Monday, October 1, 2007

သူတို့ဆီမှာ

ကမ္ဘာမြေကြီးပေါ်က

လူတွေမမြင်ရသော

နေရာတခုမှာ

ဝိညာဉ်တစ်စု

စုဝေးနေကြတယ်။


လူတွေမှာလဲ

အဖွဲ့အစည်းတွေ

တူရာစဖွဲ့ကြသလို

သူတို့အဖွဲ့မှာလဲ

နာမည်ရှိတာပေါ့။


အဖွဲ့နာမည်က

“မြန်မာပြည်၌

အရှင်လတ်လတ်

သျဂိၤဳလ္ခံရသူမ်ား`“တဲ့။


အခုစုေ၀းပြဲကေတာ့

မကြာသေးခင်ကမှ

မီးသျဂိၤဳလ္စက္ထဲ

အရှင်လတ်လတ်

အထည့်ခံခဲ့ရတဲ့

ဝိညာဉ်တွေကို

ကြိုဆိုလက်ခံပွဲ။


တကယ်တော့

ဒီလိုပွဲမျိုးကို

ဘယ်သူကမှ

ကျင်းပချင်တာမဟုတ်၊

ဒါပေမယ့်

အခုတော့

ရင်နာနာနဲ့

အဖွဲ့ဝင်သစ်တွေကို

လက်ခံနေကြရပြီ။


” ရဲဘော်တို့ရေ-

သမိုင်းအဆက်ဆက်

စစ်အာဏာရှင်တို့ရဲ့

ယုတ်မာမှုတွေဟာ

ဒီနေရာမှာ

သက်သေရှိနေတယ်“တဲ့၊

၁၉၆၂ခုနှစ်မှာ

ကျောင်းသားသမဂ္ဂ

အဆောက်အအုံကြီးနဲ့အတူ

တခါတည်း

ဖောက်ခွဲသတ်ဖြတ်ခံခဲ့ရတဲ့

သဘာပတိလူကြီးက

မိန့်ခွန်းပြောတယ်။


“ကျွန်တော်တို့

သွေး၊ချွေးတွေ

ပေးခဲ့ရတဲ့

ဒီမိုကရေစီတိုက်ပွဲ

အခုထိ

အောင်ပွဲမရသေးဘူး”တဲ့၊

၁၉၈၈ခုနှစ်မှာ

ဒဏ်ရာတွေကို

ဆေးကုပေးမယ်ဆိုပြီး

မီးသျဂိၤဳလ္စက္ထဲ

ထည့္ခံခဲ့ရတဲ့

ရှစ်ဆယ့်ရှစ်မျိုးဆက်

ကိုယ်စားလှယ်က

ယူကြုံးမရပြောတယ်။


”ကျွန်တော်တို့

တိုင်းရင်းသားရွာတွေမှာ

ခုနစ်နှစ်၊ ရှစ်နှစ်

ကလေးငယ်လေးတွေကိုပါ

မီးပုံထဲပစ်ချတယ်”တဲ့၊

သူပုန်နဲ့

ဆက်သွယ်ပါလို့စွပ်စွဲပြီး

သစ်ပင်မှာ

ကြိုးတုပ်ရိုက်နှက်လို့

တခါတည်း

မီးရှိ့သတ်ခံခဲ့ရတဲ့

တိုင်းရင်းသား

ကိုယ်စားလှယ်က

မျက်ရည်စက်လက်ပြောတယ်။


“ကျွန်တော်တို့လို

အဖြစ်ဆိုးမျိုးကို

နောင်လာနောက်သားတွေ

ထပ်မကြုံရအောင်

ကုလသမဂ္ဂက

ဝင်ဖြေရှင်းပေးချင်စေတယ်”တဲ့၊

၂၀၀၇ခုနှစ်၊ စက်တင်ဘာလ

လမ်းလျှောက်ဆန္ဒပြပွဲမှာ

သံဃာတော်တွေနဲ့အတူ

ပစ်ခတ်ဖမ်းဆီးခံရပြီး

ဒဏ်ရာရတာကို

ဆေးရုံမပို့ပဲ

သျဂိၤဳလ္စက္ထဲ

အပို့ခံခဲ့ရတဲ့

၂၀၀၇မျိုးဆက်

ကိုယ်စားလှယ်က

အားကိုးတကြီးပြောတယ်။


ဂမ်ဘာရီရေ-

ဖြစ်နိုင်မယ်ဆိုရင်လေ

ကျွန်မရှင့်ကို

ဒီပွဲလေးဆီ

ခေါ်သွားချင်လိုက်တာ။



(၁၊၁၀၊၂၀၀၇)