Thursday, September 6, 2007

အလင်းပြချစ်သူ


ဲကြာပြီဆိုတော့

မေ့လောက်ပါပြီ

စိတ်မှာထင်ခဲ့တယ်ဲ တဲ့

သီချင်းသံလေးက

ပျံ့လွင့်လာတယ်၊

မေ့ဖို.အကြိမ်ကြိမ်

ကြိုးစားခဲ့ရတဲ့

အတိတ်ဟောင်းလေးကိုများ

သတိပေးနေရော့သလားကွယ်။



ဟိုတချိန်တုန်းကပေါ့လေ

နှင်းတွေဖွေးနေတဲ့

တောင်ပေါ်မြို.လေး

တမြို.မှာ

ဲစားမယ်၊အိပ်မယ်

စာကျက်မယ်

မုန်.ဖိုးတောင်းမယ်

ဆိုတာပဲသိတဲ့

ကောင်မလေးတယောက်နဲ.

နိုင်ငံရေးသမား

လူငယ်လေးတယောက်တို.

မထင်မှတ်ပဲ

ချစ်ကြိုက်သွားခဲ့ကြသတဲ့။



နံနက်ခင်းခါဆိုရင်

ရှမ်းခေါက်ဆွဲဆိုင်မှာထိုင်ရင်း

ညနေချိန်ဆိုရင်လဲ

မုန်.ဟင်းခါးဆိုင်နဲ.

ဟင်းထုပ်ဆိုင်တို.မှာထိုင်ရင်း

ဘ၀ရဲ.ဒဿ နတွေ

ဆွေးနွေးကြ

အဖြေရှာကြ၊

ဒီလိုနဲ.ပဲ

ငွေဂုဏ်ပကာသနသာသိတဲ့

ကောင်မလေးရဲ.

နှလုံးသားထဲကို

ဘ၀အတွေးအမြင်လေးတွေ

ချဉ်းနင်းဝင်ခဲ့

နအဖစနစ်ဆိုးအောက်က

ပြည်သူတို.ဘ၀လေးတွေ

အမှန်အတိုင်းပဲ

သိမြင်လာခဲ့ရတယ်လေ။



ဒါပေမယ့်လဲလေ

အမှန်တရားကို

သိမြင်လို.

အမှန်ဘက်က

ရပ်တည်ရင်း

အရာရာကို

စွန်.လွှတ်ပြီး

ဘ၀ခရီးကို

အတူတူလျှောက်ပါမယ်လို.

ဆုံးဖြတ်ချက်ချချိန်လေးမှာမှ

နိုင်ငံရေးမုန်တိုင်းထန်ချိန်နဲ.

ကြုံခဲ့ကြရင်း၊

တဦးကိုတဦး

ရှာဖွေရင်း

လွဲခဲ့ကြတယ်။



တချိန်ကချစ်သူရယ်

ဒီဘ၀မဆုံဖြစ်တော့တာ

သေချာသွားပေမယ့်

ချစ်သူအလင်းပြခဲ့တဲ့

အမှန်တရားလမ်းပေါ်မှာ

ဆက်လျှောက်နေဆဲ၊

နောင်ဘ၀တွေများမှာဖြင့်

ဒီမိုကရေစီရ

မြန်မာပြည်မှာ

အကြိမ်ကြိမ်

လူဖြစ်ရရင်း

ချစ်သူနဲ.

ဆုံဆည်းခွင့်ကို

ရပါရစေကြောင်း၊