Tuesday, September 11, 2007

နအဖအကြမ်းဖက်သမားများ


သြဂုတ်လ (၃၀)ရက်၊ ၂၀၀၇ခုနှစ်

နအဖစစ်အာဏာရှင်တို့သည် ကုန်ဈေးနှုန်းကျဆင်းရေး၊ လောင်စာဆီ ကျဆင်းရေးတို့အတွက် ငြိမ်းချမ်းစွာ မိမိတို့ဆန္ဒများကို ဖော်ထုတ်သော ကျောင်းသားလူငယ်၊ ပြည်သူများအား ၄င်းတို့မွေးမြူထားသော အကြမ်းဖက်သမားများအား အသုံးပြု၍ တိုက်ခိုက်ခဲ့ကြသည်။


လက်နက်ဟူ၍ အပ်တိုတချောင်းမျှ မကိုင်ဆောင်ထားသော ပြည်သူလူထုအား လက်နက်များကိုင်ဆောင်၍ အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်ခြင်းသည် အစိုးရတခု၏ မျက်နှာပြောင်တိုက် ယုတ်မာ အောက်တန်းကျမှုပင်ဖြစ်သည်။ အုပ်ချုပ်သူအစိုးရ ကိုယ်တိုင် တရားခံဖြစ်နေသည့် နိုင်ငံရေးအကြမ်းဖက်မှု ပြစ်မှုမြောက်ပေသည်။


စစ်အာဏာရှင်တို့ခိုင်းစေသမျှ လိုက်ပါဆောင်ရွက်နေကြသော ကြံ့ဖွတ်၊ စွမ်းအားရှင်များမှာလဲ သားသမီးချင်းမစာနာ၊ မိဘချင်းမစာနာ၊ နှမချင်း မစာနာတတ်သော လူစိတ်ကင်းမဲ့နေသည့် အယုတ်တမာ အကြမ်းဖက်သမားများသာဖြစ်သည်။ လူအချင်းချင်း ထိခိုက်နာကျင်စေမှု ပြစ်မှုကို ကျူးလွန်ထားသူ ရာဇ၀တ်ကောင်များသာဖြစ်သည်။


ထိုအကြမ်းဖက်သမားများအား ကျွန်ုပ်တို့ ပြည်သူအားလုံးမှ ၀ိုင်းဝန်းဖော်ထုတ်ကြရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။


ပြည်သူအယောင်ဆောင်

အကြမ်းဖက်သမား

ကြံ့ဖွတ်စွမ်းအားရှင်များအား

ဝိုင်းဝန်းဖော်ထုတ်ကြ။