ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

လွမ်းမိပါရဲ့

Sunday, July 25, 2010

မြန်မာပြည်က မထွက်လာခင်တုန်းကပါ။ ဆရာမတယောက်ကို သွားကန်တော့တုန်းမှာ ဆရာမက စကားတခွန်းပဲ ပြောတယ်။ ဘာတွေပဲ ဖြစ်ဖြစ် မမေ့အပ်တဲ့ အရာဟာ မွေးဖွားရာ ဇာတိမြေပဲတဲ့။

ဇာတိမြေဆိုတာကို မေ့တတ်သူတွေ ရှိနေလို့လဲ မမေ့အပ်ဘူးလို့ ပြောတာ နေပါလိမ့်မယ်။

ဘယ်လို အခြေအနေ၊ အချိန်အခါမျိုးတွေကျရင် ဇာတိမြေဆိုတာကို မေ့တတ်သွားနိုင်သလဲ ကျွန်မတော့ မသိ။

ကျွန်မအတွေးနဲ့ နှလုံးသားထဲမှာတော့ ဇာတိမြေဆိုတာကို မေ့တတ်တာ၊ မမေ့အပ်တာတွေထက် ဘယ်လိုမှ မမေ့နိုင်တဲ့ လွမ်းစိတ်တွေက မှီခိုတွဲနေဆဲ။

အချိန်အားလေးတွေရရင် သီချင်းလေးတွေ နားထောင်မိဆဲ။ ဇာတိမြေရယ်၊ လွမ်းမိပါရဲ့။





  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP