ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

concerning with Dialogue

Saturday, November 17, 2007

တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍

ကျွန်မမြင်မိတဲ့ အချက်တွေကတော့

(၁) လက်ရှိစီးပွားရေးပိတ်ဆို့မှုတွေဟာ နအဖကို တစတစ ထိနေပြီ။ ဒီအတွက် သူတို့ဘက်က တခုခု လုပ်ဖို့လိုမှာ ဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးရေးလမ်းပေါ်တက်မှာပဲ။ ဒါဟာလဲ ကျွန်မတို့ အတိုက်အခံတွေဘက်က လိုချင်တဲ့ အချက်ပဲ။ ဖိအားမပေးပဲ၊ အင်အားချိန်ခွင်လျှာမညှိပဲ တွေ့ဆုံဆွေးနွေးပွဲလမ်းပေါ်ကို ရောက်လာမှာမဟုတ်ဘူး။

(၂)ဒါပေမယ့် တခုသတိထားရမှာက အရှုံးထဲကနေတောင် အမြတ်ရအောင် ထုတ်ပြီး အရှုံးအနိုင်ကို တပတ်လှည့်ပစ်တတ်လေ့ရှိတဲ့ နအဖအကျင့်ပဲ။ နအဖဟာ တွေ့ဆုံဆွေးနွေးပွဲကို အမြတ်မထုတ်သွားနိုင်ဖို့ အရေးကြီးတယ်။

(၃) နအဖဟာ တွေ့ဆုံဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့၊ အင်အယ်ဒီနဲ့ တိုင်းရင်းသားများနဲ့ တွေ့ဆုံပွဲ ဆိုတာထက် အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ့ဆုံပွဲဆိုပြီး၊ ငြိမ်းအဖွဲ့တွေကိုအဓိကထား ပွဲထုတ်လာနိုင်တယ်။ ဒီပွဲမှာ ဖယ်ဒရယ်မူကိစ္စကို ကြိုတင်ညှိနှိုင်းပယ်ဖျက်ပြီး၊ လက်ရှိညောင်နှစ်ပင်ညီလာခံမှာ ချထားတဲ့ အချက်တွေကိုပဲ တိုင်းရင်းသားတွေကို တင်ပြဆွေးနွေးစေတာတွေ လုပ်လာနိုင်တယ်။ ဒီမိုကရေစီရေးကိုလဲ နအဖအကောင်အထည်ဖော်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းဆိုတာကြီးကိုပင် ထည့်သွင်းပြောလာနိုင်တယ်။ ငြိမ်းအဖွဲ့တွေအားလုံးနဲ့ အယ်အယ်ဒီတခုတည်းနဲ့ဆိုရင် အရည်အတွက်အရ အင်အယ်ဒီဘက်မှာ အားနည်းနေပြီ။ ဒါကို သတိထားရမယ်။

(၄) ဒီလိုမဖြစ်အောင် ကျွန်မတို့ ဘယ်လိုကာကွယ်နိုင်မလဲ။ တောင်းဆိုနိုင်မလဲ။ ကျွန်မတို့ ၀ိုင်းဝန်းစဉ်းစားကြည့်ရအောင်။

(၅) တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံတကာက စောင့်ကြည့်မှုနဲ့ဆိုတာကို နအဖလက်ခံမလား။ ဒီအချက်က အရေးကြီးတယ်။ အခုနောက်ဆုံးတခေါက် ဂမ်ဘာရီခရီးစဉ်ကို ကြည့်ရင် နအဖဟာ နိုင်ငံတကာပါဝင်ပတ်သက်မှုကို နေရာမပေးတော့တာ သိသာနေတယ်။ ပြည်တွင်းတံခါးပိတ်အစည်းအဝေးဆိုတာမျိုးလုပ်လာနိုင်တယ်။

(၆) အခုနောက်ပိုင်း အင်အယ်ဒီကို နည်းနည်းနေရာပေးလာတယ်။ အင်အယ်ဒီအခန်းကဏ္ဍကို နည်းနည်းမြှင့်ရင်မြှင့်မယ်။ အကောင်းဘက်ကမြင်နိုင်သလို အဆိုးဘက်ကကြည့်ရင်လဲ ရိုက်ချဖို့ စင်ပေါ်တင်တာမျိုးဖြစ်လာနိုင်တာကို ထည့်စဉ်းစားသင့်တယ်။ နောက်တချက်က အင်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာထားပြီး ဆွေးနွေးမှာလဲ။ ၉၀ ရွေးကောက်ပွဲအနိုင်ရပါတီအနေနဲ့လား။ အတိုက်အခံပါတီအနေနဲ့လား။ ဒီကိစ္စ အစကတည်းက ရှင်းဖို့လိုမယ်။

(၇) တွေ့ဆုံဆွေးနွေးပွဲစရင် ဒေါ်အောင်ဆန်းစုကြည်ဆိုထားသလို timebound အရေးကြီးတယ်။ ဒါပေမယ့်တနှစ်လား၊ နှစ်နှစ်လား။ နအဖအကြံအတိုင်းဆိုရင် ၂၀၀၉ခုနှစ်မှာ ကြံ့ဖွတ်အားကိုးနဲ့ ရွေးကောက်ပွဲလုပ်မယ်။ တွေ့ဆုံဆွေးနွေးတာနဲ့ ဒီ လမ်းပြမြေပုံကြီးကို ရပ်ထားမှာလား။ ဆက်သွားနေမှာလား။ ရပ်ထားပြီး တွေ့ဆုံမှ အဓိပ္ပာယ်ရှိမယ်။

(၈) တွေ့ဆုံဆွေးနွေးပွဲကိုပဲ ထိုင်စောင့်နေလို့တော့ ရမယ်မထင်ပါ။ တဘက်ကနေ တွေ့ဆုံဆွေးနွေးမယ်လို့မျှားပြီး၊ (၂၀၀၉) ပွဲသိမ်းနွှဲရင် ခက်ကုန်မယ်။ ဒီနေရာမှာ ပြည်သူက သူတို့လက်ကိုင်တုတ်တွေကို ဘယ်မဲပေးမလဲလို့ ဆိုစရာရှိတယ်။ ဟုတ်ပါတယ်။ ၉၀ ရလာဘ်ကို သူတို့လဲ ဖြုံနေဆဲပါ။ ဒါပေမယ့် ၉၀ တုန်းကလို တရားမျှတစွာ ထပ်ကျင်းပပြီး၊ နအဖဟာ အရှုံးဘွဲ့ယူမှာ မဟုတ်ပါ။ ဆင်ကြံကြံမှာပါပဲ။

(၉) ဒီလိုတွေမဖြစ်အောင် အချိန်မှီ လုပ်စရာရှိတာ ဆက်လုပ်ကြမှဖြစ်မယ်၊ လူထုတိုက်ပွဲလမ်းစဉ်မှတပါး တခြားမရှိပါ။ တွေ့ဆုံနေစဉ်ကာလမှာလဲ အတိုက်အခံအင်အားကို ဆက်ပြနေဖို့ လိုမှာပါပဲ။ ပြည်သူလူထုကြီး စုစုစည်းစည်းရပ်တည်ပြနေမှု လိုအပ်တာပါပဲ။

16/11/2007

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP