Thursday, September 6, 2007

စစ်အာဏာရှင်များသို.ရာဇသံ


အို-ကောက်ကျစ်ရိုင်းစိုင်း

မိုက်ရိုင်းလှတဲ့

စစ်အာဏာရှင်

လူယုတ်မာတို.။

ရာသီတွေပြောင်း

နှစ်တွေညောင်းလဲ

အသင်တို.ရဲ့

ဦးနှောက်နဲ.

အသိဥာဏ်တွေ

အခုအချိန်ထိ

မကောင်းကြသေးပါကလား။



ကမ္ဘာ့တော်လှန်ရေးတိုင်းရဲ့

နိယာမတခု

သင်တို.မကြားဖူးရင်

ငါပြောပြမယ်၊

/လူထုဆိုတာ

ဖိရင်ကြွမှာပဲ၊

မတရားတာဆိုရင်

ကန်.ကွက်ကြမှာပဲ၊

ပြည်သူက

သက်ဆင်းတဲ့

အာဏာဆိုတာ

ပြည်သူ.ထံသာ

ပြန်ရောက်ရစမြဲ/



သင်တို.လုပ်ရပ်တွေ

သင်တို.ပြန်ကြည့်စမ်း၊

တိုင်းပြည်အုပ်ချုပ်

မင်းလုပ်ကြပြီး

တိုင်းပြည်တိုးတက်ရေး

လုပ်တတ်ပုံများကတော့

ကူးသန်းသွားလာရေးရဲ့

အသက်သွေးကြော

လောင်စာဆီဈေးတွေကိုမှ

အဆပေါင်းများစွာ

ခုန်တက်ပစ်ရသတဲ့။



ကြမ္မာဆိုးအောက်က

ပြည်သူတို.ခမျာ

စားစရာမရှိ၊

သွားစရာမဲ့မို.

လမ်းပေါ်မှာ

လမ်းထွက်လျှောက်ပြန်တော့

နိုင်ငံတော်ကို

ပုန်ကန်ဆူပူပြန်သတဲ့။



လူထုရဲ့အရေးကိုစာနာ

လူထုဆန္ဓနဲ.

တထပ်တည်းကျပြန်တော့

ဆူပူလှုပ်ရှားရန်

စည်းရုံးလှုံဆော်သတဲ့။



သင်တို.ရဲ့

မမှန်မကန်

ဖောက်ပြန်တဲ့

စိတ်ရိုင်းတွေကြောင့်

လူထုကြီး

စိတ်နာနေပြီ။



ရှစ်ဆယ့်ရှစ်ခေါင်းဆောင်တွေ

အဖမ်းခံရရုံနဲ.

လူထုတိုက်ပွဲတွေ

ရပ်သွားမယ်

ထင်နေသလား၊

အမှန်တရားကို

ငါပြောမည်၊

သင်တို.ရဲ.

အာဏာရှင်စနစ်ကို

နေ၀င်စေမယ့်

လူထုတိုက်ပွဲကြီး

စတင်နေပြီ။



ဖနောင့်နဲ.တင်ပါး

တသားတည်းကျပါလို.

ပြေးကြရမယ့်

နောက်ဖေးပေါက်ကိုသာ

ရှာထားကြပေရော့။