ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

World Day of Social Justice (20.2.2009)

Saturday, February 21, 2009

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်စဉ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို World Day of Social Justice လို့ သတ်မှတ်ထားပါတယ်။

Social Justice နဲ့ပတ်သက်ပြီး၊ လူအများက အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုထားကြပါတယ်။ ဒီအထဲက ခပ်တိုတိုနဲ့ ဆိုလိုရင်းအနက်ကို ဖော်ပြပေးထားတာကတော့ Global Exchange အဖွဲ့ကြီးကို တွဲဖက်တည်ထောင်သူလည်းဖြစ်၊ အမှုဆောင်ဒါရိုက်တာလဲဖြစ်တဲ့ Kirsten Moller ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်လေး ဖြစ်ပါတယ်။ သူက

“Social Justice ဆိုတာ ဆာလောင်ပြီး အိပ်ယာဝင်ရတဲ့ ကလေးငယ်လေးတွေ မရှိစေရဘူး။ လူသားတိုင်း အမိုးအကာမဲ့နေတာ၊ ကျန်းမာရေးစောင့်ရှောက်ခံရမှု မရှိတာတွေစတဲ့ ဒုက္ခဆိုးတွေက ကင်းဝေစေရမယ်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ပတ်သက်ပြီး လူတွေအားလုံး လွတ်လပ်စွာ ပါဝင်ဆွေးနွေးခွင့်ရှိရမယ်” လို့ဆိုထားခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့  အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ ကျွန်မတို့ မြန်မာပြည်မှာ ဒီလို လူမှုရေးတရားမျှတမှု (Social Justice) ရှိနေပါရဲ့ လား။ ဆာလောင်မွတ်သိပ်ပြီး အိပ်ယာဝင်လိုက်ရတဲ့ ကလေးငယ်လေးတွေ ဘယ်လောက်ရှိနေသလဲ။ အမိုးအကာမဲ့ပြီး တောထဲမှာ ပြေးလွှားနေကြရတဲ့ တိုင်းရင်းသား မိသားစုဝင်တွေ ဘယ်လောက်များနေသလဲ။ အသပြာမရှိရင် ဆေးရုံ၊ ဆေးခန်းတွေ အနီးကို သွားရဲသူ ရှိပါသလား။ တိုင်းပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းအတွက် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေ ရှိနေပါရဲ့ လား။

မြန်မာပြည်မှာ လူမှုရေးတရားမျှတမှုတွေ ထွန်းကားလာဖို့ မြန်မာများအားလုံး ၀ိုင်းဝန်း လုပ်ဆောင်ကြပါစို့။







(songs- Democratic Voice of Burma)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP