်းထန်လှသော ပင်လယ်ပြင်မှ တော်လှန်ရေးလှေငယ်ကား လက်နက်ကိုင်တော်လှန်ရေးဆီရောက်လိုက်၊ နိုင်ငံတကာဖိအားဆီရောက်လိုက်၊ လူထုတိုက်ပွဲဆီ ရောက်လိုက်၊ စီးပွားရေးပိတ်ဆို့မှုဆီရောက်လိုက်၊ ယူအင်ဆီရောက်လိုက်၊ အမေရိကန်ဆီရောက်လိုက်၊ အာဆီယံဆီရောက်လိုက်၊ Humanitarian Intervention ဆီရောက်လိုက်၊ တပ်မတော်အားခွဲ၍ မျိုးချစ်ခေါင်းဆောင်များပြည်သူနှင့်ပူးပေါင်းရေးဆီ ရောက်လိုက်ဖြစ်ကာ ပင်လယ်ပြင်ထဲတွင် ၀ိုင်းကြီးပတ်ပတ်လည်နေသကဲ့သို့ ဖြစ်နေပါသည်။

နည်းလမ်းတခုတည်းကို လုပ်ရမည်ဟု ကျွန်ုပ်မဆိုလိုပါ။ သို့ပေမယ့် ဦးတည်သော ဖြစ်စဉ်ပေါ်မူတည်၍ ပိုမိုအာရုံစိုက်လုပ်ရမည့် လမ်းကြောင်းများရှိပါသည်။ လျှော့ရမည့် လမ်းကြောင်းများလည်း ရှိပါသည်။ ဥပမာ- လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို အာရုံစိုက်သည်ဆိုလျှင် တော်လှန်ရေးကို လူထုနှင့် တသားတည်းဖြစ်အောင် ပြုလုပ်ရပါမည်။ ပြည်သူအများအား ကိုယ့်အားကိုယ်ကိုးစိတ်ဖြစ်လာစေရန် တွန်းအားပေးရပါမည်။ မျှော်တော်ယောင်ဖြစ်အောင် အခုပဲ နိုင်ငံတကာဝင်လာတော့မည်ဆိုလိုက်၊ အခုပဲ လူထုနည်းနဲ့မှ အောင်မြင်တော့မည်ဆိုလိုက် လုပ်နေခြင်းမှာ တော်လှန်ရေးအတွင်း တွေဝေမှုကို ဖြစ်စေနိုင်ပါသည်။ တိုက်ပွဲတခုတွင် စစ်ကူလာမည်ဟု ယုံကြည်ထားသောတပ်မှူး၏ ဆုံးဖြတ်ချက်၊ တပ်သားများ၏ခံယူချက်နှင့် စစ်ကူမလာနိုင်၊ မိမိဘာသာတိုက်ရမည်ဟု သိထားသော တပ်မှူးတယောက်၏ ဆုံးဖြတ်ချက်၊ တပ်သားများ၏ ခံယူချက်တို့ မည်မျှကွာခြားလှသည်ကို ဂရုပြုသင့်ပါသည်။ လွဲမှားသော မျှော်လင့်ချက်ပေးခြင်းသည် လှည့်စားခြင်းဖြစ်ကြောင်း သတိပြုရပေမည်။

ချုပ်၍ဆိုရလျှင် ပြတ်သားသော လမ်းစဉ်မရှိပဲ ဒေါ်အောင်ဆန်းစုကြည်လွှတ်လျှင် လွတ်လာပြီ၊ ထိန်းသိမ်းထားလျှင် ထိန်းသွားပြန်ပြီ၊ ကိုမင်းကိုနိုင်လွတ်လျှင် လွတ်လာပြီ၊ ပြန်အဖမ်းခံရလျှင် အဖမ်းခံရပြန်ပြီ၊ စစ်အုပ်စုက လူသတ်လျှင် သတ်ပြန်ပြီ၊ မုဒိမ်းကျင့်လျှင် ကျင့်နေကြပြီ၊ လိမ်သွားလျှင် လိမ်သွားပြန်ပြီ၊ နိုင်ငံတကာကဖိအားပေးလျှင် ပေးလိုက်ပြီ၊ အာဆီယံကပူးပေါင်းသွားလျှင် မကောင်းဘူးလူဆိုး၊ တရုတ်က အကူအညီပေးလျှင် အစုတ်ပလုတ်သူခိုး၊ လူမျိုးပြုန်းတီးရေးလုပ်နေလျှင် လူမျိုးပျောက်တော့မယ်၊ ကယ်ကြပါဦး စသည်များကိုသာ အော်ဟစ်ကာ ဖြစ်စဉ်များကို report များလိုက်ရေး၊ သတင်းများကြေငြာရုံမျှနှင့် ရေရှည်ဆက်သွားကြမည်ဆိုလျှင်တော့ အနှစ်နှစ်ဆယ်တော်လှန်ရေးလှေငယ်လေးသည် တ၀ဲဝဲလည်ရုံတင်မက စုန်းစုန်းမြှုပ်သွားနိုင်သည် ဖြစ်ပါ၍ ပြတ်သားသောလမ်းစဉ်၊ ကျစ်လစ်သောစုစည်းမှု၊ ခိုင်မာသော ရပ်တည်ချက်တို့ဖြင့် မြန်မာနိုင်ငံတွင် ကနဦး ဒီမိုကရေစီပြောင်းလဲမှုစတင်ရန် ၀ိုင်းဝန်းကြိုးစားသင့်ကြပါကြောင်း ရေးသားတိုက်တွန်းလိုက်ရပေသည်။

(မှတ်ချက်။ ။ အ၀ီစိရေတွင်းတူးလျှင် မိုးရွာမှ မြေပျော့သည်ဆိုပြီး၊ ဟိုတူးဒီဆွ လုပ်၍မရပါ။ ရေကြောကို သေသေချာချာရှာ၍ လိုအပ်သော စက်ကိရိယာအကူအညီဖြင့် စနစ်တကျတူးမှသာ နောင်လာနောက်သားများ နှစ်ပေါင်းများစွာ သောက်သုံးနိုင်သော အ၀ီစိရေတွင်းတခုကို တူးဖော်ထားရှိနိုင်ပါလိမ့်မည်)

ဒီမိုကရေစီသစ္စာဖြင့်

ခင်မမမျိုး (၁၀၊ ၆၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

Humanitarian Intervention စာဖတ်ဝိုင်း (၃)

Monday, June 9, 2008

Solidarist case for Humanitarian Intervention

Solidarism:

S
olidarism argues that states have both a legal right and a moral duty to intervene in situations of genocide and mass killing that offend against minimum standards of humanity. Solidarist claimed that whatever the legality of humanitarian intervention, there is a moral duty of forcibly intervention in situations of extreme humanitarian emergency. (Wheeler & Bellamy, 2005: 559)

Counter-restrictionist:

C
ounter-restrictionist case for a legal right of individual and collective humanitarian intervention rests on two claims:

(1) the UN Charter commits states to protecting human rights
(2) there is a right of humanitarian intervention in customary international law (Arend and Beck, 1993: 132)

With reference to the preamble to the UN Charter and Article 1 (3), 55 and 56 of the Charter, it is clear that the human rights provisions of the Charter provide a secure legal basis for unilateral forcibly intervention. (Reisman and McDougal, 2000)

Also, states were permitted to engage in humanitarian intervention under pre-Charter customary international law. Humanitarian intervention' right exists in customary international law already. (Arend and Back, 1993: 6)


Morally requirement:
Humanitarian intervention belongs in the realm not of law but of moral choice which nations must sometimes make. Morally required is a much stronger one than the proposition that there is a legal right to engage in this practice because while the existence of a right enables action it does not determine it. (Franck and Rodley, 1973: 304)







အပြည့်အစုံဖတ်ချင်ရင်..>>>

Humanitarian Intervention စာဖတ်ဝိုင်း (၂)

Monday, June 2, 2008

Definition of Intervention

Activity undertaken by a state, a group within a state a group of states or international organizations which interferes coercively in the domestic affairs of another state. It is a discrete event having a beginning and an end, and it is aimed at the authority structure of the target state. It is not necessarily lawful or unlawful, but it does break a convention pattern of international relations. (Vicent, 1974: 13)

Arguments

The majority of international lawyers, restrictionists argue that the prohibition of the use of force in Article 2 (4) of the UN Charter renders forcible humanitarian intervention illegal. The only exception to this general ban is the right of self-defence in Article 51 of the Charter. But the counter-restrictionists argue that there is a legal right of unilateral and collective humanitarian intervention in the society of states. (Nicolas, Wheeler & Alex, 2005: 560)

Exceptions to the non-intervention principle

Th
e international community hs produced a number of conventions setting standards on human rights that go well beyond the proclamation of basic rights. The hard question is whether these standards legitimize action, either by international society as a whole or by states as its agents. Or, to put another way, does a threat to life on the New York subway or in the Sahara desert trigger an international obligation to respond? Is intervention legitimate in these circumstances?

The answer is plainly no in these circumstances. Humanitarian intervention is reserved for extraordinary oppresion, not the day-to-day variety. If a threat to life on the New York subway became the systematic killing of all commuters from New Jersey, or the threat to life in the Sahara dessert reached famine proportions, in which local governments were implicited by failing to meet their responsibilities, then there might fall to the international community a duty of humanitarian intervention. (Vincent, 1986: 126-127)

အပြည့်အစုံဖတ်ချင်ရင်..>>>

Free online economics books (you can download legally)

Introduction to Economic Analysis, by R. Preston McAfee (2007). ‘Open source’ intermediate undergraduate microeconomics textbook. Website also has slides for teaching.
Introduction to Modern Economic Growth, by Daron Acemoglu (2007, draft). Advanced economic growth theory.
The Econometrics of Macroeconomic Growth, by Steven Durlauf, Paul Johnson and Jonathan Temple (2004, draft). Advanced growth textbook.
Environment Economics, by Ross McKitrick (2007, draft). Intermediate environmental economics textbook.
Against Intellectual Monopoly, by Michele Boldrin and David Levine (2007). A critical analysis of intellectual property.
Invisible Engines, by David Evans, Andrei Hagui and Richard Schmalensee (2007). Non-technical book about two-sided software platforms.
Lecture notes in Microeconomic Theory, by Ariel Rubinstein (2006). Advanced microeconomic theory textbook.
Discrete Choice Methods with Simulation, by Kenneth Train (2003). Advanced textbook on estimating and simulating discrete choice models.
Industrial Organization: A Strategic Approach, by Jeffrey Church and Roger Ware (2000). Intermediate industrial organization textbook.
Short Course on Nonlinear Pricing, by Robert Wilson (1999). Advanced textbook on nonlinear pricing theory and applications.
Law’s Order: An Economic Account, by David Friedman (1999). Economics of the law.
Modelling Bounded Rationality, by Ariel Rubinstein (1998). Game theoretic models of bounded rationality (advanced).
Economics and Language, by Ariel Rubinstein (1996). The economics of language and language of economics.
Price Theory, by David Friedman (1990). Intermediate microeconomics textbook with a slightly unconventional viewpoint.
Bargaining and Markets, by Martin J. Osborne and Ariel Rubinstein (1990). Advanced bargaining theory textbook.

( data sources from www.26econ.com)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP