မန္တလေးနှင့် အနီးတ၀ိုက်မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးအန္တရာယ် ကျရောက်နေပါသည်။ မိုးဆက်လက် ရွာသွန်းပြီး ဆည်များ ကျိုးပေါက်မှုရှိလာပါက သဘာဝဘေးအန္တရာယ် ကျရောက်မှုမှာ ပိုမို ဆိုးရွားလာနိုင်ဖွယ် ရှိပါသည်။
မန္တလေး မြို့အတွင်းတွင်ပင် လူအများ သေကြေပျက်စီးခြင်းနှင့် အိုးအိမ်ဆုံးရှုံးမှုများ ဖြစ်ကာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားကျောင်းကန်နှင့် ၀ိုင်အမ်စီအေ စသည့်နေရာများတွင် ခေတ္တခိုလှုံနေထိုင်နေကြရပါသည်။
ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများမှ လူမှုရေး အသိ၊ မိသားစု စိတ်ဓာတ်တို့ဖြင့် တနိုင်တပိုင် ၀ိုင်းဝန်းကူညီပေးကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၂၊ ၁၀၊ ၂၀၁၀)
ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
မန္တလေး ရေဘေး အသိပေး နှိုးဆော်ချက်
Tuesday, October 12, 2010
အခြေအမြစ် မခိုင်လုံသော သတင်းများအား တုန့်ပြန်ချက်
Thursday, April 15, 2010
ရက်စွဲ။ ။ ဧပြီလ (၁၅) ရက်၊ ၂၀၁၀ ခုနှစ်
အခြေအမြစ် မခိုင်လုံသော သတင်းများအား တုန့်ပြန်ချက်
(၁) ရန်ကုန်မြို့၊ ကရ၀ိတ်အနီး ကန်တော်ကြီးစောင်း ရေကစားမဏ္ဍပ်တွင် ဗုံးများ ပေါက်ကွဲပြီး လူအများသေကြေ ထိခိုက်ဒဏ်ရာ ရမှုနှင့် ပတ်သက်၍ Aung Zaw အမည်ခံသူ မှ
(၂) အထက်ပါ သတင်းအချက်အလက်တွင် ပါဝင်သော ပြည်ပ အခြေစိုက် NCUM ဆိုသည်မှာ မှန်ကန်ခြင်း မရှိပါ။ မြန်မာအမည်ဖြင့် ပြည်ထောင်စုအမျိုးသားကောင်စီ- မြန်မာနိုင်ငံ ဟု အမည်တွင်သော National Council of the Union of Myanmar (NCUM) အဖွဲ့အစည်းသည် ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး၊ ပြည်ပတွင် အလုပ်မှုဆောင်အဖွဲ့ငယ်သာ ထားရှိသည့် အဖွဲ့ဖြစ်သည်။
(၃) NCUM အဖွဲ့ စတင် ပေါ်ပေါက်လာချိန်မှစတင်၍ အဖွဲ့အစည်း၏ Manifesto ကို ကြေငြာထားခဲ့ရာတွင် ဥယျောဇဉ်၌ “မည်သို့သော အကြမ်းဖက်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှု သဏ္ဍာန်မျိုးစုံကိုမဆို ကန့်ကွက်ဆန့်ကျင်သည်” ဟု ပါရှိပြီး ဖြစ်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်သော အဖွဲ့အစည်း၏ ရပ်တည်ချက်မှာ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းလျက်ရှိသည်။
(၄) ကိုအောင်ဇော်၏ စွပ်စွဲချက်တွင် ပါဝင်သော အချက်ဖြစ်သည့် ဖောက်ခွဲရေးသမား (၅) ဦးဆိုသည်နှင့် ပတ်သက်၍ မိမိတို့ အဖွဲ့အစည်းသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေတတ်သော ဖောက်ခွဲရေးနှင့် အကြမ်းဖက်ရေးကို ဆန့်ကျင်သည့် အဖွဲ့ဖြစ်သဖြင့် မည်သည့် ဖောက်ခွဲရေးသမားများ ကိုမှ လေ့ကျင့်သင်တန်းပေးခြင်းနှင့် ပြည်တွင်းသို့ စေလွှတ်ခြင်းများ မရှိကြောင်း အခိုင်အမာ ပြောကြားလိုသည်။
(၅) ထို့အပြင် ကိုအောင်ဇော်၏ စွပ်စွဲချက်အား ကိုးကားထားသော မဲဆောက်နိုင်ငံရေး အသိုင်းအ၀ိုင်းဆိုသည်မှာ မည်သူမည်ဝါဟု သတင်းအပြည့်အစုံ ဖော်ပြထားခြင်း မရှိသဖြင့် အခြေအမြစ် မရှိသော ကောလဟလ သတင်း တရပ်သာ ဖြစ်သည်။
(၆) သို့ဖြစ်ရာ အခြေအမြစ် မရှိသော ကောလဟလ သတင်းများကို အခြေခံ၍ အွန်လိုင်းပေါ်တွင် သတင်းများဖြန့်ဝေသော ကိုအောင်ဇော် အမည်ခံသူ၏ လုပ်ရပ်သည် မိမိတို့အဖွဲ့အစည်း၏ နိုင်ငံရေး ရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို တိုက်ရိုက်ထိပါး စော်ကားခြင်းဖြစ်သည်။ အခြေအမြစ်မရှိသော သတင်းများဖြင့် လူပုဂ္ဂိုလ်ကိုသော်လည်းကောင်း၊ အဖွဲ့အစည်းတရပ်ကိုသော်လည်းကောင်း စွပ်စွဲမှုများ ပြုလုပ်ခြင်းသည် ဥပဒေကြောင်းအရ အရေးယူ တရားစွဲဆိုနိုင်သော ပြစ်မှုများ ဖြစ်သဖြင့် ရပ်တန်းက ရပ်ရန်နှင့် မိမိတို့အဖွဲ့အစည်းသည် နိုင်ငံရေးရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စော်ကားလာသည့် မည်သို့သော လုပ်ဆောင်ချက်မျိုးကိုမဆို လက်ခံမည် မဟုတ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
ရွှေစင်ထွန်း
ပြည်ပတာဝန်ခံကိုယ်စားလှယ်
ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)
Tel: (+1) 301-523-9292
ခင်မမမျိုး
ညွှန်ကြားရေးမှူး (မဟာဗျူဟာနှင့် မူဝါဒရေးရာဌာန)
ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)
Tel: (+44) 778-406-3636
www.ncum.info
မိုင်းအန္တရာယ် သိမှတ်ဖွယ်
Sunday, April 4, 2010
မိုင်းဆိုသည်မှာ
မိုင်းဆိုတာ လူကို သေစေတတ်တဲ့၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရစေတတ်တဲ့ ပေါက်ကွဲပစ္စည်းတွေ ပါဝင်တဲ့ အရာဝတ္ထု တခုဖြစ်ပါတယ်။ မိုင်းတွေကို မြေပြင်ပေါ်မှာ တွေ့ရှိနိုင်သလို မြေကြီးထဲမှာ မြှုပ်နှံထားတာတွေလဲ ရှိပါတယ်။ မိုင်းတွေမှာ ဒီဇိုင်းတွေ အမျိုးမျိုး ကွဲပြားသလို ထိခိုက်မှု ဖြစ်စေနိုင်မှုကလဲ ပေါက်ကွဲအားပေါ် မူတည်ပြီး ကွဲပြားပါတယ်။
မိုင်းအသုံးပြုမှု သမိုင်းကြောင်း
ပထမကမ္ဘာစစ်အတွင်းမှာ တင့်ကားတွေကို စစ်လက်နက်ပစ္စည်းအဖြစ် စတင်အသုံးပြုလာချိန်က စပြီး တင့်ကားတွေကို တိုက်ခိုက်ဖို့ မိုင်းတွေကိုလဲ စတင်အသုံးပြုလာကြပါတယ်။ ဒါကြောင့် ကမ္ဘာ့စစ်တပ်အသီးသီးမှာ မိုင်းတွေကို ရှာဖွေရှင်းလင်းတဲ့ အထူးတပ်တွေကိုပါ စတင် ဖွဲ့စည်းလာကြပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာတလွှားမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေမှာ မိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။
ဘာကြောင့် မိုင်းကို အသုံးပြုရသလဲ
(၁) စစ်အခြေစိုက်စခန်းများကို ကာကွယ်ရန်
(၂) ရန်သူ့စစ်ကြောင်းများကို လမ်းလွှဲရန် (သို့မဟုတ်) သတ်ကွင်းသို့ မောင်းသွင်းရန်
(၃) အချို့သော လမ်းကြောင်းများကို ရန်သူများ အသုံးပြုခြင်းမှ ရှောင်ရှားစေရန်၊ နယ်မြေစိုးမိုးရန်
(၄) ရန်သူ့လှုပ်ရှားမှုများ နှောင့်နှေးကြန့်ကြာစေရန်
(၅) နိုင်ငံများအကြား ကျူးကျော်မှုများကို တားဆီးရေးအတွက် နယ်စပ်ဒေသ ကာကွယ်စောင့်ရှောက်ရန်
(၆) ရန်သူများအား ထိခိုက်ဒဏ်ရာရစေရန်၊ သေကြေပျက်စီးစေရန်
ပေါက်ကွဲစေတတ်သော ပစ္စည်းအမျိုးအစားများ
(၁) anti-personnel landmines
ဒီမိုင်းအမျိုးအစားမှာ မြေမြှုပ်မိုင်းနဲ့ ဆွဲမိုင်းတွေ ပါဝင်ပါတယ်။
(၂) Anti-armor (တင့်ကားများ၊ လက်နက်ကြီးများ)
တင့်ကားတွေနဲ့ လက်နက်ကြီးတွေကို ဖောက်ခွဲဖို့ အသုံးပြုလေ့ရှိတဲ့ မိုင်းအမျိုးအစားဖြစ်ပါတယ်။
(၃) ခဲယမ်းမီးကျောက်များ
လက်ပစ်ဗုံး၊ လက်နက်ကြီးကျည်၊ မော်တာကျည်၊ ဒုံးကျည်၊ ကျည်ဆံ စတာတွေ ဖြစ်ပါတယ်။
(၄) လက်လုပ်ဗုံးများ
(၅) ဓာတုပစ္စည်းများ
မိုင်းနှင့် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များကြောင့် ဖြစ်ပွားတတ်သော ပျက်စီးဆုံးရှုံးမှုများ
(၁) ကိုယ်ခန္ဓာ ထိခိုက်မှု- မိုင်းတွေ ပေါက်ကွဲခြင်းကြောင့် လူတွေ သေကြေပျက်စီးတာ၊ ခြေလက်အင်္ဂါဆုံးရှုံးတာ၊ အမြင်အာရုံ ချို့ယွင်းတာတွေ ဖြစ်စေနိုင်ပါတယ်။
(၂) စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု- မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းပြီး သိမ်ငယ်စိတ်များ ဖြစ်စေနိုင်ပါတယ်။
(၃) စီးပွားရေးဆိုင်ရာ ထိခိုက်မှု- မြေမြှုပ်မိုင်းတွေကို လယ်ယာမြေတွေမှာ မြှုပ်နှံမှုတွေကြောင့် ကျွဲနွားတွေ သေကြေပျက်စီးမှုဟာ လယ်သမား၊ ယာသမားတွေရဲ့ စီးပွားရေးကို ထိခိုက်စေပါတယ်။ လူကို ထိခိုက်ဒဏ်ရာရစေမှုမှာလဲ ထိခိုက်သူဟာ အိမ်ရဲ့ စားဝတ်နေရေးကို ရှာဖွေနေသူဆိုရင် မိသားစုတခုလုံးရဲ့ စားဝတ်နေရေးကို ထိခိုက်စေနိုင်ပါတယ်။ စိုက်ပျိုးမြေတွေကို စွန့်လွှတ်ရမှုတွေ ရှိစေပါတယ်။
(၄) ဘ၀ရပ်တည်ရေးဆိုင်ရာ ထိခိုက်မှု- အဆိုးဝါးဆုံးကတော့ သောက်သုံးရေ ရရှိနိုင်မယ့် နေရာဒေသတွေကို မသွားရဲအောင် ဖြစ်စေတတ်ပါတယ်။
ဘာကြောင့် လူတွေ မိုင်းအန္တရာယ်ရဲ့ သားကောင်တွေ ဖြစ်ကြရသလဲ
တချို့က ဒါကို ကံဆိုးလို့လို့ ဆိုတတ်ကြပါတယ်။ အရာအားလုံးမှာ ကံကိုယုံပြီး ဆူးပုံနင်းလို့ မရပါ။ မိုင်းအန္တရာယ်ရဲ့ သားကောင်ဖြစ်ရသူတွေကို လေ့လာကြရာမှာ နယ်မြေဒေသအခြေအနေကို သိရက်နဲ့ မလိုလားအပ်တဲ့ စွန့်စားမှုတွေ ပြုလုပ်တတ်သူတွေ အများအပြား ပါဝင်နေတာကို တွေ့ကြရပါတယ်။ ဘာကြောင့် ဒီလို စွန့်စားမှုတွေ လုပ်တတ်ကြသလဲ။
(၁) အမှုမဲ့၊ အမှတ်မဲ့နေခြင်း- မိုင်းနင်းပြီးမှ သေမယ်ဆိုတဲ့ လူဟာ သေမှာပဲ။ ရှောင်လို့ ရမှာ မဟုတ်ပါဘူး လို့ ယူဆပြီး အမှုမဲ့၊ အမှတ်မဲ့နေခြင်း။ အန္တရာယ်ကို ထည့်သွင်းစဉ်းစားမှု မပြုခြင်း
(၂) အတင့်ရဲခြင်း- အန္တရာယ်မှ လွတ်မြောက်ထားဖူးသူများမှ နောင်တွင်လည်း လွတ်မြောက်မည် ယူဆပြီး အတင့်ရဲခြင်း
(၃) စွန့်စားခြင်း- အန္တရာယ်ရှိမှန်း သိလျက်နှင့် စွန့်စားသွားလာလိုစိတ်ရျိခြင်း
(၄) စီးပွားရေးလိုအပ်ချက်- သံထည်ပစ္စည်းများအား ရှာဖွေရောင်းချခြင်း (စစ်အတွင်းမှ ကျန်ရစ်သော ဗုံးဆန်၊ အမြောက်ဆန်များကို ရှာဖွေရင်း အသက်ဆုံးရှုံးမှုများ ရှိတတ်ပါတယ်)
မိုင်းနှင့် ခဲယမ်းမီးကျောက်အန္တရာယ် ရှိနိုင်သော နေရာဒေသများ
ပျက်စီးနေသော အဆောက်အအုံများ
ဖုန်းဆိုးမြေ
စစ်တလင်း ဒေသ ကွင်းပြင်များ
တောလမ်းများ
ယာယီအခြေစိုက် စစ်ခန်းချရာနေရာများ
တိုက်ပွဲများ ဖြစ်ပွားတတ်သည့် ဒေသများ
စစ်ကြောင်းများသွားလာလှုပ်ရှားတတ်သော လမ်းများ
စွန့်ပစ်ထားသော စစ်လက်နက် ပစ္စည်းများ
စွန့်ပစ်ထားသော အဆောက်အဦး၊ နေရာဒေသများ
အချက်ပြအမှတ်အသားများ
အနီးအနားမှ သစ်ပင်များတွင် စတုရန်း၊ ထောင့်မှန်စတုဂံ၊ တြိဂံနှင့် အန္တရာယ် အချက်ပြအမှတ်အသားများ ရှိတတ်သည်။ အဆိုပြအချက်ပြအမှတ်အသားများ မရှိသော်လည်း မိုင်းနှင့် ပေါက်ကွဲစေသော ခဲယမ်းမီးကျောက် အန္တရာယ်ရှိသည်ဟု ယူဆနိုင်သော သက်သေများမှာ သေဆုံးနေသော တိရစ္ဆာန်များ၊ မိုင်းအစိတ်အပိုင်းများ၊ ဆွဲမိုင်း ၀ါယာများ၊ လုံခြုံရေး အစို့အပိတ်များ၊ ပုံမှန်မဟုတ်သော အမိုက်သရိုက် အစုအပုံများ၊ ကျည်ခွံများ ပျံ့ကျဲနေမှုများ၊ ပုံမှန်မဟုတ်သော နယ်မြေဒေသအခြေအနေ စသည်တို့ဖြစ်သည်။
မိမိနှင့် အကျွမ်း မ၀င်သော နယ်မြေလမ်းခရီးကို သွားရောက်ပါက လိုက်နာဆောင်ရွက်ဖွယ်များ
(၁) နယ်မြေခံလူထုနှင့် တာဝန်ရှိသူများအား လုံခြုံသော လမ်းကြောင်းကို မေးမြန်းရန်
(၂) တောလမ်းခရီး အသုံးပြုခြင်းမှ ရှောင်ရှားရန်
(၃) လမ်းကြောင်းနှင့် လှေကားထောင့် စသည်များမှ အတားအဆီးများကို သတိပြုရန်
(၄) မိမိ မမြင်ဖူးသော ပစ္စည်းတစုံတရာကို တွေ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ရှားရန်
သံသယဖြစ်ဖွယ် ပစ္စည်းအား တွေ့ရှိပါက မည်သို့ ပြုမူဆောင်ရွက်မည်နည်း
(၁) အနီးသို့ မသွားပါနှင့်။ (ပစ္စည်းမဟုတ်ပဲ ပေါက်ကွဲမှုကြောင့် ရသော ဒဏ်ရာနှင့် လဲလျောင်းနေသူ ဖြစ်စေကာမူ အစောတလျင် အနီးသို့ မသွားပါနှင့်။ ၀န်းကျင်တွင် ထပ်မံ ပေါက်ကွဲစေတတ်သော မိုင်းများ ရှိနေတတ်သည်)
(၂) မကိုင်ပါနှင့်
(၃) ပစ္စည်းကို ယူဆောင်ပြီး မလွှင့်ပစ်ပါနှင့်
(၄) နီးစပ်ရာ တာဝန်ရှိသူများကို ဆက်သွယ်ပါ
မိုင်းကွင်းထဲ ရောက်နေပါက ပြုလုပ်ဖွယ်ရာများ
(၁) စိတ်ကို အေးအေး ထားပါ
(၂) လှုပ်ရှားမှုများကို ရပ်တန့်ပါ
(၃) မည်သည့်သံသယဖြစ်ဖွယ်ပစ္စည်းများကိုမှ မကိုင်တွယ်ပါနှင့်
(၄) လူသူများအနီးအနားတွင် ရှိပါက အော်ဟစ်အကူအညီတောင်းပါ။
မိုင်းအန္တရာယ်ကို လူအများ အဘယ်ကြောင့် သတိပြုသင့်သနည်း။
မိုင်းအန္တရာယ်ကြောင့် အနည်းဆုံး ခြေတဘက်ဆုံးရှုံးကြရသူများ ကမ္ဘာပေါ်မှာ အမြောက်အမြား ရှိနေပါတယ်။ မိုင်းများကို ဖယ်ရှားရတာက ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်ထက် ပိုမို ကုန်ကျလျက်ရှိပါတယ်။ မိုင်းအန္တရာယ်သားကောင်များရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအ၀င် အရပ်သားပြည်သူလူထုသာဖြစ်ပါတယ်။ မိုင်းအန္တရာယ်ဟာ နှစ်ပေါင်းများစွာ ကြာအောင် လူ့အဖွဲ့အစည်းကို ခြိမ်းချောက်နေဦးမှာပါပဲ။
မိုင်းအန္တရာယ်ကင်းဝေးရေးအတွက် ဘာတွေ လုပ်ဆောင်သင့်သလဲ။
မိုင်းအန္တရာယ် ကင်းဝေးရေးအတွက် အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေအပါအ၀င် ပြည်သူလူထု တရပ်လုံးက နိုးနိုးကြားကြား ပါဝင်ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံတကာမှာ ပြုလုပ်လေ့ရှိတဲ့ လုပ်ငန်းဆောင်တာတွေကတော့
(၁) မိုင်းအန္တရာယ် ပညာပေးခြင်း (Mine Risk Education)
ရုပ်မြင်သံကြား၊ ရေဒီယို၊ စာနယ်ဇင်း စတာတွေကနေတဆင့် မိုင်းအန္တရာယ်ကို လုအများ သတိထားမိလာအောင် ပညာပေးခြင်း
မိုင်းအန္တရာယ်ဖြစ်ပွားမှု မြင့်မားသော နေရာဒေသများတွင် မိုင်းအန္တရာယ် ပညာပေးအဖွဲ့များ ဖွဲ့စည်းပြီး ကျေးရွာများတွင် လှည့်လည် ဟောပြောပညာပေးခြင်း
လူထုအခြေပြု မိုင်းအန္တရာယ် လျှော့ချရေး (Community based mine risk reduction- CBMRR) စီမံကိန်းများ အကောင်အထည်ဖော်ခြင်း
မိုင်းအန္တရာယ်သတိပြုမိစေရေး နေ့များ သတ်မှတ်ပြီး အခမ်းအနားများ ပြုလုပ်ခြင်း
ဆိုင်းဘုတ်များ ရေးဆွဲပြီး လူထုပညာပေးခြင်း
(၂) မြေမြှုပ်မိုင်း ရှင်းလင်းရေး (Mine Clearance- Demining)
မိုင်းရှင်းခွေးများ အသုံးပြုခြင်း
UXO (Unexploded Ordnance)များ ရှင်းလင်းခြင်း
စက်ပစ္စည်းများ အသုံးပြု ရှင်းလင်းခြင်း
(၃) အန္တရာယ် သားကောင်များအား ကူညီပံ့ပိုးခြင်း (Victims Assistance)
၂၀၀၉ ခုနှစ် Convention on Cluster Munitions (CCM) မှာ သားကောင်ဆိုတာကို မိုင်းအန္တရာယ်နဲ့ အခြား ခဲယမ်းမီးကျောက်များ အသုံးပြုမှုကြောင့် ကိုယ်ကာယပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှု၊ စီးပွားရေး ပျက်စီးဆုံးရှုံးမှု၊ လူမှုရေး ထိခိုက်နစ်နာမှုနဲ့ လူသားတယောက်ခံစားရမယ့် အခွင့်အရေးများ ဆုံးရှုံးရမှုတွေကို ကြုံတွေ့ခဲ့ရသူများလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီအထဲမှာ တိုက်ရိုက် ထိခိုက်သူတွေ ပါသလို သွယ်ဝိုက် ထိခိုက်ဆုံးရှုံးရတဲ့ မိသားစုဝင်တွေလဲ ပါပါတယ်။ ဒီလို သားကောင်တွေကို နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းက ကူညီစောင့်ရှောက်ရမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။
(၄) ကိုယ်စားပြု လျှောက်လဲချက်ပေးခြင်း (advocacy)
အန္တရာယ်ကို လူအများ သတိပြုမိလာအောင် ပြုလုပ်ခြင်း
မိုင်းအန္တရာယ် ကင်းဝေးရေး လှုပ်ရှားမှုများအတွက် လူ့စွမ်းအားနှင့် ဘဏ္ဍာရေး အရင်းအမြစ်များ ရှာဖွေအသုံးပြုခြင်း
နိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ မိုင်းများအသုံးပြုမှုနှင့် ဖယ်ရှားမှုများတွင် နိုင်ငံတကာ ဥပဒေများ၏ စံချိန် စံညွှန်းနှင့် အညီ ဆောင်ရွက်ခြင်း ရှိမရှိ လေ့လာစောင့်ကြည့်ခြင်း
အန္တရာယ်သားကောင်များ၏ လူ့အခွင့်အရေးများကို မီးမောင်းထိုးပြခြင်း
မိုင်းအန္တရာယ်ကင်းဝေးရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပါဝင်လာစေရန် ကင်ပိန်းများ ဖော်ဆောင်ခြင်း၊ စည်းရုံးလှုံဆော်ခြင်း
မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် ဘဏ္ဍာရေး ခွဲဝေ အသုံးပြုမှု စရိတ် တိုးမြင့်လာအောင် ဆောင်ရွက်ခြင်း
နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဘဏ္ဍာရေး အဖွဲ့များတွင် မိုင်းအန္တရာယ်ကင်းရှင်းရေး စီမံချက်များ ထွက်ပေါ်လာအောင် ကြိုးပမ်းခြင်း
အစီရင်ခံစာများ ထုတ်ဝေခြင်း
စတာတွေပဲ ဖြစ်ပါတယ်။
လူတိုင်း၊ လူတိုင်း မိုင်းနဲ့ ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များ အန္တရာယ်မှ ကင်းဝေးကြစေရန် ရည်သန်လျက်။
ခင်မမမျိုး (၄၊ ၄၊ ၂၀၁၀)
ရည်ညွန်းကိုးကား။
Australia Agency for International Development (2005) Mine Action Strategy, AUSADI
Chris Rush (2009) 'Sri Lanka: Mine Action in a Deteriorating Environment', Journal of Mine Action, 13 (3), Mine Action Information Centre
Geneva International Centre for Humanitarian Mining (2005) Mine Action: Lessons and Challenges, Geneva
Mudhafar Aziz Hamad (2007) 'The Child-to-Adult Method in Mine-risk Education', Journal of Mine Action, 11 (1), Mine Action Information Centre
Salomon Schreuder (2007) 'Iraq Facing the Legacy of Landmines and Explosive Remnants of War', Journal of Mine Action, 11 (2), Mine Action Information Centre
United Nations (2010) Gender Guidelines for Mine Action Programmes, March, 2010
US Department of State (2005) The Landmine Action Smart book, 2nd edition
Emotional Bank Account
Tuesday, November 10, 2009
ကျွန်မတို့ လူသားတွေ အားလုံးဟာ ခန္ဓာကိုယ်အသွေးအသား၊ စဉ်းစားဥာဏ်ရှိတဲ့ ဦးနှောက်၊ ခံစားတတ်တဲ့ စိတ်နှလုံးသားတွေနဲ့ လူ့ပတ်ဝန်းကျင်မှာ ကျင်လည်နေကြရပါတယ်။ နံနက်မိုးလင်းမှာ မျက်စိနှစ်လုံး စဖွင့်ချိန်ကစလို့ ခန္ဓာကိုယ်သန့်စင်ရေး၊ စားရေးသောက်ရေး၊ အိမ်အလုပ်၊ ကျောင်းအလုပ်၊ ရုံးအလုပ်စပြီး ကိုယ့်တာဝန်နဲ့ကိုယ် ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ နေ့စဉ်လူမှုဘ၀မှာ အတူနေတဲ့ မိသားစု၊ အိမ်ထောင်စုဝင်တွေက အစပြုလို့ ကျင်လည်နေရတဲ့ နယ်ပယ်အလိုက် လူအများနဲ့ မဖြစ်မနေ ဆက်ဆံကြရပါတယ်။ အဲဒီအခါမှာ အလုပ်၊ ကျောင်း၊ မိသားစု တာဝန်ဝတ္တရားတွေရဲ့ စိတ်ဖိစီးမှုတွေကြောင့် စိတ်ခံစားမှုအလိုက် စဉ်းစားတွေးခေါ် ပြောဆိုတာလေးတွေ ရှိတတ်တယ်။
လူကြီးသူမတွေကတော့ အိမ်က ပြဿနာ အလုပ်ထဲ မသယ်သွားနဲ့။ အလုပ်က ပြဿနာ အိမ်မသယ်လာနဲ့ လို့တောင် ဆိုစမှတ်ပြုကြပါရဲ့။ ရုံးထဲမှာလဲ ဒီနေ့တော့ ရာသီဥတု မသာယာဘူး ဆိုပြီး လူကြီးတွေရဲ့ စိတ်အခြေအနေကို အချင်းချင်း သတိပေး ပြောတတ်ကြတယ်။ မိသားစုတွင်းမှာလဲ မိဘနဲ့ သားသမီး ဆက်ဆံရေးတွေမှာ ပြဿနာတွေ ခဏခဏ တက်တတ်ကြတယ်။ အိမ်ထောင်ဘက် တွေအချင်းချင်း ရန်တွေ ဖြစ်ကြတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကြည့်မရဖြစ်တယ်။ အရမ်းခင်တဲ့ သူငယ်ချင်းတွေကနေ မခေါ်နိုင်၊ မပြောနိုင်တွေ ဖြစ်တာတွေလဲ ရှိတယ်။ အစည်းအဝေးတွေမှာ ကောင်းမိကောင်းရက် ဆွေးနွေးနေရင်းက ထငြင်းကုန်တာရှိတာ။ စိတ်မထိန်းနိုင်ပဲ ခွန်းကြီးခွန်းငယ် တွေဖြစ်ကြ၊ ထချကုန်တာတွေလဲ ရှိတယ်။
ကိုယ့်စိတ်က အားငယ်နေတဲ့အချိန်၊ ရှုံးနိမ့်နေတယ်လို့ ထင်ချိန်မှာ ပြောရိုးပြောစဉ်အတိုင်း လူတဘက်သားက ပြောတာကိုလဲ ဆရာလုပ်တယ် ထင်တတ်တယ်။ ကိုယ့်စိတ်က ဘ၀မြင့်နေတဲ့ အချိန်မှာ တဘက်လူက ကြည့်ရိုးကြည့်စဉ် ကြည့်တာကိုလဲ ကိုယ့်ကို စော်ကားနေတယ်လို့ ထင်တတ်တယ်။ လူတယောက်ကို အနုတ်လက္ခဏာကနေ ကြည့်မိပြီးရင် အပေါင်းလက္ခဏာဖြစ်လာဖို့ကလဲ တော်တော်ခဲယဉ်းပြန်ရော။ အပေါင်းလက္ခဏာနဲ့ ကြည့်မိရင်လဲ ဘာလုပ်လုပ်ကောင်းနေပြန်ရော။ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ ပြုမူဆောင်ရွက်ပုံတွေက လေ့လာလေ၊ နက်နဲလေ။ မိမိကိုယ်ကို လေ့လာကြည့်ကြရင်တောင် အတော်နက်နဲတဲ့ ကိစ္စ။ တခါတလေ ဒေါသထွက်သွားမိတဲ့ ကိစ္စတခုကို သွေးအေးချိန်မှာ ဘာကြောင့် ထွက်သွားရတာလဲ ပြန်စဉ်းစားကြည့်တော့ သွေးဆူချိန်မှာလောက် ဒေါသဖြစ်စရာ မကောင်းတော့တာတွေ လူတိုင်း ကြုံဖူးမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မတို့လူသားတွေဟာ တဦးတယောက်တည်းပဲ အပူအပင်ကင်းနိုင်သမျှ ကင်းကင်း နေတော့မယ်လို့ ယတိပြတ် မဆုံးဖြတ်နိုင်သေးစဉ်ကာလတခုအထိမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံ နေထိုင်နေကြရဦးမှာပဲ ဖြစ်ပါတယ်။
ကျွန်မဟာ ပင်ကိုယ်သဘာဝအရ စိတ်အတော်ဆတ်တဲ့ လူပါ။ နီးစပ်တဲ့ လူအများက စိတ်ရှည်တယ်၊ သည်းခံတတ်တယ် ဆိုကြပါတယ်။ ဒါပေမယ့် ကျွန်မသည်းမခံနိုင်တဲ့ ကိစ္စလေးတွေ တချို့ကလဲ ရှိတတ်တယ်။ တချို့ကိစ္စတွေကျတော့ သည်းခံလိုက်ရင်၊ ငြိမ်နေရင် ပြီးပေမယ့် တချို့ကိစ္စတွေကျတော့လဲ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းလိုက်မှ ပြီးနိုင်တာတွေကလဲ ရှိတတ်ပါတယ်။ ပြဿနာအမျိုးအစားပေါ် မူတည်မယ်ထင်ပါတယ်။ စိတ်ခံစားမှုနဲ့ တုန့်ပြန်မိတာတွေလဲ ရှိတတ်ပါရဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် အသက်အရွယ်၊ အခြေအနေတခု ရောက်လာချိန်ကျတော့ လူမှုပတ်ဝန်းကျင်ဆက်ဆံရေးမှာ အရေးကြီးတဲ့ Emotional Bank Accountကို ဖွင့်ဖို့ ကြိုးစားလာရပါတော့တယ်။ ဒီစကားလုံးလေးကို ကျွန်မ စတွေ့တာက Stephen Covey ရေးတဲ့ The 7 Habits of Highly Effective People: Powerful lessons in Personal Change ဆိုတဲ့ စာအုပ်ထဲမှာပါ။ စာရေးဆရာကတော့ လူသားတွေဟာ ငွေကြေးဓန ဘဏ်စာရင်းတွေ ဖွင့်ထားကြသလို Emotional Bank Accountကိုလဲ ဖွင့်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒီဘဏ်စာရင်းမှာ ထည့်သွင်းသင့်တဲ့ စာရင်းခြောက်ချက်ကိုလဲ သူက ဆိုထားပါသေးတယ်။
(၁) တဘက်သားကို နားလည်မှု
စာရေးဆရာက တဘက်သားကို နားလည်မှုရှိဖို့ ဆိုထားပါတယ်။ ကျွန်မကိုယ်တွေ့နဲ့ ယှဉ်ပြီး ပြောရရင်တော့ နားလည်တယ်ဆိုတဲ့ စကားလုံးလေးက အပြောလွယ်သလောက် အလုပ်အလွန်ခက်တဲ့ ကိစ္စပါ။ မိဘနဲ့ သားသမီးအကြား၊ ဆွေမျိုးသားချင်းအကြား၊ ငယ်ပေါင်းသူငယ်ချင်းတွေအကြားမှာတောင် နားလည်မှု လွဲမှားရာက ဆက်ဆံရေးအဆင်မပြေတာလေးတွေ ရှိတတ်တယ်ဆိုရင် သူစိမ်းသူမနဲ့ဆိုရင်တော့ ပိုဆိုးနိုင်ပါတယ်။ နားလည်မှုဆိုတာက ချက်ချင်းရနိုင်တာတော့ မဟုတ်ပါ။ အပြန်အလှန် နားလည်မှုရလာအောင် ကြိုးပမ်းယူရပါတယ်။ နားလည်မှုမရခင် ဆက်ဆံရေး ပြိုလဲသွားတာလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး နားလည်လာအောင် ကြိုးစားချင်စိတ်လေးရှိဖို့ကတော့ လိုအပ်လှပါတယ်။ တဘက်သားက ကိုယ့်စိတ်ကို အနှောင့် အယှက်ဖြစ်စေတဲ့ အပြောအဆို၊ အပြုအမူလေးတွေ ရှိလာရင် အခြေအနေ၊ အချိန်အခါ၊ သူပြုမူရတဲ့ အကြောင်းရင်း စတာတွေကို လေ့လာကြည့်ပြီးမှ တုန့်ပြန်သင့်တာကို တုန့်ပြန်တာမျိုးကို ဆိုလိုတာပါ။ သူ့နေရာကနေ တချက် ပြန်ဝင်စဉ်းစားကြည့်လိုက်တာမျိုးပါ။ မလွယ်ပါ။ အလွန်ခက်လှပါတယ်။ အခြေအနေ၊ အချိန်အခါတိုင်းမှာ ကျင့်သုံးလို့ မဖြစ်နိုင်ပေမယ့် ကျင့်သုံးလို့ ရနိုင်တဲ့ အခြေအနေမျိုးတွေလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့ မိတ်ဆွေဖြစ်လာမယ့်သူတွေ၊ မိတ်ဆွေဖြစ်ပြီးသူတွေကို ဆုံးရှုံးမှုနည်းမှာ အမှန်ပါပဲ။
(၂) အသေးအမွှားလေးတွေကို ဂရုစိုက်တတ်မှု
ဒီအချက်ကို ဖတ်ရတော့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ ယှဉ်ပြီး တွေးမိတယ်။ ကျွန်မတို့တတွေဟာ အလုပ်အလွန်များတဲ့ အချိန်တွေမှာ ဒီကိစ္စတွေကို မေ့လျော့နေ တတ်ကြပါတယ်။ ဒီအချက်က အာရုံထားတာနဲ့လဲ ပတ်သက်မယ်လို့ ကျွန်မတော့ ယူဆမိပါတယ်။ ကလေးတွေနဲ့ အသက်အရွယ်ကြီးသူတွေက လူလတ်ပိုင်းတွေထက် တခြားသူတွေကို ပိုဂရုစိုက် တတ်ကြပါတယ်။ လူလတ်ပိုင်းတွေကျတော့ ကြင်နာမှု၊ နွေးထွေးမှု မရှိတာလား ဆိုတော့ မဟုတ်ပါ။ တခြား အာရုံထားစရာတွေ များလို့ တယောက်နဲ့ တယောက် ဂရုမစိုက်မိကြတာပါ။ အနီးကပ်ဆုံး အိမ်ထောင်ဘက်တွေမှာတောင် တတိယအရွယ်ရောက်မှ တဦးနဲ့တဦး ပိုပြီး ဖေးဖေးမမ၊ နွေးနွေးထွေးထွေး တွေ ရှိလာကြတယ်လို့ ကျွန်မမိတ်ဆွေ အဖိုးကြီး၊ အဖွားကြီးများက ပြောကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေမှာလဲ မိသားစုအတွင်းမှာ၊ မိတ်ဆွေသူငယ်ချင်းတွေ အတွင်းမှာ၊ လုပ်ဖော်ကိုင်ဖက်တွေအတွင်းမှာ၊ ရဲဘော်ရဲဘက်တွေ အကြားမှာ၊ ဆရာတပည့်တွေအကြားမှာ အသေးအမွှားကိစ္စလေးတွေကို ဂရုတစိုက်နဲ့ နွေးနွေးထွေးထွေး ဆက်ဆံမှုလေးတွေ ရှိလာရင် ဆက်ဆံရေးက တော်တော်ပြေလည်နိုင်ပါတယ်။ သေးကွေးတဲ့ ကြင်နာမှုလေးတခုကနေ ဘ၀တသက်တာ မိတ်ဆွေတွေ ဖြစ်သွားတတ်တာတွေ ရှိသလို၊ သူငယ်ချင်းအရင်းတွေ ကြားမှာ ထားရှိရမယ့် အပြန်အလှန်လေးစားမှုကို ဖောက်ဖျက်တာလေးတခုကနေ တသက်လုံး မခေါ်နိုင်မပြောနိုင် ဖြစ်သွားတတ်တာလေးတွေလဲ ရှိတတ်လို့ပါ။ ဘ၀အတွေ့အကြုံလေးတွေမှာ ဘတ်စ်ကားပေါ်အတက် အိတ်လေးမတင်ပေးမိတာကနေ စားအိမ်သောက်အိမ် မိတ်ဆွေဖြစ်ခဲ့ဖူးတာ ရှိသလို၊ အမှတ်တမဲ့နဲ့ သူ့ရှေ့မှာ တခြား သူငယ်ချင်းတယောက်ကို ပိုဦးစားပေးမိသလို ဖြစ်သွားတာကို ခံစားသွားပြီး သူငယ်ချင်းအဖြစ်က ရပ်စဲခံခဲ့ရဖူးတာလဲ ရှိပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်လေးဟာ တစုံတရာတော့ လူ့ဘ၀အတွက် အကျုံးဝင်မှာ အသေအချာပါပဲ။ အသေးအမွှားလေးတွေကို ဂရုစိုက်ပါ။ လူတွေကို ကြင်နာပါ။ နွေးနွေးထွေးထွေး ဆက်ဆံပါ။
(၃) လူတဘက်သားအပေါ်မှာ လေးလေးနက်နက်ထားရှိမှု
စာရေးသူကတော့ ကတိပေးထားတဲ့ လုပ်ငန်းဆောင်တာလေးတွေကို မဖြစ်မနေ လုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။ အနည်းဆုံး မလုပ်ဆောင်ပေးနိုင်ရင်တော့ ပျက်ကွက်မှုအတွက် လေးလေးနက်နက် တောင်းပန်သင့်တယ်၊ အစားထိုးအစီအစဉ် လုပ်ပေးသင့်တယ်လို့ ကျွန်မကတော့ ထပ်ဆင့် ထည့်သွင်းချင်ပါတယ်။ အလုပ်သိပ်များတဲ့အခါမှာ အရေးကြီးမှု၊ ဦးစားပေးမှုပေါ် မူတည်ပြီး ပျက်ကွက်တာလေးတွေလဲ ရှိတတ်ပါတယ်။ ကျွန်မသားပေါက်စလေးကို ကြားရက် ညဦးပိုင်းတွေမှာ ကျွန်မစာဖတ်တာကို မနှောင့်ယှက်ပဲ သူ့ဘာသာ ကစားမယ်ဆိုရင် တနင်္ဂနွေနေ့မှာ ပင်လယ်ကမ်းခြေက ကစားကွင်းကို ခေါ်သွားမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ တိုက်ဆိုင်ချင်တော့ အဲဒီတနင်္ဂနွေနေ့တုန်းက သူ့ကို အ၀တ်တွေ အကုန်လဲပေးပြီးမှ တခြားပိုအရေးကြီးတဲ့၊ ဦးစားပေးသင့်တဲ့ ကိစ္စတခုပေါ်လာပါတယ်။ အွန်လိုင်းပေါ် ရောက်နေရတာကြောင့် သူ့ကို တီဗွီကာတွန်းလေးပဲ ဖွင့်ပေးလိုက်ရပါတယ်။ နောက်တပတ် တနင်္ဂနွေနေ့မှာ အပြင်သွားရအောင်ဆိုပြီး အ၀တ်လဲပေးဖို့ ခေါ်ပါတယ်။ သူကျွန်မဆီ ချက်ချင်းမလာဘူး။ ကျွန်မကိုကြည့်တဲ့ သူ့မျက်လုံးလေးထဲမှာ အရိပ်တချို့ကို ကျွန်မခံစားလို့ ရနေသလိုပဲ။ ဒါနဲ့ ကျွန်မကိုယ်တိုင် အ၀တ်အရင်လဲရပါတယ်။ ဖိနပ်စီးပြီး၊ အားလုံးပြင်ဆင်ပြီးမှ သူ့ကိုခေါ်တော့ အပေါ်အကျီင်္လေးကို သူ့ဘာသာသူ ချွတ်ပြီး ကျွန်မဆီ ပြေးလာတော့တာပါပဲ။ သုံးနှစ်နီးပါး ကလေးငယ်လေးမှာတောင် ယုံကြည်မှုနဲ့ တဘက်သားအပေါ် အလေးအနက်ထားမှု ရှိမရှိအပေါ် ခံစားတတ်ပါလားဆိုတာ မျက်မြင်တွေ့လိုက်ရပါတယ်။ ဒါကြောင့် တဘက်သားအပေါ် အလေးအနက် ထားပါ။ ကတိပေးပြီးရင် ကြိုးစားလုပ်ပေးပါ။ အခြေအနေကြောင့် ပျက်ကွက်ခဲ့ရရင် ရှင်းပြတောင်းပန်ပါ။ တဘက်သားကို တခြားအစားထိုး အစီအစဉ်လေးတွေ လုပ်ပေးပါလို့ ဆိုချင်ပါတယ်။
(၄) မျှော်မှန်းချက်ကို ရှင်းရှင်းလင်းလင်း ပြောပါ
စာရေးသူကတဦးနဲ့ တဦး မျှော်မှန်းချက်ကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပေးဖို့ ဆိုထားပါတယ်။ အနည်းငယ်ခက်တာ အမှန်ပေမယ့် ခုရှုတ်မှ နောင်ရှင်း ဆိုသလိုပဲ ကျွန်မဘ၀ကိုယ်တွေ့အရဆိုရင်တော့ ကနဦးအစကတည်းက အားလုံးရှင်းထားတာ ကောင်းပါတယ်။ အလုပ်ခွင်ဆက်ဆံရေးမှာ၊ မိဘနဲ့သားသမီး ဆက်ဆံရေးမှာ၊ အိမ်ထောင်ရေးတွေမှာ ပြဿနာ အဖြစ်ဆုံး အချက်က ဒီအချက်ဖြစ်ပါတယ်။ မျှော်မှန်းချက်လို့ ဆိုလိုက်ရင် လူတွေက ငွေတွေ၊ စိန်တွေ သွားမြင်ကြပါတယ်။ အဲဒါတွေကို ဆိုလိုတာမဟုတ်ပါ။ လူတဦးနဲ့ တဦး မိတ်ဆွေဖြစ်တယ်ဆိုရင် တဦးနဲ့ တဦး မိတ်ဆွေဖြစ်ချင်တဲ့ မျှော်မှန်းချက် ရှိလို့ မိတ်ဆွေဖြစ်တာပါ။ အဲဒီမှာမှ ကိုယ်က ဘယ်လိုမိတ်ဆွေမျိုးလိုချင်တာလဲ။ ဈေးအတူသွားဖို့ မိတ်ဆွေလား၊ ဖုန်းဆက်စကားပြောဖို့ မိတ်ဆွေလား၊ တဦးနဲ့တဦး တိုင်တိုင်ပင်ပင်လုပ်ဖို့ မိတ်ဆွေလား၊ ပွင့်ပွင့်လင်းလင်း အစောကြီးကတည်းက ရှင်းလင်းပြောပြထားတာ ကောင်းပါတယ်။ မတူတာတွေညှိပြီး၊ လုံးဝမတူရင်လဲ ကနဦးကတည်းက အသိအကျွမ်းလောက် အဆင့်မှာပဲ ထားလို့ရပါတယ်။ ခင်မင်ရင်းနှီးနီးစပ်မှု အတိုင်းအတာတခုရှိလာပြီးမှ ကိုယ်က ဖုန်းဆက်တာကို သူက မကိုင်လို့၊ ဈေးဝယ်ထွက်ဖို့ပြောတာကို သူက မအားဘူးပြောလို့၊ သူက အွန်လိုင်းမှာ ချက်တင် လုပ်ချင်တာကို ကိုယ်က မလုပ်နိုင်လို့တွေနဲ့ တယောက်နဲ့တယောက် စိတ်တွေခုပြီး မခေါ်နိုင်၊ မပြောနိုင်တွေဖြစ်ပြန်တာနဲ့ စာရင် စောစောကတည်းက သိရုံ၊ ကျွမ်းရုံလောက်ပဲ ရှိနေတာက ပိုကောင်းပါတယ်။
လုပ်ဖော်ကိုင်ဖက်တွေလဲ ဒီအတိုင်းပါပဲ။ အလုပ်စမလုပ်ခင်ကတည်းက အလုပ်တာဝန် ခွဲဝေမှု လုပ်ထားသင့်ပါတယ်။ ကျွမ်းကျင်မှု အခြေအနေ၊ ကိုယ်ရည်ကိုယ်သွေးပေါ်မူတည်ပြီး တိတိကျကျ အလုပ်အကိုင်ရှိထားသင့်ပါတယ်။ အဲလိုမဟုတ်ပဲ နောက်မှ သူက ဒါမလုပ်လို့၊ ငါကချည်းပဲ လုပ်နေရလို့၊ မင်းကဘာလုပ်လဲ၊ ငါက ဘာလုပ်လဲနဲ့ ဖြစ်လာကြရင် လူကြားလို့လဲ မကောင်း။ တယောက်နဲ့တယောက် ယုံကြည်မှုတွေလဲပျက်နဲ့ ဖြစ်တတ်ပါတယ်။ အစုအဖွဲ့စိတ်လေးတွေလဲ ပျောက်ကုန်တတ်ပါတယ်။ အဖွဲ့အစည်းတွေ ဖွဲ့ကြ၊ ကွဲကြ၊ ပြန်ပေါင်းကြ၊ ပြန်ကွဲကြတွေ ဖြစ်နေတာ ဒီကိစ္စကြောင့် များပါတယ်။ မျှော်မှန်းချက်ကို ရှင်းရှင်းလင်းလင်း အပြန်အလှန် ကြိုတင်အသိပေးပြီးမှ အလုပ်တခုကို လုပ်တာကောင်းပါတယ်။
အိမ်ထောင်ရေးမှာလဲ ဒီအတိုင်းပါပဲ။ ဒီအချက်ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ကျွန်မက အိမ်ထောင်ကွဲတယောက်ဆိုတော့ အိမ်ထောင်ကွဲတယောက်က အိမ်ထောင်ရေးအကြောင်း ပြောတာ မဆီမလျော်ဖူးလို့ တချို့က ထင်ချင်ထင်ပါမယ်။ ကျွန်မပြောချင်တာက ကျွန်မတို့ အိမ်ထောင်ရေး ပြိုကွဲရခြင်းဟာ မျှော်မှန်းချက်ရှင်းလင်းမှု မရှိတာကြောင့်ဆိုတဲ့ အချက်ကို ပြောကြားလိုတာ ဖြစ်ပါတယ်။ ကျွန်မဘက်မှာက ကျွန်မအိမ်ထောင်ဘက်ဟောင်းနဲ့ ပတ်သက်ပြီး ဘာမျှော်လင့်ချက်မှ ရှိခဲ့တာ မဟုတ်ပါ။ ပျောက်ဆုံးသွားခဲ့တဲ့ ချစ်သူတယောက်နဲ့ မွေးနေ့တူ၊ မွေးဖွားနှစ်တူသူ တယောက်ကို တွေ့ရတာမို့ စိတ်ဝင်စားမိရုံလေး သက်သက်ပါ။ ပြေလည်တဲ့ ဆက်ဆံရေး၊ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှု တည်ဆောက်ပြီးမှ အဆင်သိပ်ပြေသွားရင်တောင် စေ့စပ်တာလောက်ပဲ လုပ်ပြီး၊ ကျွန်မမှန်းထားတဲ့ ပညာအဆင့်အတန်းနဲ့ အလုပ်အကိုင်အဆင့်အတန်း တခုရောက်မှ အိမ်ထောင်ပြုဖို့ ရည်ရွယ်သူပါ။ ဒီတော့ ကျွန်မမှာ သူနဲ့ ပတ်သက်တဲ့ အိမ်ထောင်ရေး မျှော်မှန်းချက် လုံးဝမရှိခဲ့ပါ။ သူ့ကို အိမ်ထောင်ဘက်အဖြစ် လက်ခံဖို့ဆိုတာ စိတ်ကူးထဲမှာ ရှိတောင် မရှိသေးပါ။ သူ့ဘက်က အိမ်ထောင်မပြုခင် မျှော်မှန်းချက်ကိုတော့ လက်ထပ်ပြီးနောက်ပိုင်း၊ လမ်းခွဲမယ်ဆိုတဲ့ အချိန်မှာမှ သိလိုက်ရပါတယ်။
ဒီတုန်းက သူက ဒီလိုဆိုပါတယ်။ “မိန်းမပဲကွာ။ အတင်းအဓမ္မပြုကျင့်လိုပဲဖြစ်ဖြစ်၊ တခြားဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီယောက်ျားနဲ့ ကလေးရသွားရင် ယူကို ယူရမှာပဲ။ ယောက်ျားယူပြီးရင်လဲ အဲဒီ ယောက်ျားက ဘယ်လိုလူပဲဖြစ်နေနေ၊ နောက်ဆုံး ဇိမ်ခေါင်းပဲ ဖြစ်နေနေ ဆက်ပေါင်းရမှာပဲ။ ကွာမယ်ဆိုရအောင် မင်းက ဘယ်လိုမိန်းမမျိုးမို့လဲ။ ငါလိုချင်တာက ငါက လှမ်းကြည့်လိုက်တာနဲ့ ပါးစပ်ပိတ်နေမယ့် မိန်းမမျိုး“ လို့ ဆိုပါတယ်။ ရီရခက်၊ ငိုရခက်လို့ပဲ ဆိုရမယ် ထင်ပါရဲ့။ အဲဒီစကားကို ကျွန်မနားထဲ စွဲနေမိတယ်။ ပြန်တွေးကြည့်မိတိုင်းလဲ ပြုံးမိတာ အခါခါ။ ဖူးစာများ ကြံကြံဖန်ဖန် ဆုံမှ ဆုံတတ်ပါရဲ့။
ဒါကြောင့်လဲ ကလေးနောင်ရေးဆိုပြီး ကြားဝင်စေ့စပ်မယ်ဆိုသူတိုင်းကို ကျွန်မက အသည်းအသန် တားရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မဆီမှာကလဲ သူ့လို ယောက်ျားမျိုးကို အိမ်ထောင်ဘက်အနေနဲ့ မျှော်မှန်းချက်နေနေသာသာ၊ မိတ်ဆွေအနေနဲ့ မျှော်မှန်းချက်တောင် ရှိတာ မဟုတ်လို့ပါပဲ။ ဒီလိုပဲ သူ့ရဲ့ အတွေးအခေါ်၊ မျှော်မှန်းချက် အနေနဲ့ဆိုရင်လဲ အိမ်ထောင်ဘက်ယောက်ျားဆိုတာကို အပြန်အလှန်လေးစားမှု၊ တဦးနဲ့ တဦး တန်ဖိုးထားမှု၊ တန်းတူညီမျှမှုရှိတဲ့ ဘ၀လက်တွဲဖော်တယောက်လို့ပဲ မြင်ပြီး၊ ကျေးကျွန်တယောက်လို မနေနိုင်တဲ့ မိန်းမတယောက်ကို အိမ်ထောင်ဘက်အနေနဲ့ ဆက်ရှိနေရမှာ အတော်ခက်ခဲမှာ ဖြစ်လို့ပါပဲ။ သူ့အတွက် သူမျှော်မှန်းတဲ့ အိမ်ထောင်ဘက် ကိုယ်ရည်ကိုယ်သွေးရှိမယ့် အမျိုးသမီးတယောက်နဲ့ ဘ၀သစ်တည်ဆောက်တာက ရေရှည်မှာ ပိုကောင်းမွန်မယ်ဆိုတာကို ကျွန်မသိနေပြီး ဖြစ်လို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကောက်ခါငင်ခါ၊ ထင်ရာစိုင်းလိုက်တဲ့ သူ့ရဲ့ အပြုအမူတခုကြောင့် ကျွန်မဘက်မှာလဲ အများကြီး နစ်နာသွားခဲ့သလို၊ သူ့ဘက်မှာလဲ တာဝန်မကျေတဲ့ ဖခင်တယောက် ဖြစ်သွားခဲ့တယ်။ ကလေးငယ်တယောက် ဓားစာခံ ဖြစ်သွားခဲ့တယ်။ ဒါတွေဟာ မျှော်မှန်းချက်တွေကို ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း မပြောထားခဲ့ကြလို့ပါပဲ။ ချစ်သူတွေ၊ အိမ်ထောင်ဘက် တွေဟာ ဒီအချက်တွေကို အထူးတလည် ဂရုပြုသင့်ပါတယ်။ မိဘပဲဖြစ်ဖြစ်၊ သားသမီးပဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ်၊ ဇနီးခင်ပွန်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ် တဦးနဲ့ တဦး မျှော်မှန်းချက်တွေကို ရှင်းရှင်းအသိပေးပြီးမှ ရှေ့ဆက်သင့်ပါတယ်။
(၅) စိတ်ချယုံကြည်ရမှုကို ပြသခြင်း
ဒီအချက်က အတော်အရေးကြီးတဲ့ အချက်လို့ စာရေးသူက ဆိုထားပါတယ်။ ကျွန်မကိုယ်တွေ့အရလဲ ဒီအချက်က အရေးကြီးတယ်မြင်ပါတယ်။ ကျွန်မတို့ လူသားတွေအားလုံးဆီမှာ အဆိုးမြင်၊ အကောင်းမြင်စိတ်လေးတွေ ရှိကြပါတယ်။ လူတိုင်းမှာကလဲ အဆိုးလဲ ရှိပါတယ်။ အကောင်းလဲ ရှိပါတယ်။ တူတာ တွဲလုပ်၊ မတူတာ ခွဲလုပ်၊ လုံးဝတွဲလို့မရရင်လဲ ရှောင်လုပ်ဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် လူအားလုံးမှာ အားနည်းချက်တခုကတော့ ကိုယ့်ရန်သူ၊ ကိုယ့်ပြိုင်ဘက်ရဲ့ ကောင်းတာလေးတွေကို မြင်တဲ့အခါ မသိချင်ယောင်ဆောင်ပြီး၊ ဆိုးတာမှ ရွေးပြောချင်တဲ့ အကျင့်ပဲ။ လူတိုင်းမှာ ရှိတဲ့ အားနည်းချက်ပါ။ နောက်အားနည်းချက်တခုကတော့ သူတပါးအောင်မြင်တာ၊ ကြီးပွားတာဆိုရင် စိတ်ထဲမှာ ၀င်တတ်ကြတဲ့ မနာလိုစိတ်လေးတွေပါ။ လူတွေက တယောက်နဲ့ တယောက်နဲ့ မသိသူတွေဆို အကြောင်းမဟုတ်ဘူး။ သိသူတွေမှာ တယောက်ယောက်က တနေရာရာမှာ ကိုယ်နဲ့ မတူပဲ အတိုင်းအတာတခုအထိ အောင်မြင်သွားရင် ပြဿနာဖြစ်လာတာတွေ ရှိပါတယ်။ မရှိတုန်းမှာ မျှတစားနေတာပဲ။ အဲဒီထဲမှာ တယောက်က နည်းနည်းမရှိလာလိုက်နဲ့။ သူက ဘယ်လိုပါ။ အလကားပါ စပြီး ဖြစ်တော့တာပဲ။ လူမှုဆက်ဆံရေးမှာ ဖြစ်သင့်တာတွေက ကိုယ့်မိတ်ဆွေအောင်မြင်သွားရင် သူနဲ့ကိုယ်နဲ့ မိတ်ဆွေအနေနဲ့ ဂုဏ်ယူပေးတာ၊ အောင်မြင်ချိန်နဲ့ ဆုံးရှုံးချိန်အားလုံးမှာ အဆင်သင့်ရှိနေတဲ့ မိတ်ဆွေကောင်းအဖြစ် ရပ်တည်ပေးတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လူ့စိတ်တွေက အတော်ခက်ပါတယ်။ အောင်မြင်ချိန်တွေကျရင် ရှောင်ခွာပြီး ငယ်ကျိုးငယ်နာဖော်၊ ပုတ်ခတ်မှုတွေ လုပ်တတ်တဲ့ အကျင့်တွေ ရှိတတ်ကြပါတယ်။ အောင်မြင်သူတွေဘက်ကလဲ ဘ၀မြင့်ပြီး ရှောင်ခွာခွာ လုပ်တာတွေလဲ ရှိပါတယ်။ လူ့ဘ၀ဆိုတာ နိမ့်တုန်မြင့်တုန် အမြဲရှိတတ်တယ်၊ ကြွေတလှည့်၊ ကြွက်တခုန်ဆိုတဲ့ သဘောလေးကို ကိုင်စွဲပြီး ရှုံးနိမ့်ချိန်တွေကို ပြင်ဆင်ထားဖို့လဲ လိုအပ်လှပါတယ်။ တခါတရံမှာ လူတွေကို အရင်က လုပ်ခဲ့တာတွေနဲ့ လက်ရှိအလုပ်တွေနဲ့ ချိန်ထိုးကြည့်ပေးဖို့ လိုအပ်လှပါတယ်။ အရင်က ဓားပြဗိုလ်၊ အခုလက်ရှိ လူအများကြည်ညိုလေးစားစရာကောင်းတဲ့ ဘုန်းတော်ကြီးလဲ ရှိတတ်တာပဲ။ အရင်က ကျောင်းဆရာ၊ အခု လက်မရွံအရက်သမားဖြစ်နေတာလဲ ရှိတတ်တာပါပဲ။ ဒါပေမယ့်လဲ အရင်က သူဌေးဖြစ်ပြီး၊ ခုကျမှ လမ်းဘေးရောက်နေတဲ့ အိမ်ခြေယာမဲ့ရဲ့ ဘ၀ဇာတ်ကြောင်းကိုသာ စိတ်မ၀င်စားရင်နေမယ်၊ နာမည်ကြီး လူတယောက်ရဲ့ ငယ်ငယ်တုန်းက ကျောင်းခန်းထဲ ဆေးလိပ်ခိုးသောက်ဖူးတာကို ပြောဆိုပြီး အထင်မကြီးပါဘူးကွာ လုပ်ချင်သူတွေက အများသားကလား။
နောက်အားနည်းချက်တခုက အတင်းတုပ်တတ်တဲ့ အကျင့်ပါပဲ။ “သန်းရှာအတင်းတုပ်၊ မိန်းမအလုပ်“ဆိုလို့ မိန်းမများကြီးပဲ မယူဆပါနဲ့။ ယောက်ျားများ အတင်းတုပ်ရင်လဲ မိန်းမများထက် ပိုဆိုးပြီး ပေါက်ကရလေးဆယ် အကုန်ပြောတတ်ပါတယ်။ လူဟာ လူပဲမို့ လူလိုပဲ ကျင့်ကြံကြပါတယ်။ ယောက်ျားရယ်၊ မိန်းမရယ် မဟုတ်ပါ။ နောက်ထပ်အကျင့်တခုကတော့ တခြားသူကို နှိမ့်ချပြီး မိမိကိုယ်ကို ကိုယ်ရည်သွေးတတ်တဲ့ အကျင့်ပါ။ ဒါကလဲ လူတိုင်းလိုလိုမှာ ရှိတတ်တဲ့ အတွင်းစိတ်လေးတွေပါ။ ညီအစ်ကို မောင်နှမထဲမှာတောင် ဖြစ်တတ်တာလေးတွေ ရှိပါတယ်။ မသိမသာလဲရှိသလို ထင်ထင်ရှားရှား လူသိရှင်ကြားလဲ ရှိပါတယ်။ သူဘာလဲ၊ ငါဘာလဲ ငြင်းခုန်မှုတွေ ဖြစ်တတ်တာက ဒီစိတ်အခြေခံ လေးတွေကြောင့်ပါ။ မသိမသာလေးတွေက နားလည်ပေးနိုင်ကြပေမယ့် ထင်ရှားလွန်း လာရင်ကျတော့ ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်စေပါတော့တယ်။ တခြားလူတယောက်ကို နှိမ့်ချပြီး၊ လာပြောတာကို နားထောင်နေရသူတယောက်ရဲ့ စိတ်ထဲမှာ ငါနဲ့ ပတ်သက်ပြီးကော သူအဲလိုပဲ ပြောနေတာများလား ဆိုတဲ့ မယုံကြည်မှုတွေ တိုးပွားလာစေလို့ပါပဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ ခေါင်းဆောင်လုပ်နေသူတွေ ဒီအချက်ကို ဂရုစိုက်ဖို့ လိုပါတယ်။
(၆) အမှားလုပ်မိပါက ရိုးသားစွာနဲ့ တောင်းပန်ခြင်း
စာရေးသူကတော့ တောင်းပန်ပါဆိုတဲ့ အချက်ကို နောက်ဆုံးအချက်အနေနဲ့ ထည့်ထားပါတယ်။ ကျွန်မကိုယ်တွေ့အရဆိုရင်တော့ တောင်းပန်တယ်ဆိုတာကလဲ အလွန်ကို ခက်ခဲတတ်တာကလား။ ဘာလို့လဲဆိုတော့ “ငါ“ ဆိုတဲ့ မာနတွေက ခံနေကြလို့ပါ။ သူငယ်ချင်းအချင်းချင်းကျတော့လဲ တောင်းပန်ရအောင် “သူက ဘာမို့လဲ“၊ မိဘကျတော့လဲ “ငါမွေးထားတဲ့သားသမီးကို ငါက ပြန်တောင်းပန်စရာလား“၊ သားသမီးကျတော့လဲ “မိဘပဲဥစ္စာ။ နားလည်ပေးရမှာပေါ့“၊ ညီအစ်ကို မောင်နှမကျတော့လဲ “အရင်းကြီးတွေပဲ၊ ကြီးကြီးကျယ်ကျယ်တွေ မလိုပါဘူး“၊ အထက်လူကြီးကျတော့လဲ “ငါတောင်းပန်လိုက်ရင် အရိုအသေ တန်သွားမှာပေါ့”၊ လက်အောက်ငယ်သားကျတော့လဲ “အခြေအနေအရသာ တောင်းပန်ရတာ၊ စိတ်ထဲက တောင်းပန်ချင်တာ မဟုတ်ဘူး။ အလုပ်ပြုတ်မှာစိုးလို့။ ဒီလူကြီး ပင်စင်ယူပြီးမှ သိမယ်“ စတဲ့ မာန်မာနလေးတွေက ခံနေတတ်ကြပါတယ်။ ခက်တာက တောင်းပန်လိုက်ရင် တောင်းပန်သူဘက်ကလဲ အောက်ကျနောက်ကျ တောင်းပန်ရတယ်လို့ အထင်ရှိနေသလို၊ တောင်းပန်ခံရသူဘက်ကလဲ ဟုတ်လှပြီထင်ပြီး ဘ၀င်မြင့်သွားတတ်တဲ့ အကျင့်တွေပဲ။ တကယ်က မှားသွားတာ တခုဖြစ်တယ်၊ တောင်းပန်သူက တောင်းပန်လိုက်တယ်၊ ကျေအေးသူက ကျေအေးလိုက်တာ။ အဲဒီမှာတင် ဒီကိစ္စက ပြီးသွားပြီဖြစ်တယ်။ ရှေ့ဆက်ဆံရေးကို သယ်ဆောင်သွားဖို့ မလိုအပ်သလို၊ အမှတ်ထားပြီး အစဖော်ဖို့လဲ မလိုအပ်ဘူး။ တချိန်မှာ တယောက်က မှားပြီး၊ နောက်တချိန်ကျတော့ ပြောင်းပြန်ဖြစ်နေတတ်တာလဲ ရှိတတ်တယ်။ ဒါမျိုးတွေက မိဘနဲ့ သားသမီးမှာလဲ ရှိတတ်တယ်။ ပထမကိစ္စရပ်မှာ သားသမီးကမှားတယ်၊ မိဘက မှန်တယ်။ နောက်ကိစ္စတခုကျတော့ “သားဟိုတခါကလဲ ဖြစ်ပြီးပြီလေ။ သားတောင်းပန်လို့ ဖေဖေက ခွင့်လွှတ်ထားရတာ။ ခုတခေါက်လဲ ဖေဖေပဲမှန်တယ်။ ဖေဖေပြောသလို သားလုပ်ရမယ်“ လို့ ပြောတတ်တဲ့ မိဘတွေ မရှိဘူးမဟုတ်ဘူး။ ရှိကိုရှိတယ်။ အဲဒီမှာတင် သားနဲ့ အဖေကြားက ဆက်ဆံရေး တံတိုင်းတခုဖြစ်တော့တာပဲ။ မိဘနဲ့ သားသမီးမှာတောင် ဖြစ်တတ်သေးရင် တခြားလူတွေကတော့ ပိုဆိုးရောဆိုပါတော့။ ဒါကြောင့် အမှားလုပ်မိရင် ရိုးသားစွာနဲ့ တောင်းပန်ပါ။ သူတပါး တောင်းပန်မှုကိုလဲ အခွင့်အရေး မယူပါနဲ့လို့ ကျွန်မက ထပ်မံ ဖြည့်စွက်ချင်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် ကျွန်မဟာ စိတ်ပညာရပ်ဆိုင်ရာ ပညာရှင်တယောက်မဟုတ်ပါ။ လူသားတွေရဲ့ ပြုမူဆောင်ရွက်မှုတွေကို လေ့လာတဲ့ ပညာရှင်တယောက်လဲ မဟုတ်ပါ။ ကျွန်မမှတ်သားထားမိဖူးတဲ့ အချက်ခြောက်ချက်ကို ကျွန်မရဲ့ ဘ၀ကိုယ်တွေ့ဖြစ်ရပ်တွေပေါ်မှာ အခြေခံပြီးမှ ဒီဆောင်းပါးကို ရေးသားထားတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ပါတဲ့ လူတွေရဲ့ အကျင့်တွေဆိုတာကလဲ လူုသားတိုင်းရဲ့ ယေဘူယျအကျင့်တွေကို ဆိုလိုတာဖြစ်ပါတယ်။ လူတိုင်းမှာ အကျင့်ဆိုးတွေ ရှိကြပါတယ်။ အားနည်းချက်တွေ ရှိပါတယ်။ အတိမ်အနက်ပဲ ကွာကြပါတယ်။ ကျွန်မလဲ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဆန်းစစ်ပြီး၊ Emotional Bank Account မှာ ပမာဏများလာအောင် ကြိုးစားပြုပြင်နေဆဲပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးထဲကနေ စာဖတ်သူအတွက် တစုံတရာ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း----။
ကလေးသူငယ် ပြုစုပျိုးထောင်ခြင်း - ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး
Saturday, August 29, 2009
ကလေးသူငယ်များရဲ့ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုဟာ တခြားစွမ်းရည်တွေဖြစ်တဲ့ နားလည်မှု စွမ်းရည်၊ မိမိကိုယ်ကို ယုံကြည်မှုနဲ့ လူမှုဆက်ဆံရေး စွမ်းရည်တွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ကလေးငယ်လေးတွေ စပြီး တွားသွားလာတာ၊ တတောက်တောက်လျှောက်လာတာလေးတွေဟာ သူတို့ရဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်လာနိုင်မှုအတွက် ပထမဆုံး ကြိုးပမ်းအားထုတ်တာလေးတွေပါ။ ကလေးငယ်လေး စပြီး တွားသွားလာတာနဲ့ မိဘဆွေမျိုးတွေက ကလေးငယ် ရွေ့လျားနိုင်မယ့် ပတ်ဝန်းကျင်သစ်လေးကို ဖန်တီးပေးရပါမယ်။ အန္တရာယ်ဖြစ်စေနိုင်မယ့် ပစ္စည်းတွေကို ဖယ်ရှားပေးတာ၊ သူ့အတွက် ကစားစရာ နေရာ သတ်မှတ်ပေးတာလေးတွေ ပြုလုပ်ပေးရပါမယ်။ ဒါမှလဲ ကလေးငယ်လေးရဲ့ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ကလေးငယ်ရဲ့ ကိုယ်ကာယကြီးထွားမှုနှုံးဆိုတာ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကွာခြားပါတယ်။ ကိုယ်ကာယကြီးထွားနှုန်းဆိုတာက ကလေးရဲ့ အရပ်နဲ့ အလေးချိန်ကြီးထွားမှုနဲ့ ဆက်စပ်တာဖြစ်ပြီး၊ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်ရေးကတော့ ကိုယ်ခန္ဓာကို ထိန်းချုပ်ရွေ့လျားနိုင်မယ့် စွမ်းရည်နဲ့ ဆိုင်ပါတယ်။ ကလေးငယ်ရဲ့ ကိုယ်ကာယစွမ်းရည် တိုးတက်မှုကို ပညာရှင်တွေက တိုးတက်မှုပုံသဏ္ဍာန်တွေ ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။ ဒီသဏ္ဍာန်တွေကတော့
(၁) ရိုးရှင်းမှုမှသည် ရှုပ်ထွေးမှုဆီသို့
ကလေးငယ်လေးဟာ လမ်းမလျှောက်နိုင်ခင်မှာ မတ်တပ်အရင်ရပ်တာ၊ ခုန်ပေါက်ပြေးလွှားတာတွေ မလုပ်နိုင်ခင်မှာ လမ်းအရင်လျှောက်တာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
(၂) ဦးခေါင်းမှ သည် ခြေဖျားဆီသို့
ကလေးငယ်လေးရဲ့ တိုးတက်မှုက ခေါင်းကနေ စတင်ပါတယ်။ ဦးခေါင်းကို ဘယ်ညာ လှည့်လာတာကနေ လက်ကလေးတွေ လှုပ်တာ၊ ခြေထောက်လေးတွေ လှုပ်လာတာလေးတွေနဲ့ အဆင့်ဆင့် တိုးတက်လာပါတယ်။
(၃) အတွင်းမှ အပြင်သို့
ကလေးငယ်လေးဟာ သူ့လက်လေးတွေကို အသုံးပြုတဲ့အခါမှာ အရာဝတ္ထုပစ္စည်း (ဥပမာ- အရုပ်၊ သော့တွဲ) တခုကို လိုချင်တဲ့အခါ ဒီပစ္စည်းဆီ ရောက်အောင် အရင် လက်က လှမ်းပါတယ်။ နောက်မှ ကောက်ယူနိုင်တဲ့အထိ အဆင့်ဆင့် တိုးတက်သွားပါတယ်။
(၄) ယေဘုယျမှသည် သီးခြားဆီသို့
အရမ်းငယ်တဲ့ ကလေးငယ်လေးတွေဟာ သူတို့ရဲ့ ကျေနပ်ပျော်ရွှင်မှုကို ယေဘုယျတုန့်ပြန် တာလေးတွေဖြစ်တဲ့ မျက်လုံးလေးကျယ်လာတာ၊ လက်ကလေးနဲ့ ခြေထောက်ကလေးတွေကို ဝှေ့ယမ်းတာနဲ့ ပြသပါတယ်။ အရွယ်နည်းနည်း ရလာတဲ့ အခါကျတော့ သူတို့ရဲ့ ပျော်ရွင်မှုကို ပြုံးပြတာ၊ လက်ခုပ်တီးပြတာလေးတွေနဲ့ အခြေအနေ၊ အချိန်အခါအလိုက် ပြုလုပ်တတ်လာပါတယ်။
ဒီလို သဏ္ဍာန်အမျိုးမျိုးနဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်မှုမှာ စွမ်းရည်အမျိုးအစားနှစ်မျိုးရှိပါတယ်။ တမျိုးကတော့ အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည် (gross motor skills) ဖြစ်ပြီး၊ နောက်တမျိုးကတော့ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည် (fine motor skills) ဖြစ်ပါတယ်။ အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်က ကိုယ်ခန္ဓာရဲ့ ကြီးမားတဲ့ ကြွက်သားတွေကို အသုံးပြုရတဲ့ စွမ်းရည်တွေဖြစ်ပြီး၊ လမ်းလျှောက်တာ၊ ပြေးလွှားတာ၊ အမြင့်ကို တွယ်တက်တာ တွေနဲ့ စပ်ဆိုင်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်ကတော့ လက်လှုပ်ရှားမှုစွမ်းရည် (အရာဝတ္ထု၊ ဘောလုံးစတာတွေကို လွှင့်ပစ်တာ၊ ဖမ်းယူတာ) တွေနဲ့ လက်ချောင်းလေးတွေရဲ့ လှုပ်ရှားမှုစွမ်းရည် (လက်ညှိုးညွှန်တာ၊ ပုံဆွဲတာ၊ ခရင်းနဲ့ဇွန်းတွေ အသုံးပြုတတ်တာ၊ စာရေးတာ၊ ဖိနပ်ကြိုးချည်တာ) စတာတွေ နဲ့ ဆက်စပ်ပါတယ်။
အခုဆက်လက်ပြီး ကလေးသူငယ်တွေရဲ့ အသက်အရွယ်အလိုက် ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုတွေကို တင်ပြပါမယ်။
အသက် (၁၂) လ
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ လဲလျောင်းရာကနေ ငုတ်တုတ်ထိုင်နိုင်တာ၊ လူတွေနဲ့ အိမ်သုံးပရိဘောဂတွေရဲ့ အကူအညီမပါပဲ မတ်တပ်ရပ်နိုင်တာ၊ လက်နဲ့ ဒူးကို အသုံးပြုပြီး တွားသွားနိုင်တာ၊ ကြမ်းပြင်ပေါ်မှာ ၀က်ဝံသွားသွားနိုင်တာ၊ တယောက်တည်း အကြာကြီး မတ်တပ်ရပ်နေနိုင်တာ၊ လူတယောက်ရဲ့ လက်တဘက်ကို ကိုင်ပြီး လမ်းစလျှောက်နိုင်လာတာတွေ ဖြစ်ပါတယ်။ အသက် ၁၃ လရှိတဲ့ ကလေးငယ်တ၀က်ကျော်က လမ်းလျှောက်လာနိုင်ပါတယ်။
တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ စာအုပ်ရဲ့ စာမျက်နှာတွေကို လှန်လှောနိုင်တာ၊ အရုပ်နဲ့ ပစ္စည်းတွေကို တမင်ပစ်ချတာ၊ လွှင့်ပစ်တာ၊ ကျသွားတဲ့ နေရာကို လိုက်ကြည့်တာ၊ ပစ္စည်းသေးသေးလေးတွေကို လက်မနဲ့ လက်ညှိုးထိပ်လေးကို အသုံးပြုပြီး ကောက်ယူဖို့ ကြိုးစားတာ၊ သူနှစ်သက်တဲ့ ပစ္စည်းလေးတွေကို လက်ညှိုးညွှန်ပြတာ ဖြစ်ပါတယ်။ ဒီအရွယ်လေးတွေမှာ ကလေးတွေက ပစ္စည်းတွေပစ်ချရင် မိဘတွေက ခဏခဏကောက်ပေးရတာကို စိတ်မရှည်ဖြစ်တတ်ကြပါတယ်။ ဒါဟာ ကလေးရဲ့ တိုးတက်မှုဖြစ်ပါတယ်။ ပစ်ချလိုက်၊ ကောက်ပေးလိုက်နဲ့ ကလေးနဲ့ ကိုယ်နဲ့ ကစားနေတဲ့ ကစားပွဲလေးတခုအနေနဲ့ သတ်မှတ်လိုက်ရင် ပျော်စရာကောင်းသွားပါမယ်။
ဆယ့်နှစ်လသားအရွယ်ကလေးငယ်ရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူကြီးမိဘတွေက လုပ်ပေးသင့်တာတွေကတော့ ကလေးငယ်လေး လမ်းလျှောက်တဲ့အချိန်မှာ မိမိကိုယ်မိမိ ယုံကြည်မှုတိုးတက်စေဖို့ ဘီးနဲ့တွန်းလို့ရတဲ့ အရုပ်လေးတွေ ၀ယ်ပေးသင့်ပါတယ်။ သံစုံမြည်တဲ့ ရုပ်ပုံစာအုပ်လေးတွေ ဖတ်ပြသင့်ပါတယ်။ ကလေးရဲ့ လက်ချောင်းလှုပ်ရှားမှု တိုးတက်ဖို့ သစ်သားတုံးလေးတွေ၊ တခုနဲ့ တခု အဆင့်ဆင့် ထပ်လို့ရတဲ့ အရုပ်လေးတွေ ပံ့ပိုးပေးသင့်ပါတယ်။ အရုပ်လေးတွေ မရှိဘူးဆိုရင်လဲ ကတ်ထူစက္ကူပုံးလေးတွေနဲ့ ကိုယ်တိုင်လုပ်ပေးလို့ရပါတယ်။ ကလေးငယ်လေးကို နေ့စဉ်နဲ့အမျှ လုပ်ငန်းဆောင်တာလေးတွေကို ပြောပြရပါမယ်။ ကလေးငယ်လေးက နားမလည်ဘူးဆိုပေမယ့် ဒါဟာ စကားပြောစွမ်းရည်တိုးတက်ဖို့အတွက် အရေးကြီးတာကြောင့် ကလေးကို အချိန်ပေးပြီး စကားပြောရပါမယ်။ သီချင်းလေးတွေ ဖွင့်ပေးရပါမယ်။
အသက် (၁၈) လ
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ပုံမှန် လမ်းလျှောက်ပြီး၊ ထိုင်ချလိုက်တာ မဟုတ်ပဲ အန္တရာယ်ကင်းကင်းနဲ့ ရပ်တန့်တာ၊ လူကြီးတွေထိုင်တဲ့ ကုလားထိုင်ပေါ်တွယ်တက်ပြီး တက်ထိုင်တာ၊ ငုတ်တုတ်ထိုင်ရာကနေ သူ့ဘာသာသူ မတ်တပ်ရပ်နိုင်တာ၊ လှေကားတွေကို လက်တန်းကိုင်ပြီး တက်နိုင်၊ ဆင်းနိုင်တာ၊ ဒူးထောက်နိုင်တာ၊ ပြေးလွှားနိုင်တာဖြစ်ပါတယ်။
တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ကလေးငယ်လေးရဲ့ အရာဝတ္ထုတွေကို လက်ညှိုးညွှန်ပြတာ၊ သေးငယ်တဲ့ သစ်သားတုံးလေးတွေကို သုံးဆင့်အထိ ထပ်တင်နိုင်တာ၊ အစားအစာကို သူ့ဘာသာသူဇွန်းနဲ့စားတာ၊ တံခါးဘု၊ လက်ကိုင်တွေကို လှည့်တာ၊ ခဲတံကို ဆုပ်ကိုင်နိုင်တာတွေ ဖြစ်ပါတယ်။
ဒီအရွယ်ကလေးငယ်လေးတွေရဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်ဖို့အတွက် လူကြီးမိဘတွေ လုပ်ပေးသင့်တာတွေကတော့ သဲတွေ၊ ရေတွေနဲ့ ကစားဖို့ တွန်းအားပေးတာ၊ တွယ်တက်ဖို့အတွက် ခိုင်ခံ့ပြီး နိမ့်တဲ့ ပရိဘောဂတွေ တပ်ဆင်ထားပေးတာ၊ ဘောလုံးလေးတွေ ၀ယ်ပေးပြီး ကန်ဖို့၊ မြှောက်ပင့်ကစားဖို့ လုပ်ပေးတာတွေ ဖြစ်ပါတယ်။ နီးစပ်ရာ အိမ်နီးနားချင်း အရွယ်တူ ကလေးငယ်လေးတွေနဲ့လဲ မိတ်ဆက်ပေးရပါမယ်။ ပွဲတွေ၊ ဈေးတွေလဲ ခေါ်သွားရပါမယ်။ ဒါမှလဲ လူမှုဆက်ဆံရေးစွမ်းရည်ပါတိုးတက်လာပြီး၊ လူအများကြားမှာ အကြောက်အလန့်မရှိ နေတတ်မှာ ဖြစ်ပါတယ်။
နောက်တခုက ဒီအရွယ်မှာ ကလေးငယ်လေးဟာ ပြေးလွှားနိုင်ပေမယ့် သူ့ပြေးလမ်းက အတားအဆီးတွေကို မရှောင်နိုင်ပါဘူး။ တခါတရံ လူကြီးတွေက ထိမိခိုက်မိမှာ စိုးရိမ်ပြီး မပြေးဖို့ ဟန့်တားတတ်ပါတယ်။ အဲဒီလိုဆိုရင်လဲ ကလေးရဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်မှုကို ထိခိုက်နိုင်တာကြောင့် ပန်းခြံ၊ ကွင်းပြင်၊ ဘောလုံးကွင်း၊ ကစားကွင်းစတာတွေဆီ ခေါ်သွားပြီး ကလေးငယ်လေး အန္တရာယ်ကင်းကင်းနဲ့ ပြေးလွှားနိုင်မယ့် ပတ်ဝန်းကျင်လေး ဖန်တီးပေးရပါမယ်။
အသက် နှစ်နှစ်
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ အန္တရာယ်ကင်းကင်းနဲ့ ပြေးလွှားနိုင်တာ၊ အမြဲတမ်းလှုပ်ရှားတက်ကြွဆော့ကစားနေတာ၊ လက်နဲ့ ဘောလုံးကို ကိုင်ပြီး ပစ်နိုင်တာ၊ ဘီးပါတဲ့ ပစ္စည်းတွေကို တွန်းနိုင်တာ၊ ဆွဲနိုင်တာ၊ လှေကားအတက်အဆင်းကို အကူအညီမလိုပဲ လုပ်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လားစွမ်းရည်တွေကတော့ စက်ဝိုင်းလေးတွေနဲ့ လိုင်းလေးတွေ ဆွဲတတ်တာ၊ ပစ္စည်းလေးတွေကို ကောက်ယူနိုင်တာ၊ သစ်သားတုံးလေးတွေကို ခြောက်ဆင့်အထိ တာဝါဆောက်နိုင်တာ၊ စာအုပ်တွေကို နှစ်သက်ပြီး တရွက်ချင်းလှန်ကြည့်လာတာတွေ ဖြစ်ပါတယ်။
ဒီအရွယ်မှာ လူကြီး မိဘတွေက သုံးဘီးစက်ဘီးလေးတွေဝယ်ပေးတာ၊ တွယ်တက်စရာ ပရိဘောဂတွေ ထားပေးတာ၊ ပြေးလွှားဆော့ကစားဖို့ နေရာသတ်မှတ်ပေးတာတွေ လုပ်သင့်ပါတယ်။ အလုပ်နားရက်တွေမှာ ကလေးငယ်လေးကို ပန်းခြံ၊ မြို့ပြနဲ့ ဝေးတဲ့ နေရာတွေခေါ်သွားပြီး သဘာဝပတ်ဝန်းကျင်ကို လေ့လာစေသင့်ပါတယ်။ ပလပ်စတတ်တူ၊ သစ်သားယောင်းမစတာတွေပေးပြီး ဒန်အိုး၊ ဒန်ခွက်စတဲ့ အသံမြည်စေတဲ့ အရာဝတ္ထုတွေကို ခေါက်ခိုင်း၊ တီးခိုင်းရပါမယ်။ ဒါမှလဲ ကလေးငယ်ရဲ့ လက်အသုံးပြုတဲ့ စွမ်းရည် တက်လာမှာဖြစ်သလို၊ အသံလာရာကို လေ့လာစူးစမ်းမှာဖြစ်တဲ့အတွက် ဥာဏ်ရည်ဥာဏ်သွေးကိုလဲ တိုးမြင့်ပေးရာ ရောက်ပါတယ်။
သုံးနှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ နိမ့်တဲ့အရာဝတ္ထုတွေပေါ်ကနေ မျက်နှာပြင်ပေါ် ခုန်ချနိုင်တာ၊ ခြေဖျားထောက်ပြီးရပ်နိုင်တာ၊ လမ်းလျှောက်နိုင်တာ၊ ခြေထောက်တဘက်တည်းပေါ်မှာ ရပ်နိုင်တာ၊ လှေကားကို လှေကားတထစ်ကို ခြေတလှမ်းနှုန်းနဲ့ တက်နိုင်တာ၊ ဘောလုံးကို မြှောက်ပေးနိုင်တာ၊ ဖမ်းယူနိုင်တာ၊ ဘောလုံးကို အားနဲ့ ကန်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ခဲတံကို ဆုပ်ကိုင်နိုင်တာ၊ စာရွက်တွေကို ကတ်ကြေးနဲ့ ကိုက်ပြီး ဖြတ်နိုင်တာတွေ ဖြစ်ပါတယ်။
လူကြီး မိဘတွေအနေနဲ့က ဒီအရွယ်မှာ ကလေးနဲ့ ဘောလုံးကစားတာတွေ လုပ်ပေးသင့်ပါတယ်။ တချို့က ဘောလုံးကစားတာ မိန်းကလေးနဲ့ မဆိုင်ဘူးထင်တတ်ပါတယ်။ ဒီလို မဟုတ်ပါဘူး။ ဒီအရွယ်မှာ ခြေ၊လက်အသုံးပြုနိုင်တဲ့ စွမ်းရည်၊ လက်နဲ့ မျက်လုံးတွဲစပ်အသုံးပြုနိုင်မှုစွမ်းရည်တွေအတွက် ဘောလုံး မြှောက်တာ၊ ဘောလုံးကန်တာ၊ ဖမ်းယူတာတွေက အရေးကြီးလှပါတယ်။ ဒီအရွယ်ကစပြီး ကလေးငယ်လေးတွေကို တခြားကလေးတွေနဲ့ ဆော့တတ်အောင် လေ့ကျင့်သင်ကြားပေးရပါမယ်။ တချို့က ကလေးတွေကို အိမ်ထဲမှာပဲ ထားပြီး တခြားကလေးတွေနဲ့ မရောထားချင်ကြပါဘူး။ အဲဒီအခါမှာ ဒီကလေးရဲ့ လူအများနဲ့ ပေါင်းသင်းဆက်ဆံနေထိုင်တတ်မှုစွမ်းရည်လျော့ကျသွားနိုင်ပါတယ်။ ဒီလိုကလေးမျိုးတွေဟာ ကြီးလာတဲ့အခါမှာ တကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးပဲကြည့်တတ်တဲ့ ကလေးတွေ ဖြစ်လာတတ်ပါတယ်။
ဒီအရွယ်ကလေးလေးတွေဟာ စူးစမ်းလေ့လာတဲ့ အလေ့အထတွေ ရှင်သန်နေတာမို့ ဒါကို မပိတ်ပင်ပဲ အားပေးအားမြှောက်လုပ်ရပါမယ်။ ရေကူးတာ၊ ပန်းခြံခေါ်သွားတာ၊ လမ်းလျှောက်တာတွေ လုပ်စေရပါမယ်။ ရောင်စုံခဲတံတွေ၊ စာရွက်တွေတွေ ၀ယ်ပေးပြီး ကလေးရဲ့ ဆန်းစစ်တီထွင်တတ်တဲ့ စွမ်းရည်ကို မြှင့်တင်ပေးရပါမယ်။ အရုပ်တွေကို ကစားပြီးရင် ပြန်သိမ်းဖို့ သင်ကြားပေးရပါမယ်။ မိမိ အ၀တ်တွေကို ကောင်းကောင်းသိမ်းဆည်းတတ်အောင် လေ့ကျင့်ပေးရမယ်။ ကလေးရဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်တဲ့ အရည်အချင်းကို တိုးမြင့်လာအောင် နည်းမျိုးစုံနဲ့ သင်ကြားလေ့ကျင့်ပေးရပါမယ်။
လေးနှစ်
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ လမ်းလျှောက်တာမှာ ဖြောင့်ဖြောင့် လျှောက်တာ၊ ဘောလုံးကိုဖမ်းယူနိုင်တာ၊ မြှောက်နိုင်တာ၊ ကန်နိုင်တာ၊ ကြမ်းပြင်ပေါ်က ပစ္စည်းတွေကို ခါးကုန်းပြီး ကောက်နိုင်တာ၊ သုံးဘီးတပ်စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင်မောင်းနိုင်တာဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ခဲတံကို လူကြီးတွေကို ကိုင်နိုင်လာတာ၊ သစ်သားတုံးလေးတွေကို ၁၀ ဆင့်အထိ ထပ်နိုင်လာတာတွေဖြစ်ပါတယ်။
ဒီအရွယ်မှာ လူကြီးမိဘတွေက ကလေးငယ်ရဲ့ ကိုယ်ကာယလှုပ်ရှားမှု လုပ်နိုင်ခွင့်အခွင့်အလမ်းတွေ ဖန်တီးပေးရပါမယ်။ ကလေးရဲ့ အမြင့်တက်နိုင်တဲ့ စွမ်းရည်တိုးတက်အောင် လုပ်ပေးရပါမယ်။ ဆောက်လုပ်ရေးအရုပ်တွေ၊ သစ်သား အပိုင်းအစတွေနဲ့ ဆော့စေရပါမယ်။ သဲတွေ၊ ရေတွေနဲ့ ဆော့ခိုင်းရပါမယ်။ အ၀တ်အစားကို သူ့ဘာသာသူ ၀တ်တတ်အောင် သင်ပေးရပါမယ်။ ရေအိမ်သွားတဲ့အခါမှာ သူ့ဘာသာသူ သွားတတ်အောင် တွန်းအားပေးရပါမယ်။ တချို့ကလေးတွေက ရေအိမ်သွားတိုင်း မိဘကို ခေါ်တတ်ပါတယ်။ ကိုယ့်ဘာသာကိုယ်သွားဖို့ တိုက်တွန်းပြီး သူ့ရဲ့ ကိုယ့်ဘာသာ ကိုယ်အမှီအခိုကင်းကင်း ရပ်တည်နိုင်မှုစွမ်းရည်မြင့်လာအောင် လုပ်ပေးရပါမယ်။ ပန်းချီဆွဲတာ၊ ရောင်စုံခြယ်တာ၊ ကော်ကပ်တာတွေအတွက် လုံလောက်မယ့် ပစ္စည်းပစ္စယလေးတွေ ၀ယ်ပေးထားရပါမယ်။
ငါးနှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ကြိုးခုန်တာ၊ ပြေးလွှားတာ၊ အမြင့်တက်နိုင်တာ၊ ခြေဖျားသုံးပြီး ပြေးတာ၊ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်တာ၊ ဂီတသံနဲ့ ဟန်ချက်ညီ ကနိုင်တာ၊ ခါးညွှတ်ပြီး ဒူးမကွေးပဲခြေဖျားကို ထိနိုင်တာ၊ ကစားစရာ အမျိုးမျိုး (စီးလျှော၊ ဒန်း၊ climbing frames) တွေကို သူ့ဘာသာ ကစားနိုင်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်ကတော့ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်အဂါင်္စုံတဲ့ လူပုံဆွဲနိုင်တာ၊ ခဲတံကို ကောင်းကောင်း ကိုင်နိုင်တာ၊ လက်ချောင်းလေးတွေကို အသုံးပြုပြီး ရေတွက်နိုင်တာတွေ ဖြစ်ပါတယ်။
ဒီအရွယ်မှာ လူကြီးမိဘတွေက အိမ်ပြင်ပမှာ ကလေးတွေ ကစားလို့ရအောင် ဖန်တီးပေးရပါမယ်။ မြို့လယ်တိုက်ခန်းတွေမှာ နေတာဆိုရင် ဘောလုံးကွင်း၊ ပန်းခြံ၊ ကွင်းပြင်တွေ ခေါ်သွားပေးရပါမယ်။ ကလေးကို စက်ဘီးစီးတတ်အောင် သင်ကြားပေးရပါမယ်။ ကလေးငယ်ရဲ့ ကျား၊ မခွဲခြားတဲ့ စိတ်မျိုး မရှိအောင် ယောက်ျားလေးတွေကို ကြိုးခုန်ခိုင်းတာမျိုး၊ မိန်းကလေးတွေကို ဘောလုံးကွင်းမှာ ဘောလုံးကန်ခိုင်းတာမျိုးတွေ လုပ်ပေးရပါမယ်။ ပုံဆွဲတာနဲ့ ပန်းချီဆွဲတာတွေကို အားပေးရပါမယ်။
ခြောက်နှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ခုန်ပေါက်ပြေးလွှားဆော့ကစားတာ၊ ဘောလုံးကို ခြောက်မီတာအကွာအဝေးရောက်အောင် ကန်နိုင်တာ၊ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင်စီးတတ်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ကလေးငယ်ဟာ အက္ခရာစာလုံးတွေ၊ ကိန်းဂဏာန်းတွေကို အရွယ်တူ ရေးတတ်တာ၊ နာမည်ကို ရေးတတ်တာတွေ ဖြစ်ပါတယ်။
လူကြီးမိဘတွေအနဲ့က ဒီအရွယ်ကလေးငယ်တွေကို အားကစားတမျိုးမျိုး ပြုလုပ်အောင် အားပေးရပါမယ်။ ဘောလုံးကန်တာ၊ ဂျုဒိုကစားတာ၊ ရေကူးတာ စတာတွေ လုပ်ခိုင်းရပါမယ်။ ကလေးငယ်လေးရဲ့ စာအရေးအသားစွမ်းရည် တိုးတက်လာအောင် ဈေးဝယ်စာရင်းရွတ်ပြပြီး လိုက်ရေးခိုင်းတာ၊ ဆွေမျိုးမိတ်ဆွေတွေဆီ စာရေးခိုင်းတာ၊ ဟင်းချက်အညွှန်းတွေ လိုက်ကူးရေးခိုင်းတာတွေ လုပ်ခိုင်းလို့ရပါတယ်။
ခုနစ်နှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှု စွမ်းရည်တွေကတော့ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်တာ၊ ကိုယ်ခံပညာကစားခြင်း၊ ရေကူးခြင်း၊ စကိတ်စီးခြင်း စတာတွေမှာ သက်လုံကောင်းလာတာ၊ ပြေးလွှားရာမှ အရှိန်ထိန်းတတ်တာ၊ ဘောလုံးဖမ်းတာ၊ ပစ်တာတွေကို လက်တဘက်တည်းနဲ့ လုပ်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ စာရေးသားတဲ့ စွမ်းရည်မြင့်တက်လာတာ၊ အပ်အကြီးကို သုံးပြီး ချုပ်လုပ်တတ်တာတွေ ဖြစ်ပါတယ်။
လူကြီးမိဘတွေက ဒီအရွယ်တွေကလေးတွေကို ပြင်ပမှာ ကစားတာကို အားပေးတာ၊ ရေကူး၊ စကိတ်စီး၊ စက်ဘီးစီး၊ ကခုန်တာတွေကို အားပေးတာနဲ့ ကိုယ်ခံပညာတွေ သင်ကြားပေးတာ ဖြစ်ပါတယ်။
နိဂုံးချုပ်ဆိုရရင် ကလေးသူငယ်လေးတွေရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဟာ ကျန်းမာပျော်ရွှင်တဲ့ ကလေးလေးတယောက်ဖြစ်စေဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးဟာ လူမှုဆက်ဆံရေးစွမ်းရည်၊ ဥာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစားတွေးခေါ်ဥာဏ် မြင့်မားရေး၊ မိမိကိုယ်ကို ယုံကြည်မှု မြင့်မားရေးနဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်ရေး တွေအပေါ် အကျိုးသက်ရောက် ဆက်စပ်မှုရှိတာကြောင့် မိဘလူကြီးတွေအနေနဲ့ ကလေးငယ်လေးရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကူညီရင်း၊ ကလေးရဲ့ တိုးတက်မှုတွေကိုလဲ တိုင်းတာ မှတ်တမ်းပြုစုထားသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်ရှင်။
ခင်မမမျိုး (၂၄၊ ၈၊ ၂၀၀၉)
ရည်ညွှန်းကိုးကား။ ။
Meggitt, C. & Walker, J. (2004) An Introduction to Child Care and Education, 2nd edition, Hodder, Oxon
Stoppard, M. (2005) New baby care book: a practical guide to the first three years, Penguin, London
မှတ်ချက်။ ။ အရှေ့မိုးကောင်းကင် စာစောင် (www.crystalthinktank.com) တွင် ရေးသားဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။
World Day of Social Justice (20.2.2009)
Saturday, February 21, 2009
Social Justice နဲ့ပတ်သက်ပြီး၊ လူအများက အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုထားကြပါတယ်။ ဒီအထဲက ခပ်တိုတိုနဲ့ ဆိုလိုရင်းအနက်ကို ဖော်ပြပေးထားတာကတော့ Global Exchange အဖွဲ့ကြီးကို တွဲဖက်တည်ထောင်သူလည်းဖြစ်၊ အမှုဆောင်ဒါရိုက်တာလဲဖြစ်တဲ့ Kirsten Moller ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်လေး ဖြစ်ပါတယ်။ သူက
“Social Justice ဆိုတာ ဆာလောင်ပြီး အိပ်ယာဝင်ရတဲ့ ကလေးငယ်လေးတွေ မရှိစေရဘူး။ လူသားတိုင်း အမိုးအကာမဲ့နေတာ၊ ကျန်းမာရေးစောင့်ရှောက်ခံရမှု မရှိတာတွေစတဲ့ ဒုက္ခဆိုးတွေက ကင်းဝေစေရမယ်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ပတ်သက်ပြီး လူတွေအားလုံး လွတ်လပ်စွာ ပါဝင်ဆွေးနွေးခွင့်ရှိရမယ်” လို့ဆိုထားခဲ့ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့  အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ ကျွန်မတို့ မြန်မာပြည်မှာ ဒီလို လူမှုရေးတရားမျှတမှု (Social Justice) ရှိနေပါရဲ့ လား။ ဆာလောင်မွတ်သိပ်ပြီး အိပ်ယာဝင်လိုက်ရတဲ့ ကလေးငယ်လေးတွေ ဘယ်လောက်ရှိနေသလဲ။ အမိုးအကာမဲ့ပြီး တောထဲမှာ ပြေးလွှားနေကြရတဲ့ တိုင်းရင်းသား မိသားစုဝင်တွေ ဘယ်လောက်များနေသလဲ။ အသပြာမရှိရင် ဆေးရုံ၊ ဆေးခန်းတွေ အနီးကို သွားရဲသူ ရှိပါသလား။ တိုင်းပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းအတွက် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေ ရှိနေပါရဲ့ လား။
မြန်မာပြည်မှာ လူမှုရေးတရားမျှတမှုတွေ ထွန်းကားလာဖို့ မြန်မာများအားလုံး ၀ိုင်းဝန်း လုပ်ဆောင်ကြပါစို့။
(songs- Democratic Voice of Burma)
news
Wednesday, May 7, 2008
From Vicky Bowan
BURMA/MYANMAR: CYCLONE NARGIS APPEALS
The following experienced NGOs have all been established on the ground in
Burma for many years, including in Irrawaddy, Bago, Yangon Divisions and
Rakhine and Mon States. They are variously already conducting assessments
and starting to provide support to the populations hit by the cyclone.
The websites give links to their Nargis appeals, and will allow you to claim
Gift Aid for your donation if you are a UK taxpayer, maximising the
effectiveness.
Save the Children (UK)
Have launched a £5million appeal
http://www.savethechildren.org
Medicins Sans Frontieres (MSF (NL)
http://www.savethechildren.org
working in Yangon area including Hlaingthaya, Dalla and Twante
Merlin
http://www.merlin.org.uk/Lists
£500,000 appeal
Medical team sent to Laputta
Have been active in Irrawaddy Division for some time
Care
<http://www.careinternational
20AS%20DEATH%20TOLL%20FROM
http://www.careinternational
0AS%20DEATH%20TOLL%20FROM
Currently working on needs in South Dagon and Thaketa
World Vision
https://www.worldvision.org.uk
You can identify your donation to their Myanmar cyclone appeal
International Federation of the Red Cross
http://www.ifrc.org/Docs/News
Have been working to build the grassroots capacity of the Myanmar Red Cross
Society which has a network of volunteers throughout the country
Not an NGO, but UNICEF is also organised and active throughout the country,
and appealing for funds
http://www.unicef.org/infobycou
There are also a number of small NGOs and private initiatives, some of which
wish to remain below the radar, so are not included in this list
For a list of US NGOs which are accepting contributions for Nargis (not all
of whom have an on-the-ground presence)
http://interaction.org/burma
news
မြန်မာနိုင်ငံ ဆိုင်ကလုန်းဒုက္ခသည်များအား ကမ္ဘာမှ အကူအညီပေးခြင်း
The Associated Press
ပုံနှိပ်နေ့စွဲ- မေလ (၆) ရက်၊ (၂၀၀၈)ခု
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဆိုင်းကလုန်းမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူ ခန့်မှန်းလူဦးရေ (၁)သန်းခန့်အား ကမ္ဘာ့ကုလသမဂ္ဂ၊ ကြက်ခြေနီအဖွဲ့နှင့် အခြားကူညီထောက်ပံ့ရေးအဖွဲ့အစည်းများမှ ပေးအပ်ခဲ့သော ကနဦးထောက်ပံ့မှုများမှာ-
- ဥရောပသမဂ္ဂ - ယူရို (၂)သန်း (အမေရိကန်ဒေါ်လာ ၃.၁ သန်း)
- တရုတ်နိုင်ငံ- အမေရိကန်ဒေါ်လာ တသန်း (ယူရို ခြောက်သိန်းလေးသောင်း) ထောက်ပံ့မှု (အမေရိကန်ဒေါ်လာ ၅ သိန်းတန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများအပါအ၀င်ဖြစ်သည်)
- ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘားနတ် ကူချာနာမှ မြန်မာအစိုးရ၏ငွေကြေးစီမံခန့်ခွဲမှုအသုံးချခြင်းအပေါ် ယုံကြည်မှုနည်းသောကြောင့် ပြင်သစ်နိုင်ငံအနေဖြင့် ထောက်ပံ့မှုကို ယူရိုနှစ်သိန်း (ဒေါ်လာ သုံးသိန်း ကိုးထောင့်နှစ်ရာ)သာ ထောက်ပံ့နိုင်မည်ဖြစ်ကြောင်းကြေငြာသည်။
- အမေရိကန်အစိုးရဌာနမှ မြန်မာနိုင်ငံမှ တာဝန်ရှိသူများသည် ကနဦး ဒေါ်လာ နှစ်သိန်းခွဲအား လက်ခံရရှိပြီးနောက် အမေရိကန် စစ်ဆေးရေးအဖွဲ့မှ ၀င်ရောက်မည့် တောင်းဆိုချက်ကို ငြင်းပယ်လိုက်ကြောင်းကြေငြာသည်။ အမေရိကန်သမ္မတဂျော့ဘုရှ်မှ အမေရိကန်နိုင်ငံမှ လာရောက်ကူညီမှုကို လက်ခံရန် အဂါင်္နေ့က ပြောကြားလိုက်သည်။
- နော်ဝေနိုင်ငံအစိုးရမှ ၄င်းတို့သည် ကရိုမာ (၁၀)သန်း (အမေရိကန်ဒေါ်လာ ၁.၉၆ သန်း၊ ယူရို ၁.၂၅ သန်း) ပေးအပ်မည်ဖြစ်ကြောင်းကြေငြာသည်။
- ဆွီဒင်နိုင်ငံမှ သယ်ယူထိန်းသိမ်းရေးအကူအညီနှင့် ရေသန့်စင်သောစနစ်များအား ကုလသမဂ္ဂ လုပ်ငန်းအကောင်အထည်မှုသို့ ပေးအပ်မည်ဖြစ်သည်။
- ဒိန်းမတ်ကယ်ဆယ်ရေးအဖွဲ့များမှ အလှူငွေကောက်ခံမှုများပြုလုပ်ခဲ့ပြီး၊ ဒိန်းမတ်အစိုးရမှ ကရိုမာ (၅)သိန်း (ယူရို ခြောက်သောင်း ခုနစ်ထောင်၊ အမေရိကန်ဒေါ်လာ တစ်သန်းသုံးထောင့်ခြောက်ရာ) ပေးအပ်ခဲ့ကြောင်းကြေငြာသည်။
- ဖင်လန်နိုင်ငံမှ ငွေကြေးနှင့် ကယ်ဆယ်ရေးထောက်ပံ့မှုများကို တောင်းဆိုပါက ပေးအပ်ရန်အဆင်သင့်ရှိကြောင်းအဆိုပြုသည်၊
- စပိန်နိုင်ငံမှ ကုလသမဂ္ဂစားရိပ်ရိက္ခာအစီအစဉ်အဖွဲ့သို့ ယူရို ငါးသိန်း (ဒေါ်လာ ခုနစ်သိန်း၊ ခုနစ်သောင်းငါးထောင်) ပေးအပ်မည်ဖြစ်ကြောင်းကြေငြာသည်။
- Czech အစိုးရမှ ကိုရူနာ နှစ်သန်းခွဲ (ဒေါ်လာ တသိန်း ငါးသောင်းငါးထောင်၊ ယူရိုတစ်သိန်း) ခွဲဝေထားသည်။
- ရုရှားသမ္မတပူတင်ကလိုအပ်သောထောက်ပံ့မှုနှင့်ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မည်ကြေငြာသော်လည်း၊ တိကျသောပမာဏကို ဖော်ပြခြင်းမရှိပါ။
- ဆွစ်ဇလန်နိုင်ငံမှ ကနဦး ဆွစ်ဖရန့် ၅သိန်း (အမေရိကန်ဒေါ်လာ ၄သိန်း၊ခုနစ်သောင်းငါးထောင်၊ ယူရို သုံးသိန်းငါးထောင့်ကိုးရာ)နှင့် ဆွစ်ဇလန်နိုင်ငံကြက်ခြေနီအဖွဲ့မှ ဆွစစ်ဖရန့် နှစ်သိန်း ပေးအပ်မည်ဖြစ်သည်။
- စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ နှစ်သိန်း (ယူရို တသိန်းနှစ်သောင်းကိုးထောင်)အား ယာယီတဲများ၊ မြေပြင်အခင်းများ၊ အိပ်ယာလိပ်များ၊ ဆေးဝါးပစ္စည်းများ၊ သောက်သုံးရေများ၊ အရေးပေါ်အစားအစာ များအတွက် ပေးအပ်မည်ဖြစ်သည်။
- ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ဖရန့်ဝေါလ်တာစတိန်းမီးယားမှ ဂျာမန်ထောက်ပံ့မှုအဖွဲ့အစည်းများအား မြန်မာနိုင်ငံတွင် အရေးပေါ်အဆောက်အဦးများဆောက်လုပ်ခြင်း၊ သောက်သုံးရေရရှိရန်ဆောင်ရွက်ခြင်း၊ အိမ်သုံးပစ္စည်းများနှင့် ခြင်လုံဇကာများဝယ်ယူခြင်း ကူညီထောက်ပံ့ပေးရန် ယူရိုငါးသိန်း (ဒေါ်လာ ၇သိန်း၇သောင်းသုံးထောင်) ပေးအပ်ထားကြောင်းကြေငြာသည်။
- အလားတူ ဂျာမန်ကြက်ခြေနီအဖွဲ့မှ ကနဦးထောက်ပံ့မှု ယူရို ၁သိန်းနှစ်သောင်းနှစ်ထောင်အားပေးအပ်ခဲ့ပြီး၊ နောက်ပိုင်းတွင် တိုးမြှင့်ထောက်ပံ့နိုင်ရန်အတွက် အလှူငွေကောက်ခံလျက်ရှိသည်။
Donation information (5)
Tuesday, May 6, 2008
Cyclone Nargis ကြောင့် ဘေးဒုက္ခရောက်နေသော မြန်မာပြည်သူများကို ကူညီရန်အတွက် အလှူငွေပါဝင် ထည့်လိုသူများ သာသနာ့ဥသျှောင် အဖွဲ့ဝင် ဆရာတော်ဦးစန္ဒောဘာသ (လန်ဒန်ဝိဟာရကျောင်း၊ Wembley)၏ ဘဏ်စာရင်း တွင် ထည့်သွင်းလှူဒါန်းနိုင်ပါသည်။
ငွေစာရင်းများဖြစ်သော မည်မျှရသည်၊ မည်မျှသုံးသည်ဆိုသော အချက်အလက်များကို ဖေါ်ပြနိုင်ရန်နှင့် မုန်တိုင်း အကူအညီ ပေးရေး သတင်းအချက်အလက်များအတွက် သီးသန့် ဘလော့ အဖြစ် www.freeburmafunduk.blogspot.com တွင် မကြာမီ ကြည့်ရှုနိုင်ကြမည် ဖြစ်ပါသည်။
အသေးစိတ် အချက်အလက်များမှာ
For bank transfers...
Bank Name: Barclays
Account Holder Name: Mr A Candobhasa
Sort Code: 20-80-71
Account No.: 9000 2836
Reference: Cyclone
PayPal: ashinucandobhasa@yahoo.co.uk
ဆရာတော် အားတိုက်ရိုက် ဆက်သွယ်လိုလျှင်... Mobile: 07877 297 205
Email: ashinucandobhasa@yahoo.co.uk
Donation information (4)
မေလ ၂ ရက်နှင့် ၃ရက်တွင် မြန်မာနိုင်ငံအတွင်း (ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်)သို့ တစ်နာရီ မိုင် ၁၀၀ ကျော်နှုန်းဖြင့် ၀င်ရောက်တိုက်ခတ်သွားသည့် Nargis ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများ အသက်အိုးအိမ်ဆုံးရှုံးမှုများ ဆိုးဝါးစွာ ဖြစ်ပေါ်လျှက်ရှိနေပြီး အရေးပေါ်အကူအညီများ အမြန်ဆုံးလိုအပ်လျှက် ရှိနေပါသည်။
လှုဒါန်းငွေများကို စာရင်းအတိအကျ ထုတ်ပြန်ကြေငြာပေးမည်ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာ ဒုက္ခသည်များသို့ အချိန်မှီ ပေးအပ်ကူညီမည် ဖြစ်ကြောင်းလေးစားစွာ တိုက်တွန်းအသိပေးအပ်ပါသည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ (Singapore Only)
၁။ကိုအေးကိုကို (+၆၅ ၉၆၃၅၂၀၆၄)
၂။ကိုဝင်းကျော် (+၆၅ ၈၁၁၈၀၃၁၅)
၃။ကိုစိုးထွန်း (+၆၅ ၉၄၈၇၄၄၁၃)
၎။ကိုမင်းသိမ်း (+၆၅ ၈၁၈၆၀၀၄၂)
၅။ကိုသူရိန် (+၆၅ ၈၁၈၆၈၁၅၆)
၆။ကိုညီညီအောင် (+၆၅ ၉၇၄၂၀၉၀၅)
Donation information (3)
Dear all,
You might have heard the devastating news about
I still can't contact my family and friends. Worse, I still haven't heard from our working group, an informal group I formed after last October demonstrations, which provide humanitarian and welfare aid to people in suburbs of
The people are left to rebuild their lives on their own with whatever they have. And the Cyclone has taken all they have.
The international aid community has offered to help, but the Burmese government has yet to respond. They might say 'no', since they see aid as a way of interfering with local politics, and with the referendum just less than a week away, they may be nervous about accepting outside help.
The Burmese people have had a difficult time for nearly four decades now, yet now, additionally, they have fallen victims to this natural disaster. And without outside aid, most will find it very difficult to survive.
Channelling money into
You might be asked many times for money, but
If you want to donate, please make an online payment to the following account.
Barclays account number: 60552232, sort code: 208915, Name Miss M T Than. Or please send a check to
Miss Tharaphi Than
SEAsia Department
SOAS,
Thanks in advance,
Tharaphi
Donation information (2)
We are collecting donation for people suffered from Nargis Cyclone.
UK
Collected by Myanmar Sanga Association UK and Unity to Victory Group.
u2v@u2v.org.uk
tzhtike2004@gmail.com
Ko Kyaw Swar (+44) 7828 890 224
Ko Thant Zin (+44) 7727 248 755
Ko Moe Swe (+44) 7773 325 635
Ko Myat Soe Khine (+44) 7939 222 932
Ko Htike (+44) 7974 817 387
Singapore
You can participate your donation, collecting at Peninsula Plaza. Collecting Time for 2 days is 5:30 to 8:30.
Lin Let (Second Floor)
Sin Myanmar ( Third Floor)
Daw Than Than Nu (5th Floor)
Lan Pya Kyal Library (5 th Floor)
Donation information (1)
The most urgent and effective mean with transparency, accountability and monitoring for donation for our cyclone victims is through United Nations Central Emergency Response Fund (CERF). CERF is the UN's central donation facility to help ensure that funds are on hand in time to take action on humanitarian emergencies. The fund is financed by voluntary contributions from both public and private donors; already, more than 50 nations have contributed to the CERF, as have many private individuals and organizations.
Individuals or organizations can contribute donations immediately.
Donate online
You can donate from US$ 25
Donate by check
Please check the No. 4 option for the donation
To Donate by Check* please choose from options below.
1- UN Foundation General Fund
PO Box 96619
Washington DC 20090-6619
2- UN Foundation/Global Fund
PO Box 96618
Washington DC 20090-6618
3- United Nations Foundation/Nothing But Nets
PO Box 96539
Washington, DC 20090-6539
4- Funds such as CERF, Polio, UNIFEM, INSTRAW, and UNDP,
please send donations to:
United Nations Foundation
1800 Massachusetts Avenue, NW, Suite 400
Washington, D.C. 20036
attn: Please note which program you are supporting in the
memo line of the check.
The United Nations Foundation is a registered public charity under section 501(c) 3 of the U.S. Internal Revenue Code. 100% of your donation will go to providing nets for children in Africa, no portion of your donation will be diverted for administrative costs.
http://www.unfoundation.org/donate/donate_by_check.asp
Fyi
http://www.unfoundation.org/cerf/index.asp
http://ochaonline.un.org/FundingFinance/tabid/1082/Default.aspx
http://ochaonline.un.org/FundingFinance/ResponseFunds/tabid/4404/Default.aspx
http://news.yahoo.com/s/ap/20080505/ap_on_re_as/myanmar_cyclone
(information sent by Dr Maung Maung Hla Kyaing)
UN, agencies rush to ready aid for Burma cyclone victims, awaiting green light
Monday, May 5, 2008
May 5th, 2008
UN, agencies rush to ready aid for Myanmar cyclone victims, awaiting green light
By ALEXANDER G. HIGGINS,AP
Posted: 2008-05-05 13:18:02
GENEVA (AP) - U.N. and private aid agencies rushed Monday to prepare assistance for victims of a devastating cyclone in Myanmar, awaiting a government go-ahead.
As the death toll climbed toward 4,000, government officials indicated willingness to accept aid, but details how the aid is to be delivered need to be worked out first, said Elisabeth Byrs, spokeswoman for the U.N. Office for the Coordination of Humanitarian Affairs, or OCHA.
“The U.N. team has been activated and is ready to supplement the effort of the government in responding to this disaster as soon as they receive visas,” Byrs said.
Some potential donors said they appeared to need individual approval to deliver aid.
The United States said the Myanmar government had initially refused to allow a U.S. Disaster Assistance Response Team into the country to assess damage to follow up on an emergency contribution of US$250,000 (162,000).
“As of this moment, the Burmese government has not given them permission, however, to go into the country, so that is a barrier to us being able to move forward,” deputy U.S. State Department spokesman Tom Casey told reporters. “We asked for permission but the initial response from the government was that they were not inclined to let them in.”
Relief agency representatives met in Yangon, Myanmar’s biggest city, as well as the regional coordination center in Bangkok, Thailand, to assess the damage and prepare supplies.
A U.N. official in Myanmar said hundreds of thousands of people urgently need drinking water and shelter. The international Red Cross said the national Red Cross society was already distributing supplies.
“Widespread destruction is obviously making it more difficult to get aid to people who need it most,” said Michael Annear, regional disaster management coordinator for the International Federation of the Red Cross and Red Crescent Societies.
“We have received a long list of things that are needed, including shelter material, food, water purification stuff, tarpaulins and things like that,” CARE operations manager Carsten Voelz said in Geneva.
“Given the scale of what has happened, we would certainly have to beef up our personnel that are in the country,” Voelz said.
The United Nations Children’s Fund said it is working with other agencies and the Myanmar Red Cross Society to see how it can help those affected.
“We have five teams assessing the situation on the ground at the moment,” said UNICEF spokeswoman Veronique Taveau. “The situation seems to be quite difficult.”
Aid agencies usually need a government request for international assistance before dispatching staff and supplies to disaster-hit countries.
The European Union said it is providing 2 million (US$3 million) in urgent humanitarian aid for the cyclone victims.
“With every hour that passes, the news coming out of Myanmar gets grimmer and grimmer,” Development Commissioner Louis Michel said. “This is a terrible catastrophe that demands a quick and effective humanitarian response.”
German Foreign Minister Frank-Walter Steinmeier said he was making 500,000 (US$773,000) available to German aid organizations to help Myanmar build emergency housing, provide drinking water and purchase household necessities and mosquito nets.
“I appeal to the military government of Myanmar, in the interests of the people affected by the emergency, to allow an effective aid operation and to work together with international aid organizations,” he said in a statement from Berlin.
OCHA’s Byrs said the Myanmar Red Cross Society also is deploying five assessment teams.
The World Food Program has pre-positioned 500 tons of food in Yangon and plans to bring in more relief supplies, she said.
The U.N. Children’s Fund has relief stocks in Yangon, Taveau said, adding that bringing drinking water to people is critical. Large scale destruction often makes it difficult to reach the people affected by natural disaster, she said.
“We are basically standing on our toes, ready to run,” CARE’s Voelz said.
He said the list of needed supplies “was put together in Bangkok based on our experience on what you need in situations like that. As humanitarian organizations, we have worked in many cyclone situations, so we know what’s needed.”
Agencies outside Myanmar, also known as Burma, were awaiting word from representatives in the country who have been meeting with Myanmar officials, but communications are difficult with limited phone connections.
Yangon was mostly without electricity. Many roads remained littered with debris.
“It’s clear that we’re dealing with a very serious situation,” said Richard Horsey, a Thailand-based spokesman for OCHA.
“What is clear at this point is that there are several hundred thousands of people in dire need of shelter and clean drinking water,” Horsey said.
At a meeting with foreign diplomats and representatives of international aid agencies, Myanmar Foreign Ministry officials said they welcomed international humanitarian assistance and urgently needed roofing materials, plastic sheets and temporary tents, medicine, water purifying tablets, blankets and mosquito nets.
The situation in the countryside remained unclear because of poor communications and roads left impassable by the storm.
The international Red Cross said it is preparing support and funding for the national Red Cross society carrying out the relief work.
“The Myanmar Red Cross volunteers are already distributing some basic items and we are also supporting them with some initial assessment,” said Matthew Cochrane at the federation’s Geneva headquarters.
He said the international Red Cross has released 200,000 Swiss francs (US$189,000; 122,250) from their disaster relief emergency fund for this work.
“Reports are coming out of the delta coast, particularly the Irrawaddy region, that in some villages up to 95 percent of houses have been destroyed,” Cochrane said.
Other agencies taking part in preparations include Save the Children, Oxfam and World Vision.
Associated Press writers Eliane Engeler in Geneva, Matthew Lee in Washington, David Rising in Berlin, and Paul Ames in Brussels contributed to this report
(source: AP news)
How can we help?
မုန်တိုင်းနောက်ဆက်တွဲအကျိုးဆက်များအား ရင်ဆိုင်ကျော်လွှားခြင်း- အုပ်ချုပ်သူနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြားတွင် mediator အဖြစ်ဆောင်ရွက်ခြင်းနှင့် ပြည်သူမှပြည်သူသို့အကူအညီပေးခြင်း
ခင်မမမျိုး (၅၊ ၅၊ ၂၀၀၈)
ဘင်္ဂလားပင်လယ်အော်မှ စတင်ဖြစ်ပေါ်ခဲ့သည့် တနာရီလျှင် (၁၉၂) ကီလိုမီတာအင်အားရှိသည့် နာဂစ်မုန်တိုင်းကြီးသည် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး၊ ခန့်မှန်းမရနိုင်လောက်သည့် ကြီးမားလှစွာသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပွားစေခဲ့သည်။ စစ်အစိုးရက ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းစသော ပြည်နယ်နှင့်တိုင်း (၅)နေရာအား အရေးပေါ်အခြေအနေကြေငြာထားသည်။
မုန်တိုင်းကြောင့်ဖြစ်ပွားသော လူအသေအပျောက်နှုန်းများ၊ အိုးမဲ့အိမ်မဲ့နှုန်းများကို အတိအကျမသိရသေးပေ။ သို့ရာတွင် မုန်တိုင်းဒဏ်ခံရသောအခြေအနေများအရ အနည်းဆုံး ထောင်နှင့်ချီသောလူအများသေဆုံးပြီး၊ သိန်းနှင့်ချီသောလူများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ၊ သန်းနှင့်ချီသောလူအများ ဆင်းရဲဒုက္ခရောက်ခဲ့သည်ကတော့ သေချာလှသည်။
နိုင်ငံတကာအဖွဲ့အစည်းများမှ မုန်တိုင်းဒဏ်ခံစားရသော ပြည်သူလူထုအတွက် ကူညီရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ စစ်အစိုးရမှ အကူအညီတောင်းခံခြင်း၊ ယခုစာရေးနေသည့်အချိန်အထိ မရှိသေးပါ။ ကမ္ဘာအနှံ့မှ ပြည်ပရောက်မြန်မာများ မွေးရပ်မြေအတွက် ပူပန်စိုးရိမ်နေကြသည်။ မုန်တိုင်းအန္တရာယ်ကျရောက်မည်ကို ကြိုတင်သိရှိပါက လုံလောက်သော ကြိုတင်စီမံမှုများ မပြုလုပ်ခြင်း၊ မုန်တိုင်းအန္တရာယ်ကျရောက်မှုတွင် ထိရောက်သော ကယ်ဆယ်ရေးလုပ်ငန်းများ မပြုလုပ်နိုင်သည့် စစ်အစိုးရအား အပြစ်တင်နေကြသည်။ အတိုက်အခံအဖွဲ့များမှလည်း ကြေငြာချက်များထုတ်ပြန်၍ စစ်အစိုးရ၏ တာဝန်မဲ့မှုကို မီးမောင်းထိုးပြနေကြသည်။ သတင်းမီဒီယာများမှလည်း ထိုအချက်ကိုသာ တစိုက်မတ်မတ် ကြေညာနေကြသည်။
ထိုသို့ပြောနေ၊ လုပ်နေရုံနှင့် ပြီးပါမည်လား။ ကျွန်ုပ်တို့အားလုံးသည် စစ်အစိုးရထံမှ မည်သည့်အရာကို မျှော်လင့်နေခဲ့ကြသနည်း။ စစ်အစိုးရသည် ပြည်သူလူထုအပေါ်တွင် ယခင်ကလည်းတာဝန်မကျေခဲ့၊ ယခုလည်းတာဝန်မကျေ၊ နောင်လည်း တာဝန်ကျေမည်မဟုတ်။ ထို့အတူပင် ယင်းကဲ့သို့သော တာဝန်မသိသည့် အစိုးရကို အပြစ်ထိုင်ပြောနေရုံနှင့်လည်း ကျွန်ုပ်တို့ တာဝန်ကျေသည်မဟုတ်။ ကျွန်ုပ်တို့အားလုံးသည် မြန်မာလူမျိုးများဖြစ်ပြီး၊ မြန်မာ့မြေပေါ်တွင် မြန်မာ့ရေကိုသောက်ကာ ကြီးပြင်းလာခဲ့ကြသူများဖြစ်သည်။ ယခုကျွန်ုပ်တို့ မြေပေါ်တွင် မှီတင်းနေထိုင်သူများသည် အတိဒုက္ခရောက်ရှိနေကြသည်။
မုန်တိုင်းပြီးလျှင် လေပြေလာတတ်သည်ဆိုသော်လည်း၊ လက်တွေ့တွင်ကား မုန်တိုင်းနောက်ကွယ်မှ အကျိုးဆက်များသည် မုန်တိုင်းကျနေစဉ်ချိန်ထက်ပင် ပိုမို၍ ကြောက်စရာကောင်းလှသည်။ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများ၊ ဘ၀ပျက်သွားသူများ အများအပြားရှိနေပြီ။ သန့်ရှင်းသောသောက်သုံးရေ မရရှိပါက ကူးစက်ရောဂါဆိုးများ ပျံ့နှံ့ဖွယ်ရာရှိသည်။ မုန်တိုင်းအများဆုံး ရိုက်ခတ်သွားခြင်းခံခဲ့ရသော ဧရာဝတီတိုင်းသည် မြန်မာတနိုင်ငံလုံး၏ စပါးကျီဖြစ်သဖြင့် အစာရေစာရှားပါးမှု၊ ကုန်ဈေးနှုန်းအကြီးတက်သွားမှုများဖြစ်မည်။ ဖြစ်လည်းဖြစ်နေပြီ။ ရှေ့ဆက်၍ အဆမတန်တက်တော့မည်။ လူအများငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးကြီးဆိုက်နိုင်သည်။ ထိုအန္တရာယ်ဆိုးများကို ကျွန်ုပ်တို့ညီနောင်ဘွား မြန်မာများ ရင်စည်းခံကြရတော့မည်။ ထိုသို့သောအခြေအနေမျိုးတွင် ကျွန်ုပ်တို့အားလုံး ဝေဖန်အပြစ်တင်ကာ တယောက်ကိုတယောက်အပြစ်ပုံချခြင်းဖြင့်သာ အချိန်ကုန်နေကြတော့မည်လော။ လက်တွေ့တွင် လုပ်ဆောင်ရန်ကြိုးစားသင့်သော နည်းလမ်းနှစ်သွယ်ရှိပါသည်။
(၁) အုပ်ချုပ်သူနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြားတွင် mediator အဖြစ်ဆောင်ရွက်ခြင်း
မည်သို့ပင်ဆိုစေ ကျွန်ုပ်တို့အားလုံး စဉ်းစားလက်ခံကြရမည့် အချက်တခုမှာ ယခုအချိန်တွင် မြန်မာနိုင်ငံအား တရားဝင်သည်ဖြစ်စေ၊ တရားမ၀င်သည်ဖြစ်စေ အုပ်ချုပ်နေသည်မှာ စစ်အစိုးရဖြစ်နေသည်ဆိုခြင်းကို ဖြစ်သည်။ ထိုသို့အုပ်ချုပ်နေခြင်းဖြင့် ယင်းတို့တွင် အာဏာကို အသုံးပြုခွင့်ရှိနေကြသည်။ နိုင်ငံတကာအဖွဲ့အစည်းများသည် အချုပ်အခြာအာဏာရှိသော နိုင်ငံတခုအတွင်းသို့ မည်သို့သောအကြောင်းပြချက်နှင့်ဖြစ်စေ ၀င်ရောက်ခွင့်မရှိပါ။ သို့ဖြစ်ရာ စစ်အုပ်စုမှ တရားဝင်တောင်းဆိုမှသာ အကူအညီပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်းမှ ပြည်သူအများ နိုင်ငံတကာအကူအညီ ရရှိရန်မှာ စစ်အစိုးရပေါ်တွင် မူတည်လျက်ရှိနေသည်။
ထိုသို့စစ်အုပ်စုမှ တရားဝင်တောင်းဆိုအောင် မည်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ကြမည်နည်း ဆိုသည်ကို ယခုအချိန်တွင် ၀ိုင်းဝန်းစဉ်းစားကြရန် လိုအပ်သည်။ ပြည်ပအတိုက်အခံများမှ တောင်းဆို၍မရပါ။ တောင်းဆိုလိုက်လျှင် စစ်အစိုးရက နောက်တလှမ်းပင် ထပ်ဆုတ်သွားလိမ့်ဦးမည်။ ပြည်တွင်းအတိုက်အခံများမှလည်း တောင်းဆို၍မရပါ။ အငတ်ဘေးဆိုက်နေသော ပြည်သူများ လမ်းပေါ်ရောက်လာမည်စိုး၍ ပိုမိုချုပ်ချယ်မှုများပြုလုပ်လာပါက ပြည်သူအများပင် တပူပေါ်နှစ်ပူဆင့်ကြရလိမ့်မည်။
ယခုအချိန်တွင် ပြည်သူအများအတွက် အကျိုးဆောင်ရန် စစ်အုပ်စုနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရန် ကြားခံဆောင်ရွက် ပေးနိုင်မည့် အဖွဲ့အစည်းတခု (ဥပမာ- မြန်မာနိုင်ငံမုန်တိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့ (သို့) ကြိုက်ရာအမည်ပေးပါ) ကဲ့သို့သော အဖွဲ့အစည်းတရပ် ထူထောင်ရန် လိုအပ်ပါသည်။ အဖွဲ့အား ဦးဆောင်သူများသည် ပြည်ပနိုင်ငံများတွင် အခြေစိုက်နေထိုင်ကြသော လူရိုသေ၊ ရှင်ရိုသေ ဆရာဝန်ကြီးများနှင့် ပညာရှင်များဖြစ်သင့်သည်။ အတိုက်အခံဘက်မှလူများ မပါဝင်သင့်ပါ။ ပါဝင်ပါက စစ်အစိုးရမှ ယုံကြည်လက်ခံမည်မဟုတ်ပါ။ ထိုသူများမှ ဦးဆောင်၍ ကြားခံဆောင်ရွက်ပေးပါက အဆင်ပြေမှု ရရှိနိုင်မည် မျှော်လင့်ပါသည်။
ထို့အတူ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမည့်နိုင်ငံများ၊ အဖွဲ့အစည်းများအားလုံးသည် long-term political struggle ရှိနေသော မြန်မာပြည်ကဲ့သို့သော တိုင်းပြည်မျိုးတွင် international humanitarian intervention ပြုလုပ်ရာ၌ လိုက်နာရမည့် စည်းကမ်းနည်းလမ်းများကို အတိအကျလိုက်နာမည် ဆိုပါက စစ်အစိုးရ သဘောထား အနည်းငယ် ပျော့ပျောင်းလာနိုင်သည်။ ထိုစည်းကမ်းများမှာ -
· နယ်မြေခံတာဝန်ရှိအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
· နိုင်ငံတော်နှင့် ပြည်သူများ၏ power relation တွင် ၀င်ရောက်စွက်ဖက်ခြင်းမပြုရ။
· ရေရှည်ပြဿနာအဖြေများအား မရှာဖွေရ။
· မီဒီယာများ၏ အာရုံစိုက်မှုခံရအောင် မပြုလုပ်ရ။
အထက်ပါအချက်များမှာ အာဏာရှင်နိုင်ငံများတွင် လူသားချင်းစာနာမှု အကူအညီပေးပါက လိုက်နာသင့်သော အချက်များဖြစ်သည်။ အာဏာရှင်အစိုးရများသည် လူသားချင်းစာနာမှုအကူအညီကို အသုံးပြု၍ political processes များအား undermine လုပ်မည်ကို စိုးရိမ်တတ်ကြသည်။ ထိုစိုးရိမ်မှုသည် နိုင်ငံတကာအကူအညီများအား အလုံးစုံငြင်းဆန်မှု ပြုစေသည့် အဓိကအချက်ပင် ဖြစ်သဖြင့် လူသားချင်းစာနာမှုအကူအညီနှင့် နိုင်ငံရေးကို မရောထွေးမိစေရန် အရေးကြီးလှသည်။
ဥပမာဆိုရလျှင် ကျွန်ုပ်တို့သွားရာလမ်းတွင် ချောက်ကမ်းပါးတခုရှိနေသည်ဆိုပါစို့။ ထိုချောက်ကမ်းပါးအား နောင်လာနောက်သားများ ဖြတ်ကျော်ရခြင်း လွယ်ကူစေရန် တံတားထိုးရန် လိုအပ်သည်။ ယင်းအတွက် ရေရှည်တံတားတည်ဆောက်မည့် လူများလိုအပ်သည်။ ထိုနည်းတူစွာပင် ချောက်ကမ်းပါးအခြားတဘက်သို့ ပို့ဆောင်ရမည့် ပစ္စည်းပစ္စယများ လျင်မြန်စွာ ရောက်ရှိစေရန် လိုအပ်ပါ သစ်လုံးတံတားထိုးပြီး၊ ချက်ချင်းကူးသွားရမည့် လူများလည်း လိုအပ်သည်ပင်ဖြစ်သည်။ ယခုအခြေအနေသည် ရေရှည်တံတားကြီး ပြီးဆုံးရန် စောင့်နေ၍မရ။ သစ်လုံးတံတားအမြန်ထိုးရန် လိုအပ်သည့်အခြေအနေဖြစ်သည်။
(၂) ပြည်သူမှပြည်သူသို့အကူအညီပေးခြင်း
အခြားအရေးပါသော နည်းလမ်းမှာ ပြည်သူမှပြည်သူသို့ အကူအညီပေးခြင်းဖြစ်သည်။ နိုင်ငံတကာရောက်မြန်မာများ စုပေါင်း၍ တတ်နိုင်သမျှ ငွေအားထည့်ဝင်ကာ အဆင့်ဆင့်လွှဲပြောင်းပြီး၊ ဒုက္ခရောက်နေသော ပြည်သူများအား ကူညီနိုင်စေရန် ဆောင်ရွက်ကြခြင်းဖြစ်သည်။ (၁၉၉၇) ခု၊ ဝေါနယ်တ၀ိုက် ရေကြီးစဉ်က စာရေးသူတို့ ပြုလုပ်ဖူးပါသည်။ ချမ်းသာသောမိတ်ဆွေ၊ သူငယ်ချင်း အသိုင်းအ၀ိုင်းများဆီမှ ပိုက်ဆံများကောက်ခံကာ၊ ဆန်အိတ်များ၊ အခြားအသုံးအဆောင်များ၊ အ၀တ်အစားများအား ကားများပေါ်တင်၍ ရွာဘုန်းကြီးကျောင်းများသို့ လိုက်လံပို့ခြင်းဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းများမှ ရေဘေးဒဏ်သင့်နေသော ရွာသူရွာသားများကို ပြန်လည် ဝေငှပေးပါသည်။ အတိုက်အခံအဖွဲ့များမှ လူငယ်များမှ ပြုလုပ်နိုင်ပါသည်။ အရေးကြီးဆုံးအချက်မှာ နိုင်ငံရေးအသွင်ဆောင်သော မည်သည့်လှုပ်ရှားမှုမှ မပါဝင်ရပါ။ ထိုသို့ဖြစ်လာပါက သတင်းမီဒီယာများ အနေဖြင့်လည်း အတိုက်အခံအဖွဲ့များမှ မည်သူများပါဝင်၍ မည်သို့အကူအညီပေးခဲ့သည်၊ စစ်အစိုးရမှ မည်သို့လက်ပိုက်ကြည့်နေသည်စသည်ဖြင့် ပွဲလှန့်မှုများမလုပ်သင့်ပါ။ ပါဝင်သူများအခြောက်တိုက်အန္တရာယ်ဖြစ်ကာ၊ ပြည်သူများဆီသို့တိုက်ရိုက်ရောက်ရှိနိုင်သည့် အကူအညီလမ်းကြောင်းများ ပိတ်သွားနိုင်ပါသည်။ မည်သူတွေက တာဝန်ကျေ၍၊ တာဝန်မကျေသည်ကို ပြည်သူက သူ့ဘာသာအသိဥာဏ်ဖြင့် သိရှိပြီး ဖြစ်ပါသည်။ ပြောပြနေစရာမလိုအပ်ပါ။
ထို့အပြင် လိုအပ်ပါက စစ်အုပ်စုမှ သံသယကင်းစေရန် စစ်အုပ်စုနောက်လိုက် အဖွဲ့များအား ပူးတွဲဆောင်ရွက်ရန် အကူအညီခေါ်သင့်ပါသည်။ မချစ်သော်လည်းအောင့်ကာနမ်း၊ ရှောင်လွှဲမရသည့် အခြေအနေများရှိနိုင်ပါသည်။ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါက ခေတ္တပူးပေါင်းဆောင်ရွက်လိုက်ရန် လိုအပ်ပါသည်။ အကူအညီလိုအပ်နေသည့် ပြည်သူများမျက်နှာကို ကြည့်ရမည်ဖြစ်သည်။
အလှူငွေထည့်ဝင်ခြင်းများနှင့် ပတ်သက်ရာ၌လည်း စေတနာသုံးတန်ပြတ်၍ လှူကြရန်လိုအပ်သည်။ အချို့ကဆိုပါသည်။ မုန်တိုင်းကယ်ဆယ်ရေးအလှူငွေများ၊ ထောက်ပံ့ကြေးများသည် စစ်အစိုးရလက်တွင်းရောက်သွားပါက ပြည်သူဆီသို့ ရောက်ချင်မှ ရောက်မည်ဆိုသည့်အချက်ဖြစ်သည်။ စစ်အစိုးရအဆင့်ဆင့်မှ အလွဲသုံးစားမှုများ မရှိမဟုတ်၊ ရှိနိုင်ပါသည်။ သို့ပေမယ့် ရာခိုင်နှုန်းတ၀က်ကျော် ပြည်သူများဆီ ရောက်သွားပါက အကျိုးခံစားရသည့် ပြည်သူများရှိလာနိုင်သည်မှာ အမြတ်ပင်မဟုတ်ပါလော။ စစ်အစိုးရမှ ပြည်တွင်းတွင် အလှူငွေကောက်ခံနေသည် များလည်း ရှိပါသည်။ လှူမည့်သူများလည်း သူ့အစုနှင့်သူ ပေါ်နေလိမ့်မည်။ မီဒီယာများမှ တတ်နိုင်သမျှဝေဖန်ခြင်းမပြုရန် တောင်းပန်လိုပါသည်။ ထိုငွေများအနက် (၇၀)ရာခိုင်နှုန်းခန့်သည် ကယ်ဆယ်ရေးလုပ်ငန်းများသို့ ရောက်သွားသည်ပဲထားဦး၊ အကျိုးရှိပါလိမ့်မည်။ ပြည်သူမှပြည်သူသို့ အကူအညီအပေးနိုင်မည့် မည်သည့်လမ်းကြောင်းကို မဆို ၀ိုင်းဝန်းဖော်ထုတ်ကြရန်လိုအပ်ပါသည်။
ချုပ်၍ဆိုရသော် အမိနိုင်ငံမှ တိုင်းရင်းသားပြည်သူများ ဤကဲ့သို့သော ဘေးအန္တရာယ်ဆိုးကြီး ကြုံတွေ့နေရချိန်တွင် ကျွန်ုပ်တို့အားလုံး အပြောမဟုတ်၊ လက်တွေ့လုပ်၍ အကူအညီမည်သို့ပေးနိုင်မည်ဆိုသည့် အချက်ကိုသာ ၀ိုင်းဝန်းဆွေးနွေးအဖြေရှာကြစေလိုကြောင်း လေးစားစွာ တိုက်တွန်းအပ်ပါသည်။
news from Burma (12)
နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ လူ (၃၅၀) ကျော်သေဆုံး၊
ပျက်ဆီး ဆုံးရှုံးမှု များပြား
NEJ/ ၅ မေ ၂၀၀၈
ပြီးခဲ့သည့် စနေနေ့က မြန်မာနိုင်ငံ၌ တိုက်ခတ်သည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် လူ (၃၅၀) ကျော်သေဆုံးပြီး နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးသွားကာ လူပေါင်း သောင်းနှင့်ချီ၍ အိုးမဲအိမ်မဲ့ဖြစ်သွားသည်ဟု စစ်အစိုးရပိုင် မီဒီယာများ၌ သတင်းထုတ်ပြန်သည်။
မုန်တိုင်းသည် ဧရာဝတီတိုင်း အနောက်ဘက် ကမ်းရိုးတန်းဒေသနှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း တို့တွင် တနာရီ (၁၂၀) မိုင်နှုန်းဖြင့် ၀င်ရောက်တိုက်ခတ်ခြင်းဖြစ်ပြီး ဟိုင်းကြီးကျွန်း၌ (၁၆၂) ဦး အပါအ၀င် ဧရာဝတီတိုင်းတတိုင်းလုံး၌ (၂၂၂) ဦး၊ ရန်ကုန်တိုင်း၌ လူ (၁၉) ဦး အပါအ၀င် တနိုင်ငံလုံး၌ အနည်းဆုံးလူ (၃၅၁) ဦး သေဆုံးခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြား သတင်းအရ သိရသည်။
မုန်တိုင်းကြောင့် ရန်ကုန်မြို့၌ သစ်ပင်ကြီးများ၊ ကြော်ငြာဆိုင်းဘုတ်များ ပြိုကျပျက်စီးကုန်ပြီး နေအိမ်များနှင့် အဆောက်အအုံအမိုးများ လွင့်ထွက်ကုန်ကြောင်း၊ လျှပ်စစ်မီး၊ တယ်လီဖုန်းလိုင်း
နှင့် အင်တာနက်လိုင်းများ ပြတ်တောက်ကုန်ကြောင်း ရန်ကုန်မြို့ခံတို့က ပြောသည်။
ရန်ကုန်မြို့ခံတဦးက “စဖြစ်တာကတော့ (၃) ရက်နေ့က၊ မနက် (၃) နာရီကနေ (၇) နာရီခွဲအကြား အချိန်မှာ တော်တော်ဆိုးတယ်။ ရန်ကုန်မြို့ထဲက ကောင်းကင်မှာဆို သွပ်ပြားတွေ ကောင်းကင် ထဲမှာ ပျံနေတာတွေ့ရတယ်။ စလောင်းတွေ တော်တော်များများ ပျက်ကုန်တယ်။ ဆိုင်းဘုတ်ကြီး တွေ အကုန်လဲတယ်။ ဓာတ်တိုင်တွေ၊ ဖုန်းတိုင်တွေ အကုန်ပျက်တယ်။ အခု ရန်ကုန်မှာ မီးပျက် နေတယ်၊ ရေပျက်နေတယ်။ ဒီရက်ပိုင်းအတွင်းကို မီးရေ လုံးဝရနိုင်မယ့် အနေအထားမရှိဘူး” ဟု ပြောသည်။
ရန်ကုန်လေဆိပ်ကို ပိတ်ပစ်ခဲ့ရပြီး ရထားခရီးစဉ်များနှင့် မြို့တွင်း ပြေးဆွဲနေသည့် ဘတ်စ်ကား လိုင်းများလည်း ရပ်နားထားရကြောင်း ရန်ကုန်ဆိပ်ကမ်း ဘောတံတားအချို့ ပြုတ်ထွက် မြောပါ ကုန်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း၌ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ သာကေတ၊ ဒေါပုံမြို့နယ်တို့တွင် ဆိုးဆိုးဝါးဝါး ထိခိုက်မှုရှိပြီး ပြည်လမ်းတလျှောက် မင်္ဂလာဒုံ၊ ထောက်ကြံ့၊ မှော် ဘီရှိ သစ်ပင်များ၊ ရန်ကုန်တက္ကသိုလ်၊ ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင်နှင့် လွှတ်တော်အတွင်းပိုင်းရှိ သစ်ပင်များ ပြိုလဲကုန်သည်ဟု မျက်မြင်တို့က ပြောသည်။
မုန်တိုင်းဒဏ်ခံရပြီးနောက် ရန်ကုန်လူထု ရေးမီး အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မြို့ခံတဦးက ပြောသည်။
၎င်းက “ ရေသန့်ဘူးဆို ပြတ်ထွက်သွားတယ်။ မြို့ထဲက ရေသန့်ဘူး ချပေးတဲ့ ဆိုင်တွေဆို နာမည် စာရင်း သွားပေးထားရတယ်။ ဒီအတိုင်း ကောက်ဝယ်လို့ မရဘူး။ မီးသွေးဆိုင်တွေလည်း ဈေး တက်ကုန်တယ်။ ဈေးတွေကတော့ အားလုံး (၂၀၀၊ ၃၀၀၊ ၅၀၀) စသဖြင့် တက်ကုန်တယ်။ မြို့တွင်း ကတော့ ရေပြဿနာ တော်တော်တက်တယ်။ ကားတွေနဲ့ သွားသယ်ပြီး အိမ်ပေါ် တင်ရတယ်။ အဓိကကတော့ မီးမလာတဲ့အတွက် ရေတွန်းစက်တွေက မတွန်းနိုင်တဲ့အတွက် ရေမရတာ။ ကိုယ်ပိုင်အ၀ီစိတွင်းရှိတဲ့အိမ်တွေက ဆီကိုမျှထည့်ပြီး ရေကို မျှသုံးနေကြရတယ်။ ရန်ကင်းနဲ့ ကမ္ဘာအေးလမ်းဘက်က လူတွေဆိုရင် အင်းယားကန်က ရေကို သုံးရေအဖြစ် သွားယူနေကြရ တယ်။ အ၀ီစိတွင်းရှိတဲ့ ဘုန်းကြီးကျောင်းတွေကတော့ သောက်သုံးရေ အိမ်တွေကို နှစ်ပုံးသုံးပုံး ခွဲတမ်းနဲ့ ပေးနေတယ်။ အဓိက အဆိုးဆုံးကတော့ ရန်ကုန်မြို့ထဲက စမ်းချောင်းပဲ” ဟု ပြောသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်လည်း လှေ၊ သမ္ဗာန်နှင့် သင်္ဘောများ ကျိုးပဲ့နစ်မြုပ် အသေ အပျောက်များကြောင်း၊ လပွတ္တာမြိ့နယ်အတွင်း၌ အဆောက်အအုံများ (၇၅) ရာခိုင်နှုန်း ပျက်စီး ကုန်ပြီး လူပေါင်း (၉) သောင်းကျော် အိုးအိမ်မဲ့ဖြစ်သွားသည်ဟု စစ်အစိုးရက သတင်းထုတ် ပြန်သည်။
မုန်တိုင်းဘေးကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက ထောက်ပံ့ကယ်ဆယ်ရေးအဖွဲ့စေလွှတ်ရန် စီစဉ်နေပြီး ကယ်ဆယ်ခွင့် ရရှိရန် စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း သိရသည်။
စစ်အစိုးရက ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်နှင့် ကရင်ပြည်နယ်တို့၌ အရေးပေါ် အခြေ အနေ ကြေညာခဲ့ပြီး ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) တို့က ရန်ကုန်စစ်ရုံးချုပ်၌ စခန်း ထိုင်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ညွှန်ကြားနေသော်လည်း ထိထိရောက်ရောက် ဆောင်ရွက် ပေးခြင်း မရှိသေးချေ။
မုန်တိုင်းကယ်ဆယ်ရေး အကြောင်းပြချက်ဖြင့် မူဆယ်မြို့၌ သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူကာ ကုမ္ပဏီတခုလျှင် အလှူငွေ ကျပ် (၁) သိန်း ထည့်ခိုင်းနေသည်ဟု မူဆယ်မြို့ခံ ကုန်သည်တဦးက ပြောကြားသည်။
(www.khitpyaing.org)