ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

၂၆ ရက် ပြည်တွင်းသတင်းအနှစ်ချုပ်

Thursday, September 27, 2007

၂၆.၀၉.၂၀၀၉ ပြည်တွင်းသတင်းများ (နစ်နေမန်း စီဘော့စ်မှ ယူပါသည်)

(မနက် ၀၀း၃၈) ရန်ကုန်လူထုအများစု ဘီဘီစီ၊ အာရ်အက်ဖ်အေ၊ စီအန်အန်၊ အယ်ဂျာဇီးယားလို ပြည်ပသ တင်းဌာနတွေကိုပဲ အားကိုးအားထားပြု နားထောင်နေကြ။ အထူးသဖြင့် အင်တာနက် ၀က်ဘ်ဆိုက်များ။ ဘလော့ဂ်များကို အားကိုးနေကြ။ အခု အင်တာနက်အဆက်အသွယ်တွေ အရမ်းနှေးပြီး ခက်ခဲနေ။

(မနက် ၂း၀၀နာရီ) ကိုဇာဂနာကို မြန်မာစံတော်ချိန် သန်းခေါင်ကျော် ၂း၀၀ နာရီက ၀င်ရောက်ဖမ်းဆီးသွားတာကို ကိုသူရရဲ့ ဇနီး မပေါက် ဆီမှ သိခဲ့ရပါတယ်။

(မနက် ၈း၄၃နာရီ) သတိပေးချက် - ဒီကနေ့  တာမွေ မ၀တရုံးကို လုပ်ကြံပြီး မီးရှို့မယ်။ အဲဒီအချိန်မှာ စစ်တပ်က ၀င်ပစ်မယ်။ သူတို့လူတွေကို ဘယ်လိုနေရမယ်ဆိုတာလည်း မ၀တက မှာထားပါတယ်။ မ၀တရုံးက ပစ္စည်းတွေ ရွှေ့ထားပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ လုံးဝ ၀င်မပါကြဖို့။ မီးရှို့တာတွေကို လုံးဝ သွားမကြည့်ကြဖို့ တိပေးထားပါတယ်။

(မနက် ၈း၅၁နာရီ) မြန်မာပြည်မှာ နအဖက ကြေညာချက်ထုတ်ပြီး လမ်းမတွေပေါ် လိုက်အော်နေသည်မှာ "မာ ရှယ်လော Martial Law" မဟုတ်ပါ။ "ညမထွက်ရ အမိန့် Curfew" သာ ဖြစ်ပါတယ်။

(မနက် ၉း၀၁နာရီ) လမ်း(၅၀)က ဘုန်းကြီးကျောင်းကို လက်နက်ကိုင်ရဲ အယောက်(၂၀)ခန့် ၀ိုင်းထားတယ်လို့ သိ ရပါတယ်။

(မနက် ၉း၃၁နာရီ) ပြည်တွင်းက ပြည်သူလူထုကို နအဖဘက်က အကြမ်းဖက်လာပါက လူငယ်တွေ စုပေါင်းပြီး ကာကွယ်ပေးဖို့ ဖွဲ့စည်းထားတာတစ်ခုရှိပါတယ်။ ဆက်သွယ်ရန်မှာ - cff.pr.officer@gmail.com ဖြစ်ပါတယ်။ အမြန်ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

(မနက် ၉း၄၁နာရီ) ဒေါ်အောင်ဆန်းစုကြည်အိမ်ကို သွားတဲ့လမ်းမှာ သဲအိတ်တွေကာထားပြီး ကားဝင်တဲ့လမ်းကို စက်သေနတ်နဲ့ ချိန်ထားပါတယ်။ သံဆူးကြိုးတွေနဲ့လည်း ပိတ်ထားပါတယ်။ ကားဝင်ဖို့အတွက် ကားတစ်စီးစာ နေရာချန်ထားတယ်။ ၀င်ပေါက်နဲ့တည့်တည့်မှာ သဲအိတ်တွေ အရှေ့ကကာထားပြီး စက်သေနတ်နဲ့ ချိန်ထား တယ်။ စစ်သားတစ်ယောက် ထိုင်နေပါတယ်။ လမ်းထဲကို ကားအ၀င်အထွက်တော့ ရှိနေဆဲပါ။

(မနက် ၉း၅၂နာရီ) မနေ့က ရွှေတိဂုံဘုရားက လူထုစစ်ကြောင်းမှာ ကျောင်းသားတွေက သမိုင်းဝင် ကျောင်းသား အလံဖြစ်တဲ့ ခွပ်ဒေါင်းအလံနှစ်ခုကို ၀ါးလုံးတိုင်ရှည်ထိပ်မှာ လွင့်ထူပြီး ချီတက်ခဲ့ကြပါတယ်။

(မနက် ၉း၅၆နာရီ) ဒီကနေ့ ကြံ့ဖွံ့အယောက်(၂၀၀)လောက် ဘုန်းကြီးအတုယောင်ဆောင်ပြီး ၀င်ရောမယ်လို့  သိရပါတယ်။


(မနက် ၁၀း၀၀နာရီ) မနေ့က ည ၁၁နာရီမှာ မိုးကုတ်မြို့က လူငယ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းသူနဲ့ မပွင့် ဖြူတို့ကို နေအိမ်မှာ ရဲတွေနဲ့ စစ်သားတွေက လာရောက်ခေါ်ဆောင်သွားပါတယ်။ ဒီနေ့မနက် ၈နာရီမှာ သူတို့ရဲ့ မိသားစုဝင်တွေက မိုးကုတ်ရဲစခန်းမှုးထံ သွားရောက်မေးမြန်းရာမှာ စခန်းမှူးက စစ်ဗျူဟာရုံးကိုသာ သွားရောက် စုံစမ်းဖို့ ပြောကြားပါတယ်။ ဗျူဟာရုံးက တာဝန်ကျရဲဘော်တွေက သူတို့ဘာမှ မသိကြောင်း ပြန်ပြောပါတယ်။ သူ တို့အနေနဲ့ ယခုလို ဖုံးကွယ်နေတာဟာ မြို့လူထုက လာရောက်ဝိုင်းမှာကို စိုးရိမ်တဲ့အတွက် ဖြစ်နိုင်ကြောင်း သိရ ပါတယ်။

(မနက် ၁၀း၀၃နာရီ) တောင်ဥက္ကလာပ ငွေကြာရံကျောင်းတိုက် အပြင်ဘက်မှာ လုံထိန်းတွေ လာချထားတာကို ကျောင်းထိုင်ဆရာတော်က ထွက်ပြောတဲ့အတွက် ကျောင်းတိုက်နဲ့ ဝေးတဲ့နေရာကသာ စောင့်ကြည့်နေတာကို တွေ့ရပါတယ်။

မနက် (၁၀း၃၀နာရီ) ပြည်သူတွေကို ကာကွယ်ပေးဖို့  လုပ်နေတဲ့ အဖွဲ့ - ပြည်သူများနဲ့ ကျောင်းသားငယ်များ အား ပန်ကြားလွှာ။ ယနေ့ အခါသမယသည် ကျွန်ုပ်တို့ အတွက် အလွန်အရေးကြီးသော အခါသမယဖြစ်သည်ကို သင်တို့အားလုံး သိပြီးဖြစ်ပါသည်။ ယခုအခါ ကျွန်ုပ်တို့အဖွဲ့တွင် လူအင်အားများ အတန်အသင့် များပြားလာပြီ ဖြစ်ပါသည်။ ကျွန်ုပ်တို့ အဖွဲ့ သည် ကျောင်းသားလူငယ်များဖြင့် ဖွဲ့ စည်းထားသောအဖွဲ့ ဖြစ်သောကြောင့် အဖွဲ့ မှ ငွေကြေးအခြေအနေမှာ အင်အားနည်းလျက်ရှိပါသည်။ အသင်တို့အနေဖြင့် ကျွန်ုပ်တို့အဖွဲ့အား ငွေကြေးအရ ဖြစ်စေ၊ အခြား အဖွဲ့အတွက်အသုံးဝင်မည့် အသုံးဆောင်များဖြစ်စေ ကူညီပေးစေလိုပါသည်။ သို့မဟုတ် အကူ အညီပေးမည့်သူနှင့် ဆက်သွယ်ပေးစေလိုပါသည်။ သင်သည်လည်း အဖွဲ့ဝင်ဖြစ်သည့်အလျောက် အဖွဲ့အရေး သည် သင်တို့အရေးသာ ဖြစ်ပါသည်ဟု ကျွန်ုပ်ပြောလိုပါသည်။ ထို့ကြောင့် ယခုအခါတွင် ကျွန်ုပ်တို့သည် ထိရောက်သော လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန်အတွက် ငွေကြေး (သို့) အသုံးဝင်မည့် အသုံးအဆောင်များကို လို အပ်လျက်ရှိပါသည်။ အသင်တို့သည် ကျွန်ုပ်တို့အား ကူညီလိုပါက (သို့) အကူညီပေးမည့်သူများနှင့် ဆက်သွယ် ပေးလိုပါကကျွန်ုပ်တို့အား အလျင်အမြန် ဆက်သွယ်ပေးပါရန် ကျွန်ုပ်တောင်းဆိုအပ်ပါသည်။
Email; cff.pr.officer@gmail.com

(မနက် ၁၀း၃၇နာရီ) ကားအသွားအလာတွေကို နောက်ပြန်လှည့်မောင်းခိုင်းပြီး လမ်းပိတ်လိုက်တဲ့ ပုံစံဖြစ်နေပါ တယ်။ ဘုန်းကြီးတချို့ကတော့ အဲဒီအနားမှာ ရစ်သီရစ်သီနဲ့ နေနေပါတယ်။ တချို့လာနေတဲ့ ဘုန်းကြီးတွေကို လည်း တွေ့ရပါတယ်။ ပတ်ဝန်းကျင်က ထွက်ကြည့်နေတဲ့လူတွေကြောင့် ကြေးသွန်းဘုရား၊ ဗဟန်းဈေးနဲ့ ရွှေတိဂုံ ဘုရားအရှေ့ လမ်းစုံနေရာမှာ လူတွေ စုနေပါတယ်။ လမ်းတွေပိတ်ထားသလို ဖြစ်နေတဲ့အတွက် ကားတွေလမ်း ပိတ်လျက်ရှိပါတယ်။ မြောက်ဘက်မုခ်ကိုလည်း လူတဦးဝင်စာပဲ ဖွင့်ထားပြီး လုံခြုံရေးများ ချထားပါတယ်။ အာဇာ နည်ကုန်းနားမှာ စစ်ထရပ်ကား(၂)စီး ရပ်ထားပါတယ်။ လင့်လမ်းရဲ့အထွက်ဘက် သီလရှင်ကျောင်းနဲ့ အိမ်တွင်းမှု သိပ္ပံကျောင်းနံဘေးမှာ သေနတ်ကိုင် ရဲ (၄၀)လောက်ကို တွေ့ရပါတယ်။
(မနက် ၁၀း၃၆နာရီ) ရွှေတိဂုံဘုရားတောင်ဘက် ကားအ၀င်မှာ လက်နက်ကိုင်စစ်သားတချို့စောင့်နေပါတယ်။ အ ရှေ့ဘက်မုခ်မှာ စစ်လော်ရီတစီးရပ်ထားပြီး လူအတက်အဆင်း အလယ်ပစ္စယံ အတက်မုခ်ကို တယောက်စာသာ သံတခါးဖွင့်ထားပြီး အမ်(၁၆)သေနတ်ကိုင် ရဲသားတဦး တံခါးကနေ ပိတ်စောင့်နေပါတယ်။ အတက်အဆင်းများ ကိုလည်း စစ်နေပါတယ်။ အနောက်မှာပစ္စည်းစစ်ဖို့ ဘုရားလုံခြုံရေးများလည်း စောင့်နေပါတယ်။ အရှေ့ဘက်မုခ် မှာ စစ်လော်ရီတစီးရပ်ထားပြီး လူအတက်အဆင်း အလယ်ပစ္စယံအတက်မုခ်ကို တယောက်စာသာ သံတခါးဖွင့် ထားကာ အမ်၁၆ သေနတ်ကိုင် ရဲသားတဦး တံခါးကနေ ပိတ်စောင့်နေပါတယ်။ အတက်အဆင်းများကိုလည်း စစ်နေပါတယ်။ ကြေးသွန်းဘုရားရှေ့မှာ ဒိုင်နာကားသုံးစီး လမ်းကို ပိတ်လုနီးပါးရပ်ထားပြီး လက်နက်အပြည့်အစုံ ကိုင်ထားတဲ့ (police) လို့ ရင်ပတ်မှာ ရေးထားတဲ့ ရဲ (၁၀၀)နီးပါး လမ်းကို ရင်ဘောင်တန်းပြီး ပိတ်ထားပါတယ်။ ရွှေတိဂုံဘုရား အရှေ့ဘက်အဆင်းကလွဲလို့ ကျန်သုံးဘက်လုံးကို ပိတ်ထားပါတယ်။ ရဲအရာရှိလုပ်တဲ့သူက အဲဒီ အနားက လမ်းဘေး ဆိုင်တွေအားလုံးကို "မင်းတို့ဆိုင်တွေ ချက်ချင်းပိတ်စမ်း" လို့ အော်ဟစ်ပြီး ပိတ်ခိုင်းနေပါ တယ်။

(မနက် ၁၀း၃၈နာရီ) ဒီနေ့က လပြည့်နေ့ဖြစ်တဲ့အတွက် ပုံမှန်ဘုရားလာတဲ့ သူတွေကိုတောင် အတင်းအကျပ် စစ် ဆေးမှုတွေကြောင့် အရင်လပြည့်နေ့တွေရဲ့ တ၀က်လောက်တောင် လူအသွားအလာ မရှိပါဘူး။ စစ်ဆေးမှုတွေ အရမ်းတင်းကျပ်တဲ့အတွက် အချို့လူတွေက ဘုရားပေါ်မတက်တော့ဘဲ ပြန်ကြတာကို တွေ့ရပါတယ်။ အပြင်မုခ် ဦးစောင်းတန်း လှေကားပေါ်မှာ ထိုင်နေပြီး ဘုရားပေါ်မတက်တဲ့သူတွေကိုတောင် တွေ့ရပါတယ်။ ကောင်းမှုကု သိုလ်လာလုပ်တဲ့သူတွေကို လက်နက်ကိုင်ပြီး စစ်ဆေးတာ၊ ကုသိုလ်လိုချင်တဲ့သူကို အကုသိုလ်သမားက လိုက် စစ်တာမခံနိုင်လို့ ဘုရားမတက်တော့ဘူးလို့ ဘုရားပေါ်က ပြန်ဆင်းလာတဲ့ သူတယောက်ကပြောတာ ကြားလိုက် ပါတယ်။

(မနက် ၁၀း၅၄နာရီ) မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးရဲ့ ဦးဆောင်ကိုယ်တော်သံတပါးဖြစ်တဲ့ အရှင် ခေမိန္ဒက “ဦးပဉ္ဇင်းတို့ကတော့ ငြိမ်းချမ်းတဲ့နည်းဆိုတဲ့ လမ်းစဉ်ကလွဲလို့ တခြားနည်းလမ်း ဘာကိုမှ ကိုင်စွဲဖို့ ဆုံး ဖြတ်မထားဘူး။ ဒီနည်းနဲ့ပဲ လှုပ်ရှားမှုကို ဦးဆောင်သွားမယ်” လို့ မိန့်တော်မူပါတယ်။ ဘုရားရှင်တော် ခြေတော် ရင်းဖြစ်တဲ့ အောင်မြေအရပ်မှာ သစ္စာပြုကြဖို့ တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ သံဃာတော်တွေကို သံဃာ့တပ်ပေါင်း စုကြီးက နှိုးဆော်ထားကြောင်း ဦးခေမိန္ဒက ပြောပါတယ်။ အဲဒီသစ္စာအဓိဌာန်ကတော့ “သံဃာထုတရပ်လုံး၏ ပ တ္တနိ က္ကုဇ္ဇနကံဆောင်မှုသည် ဗုဒ္ဓ၏ဓမ္မစက်အာဏာ အစစ်အမှန်ဖြစ်သည်။ ဤကံကိုဆောင်ကြသည့် သံဃာထု သည်လည်း ဗုဒ္ဓ၏သားတော်အစစ်အမှန်များ ဖြစ်ကြသည်။ ဤမှန်ကန်သော သစ္စာစကားကြောင့် … ဗုဒ္ဓသားစစ် ဖြစ်တဲ့ သံဃာထုတရပ်လုံးနဲ့ ဗုဒ္ဓထားတော်မူခဲ့တဲ့ အာဏာနဲ့သာသနာတော်ကို ဖျက်ဆီး စော်ကားနှိပ်စက်နေကြ တဲ့ ဆန့်ကျင်မျက်ကွယ်ပြုသူများ အာဏာရှင်မာနတ်အားလုံးကို ဗုဒ္ဓရဲ့ဒဏ်၊ သာသနာတော်ရဲ့ဒဏ်၊ သံဃာ့ကံရဲ့ ဒဏ်၊ ဓမ္မစက်ရဲ့ဒဏ်၊ ပြည်သူများရဲ့ဒဏ်၊ မေတ္တာတရားရဲ့ဒဏ်၊ သာသနာစောင့် နတ်အပေါင်းတို့ရဲ့ဒဏ် အ ပေါင်းကို လက်ငင်းမကြာ ချက်ချင်းခဏ ဒိဌဓမ္မ ရင်ဆိုင်ခံစားကြစေသောဝ်” လို့ ဦးခေမိန္ဒက မိန့်ကြားပါတယ်။

(မနက် ၁၁း၀၀နာရီ) သာသနာရေးဝန်ကြီး သူရမြင့်မောင်ရဲ့ချွေးမ စုစုစန္ဒီဟာ ရန်ကုန်မြို့မှာ ကာရာအိုကေခန်း တွေဖွင့်ပြီး အမျိုးကောင်း သမီးလေးတွေကို ဖျက်ဆီးနေကြောင်း၊ သူမပိုင်ဆိုင်တဲ့ ဆိုင်တွေကတော့ ရန်ကင်း ဘောက်ထော်က Easy Karaoke, ဘုရင့်နောင်လမ်းပေါ်ရှိ Violin Karaoke နဲ့ စလင်းကွင်းနားမှာရှိတဲ့ Smart Karaoke တို့ပဲ ဖြစ်ပါတယ်။ သူ့ကိုယ်သူ ဘုရားဒကာလို့ ပြောနေတဲ့ သာသနာရေးဝန်ကြီးရဲ့ မိသားစုသတင်း ဖြစ်ပါတယ်။ သူ့သားကို မိုးကုတ် မှာ ပြည်သူလူထုက ဒီကနေ့ လိုက်လံဖမ်းစီးနေကြောင်း သိရပြီး ၄င်းအနေနဲ့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရပါတယ်။ ခုနက လှည်းတန်းကို စစ်ကား(၅)စီး စစ်သားအပြည့်တင်သွားတာ တွေ့ရတယ်။ ခု ကမ်းနားမှာလည်း လူတွေ များနေတယ်။ အခုပဲ လာအော်သွားတယ် လော်ကြီးနဲ့။ ည ၉နာရီက နေ မနက် ၅နာရီထိ ဘယ်မှမထွက်ရတဲ့ သူတို့တွေ ယုတ်မာကြပြီ။

(မနက် ၁၁း၁၀နာရီ) ပြည်တွင်းမှာ ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ပိတ်ထားတဲ့အတွက် ဘုန်းကြီးတွေ ဆွမ်း အခက်အခဲ ဖြစ်နေပါတယ်။ ရန်ကုန်ကြေးသွန်းကျောင်းနဲ့ ကြားတောရကျောင်းတွေမှာ ပြည်သူတွေက ဆွမ်းသွား ကပ်ရင် ကောင်းမယ်။ နောက်ဝင်ခွင့်မရရင် ထိုင်သပိတ်ပုံစံမျိုး လုပ်သင့်တယ်ထင်ပါတယ်။
ဒီနေ့စစ်အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နိုင်ငံတော်နာယကဆရာတော်တွေ ထုတ်ပြန်တယ်လို့ ကြေ ညာထားပါတယ်။ နိုင်ငံ့သံဃာအဖွဲ့အစည်းရဲ့ တံဆိပ်တုံးတွေ မပါပါဘူး။ ဆရာတော်တွေရဲ့ လက်မှတ်တွေလည်း မပါဘူးဖြစ်နေလို့ သာသနာရေးဝန်ကြီးက ယမန်နေ့က ဆရာတော်တွေကို သွားလျှောက်တာမရလို့ နအဖက လိမ် ညာပြီးထုတ်တာလို့  ပြည်သူတွေက ပြောနေပါတယ်။
မြစ်ကြီးနားမှာ ကေအိုင်အေဗဟိုက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကား(၁၀)စီးနဲ့ သွားကြတယ်။

(မနက် ၁၁း၄၁နာရီ) အခု ဆူးလေးဘုရားနားမှာ ဘုန်းဘုန်းတွေနဲ့  ပြည်သူတွေ စတင်ရောက်နေပါပြီ။

(မနက် ၁၁း၅၈နာရီ) ခိုင်လုံသောသတင်းအရ - ဦးသန်းရွှေက ဒေါ်ကြိုင်ကြိုင်နဲ့ မိသားစုတစ်စုလုံးကို စင်ကာပူကို ပို့ထားတာ မှန်ပါတယ်။ ဦးသန်းရွှေကတော့ မြန်မာပြည်မှာပဲ ဆက်ရှိနေသေးပါတယ်။

(နေ့လည် ၁၂း၀၂နာရီ) ဒီကနေ့လှုပ်ရှားမှုတွေကို အင်အားသုံးတားဆီးမယ်လို့ နေပြည်တော် သတင်းရပ်ကွက်က နေ သိရပါတယ်။

(နေ့လည် ၁၂း၀၃နာရီ) တာမွေလေး မထသရှေ့မှာ အသင့်စောင့်ဆိုင်းနေတဲ့ ကားတွေကို အခုပဲ နံပါတ်တွေကို စက္ကူနဲ့ပိတ်တာ၊ ဆေးဖြူသုတ်တာတွေ ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။

(နေ့လည် ၁၂း၀၈နာရီ) ဗဟန်း အရှေ့ဘက်မုခ်မှာ ရိုက်နေကြပြီ။ သံဃာတွေကော၊ မယ်သီလရှင်တွေကော လူ တွေကော အရိုက်ခံနေရတယ်။ အကုန် ထွက်ပြေးနေကြရတယ်။ ဆူးလေမှာလည်း ရောက်နေကြတယ်။ ရွှေတိဂုံ မှာ ကြံ့ဖွံ့တွေက ဘုန်းဘုန်း(၁၅)ပါးလောက်ကို ၀င်ရောက်ရိုက်နှက်နေကြပါတယ်။

(နေ့လည် ၁၂း၁၇နာရီ) ညောင်တုန်းကျောင်းတိုက်က သံဂါအပါး(၁၀၀၀)ကျော် ရွှေတိဂုံဖက်ကို စထွက်နေပြီ။

(နေ့လည် ၁၂း၂၃နာရီ) စစ်ထောက်လှမ်းရေးက ပို့လာတဲ့စာ - ကျွန်တော်က မိတ်ဆွေတို့ကို ကူညီချင်သူတစ်ဦးပါ ကျွန်တော့်ကို ယုံကြည်ပါလို့လဲ မတောင်းဆိုပါဘူး၊ မယုံဘူးဆိုတာ နားလည်ပါတယ်၊ ကျွန်တော်ဟာ စစ်ထောက် လှမ်းရေးက ITအဖွဲ့ကလို့ပဲ မှတ်ထားပါ။ အစကတော့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို အထင်ကြီးပြီး အလုပ်ကို ဂုဏ်ယူမိခဲ့ပါတယ်။ နောက်ပိုင်းတာဝန်အရ blog တွေမှာဖတ်ရင်း ပြည်တွင်းကဖြစ်နေတာကို အပြင်ကလူတွေ ဘယ်လိုခံစားနေရမှန်းသိလို့ တစစ စိတ်မကောင်းဖြစ်လာမိပါတယ်။ ကိုယ်လုပ်နေတာတွေ မှားနေပြီဆိုတာလည်း တွေးရင်း နောင်တရလာပါတယ်။ ကျွန်တော်ဟာ ဘာသာတရားကိုင်းရှိုင်းသူ တစ်ဦးပါ။ ခုလို သံဃာတော်တွေကို မြင်ရတာ ကျွန်တော်လည်း လုံးဝစိတ်မကောင်းပါဘူး။ ပစ်မိန့်ပေးလာရင်လည်း လက်မခံနိုင်ပါဘူး။ ဒီတော့ကျွန် တော့်လိုပဲခံစားနေရတဲ့ လုပ်ဖေါ်ကိုင်ဘက်တွေနဲ့ တိုင်ပင်ပြီး ဆက်သွယ်လိုက်တာပါ။ ကျွန်တော်တို့နဲ့ တပ်မှုးတော် တော်များများ လူထုကိုပူးပေါင်းဖိုဆုံးဖြတ်လိုက်ပြီ။ ကျွန်တော့်ကို ဆက်သွယ်ဖို့မလိုပါဘူး။ ကျွန်တော်တို့ ထပ်ပြီး ဆက်သွယ်မှာပါ။ လောလောဆယ် ကျွန်တော်တို့အတွင်းမှာ လျှို့ဝှက်လှုပ်ရှားနေပါပြီ။ အတွင်းက သတင်းတွေကို လည်း ကျွန်တော်တို့ အချိန်မနှောင်းခင် မပြတ်ပို့ပေးမယ် ။ နာမည် မပြောပါနဲ့ ။

(နေ့လည် ၁၂း၂၇နာရီ) ဘုန်းဘုန်းတို့  အရိုက်ခံနေရတာ BBC မှာ လာနေပါပြီ။

(နေ့လည် ၁၂း၂၈နာရီ) ဗဟန်း(၃)လမ်းမှာကော တခြားနေရာတွေမှာလည်းဖြစ်။ ဘုရားမှာ ဖမ်းထားတာပိုများ။ မျက်ရည်ယိုဗုံးတွေလည်းသုံး၊ နံပါတ်တုတ်တွေ ၀ါးရင်းတုတ်တွေနဲ့လည်း ရိုက်နေကြပါတယ်။

(နေ့လည် ၁၂း၃၁နာရီ) သေနတ် (၆)ချက် ဖောက်တယ်။ ဘုန်းဘုန်းတစ်ပါး ထိသွားတယ်။

(နေ့လည် ၁၂း၃၇နာရီ) ကိုကျော်သူ အိမ်ကနေ ရှောင်နေပါတယ်။ အဖမ်းမခံရပါ။ ဆက်လုပ်စရာတွေ ဆက်လုပ် နေမယ်လို့ ပြောပါတယ်။

(နေ့လည် ၁၂း၄၁နာရီ) မြေနီကုန်းဘက်က ဘုန်းဘုန်းတွေ ထပ်ထွက်လာပြီ။ ရွှေတိဂုံဘက်ကို သွားနေပါတယ်။

(နေ့လည် ၁၂း၄၃နာရီ) မြေနီကုန်းဘက်က ဘုန်းဘုန်းတွေ အာဇာနည်ပန်းခြံကို ကျော်ဖြတ်နေပါပြီ။
ကြေးသွန်းဘုရားကြီးနားမှာ မျက်ရည်ယိုဗုံးသုံး၊ အခု မီခိုးတွေ အူနေ၊ ကြားတောရလမ်းကို ပိတ်ထား။

(နေ့လည် ၁၂း၄၈နာရီ) ဆူးလေမှာ စစ်သားတွေနဲ့ လူတွေနဲ့ တွန်းလိုက်တိုးလိုက်တော့ စဖြစ်နေပြီ။
မန္တလေးမှာ အိမ်တော်ရာဘုရားက ဘုန်းဘုန်းတွေ စထွက်လာပြီ။ ယခင်နေ့များကထက် အင်အားများပါတယ်။


(နေ့လည် ၁၂း၅၀နာရီ) မနေ့ညက ရဲအထူးသတင်းတပ်ဖွဲ့က ဒုရဲအုပ် ညိုဝင်း၊ (ရ၀တ)ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနဲ့ အဖွဲ့ဝင် ၂၀ခန့်က ကဗျာဆရာ ကိုငြိမ်းသစ်ကို ၀င်ရောက်ဖမ်းဆီးရာ ကိုငြိမ်းသစ်ကို မတွေ့တဲ့အတွက် ဇနီးသည် အား ဖမ်းဆီးခေါ်ဆောင်သွားတယ်။

(နေ့လည် ၁၂း၅၂နာရီ) လူထုစစ်ကြောင်းတစ်ခု အခုမြေနီကုန်းမီးပွိုင့်ကိုကျော်ပြီး ဗားဂရာဘက်ကို ဦးတည်နေပါ တယ်။ လူအင်အားပိုများ လာပါတယ်။

(နေ့လည် ၁၂း၅၃နာရီ) အများကြီးပဲ လူတွေအများကြီး မေတ္တာသုတ်ပဲရွတ်တယ် တာမွေဘက်ကိုသွားတယ် လူ တော်တော်များတယ်။

(နေ့လည် ၁း၄၂နာရီ) ဆူးလေမှာ ပစ်နေတယ်။ သေနတ်သံတွေ ကြားနေရတယ်လို့ ပြောပါတယ်။
ယာယီအချုပ်ကို ကျိုက္ကဆံကွင်းထဲမှာလုပ်ပြီး ဖမ်းလာသမျှ သံဃာတွေကို ချက်ချင်းလူဝတ်လဲပြီး ထောင်ထဲအချုပ် ထဲပို့ဖို့ အသင့်လုပ်ထားပါတယ်။ အဲဒီအချုပ်ကို လူထုအားနဲ့ ၀င်ပြီးဖျက်ဖို့ လိုပါတယ်။
အခု ဒဏ်ရာရထားတဲ့ ဘုန်းဘုန်းတစ်ပါးပုံ ရရှိလာပါပြီ။
ဗားဂရာစစ်ကြောင်းနောက်ကနေ စစ်ကား(၂)စီး လိုက်ပါနေပါတယ်။
၃၄ လမ်းမှာ ပစ်ပြီ။ လူထုထွက်ပြေးနေရတယ်။
ဗားကရာလူထုစစ်ကြောင်းက တာမွေဘက်မှ လူထုစစ်ကြောင်းနဲ့ ပေါင်းဖို့ အတွက် ဆက်သွယ်နေပါတယ်။
၁ နာရီ ၂၀ မိနစ်က ဆူးလေမြောက်ဘက်မုဒ်မှာလည်း စစ်သားတွေ စောင့်နေတယ်။ သေနတ်ကိုယ်စီနဲ့ အဲဒီက အင်အားက ၁၅ယောက်လောက်ပဲရှိမယ်။ ဟိုက်လတ်လို စစ်ကားတစ်စီး ရပ်ထားတယ်။ ဒိုင်နာ ၂စီးရပ်ထား တယ်။ အဲဒီ ဆူးလေမြောက်ဘက်လိုပဲ ဆူးလေအခြားဖက် ၀င်ပေါက်တွေမှာလည်း စစ်သားတွေရှိတယ်။ ဆူးလေ နားမှာတော့ ရဲနဲ့စစ်သားတွေ အသင့်အနေအထားနဲ့ ရှိနေပြီ။ ဘုန်းကြီးတွေက ရောက်မလာကြသေးဘူး။ လမ်းမှာ တော့ ဖြစ်ကုန်ကြပြီ ပြောတယ်။ ဆူးလေဘုရားပေါ်မှာလည်း စစ်တပ်တွေ တပ်စွဲထားတယ်။ ရဲတွေက ဒိုင်းနဲ့ တုတ်တွေကိုင်ပြီး အရှေ့ကတန်းစီရပ်နေတယ်။ သူတို့ရဲ့နောက်မှာ စစ်သားတွေက သတ်နတ်ကိုယ်စီနဲ့ တန်းစီရပ် နေတယ်။ သူတို့ရပ်နေတဲ့ လမ်းကနေ လူတွေကို ဖြတ်မလျှောက်ခိုင်းတော့ဘူး။ လမ်းက အားလုံးပေါင်း လေး လမ်းရှိတယ်။ အလယ်နှစ်လမ်းကို ဖွင့်ထားတယ်။ ဘေးလမ်းသွယ် နှစ်လမ်းကိုတော့ ဒီကောင်တွေပိတ်ထား တယ်။ တစ်ဖွဲ့ကို အင်အား ၃၀ကျော်လောက်ပဲရှိတယ်။ လူတွေကတော့ ဘာဖြစ်မလဲဆိုတာ လမ်းဆုံပလက် ဖောင်းတွေကနေ စောင့်ကြည့်နေကြတယ်။ လုံခြုံရေးအင်အားထက် လူတွေအင်အားက ပိုများတယ်။
ဗားဂရာကနေ အထက်ကြည်မြင်တိုင်လမ်းအတိုင်း ဆူးလေကိုချီတက်နေရာ အခုစလင်းကွင်းကို ရောက်ရှိနေ၊ နောက်ပြီး လမ်းဘေးက အမျိုးသမီးတွေ ငိုယိုနေကြ။
ရွှေဂုံတိုင်မီးပွိုင့်မှာ ခုပဲ ဘုန်းဘုန်း အပါး ၂၀၀ လောက် လျှောက်သွားကြပါတယ်။ စစ်ကား ၂စီးက သေနတ်နဲ့ ချိန် ပြီး လိုက်နေပါတယ်။ ဘုရားမှာလည်း စစ်ကားတွေ အများကြီးပါပဲ။
GSM ဖုန်းအချို့ ပိတ်ခံရသော်လည်း အချို့  GSM ဖုန်းတွေ ပွင့်နေဆဲ။
ကြည့်မြင်တိုင် ဗားဂရာဖက်ကို ဘုန်းကြီး ၅၀၀၀လောက်နဲ့ ကျောင်းသားပြည်သူ ၅၀၀၀လောက် ရောက်နေပါ တယ်။ သာသနာ့အလံ ခွပ်ဒေါင်းအလံတွေနဲ့ ချီတက်နေကြပါတယ်။
မြန်မာပြည်မှာ GSM ဖုန်းတွေ အခု ပိတ်လိုက်ပြီတဲ့။ နအဖက ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်ဖို့ လုပ်နေပါ တယ်။ ဆက်သွယ်ရေးအဖြတ်ခံရရင် မြန်မာပြည်မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေ၊ သတင်းဌာနတွေက သတင်း ထောက်တွေကို ဆက်သွယ်ကြပါ။

(နေ့လည် ၂း၁၅နာရီ) ဒီတစ်ခါတော့ တစ်ကယ်ပစ်ပြီ ကျွန်တော်စိုးရိမ်နေတဲ့ အတိုင်းပါပဲ ပစ်ပါပြီ။ ဆူးလေမှာ ပစ်တယ်။ အချက် ၃၀ လောက် မိုးပေါ်ကို ထောင်ပြီး ခုလူစုကွဲသွားပါပြီ။ မျက်ရည်ယိုဗုံးတွေ သုံးတယ်တဲ့။
(နေ့လည် ၂း၀၀နာရီ) အချို့သောလူစုတွေဟာ အစိုးရဘက်ကလို့ ထင်ရဖွယ်ရှိ။ သူတို့က လူထုကြားထဲဝင် ရောက်ရောရောင်ကာ အကြမ်းဖက်ဖို့ လှုံဆော်နေကြတယ်။ အရိုက်ခံရတယ်ဆိုတဲ့သူ အများစုကလည်း ခေါင်းက ပတ်တီးမှာ သွေးစတောင် မရှိတာကိုတွေ့ရ။ ဒါကိုကြည့်ခြင်းဖြင့် အတုအယောင်တွေ လူထုကြားမှာ ၀င်ရောက် နေကြောင်း သိရ။ သူတို့ရဲ့ရည်ရွယ်ချက်က ကိုယ့်ဘက်က စတယ်ဆိုပြီး ဖြစ်စေလိုတာမို့ အထူးသတိထားကြဖို့ လို။ စစ်တပ်ကလာတဲ့ သတင်းတွေအရ ၄င်းတို့အနေနဲ့ ဆူပူပြီး ရိုက်နှက်မှုပြုမှ ပစ်ခွင့်ရှိကြောင်းသိရ။ ဒါကြောင့်မို့ အေးချမ်းစွာပဲ ဆန္ဒ ပြစေလို။ သတင်းတွေ မှန်ကန်မှု ရှိမရှိကို ထပ်မံပြီး အတည်ပြုချက် ယူပေးပါမယ်။

(နေ့လည် ၂း၁၆နာရီ) ရွှေဂုံတိုင်မှာ အပြစ်ခံရတဲ့ ဘုန်းကြီးတပါး ပျံလွန်တော်မူတာ သေချာကြောင်းနဲ့ ကျောင်းတိုက်ကို ပြန်သယ်သွားတယ်လို့ သတင်းထပ်ရပါတယ်။
ယုဇနပလာဇာနားမှာ လူတသိန်းလောက် စုရောက်နေပြီး ဆူးလေကို စုံရပ်အဖြစ် သွားနေကြပါတယ်။
ကြည့်မြင်တိုင်ကလမ်းကြောင်း အလုံကိုရောက်နေပြီ။
ဆာကူရာတာဝါမှာရှိတဲ့ လေယဉ်လက်မှတ်အရောင်းဌာနတစ်ခုကို ဖုံးဆက်တော့ မလာပါနဲ့ ဆာကူရာတာဝါတစ် ခုလုံး ပိတ်ထားလိုက်ပါပြီတဲ့.... အပြင်မှာလည်း သေနတ်သံတွေ ကြားနေရပါတယ်။
ရှေ့ဆောင်ရုံရှေ့ဘက်မှာ လူထုတွေလျှောက်နေတယ်။ "ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး … မဟုတ်ဘူး" လို့  ကြွေးကြော်နေကြပါတယ်။
ဆူးလေ AA phermacy ရှေ့မှာ လုံခြုံရေးတွေက ဒိုင်းတွေနဲ့ကာပြီး ဆူးလေဘုရားပေါ် တက်မရ အောင်လုပ်ထား တယ်။ လူတွေကတော့ အများကြီးပဲ။ အနော်ရထာလမ်းနဲ့ ဆူးလေမီးပွိုင့်မှာ ပိတ်နေပြီ၊ သေနတ်သံတွေ အတွဲ လိုက်ပစ်တယ်။ အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်။
ဆန္ဒပြသူတွေအားလုံးကို အေးချမ်းစွာနဲ့ ဆက်လက်ဆန္ဒပြဖို့ ဦးဆောင်နေသူတွေက အထူးမေတ္တာရပ်ခံလျက်ရှိပါ တယ်။ ရွှေဂုံတိုင်မှာ ပြစ်ခဲ့တာ ဘုန်းဘုန်းတစ်ပါး (သို့) သုံးပါး ပျံလွန်တော်မူတယ်လို့ ကြားရပါတယ်။ ပိုမိုသေချာ အောင် သတင်းထပ်ပြောပါမယ်။
လှည်းတန်းမှာ လူထုတွေထွက်ဖို့ ပြင်နေပြီ။ ဆူးလေဘက်ကို သွားကြမယ်။
၃၄ လမ်းဘက်မှာ သေနတ်နဲ့ပစ်တာ ကောင်မလေးတယောက် ထိတယ်။

(နေ့လည် ၂း၃၀နာရီ) ကြည့်မြင်တိုင်ဖက်က လမ်းလျှောက်တက်လာသူတွေကို သခင်မြပန်းခြံရှေ့မှာ စစ်တပ်က ၀ိုင်းလိုက်ပြီ။
အလုံသစ်တောလမ်းထိပ် စာတိုက်မှတ်တိုင်မှာ လမ်းပိတ်ပြီး စွမ်းအားရှင်နဲ့ လုံထိန်းတွေက ရဟန်းများနဲ့ ပြည်သူတွေကို ဖမ်းဆီး ။ ကျန်ဘုန်းဘုန်းများ ဆက်လက်ချီတက်သွား။
ဒဏ်ရာတွေနဲ့ ဆေးရုံကြီးကို နောက်တယောက် ထပ်ရောက်တယ်။
လမ်း ၃၀ ဘက်မှာ သေနတ် ၇ ချက်ပစ်ပါတယ်။
ဆူးလေမှာ စစ်တပ်က မိုးပေါ်ထောင်ပြီး ပစ်ပြနေပါတယ်။
ဆေးရုံကြီး အရေးပေါ်ကို ဂန်းရှော့နဲ့ (၃)ယောက်ရောက်လာတာ (၁)ယောက် ဆုံးသွားပါပြီ။ ဆေးရုံကြီးကလူ ပြောပါတယ်။ဆူးလေမှာ ပြည်သူတွေအများကြီးပဲ။ စစ်သားတွေကလည်း ၀ိုင်းထားတယ်။

(ညနေ ၃း၀၉နာရီ) ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးမှာ သံဃာထုထဲကို လုံထိန်းတွေက မျက်ရည်ယိုဗုံး ၄ လုံး ပစ် သွင်းလိုက်သလို ရိုက်နှက်မှုတွေလည်း လုပ်ခဲ့။ “လူသတ်သမား၊ လူသတ်သမားတွေ” လို့ ဆန္ဒပြသူတဦး အော် ရင်းပြေးသွား။

(ညနေ-၃း၃၆ နာရီ) မန္တလေး လမ်း(၈၀)နဲ့(၂၇)လမ်းထောင့်မှာ စစ်ကြောင်းတစ်ခုတွေ့နေရ။ တစ်မြို့လုံးမှာ (၅)နေရာထက်မနည်း ဖြစ် ပွားနေ။ နန်းရှေ့မှာ လုံခြုံရေးအဖွဲ့နဲ့ ထိပ်တိုက်တွေ့နေ။ လူအုပ်က အသေခံမည်ဆိုကာ တိုးဝင်လာသောကြောင့် လုံခြုံရေးတွေက လမ်းဖွင့်ပေးလိုက်ရ။

(ညနေ- ၃း၃၉ နာရီ) ကြည့်မြင်တိုင် ဝေလုဝန်ဘက်မှာ လာရိုက်တဲ့ လုံထိန်းတွေကို ဘုန်းဘုန်းတွေက ပြန်ရိုက်တာ ထွက်ပြေးသွား တယ်လို့သိရ။

(ညနေ-၃း၄၂ နာရီ) ဗားဂရာကိုးထပ်ကြီးရှေ့မှာ မျက်ရည်ယိုဗုံး အခုဖေါက်ခွဲနေပါတယ်။
ပန်းဆိုးတန်းလမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ ပြည်သူတွေကို လုံထိန်းတပ်ဖွဲ့တွေ လိုက်လံ ဖမ်းဆီးနေ။

(ညနေ-၃း၄၄ နာရီ) ဗဟန်းမှာ ရဲတွေက သိပ်ရိုင်းတယ်။ ဘုန်းကြီးတွေကို ကန်တယ်၊ ခေါင်းတွေကို ရိုက်တယ်။ လမ်းပေါ်မှာ လဲနေတဲ့ ဘုန်းကြီးတွေကို တက်နင်းတယ်။

(ညနေ- ၃း၄၉ နာရီ) စမ်းချောင်းမှာ မျက်ရည်ယိုဗုံးခွဲပြီး ကားပေါ်ဆွဲတင်တဲ့သတင်းကိုကြားတော့ စမ်းချောင်းမှာရှိတဲ့ ဗားဂရာကျောင်း တိုက်၊ ဥယျာဉ်တိုက်၊ ရှင်ဥတမဇယျဝတီကျောင်းတိုက်၊ အောင်မင်္ဂလာကျောင်းတိုက်မှာရှိတဲ့ ဘုန်းကြီးအားလုံး ထွက်လာကြ။ ဘုန်းကြီးတွေကို လုံထိန်းတွေကတား စမ်းချောင်းက လူထုက လုံထိန်းတွေကို ၀ိုင်းရိုက်။ ဘုန်းကြီး နဲ့ လူထု(၁)သိန်းလောက်က ဗဟိုလမ်းအတိုင်း အရာတော်ဝန်းအထိ လျှောက်သွား။ လမ်းတွေပိတ်သွား။ အဲဒီက နေ ဓမ္မစေတီလမ်းအတိုင်း ရွှေတိဂုံဘုရားဘေးက တက်သွားတယ်။

(ညနေ- ၄း၀၁ နာရီ)
လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံရှေ့တွင်လည်း သံဃာအပါး ၁၀၀၀ ကျော်ကို စစ်တပ်က၀ိုင်းထားကြောင်း သိရသည်။

(ညနေ-၄း၀၂ နာရီ) တာမွေ မင်္ဂလာသုခ ဖုန်းကြီးကျောင်းက ဖုန်းဖုန်းလေးပါး ဒဏ်ရာရတယ်။ အရိုက်ခံရတာ။

(ညနေ-၄း၀၃ နာရီ) မန္တလေး လမ်း(၈၀)တွင် ပစ်ခတ်မှုများရှိ။ ထိခိုက်မှုများရှိ။ ဖုန်းဖုန်းတို့မှ ရှေ့မှချီတက်။ ဖုန်းဖုန်းများ လူများ လုံးဝကြောက်ရွံမှုမရှိပါ။

(ညနေ- ၄း၀၄ နာရီ) လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံရှေ့တွင်လည်း သံဃာအပါး ၁၀၀၀ ကျော်ကို စစ်တပ်က၀ိုင်းထားကြောင်း သိရသည်။

(ညနေ-၄း၁၀ နာရီ) အခုအလုံဆင်မင်းဈေးမှာတပ်ကအချက်(၁၀၀)လောက်ပစ်နေ။

(ညနေ-၄း၃၈ နာရီ) မန္တလေး၊၈၄ လမ်း ၄၁/၄၂ လမ်းမှာ စတင်ပစ်ခတ်နေတယ်လို့ သိရပါတယ် ...

(ညနေ ၄ နာရီနှင့် ၅နာရီကြား) ဆူးလေမှာတော့ ရင်ကော့နေတဲ့သူ ၃ယောက်လောက်ရှိ။ မိုးပေါ်ထောင်ဖေါက်တာ ၇ချက် ၈ချက် အရင်ဖေါက် ပြီး၊ ၂ ချက်လောက်ကတော့ တည့်ပစ်သလိုပဲ ဘယ်သူမှတော့ မထိပါ။
လူထုတွေ အနော်ရထာလမ်းပေါ်ကနေ ကမ်းနားဘက်က ဆင်းသွားတယ်။ လူတွေ အများကြီးဖြစ်သွားတယ်။
အလုံသစ်တောလမ်းမှာ စစ်ကား(၆)စီး၊ အင်အား(၁၀၀)ခန့်ပါဝင်တဲ့ စွမ်းအားရှင်တွေ ၀ိုင်းဖမ်း။ ရဟန်းတွေနဲ့ လူတွေအဖမ်းခံရ။ အဖမ်းခံရသူတွေထဲမှာ မိန်းမပျိုလေးတွေပါပါဝင်။
မန္တလေးမှာ ယနေ့အင်အား အများဆုံးဖြစ်ကြောင်းသိရ။
မြို့ထဲမှာခုရှိနေတဲ့ ကလေးကလှန်းပြောတယ်။ ကျောင်းသားတွေက အနော်ရထာလမ်းအတိုင်း အမေရိကန်သံရုံး ဘက် ဆက်ချီတက်သွားတယ်။ စစ်ကား ၁၀စီးလောက် ဆူးလေဘက်မှာ အသင့်စောင့်နေတယ်။ လောင်ချာတွေ လည်း ပါတာတွေ့တယ်။ ခုထိသူတော့ လူကိုတည့်တည့် စပစ်တာမကြားသေး။ သူလည်း ဆူးလေမှာရှိနေ။ သိမ်ဖြူမှာတော့ စပစ်တယ်လို့ကြား။
မန္တလေးမြတောင်ကျောင်းတိုက်အနီးမှာ လူအင်အား ရဟန်းအင်အားများတဲ့အတွက် တားဆီးထားတာကို ဖွင့်ပေးလိုက်ရ။ ဘုရားကြီးဘက်မှာ ရိုက်နှက်မှုတွေရှိပေမယ့် (၈၂)လမ်းကနေ မြောက်ဖက်ကို ဆက်လက်ချီတက် နေ။
ဆူးလေမီးပွိုင့်မှာတော့ ပိတ်နေဆဲပါ၊ ဆန္ဒပြသူတွေက အနော်ရထာလမ်းပေါ်မှာ ပွိုင့်ဘက်ကို ဦးတည်ပြေးလိုက် ပြန်ဆုတ်လာလိုက် လုပ်နေတာတွေ့ရပါတယ်။ အနော်ရထာလမ်းပေါ်မှာ ပြေးလွှားလှုပ်ရှားနေသူများကို ဘား လမ်းထဲကနေ လက်ခုတ်တီးအားပေးနေကြတာကိုလည်း တွေ့ရ။
မြို့တော်ခန်းမပတ်ပတ်လည်နဲ့ ဆူးလေပတ်ပတ်လည်မှာ လုံထိန်းတွေနဲ့ စစ်တပ်က နေရာယူထား။ ဘားလမ်း လို့ခေါ်တဲ့ မဟာဗန္ဓုလပန်းခြံလမ်း မြို့တော်ခန်းမဘက်ထိပ်မှာ လက်နက်ကိုင်တွေတန်းစီပြီး အနော်ရထာလမ်း ဘက်ကိုလှည့်ကာ နေရာယူထား။
သခင်မြပန်းခြံမှာ ပိတ်မိနေတဲ့ အင်အားတသောင်းခန့်က လှည်းတန်းဖက်ကို ပြန်လျှောက်လာ။ သူတို့နောက်က ကြံ့ဖွတ်နဲ့ စစ်တပ်က ကားတွေနဲ့ လိုက်နေ။
ရွှေတိဂုံဘက်မှာ ဘုန်းဘုန်းတွေက ပိုအားကောင်းလာပြီလို့ ဆို။
ဆေးရုံကြီး အရေးပေါ်ကို ဂန်းရှော့နဲ့(၃)ယောက်ရောက်လာတာ (၁)ယောက်ဆုံးသွားပါပြီ။ ဆေးရုံကြီးကလူက ပြော။ ဆူးလေဘုရားပေါ်မှာ ရှိသမျှလူတွေကို တံခါးလေးပေါက်ပိတ်ပြီး အချုပ်ကားပေါ် ဆွဲတင်။
မန္တလေးမြတောင်ကျောင်းအနီးမှာ မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေ။
မြို့ထဲမှာ ဆိုင်တွေအားလုံးပိတ်လိုက်ပြီ။ ဒါပေမယ့် ပြန်တဲ့လူတွေအတွက် ကားအခက်အခဲရှိနေ။ ခုန ဒဏ်ရာရ အ မျိုးသမီးက ရင်ဘတ်နဲ့ပုခုံးမှာ ရတာလို့သိရ။

(ညနေ ၅း၀၀နာရီ) ဆူးလေဘုရားအနီး မိုးပေါ်ထောင်ပစ်၊ လူစုခွဲရုံတင်မကဘဲ လူအုပ်ကြားထဲကိုပါ သေနတ်တ ချက်ပစ်ထဲ့လိုက်တဲ့အတွက် အမျိုးသမီးတဦး သေနတ်ထိမှန်သွား။ အသက် ၄၅နှစ်အရွယ် ရွှေပြည်သာမြို့နယ် နေ အမျိုးသမီးတဦး သွေးသံရဲရဲနဲ့ရှိနေပြီး အနားကလူတွေက ဆေးရုံပို့ဖို့ ပြင်ဆင်နေကြတာကို မဇ္ဈိမ အထောက် တော်က တွေ့မြင်ခဲ့ရ။ သူမဟာ ရွှေပြည်သာမြို့နယ်ကဖြစ်ပြီး ခင်ပွန်းအမည် ကိုအောင်စိုးဟု သိရ။ (မဇ္စျိမ)
ဆူးလေကနေ လေးဘက်လေးတန် လမ်းတွေမှာ (မြို့တော်ခန်းမရှေ့လမ်း အပါအ၀င်) တဘလောက်လုံးမှာ စစ် သားတွေချထား။ ရဲဝတ်အပြာနဲ့သူတွေက ၁၀ယောက်အတန်း ဒိုင်းတွေကာထားတယ်။ လမ်းပေါ်မှာလူတွေ ကျွက် စီကျွက်စီနဲ့ သွားရေးလာရေး ခက်ခဲနေကြ။ taxi တွေလည်း နေရာရွေးပြီးလိုက်ကြ။ ဒိုင်နာတွေနဲ့ မြို့ပြင်လမ်း ကြောတွေကို တစ်ယောက် ၁၀၀၀ကျပ် နှုန်း လုတက်ပြီး အိမ်ပြန်နေကြရ။
သိမ်ဖြူဈေးပွိုင့်အနီး မီးရထားလမ်းကုန်းမှာ လူထုကို လမ်းဖွင့်ပေးလိုက်ရပြီ။
ရွှေတိဂုံပစ်ခတ်မှု... ဗိုလ်ချုပ်ကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး)၊ ဗိုလ်မှူးကြီးတင့်ဆန်း၊ အမှတ် (၁၆)ခြေလျင် တပ် ရင်း ယာယီတပ်ရင်းမှူး ဗိုလ်မှူးရဲဇော်ဇော် တို့ပါဝင်။
မုံရွာမှာ သံဃာ ၂၀၀ခန့် လူအင်အား ၄၀၀၀နဲ့အတူ ယနေ့ဆန္ဒပြ၊ အနှောင့်အယှက် တစုံတရာမရှိဘဲ ပြီးဆုံးခဲ့။
ရွှေဂုံတိုင်ဘုရားနားမှာ ပစ်ခတ်မှု ဖြစ်တယ်လို့ ကြားရ။ ၅ ချက်တိတိလို့ပြော။
သိမ်ဖြူဈေးပွိုင့်အနီး မီးရထားလမ်းကုန်းမှာ လူထုတွေ မြို့ထဲက မလာနိုင်အောင် သံဆူးတွေချ အသင့်အနေအ ထားလုပ်နေ။
မန္တလေးမှာ ဘုန်းဘုန်းတွေက အသံချဲ့စက်နဲ့ မနက်ဖြန်မှဆုံမယ်လို့ အကြောင်းကြားပြီး အေးချမ်းစွာ လူစုစခွဲနေ။
မော်လမြိုင်မှာ ဘုန်းကြီးအင်အား ၄၀၀၀ကျော် ချီတက်ကြောင်း သတင်းကြား အတားအဆီးမရှိ။
City FM ကနေ နအဖက ကြေညာနေ။ ညနေ (၆)နာရီကနေ မနက် (၆)နာရီအတွင်း အပြင်ထွက်ရင် ပစ်မယ်လို့။ လူထုကတော့ အပြင်မှာ ဆက်ရှိနေဆဲ။



(ညနေ ၅း၂၀နာရီ) ဆူးလေ ..ဗိုလ်တထောင် ..ပုစွန်တောင် စိန်ပေါ ...မင်္ဂလာဈေး . သီတာ .. ကျောက်မြောင်း အတိုင်း ဆက်လက်ချီတက်ပြီး လုစုခွဲလိုက်ပါတယ်။ ဗိုလ်တထောင်ဘုရားမှာ ဘုန်းကြီး ၂ ပါးနဲ့ .. ကျောင်းသား ၁ ယောက်က မိန့်ခွန်းပြောပါတယ်။ တရားဟောနေတုန်းမှာ အပြင်ကနေ စစ်သားတွေ ၁၀၀ ယောက်ရောက်လာပြီး သေနတ် ၃ ချက် မိုးပေါ် ထောင်ပြစ်ကာ .. လူစုခွဲပါတယ် ။

(ညနေ ၅း၄၄နာရီ) သန်းရွှေမိသားစု..အခု စင်ကာပူက ချိုချုဂန် မှာရှိတယ်လို့ သတင်းရတယ်။

ဒီနေ့  လူတွေလမ်းလျှောက်ပြီး မေတ္တာသုတ်ရွတ်တာ အကျယ်ကြီးပဲ။ သူတို့ နောက်မတွန့်ဘူး မိန်းမတွေလည်း အများကြီးပါတယ်။

(ညနေ ၅း၅၀နာရီ) ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သံဃာတော်တွေနဲ့ ပြည်သူလူထုအပေါ် ပစ်ခတ်နှိမ်းနင်းမှုတွေအတွက် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ။ ဗြိသိသျှ ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက UN ငြိမ်းချမ်းရေးတပ်ကို မြန်မာနိုင်ငံသို့ ပိုသင့်ကြောင်းပြောဆိုသွား။

(ည ၇း၁၃ နာရီ) ဒီနေ့  - ဘုန်းကြီး ၃ပါး ပျံလွန်တော်မူကြောင်းနဲ့  ဘုန်းကြီး ၁၇ ပါး ဒဏ်ရာရပါတယ်။

(ည ၇း၁၈ နာရီ) ရန်ကုန်ဆေးရုံကြီးကို သေနတ်ထိလို့  (၅)ယောက်လာရာတွင် ပြည်သူတစ်ယောက်သေဆုံးသွာရာ ဆီးခုံထဲ ကျည်ဆန်ဝင်သွားခြင်းဖြစ်ကြောင်း ပြည်သူ့ ဝန်ထမ်းတစ်ဦးမှ သတင်းပေးပို့ လာပါသည်။

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP