ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Never Give Up!

Tuesday, September 9, 2008


“ဘယ်တော့မှ အရှုံးမပေးဘူး”

ခင်မမမျိုး

“ဒီမိုကရေစီ၊

လူ့အခွင့်အရေးကို

အသက်တွေနဲ့

တံတားခင်းထားတယ်“တဲ့၊

ငါ့အတွေးထဲကို

အဲဒီသီချင်းသံတွေက

အရှိန်ပြင်းပြင်းနဲ့

ဝင်လာနေကြတယ်။



”သွေး---သွေး---သွေး`“

သွေးစက်တွေနဲ့

ကွန်ပျူတာ

ဖန်သားပြင်ပေါ်က

ဓာတ်ပုံ၊ ဗွီဒီယိုတွေက

ငါ့မျက်လုံးအာရုံတွေကို

အရှိန်ပြင်းပြင်းနဲ့

စူးဝင်လာကြတယ်။



”ဘာလို့များ

ငါတို့မြန်မာပြည်ဟာ

ကမ္ဘာ့အယုတ်မာဆုံး

လူသတ်သမားတွေရဲ့

အုပ်ချုပ်မှုအောက်ကိုမှ

ကျရောက်နေရတာတဲ့လဲ`“

ခံပြင်းနာကျည်းမှုတွေက

ငါ့နှလုံးသားတွေကို

ဆွဲဆောင့်နေကြတယ်။



”ဘာလို့များ

ငါတို့သာသနာဟာ

စစ်ဖိနပ်အောက်ကို

ကျရောက်ရမှာတဲ့လဲ`“

အရှိန်အဟုန်နဲ့

မခံချင်စိတ်တွေက

ငါ့ကိုယ်ထဲက

သွေးတွေကို

ပွက်ပွက်ဆူနေစေတယ်။



ငါ့မျက်လုံးအစုံက

မျက်ရည်တွေကျနေဆဲမှာ

ငါ့နှုတ်ခမ်းအစုံက

“ကမ္ဘာမကြေဘူး၊

ငါတို့သွေးနဲ့

ရေးခဲ့ရတဲ့

မော်ကွန်းတွေ“ဆိုတဲ့

စာသားကို

အကြိမ်ကြိမ်ရွတ်ဆိုနေမိတယ်။



စစ်အာဏာရှင်တို့ရေ-

မင်းတို့ရဲ့

သာသနာဖျက်လုပ်ရပ်တွေကို

တမျိုးသားလုံး

စိတ်နာနေကြပြီ၊

မင်းတို့အတွက်

ငါတို့တမျိုးသားလုံးမှာ

ပြောစရာတခွန်းပဲကျန်တယ်

“ဘယ်တော့မှ အရှုံးမပေးဘူး”



(မနှစ်က စပ်ခဲ့ဖူးတဲ့ ကဗျာဟောင်းလေး တပုဒ်ပါ။ စက်တင်ဘာတော်လှန်ရေးနှစ်ပတ်လည်အချိန်မှာ ပြန်တင်လိုက်ပါတယ်)


  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP