ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info  တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
 
    အမေစုရဲ့တိုက်ပွဲခေါ်သံ
 
  တို့ရွှေမြန်မာအရေး
  ယူအင်ကို
  အားကိုးခဲ့ကြ။
 
  သံဃာ့သွေးတွေ
  မြေမှာလွှမ်းတော့လဲ
 “ယူအင်ရယ်-
  ကယ်ပါ၊ ကယ်ပါ”။
 
  နာဂစ်နဲ့
  ရေတွေနစ်တော့လဲ
 “ယူအင်ရယ်-
  ကယ်ပါ၊ ကယ်ပါ”
 
  တကယ်တမ်းကျတော့
  ယူအင်သည်လဲ
  ကယ်တင်ရှင်မဟုတ်၊
  တောင်မင်းမြောက်မင်းသည်လဲ
  ကယ်နိုင်သည်မဟုတ်။
 
 ကိုယ့်အရေး
 ကိုယ်လုပ်ကြရမယ်၊
 မတရားတာကို
 တော်လှန်ကြရမယ်။
 
  ဒီသတင်းစကား
  အမေစုပေးနေပြီ။
  အမေစုရဲ့
  တိုက်ပွဲခေါ်သံ
  ကြားကြရဲ့လားကွယ်ရို့။
 
 ခင်မမမျိုး (၂၇၊ ၈၊ ၂၀၀၈)