ဟိုနားဒီနား
စုကာရယ်
နိုင်ငံရေးအခြေအနေ
ဆွေးနွေးကွယ်။
သတင်းလေးတွေ
နားမှာစွင့်
လက်ဆင့်ကမ်းပါ
အဆင့်ဆင့်။
ကွန်ယက်လေးတွေ
ချိတ်ရာဝယ်
ရန်သူ့လူလဲ
ဂရုစိုက်ကွယ်။
လိုင်းအချင်းချင်း
မပူးပါနဲ့
လုံခြုံရေးကို
ထည့်ကာတွက်။
အာဏာရှင်စနစ်
ဖြိုဖျက်မယ်
ပြည်သူလူထု
အားနဲ့ကွယ်။
သွေးခွဲစကားတွေ
မယုံနဲ့
ပန်းတိုင်ဆီသို့
လှမ်းချီတက်။
ခင်မမမျိုး (၃၁၊ ၇၊ ၂၀၀၉)