ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
လူထုတိုက်ပွဲ မှတ်စုများ
Tuesday, July 12, 2011
အလုပ်သမား သပိတ်တိုက်ပွဲများ ပူးပေါင်းဆင်နွှဲကြ
Tuesday, February 9, 2010
အောင်ပွဲဆီသို့ဦးတည်ရာခြေလှမ်းများ (သို့မဟုတ်) ဆားဗီးယားလူထုလှုပ်ရှားမှုမဟာဗျူဟာများ
Saturday, June 6, 2009
မဟာဗျူဟာ။
စကားလုံးကား (၄)လုံးသာရှိသည်။ သို့ရာတွင် အစွမ်းထက်မှုကား မည်သည့်အရာနှင့်မျှ တုနှိုင်းမယှဉ်နိုင်။ စစ်မှုရေးရာ၊ စီးပွားရေးရာမှသည် နောက်ဆုံးလူတဦးချင်းဆီ၏ ဘ၀တိုးတက်ရေးအထိ ပိုင်စိုးပိုင်နင်း ၀င်ရောက်နေရာယူထားသည်။ လက်နက်အားကိုး အနိုင်ကျင့်သော အာဏာရှင် အစိုးရများအား လက်နက်မဲ့ရင်ဆိုင် အနိုင်ယူရသည့် ကာလများတွင် ယင်းစကားလုံး(၄)လုံးသည် ပို၍တန်ဖိုးရှိလာသည်။ အသက်နှင့်ရင်းရသည့် ကစားပွဲ။ ဘ၀နှင့်ရင်းသည့် ကစားပွဲ။ စနစ်ဆိုးတခုကို ဖြိုဖျက်နိုင်ဖို့၊ သန်းပေါင်းများစွာ၏ ဘ၀ဆိုးများကို ကယ်တင်နိုင်ဖို့ ကြိုးစားရသည့်ပွဲ။ မည်သို့ဆိုစေ တနေ့မှာတော့ အာဏာရှင်စနစ်ဆိုသည်မှာ ပြိုလဲရစမြဲ။ လူထုလှုပ်ရှားမှုအောင်ပွဲများကား သမိုင်းသက်သေ ထူခဲ့ပြီ။ ယင်းအောင်ပွဲဆီသို့ ဦးတည်ရာ ခြေလှမ်းများထဲမှ ဆားဗီးယားလူထုလှုပ်ရှားမှု မဟာ ဗျူဟာများအား လေ့လာကြည့်ကြပါစို့။
အော့ပါ(ခေါ်) ဆားဗီးယားလူထု လှုပ်ရှားမှုသည် ရာများများစွာသော လူငယ်များမှ စတင်ကာ ထောင်ပေါင်းများစွာသော လူပေါင်းများစွာဆီသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။ ရည်ရွယ်ချက်ကားရှင်းသည်။ အာဏာရှင်အစိုးရအား ဖြုတ်ချရန်။ ကော်ဖီဆိုင်များ၊ ကျောင်းများတွင် လူငယ်များစတင်စုဝေးခဲ့ကြသည်။ လှုံ့ဆော်စာများ၊ ပိုစတာများ၊ ကြွေးကြော်ချက်စာတမ်းများအား နေရာတကာတွင် ကပ်ခဲ့ကြသည်။ လမ်းများပေါ်တွင် စုဝေးဆန္ဒပြခဲ့ကြသည်။
အာဏာရှင်ကလဲဒီအတိုင်းမနေပါ။ အာဏာရှင်ပီသစွာ ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်သည်။ ရဲတပ်ဖွဲ့မှ ဆန္ဒပြသူများကို ဖမ်းဆီးရိုက်နှက်သည်။ ထောက်လှမ်းရေးများ၊ သတင်းပေးများအား နေရာအနှံ့ ချထားသည်။ နိုင်ငံပိုင် သတင်းဌာနများမှတဆင့် ဆန္ဒပြသူများအား အကြမ်းဖက်သမားများအဖြစ် ကြေငြာသည်။
မည်သို့ဆိုစေ အမှန်တရာဆိုသည်ကား ဒီလိုညစ်ညမ်းသည့်နည်းများဖြင့် ဖုံးဖိ၍ မရစကောင်း။ လူငယ်များ၏ လှုပ်ရှားမှုဆီသို့ အလုပ်သမားနှင့် ပညာရှင်များ ပူးပေါင်းပါဝင်လာခဲ့ကြသည်။ အာဏာရှင်စနစ်အား လူထုလှုပ်ရှားမှုနည်းဖြင့် အနိုင်ယူ တိုက်ဖျက်နိုင်ခဲ့သည်။
ယင်းလူထုလှုပ်ရှားမှုအား လူငယ်များမှ စတင်ခဲ့သည်။ အော့ပါတွင် ခေါင်းဆောင်မရှိ။ လူငယ်တော်လှန်ရေးသမားများအားလုံးသည် ခေါင်းဆောင်များပင်ဖြစ်သည်။ လှုပ်ရှားမှု တာဝန်များကို ခွဲဝေယူကြသည်။ စည်းကမ်းရှိရှိ ဆောင်ရွက်ကြသည်။ လှုပ်ရှားမှုများ လုပ်ရုံတခုတည်းနှင့် တော်လှန်ရေးအောင်ပွဲမရနိုင်ကြောင်းကို သူတို့ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ ချိတ်ဆက်လှုပ်ရှားနေကြသော အုပ်စုငယ်များအားလုံး ယုံကြည်စွာ အကောင်အထည်ဖော်ရမည့် မဟာဗျူဟာများ ရှိရမည်ဟု သူတို့နားလည်ခဲ့ကြသည်။
အော့ပါ၏ မဟာဗျူဟာများမှာ အာဏာဆန်းစစ်ချက်ပေါ်တွင် အခြေခံသည်။ လူထုအဆောက်အအုံအား ပိရမစ်ပုံစံဖြင့် ဖော်ပြသည်။ ထိပ်ပိုင်းတွင်ကား အာဏာရှင်များ၊ စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေးသမားများ၊ ယင်းမှသည် ဖိနှိပ်ချုပ်ချယ်မှု ပြင်းထန်စွာ ပြုလုပ်နေသူများ (စစ်တပ်၊ရဲ၊ထောက်လှမ်းရေး)။ ယင်းမှသည် ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်သူများ (သတင်းမီဒီယာ)စသည်ဖြင့် ပါဝါသွားရာ လမ်းကြောင်းများကို အဆင့်ဆင့်ရေးဆွဲခဲ့ကြသည်။ ထိုသို့ရေးဆွဲရင်းဖြင့် အာဏာရှင်စနစ်ကို ထောက်မပေးနေသော ဒေါက်တိုင်များ ပီပြင်စွာ ထွက်ပေါ်လာသည်။ ယင်းဒေါက်တိုင်များ ပြိုလဲမှ အာဏာရှင်စနစ်ပြိုလဲမည်။ အာဏာရှင်စနစ်ကို ဆန္ဒပြနေရုံတခုတည်းနှင့် ပြီးမည်မဟုတ်ကြောင်း သူတို့ သုံးသပ်ခဲ့ကြသည်။
အခြားထူးခြားချက်တခုမှာ အဖွဲ့ဝင်သစ်များ ၀င်လာတိုင်း လက်ဆင့်ကမ်း သင်တန်းပေးခြင်းဖြစ်သည်။ တော်လှန်ရေးဟူသည် စည်းရုံးလှုပ်ရှားမှု၊ လက်တွဲခေါ်ယူမှု၊ လက်ဆင့်ကမ်းပညာပေးမှုများရှိမှ အားကောင်းလာမည်ဖြစ်ကြောင်း သူတို့ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။
အော့ပါ၏ မဟာဗျူဟာများတွင် မေးခွန်း(၂)ခုမှာ အဓိကကျသည်။
(၁) မည်သည့်ဒေါက်တိုင်များသည် အာဏာရှင်စနစ်အားထောက်မထားသနည်း။
(၂) ယင်းဒေါက်တိုင်များ အားနည်းပြိုလဲလာစေရန် မည်သည့်နည်းဗျူဟာများဖြင့် အကောင်အထည် ဖော်မည်နည်း။
ထင်ရှားသော ဥပမာတခုမှာ အာဏာရှင်စနစ်၏ အရေးပါသော ဒေါက်တိုင်တခုဖြစ်သည့် ရဲတပ်ဖွဲ့ဖြစ်သည်။ ရဲတပ်ဖွဲ့အား တိုက်ခိုက်ပြောဆိုခြင်းဖြင့် ရဲတပ်ဖွဲ့မှ အာဏာရှင်စနစ်အား ပိုမိုသစ္စာရှိစွာ ကာကွယ်သွားခြင်းသာ အဖြေထွက်လာနိုင်ကြောင်း လူငယ်တော်လှန်ရေးသမားများက သုံးသပ်စဉ်းစားခဲ့ကြသည်။ သူတို့ဘာလုပ်ခဲ့ကြသနည်း။ ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာရသူများ၏ ဓာတ်ပုံများအား ရိုက်ယူကာ ပုံကြီးချဲ့ပြီး ဆိုင်းဘုတ်များ ပြုလုပ်ကြသည်။ ယင်းဆိုင်းဘုတ်များဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ အိမ်များသို့ ချီတက်ကာ အဖြစ်အပျက်များအား ပြောပြကြသည်။ ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများရှိရာ ကျောင်းများသို့ သွား၍ အဖြစ်အပျက်များကို ပြောပြကြသည်။ တစ်နှစ်ခန့်ကြာသောအခါ တော်လှန်ရေးသမားများအား ရဲများမှ ရိုက်နှက်မှု လျော့ပါးလာသည်။ မိတ်ဆွေများ၊ အိမ်နားနီးချင်းများ၊ မိသားစုဝင်များ၏ အထင်သေးရွံရှာ စက်ဆုပ်မှုများဒဏ်ကို သူတို့ မခံနိုင်တော့။
ထို့အပြင် လူငယ်များသည် သူတို့အားဖြိုခွဲရန် တာဝန်ချထားသော အရပ်ဝတ်ရဲများအားလဲ ခင်မင်ရင်းနှီးစွာ ဆက်ဆံကြသည်။ ဒီမိုကရေစီအခွင့်အရေးများအား အတင့်ရဲစွာ ပြောပြကြသည်။ ယင်းနည်းဖြင့် အဆင့်မြင့်ပိုင်းအရာရှိများအထိ အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ကြသည်။ နောက်ဆုံး တော်လှန်ရေးတစတစ ကြီးထွားလာပြီး ဘယ်လဂိတ်မြို့တော် ပါလီမန်အား လူထုတက်သိမ်းချိန်၌ လူထုအား ဖြိုခွဲရန် စေလွှတ်ခြင်းခံရသော ရဲတပ်ဖွဲ့ဝင်များသည် တာဝန်ထမ်းဆောင်ရမည့်အစား ဒီအတိုင်းပင် ထိုင်ကြည့်နေခဲ့ကြသည်။ ဒေါက်တိုင်ပြိုလဲမှုသည် အလွန်ပင် အရေးပါအရာရောက်ပါသည်။
အော့ပါလှုပ်ရှားမှု အောင်မြင်ခဲ့ရသည့် အဓိကအကြောင်းရင်းတခုမှ ပါဝါ၏ သဘောတရားများကို ကြေညက်စွာ နားလည်ခြင်းပင်ဖြစ်သည်။ ဘားနတ်လာဖယ်ရက်တိဆိုသူက အာဏာရှင်စနစ်အဆောက်အအုံအား အိမ်တလုံးနှင့် ယှဉ်၍ ဥပမာပြထားသည်။ အိမ်၏ခေါင်မိုးမှာ အာဏာရှင်နှင့် သူ၏ဖိနှိပ်မှု ယန္တရားများဖြစ်ပြီး၊ အုတ်မြစ်မှာမူ လူအများ၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ ခေါင်မိုးပေါ်တွင် လက်နက်များ၊ အမြောက်များ မည်မျှတင်ထားစေကာမူ အုတ်မြစ်အားဖြိုလိုက်သည်နှင့်အိမ်ပြိုသွားမည်ဟု သူကဆိုသည်။
လူထု၏ပါဝါအား Non-cooperation နည်းဖြင့် ပြန်လည်ရယူသင့်ကြောင်း အော့ပါလူငယ်တို့ သုံးသပ်ခဲ့ကြသည်။ ယင်းအပြင် အာဏာရှင်စနစ်ကို ဖြိုချရုံတခုတည်းနှင့် ဒီမိုကရေစီစနစ်ကို အပြည့်အ၀တည်ဆောက်ခြင်း၊ ကွဲပြားခြားနားမှုများအား လက်ခံသဘောပေါက်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခြင်း မပြုလုပ်နိုင်ကြောင်း သူတို့နားလည်ခဲ့ကြသည်။ သို့ဖြစ်၍ တော်လှန်ရေးမဟာဗျူဟာသည် အာဏာရှင်စနစ်ကို ဖြိုဖျက်ခြင်းနှင့်အတူ ဒီမိုကရေစီစနစ်တည်ဆောက်ခြင်းအပေါ်တွင်ပါ တပြိုင်နက်တည်း အခြေခံရမည် ဟု သူတို့ဆုံးဖြတ်ခဲ့ကြသည်။
အော့ပါလှုပ်ရှားမှု မဟာဗျူဟာတွင် အဆင့်(၅)ဆင့်ရှိပါသည်။ ယင်းတို့မှာ-
(၁)တော်လှန်ရေးယဉ်ကျေးမှုတရပ်ဖန်တီးပြင်ဆင်ခြင်း
တော်လှန်ရေး ပြုပြင်ပြောင်းလဲမှုတရပ် ပေါ်ပေါက်လာစေရန် ယဉ်ကျေးမှု တရပ်လိုအပ်သည်။ မည်သို့သော ယဉ်ကျေးမှုမျိုးနည်း။ ပုန်ကန်တော်လှန်သော ယဉ်ကျေးမှု။
ယင်းအဆင့်တွင် အရေးကြီးဆုံးမှာ တော်လှန်ရေးအမြင်ရှိရန်ဖြစ်သည်။ တော်လှန်ရေး အမြင်ရှင်သန်နေမှသာ နေရာယူလိုစိတ်များ၊ အမြင်ကွဲပြားမှုများနှင့် တော်လှန်ရေးသမားများ အကြားတွင် တခါတရံရှိတတ်သော အာဃာတများ ပျောက်ကွယ်ပြီး ညီညွတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။
အော့ပါတွင် ရှင်းလင်းပြတ်သားသော တော်လှန်ရေးအမြင်ရှိခဲ့သည်။ နိုင်ငံအ၀ှမ်းချိတ်ဆွဲသော ပိုစတာများတွင် “He’s Finished ” ဟု ရေးသားကြသည်၊ အားလုံး၏ အဓိကရန်သူသည် အာဏာရှင်ဖြစ်ကြောင်း လူတိုင်းနားလည်သည်၊ မည်သည်ကို တော်လှန်ရမည်ဖြစ်ကြောင်းအားလုံး သဘောပေါက်ခဲ့ကြသည်။
(၂) ခိုင်မာသော ဦးဆောင်အဖွဲ့အစည်းတရပ် တည်ဆောက်ခြင်း
တော်လှန်ရေး မာန်ဟုန်ကို မြှင့်တင်စေရန် ခိုင်မာသောနိုင်ငံရေးဦးဆောင် အဖွဲ့အစည်းတရပ်လိုအပ်သည်။ ပြုပြင်ပြောင်းလဲမှု တရပ်ကို ဟိုတစု၊ ဒီတစု လုပ်ယူ၍မရ။ နိုင်ငံရေးဦးဆောင်အဖွဲ့လိုအပ်သည်။ ဤအဆင့်တွင် အရေးကြီးဆုံးမှာ အဖွဲ့ဝင်များအကြား ယုံကြည်မှု လျော့နည်းခြင်း မဖြစ်လာစေရန် သတိပြုရမည်။ တဦးနှင့်တဦး ယုံကြည်မှု လျော့နည်းလာခြင်းသည် တော်လှန်ရေးအင်အားကို လျော့ကျစေသည်၊ တော်လှန်ရေးလှုပ်ရှားမှုများသည် လှုပ်ရှားနေသူ အသိုင်းအ၀ိုင်းကြားတွင်သာ ပျံ့နှံ့နေပါက ယင်းအသိုင်းအ၀ိုင်းပြင်ပမှ လူသစ်များ ထပ်မံဝင်ရောက်လာခြင်းကို ကန့်သတ်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။
တော်လှန်ရေးအသိုင်းအ၀ိုင်း ပြင်ပမှ လူများအား တော်လှန်ရေးစည်းဝိုင်းအတွင်းသို့ မြင်သာထင်သာ မပါလျှင်ပင်၊ စိတ်ပိုင်းဆိုင်ရာ ထောက်ခံအားပေးမှု ရှိနေစေရန် မည်သို့ စည်းရုံးမည်နည်း။ ဤအချက်မှာ အရေးကြီးလှသည်။ တော်လှန်ရေးအသိုင်းအ၀ိုင်း ပြင်ပမှ လူအများသည် အာဏာရှင်စနစ်ကို စက်ဆုပ်နေခြင်းနှင့် အတူ တော်လှန်ရေးအသိုင်းအ၀ိုင်းအပေါ်တွင်လည်း လေးစားယုံကြည်မှု မရှိပါက လူထုတိုက်ပွဲကို အဆုံးသတ်၍ မရနိုင်ပဲ ဖြစ်တတ်သည်။ လူအများလေးစားယုံကြည်ခံရသော ကိုယ်ကျင့်သိက္ခာကောင်းမွန်သည့် လူအများပါဝင်သော ဦးဆောင်အဖွဲ့အစည်းတရပ်ရှိရန် လိုအပ်သည်။
(၃) ထိပ်တိုက်ရင်ဆိုင်ခြင်း
ယင်းအဆင့်မှာ လူထုများ ပူးပေါင်းပါဝင်လာမှသာ ပြုလုပ်၍ ရနိုင်သည်။ အော့ပါထိပ်တိုက်ရင်ဆိုင်ခြင်း မဟာဗျူဟာသည် သေးငယ်သော ဆန္ဒပြပွဲများမှ စတင်ခဲ့သည်။ ပြုလုပ်သော နေရာများမှာလဲ လူသွားလူလာ အများဆုံးနေရာများတွင်ဖြစ်ပြီး လူထုကြားသို့ အမြန်ဆုံးသတင်း ပျံ့နှံ့စေသည့် နေရာများဖြစ်သည်။
(၄) နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံမှု မပြုလုပ်ခြင်း (၀ါ) ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း
ယင်းအဆင့်သည် လူထုများအကြား တော်လှန်ရေးအမြင်၊ တော်လှန်ရေးအသံများ နှိုးကြားလာချိန်တွင် ဖြစ်ပေါ်ရမည်။ သပိတ်မှောက်မှုများ၊ ဆန္ဒပြမှုများဖြင့် အာဏာရှင်စနစ် ပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်ခြင်းဖြစ်သည်။
(၅) စင်ပြိုင်အဖွဲ့အစည်းများ တည်ထောင်ခြင်း
ယင်းအဆင့်ဖြစ်ပေါ်လာစေရန် တော်လှန်ရေးစတင်စဉ်ကပင် ခြေကုပ်ယူရမည်။ ထိပ်တိုက်ရင်ဆိုင်စဉ်ကာလတွင် စင်ပြိုင်အဖွဲ့များ ကြီးထွားနေရန် လိုအပ်ပြီး လူထုလှုပ်ရှားမှု အရှိန်ရလာသည်နှင့်အမျှ လူ့ဘောင်သစ်တည်ဆောက်ရေး၏ အခြေခံအဆောက်အအုံများ ဖြစ်လာရန် လိုအပ်ပေသည်။
အဆိုပါ မဟာဗျူဟာများဖြင့် ဆင်နွှဲခဲ့သော အော့ပါလှုပ်ရှားမှုသည် အောင်ပွဲကို ဆောင်ကျဉ်းပေး နိုင်ခဲ့သည်ဖြစ်ရာ အောင်ပွဲဆီသို့ ဦးတည်ရာ ခြေလှမ်းများ ဟုပင် ဆိုရမည်ဖြစ်ပါကြောင်း။
ခင်မမမျိုး (၂၀၀၇)
people power movement from Phillippines
Monday, August 4, 2008
ဖိလစ်ပိုင်အမျိုးသားတို့၏လူထုလှုပ်ရှားမှုအောင်ပွဲ
၁၉၈၀ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းကာလ။
တနည်းဆိုသော် တတိယအကြိမ်မြောက် ကမ္ဘာ့ဒီမိုကရေစီ လှုပ်ရှားမှု လှိုင်းလုံးကြီး ဖွံ့ဖြိုးဆဲနိုင်ငံများသို့ရောက်ရှိပျံ့နှံ့ချိန်။
ယင်းကာလ ဖိလစ်ပိုင် အမျိုးသားတို့၏ လူထုလှုပ်ရှားမှုကြီးကား အံ့မခန်းဖွယ် အောင်မြင်ခဲ့သည်။ အာဏာရှင် မားကိုးစ်၏ အစိုးရကို ဖြုတ်ချနိုင်ခဲ့သည်။ ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော် ကျင့်သုံးနိုင်ခဲ့သည်။
ဤကာလ သမိုင်းကြောင်းကို အတိုချုံး လေ့လာကြည့်ကြပါစို့။
ဖိလစ်ပိုင်နိုင်ငံ၏ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ သမ္မတသက်တမ်းမှာ လေးနှစ်သက်တမ်းနှစ်ကြိမ်သာဖြစ်သော်လည်း အာဏာရှင် မားကိုးစ်က အနှစ်နှစ်ဆယ်ကြာအောင် အုပ်ချုပ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် သမ္မတအဖြစ်၊
စစ်တပ်ကို သူ့သြဇာအောက်သို့ သိမ်းသွင်းခဲ့သည်။ စာနယ်ဇင်းနှင့် စီးပွားရေး လုပ်ငန်းများအား မောင်ပိုင်စီးခဲ့သည်။ လာဘ်စားမှု၊ ဖမ်းဆီးထောင်ချမှု၊ လုပ်ကြံမှု၊ သတ်ဖြတ်မှုများဖြင့် ထင်ရာစိုင်းနေသော မားကိုးစ်အစိုးရ၏ အုပ်ချုပ်ခံ ပြည်သူများမှာကား နေ့စဉ်နှင့်အမျှ ထိတ်တလန့်လန့်၊ ကျီးလန့်စာစား၊ ဆင်းရဲ ငတ်ပြတ်မှုများကို ခံစားရင်း-----၊
ရာဇ၀င်လာ ဆိုရိုးတခုရှိသည်။
“အချုပ်အခြာ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည်“ တဲ့။
ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာကား ပြည်သူ့ထံမှ မသက်ဆင်း။ မားကို့စ်နှင့် သူ၏ အပေါင်းအပါမား လက်တွင်းမှ သက်ဆင်းနေသည်။ ပြည်သူတို့ ဘာလုပ်ကြမည်နည်း။
“မတရားမှုသည် ဥပဒေဖြစ်လာသောအခါ ပုန်ကန်လှုပ်ရှားမှု ပြုလုပ်ရန်မှာ တာဝန်တရပ်ဖြစ်ပေသည်”တဲ့။
ဤသည်ကား ကမ္ဘာတ၀ှမ်း လူထုလှုပ်ရှားမှုများ၏ ဥပဒေသ။
ပြည်သူတို့ ပုန်ကန်ရတော့မည်။ လူထုလှုပ်ရှားမှုများ အကောင်အထည် ဖော်ရတော့မည်။ ဤကာလ ဖိလစ်ပိုင် အမျိုးသားတို့၏ ရင်တွင်းတွင်ကား မကျေနပ်မှု ဒေါသ မီးလျှံများ ဟုန်းဟုန်းတောက်လျက်။
လူထု၏ မကျေနပ်မှု အရှိန်အဟုန် ကြီးမြင့်နေဆဲတွင် လှုပ်ရှားမှု ပေါ်ပေါက်စေခဲ့သော အဖြစ်အပျက်က ဖြစ်ပွားလာခဲ့သည်။ နာမည်ကျော် လူသိများလှသော နိုင်ငံရေးခေါင်းဆောင် အာကွီနိုအား လုပ်ကြံသတ်ဖြတ်မှု၊ အသုဘသတင်းအား သတင်း အမှောင်ချမှု။
ပြည်သူတို့သည်းမခံနိုင်တော့။ ဖိနှိပ်ချုပ်ချယ်မှုက များလှပြီ။ မတရားမှုများက များလှပြီ။
ဤသို့ဖြင့် လူထုလှုပ်ရှားမှု လှိုင်းလုံးကြီး အရှိန်မြင့်လာသည်။ အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရမည်။ မားကိုးစ်အစိုးရကို ဖြုတ်ချပစ်ရမည်။ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုသော ဒီမိုကရေစီစနစ်ကို တောင်းဆိုရမည်။
နောင်နှစ်နှစ်ခွဲ ကာလတလျှောက် လူထုလှုပ်ရှားမှုကြီးကို အကောင်အထည် ဖော်ခဲ့ကြသည်။ လူထုလူတန်းစားမရွေး။ အထက်လွှာ လူတန်းစားများပင် ပါဝင်ခဲ့ကြသည်။ အားလုံး၏ ရင်ထဲမှာကား ဆန္ဒတခုတည်း။ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့လည်းမခွဲပဲအားလုံးဦးတည်ခဲ့ကြသည်က အာဏာရှင်စနစ်ကို ဖြုတ်ချပစ်ရေး။
သည်လိုအခြေအနေတွေကို ဖောက်ထွက်နိုင်ဖို့ မားကိုးစ်က ကြိုးစားသည်။ သမ္မတရွေးကောက်ပွဲ ကျင်းပခြင်းနည်းလမ်းဖြင့်။ ရွေးကောက်ပွဲတွင် လုပ်ကြံ သတ်ဖြတ်ခံရသူ အာကွီနို၏ ဇနီးက မားကိုးစ်နှင့် ယှဉ်ပြိုင်အရွေးခံသည်။ ရွေးကောက်ပွဲအား တရားမျှတစွာ ကျင်းပခဲ့ခြင်းမရှိ။ မဲခိုးသည်။ လူရိုက်ပွဲများ ကျင်းပသည်။ နောက်ဆုံးတော့ မားကိုးစ်ပင် ရွေးကောက်ပွဲ၌ အနိုင်ရသူဟု အစိုးရက ကြေငြာရသည်။
အကြမ်းမဖက်ရေး လူထုလှုပ်ရှားမှုကြီး စတင်လေပြီ။ ကိုရီအာကွီနိုက ပြတ်သားစွာ ကြေငြာသည်။
“အကြမ်းမဖက်သော နည်းလမ်းဖြင့် လူထု လှုပ်ရှားမှုအား စတင်မည်။ အကယ်၍ မအောင်မြင်လျှင် အခြားနည်းလမ်းများသို့ ပြောင်းသင့်လျှင် ပြောင်းရမည်“တဲ့။ ခေါင်းဆောင်တယောက်၏ အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်။
၁၉၈၆ခု၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင်ကား ကာကွယ်ရေးဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ မားကိုးစ်အစိုးရမှ နှုတ်ထွက်လိုက်ကြသည်။ “ကာကွယ်ရေး”ဆိုသည့် စကားလုံးကို သူတို့နှစ်ဦးလုံး ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ ကာကွယ်ရေးဆိုသည်မှာ လာဘ်စားနေသော မားကိုးစ်ပစိုးရကို ကာကွယ်ရေး မဟုတ်၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရေး။ ဒါကို သဘောပေါက်နားလည်သော တပ်မတော် အကြီးအကဲများ၏ စကားသံကား “လာဘ်စားသော မားကိုးစ်အစိုးရအား ကာကွယ်စောင့်ရှောက်မည့်အစား အသက်စွန့်ရန်သာ အဆင်သင့် ရှိပါသည်”တဲ့။ မည်မျှ ဂုဏ်ယူ လေးစားဖွယ် ကောင်းပါသနည်း။
နောက်တော့ ရေဒီယိုတခုမှ အသံလွှင့် ကြေငြာသည်။ စစ်ရုံးကို ၀န်းရံ၍ မားကိုးစ်၏ စစ်တပ်များအား ပိတ်ဆို့ရန်။ ထောင်သောင်းမကသော လူထုကြီးက တခဲနက် လိုက်နာခဲ့ကြသည်။ ပင်မသပိတ်စခန်း ကမ့်ကရိမ်းသို့ ဦးတည်ရာ လမ်းများတလျှောက် သစ်ပင်များခုတ်လှဲခြင်း၊ ဘတ်စ်ကားများ ရပ်တန့်ပိတ်ဆို့ထားခြင်းများ ပြုလုပ်ကြသည်။ လူထုကြီးတရပ်လုံး လမ်းမပေါ်သို့ ထွက်၍ တော်လှန်ရေးသမားများအား အကာအကွယ် ပေးခဲ့ကြသည်။ လူထုနှင့် တော်လှန်ရေးတသားတည်းကျချိန်တွင် အောင်ပွဲဆိုသည်ကား မဝေးတော့။
အာဏာရှင် မားကိုးစ်ကလဲ ခေသူမဟုတ်။ တော်လှန်ရေးသမားများ၏ အချက်အချာ ဗဟိုဌာနကို တိုက်ခိုက်ရန် မရင်းစစ်သည်များ၊ တင့်ကားများ၊ လက်နက်ကိုင်စစ်သားများ စေလွှတ်သည်။ ယင်းစစ်သားများနှင့် လူထုကြီးကား မနီလာမြို့ လမ်းများပေါ်တွင် ပက်ပင်းတိုးလေပြီ။ လူထုကြီး မည်သို့တုန့်ပြန်ခဲ့ပါသနည်း။
တင့်ကားများ လူအုပ်ထဲသို့ စတင်ဝင်လာသည်နှင့် လူထုကြီးက တင့်ကားများ ရှေ့တွင် ထိုင်ချလိုက်သည်။ တော်လှန်ရေးအချက်အချာ ကမ့်ကရိမ်းသို့ အာဏာရှင် မားကိုးစ်၏ စစ်သည်များ မရောက်စေရ။
လူထုကြီး၏ တခဲနက် ခိုင်မာသော စိတ်ဓာတ်နှင့် စစ်သားများ၏ ဆင်ခြင်ဥာဏ် မရှိပဲ အမိန့်ဆိုသည်ကိုသာ နာခံတတ်ရှာသော စိတ်ဓာတ်တို့ ယှဉ်မိသော တခဏ။
တင့်ကားများရပ်သွားသည်။ လူထုကြီးမှ သကြားလုံးနှင့် ဆေးလိပ်များ သွားပေးသည်။ အမျိုးသမီးငယ်များမှ ပန်းများသွားကမ်းသည်။
တင့်ကားများ ရှေ့တိုးကြည့်သည်။ လူထုကြီးကား ထိုင်နေသော နေရာတွင်သာ မလှုပ်မရှက်။
စစ်တပ်အကြီးအကဲမှ သေနတ်ဖြင့်ပစ်မည် ခြိမ်းချောက်သည်။ သံဃာတော်များနှင့် သီလရှင်များ ရှေ့သို့တိုးထွက်၍ တင့်ကားများရှေ့တွင် ဒူးထောက်လိုက်ကြသည်။ တရားဓမ္မများ ရေရွတ်လျက်။ လူထုကြီးကလဲ မလှုပ်မရှက်။
တင့်ကားများ ပြန်ကွေ့ထွက်သွားသည်။ လူထုအားကို သူတို့ အရှုံးပေးလိုက်ရပြီ။
မားကိုးစ်က ညမထွက်ရ အမိန့်ထုတ်သည်။ မည်သူမျှ မလိုက်နာ။ မည်သူမျှ ဂရုမစိုက်ကြ။ တော်လှန်ရေးသမားအချို့က ရုပ်မြင်သံကြား အသံလွှင့်ရုံကို ၀င်စီးလိုက်နိုင်သည်။ ထောင်သောင်းမကသောသူများ အသံလွှင့်ရုံကို ၀န်းရံပေးထားသည်။ မားကိုးစ်စစ်သားများရောက်လာတော့ လူထုကြီးက လက်ဆွဲနှုတ်ဆက်သည်။ မုန့်များဝေသည်။ စစ်တပ်ကြီး ပြန်ဆုတ်ခွာသွားသည်။
အာဏာရှင်မားကိုးစ်၏ ဘ၀မှာကား သူ့လက်ကိုင်တုတ် စစ်တပ်ကိုပင် အာဏာမတည်တော့။ ပြည်သူ့ရင်သွေးစစ်သည်များသည် အမိအဖရင်း ပြည်သူတို့၏ နှလုံးသားကို ခံစားနားလည်သွားကြပြီ။ ပထွေးမားကိုးစ်၏ မက်လုံးပေး အယုံသွင်း စကားသံများကို မယုံကြည်ကြတော့။ ကိုယ့်မိဘ ရင်းကို ပြန်သတ်ခိုင်းနေသော အမိန့်အာဏာများကို မလိုက်နာကြတော့။
နောက်ဆုံးတော့ အနှစ်နှစ်ဆယ်ကျော် သက်တမ်းရှည်ခဲ့သော အာဏာရှင်ကြီး မားကိုးစ်သည် ခွေးတကောင်အလား တိုင်းပြည်မှ ထွက်ပြေးရတော့သည်၊ လူထုအားကား ကြီးမားပေစွ။
ခင်မမမျိုး
အောင်ပွဲဆီသို့ဦးတည်ရာခြေလှမ်းများ (သို့မဟုတ်) ဆားဗီးယားလူထုလှုပ်ရှားမှုမဟာဗျူဟာများ
Monday, September 17, 2007
(ဂျူလိုင်လ ၁ရက်၊ ၂၀၀၆ခု)
”မဟာဗျူဟာ“
စကားလုံးကား (၄)လုံးသာရှိသည်။ သို့ရာတွင် အစွမ်းထက်မှုကား မည်သည့်အရာနှင့်မျှ တုနှိုင်းမယှဉ်နိုင်။ စစ်မှုရေးရာ၊ စီးပွားရေးရာမှသည် နောက်ဆုံးလူတဦးချင်းဆီ၏ ဘ၀တိုးတက်ရေးအထိ ပိုင်စိုးပိုင်နင်းဝင်ရောက်နေရာယူထားသည်။ လက်နက်အားကိုး အနိုင်ကျင့်သော အာဏာရှင် အစိုးရများအား လက်နက်မဲ့ရင်ဆိုင် အနိုင်ယူရသည့် ကာလများတွင် ယင်းစကားလုံး(၄၀လုံးသည် ပို၍တန်ဖိုးရှိလာသည်။ အသက်နှင့်ရင်းရသည့် ကစားပွဲ။ ဘ၀နှင့်ရင်းသည့် ကစားပွဲ။ စနစ်ဆိုးတခုကို ဖြိုဖျက်နိုင်ဖို့၊ သန်းပေါင်းများစွာ၏ ဘ၀ဆိုးများကို ကယ်တင်နိုင်ဖို့ ကြိုးစားရသည့်ပွဲ။ မည်သို့ဆိုစေ တနေ့မှာတော့ အာဏာရှင်စနစ်ဆိုသည်မှာ ပြိုလဲရစမြဲ။ လူထုလှုပ်ရှားမှုအောင်ပွဲများကား သမိုင်းသက်သေ ထူခဲ့ပြီ။ ယင်းအောင်ပွဲဆီသို့ ဦးတည်ရာ ခြေလှမ်းများထဲမှ ဆားဗီးယားလူထုလှုပ်ရှားမှု မဟာ ဗျူဟာများအား လေ့လာကြည့်ကြပါစို့။
အော့ပါ(ခေါ်) ဆားဗီးယားလူထု လှုပ်ရှားမှုငည် ရာများများစွာသော လူငယ်များမှ စတင်ကာ ထောင်ပေါင်းမကတေသာ လူပေါင်းများစွာဆီသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။ ရည်ရွယ်ချက်ကားရှင်းသည်။ အာဏာရှင်အစိုးရအား ဖြုတ်ချရန်။ ကော်ဖီဆိုင်များ၊ ကျောင်းများတွင် လူငယ်များစတင်စုဝေးခဲ့ကြသည်။ လှုံ့ဆော်စာများ၊ ပိုစတာများ၊ ကြွေးကြော်ချက်စာတမ်းများအား နေရာတကာတွင် ကပ်ခဲ့ကြသည်။ လမ်းများပေါ်တွင် စုဝေးဆန္ဒပြခဲ့ကြသည်။
အာဏာရှင်ကလဲဒီအတိုင်းမနေပါ။ အာဏာရှင်ပီသစွာ ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်သည်။ ရဲတပ်ဖွဲ့မှ ဆန္ဒပြသူများကို ဖမ်းဆီးရိုက်နှက်သည်။ ထောက်လှမ်းရေးများ၊ သတင်းပေးများအား နေရာအနှံ့ ချထားသည်။ နိုင်ငံပိုင် သတင်းဌာနများမှတဆင့် ဆန္ဒပြသူများအား အကြမ်းဖက်သမားများအဖြစ် ကြေငြာသည်။
မည်သို့ဆိုစေ အမှန်တရာဆိုသည်ကား ဒီလိုညစ်ညမ်းသည့်နည်းများဖြင့် ဖုံးဖိ၍ မရစကောင်း။ လူငယ်များ၏ လှုပ်ရှားမှုဆီသို့ အလုပ်သမားနှင့် ပညာရှင်များ ပူးပေါင်းပါဝင်လာခဲ့ကြသည်။ အာဏာရှင်စနစ်အား လူထုလှုပ်ရှားမှုနည်းဖြင့် အနိုင်ယူ တိုက်ဖျက်နိုင်ခဲ့သည်။
ယင်းလူထုလှုပ်ရှားမှုအား လူငယ်များမှ စတင်ခဲ့သည်။ အော့ပါတွင် ခေါင်းဆောင်မရှိ။ လူငယ်တော်လှန်ရေးသမားများအားလုံးသည် ခေါင်းဆောင်များပင်ဖြစ်သည်။ လှုပ်ရှားမှု တာဝန်များကို ခွဲဝေယူကြသည်။ စည်းကမ်းရှိရှိ ဆောင်ရွက်ကြသည်။ လှုပ်ရှားမှုများ လုပ်ရုံတခုတည်းနှင့် တော်လှန်ရေးအောင်ပွဲမရနိုင်ကြောင်းကို သူတို့ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ ချိတ်ဆက်လှုပ်ရှားနေကြသော အုပ်စုငယ်များအားလုံး ယုံကြည်စွာ အကောင်အထည်ဖော်ရမည့် မဟာဗျူဟာများ ရှိရမည်ဟု သူတို့နားလည်ခဲ့ကြသည်။
အော့ပါ၏ မဟာဗျူဟာများမှာ ပါဝါပေါ်တွင် အခြေခံသည်။ လူထုအဆောက်အအုံအား ပိရမစ်ပုံစံဖြင့် ဖော်ပြသည်။ ထိပ်ပိုင်းတွင်ကား အာဏာရှင်များ၊ စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေး သမားများ၊ ယင်းမှသည် ဖိနှိပ်ချုပ်ချယ်မှု ပြင်းထန်စွာ ပြုလုပ်နေသူများ (စစ်တပ်၊ရဲ၊ထောက်လှမ်းရေး)။ ယင်းမှသည် ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်သူများ (သတင်းမီဒီယာ)စသည်ဖြင့် ပါဝါသွားရာ လမ်းကြောင်းများကို အဆင့်ဆင့်ရေးဆွဲခဲ့ကြသည်။ ထိုသို့ရေးဆွဲရင်းဖြင့် အာဏာရှင်စနစ်ကို ထောက်မပေးနေသော ဒေါက်တိုင်များ ပီပြင်စွာ ထွက်ပေါ်လာသည်။ ယင်းဒေါက်တိုင်များ ပြိုလဲမှ အာဏာရှင်စနစ်ပြိုလဲမည်။ အာဏာရှင်စနစ်ကို ဆန္ဒပြနေရုံတခုတည်းနှင့် ပြီးမည်မဟုတ်ကြောင်း သူတို့ သုံးသပ်ခဲ့ကြသည်။
အခြားထူးခြားချက်တခုမှာ အဖွဲ့ဝင်သစ်များ ၀င်လာတိုင်း လက်ဆင့်ကမ်း သင်တန်းပေးခြင်းဖြစ်သည်။ တော်လှန်ရေးဟူသည် စည်းရုံးလှုပ်ရှားမှု၊ လက်တွဲခေါ်ယူမှု၊ လက်ဆင့်ကမ်းပညာပေးမှုများရှိမှ အားကောင်းလာမည်ဖြစ်ကြောင်း သူတို့ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။
အော့ပါ၏ မဟာဗျူဟာများတွင် မေးခွန်း(၂)ခုမှာ အဓိကကျသည်။
(၁) မည်သည့်ဒေါက်တိုင်များသည် အာဏာရှင်စနစ်အားထောက်မထားသနည်း။
(၂) ယင်းဒေါက်တိုင်များ အားနည်းပြိုလဲလာစေရန် မည်သည့်နည်းဗျူဟာများဖြင့် အကောင်အထည် ဖော်မည်နည်း။
ထင်ရှားသော ဥပမာတခုမှာ အာဏာရှင်စနစ်၏ အရေးပါသော ဒေါက်တိုင်တခုဖြစ်သည့် ရဲတပ်ဖွဲ့ဖြစ်သည်။ ရဲတပ်ဖွဲ့အား တိုက်ခိုက်ပြောဆိုခြင်းဖြင့် အာဏာရှင်စနစ်အား ပိုမိုသစ္စာရှိစွာ ကာကွယ်သွားနိုင်သည့်အပြင် မီဒီယာများမှ အကြမ်းဖက်သမားများအဖြစ် ကြေငြာထားခြင်းအား သက်သေထူလိုက်သကဲ့သို့ ဖြစ်သွားနိုင်ကြောင်း လူငယ်တော်လှန်ရေးသမားများက စဉ်းစားခဲ့ကြသည်။ သူတို့ဘာလုပ်ခဲ့ကြသနည်း။ ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုများအား အကြမ်းမဖက်သော နည်းများဖြင့်ရင်ဆိုင်ခဲ့ကြသည်။ ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာရသူများ၏ ဓာတ်ပုံများအား ရိုက်ယူကာ ပုံကြီးချဲ့ပြီး ဆိုင်းဘုတ်များ ပြုလုပ်ကြသည်။ ယင်းဆိုင်းဘုတ်များဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ အိမ်များသို့ ချီတက်ကာ အဖြစ်အပျက်များအား ပြောပြကြသည်။ ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများရှိရာ ကျောင်းများသို့ သွား၍ အဖြစ်အပျက်များကို ပြောပြကြသည်။ တစ်နှစ်ခန့်ကြာသောအခါ တော်လှန်ရေးသမားများအား ရဲများမှ ရိုက်နှက်မှု လျော့ပါးလာသည်။ မိတ်ဆွေများ၊ အိမ်နားနီးချင်းများ၊ မိသားစုဝင်များ၏ အထင်သေးရွံရှာ စက်ဆုပ်မှုများဒဏ်ကို သူတို့ မခံနိုင်တော့။
ထို့အပြင် လူငယ်များသည် သူတို့အားဖြိုခွဲရန် တာဝန်ချထားသော အရပ်ဝတ်ရဲများအားလဲ ခင်မင်ရင်းနှီးစွာ ဆက်ဆံကြည်။ ဒီမိုကရေစီအခွင့်အရေးများအား အတင့်ရဲစွာ ပြောပြကြသည်။ ယင်းနည်းဖြင့် အဆင့်မြင့်ပိုင်းအရာရှိများအထိ အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ကြသည်။ နောက်ဆုံး တော်လှန်ရေးတစတစ ကြီးထွားလာပြီး ဘယ်လဂိတ်မြို့တော် ပါလီမန်အား လူထုတက်သိမ်းချိန်၌ လူထုအား ဖြိုခွဲရန် စေလွှတ်ခြင်းခံရသော ရဲတပ်ဖွဲ့ဝင်များသည် တာဝန်ထမ်းဆောင်ရမည့်အစား ဒီအတိုင်းပင် ထိုင်ကြည့်နေခဲ့ကြသည်။ ဒေါက်တိုင်ပြိုလဲမှုသည် အလွန်ပင် အရေးပါအရာရောက်ပါသည်။
အော့ပါလှုပ်ရှားမှု အောင်မြင်ခဲ့ရသည့် အဓိကအကြောင်းရင်းတခုမှ ပါဝါ၏ သဘောတရားများကို ကြေညက်စွာ နားလည်ခြင်းပင်ဖြစ်သည်။ ဘားနတ်လာဖယ်ရက်တိဆိုသူက အာဏာရှင်စနစ်အဆောက်အအုံအား အိမ်တလုံးနှင့် ယှဉ်၍ ဥပမာပြထားသည်။ အိမ်၏ခေါင်မိုးမှာ အာဏာရှင်နှင့် သူ၏ဖိနှိပ်မှု ယန္တရားများဖြစ်ပြီး၊ အုတ်မြစ်မှာမူ လူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ ခေါင်မိုးပေါ်တွင် လက်နက်များ၊ အမြောက်များ မည်မျှတင်ထားစေကာမူ အုတ်မြစ်အားဖြိုလိုက်သည်နှင့်အိမ်ပြိုသွားမည်ဟု သူကဆိုသည်။
လူထု၏ပါဝါအား Non-cooperation နည်းဖြင့် ပြန်လည်ရယူသင့်ကြောင်း အော့ပါလူငယ်တို့ သုံးသပ်ခဲ့ကြသည်။ ယင်းအပြင် အာဏာရှင်စနစ်ကို ဖြိုချရုံတခုတည်းနှင့် ဒီမိုကရေစီစနစ်ကို အပြည့်အ၀တည်ဆောက်ခြင်း၊ ကွဲပြားခြားနားမှုများအား လက်ခံသဘောပေါက်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခြင်း မပြုလုပ်နိုင်ကြောင်း သူတို့နားလည်ခဲ့ကြသည်။ သို့ဖြစ်၍ တော်လှန်ရေးမဟာဗျူဟာသည် အာဏာရှင်စနစ်ကို ဖြိုဖျက်ခြင်းနှင့်အတူ ဒီမိုကရေစီစနစ်တည်ဆောက်ခြင်းအပေါ်တွင်ပါ တပြိုင်နက်တည်း အခြေခံရမည် ဟု သူတို့ဆုံးဖြတ်ခဲ့ကြသည်။
အော့ပါလှုပ်ရှားမှု မဟာဗျူဟာတွင် အဆင့်(၅)ဆင့်ရှိပါသည်။ ယင်းတို့မှာ-
(၁)တော်လှန်ရေးယဉ်ကျေးမှုတရပ်ဖန်တီးပြင်ဆင်ခြင်း
တော်လှန်ရေး ပြုပြင်ပြောင်းလဲမှုတရပ် ပေါ်ပေါက်လာစေရန် ယဉ်ကျေးမှု တရပ်လိုအပ်သည်။ မည်သို့သော ယဉ်ကျေးမှုမျိုးနည်း။ ပုန်ကန်တော်လှန်သော ယဉ်ကျေးမှု။
ယင်းအဆင့်တွင် အရေးကြီးဆုံးမှာ တော်လှန်ရေးအမြင်ရှိရန်ဖြစ်သည်။ တော်လှန်ရေး အမြင်ရှင်သန်နေမှသာ နေရာယူလိုစိတ်များ၊ အမြင်ကွဲပြားမှုများနှင့် တော်လှန်ရေးသမားများ အကြားတွင် တခါတရံရှိတတ်သော အာဃာတများ ပျောက်ကွယ်ပြီး ညီညွတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။
အော့ပါတွင် ရှင်းလင်းပြတ်သားသော တော်လှန်ရေးအမြင်ရှိခဲ့သည်။ နိုင်ငံအ၀ှမ်းချိတ်ဆွဲသော ပိုစတာများတွင် “He’s Finished ” ဟု ရေးသားကြသည်၊ အားလုံး၏ အဓိကရန်သူသည် အာဏာရှင်ဖြစ်ကြောင်း လူတိုင်းနားလည်သည်၊ မည်သည်ကို တော်လှန်ရမည်ဖြစ်ကြောင်း သဘောပေါက်ခဲ့ကြသည်။
(၂) ခိုင်မာသော အဖွဲ့အစည်းတရပ် တည်ဆောက်ခြင်း
တော်လှန်ရေး မာန်ဟုန်ကို မြှင့်တင်စေရန် အဖွဲ့အစည်းတရပ်လိုအပ်သည်။ ပြုပြင်ပြောင်းလဲမှု တရပ်ကို ဟိုတစု၊ ဒီတစု လုပ်ယူ၍မရ။ နိုင်ငံရေးဦးဆောင်အဖွဲ့လိုအပ်သည်။
ဤအဆင့်တွင် အရေးကြီးဆုံးမှာ အဖွဲ့ဝင်များအကြားယုံကြည်မှု လျော့နည်းခြင်း မဖြစ်လာစေရန် သတိပြုရမည်။ တဦးနှင့်တဦး ယုံကြည်မှု လျော့နည်းလာခြင်းသည် တော်လှန်ရေးအင်အားကို လျော့ကျစေသည်၊ တော်လှန်ရေးလှုပ်ရှားမှုများသည် လှုပ်ရှားနေသူ အသိုင်းအ၀ိုင်းကြားတွင်သာ ပျံ့နှံ့နေပြီး ယင်းအသိုင်းအ၀ိုင်းပြင်ပမှ လူသစ်များ ထပ်မံဝင်ရောက်လာခြင်းကို ကန့်သတ်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။
(၃) ထိပ်တိုက်ရင်ဆိုင်ခြင်း
ယင်းအဆင့်၌ လူထုများ ပူးပေါင်းပါဝင်လာတတ်သည်။
အော့ပါထိပ်တိုက်ရင်ဆိုင်ခြင်းအဆင့်သည် သေးငယ်သော ဆန္ဒပြပွဲများမှ စတင်ခဲ့သည်။ ပြုလုပ်သော နေရာများမှာလဲ လူသွားလူလာအများဆုံးနေရာများတွင်ဖြစ်ပြီး လူထုကြားသို့ အမြန်ဆုံးသတင်း ပျံ့နှံ့စေသည့် နေရာများဖြစ်သည်။
(၄) နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံမှု မပြုလုပ်ခြင်း (၀ါ) ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း
ယင်းအဆင့်သည် လူထုများအကြား တော်လှန်ရေးအမြင်၊ တော်လှန်ရေးအသံများ နှိုးကြားလာချိန်တွင် ဖြစ်ပေါ်ရမည်။ သပိတ်မှောက်မှုများ၊ ဆန္ဒပြမှုများဖြင့် အာဏာရှင်စနစ် ပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်ခြင်းဖြစ်သည်။
(၅) စင်ပြိုင်အဖွဲ့အစည်းများ တည်ထောင်ခြင်း
ယင်းအဆင့်ဖြစ်ပေါ်လာစေရန် တော်လှန်ရေးစတင်စဉ်ကပင် ခြေကုပ်ယူရမည်။ ထိပ်တိုက်ရင်ဆိုင်စဉ်ကာလတွင် စင်ပြိုင်အဖွဲ့များ ကြီးထွားနေရန် လိုအပ်ပြီး လူထုလှုပ်ရှားမှု အရှိန်ရလာသည်နှင့်အမျှ လူ့ဘောင်သစ်တည်ဆောက်ရေး၏ အခြေခံအဆောက်အအုံများ ဖြစ်လာရန် လိုအပ်ပေသည်။
ဤဆောင်းပါးလေးအား အော့ပါလူငယ်များ၏ ကြွေးကြော်သံဖြင့် နိဂုံးချုပ်ပါမည်။
”အာဏာရှင်စနစ်သည် သေဆုံးမှုဖြစ်၍ တော်လှန်ရေးကား ဘ၀အသစ်စတင်ခြင်းဖြစ်သည်”
ဖိလစ်ပိုင်အမျိုးသားတို့၏ လူထုလှုပ်ရှားမှုအောင်ပွဲ
Sunday, September 16, 2007
ဧပြီလ (၁၅)ရက်၊ (၂၀၀၆)ခုနှစ်။
၁၉၈၀ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းကာလ။
တနည်းဆိုသော် တတိယအကြိမ်မြောက် ကမ္ဘာ့ဒီမိုကရေစီ လှုပ်ရှားမှု လှိုင်းလုံးကြီး ဖွံ့ဖြိုးဆဲနိုင်ငံများသို့ရောက်ရှိပျံ့နှံ့ချိန်။
ယင်းကာလ ဖိလစ်ပိုင် အမျိုးသားတို့၏ လူထုလှုပ်ရှားမှုကြီးကား အံ့မခန်းဖွယ် အောင်မြင်ခဲ့သည်။ အာဏာရှင် မားကိုးစ်၏ အစိုးရကို ဖြုတ်ချနိုင်ခဲ့သည်။ ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော် ကျင့်သုံးနိုင်ခဲ့သည်။
ဤကာလ သမိုင်းကြောင်းကို အတိုချုံး လေ့လာကြည့်ကြပါစို့။
ဖိလစ်ပိုင်နိုင်ငံ၏ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ သမ္မတသက်တမ်းမှာ လေးနှစ်သက်တမ်းနှစ်ကြိမ်သာဖြစ်သော်လည်း အာဏာရှင် မားကိုးစ်က အနှစ်နှစ်ဆယ်ကြာအောင် အုပ်ချုပ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် သမ္မတအဖြစ်၊
ရွေးကောက်ခံရပြီး နောက်ပိုင်းကာလ၌ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေငြာ၍ သူ့စိတ်ကြိုက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ထပ်မံရေးသားခဲ့သည်။
စစ်တပ်ကို သူ့သြဇာအောက်သို့ သိမ်းသွင်းခဲ့သည်။ စာနယ်ဇင်းနှင့် စီးပွားရေး လုပ်ငန်းများအား မောင်ပိုင်စီးခဲ့သည်။ လာဘ်စားမှု၊ ဖမ်းဆီးထောင်ချမှု၊ လုပ်ကြံမှု၊ သတ်ဖြတ်မှုများဖြင့် ထင်ရာစိုင်းနေသော မားကိုးစ်အစိုးရ၏ အုပ်ချုပ်ခံ ပြည်သူများမှာကား နေ့စဉ်နှင့်အမျှ ထိတ်တလန့်လန့်၊ ကျီးလန့်စာစား၊ ဆင်းရဲ ငတ်ပြတ်မှုများကို ခံစားရင်း-----၊
ရာဇ၀င်လာ ဆိုရိုးတခုရှိသည်။
“အချုပ်အခြာ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည်“ တဲ့။
ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာကား ပြည်သူ့ထံမှ မသက်ဆင်း။ မားကို့စ်နှင့် သူ၏ အပေါင်းအပါမား လက်တွင်းမှ သက်ဆင်းနေသည်။ ပြည်သူတို့ ဘာလုပ်ကြမည်နည်း။
“မတရားမှုသည် ဥပဒေဖြစ်လာသောအခါ ပုန်ကန်လှုပ်ရှားမှု ပြုလုပ်ရန်မှာ တာဝန်တရပ်ဖြစ်ပေသည်”တဲ့။
ဤသည်ကား ကမ္ဘာတ၀ှမ်း လူထုလှုပ်ရှားမှုများ၏ ဥပဒေသ။
ပြည်သူတို့ ပုန်ကန်ရတော့မည်။ လူထုလှုပ်ရှားမှုများ အကောင်အထည် ဖော်ရတော့မည်။ ဤကာလ ဖိလစ်ပိုင် အမျိုးသားတို့၏ ရင်တွင်းတွင်ကား မကျေနပ်မှု ဒေါသ မီးလျှံများ ဟုန်းဟုန်းတောက်လျက်။
လူထု၏ မကျေနပ်မှု အရှိန်အဟုန် ကြီးမြင့်နေဆဲတွင် လှုပ်ရှားမှု ပေါ်ပေါက်စေခဲ့သော အဖြစ်အပျက်က ဖြစ်ပွားလာခဲ့သည်။ နာမည်ကျော် လူသိများလှသော နိုင်ငံရေးခေါင်းဆောင် အာကွီနိုအား လုပ်ကြံသတ်ဖြတ်မှု၊ အသုဘသတင်းအား သတင်း အမှောင်ချမှု။
ပြည်သူတို့သည်းမခံနိုင်တော့။ ဖိနှိပ်ချုပ်ချယ်မှုက များလှပြီ။ မတရားမှုများက များလှပြီ။
ဤသို့ဖြင့် လူထုလှုပ်ရှားမှု လှိုင်းလုံးကြီး အရှိန်မြင့်လာသည်။ အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရမည်။ မားကိုးစ်အစိုးရကို ဖြုတ်ချပစ်ရမည်။ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုသော ဒီမိုကရေစီစနစ်ကို တောင်းဆိုရမည်။
နောင်နှစ်နှစ်ခွဲ ကာလတလျှောက် လူထုလှုပ်ရှားမှုကြီးကို အကောင်အထည် ဖော်ခဲ့ကြသည်။ လူထုလူတန်းစားမရွေး။ အထက်လွှာ လူတန်းစားများပင် ပါဝင်ခဲ့ကြသည်။ အားလုံး၏ ရင်ထဲမှာကား ဆန္ဒတခုတည်း။ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့လည်းမခွဲပဲအားလုံးဦးတည်ခဲ့ကြသည်က အာဏာရှင်စနစ်ကို ဖြုတ်ချပစ်ရေး။
သည်လိုအခြေအနေတွေကို ဖောက်ထွက်နိုင်ဖို့ မားကိုးစ်က ကြိုးစားသည်။ သမ္မတရွေးကောက်ပွဲ ကျင်းပခြင်းနည်းလမ်းဖြင့်။ ရွေးကောက်ပွဲတွင် လုပ်ကြံ သတ်ဖြတ်ခံရသူ အာကွီနို၏ ဇနီးက မားကိုးစ်နှင့် ယှဉ်ပြိုင်အရွေးခံသည်။ ရွေးကောက်ပွဲအား တရားမျှတစွာ ကျင်းပခဲ့ခြင်းမရှိ။ မဲခိုးသည်။ လူရိုက်ပွဲများ ကျင်းပသည်။ နောက်ဆုံးတော့ မားကိုးစ်ပင် ရွေးကောက်ပွဲ၌ အနိုင်ရသူဟု အစိုးရက ကြေငြာရသည်။
အကြမ်းမဖက်ရေး လူထုလှုပ်ရှားမှုကြီး စတင်လေပြီ။ ကိုရီအာကွီနိုက ပြတ်သားစွာ ကြေငြာသည်။
“အကြမ်းမဖက်သော နည်းလမ်းဖြင့် လူထု လှုပ်ရှားမှုအား စတင်မည်။ အကယ်၍ မအောင်မြင်လျှင် အခြားနည်းလမ်းများသို့ ပြောင်းသင့်လျှင် ပြောင်းရမည်“တဲ့။ ခေါင်းဆောင်တယောက်၏ အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်။
၁၉၈၆ခု၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင်ကား ကာကွယ်ရေးဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ မားကိုးစ်အစိုးရမှ နှုတ်ထွက်လိုက်ကြသည်။ “ကာကွယ်ရေး”ဆိုသည့် စကားလုံးကို သူတို့နှစ်ဦးလုံး ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ ကာကွယ်ရေးဆိုသည်မှာ လာဘ်စားနေသော မားကိုးစ်ပစိုးရကို ကာကွယ်ရေး မဟုတ်၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရေး။ ဒါကို သဘောပေါက်နားလည်သော တပ်မတော် အကြီးအကဲများ၏ စကားသံကား “လာဘ်စားသော မားကိုးစ်အစိုးရအား ကာကွယ်စောင့်ရှောက်မည့်အစား အသက်စွန့်ရန်သာ အဆင်သင့် ရှိပါသည်”တဲ့။ မည်မျှ ဂုဏ်ယူ လေးစားဖွယ် ကောင်းပါသနည်း။
နောက်တော့ ရေဒီယိုတခုမှ အသံလွှင့် ကြေငြာသည်။ စစ်ရုံးကို ၀န်းရံ၍ မားကိုးစ်၏ စစ်တပ်များအား ပိတ်ဆို့ရန်။ ထောင်သောင်းမကသော လူထုကြီးက တခဲနက် လိုက်နာခဲ့ကြသည်။ ပင်မသပိတ်စခန်း ကမ့်ကရိမ်းသို့ ဦးတည်ရာ လမ်းများတလျှောက် သစ်ပင်များခုတ်လှဲခြင်း၊ ဘတ်စ်ကားများ ရပ်တန့်ပိတ်ဆို့ထားခြင်းများ ပြုလုပ်ကြသည်။ လူထုကြီးတရပ်လုံး လမ်းမပေါ်သို့ ထွက်၍ တော်လှန်ရေးသမားများအား အကာအကွယ် ပေးခဲ့ကြသည်။ လူထုနှင့် တော်လှန်ရေးတသားတည်းကျချိန်တွင် အောင်ပွဲဆိုသည်ကား မဝေးတော့။
အာဏာရှင် မားကိုးစ်ကလဲ ခေသူမဟုတ်။ တော်လှန်ရေးသမားများ၏ အချက်အချာ ဗဟိုဌာနကို တိုက်ခိုက်ရန် မရင်းစစ်သည်များ၊ တင့်ကားများ၊ လက်နက်ကိုင်စစ်သားများ စေလွှတ်သည်။ ယင်းစစ်သားများနှင့် လူထုကြီးကား မနီလာမြို့ လမ်းများပေါ်တွင် ပက်ပင်းတိုးလေပြီ။ လူထုကြီး မည်သို့တုန့်ပြန်ခဲ့ပါသနည်း။
တင့်ကားများ လူအုပ်ထဲသို့ စတင်ဝင်လာသည်နှင့် လူထုကြီးက တင့်ကားများ ရှေ့တွင် ထိုင်ချလိုက်သည်။ တော်လှန်ရေးအချက်အချာ ကမ့်ကရိမ်းသို့ အာဏာရှင် မားကိုးစ်၏ စစ်သည်များ မရောက်စေရ။
လူထုကြီး၏ တခဲနက် ခိုင်မာသော စိတ်ဓာတ်နှင့် စစ်သားများ၏ ဆင်ခြင်ဥာဏ် မရှိပဲ အမိန့်ဆိုသည်ကိုသာ နာခံတတ်ရှာသော စိတ်ဓာတ်တို့ ယှဉ်မိသော တခဏ။
တင့်ကားများရပ်သွားသည်။ လူထုကြီးမှ သကြားလုံးနှင့် ဆေးလိပ်များ သွားပေးသည်။ အမျိုးသမီးငယ်များမှ ပန်းများသွားကမ်းသည်။
တင့်ကားများ ရှေ့တိုးကြည့်သည်။ လူထုကြီးကား ထိုင်နေသော နေရာတွင်သာ မလှုပ်မရှက်။
စစ်တပ်အကြီးအကဲမှ သေနတ်ဖြင့်ပစ်မည် ခြိမ်းချောက်သည်။ သံဃာတော်များနှင့် သီလရှင်များ ရှေ့သို့တိုးထွက်၍ တင့်ကားများရှေ့တွင် ဒူးထောက်လိုက်ကြသည်။ တရားဓမ္မများ ရေရွတ်လျက်။ လူထုကြီးကလဲ မလှုပ်မရှက်။
တင့်ကားများ ပြန်ကွေ့ထွက်သွားသည်။ လူထုအားကို သူတို့ အရှုံးပေးလိုက်ရပြီ။
မားကိုးစ်က ညမထွက်ရ အမိန့်ထုတ်သည်။ မည်သူမျှ မလိုက်နာ။ မည်သူမျှ ဂရုမစိုက်ကြ။ တော်လှန်ရေးသမားအချို့က ရုပ်မြင်သံကြား အသံလွှင့်ရုံကို ၀င်စီးလိုက်နိုင်သည်။ ထောင်သောင်းမကသောသူများ အသံလွှင့်ရုံကို ၀န်းရံပေးထားသည်။ မားကိုးစ်စစ်သားများရောက်လာတော့ လူထုကြီးက လက်ဆွဲနှုတ်ဆက်သည်။ မုန့်များဝေသည်။ စစ်တပ်ကြီး ပြန်ဆုတ်ခွာသွားသည်။
အာဏာရှင်မားကိုးစ်၏ ဘ၀မှာကား သူ့လက်ကိုင်တုတ် စစ်တပ်ကိုပင် အာဏာမတည်တော့။ ပြည်သူ့ရင်သွေးစစ်သည်များသည် အမိအဖရင်း ပြည်သူတို့၏ နှလုံးသားကို ခံစားနားလည်သွားကြပြီ။ ပထွေးမားကိုးစ်၏ မက်လုံးပေး အယုံသွင်း စကားသံများကို မယုံကြည်ကြတော့။ ကိုယ့်မိဘ ရင်းကို ပြန်သတ်ခိုင်းနေသော အမိန့်အာဏာများကို မလိုက်နာကြတော့။
နောက်ဆုံးတော့ အနှစ်နှစ်ဆယ်ကျော် သက်တမ်းရှည်ခဲ့သော အာဏာရှင်ကြီး မားကိုးစ်သည် ခွေးတကောင်အလား တိုင်းပြည်မှ ထွက်ပြေးရတော့သည်၊ လူထုအားကား ကြီးမားပေစွ။
နိဂုံးချုပ်ဆိုရသော် ဖိလစ်ပိုင်နိုင်ငံ၏ အောင်ပွဲရ လူထုတိုက်ပွဲကား လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ကာလက ဖြစ်ပွားခဲ့ပေသည်။ ယခုအနှစ်နှစ်ဆယ်ကျော် ကာလတွင်လည်း ဤသို့သော လူထုတိုက်ပွဲကို စည်းလုံးညီညွတ်စွာ၊ အောင်မြင်စွာ ဆင်နွှဲ၍ မြန်မာ့သမိုင်း၏ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ကြပါစို့။ နောင်အနှစ်နှစ်ဆယ်ကာလတွင် တစုံတဦးက ရေးသားလာသော “မြန်မာအမျိုးသားတို့၏ လူထုလှုပ်ရှားမှုအောင်ပွဲ” ဟူသော ဆောင်းပါးတပုဒ်အား “သြော်- ဖတ်ချင်စမ်းပါဘိ”